1998 Nova Scotia တွင်လေယာဉ်ပျက်ကျခြင်း
စက်တင်ဘာလ ၂ ရက်နေ့မှာ New York မှတစ်ဆင့် Geneva ကိုထွက်ခွာခဲ့တဲ့ MD-11 လေယာဉ်မောင်းသူဟာ လေယာဉ်မှူးအခန်းတွင်း၌မီးခိုးများထွက်လာတယကြောင့် Boston မှာဆင်းသက်ဖို့အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် Boston ကိုသွားဖို့ဆိုအနည်းငယ်ဝေးတာကြောင့် အထက်အရာရှိတွေက Halifax မှာဆင်းသက်ဖို့ပြန်လည်အကြောင်းကြားခဲ့ပါတယ်။ လေယာဉ်မှူးကလည်းအမိန့်အတိုင်းဆောင်ရွက်ရန်အတွက် အမြင့်ပေ ၃၃၀၀၀ ကျော်မှဆင်းသက်လာပြီး အရေးပေါ်ဆင်းသက်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ လေယာဉ်ကွင်းအနောက်တောင်ဘက် ၅၈ မိုင်အကွာရောက်တဲ့အချိန်မှာတော့ အန္တရာယ်အချက်ပေးစနစ်တွေပွင့်လာခဲ့ပြီး မိနစ်အနည်းငယ်အကြာ Nova Scotia မှာပျက်ကျခဲ့ပါတယ်။ ခရီးသည် ၂၂၉ ယောက်လုံးသေဆုံးခဲ့ပြီးလေယာဉ်အဖွဲ့သားအားလုံးလည်းသေဆုံးခဲ့ပါတယ်။
1999 အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ပျံသန်းသောလေယာဉ်ပျက်ကျခြင်း
အောက်တိုဘာလ ၃၁ ရက်နေ့မှာနယူးယောက်မြို့မှထွက်ခွာလာတဲ့ Boeing 767-300 လေယာဉ်ဟာ ခရီးသည် ၂၁၇ နှင့်အတူလေယာဉ်အဖွဲ့သားများကိုတသ်ဆောင်ပြီး အီဂျစ်နိုင်ငံကိုင်ရိုမြို့သို့ထွက်ခွာလာခဲ့ပါတယ်။ နာရီဝက်ခန့်အကြာမှာတော့လေယာဉ်ဟာအမြင့်ပေ ၃၃၀၀၀ ကျော်ကနေ ၁၆၇၀၀ သို့ပြုတ်ကျလာခဲ့ပါတယ်။ အဲ့ဒီနောက်အမြင့်ပေ ၂၄၀၀၀ ကျော်သို့ပြန်လည်မြင့်တက်သွားပြီး Massachusetts ကမ်းခြေတစ်ဝိုက်မှာပျက်ကျခဲ့ပါတယ်။ ပျက်ကျစဉ်ကတစ်နာရီကိုမိုင်နှုန်း ၇၁၆ မိုင်နဲ့ပြုတ်ကျလာခဲ့တာဖြစ်လို့ အသက်ရှင်ကျန်ရစ်သူမရှိခဲ့ပါဘူး။
2000 Concorde လေယာဉ်ပျက်ကျခြင်း
ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်လေးနာရီလေးဆယ့်တစ်မိနစ်ခန့်မှာ နာမည်ကျော် Concorde လေယာဉ်တွေထဲမှတစ်စင်းဟာ Charles de Gaulle အပြည်ပြည်ဆိုင်လေဆိပ်ကနေထွက်ခွာခဲ့ပါတယ်။ လေယာဉ်စတင်ပျံတက်လာချိန်မှာတာယာပြုတ်ထွက်သွားခဲ့ပြီး လောင်စာဆီသိုလှောင်ကန်ကိုကွဲအက်ကာ အင်ဂျင်နှစ်ဖက်စလုံးကိုမီးလောင်ထိခိုက်စေခဲ့ပါတယ်။ အင်ဂျင်ထိခိုက်ပြီးတစ်မိနစ်ခန့်အကြာမှာ Paris မြို့အကျော်ရှိ Gonesse မြို့လေးမှာပျက်ကျသွားခဲ့ပါတယ်။ လိုက်ပါစီးနင်းသူ ၁၀၉ ယောက်သေဆုံးခဲ့ပြီး မြေပြင်ပေါ်ရှိလူလေးဦးလည်းသေဆုံးခဲ့ရပါတယ်။
2001 New York, Queens တွင်လေယာဉ်ပျက်ကျခြင်း
