book

Index 2

Extinction of Dinosaurs (ဒိုင်နိုဆောများမျိုးသုဉ်းပျောက်ကွယ်ခြင်း)

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

နှစ်ပေါင်းသန်းတစ်ရာ့ခြောက်ဆယ်အချိန်ကာလတစ်ခုမှာ ဒဏ္ဋာရီလာသတ္တဝါလို့တောင်ဆိုကျတဲ့ဒိုင်နိုဆောတွေဟာကမ္ဘာမြေအနှံ့အပြားစိုးမိုးနေထိုင်ခဲ့တယ်။ အပူအအေးမျှတတဲ့ကုန်းမြေ ရေပြင်နဲ့ ဝေဟင်တစ်လျှောက်ကျက်စားနေထိုင်ကျပြီး သူတို့တွေက ကမ္ဘာဦးကာလရဲ့ကပ်ဆိုးတွေကိုတောင်ကျော်ဖြတ်ရှင်သန်နိုင်ခဲ့ကျတယ်။  ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ့်ငါးသန်းအကြာမှာဒိုင်နိုဆောမျိုးစိတ်အားလုံးအဖြေရှာဖွေလို့မရနိုင်အောင်ပဲမျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကျပါတယ်။


ဒီလိုရုတ်ချည်းပျောက်ကွယ်သွားမှုဟာသိပ္ပံပညာရှင်တော်တော်များများကိုခေါင်းခြောက်စေခဲ့တဲ့မေးခွန်းတစ်ခုဖြစ်လာခဲ့ပြီး ပျောက်ကွယ်သွားမှုနဲ့ပတ်သက်လို့ပညာရှင်အများစုကထင်မြင်ယူဆချက်အမျိုးမျိုးပေးခဲ့ကျပါတယ်။ အချို့ထင်မြင်ယူဆချက်တွေကလည်းအမှန်တွေဖြစ်နိုင်တယ်လို့ယုံကြည်ကျပြီး အချို့ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ယုံကြည်ကျတယ်။


ပထမဆုံးထင်မြင်ကျတာတော့ဒိုင်နိုဆောတွေဟာ ဆင့်ကဲပြောင်းလဲခြင်းအသစ်ဖြစ်ပေါ်လာတဲ့အပင်တွေကိုစားသုံးမိပြီး ၎င်းတို့ရဲ့အစာချေစနစ်ကအပင်တွေကိုကောင်းမွန်စွာမချေဖျက်နိုင်တာကြောင့်သေဆုံးရခြင်းလို့ယူဆကျတယ်။ တချို့ပညာရှင်တွေကတော့ရာသီဥတုပြောင်းလဲမှုကြောင့် ဒါမှမဟုတ်ကမ္ဘာမြေအနီးအနားမှာရှိတဲ့ကြယ်တွေရဲ့ရေဒီယိုသတ္တုကြွထုတ်လွှတ်မှုကြောင့်သေဆုံးပျောက်ကွယ်ကုန်ကျတယ်လို့ထင်မြင်ချက်ပေးကျပြန်တယ်။


ဒါပေမယ့်ရှာဖွေတွေ့ရှိခဲ့တဲ့သက်သေအထောက်အထားတွေအရ ကြီးမားတဲ့ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံး ဒါမှမဟုတ်ကြယ်တံခွန်တစ်ခုခုနဲ့ကမ္ဘာမြေတို့အပြင်းအထန်တိုက်မိခဲ့ခြင်းကြောင့်သာသေဆုံးပျောက်ကွယ်သွားတာဖြစ်နိုင်တယ်လို့ညွှန်ပြနေကျတယ်။


ဘာကြောင့်ဒီလိုတိုက်မိကျတယ်ဆိုတာကိုယုံကြည်ကျတာလဲ? ဘာကြောင့်လဲဆိုတော့ဒီနေ့တွေ့ရှိနေရတဲ့ရွှံ့မြေတွေမှာအီရီဒီယမ်လို့ခေါ်တဲ့သတ္တုဒြပ်စင်တွေကိုတွေ့ရှိနေရလို့ဖြစ်ပြီး အီရီဒီယမ်ဒြပ်စင်အမျိုးအစားကများသောအားဖြင့်ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေမှာသာအတွေ့များသောဒြပ်စင်တစ်မျိုးဖြစ်ပါတယ်။ 


၁၉၈၇ ခုနှစ်သုတေသနပြုသူတွေရဲ့ရှာဖွေတွေ့ရှိမှုအရ အတ္တလန်တစ်သမုဒ္ဒရာကြမ်းခင်းမှာရှိတဲ့ နှစ်ဆယ့်ရှစ်မီတာကျယ်ဝန်းတဲ့ချိုင့်ဝှမ်းကြီးဟာ အီရီဒီယမ်သတ္တုဒြပ်စင်အတော်လေးကြွယ်ဝကြောင်းကိုတွေ့ရှိခဲ့ရပြီး ထိုချိုင့်ဝှမ်းကပဲ ကမ္ဘာမြေဟာဒိုင်နိုဆောတွေမျိုးသုဉ်းပျောက်ကွယ်တဲ့ကာလမှာပဲဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်လုံးနဲ့ဝင်ရောက်တိုက်မိခြင်းဖြစ်နိုင်ကြောင်းကိုညွှန်ပြနေတယ်လို့လည်းပညာရှင်တွေကယူဆခဲ့ကျပါတယ်။ 


ရဲရဲတောက်နေတဲ့ဂြိုဟ်သိမ်တစ်လုံးဟာအချင်းခြောက်မိုင်ရှိပြီး အမြန်နှုန်းတစ်နာရီကိုမိုင်ပေါင်းလေးသောင်းငါးထောင်နဲ့ဆင်းသက်လာခဲ့ရင် ကမ္ဘာမြေကိုဆောင့်မိတဲ့အခါပြင်းထန်လွန်းတဲ့ပေါက်ကွဲအားဖြစ်ပေါ်ပြီးအရာအားလုံးဟာခဏလေးနဲ့ပဲအဆုံးသတ်သွားနိုင်ပါတယ်။ 


ပေါက်ကွဲတဲ့အရှိန်ကြောင့်ပျံ့လွင့်လာတဲ့မီးခိုးတွေဟာကောင်းကင်ကိုလပေါင်းများစွာဖုံးအုပ်နေပြီးမြေမျက်နှာပြင်ပေါ်ကအပူချိန်ကိုလျော့ကျစေကာအပင်တွေကိုတစ်ခါတည်းသုတ်သင်ပစ်လောက်နိုင်တဲ့အထိပါပဲ…ဒီတော့အသီးအရွက်စားဒိုင်နိုဆောတွေအတွက်စားသောက်စရာအစာမရှိတော့တာကြောင့်အလျင်သေဆုံးကျပြီး အသားစားဒိုင်နိုဆောတွေကတော့နောက်ပိုင်းမှာငတ်မွတ်ခြင်းဒဏ်ကိုမလွန်ဆန်နိုင်ပဲသေဆုံးကုန်ကျတယ်လို့ထင်မြင်ယူဆကျတယ်။ ဒီအဖြစ်အပျက်ဟာကမ္ဘာပေါ်မှာပထမဆုံးဖြစ်ပျက်ခဲ့တဲ့ဂေဟစနစ်ကပ်ဆိုက်မှုတစ်ခုလို့ပညာရှင်များကမှတ်ယူကျပါတယ်။


rate now:

1 Reviews
  • reader Hein Nay Zaw 27.11.2019, 04:59 5

    😮

    reply