612 B.C. Nineveh ပျက်စီးခြင်း
ရှေးဟောင်း Assyrian ၏မြို့တော် Nineveh ကိုထုထည်ကြီးမားလွန်းတဲ့နံရံတွေနဲ့ကာရံထားခဲ့ပြီး နံရံတွေဟာပေခြောက်ဆယ်ခန့်အထူရှိပြီး ပေတစ်ရာကျော်မြင့်တယ်လို့ဆိုကျပါတယ်။ ဒီလိုကြီးမားလွန်းတဲ့တံတိုင်းနောက်ကွယ်မှာ Assyrian ဘုရင်က ကြီးကျယ်ခမ်းနားတဲ့အင်ပါယာကိုအုပ်ချုပ်လာခဲ့တာ Sadarnapalus ၏ခေတ်သို့ရောက်ရှိလာတဲ့အချိန်အထိပါပဲ။ Sadarnapalus ခေတ်ကိုရောက်ရှိတဲ့အခါမှာတော့ Babylonian, Medes နဲ့အတူ Chaldeans တို့အတူတကွပေါင်းစည်းကာယာယီညွန့်ပေါင်းအစိုးရဖွဲ့စည်းခဲ့ပြီး Assyrian ၏စည်းမျဉ်းဥပဒေတွေကိုပုန်ကန်ဖို့ကြိုးစားခဲ့ပါတယ်။ ပုန်ကန်မှုဖြစ်ပွားပြီးနှစ်နှစ်ကြာသည်အထိ ပုန်ကန်သူတွေဟာ Nineveh မြို့တော်ရဲ့တံတိုင်းကြီးကိုမချိုးဖျက်နိုင်သေးပါဘူး။ Nineveh တွင်းမှာနေထိုင်ကျတဲ့လူတွေးလုံးကတော့ အေးအေးလူလူပါပဲ…ကြီးမားလွန်းတဲ့တံတိုင်းကြီးရှိနေသေးသ၍သူတို့ကိုမည်သူမျှကျူးကျော်လို့မရနိုင်မှန်းအလိုလိုသိနေကျပါတယ်။ River Tigris သာသူတို့ရဲ့အန္တရာယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့တမျိုးပေါ့…။ ကံဆိုးချင်တော့ River Tigris ဟာမြစ်ရေလျှံကျခဲ့ပြီး မြို့တစ်လျှောက်ကာရံထားခဲ့တဲ့တံတိုင်းကိုအတိုင်းအတာတစ်ခုအထိတိုက်စားသွားခဲ့ပါတယ်။ အချိန်အခါကောင်းကိုစောင့်ဆိုင်းနေကျတဲ့ပုန်ကန်သူတွေကတော့ လက်ခမောင်းခတ်ကာ Nineveh မြို့တွင်းတရှိန်ထိုးပြေးဝင်လာခဲ့ပြီး နောက်ဆုံးမှာတော့မြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။
586 B.C. Jerusalem ကိုအောင်နိုင်ခဲ့သည့် Babylonian
Judah နိုင်ငံက Babylonian ၏စည်းမျဉ်းဥပဒေတွေကိုပုန်ကန်ခဲ့တဲ့အပြင် တိုက်ဆိုင်စွာနဲ့ပုန်ကန်မှုကိုဦးဆောင်သူဟာ Babylonian ဘုရင် Nebuchadnezzar II ၏ ဦးလေးဖြစ်သူ Zedekiah ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့်ဆယ့်ခြောက်လကျော်ကြာသည်အထိ Judah နိုင်ငံတွင်းရှိ Jerusalem မြို့တော်ကို Nebuchadezzar II ၏စစ်တပ်မှလာရောက်တိုက်ခိုက်မှုကိုခုခံနိုင်ခဲ့ပါတယ်။ ဒီလိုခုခံနိုင်ခဲ့ပေမယ့်ငတ်မွတ်ခြင်းဘေးနဲ့ကပ်ရောဂါဘေးတွေကို Jerusalem အတွင်းဝင်ရောက်မွှေနှောက်ခဲ့ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာ Babylonian စစ်သားတွေကအုတ်တံတိုင်းကိုချိုးဖောက်နိုင်ခဲ့ပြီး မြို့တွင်းကိုတရကြမ်းချီတက်ခဲ့ပါတယ်။ ပုန်ကန်မှုဦးဆောင်သူ Zedekiah နှင့်အတူနောက်လိုက်အပေါင်းအပါများနှင့်လူအချို့ကိုသေဒဏ်ချမှတ်ခဲ့ပြီး Zedekiah ကတော့မသေဆုံးခင်မှာ ၎င်း၏သားအရှင်လတ်လတ်သတ်ဖြတ်ခံရခြင်းကိုကြည့်ရှုပြီးမှသာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်သားများကမြို့အတွင်းလိုက်လံဖျက်ဆီးခြင်း အတင်းအဓမ္မသိမ်းယူခြင်းများပြုလုပ်ခဲ့တာကြောင့် Jerusalem မြို့တော်အတွင်းမှာပဲ နေရာအတော်များများပျက်စီးခဲ့ရပါတယ်။
490 B.C. Marathon တိုက်ပွဲ
တောင်ကုန်းအမြင့်တစ်နေရာမှ Marathon ကွင်းပြင်ကိုစီးမိုးကြည့်ရှုလိုက်မယ်ဆိုရင်ဖြင့် Athen လူမျိုးတွေကိုခြိမ်းခြောက်နေခဲ့တဲ့ ကြီးမားလှတဲ့ Persian စစ်မျက်နှာကိုမြင်တွေ့နိုင်ပါတယ်…သူတို့ရဲ့အခြားတစ်ဖက် မိုင်နှစ်ဆယ်အကွာမှာတော့ Athenian စစ်ဗိုလ်ချုပ်ဆယ်ယောက်ရှိနေခဲ့ပါတယ်။ တစ်သောင်းခန့်ရှိသော Persian စစ်သားတွေကကွင်းပြင်ပေါ်မှာဖြန့်ကျက်နေရာယူထားပြီး ကမ်းစပ်နဲ့မနီးမဝေးနေရာမှာတော့ကြီးမားတဲ့စစ်လှေတွေကကျောက်ချထားတယ်။ Persian တွေရဲ့အနိုင်မခံအရှုံးမပေးလိုတဲ့စိတ်ဓာတ်က Athen ဗိုလ်ချုပ်တွေကိုတောင်အံ့အားသင့်စေခဲ့ရပါသေးတယ်။ Greek စစ်အင်အားက Persian တွေရဲ့စစ်အင်အားထက်ဆယ်ဆသာလွန်နေခဲ့ပြီး နည်းဗျူဟာကျွမ်းကျင်သူတွေအနေနဲ့ဆို ဒီတိုက်ပွဲဟာ Persian တွေအနေနဲ့နောက်ကြောင်းပြန်လှည့်ပြီး နောက်နေ့မှသာပြန်လည်လာရောက်တိုက်ခိုက်ဖို့အကြံပြုမှာမလွဲမသွေပါပဲ။ Persain တွေကလွန်ခဲ့တဲ့ကိုးနှစ်ခန့်က ၎င်းတို့၏မြို့တော်ကို Athenian တွေကမီးလောင်ကျွမ်းအောင်လုပ်ခဲ့တာကြောင့်ပြန်လည်လက်စားချေကျတာဖြစ်ပါတယ်။ ဒီတိညက်ပွဲမှာအစပိုင်းက Athenian တွေဘက်မှခုခံကာကွယ်ခြင်းဗျူဟာအနေနဲ့သာရင်ဆိုင်နေခဲ့ပေမယ့် နောက်ဆုံးတော့ဗိုလ်ချုပ်အမိန့်အရတောင်ကုန်းပေါ်မှတရှိန်ထိုးပြေးဆင်းကာနည်းဗျူဟာကျကျတိုက်ခိုက်ခဲ့ပါတယ်။ Athenian စစ်သားတွေက Persian တွေကိုလက်ဝဲလက်ယာနှစ်ဖက်မှစစ်အင်အားများများသုံး၍နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင်စစ်သားတွေရဲ့ရွှေရောင်သံချပ်ကာက Persian စစ်သားတွေထက်တောင်ပိုလို့ခိုင်ခံ့ပါသေးတယ်။ တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ Persian စစ်သားခြောက်ထောင်ကျော်ကျဆုံးခဲ့ပြီး Athenian စစ်သားတစ်ရာကျော်သာကျဆုံးခဲ့ပါတယ်။
331 B.C. Arbela တိုက်ပွဲ
