book

Index 11

1979-1983 Air Crashes

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1979 အမေရိကန်လေကြောင်းလိုင်းမှ ဂျက်လေယာဉ်ထွက်ခွာပြီးနောက်ပျက်ကျခြင်း


မေလ ၂၅ ရက်နေ့ ညနေသုံးနာရီခန့်မှာအမေရိကန်လေကြောင်းလိုင်းမှဂျက်လေယာဉ်တစ်စင်းက Chicago ရဲ့ O'Hare International Airport လေယာဉ်ပြေးလမ်းမှတစ်ဆင့်ထွက်ခွာပျံသန်းခဲ့ပါတယ်။ တဖြေးဖြေးနဲ့မြင့်တက်ပျံသန်းလာခဲ့တဲ့လေယာဉ်ကအတိုင်းအတာတစ်ခုမှာ အင်ဂျင်လည်ပတ်မှုအားကျဆင်းလာခဲ့ပြီး မြေပြင်ပေါ်ပျက်ကျခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ပျက်ကျတဲ့နေရာဟာ ရေနံချက်စက်ရုံနဲ့ကပ်သီးလေးလွဲသွားခဲ့ပါတယ်။ လေယာဉ်ပေါ်လိုက်ပါစီးနင်းသူ ၂၇၁ ယောက်လုံးကတော့ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။


1979 အန္တာတိကရှုခင်းကြည့်လေယာဉ်ပျက်ကျခြင်း


နိုင်ဝင်ဘာလ ၂၈ ရက်နေ့မှာထွက်ခွာလာခဲ့တဲ့ ရှုခင်းကြည့်လေယာဉ်က ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့မီးတောင် Mount Erebus နှင့်တိုက်မိပြီးပျက်ကျခဲ့ပါတယ်။ ရှုခင်းကြည့်လေယာဉ် DC-10 ဟာ Air New Zealand လေကြောင်းလိုင်းမှဖြစ်ပြီး နယူးဇီလန်နဲ့အန္တာတိကကိုအသွားအပြန်ပြေးဆွဲနေတဲ့လေကြောင်းလိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်ပျံသန်းနေကျခရီးစဉ်အတိုင်း လေယာဉ်မောင်းဟာ Mount Erebus မီးတောင်ရဲ့မြင်ကွင်းကို ခရီးသည်များအနည်းငယ်နီးကပ်စွာမြင်တွေ့နိုင်ဖို့အတွက် အမြင့်ပေတစ်သောင်းမှနှစ်ထောင်အထိနိမ့်ဆင်းပျံသန်းခဲ့ပါတယ်။ မီးတောင်နားအရောက်မှာတော့လေယာဉ်ဟာ လေပြင်းအရှိန်ကြောင့်မီးတောင်နံဘေးကိုဝင်တိုက်မိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်လေယာဉ်ပေါ်လိုက်ပါစီးနင်းသူအားလုံးအသက်ပျောက်ခဲ့ရပြီး တစ်နည်းအားဖြင့်တော့မီးတောင်ကလူစားခဲ့တယ်လို့ဆိုကျပါတယ်။ အမှန်တကယ်ကမီးတောင်ပတ်ဝန်းကျင်မှာလေပြင်းတိုက်ခတ်ခြင်းဟာ ဖြစ်ပေါ်နေကျသဘာဝအနေအထားဖြစ်တာကြောင့် ဒီမတော်တဆမှုကိုကံဆိုးမှုတစ်ခုလို့ပဲမှတ်ယူနိုင်ပါတယ်။ 


1983 ကိုရီးယားခရီးသည်တင်လေယာဉ်ပစ်ချခံရခြင်း


စက်တင်ဘာလ ၂၈ ရက်နေ့မှာကိုရီးယားလေကြောင်းလိုင်းမှ လေယာဉ် Boeing 747 ဟာ New York မှတစ်ဆင့် Seoul ကိုပျံသန်းလာခဲ့ပါတယ်။ ဒါပေမယ့်လမ်းကြောင်းလွဲမှားခဲ့ပြီး Siberia ရဲ့ Pacific ကမ်းရိုးတစ်လျှောက် ဆိုဇီယက်လျို့ဝှက်ထိပ်တန်းဌာနရှိရာနေရာဘက် Sakhalin Island ကိုပျံသန်းလာခဲ့မိပါတယ်။ ရေဒါကနေတစ်ဆင့် Boeing 747 တစ်စင်းသူတို့နယ်မြေထဲဝင်ရောက်လာကြောင်းသိလိုက်ရချိန်မှာ ဆိုဗီယက်တွေဟာတိုက်လေယာဉ်တွေစေလွှတ်ပြီး လမ်းကြောင်းပြောင်းဖို့သတိပေးခဲ့ပါတယ်။ ဒါပေမယ့်တစ်ဖက် Boeing 747 ဟာအချက်ပြမှုကိုအကြောင်းမပြန်တဲ့အပြင် လမ်းကြောင်းပြောင်းဖို့ပုံပေါ်ဟန်မတူတာကြောင့် လေယာဉ်ပစ်ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခံရတဲ့လေယာဉ်ဟာချက်ချင်းဆိုသလိုပင်လယ်ပြင်ထဲထိုးဆင်းကျသွားခဲ့ပြီး ခရီးသည်း ၂၆၉ ယောက်စလုံးသေဆုံးခဲ့ပါတယ်။ သာမန်အရပ်သားလေယောဉ်ကိုတောင်ပစ်ချခဲ့တဲ့ဆိုဗီယက်တွေကြောင့် နိုင်ငံအရပ်ရပ်မကျေနပ်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ 



rate now: