1985 ဂျပန်လေကြောင်းလိုင်းလေယာဉ်ပျက်ကျမှုမှထူးဆန်းသောလွတ်မြောက်မှု
သြဂုတ်လ ၁၂ ရက်နေ့တွင်ဂျပန်လေကြောင်းလိုင်းမှ Boeing 747 SR ပျက်ကျခဲ့ပါတယ်။ ပျက်ကျမှုကြောင့် လူပေါင်း ၅၂၀ ကျော်သေဆုံးခဲ့ပြီး ထိုနှစ်အတွင်းအဆိုးရွားဆုံးသောလေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Boeing 747 SR က Tokyo ကနေ Osaka ကိုပျံသန်းခဲ့တာဖြစ်ပြီး ဂျပန်ရိုးရာ Bon ပွဲတော်ကိုကျင်းပနေတဲ့ကာလလည်းဖြစ်ပါတယ်။
ည ၆ နာရီ ၂၅ မိနစ်မှာတော့ "ပြသာနာတက်နေပြီ" ဆိုတဲ့သတင်းကိုလေယာဉ်အဖွဲ့သားတွေဆီကနေကြားသိခဲ့ရပြီး Tokyo ကိုချက်ချင်းပြန်လှည့်လာဖို့အတွက် ခွင့်ပြုချက်တောင်းခံခဲ့ရပါတယ်။ သုံးမိနစ်အကြာမှာတော့လေယာဉ်ထိန်းချုပ်မှုပြုလုပ်လို့မရတော့ဘူး ဆိုတဲ့အကြောင်းကိုလေယာဉ်မှူးကအသိပေးခဲ့ပါတယ်။
ခရီးသည်များလိုက်ပါစီးနင်းရာနောက်ဘက်ပိုင်းမှာ အားလပ်ရက်အနားယူနေတဲ့လေယာဉ်မယ် Yumi Ochiai လည်းပါဝင်ခဲ့ပါတယ်။ လေယာဉ်ထိန်းချုပ်မှုလွတ်သွားပြီးနောက်ပိုင်း pressure တွေကျဆင်းလာချိန်မှာ သူမဟာနားတွေအူလာတာကိုခံစားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Mt. Fuji ကိုရုတ်တရက်မြင်တွေ့လိုက်ရတယ်လို့ပြောဆိုခဲ့ပါတယ်။
အောက်ဆီဂျင် mask တွေကအလိုအလျောက်ပြုတ်ကျလာပြီး လေယာဉ်မယ်တွေကကြောက်လန့်လွန်းနေတဲ့ခရီးသည်တွေကို အသက်ကယ်အကျီၤဝတ်ဆင်ထားဖို့နဲ့ လေယာဉ်ပျက်ကျစဉ်နေသင့်တဲ့အနေအထားမျိုးကိုပြုလုပ်ထားဖို့သတိပေးပြောကြားနေခဲ့ပါတယ်။
ည ၆ နာရီ ၅၇ မိနစ်မှာတော့ Boeing 747 လေယာဉ်ဟာ Tokyo မြို့အနောက်မြောက်ဘက် ၆၂ မိုင်အကွာ Mount Osutaka အတွင်းရှိတောနက်ထဲသို့တရှိန်ထိုးပျက်ကျသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Ochiai ကသူမဘေးပတ်ဝန်းကျင်ကခုံတွေ cusion တွေကသူမပေါ်ပိကျလာပြီးကြားညပ်နေခဲ့ပါတယ်။
လေယာဉ်ပျက်ကျတဲ့အရှိန်ကြောင့်သစ်ပင်တွေကအမြစ်တွေပါလန်ပြီး လဲကျကုန်ပါတယ်။ လေယာဉ်ကလည်းတောင်စောင်းဘက်ကိုလမ်းချော်ပြီး တရွတ်တိုက်လိမ့်ကျသွားခဲ့ပါသေးတယ်။ ဒီလိုဖြစ်ပျက်ခဲ့မှုကြောင့် လေယာဉ်အစိတ်အပိုင်းတွေကအပိုင်းပိုင်းအစစပြတ်တောက်သွားခဲ့ပြီး အသက်ရှင်သန်မည့်သူတစ်ဦးတစ်ယောက်မျှရှိမှာမဟုတ်ဘူးလို့တောင် အာဏာပိုင်တွေကထင်ကြေးပေးခဲ့ကျပါတယ်။
ကယ်ဆယ်ရေးရဟတ်ယာဉ်ရောက်ရှိလာခဲ့တဲ့အချိန်မှာမိုးသည်းထန်စွာရွာသွန်းနေခဲ့ပြီး ပတ်ဝန်းကျင်ကမှောင်မိုက်နေခဲ့တာကြောင့် ကယ်ဆယ်ရေးဆင်းတဲ့လူတွေကလည်း အသက်ရှင်ကျန်ရစ်သူကိုရှာတွေ့ဖို့မျှော်လင့်ချက်ကင်းမဲ့နေခဲ့တာပါ။
ပထမဆုံးရောက်ရှိလာတဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မနက်ရောက်တဲ့အချိန်ထိကို တောနက်ပိုင်းထဲဝင်ပြီးရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်ကျသေးပါဘူး။ အဲ့ဒီနေရာတွေမှာရှိနေတာကလေယာဉ်အပိုင်းအစတွေရယ် တစ်စီဖြစ်နေတဲ့သတ္တုပစ္စည်းတွေအပြင် လူ့ခန္ဓာကိုယ်အပြတ်ပြတ်တွေကိုသွေးလန့်ဖွယ်မြင်တွေ့နေရတဲ့မြင်ကွင်းတွေပါပဲ။
ဒါပေမယ့်ကံကောင်းစွာနဲ့ကယ်ဆယ်ရေးသမားတစ်ယောက်ဟာ အပျက်အစီးပုံတွေကြားထဲမှာလှုပ်ရှားမှုတစ်ခုကိုမြင်တွေ့ခဲ့ရတာပါတယ်။ လေယာဉ်ပျက်ကျပြီးဆယ့်လေးနာရီအကြာမှာတော့သူဟာ Ochiai ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူမကိုတွေ့ရှိချိန်မှာ သူမဟာအရိုးတော်တော်များများကျိုးနေပြီဖြစ်ပေမယ့်အသက်ကတော့ရှင်နေခဲ့ပါသေးတယ်။
နောက်ထပ်ကယ်ဆယ်ရေးသမားတစ်ယောက်ဟာလည်း သစ်ပင်တွေကြားထဲမှာညပ်နေတဲ့ ဆယ့်နှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိချိန်မှာကလေးကပြင်ပပွန်းပဲ့ဒဏ်ရာအနည်းငယ်ကလွဲလို့ အခြားဒဏ်ရာကြီးကြီးမားမားဘာမှမရရှိခဲ့ပါဘူး။
နောက်တော့ရှစ်နှစ်အရွယ်ကောင်မလေူတစ်ယောက်နှင့်သူမရဲ့မိခင်တို့ကိုရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ယောက်စလုံးဟာအရိုးကျိုးဒဏ်ရာတွေကိုခံစားခဲ့ရပါတယ်။ Boeing 747 ပျံသန်းမှုဟာဂျပန်မှာအဆိုးရွားဆုံးလေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ခဲ့ပြီး လူပေါင်းငါးရာကျော်အနက်မှ လေးဦးသာအသက်ရှင်သန်လွတ်မြောက်နိုင်ခဲ့ပါတယ်။
1985 Gander တွင်လေယာဉ်မီးလောင်၍ပျက်ကျ တာဝန်ပြီးဆုံး၍ပြန်လာသော U.S. တပ်ဖွဲ့ဝင်များသေဆုံး
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ Newfoundland, Gandar မှာလောင်စာဆီပြန်လည်ဖြည့်တင်းဖို့ဆင်းသက်ခဲ့တဲ့ Chartered DC-8 ဂျက်လေယာဉ်ဟာ အရေးကြီးဆုံးသောဧည့်သည်တော်တွေကိုသယ်ဆောင်ထားခဲ့ပါတယ်။ သူတို့ကအခြားမဟုတ်ပါဘူး…U.S. 101st Airboned Division မှအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးထိန်းသိမ်းခြင်းအတွက် တာဝန်ခြောက်လကိုပြီးဆုံးခဲ့တဲ့ စစ်သား ၂၅၀ ဖြစ်ပါတယ်။ တဖက်ကသူတို့နဲ့အတူတာဝန်ထမ်းဆောင်ခဲ့တဲ့ Sinai Penin sula မှတပ်ဖွဲ့တွေကတော့ခရစ်စမတ်အတွက်အိမ်ပြန်နေကျချိန်လည်းဖြစ်ပါတယ်။
စစ်သားအယောက် ၂၅၀ လိုက်ပါစီးနင်းခဲ့တဲ့ဂျက်လေယာဉ်ဟာ လောင်ကျွမ်းလွယ်တဲ့လောင်စာဆီတွေအပြည့်ဖြည့်သွင်းထားတာဖြစ်ပြီး မနက်ဝေလီဝေလင်းအချိန်မှာ Gandar လေယာဉ်ကွင်းကနေထွက်ခွာခဲ့ပါတယ်။
ဒါပေမယ့်အမြင့်ပေတစ်ထောင်ခန့်လောက်ထိသာပျံတက်ခဲ့ပြီး ရုတ်တရက်အောက်ကိုပြန်လည်ပြုတ်ကျလာခဲ့ပါတယ်…အောက်ဘက်မှာကကျောက်ဆောင်တွေထာထပ်တဲ့ကမ်းခြေအပြင် သစ်တောတွေသာရှိနေခဲ့တာကြောင့် လေယာဉ်အပိုင်းအစတွေတစ်ခုပြီးတစ်ခုပြုတ်ထွက်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲအပျက်အစတစ်ခုဟာဆီဖြည့်ထားရာနေရာကိုထိခိုက်မိပြီးတော့ လေယာဉ်ကိုပေါက်ကွဲစေခဲ့ပြီး ဝမ်းနည်းဖွဟ်ရာအဖြစ်အပျက်တစ်ခုဖန်တီးခဲ့ပါတယ်။
လေယာဉ်ပေါ်လိုက်ပါလာခဲ့သူအားလုံးအသက်ဆုံးရှုံးခဲ့ရပါတယ်။
