book

Index 16

1955-1990 (Automobile Crashes)

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1955 Le Mans ပြေးလမ်း၌ဖြစ်ပွားခဲ့သောကားတိုက်မှု


ဇွန်လ ၁၁ ရက်နေ့ ပြင်သစ်နိုင်ငံ Le Mas ပြေးလမ်း၏တံတိုင်းဘေးတစ်ဖက်တစ်ချက်စီမှာ Grand Prix ကားပြိုင်ပွဲကိုလာရောက်အားပေးသူတွေပြည့်နှက်နေခဲ့ပါတယ်။ Grand Prix ပွဲစဉ်မှာဘရာဇီးနိုင်ငံကားမောင်းသမား Juan Fangio လည်းဝင်ရောက်ယှဉ်ပြိုင်နေတဲ့အချိန်ဖြစ်ပါတယ်။


ပြိုင်ပွဲစပြီးနှစ်နာရီအကြာမှာတော့ ပရိသတ်တွေဟာသူတို့ဆီကို ၁၂၅ မိုင်အကွာမှ တောက်ပြောင်ချောမွှတ်နေတဲ့ပြိုင်ကားသုံးစီးဟာအပြိုင်အဆိုင်မောင်းနှင်လာကျတာကို ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုနေခဲ့ပါတယ်။ ဒါပေမယ့်ကားသုံးစီးအနက်တစ်စီးကဘေးတစ်ဖက်မှာမောက်းနှင်နေတဲ့ပြိုင်ကားကိုတိုက်မိပြီး ရုတ်တရက်ထိန်းချုပ်မှုလွတ်သွားခဲ့ပါတယ်။ အမှန်တကယ်ဆို ဒီလိုတိုက်မိခြင်းမျိုးကဘေးတံတိုင်းကိုတိုက်မိပြီးလမ်းကြောင်းပေါ်ပြန်ရောက်ကာ အသေးစားယာဉ်တိုက်မှုတစ်ခုလောက်သာဖြစ်ရမယ်ဆိုပေမယ့် ထိန်းချုပ်မှုကင်းလွတ်သွားတဲ့ Mercedes ကားဟာ တစ်ပတ်လှိမ့်သွားပြီးပရိသတ်တွေပွဲကြည့်ရာနေရာဘက်ကိုပြုတ်ကျခဲ့ပါတယ်။


ရုတ်တရက်ဖြစ်ပွားခဲ့တဲ့မတော်တဆမှုကြောင့်ပွဲကြည့်ပရိသတ်တွေဟာဘယ်လိုမှတုန့်ပြန်ချိန်မရလိုက်ပဲ သွေးလန့်ဖွယ်မြင်ကွင်းကိုသာကြောက်ခမန်းလိလိမြင်တွေ့ခဲ့ရပါတယ်။ မိဘနှစ်ဦးဆိုရင်သူတို့ရဲ့ကလေးတွေသွေးထွက်သံယိုဖြစ်ကာသေဆုံးသွားခဲ့ရပုံကိုကြေကွဲစွာနဲ့ကြည့်နေခဲ့ရပါတယ်။ ဒီလိုဖြစ်ပွားခဲ့ပေမယ့်အထက်အရာရှိတွေကပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်ထားခိုင်းခဲ့ပြီး မတော်တဆမှုဖြစ်ပွားရာနေရာကိုကယ်ဆယ်ရေးတွေ သူနာပြုတပ်ဖွဲ့တွေစေလွှတ်ခဲ့ပါတယ်။ ကားမောင်းသမားနှင့်အတူလူပေါင်းရှစ်ဆယ့်သုံးယောက်သေဆုံးခဲ့ပြီး တစ်ရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


