1945 Empire State Building (New York မြို့မှမိုးမျှော်တိုက်) သို့လေယာဉ်တိုက်မိခြင်း
ဂျူလိုင်လ ၂၈ ရက်နေ့ကစနေနေ့ဖြစ်တာကြောင့် နယူးယောက်မြို့တော်မိုးမျှော်တိုက်ရဲ့ရုံးအတော်များများကမနက်ပိုင်းမှာပိတ်ထားခဲ့ပါတယ်။ ရုံးဝန်ထမ်းအမျိုးသမီးငယ်ဆယ့်ငါးယောက်လောက်သာ ခုနစ်ဆယ့်ကိုးထပ်မြောက် War Relief Office of the National Catholic Welfare Conference တည်ရှိရာနေရာမှာအလုပ်ဆင်းနေခဲ့ကျတာပါ။
မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာအင်ဂျင်နှစ်ဖက်တပ်ဆင်ထားတဲ့ B-25 ဗုံးကြဲလေယာဉ်ကိုမောင်းနှင်သူလေယာဉ်မောင်းက နယူးယောက်မြို့ LaGuadirua လေယာဉ်ကွင်းမှ Newark, New Jersey လေယာဉ်ကွင်းသို့ပြောင်းလဲဆင်းသက်ဖို့ခွင့်ပြုမိန့် ရရှိခဲ့ပါတယ်။ Mahattan မြို့တော်ပေါ်မှာမြူခိုးတွေထူထပ်နေတာကြောင့် ပြောင်းလဲဆင်းသက်ဖို့ခွင့်ပြုပေးလိုက်တယ်လို့သိရပါတယ်။
ဒီလိုထူထပ်နေတဲ့မြူခိုးတွေကြားထဲမှာလေယာဉ်မောင်းဖို့ဆိုတာကတကယ်မလွယ်ပါဘူး။ တဖြေးဖြေးနဲ့လေယာဉ်မောင်းသူရဲ့မြင်ကွင်းက ရှင်းရှင်းလင်းလင်းမမြင်ရတာကြောင့်လေယာဉ်ကို Mahattan မြို့တော်ပေါ်ကနေနိမ့်ဆင်းစွာပျံသန်းလာခဲ့တာပါ။ ဒီလိုနိမ့်ဆင့်စွာပျံသန်းလာခဲ့ခြင်းဟာသုံးဆယ့်ရှစ်လွှာရဲ့ပြတင်းပေါက်နံဘေးမှာအလုပ်လုပ်နေတဲ့အမျိုးသမီးအတွင်းရေးမှူးတစ်ယောက်ကိုတောင်အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ဗုံးကြဲလေယာဉ်ကသူမနံဘေးကနေအရှိန်နဲ့ဖြတ်သန်းသွားတာဖြစ်ပြီး မြူခိုးတွေကြားဖြတ်သန်းကာသိပ်မကြာခင်မှာတော့ Empire State Building ရဲ့ခုနစ်ဆယ့်ရှစ်လွှာနဲ့ခုနစ်ဆယ့်ကိုးလွှာကြားဝင်တိုက်မိခဲ့ပြီး အဆောက်အဦးကိုပြင်းထန်စွာတုန်ခါစေခဲ့ပါတယ်။ လေယာဉ်တွင်းမှလောင်စာဆီတွေရဲ့ပေါက်ကွဲသံကကျယ်လောင်စွာထွက်ပေါ်လာခဲ့ပြီး မီးပွားတွေနဲ့လေယာဉ်အပျက်အစီးတွေကခြောက်လွှာထိတိုင်အောင်လွင့်စင်ခဲ့ပါတယ်။ အက်ဂျင်တစ်ဖက်ကအဆောက်အဦးအပြင်ဘက်ကိုလွင့်စင်ထွက်သွားခဲ့ပြီး အခြားတစ်ဖက်ကဓာတ်လှေကားကနေတစ်ဆင့် မြေအောက်ထပ်ထိတိုင်အောင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဆောက်အဦးအတွင်းရှိအလုပ်သမားဆယ့်တစ်ယောက်သေဆုံးခဲ့ပြီး အများစုက Catholic War Relief Office မှာအလုပ်လုပ်နေကျတဲ့လူတွေဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့တပ်သားသုံးယောက်လည်းသေဆုံးခဲ့ပါတယ်။
1946 LaGuardia တွင်ခရီးသည်တင်လေယာဉ်ပျံတက်ပြီးချင်းပျက်ကျမှု
United လေကြောင်းလိုင်းရဲ့လေယာဉ်မောင်းဖြစ်သူ Lucky Baldwin ကမေလ ၃၀ ရက်နေ့မှာ သူ့ရဲ့လေကြောင်းခရီးစဉ်ပျံတက်မှုကိုဖျက်သိမ်းဖို့အတွက်ကြိုးစားခဲ့ပါတယ်။ အကြောင်းအရင်းက LaGuardia မှာလေတိုက်ခတ်မှုအနေအထားတွေဟာလမ်းကြောင်းပြောင်းလဲသွားခဲ့လို့ဖြစ်ပါတယ်။ ဒါပေမယ့် Lucky Baldwin ရဲ့ကြိုးစားမှုဟာအရာမထင်ခဲ့ပဲ လေယာဉ်ဟာခြံစည်းရိုးကိုတိမ်းစောင်းကျော်ဖြတ်သွားပြီး Grand Central မှာပါကင်ထိုးထားတဲ့ကားတစ်စီးနဲ့တိုက်မိပြီး တစ်ကြိမ်နှစ်ကြိမ်မျှလှုပ်ခါသွားပြီးတဲ့နောက်မှာတော့ မီးလောင်ကျွမ်းခဲ့ပါတယ်။ Lucky Baldwin နဲ့ခရီးသည်ငါးယောက်သာလွတ်မြောက်ခဲ့ပြီး ကျန်ရှိသောခရီးသည်အယောက်လေးဆယ်ကျော်ကတော့ ပျက်ကျမှုမှာပဲသေဆုံးသွားခဲ့ပါတယ်။
1950 ပြင်သစ်ခရီးသည်တင်လေယာဉ်နှစ်စင်း တစ်ညတည်းတစ်နေရာတည်းတွင်ပျက်ကျမှုဖြစ်ပွား
ဇွန်လ ၁၂ ရက်နေ့ညမှာပြင်သစ်လေယာဉ် DC-4 ဟာ Persian ဂေါက်ကွင်းအနားမှာရှိတဲ့ Bahrain မှာပျက်ကျမှုဖြစ်ပွားခဲ့ပါတယ်။ ဒီပျက်ကျမှုကြောင့်ခရီးသည်လေးဆယ့်ခုနစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါပေမယ့်ထူးဆန်းစွာနဲ့ပဲပထမလေယာဉ် DC-4 ပျက်ကျပြီးသိပ်မကြာခင်မှာပဲ ဒုတိယမြောက်ပြင်သစ်လေယာဉ် DC-4 ကလည်းပထမလေယာဉ်ပျက်ကျခဲ့တဲ့နေရာမှာပဲ တိုက်ဆိုင်စွာနဲ့ပျက်ကျခဲ့ပါတယ်။
1956 ပျံသန်းနေစဉ်အတွင်း Grand Cayon တွင်လေယာဉ်တိုက်မှုဖြစ်ပွား
"Salt Lake! United 718! ကျွန်တော်တို့ဝင်နေပြီ" လို့ဆိုတဲ့စကားသံဟာမတော်တဆမှုမဖြစ်ပွားခင် ရေဒီယိုကတစ်ဆင့်နောက်ဆုံးကြားခဲ့ရတဲ့စကားဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့ နေ့လည်ဆယ့်တစ်နာရီသုံးဆယ်မိနစ်ခန့်မှာ United DC-7 ရဲ့လေကြောင်းအရာရှိမှတစ်ဆင့်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်သူပြောကြားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲ TWA Super Constellation နဲ့ Grand Cayon အပေါ်မှာလေယာဉ်နှစ်စင်းတိုက်မိခြင်းဖြစ်ပွားခဲ့ပါတယ်။ ရေဒီယိုအဆက်အသွယ်တွေပြတ်တောက်သွားခဲ့ပြီး လေယာဉ်နှစ်စင်းလုံးကနေသေလားရှင်းဆိုတဲ့သတင်းတွေကိုလည်းဘာမှမကြားရတော့ပါဘူး။
၎င်းလေယာဉ်နှစ်စင်းက Los Angeles ကနေထွက်ခွာချိန်မှာ သုံးမိနစ်သာကွာခြားပြီးထွက်ခဲ့တာဖြစ်ပါတယ်။ နှစ်စင်းလုံးရဲ့ရည်ရွယ်ချက်ကတော့ လိုက်ပါစီးနင်းသူခရီးသည်တွေကို Grand Cayon ရဲ့အပေါ်စီးသဘာဝမြင်ကွင်းကိုပြသဖို့အတွက်ပဲဖြစ်ပါတယ်။ မိုးတိမ်တွေက TWA Super Constellation ကိုမောင်းနှင်သူလေယာဉ်မောင်းရဲ့မြင်ကွင်းကိုပိတ်ဆို့နေတာကြောင့် United DC-7 ရဲ့ပျံသန်းရာလမ်းကြောင်းအတိုင်းပျံသန်းဖို့ကိုရွေးချယ်ခဲ့ရပါတယ်။ ရုတ်တရက်ဆိုသလိုပဲ United DC-7 လေယာဉ်ကပျံသန်းနေရင်းက TWA Super Constellation ရဲ့လေယာဉ်ကိုယ်ထည်ကိုထိုးဖောက်ကာထက်ခြမ်းကွဲသွားစေခဲ့ပါတယ်။ လေယာဉ်အပျက်အစီးအပိုင်းအစတွေ ခန္ဓာကိုယ်အပြတ်ပြတ်တွေကကောင်းကင်ပေါ်မှတစ်ဆင့်ပြုတ်ကျလာခဲ့ပြီး သိပ်မကြာခင်မှာပဲ United DC-7 လည်းမီးလောင်ပျက်ကျခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့်လေယာဉ်နှစ်စင်းပေါ်လိုက်ပါစီးနင်းသူ ၁၂၈ ယောက်နှင့်တကွလေကြောင်းအရာရှိတွေပါသေဆုံးခဲ့ပါတယ်။
1960 Staten Island ပေါ်တွင်ခရီးသည်တင်လေယာဉ်တိုက်မိခြင်း
United DC-8 လေယာဉ်ဟာဒီဇင်ဘာလ ၁၂ ရက်နေ့ရဲ့ မြူခိုးထူထပ်လှတဲ့မနက်ခင်းမှာ လမ်းကြောင်းမှား၍ပျံသန်းခဲ့ပြီး TWA Constellation မှဂျင်လေယာဉ်တစ်စင်းကို New Yorkဟမြို့တော် Staten Island အပေါ်မှာတိုက်မိခဲ့တာဖြစ်ပါတယ်။ မတော်တဆမှုဖြစ်ချိန်အတွင်းလေယာဉ်နှစ်စင်းစလုံးဟာမြေပြင်သို့ဆင်းသက်ရန်ပြင်ဆင်နေချိန်ဖြစ်ခဲ့တာကြောင့် လိုက်ပါစီးနင်းသူ ၁၂၆ ယောက်နှင့်လေကြောင်းအရာရှိအားလုံးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိခဲ့ပါဘူး။ ဒါ့အပြင်လေယာဉ်အပိုင်းအစတွေပြုတ်ကျမှုကြောင့် Brooklyn မှာလူရှစ်ယောက်ထပ်မံသေဆုံးခဲ့ပါတယ်။
1969 Venezuelan လေယာဉ်ပျက်ကျခြင်း
၁၉၆၈ ခုနှစ်မတ်လ ၁၆ ရက်နေ့မှာ Venezuelan လေကြောင်းလိုင်းမှ DC-9 က Venezuela မြို့ရဲ့ထင်ရှားတဲ့ဆင်ခြေဖုံးရပ်ကွက် Maracaibo မှာပျက်ကျခဲ့ပါတယ်။ ဒီမတော်နဆမှုကြောင်းလူပေါင်း ၁၁၅ ယောက်သေဆုံးခဲ့ပြီး သေကျေမှုအများဆုံးလေယာဉ်ပျက်ကျမှုတစ်ခုထဲမှာလည်းပါဝင်ပါတယ်။ လေယာဉ်ပေါ်လိုက်ပါစီးနင်းသူတွေသာသေဆုံးခဲ့ရရုံသာမက ကြီးမားတဲ့လေယာဉ်ကဆင်ခြေဖုံးရပ်ကွက်ပေါ်ပျက်ကျခဲ့ခြင်းဖြစ်တာကြောင့် သစ်ပင် ကား နေအိမ်အစရှိတဲ့အရာတွေအပေါ်နင်းခြေပြီး ဖျက်ဆီးသွားခဲ့တာပါ။ မိသားစုစုံညီညစာစားဖို့ထမင်းစားပွဲဝိုင်းမှာထိုင်နေကျတဲ့ မိသားစုဝင်ငါးဦးစလုံးဟာလေယာဉ်ပိလို့နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ DC-9 ရဲ့လေကြောင်းခရီးစဉ်က Cacus ကိုပျံသန်းဖို့အတွက်ဖြစ်ခဲ့ပေမယ့် လမ်းကြောင်းပြောင်းလဲပြီး Florida, Miami သို့မောင်းနှင်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုပျံသန်းစဉ်တစ်လျှောက် Maracaibo မှာတစ်ထောက်ရပ်နားဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