ပါရှားဘုရင် Darius က၎င်းတို့နိုင်ငံဆီသို့ဦးတည်ကာချီတက်လာခဲ့တဲ့ ဘုရင် Alexander ဦးဆောင်သောတပ်ဖွဲ့ကိုတားဆီးဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ထို့ကြောင့်စစ်အင်အားပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး လူအင်အားနှစ်သိန်းငါးသောင်းအပြင် မြင်းတပ်မှလေးသောင်းခန့်နှင့် ထိုးစစ်ဆင်ရာတွင်အသုံးပြုသည့်စစ်သုံးဆင်နှင့် စစ်ရထားတွေကိုလည်းပြင်ဆင်ထားခဲ့ပါတယ်။ အောက်တိဘြာလ ၁ ရက်နေ့မှာတော့စစ်ဘုရင် Alexander ၏စစ်တပ်က Persian ကိုအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထိုစဉ်က Alexander အသုံးပြုခဲ့တဲ့စစ်အင်အားဟာ လူအင်အားလေးသောင်းနှင့်မြင်းတပ်မှခုနစ်ထောင်ခန့်သာအသုံးပြုခဲ့ခြင်းဖြစ်ပေမယ့် စစ်သားတွေရဲ့သတ္တိပြောင်ေ့မာက်မှုကြောင့်အနိုင်ရရှိခဲ့ပါတယ်။ ဘုရင် Darius ကစစ်ပွဲတွင်းမှထွက်ပြေးသွားခဲ့ပြီး Persian ဘက်မှလူပေါင်းကိုးသောင်းကျော်ကျဆုံးခဲ့တယ်လို့ဆိုကျပြီး Alexander ဘက်မှငါးရာခန့်သာကျဆုံးခဲ့တယ်လို့သိရပါတယ်။
70 Seige of Jeruselam
ရောမအင်ပါယာကိုဆက်ခံမည့် Titus စစ်အင်အားရှစ်သောင်းဖြင့် Jeruselam ကိုသိမ်းပိုက်ဖို့ချီတက်လာချိန်ဟာ နွေဦးကာလဖြစ်ပါတယ်။ ဂျူးတွေကရောမ၏စည်းမျဉ်းဥပဒေတွေကို ၆၆ ခုနှစ်တည်းကစတင်ချိုးဖောက်လာခဲ့တာကြောင့် Titus ကယခုလိုသိမ်းပိုက်ဖို့ကြံရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့်မြို့တွင်းမှာနေထိုင်ကျတဲ့ဂျူးတွေဟာအရှုံးပေးလိုစိတ်မရှိတာကြောင့်ပြန်လည်တိုက်ခိုက်ခဲ့ပြီး မိန်းမတွေလည်းစစ်ပွဲမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ ရက်ပေါင်းအတော်ကြာလာသည်အထိစစ်ပွဲကဆက်လက်ဖြစ်ပွားနေခဲ့ပြီး မြို့တွင်းမှာရှိတဲ့လူတွေဟာငတ်မွတ်ခြင်းဘေးဒဏ်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုကာလအတွင်းခိုးမှု လုယက်မှု ဖောက်ထွင်းမှုတွေဖြစ်ပွားခဲ့ပြီးအများဆုံးကတော့အစားအသောက်ကိုရှာဖွေခြင်းအကြောင်းကြောင်းသာဖြစ်ပွားခဲ့ရတာများပါတယ်။ ရောမစစ်တပ်ကိုအရှုံးမပေးချင်တာကြောင့်လူတွေဟာမြက်တွေ သားရေတွေကိုစားသုံးကျပြီး အမျိုးသမီးတစ်ယောက်ဆိုလျှင် ကိုယ့်ကလေးကိုပြန်သတ်ကာစားသုံးခဲ့သည်အထိပါပဲ။ ဆယ့်ရှစ်ရက်ကြာပြီးနောက်မှာတော့ရောမထီးနန်းဆက်ခံမည့်သူ Titus ဟာဂျူးတို့စုဝေးနေရာဘုရားကျောင်းသို့မီးများပစ်ရှို့ခိုင်းခဲ့ပြီး စစ်အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လောင်ကျွမ်းနေတဲ့မီးတောက်တွေကြားရောမစစ်သားတွေဟာ ၎င်းတို့လမ်းမှာရှိသမျှလူအားလုံးကိုသုတ်သင်ရှင်းလင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဘုရာကျောင်းလည်းပြာမှုန်ဘဝသို့ရောက်ရှိသွားခဲ့ပြီး မြို့တော်ကိုလည်း Titus ကအနိုင်ရသိမ်းပိုက်နိုင်ခဲ့ပါတယ်။
