book

Index 18

အခန်း ၁၈

သည်နေ့အိပ်ရာကနိုးသည်နှင့် အလုပ်ဆင်းရန် ပြင်ဆင်ရ‌ေတာ့သည်။

" ဟေ့ကောင် ငခ ထတော့ကွာ ညကျဖုန်းကို ညည့်နက်အောင်သုံး ကြူ မနက်ကျတော့ အိပ်ရာကမထ ငခ ဟေ့ကောင် ငပျင်း "

အိပ်ရာသိမ်းပြီးသည်နှင့် ရေချိုးခန်းထဲ နောင်၀င်လာပြီး တဝုန်းဝုန်း ချိုးလိုက်၏။ ရေချိုးခန်းထဲက နောင်ထွက်လာသည့်အချိန်ပင် ငခဆိုသည့်‌ေကာင် မထသေး။
နောင်အမြင်ကပ်လာသည်။ 
အလုပ်နောက်ကျပြီး မန်နေဂျာရှေ့ရောက်လျှင် မျက်နှာငယ်လေးနှင့် လုပ်ပြဦးမည်။  
ခန္ဓာကိုယ်ကို ရေစင်အောင် သဘက်နှင့်သုတ်ပြီးသည်နှင့် နို့ရည်ကို မျက်နှာအနှံ့ ပွတ်လိုက်၏။ ဘီးနှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်ပြီးသည်နှင့် အလုပ်ယူနီဖောင်းကို လဲလိုက်သည်။ နောင်ပြီးသည့်အချိန်ထိ ကျော်ခက မထသေးပါ။ အမြင်ကပ်လာသည်နှင့် လက်မောင်းကို ခပ်နာနာ တစ်ချက် ထိုးပစ်လိုက်၏။ 

" အား နာတယ်ကွ "

အရမ်းနာသွားသည်ထင့်။ အော်ရင်း ကမူးရှူးထိုး အမူရာနှင့် အလူးလဲထလာသည်။ 

" အေး အလုပ်နောက်ကျနေပြီ ခဏခဏနောက်ကျရင် မင်းမှင်နီအတားခံရတော့မယ် ထတော့ "

နောင့်စကားအဆုံး မျက်နှာကြီး မှုန်ကုတ်ပြီး ကျော်ခ ရေချိုးခန်းထဲ၀င်သွားသည်။ နောင်က ယူစရာရှိသည်များ ယူပြီး ကျော်ခကြားအောင် အော်လိုက်၏။

" ဟေ့ကောင် ငခ ငါလက်ဖက်ရည်ဆိုင်ကစောင့်မယ် မကြာနဲ့နော် နောက်ကျရင် ငါမစောင့်ဘူး "

ကျော်ခကို အော်ပြီးသည်နှင့် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို ထွက်လာခဲ့၏။ လက်ဖက်ရည်ဆိုင်ထဲရောက်တော့ နောင်ထိုင်နေကျခုံက လူရှိနေသဖြင့် အဆင်ပြေသည့် ခုံတွင် ၀င်ထိုင်လိုက်ရသည်။ သောက်နေကျဖောက်သည်ဖြစ်သဖြင့် စားပွဲထိုးလေးက နောင့်ကိုမြင်သည်နှင့် 

" ပေါ့ဆိမ့် ၀မ်း ကြက်ပလာတာ ၀မ်း " 

ဟု လှမ်းမှာ၏။ ခုံပေါ်တင်ထားသည့် ဓာတ်ဗူးတစ်ဘူးထဲမှ ရေနွေးကို လက်ဖက်ရည်ပန်းကန်လုံးထဲ ငှဲ့ထည့်ရင်း ဖုန်းကို ဖွင့်လိုက်သည်။ တောင်ကြည့်မြောက်ကြည့် ကြည့်နေရာက အလင်းဖြူဆိုသည့် ကောင်မလေးအကောင့်ကို ရှာပြီး ၀င်ကြည့်မိလိုက်၏။
နောင့်ကို Fri လက်မခံသေးသဖြင့် စိတ်က နည်းနည်းတင်းချင်သည်။ တခြားကောင်မလေးများဆို နောင့်ကို အကောင့်လက်ခံပေးဖို့ အမျိုးမျိုးလာပြောတတ်ကြသည်ချည်းပါ။ သည်ကောင်မလေးကျမှ နောင် request ရယ်ကွက်ကို 
ဂရုတောင်ပြုရဲ့လားမသိ။ 
ဘာရယ်မသိ ၊ စိတ်က မကျေနပ်ချင်သလိုလို ဖြစ်နေ၏။ 

" ရပြီ အစ်ကို "