1974 တူရကီလေကြောင်းလိုင်းမှလေယာဉ်ပျက်ပျခြင်း
မတ်လ ၃ ရက်နေ့မှာ Paris မြို့ကနေထွက်ခွာခဲ့တဲ့တူရကီလေကြောင်းလိုင်းမှလေယာဉ် DC-10 ပျံတက်သွားပြီးသိပ်မကြာခင်မှာပဲ ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာပြီး မြေပြင်ပေါ်ကိုအပိုင်းအစအကျိုးအပဲ့တွေကျဆင်းလာခဲ့တာကိုတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကဆိုကျပါတယ်။ DC-10 လေယာဉ်က Paris မြို့နဲ့ခြောက်မိုင်အကွာသစ်တောမှာပျက်ကျခဲ့တာဖြစ်ပါတယ်။ တစ်နာရီကို ၄၅၈ မိုင်နှုန်းနဲ့ထိုးဆင်းလာတဲ့လေယာဉ်ရဲ့အရှိန်နှုန်းကြောင့် ပါရှိသူခရီးသည် ၃၄၆ ယောက်နှင့်တကွ လေကြောင်းအရာရှိအားလုံးသေဆုံးခဲ့ပါတယ်။
1975 မိဘမဲ့များတင်ဆောင်လာသောဗီယက်နမ်လေယာဉ်၏ကံဆိုးမိုးမှောင်ကျမှု
ဗီယက်နမ်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေရဲ့အဆုံးသတ်မှာတော့ U.S. အစိုးရကနိုင်ငံတွင်းမှာရှိနေတဲ့ဗီယက်နမ်မိဘမဲ့ကလေးနှစ်ထောင်ကျော်ခန့်ကို ဗီယက်နမ်နိုင်ငံတွင်းကိုပြန်လည်ပို့ဆောင်ဖို့အတွက်စီစဉ်ခဲ့ကျပါတယ်။ ဧပြီလ ၄ ရက်နေ့မှာ အမေရိကန်လေတပ်မှ C-5A ဖြင့်ပထမအသုတ်ကိုပို့ဆောင်ခဲ့ပါတယ်။ ၎င်းလေယာဉ်ပေါ်မှာ မိဘမဲ့ကလေးငယ် ၂၄၆ ဦးခန့်ပါဝင်တဲ့အပြင် လိုက်ပါစောင့်ကြည့်သူ ၄၆ ယောက်နှင့်တကွ လေကြောင်းအရာရှိ ၁၆ ယောက်ခန့်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်ထွက်ခွာပြီးသိပ်မကြာခင်မှာပဲ လေယာဉ်နောက်ဘက်တံခါးကလွင့်စင်ထွက်သွားပြီးအမြီးကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။ လေယာဉ်ရဲ့ steering system ကိုခက်ခဲစွာထိန်းချုပ်နေရပြီး ထူးဆန်းစွာနဲ့ပဲလေယာဉ်မောင်းဟာ လူဦးရေထူထပ်တဲ့နေရာတွေကိုကျော်ဖြတ်လာနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့လယ်ကွင်းထဲကိုပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီးနောက်အလောင်းကောက်သူတွေနှင့် ရှာဖွေကယ်ဆယ်ရေးသမားတွေက မိဘမဲ့ကလေး ၁၇၂ နှစ်ယောက် လိုက်ပါစောင့်ကြည့်သူအားလုံးနှင့် လေကြောင်းအရာရှိတွေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို အပျက်အစီးတွေကြားမှာရှာဖွေတွေ့ရှိခဲ့ရပါတယ်။