410 ရောမမြို့ကိုဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့သည့် Visigoths
ဘုရင် Alaric ဦးဆောင်သည့်စစ်သားတွေရောမသို့ကျူးကျော်ဝင်ရောက်ခဲ့သည့်အခါ ရောမဟာပျက်ဆီးလုနီးပါးအခြေအနေထိဆိုက်ရောက်ခဲ့ရပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့ညသန်းခေါင်ယံအချိန်မှာ Visigoths ဘက်မှစီစဉ်ထားတဲ့သူလျှိုတွေက မြို့ဝင်ပေါက်တွေဖွင့်ပေးခဲ့ကျပြီး ရောမတွင်းသို့တိတ်ဆိတ်စွာဝင်ရောက်လာခဲ့ပါတယ်။ မြို့တွင်းသို့ရောက်ရှိလာတာနဲ့တစ်ပြိုင်နက်စစ်သားတွေဟာ မီးရှို့ဖျက်ဆီးသူကဖျက်ဆီး သတ်သူကသတ် အတင်းအဓမ္မပြုကျင့်သူကပြုကျင့်နှင့်အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။ အသတ်ခံခဲ့ရတဲ့ရောမလူမျိုးတွေရဲ့အလောင်းတွေဟာလမ်းမတွေထက်ပုံအောနေခဲ့ပြီး လူချမ်းသာအိမ်တွေနဲ့နန်းတော်မှရတနာအမြောက်အမြားလည်းသိမ်းယူခံခဲ့ရပါတယ်။ အဖိုးတန်လက်ရာမြောက်ပန်းချီကားတွေကိုလည်းဖျက်ဆီးပြီးမီးလောင်တိုက်သွင်းခဲ့ပါသေးတယ်။
930 Mecca မြို့ကိုဖျက်ဆီးခဲ့သည့် Muslims ပုန်ကန်သူများ
Muslims ပြုပြင်ပြောင်းလဲသူများအဖွဲ့အစည်းက သမာရိုးကျ caliphs များကိုပုန်ကန်ခဲ့တဲ့အကြောင်းဟာ Mecca မြို့ကိုအံ့သြတုန်လှုပ်သွားစေခဲ့ပြီး လူပေါင်းသုံးသောင်းကျော်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင်ပုန်ကန်သူတွေက Muslims တို့အထွတ်အမြတ်ထားရာ black stoneကိုလည်းယူဆောင်သွားခဲ့ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကြာလို့မူလပိုင်ဆိုင်သူများလက်ထဲပြန်လည်ရောက်ရှိခဲ့တဲ့အချိန်မှာတော့ black stone ဟာကျိုးနေခဲ့တယ်လို့ဆိုကျပါတယ်။
1084 Rome ကိုဖျက်ဆီးသိမ်းပိုက်ခဲ့သည့် Normans
ရောမဧကရစ် Henry IV ကိုနန်းချရန်အတွက် ပုပ်ရဟန်းမင်းကြီး Gregory VII ဟာ Norman Robert
Guiscard ကိုအကူအညီတောင်းခံခဲ့ပါတယ်။ Norman စစ်တပ်မှအင်အားသုံးသောင်းခြောက်ထောင်ကျော်ရှိတဲ့စစ်တပ်ချီတပ်လာခဲ့ပြီး အောင်မြင်စွာနန်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Norman တွေဟာရောမမြို့တွင်းကိုမီးရှို့ဖျက်ဆီးခြင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတွေပြုလာပ်ခဲ့ကျတဲ့အပြင် လူအမြောက်အမြားကိုလည်းသုံ့ပန်းတွေအဖြစ်ခေါ်ဆောင်သွားခဲ့ပါသေးတယ်။
1175 - 1218 Genghis Khan
အသက်ဆယ့်သုံးနှစ်အရွယ်မှာဖခင်၏အရိုက်အရာဖြစ်တဲ့မျိုးနွယ်စုအကြီးအကဲရာထူးကိုဆက်ခံခဲ့သူ Genghis Khan ဟာမွန်ဂိုစစ်တပ်ကိုဦးဆောင်ပြီး အာရှတစ်လျှောက်လိုက်လံတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တစ်ခါက Afghanistan, Herat မှပုန်ကန်မှုပြုလုပ်ခဲ့သောကြောင့်လူပေါင်းတစ်သန်းကျော်သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်းပုန်ကန်မှုတွေမပြုလုပ်ရဲစေတော့တဲ့အထိဖြစ်စေခဲ့ပါတယ်။
1204 Constantinople ပျက်စီးခြင်း
Venetians တွေဟာပြင်သစ်စစ်သားတွေကိုတွန်းအားပေးခဲ့ပြီး ၎င်းတို့၏မူလရည်ရွယ်ချက်ဖြစ်သော Muslims များကိုသုတ်သင်ရေးမှကွဲထွက်လာစေခဲ့ပါတယ်။ ထိုအချိန်က Venetians တွေကပြင်သစ်တွေကို ရေတပ်အင်အားထောက်ပံ့နေချိန်ဖြစ်ပါတယ်။ မူလရည်ရွယ်ချက်ပျောက်ဆုံးသွားပြီးနောက် ပြိုကွဲသွားခဲ့ပြီဖြစ်တဲ့ Byzantine အင်ပါယာကိုပြန်လည်တည်ထောင်ဖို့သွေးထိုးခံခဲ့ရတာကြောင့် သိပ်မကြာခင်မှာပဲ Constantinople ကိုအလဲအလှယ်လုပ်ခဲ့ပါတယ်။ ပြည်သူတွေသိရှိသွားချိန်မှာတော့ဘုရင်ကိုဖမ်းဆီးပြီးနောက်ပြန်လည်ပုန်ကန်ခဲ့ကျပါတယ်။
1453 Constantinople ကျဆုံးခြင်း
မေလ ၂၉ ရက်နေ့အစောပိုင်းအချိန်၌ Byzantine ဧကရစ် Constantine XI ဟာသူ့မိသားစုနှင့်သူငယ်ချင်းများကိုတော်ဝင်နန်းတော်တွင်း၌ချန်ရစ်ပြီးထွင်ခွာခဲ့ပါတယ်။ ထွက်ခွာသွားစဉ်မှာသူဟာထာဝရပြန်မလာနိုင်တော့မှာကိုကိုယ်တိုင်သာလျှင်သိရှိခဲ့ပြီး အခြားသူတွေကိုအသိမပေးခဲ့ပါဘူး။ အစောပိုင်းလေးရက်ခန့်က Mahomet ဦးဆောင်သည့်တူရကီစစ်တပ်တွေဟာ Constantinople မြို့ကိုဝန်းရံလျက်ရှိသည့်မြို့ရိုးကိုအပေါက်ဖြစ်အောင်ပြုလုပ်နိုင်ခဲ့ပြီး ထိုကဲ့သို့ဖြစ်ပွားမှုဟာ Byzantine အင်ပါယာအတွက်တကယ်ကိုခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဧပြီလအစောပိုင်းတည်းကစတင်ခဲ့တဲ့တိုက်ပွဲဟာအင်အားမမျှတခဲ့ပါဘူး…တူရကီဘက်မှစစ်အင်အားဟာခုနစ်သောင်းကျော်ခန့်ရှိပြီး Byzantine ၏စစ်အင်အားကတော့ခြောက်ထောင်သာသာပဲရှိခဲ့ပါတယ်။မေလ ၂၉ ရက်နေ့၌ဧကရစ်သေဆုံးသွားခဲ့ပြီးတူရကီစစ်သားတွေဟာ မြို့တွင်းသို့အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာခဲ့ပါတယ်။ ဒါ့အပြင်မီးရှိုှု့ဖျက်ဆီးခြင်း လမ်းတစ်လျှောက်မြင်တွေ့ရတဲ့ပြည်သူတွေကိုသတ်ဖြတ်ခြင်းအပြင် ကျွန်အဖြစ်အတင်းအဓမ္မခေါ်ဆောင်သွားခြင်းတို့ကိုပြုလုပ်ခဲ့ကျပါတယ်။