book

Index 1

The Big Bang (14 billion years ago)

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

လွန်ခဲ့သောနှစ်ပေါင်းဆယ်လေးဘီလီယံခန့်ကပထမဆုံးနဲ့အထူးကဲဆုံးသောဖြစ်စဉ်တစ်ခုလို့ဆိုကျတဲ့ The Big Bang စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ The Big Bang ကြောင့်ရရှိလာတဲ့အကျိုးဆက်တွေက ယနေ့စကြာဝဠာကြီးကိုဖြစ်ပေါ်လာစေခဲ့တယ်လို့လည်းသိပ္ပံပညာရှင်အများစုကယုံကြည်ကျတယ်။


ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက…The Big Bang မဖြစ်ပွားခင်အချိန်က…စကြာဝဠာတစ်ခုလုံးက အလွန်အေးစိမ့်တဲ့စွမ်းအင်ပတ်ဝန်းကျင်တစ်ခုအဖြစ်နဲ့လေဟာနယ်ရှိအလွန်သေးငယ်သောအရာဝတ္ထုတစ်ခုအတွင်းမှာတည်ရှိနေခဲ့တယ်။ အဲ့ဒီအရာဝတ္ထုရဲ့အရွယ်အစားကဘယ်လောက်တောင်သေးငယ်လဲဆိုရင်လွင့်မြောနေတဲ့အမှုန်လေးတစ်မှုန်စာအရွယ်အစားလောက်ပဲရှိပါတယ်တဲ့။ နောက်တော့မတည်ငြိမ်မှုတစ်ခုရဲ့သက်ရောက်မှုလို့ပြောရမလား တိကျရေရာမှုမရှိတဲ့အကြောင်းပြချက်တွေကြောင့်လို့ပဲပြောရမလား အဲ့ဒီအမှုန်လေးဟာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီနေ့စကြာဝဠာကြီးကိုမွေးထုတ်ပေးနိုင်ခဲ့တာပါ။


ပေါက်ကွဲပြီးပြီးချင်းတစ်စက္ကန့်အကြာမှာပဲပရိုတွန်နဲ့နျူထရွန်တွေစတင်ဖြစ်ပေါ်လာပြီး တဖြေးဖြေးနဲ့ကြယ်အစုအဝေးနီးပါးအထိကိုကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုကျယ်ပြန့်မှုတွေကဒီနေ့ဒီအချိန်ခါအထိအောင်ကိုဖြစ်ပျက်နေတုန်းလို့လည်းသိပ္ပံပညာရှင်တော်တော်များများကယုံကြည်ကျပါတယ်။ The Big Bang ပေါက်ကွဲပြီးသုံးမိနစ်အကြာမှာတော့ အပူချိန်ဟာတစ်ဘီလီယံဒီဂရီဆဲလ်စီးယပ်အောက်အထိလျော့ကျသွားပြီးပရိုတွန်နဲ့နျူထရွန်တွေကိုပေါင်းစပ်စေလို့ ဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်ဓာတ်ငွေ့တွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။ (ဟိုက်ဒရိုဂျင်မှာပရိုတွန်တစ်ခုတည်းသာပါရှိပြီးတော့ ဟီလီယမ်ကတော့နျူထရွန်နှစ်ခုပါရှိပါတယ်။)

နှစ်ပေါင်းသုံးသိန်းကြာတဲ့အခါမှာတော့အပူချိန်ဟာ သုံးထောင်ဒီဂရီအထိကိုလျော့ကျသွားပြီး အီလက်ထရွန်တွေကိုဖမ်းယူပြီးအက်တမ်လို့ခေါ်တဲ့အမှုန်လေးတွေကိုစတင်ဖွဲ့စည်းနိုင်လာပါပြီ။ ဒီလိုနည်းနဲ့စကြာဝဠာဟာစတင်ပေါ်ပေါက်လာခဲ့တာပါ။ အကယ်၍များ The Big Bang ပေါက်ကွဲမှုသာမဖြစ်ပွားခဲ့ဘူးဆိုရင် ဒီနေ့လူသားတွေသိရှိနေကျ မြင်တွေ့နေကျရတဲ့စကြာဝဠာဆိုတဲ့ဖြစ်တည်မှုဟာတည်ရှိနေဦးမှာမဟုတ်ပါဘူးလို့သိပ္ပံပညာရှင်အများစုကယုံကြည်ကျပါတယ်။


ကဲ…စကြာဝဠာကြီးဖြစ်ပေါ်လာပုံကအံ့သြစရာမကောင်းဘူးလား။


rate now:

1 Reviews
  • reader Hein Nay Zaw 19.11.2019, 09:55 5

    အံ့ြသဖို့ကောင်းပါတယ်😁

    reply