1988 အီရန်ခရီးသည်တင်လေယာဉ်အား U.S. မှပစ်ခတ်ခြင်း
ဇွန်လ ၃ ရက်နေ့မှာ U.S. Navy warship ရဲ့ရေဒါကနေတစ်ဆင့် အမျိုးအမည်ခွဲခြားထားခြင်းမရှိတဲ့လေယာဉ်တစ်စင်း တဖြေးဖြေးနဲ့ချဉ်းကပ်လာနေခဲ့တာကိုရေဒါကနေတစ်ဆင့်မြင်တွေ့နေရပါတယ်။ အမေရိကန် warship တွေကပါရှန်ပင်လယ်ကွေ့ Strait of Hormuz မှာ ကင်းလှည့်နေခဲ့ကျတာဖြစ်ပြီး လောင်စာဆီတွေသယ်ယူပို့ဆောင်တဲ့သင်္ဘောကို Iranian နဲ့ Iraqis တို့ရဲ့တိုက်ခိုက်ခြင်းရန်ကနေကာကွယ်ဖို့တာဝန်ချထားခြင်းခံရတာပါ။
လွန်ခဲ့တဲ့တစ်နာရီခန့်ကရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Iranian ကရဟတ်ယာဉ်တစ်စင်းကြောင့် အတော်လေးသတိထားနေခဲ့တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ ဒါကြောင့်ချဉ်းကပ်လာတဲ့လေယာဉ်ကိုသတိပေးချက်တွေပေးပို့စဉ်မှာ တဖက်ကပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး…အမေရိပန်ဘက်ကခုနစ်ကြိမ်တိုင်တိုင်သတိပေးချက်တွေပေးပို့ခဲ့တဲ့အပြင် ဒီအနီးအနားတစ်ဝိုက်ကိုကပ်မလာဖို့အတွက်ကိုလည်းသတိပေးခဲ့ပါသေးတယ်။ ဒါပေမယ့်အကြောင်းကြားချက်တစ်ခုကိုမှပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ဒါကြောင့် captain က ရန်သူဘက်မှ Iranian F-4 ဂျက်လေယာဉ်ဟုထင်မှတ်ပြီး ဒုံးကျည်ဖြင့်ပစ်ချခဲ့ပါတယ်။ အမှန်တကယ်တော့ထိုလေယာဉ်ဟာ ခရီးသည်တွေတင်ဆောင်လာခဲ့တဲ့ Iranian Airbus လေကြောင်းလိုင်းမှ A300 လေယာဉ်ဖြစ်ပြီး ဒူဘိုင်းမှာလေယာဉ်ဆင်းသက်ဖို့အတွက်ပြင်ဆင်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုပစ်ခတ်ခံရမှုကြောင့်လေယာဉ်ပေါ်လိုက်ပါသူ ၂၀၀ ကျော်လုံးသေဆုံးခဲ့ပါတယ်။
1988 လေယာဉ်သရုပ်ပြပျံသန်းပွဲ၌သေဆုံးခြင်း
သြဂုတ်လ ၂၈ ရက်နေ့ နွေးထွေးပြီးနေသာတဲ့မနက်ခင်းတစ်ခုမှာ ကျွမ်းကျင်တဲ့ဂျက်လေယာဉ်မောင်းသမားတွေရဲ့တင်ဆက်ပြသမှုကြောင့် လူပေါင်းသုံးသောင်းကျော်ရဲ့အာရုံကို Ramstain ရှိအမေရိကန်လေတပ်အခြေစိုက်စခန်းမှာရောက်ရှိနေစေခဲ့ပါတယ်။ တဖြေးဖြေးနဲ့သရုပ်ပြပျံသန်းခြင်းပွဲဟာနောက်ဆုံးပိတ်ကိုရောက်ရှိလာပါပြီ…အဲ့ဒီအချိန်မှာ Italian ဂျက်လေယာဉ်ဆယ်စင်းဟာထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခွင်ပျံသန်းကာအနီ အစိမ်း အဖြူ စတဲ့မီးခိုးငွေ့တွေကိုထုတ်လွှတ်ပြသနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ရုတ်တရက်ဆိုသလိုပဲ မြေပြင်နဲ့ပေတစ်ရာသာကွာဝေးတဲ့နေရာမှာ ဂျက်လေယာဉ်သုံးစင်းတိုက်မိခဲ့ပါတယ်။
သုံးစင်းအနက်နှစ်စင်းကတောအုပ်ထဲကို ပျက်ကျသွားခဲ့ပြီး ကျန်တစ်စင်းကပွဲကြည့်သူတွေရှိရာနေရာကိုပျက်ကျခဲ့ပါတယ်။ ပျက်ကျမှုကြောင့်လေယာဉ်သရုပ်ပြပျံသန်းပွဲစဉ်ဟာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြီး လူငါးဆယ်ကျော်သေဆုံးခဲ့ပါတယ်။