နိုဝင်ဘာလ ၁၂ ရက်နေ့မနက်ကိုးနာရီခန့်မှာ အမေရိကန်လေကြောင်းလိုင်းမှ Flight 587 က Dominican Republic ရှိ Santo Domingo ကိုသွားရောက်ဖို့အတွက် John F. Kennedy International Airport မှစတင်ထွက်ခွာလာခဲ့ပါတယ်။ ထွက်ခွာပြီးမိနစ်အနည်းငယ်ခန့်အကြာမှာ ခရီးသည် ၂၅၁ ယောက်ကိုသယ်ဆောင်လာတဲ့လေယာဉ်ဟာ Queens, New York မှာမြေပြင်သို့ဒေါင်လိုက်ပြန်လည်ပြုတ်ကျလာခဲ့ပါတယ်။
လေယာဉ်တောင်ပံအပိုင်းအစတွေက Jamaica Bay မှာပြုတ်ကျခဲ့ပြီး ကျန်ရှိနေတဲ့လေယာဉ်ကိုယ်ထည်အပိုင်းအစတွေကမြေပြင်ပေါ်ကိုတိုက်ရိုက်ပျက်ကျခဲ့ပါတယ်။ ပျက်ကျတဲ့နေရာမှာမီးခိုးတွေကအရမ်းထူထပ်လွန်းတာကြောင့် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပေါ်မှာကိုစိုးရိမ်တာကြောင့် မီးသတ်ကားလေးဆယ့်လေးစီးနှင့်အတူမီးသတ်သမား ၁၉၈ ယောက်ကိုခေါ်ယူခဲ့တဲ့အပြင် ပျက်ကျရာနေရာတဝိုက်ကိုလည်း North American Aerospace Defense Command (NORAD) မှဂျက်လေယာဉ်များလွှတ်ပြီးကင်းလှည့်စေခဲ့ပါတယ်။
အနီးအနားရှိလေယာဉ်ကွင်းအားလုံးအပြင် သွားလာနေကျတဲ့ကားတွေကိုပါပိတ်ဆို့ခဲ့ပြီးအုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။ မွန်းလွဲပိုင်းရောက်မှအခြေအနေတွေဟာတည်ငြိမ်သွားပြီးပျက်ကျတဲ့အကြောင်းအရင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့လေယာဉ်မောင်းတွေဟာလေယာဉ်ပြေးလမ်းပေါ်မှထွက်ခွာပြီးကောင်းကင်ပေါ်စတင်ပျံသန်းစဉ်မှာ လေထန်ခြင်းကိုကာကွယ်ဖို့အတွက်ပဲ့ထိန်းတွေကိုအသုံးပြုရပါတယ်။ ဒီလိုအသုံးပြုချိန်မှာနောက်မြီးပိုင်းပြုတ်ထွက်ခဲ့ပြီး မြေပြင်ပေါ်ပြန်လည်ပြုတ်ကျကာပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။ ပျက်ကျမှုကြောင့်လူအားလုံးသေဆုံးခဲ့ပြီး မြေပြင်ပေါ်ရှိလူငါးယောက်လည်းထပ်မံသေဆုံးခဲ့ပါတယ်။
2005 Mandala လေကြောင်းလိုင်းမှလေယာဉ် အင်ဒိုနီးရှားနိုင်ငံတွင်ပျက်ကျခြင်း
စက်တင်ဘာလမနက်ဆယ်နာရီငါးမိနစ်အချိန်မှာ Mandala လေကြောင်းလိုင်းမှ Boeing 737-200 က Polonia အပြည်ပြည်ဆိုင်ရာလေဆိပ်မှစတင်ထွက်ခွာခဲ့ပြီး Jakarta ကိုဦးတည်ပျံသန်းနေခဲ့တာဖြစ်ပါတယ်။ ထွက်ခွာပြီးခေတ္တအကြာမှာတော့လေယာဉ်ဟာပြင်းထန်စွာတုန်ခါလာခဲ့ပြီး မီးလောင်ကာအနီးအနားရှိလူထူထပ်ရာနေရာကိုပျက်ကျခဲ့ပါတယ်။ ခရီးသည် ၁၀၃ ယောက်သေဆုံးခဲ့ပြီး မြေပြင်ပေါ်မှလူ ၃၉ ယောက်ခန့်သေဆုံးခဲ့တဲ့အပြင် လူနေအိမ်ခြေတွေနဲ့ကားတွေကိုလည်းပျက်စီးစေခဲ့ပါတယ်။