1967 Silver Bridge ပြိုကျခြင်း


ဒီဇင်ဘာလ ၁၅ ရက်နေ့မှာညနေခင်းရုံးဆင်းချိန်နှင့်အတူ ခရစ်စမတ်ပွဲတော်အတွက်ဈေးဝယ်ထွက်သူတွေနှင့် Silver Bridge ဟာကားတွေဖြင့်ကျပ်ပိတ်နေခဲ့ပါတယ်။ ညနေငါးနာရီခန့်မှာတော့ကားမောင်းသမားတွေဟာ ဆိုူရွားတဲ့တကျွီကျွီမြည်သံတွေကိုကြားခဲ့ရပြီး သိပ်မကြာခင်မှာပဲ Ohio ဘက်ကိုဆက်သွယ်ထားတဲ့ တံတားကြမ်းခင်းဟာပြိုကျလာခဲ့ပါတယ်။ အခြားသောနေရာတွေကိုဆက်သွယ်ထားတဲ့တံတားကြမ်းခင်းတွေလည်း တဖြေးဖြေးနဲ့ပြိုုကျခဲ့ပါတယ်။ တံတားပေါ်မှာရှိနေတဲ့ကားတွေ ထရပ်ကားတွေဟာရေခဲတမျှအေးစက်နေတဲ့ Ohio မြစ်ထဲထိုးစိုက်ကျသွားပြီးဘေးပတ်ဝန်းကျင်ကလူတွေဆိုရင်အံ့အားသင့်စွာနဲ့ "ဘုရားရေ…တံတားကြီးမရှိတော့ဘူး" "တံတားတစ်ခုလုံးမြစ်ထဲပြုတ်ကျသွားပြီ" အစရှိသဖြင့်ပြောကြားခဲ့ကျပါတယ်။ ပြိုကျမှုဖြစ်ပွားတဲ့နေရာမှာတော့အော်ဟစ်သံတွေ အကူအညီတောင်းသံတွေနဲ့ဆူညံပွက်လောရိုက်နေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်လူပေါင်းလေးဆယ့်ခြောက်ယောက်သေဆုံးခဲ့ပါတယ်။


1990 Green Bay ၌အစုလိုက်အပြုံလိုက်ယာဉ်တိုက်မှု


"အဲ့ဒီအချိန်တုန်းကနွားနို့ပုလင်းထဲမှာကားမောင်းနေရသလိုပဲ" လို့လူတစ်ယောက်က Wisconsin, Interstate 43 မှာပိန်းပိတ်အောင်မှိုင်းနေတဲ့မြူခိုးတွေအကြောင်းပြောကြားခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကမနက်အစောပိုင်းဖြစ်ပြီး ကားနှစ်စီးနဲ့ကုန်တင်ကားတစ်စီးမြူခိုးထဲအပြိုင်တိုက်မိရာကစတင်ခဲ့တာဖြစ်ပါတယ်။ တိုက်မိချိန်မှာကားရှေ့ကနေအကွာအဝေးဆယ်ပေသာမြင်တွေ့နိုင်တာကြောင့် ငါးမိနစ်အကြာမှာတော့ကားတွေတစ်စီးပြီးတစ်စီးထိုနေရာမှာအရှိန်နှင့်ဝင်ကျုံးမိခဲ့ပါတယ်။ အကျိုးဆက်ကတော့လူသုံးယောက်သေဆုံးခဲ့ပြီး လူသုံးဆယ်ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။


1990 ဗို့အားပြင်းဓာတ်လိုင်းပေါ်သို့ Bus ကားမှောက်ကျရာမှလူလေးဆယ်ကျော်သေဆုံးခြင်း


ခရီးသည်တွေတင်ဆောင်လာတဲ့ဘတ်စ်ကားတစ်စင်းဟာ မီးရထားလမ်းကိုဖြတ်ကျော်ချိန်မှာ ဘီးချော်သွားခဲ့ပြီးဗို့အားပြင်းဓာတ်လိုင်းပေါ်သို့ပြုတ်ကျကာ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဖြစ်ပွားရာနေရာက Kharagpur, India တွင်ဖြစ်ပြီး အံ့အားသင့်စွာနဲ့လူနှစ်ဆယ့်တစ်ယောက်ဟာ ဒီမတော်တဆမှုကနေလွတ်မြောက်ခဲ့ပါတယ်။


1990 Tennessee ၌ဖြစ်ပွားခဲ့သောယာဉ်တိုက်မှု


Tennessee, Calhoun, Interstate 75 မှာမြူခိုးတွေဖုံးလွှမ်းနေခဲ့ပြီးအစုလိုက်အပြုံလိုက်ယာဉ်တိုက်မှုကိုဖြစ်ပွားစေခဲ့ပါတယ်။ ကားရှစ်ဆယ့်သုံးစင်းခန့်ပုံနေခဲ့ပြီးနောက် ထပ်မံရောက်ရှိလာတဲ့ကားတွေပါထပ်ဆင့်ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအနာတရဖြစ်နေတဲ့ကားမောင်းသမားတွေ ထိတ်လန့်နေတဲ့လူတွေဟာဆိုရင် ဘာမှမမြင်နိုင်တဲ့မြူခိုးတွေထဲမှာအကြားအာရုံနဲ့သာပတ်ဝန်းကျင်ကိုအားစိုက်ရင်း သတ္တုအချင်းချင်းထိခိုက်မိသံတွေ မှန်ချပ်တွေကျကွဲသံအပြင် ဂတ်စ်အိုးပေါက်ကွဲသံတွေကိုနားဆင်နေခဲ့ရပါတယ်။ လူဆယ့်နှစ်ယောက်ခန့်သေဆုံးခဲ့ပြီး ငါးဆယ်ကျော်လည်းဒဏ်ရာရရှိခဲ့ပါတယ်။



rate now: