1988 အကြမ်းဖက်ဗုံးခွဲသမားများ၏တိုက်ခိုက်မှုကြောင့် Lockerbie လေယာဉ်ပျက်ကျခြင်း
ဒီဇင်ဘာလ ၂၁ ရက်နေ့ Pan Am flight 103 လေယာဉ်က နယူးယောက်မြို့ကိုဦးတည်ပျံသန်းလာခဲ့ပါတယ်။ လန်ဒန်မြို့မြောက်ဘက်ကနေပျံသန်းလာတဲ့လေယာဉ်ဟာ ခရီးသည် ၂၅၆ ယောက်ကိုသယ်ဆောင်ထားခဲ့ပြီး သူတို့ထဲမှ ၃၆ ယောက်ဟာ Syracuse University မှကျောင်းသားများဖြစ်ကျပြီးပိတ်ရက်အတွက် အိမ်ပြန်နေကျတာဖြစ်ပါတယ်။ လေယာဉ်ကတဖြေးဖြေးနဲ့အရှိန်မြင့်တက်လာခဲ့ပြီး အမြင်ပေသုံးသောင်းတစ်ထောင်ကျော် ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုတစ်ခုကြောင့်အစိတ်စိတ်အမွှာမွှာကွဲထွက်ခဲ့ပြီး Lockerbrite ရဲ့ Scottish village ပေါ်ကိုအပျက်အစီးအပိုင်းအစအချို့ပြုတ်ကျခဲ့ပါတယ်။
ခရီးဆောင်အိတ်အပိုင်းအစတွေ အဝတ်အပိုင်းအစတွေနဲ့အခြားသောအရာတွေက မြေပြင်ထက်မိုင်ရှစ်ဆယ်အကွာကိုပြန့်ကြဲပြီးပြုတ်ကျခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့်လေယာဉ်ပေါ်လိုက်ပါခဲ့တဲ့လူအားလုံးသေဆုံးခဲ့ပြီး အပျက်အစီးတွေပြုတ်ကျမှုကြောင့် မြေပြင်ပေါ်မှလူ ၁၂ ယောက်လည်းသေဆုံးခဲ့ပါသေးတယ်။ စုံစမ်းစစ်ဆေးချက်တွေအရတော့ ပလက်စတစ်နဲ့ပြုလုပ်ထားတဲ့ပေါက်ကွဲရေးပစ္စည်းက ခရီးဆောင်အိတ်တစ်ခုထဲမှာပါရှိခဲ့တာဖြစ်ပြီး အဲ့ဒီအိတ်ပိုင်ရှင်ကလည်း Palestinian အကြမ်းဖက်ဗုံးခွဲသမားတစ်ယောက်ရဲ့အိတ်ဖြစ်တယ်လို့ဆိုခဲ့ကျပါတယ်။ ဒါပေမယ့်ဒီအကြောင်းအရာကမှန်ကန်ရဲ့လားဆိုတာတော့ သေဆုံးသူကလွဲ၍ဘယ်သူမှမသိနိုင်ဘူးလို့လည်းဆိုကျပြန်ပါတယ်။
1991 ဂျက်လေယာဉ်ပေါက်ကွဲမှုကြောင့်ထိုင်းနိုင်ငံ၌လူပေါင်း ၂၃၃ ယောက်သေဆုံး
မေလ ၂၇ ရက်နေ့ ဘန်ကောက်လေဆိပ်မှထွက်ခွာလာခဲ့တဲ့ Austrian Lauda Air jetliner ဟာထွက်ခွာပြီးဆယ့်ခြောက်မိနစ်အကွာမှာမီးလောင်ပေါက်ကွဲပြီး တောထဲကိုပြုတ်ကျခဲ့ပါတယ်။ အပျက်အစအပိုင်းအစတွေ အဝတ်အပိုင်းအစတွေဟာကယ်ဆယ်ရေးတွေရောက်သွားခဲ့ချိန်မှာတောင်မီးလောင်ကျွမ်းလျက်ရှိနေခဲ့ပါတယ်။ ပြိုင်ကားမောင်းသမားဟောင်း Niki Lauda နဲ့ Lauda လေကြောင်းလိုင်းပိုင်ရှင်တို့ကလည်း ဒီပေါက်ကွဲမှုရဲ့အကြောင်းအရင်းကိုမသိဘူးလို့အတိအလင်းကြေညာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်လေယာဉ်ပေါ်မှာပါရှိတဲ့ခရီးသည် ၂၃၃ ယောက်လုံးသေဆုံးခဲ့ပါတယ်။
1991 မူဆလင်ဝတ်ပြုခရီးသည်များအားတင်ဆောင်လာသည့်ဂျက်လေယာဉ် Saudi Arabia တွင်ပျက်ကျခြင်း
ဇူလိုင်လ ၁၁ ရက်နေ့၌ DC-8 လေယာဉ်ကိုမောင်းနှင်လာခဲ့တဲ့လေယာဉ်မောင်းဟာ မူဆလင်ဝတ်ပြုခရီးသည် ၂၄၇ ယောက်ကိုတင်ဆောင်လာခဲ့ပါတယ်။ Jidda မှထွက်ခွာပြီးခဏအကြာမှာပဲ လေယာဉ်ရဲ့ရှေ့ဦးပိုင်းဟာ ပြေးလမ်းပေါ်စိုက်ကျပြီး မီးလောင်ပေါက်ကွဲခဲ့ပါတယ်။ လေယာဉ်အပိုင်းအစတွေနဲ့မီးလောင်ကျွမ်းနေတဲ့ခန္ဓာကိုယ်တွေကပြေးလမ်းအနှံ့ပြန့်ကြဲလျက်ရှိပြီး လိုက်ပါစီးနင်းသူခရီးသည်အားလုံးနဲ့ လေယာဉ်အဖွဲ့သားအားလုံးသေဆုံးခဲ့ပါတယ်။
1994 ဂျပန်တွင်လေယာဉ်ပျက်ကျခြင်း
ဧပြီလ ၂၆ ရက်နေ့ ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့လေယာဉ်ပျက်ကျမှုဟာ ဒုတိယမြောက်အဆိုးရွားဆုံးသောပျက်ကျမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့ကတရုတ်လေကြောင်းလိုင်းမှ A300 - 600R ဟာထိုင်ဝမ်မှတစ်ဆင့်ပျံသန်းလာခဲ့တာဖြစ်ပြီး Nagoya မှာဆင်းသက်ချိန်ပျက်ကျပြီးမီးလောင်ပေါက်ကွဲခဲ့ပါတယ်။ ပျက်ကျမှုကြောင့်စီးနင်းသူခရီးသည် ၂၄၆ ယောက်လုံးသေဆုံးခဲ့ရပါတယ်။
1994 Pittsburgh တွင်လေယာဉ်ပျက်ကျခြင်း
စက်တင်ဘာလ ၈ ရက်နေ့မှာ USA လေကြောင်းလိုင်းမှ Boeing 737 လေယာဉ်ဟာ Pittsburgh မှာဆင်းသက်ဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်ဆင်းသက်ဖို့အနည်းငယ်အလိုမှ Pittsburgh အနောက်မြောက်ဘက်မှာရှိတဲ့တောအုပ်ထဲပျက်ကျခဲ့ပြီး ၁၃၂ ယောက်သေဆုံးခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုဟာ စက်ပစ္စည်းတစ်စုံတစ်ရာချို့ယွင်းမှုကြောင့်ပျက်ကျခဲ့တယ်လို့လည်းဆိုခဲ့ကျပါတယ်။
1996 Everglades တွင်လေယာဉ်ပျက်ကျခြင်း
မေလ ၁၁ ရက်နေ့ ValuJet လေကြောင်းလိုင်းမှ Flight 592 ဟာ Miami မှထွက်ခွာပြီးသိပ်မကြာခင်မှာပဲ Florida Everglades မှာလေယာဉ်ဦးစိုက်ပြီးမြေပြင်ပေါ်ကိုတရှိန်ထိုးပြုတ်ကျခဲ့ပါတယ်။ ပြင်းထန်လွန်းတဲ့အရှိန်နဲ့ပြုတ်ကျခဲ့ခြင်းဖြစ်တာကြောင့် လေယာဉ်ဟာနေရာမှာတင်နစ်မြုတ်သွားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုပြုလုပ်သူတွေကလေယာဉ်ပေါ်မှာတရားမဝင် အောက်ဆီဂျင် generator တွေကိုသယ်ဆောင်လာခဲ့ပြီး ထိုအရာတွေကပဲလေယာဉ်ပန်ကာကိုမီးဟပ်ကာမီးလောင်ပျက်ကျစေခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။