လက်ဖက်ရည်နှင့်မုန့်ကို သူ့ရှေ့လာချပေးသည့် စားပွဲထိုး‌ေကာင်‌ေလးကို ခေါင်းညိတ်ပြုံးပြရင်း လက်မှ နာရီကို
တစ်ချက်ကြည့်လိုက်၏။
ခွေးကောင်။ ခုထိမလာသေးဘူး။ မကျေမနပ် စိတ်ထဲက ရေရွတ်လိုက်သော်လည်း လက်က ရှေ့မှာချထားသည့် လက်ဖက်ရည်ခွက်ကိုယူပြီး တစ်
ငုံ မော့သောက်လိုက်သည်။ ပြီးမှ ကြက်ဥပလာတာပါ စားလိုကျ၏။ 
ကြက်ဥပလာတာကုန်ခါနီးမှ ကျော်ခရောက်လာသည်။

" ကျဆီမ့် တစ်ခွက် ထပ်တစ်ရာတစ်ပွဲ မြန်မြန်လေးငါ့ညီ "

နောင်တို့ဆီလှမ်းလာမည့် စားပွဲထိုးလေးအား ကျော်ခက လှမ်း‌ေအာ်မှာရင်း ပြောလိုက်သည်။

" မင်းက ကုန်တောင်ကုန်နေပြီ "

" အေး မြန်မြန်စားသောက် ပွစိပွစိရွတ်မယ့် မန်နေဂျာ့ရုပ် ကြည့်ရတာ ကြည့်ပျင်းတယ် မင်းကလည်း နေ့တိုင်းအိပ်ရာထပျင်းလွန်းအားကြီးတယ် "

" ညကဘောလုံးပွဲ ကောင်းလို့ပါကွ မင်းကလဲ "

" မင်းပြောရင် ဒါပဲ ဒီနေ့ည ဟိုကောင် ကိုထူး လာမှာကွ သူဖုန်းဆက်ရင် သွားကြိုရဦးမှာ "

ကျော်ခကို နောင် မကျေမနပ် ပွစိပွစိ ရွတ်နေမိသည်။ အလုအယက်စားသောက်နေသည့် ကျော်ခကိုမြင်ရ‌‌ေတာ့ နောင် သနားသွားရပြန်သည်။ ကျော်ခပြီးသည်နှင့် လက်ရည်ဖိုးရှင်းပြီး အလုပ်ဆီ သွားကြ၏။ နောင်တို့အဆောင်နှင့် အလုပ်က သိပ်မဝေးပါ။ အလုပ်ရောက်တော့ ကျော်ခနှင့်နေရာမတူသဖြင့် သူ့နေရာ သူသွား ၊ ကိုယ့်နေရာ ကိုယ်သွားလိုက်ကြ၏။ 
အလုပ်ရောက်တော့ နောင်မအားတော့။ ဖုန်းလည်း အလုပ်လုပ်နေစဉ် မကြည့်ရသဖြင့် နောင့်ဖုန်းက ချိတ်ထားသည့် နောင့်အိတ်ထဲတွင်သာ။ 
နေ့လည် ထမင်းစားချိန်ကျမှ ဖုန်းကို ခဏထုတ်ကြည့်မိရသည်။ 
အလုပ်နားသည်နှင့် 
နောင်နှင့်ကျော်ခ စားနေကျ ထမင်းဆိုင်လေးဆီ လှမ်းလာကြ၏။

" ဟယ် ကိုနောင်တို့လာပြီ "

နောင်တို့ကိုမြင်တော့ ထမင်းဆိုင်ရှင်၏သမီး မြတ်မြတ်သွယ်က ၀မ်းသာသလို ကြိုသည်။ လမ်း‌ေဘး ထမင်းဆိုင် ဖြစ်သော်လည်း သည်ဆိုင်က လက်ရာကောင်းသည်။  

" နင်ကလေ နှစ်ယောက်အတူတူလာတာ ငါ့မမြင်ဘဲ ငနောင့်ကိုပဲမြင်လား "

" ကိုကျော်ခကြီးနော် "

ကျော်ခစကားကြောင့် မြတ်သွယ်က ရှက်သွားဟန်နှင့် နုတ်ခမ်းစူသလိုဆိုသည်။ 

" မဟုတ်ဘူးလား ငါပြောတာ "

" ရှင်ဘာဖြစ်နေတာလဲ "

ကျော်ခနှင့် မြတ်သွယ်တို့ကို ကြည့်ပြီး နောင်ရယ်လိုက်မိသည်။

" ကိုနောင် ဘာနဲ့စားမလဲ "

" ထုံးစံအတိုင်း ၀က်သားနဲ့ပဲ မြတ်သွယ် "
" ငါက ကြက်‌သား "

မြတ်သွယ်က နောင်တို့နှစ်‌ေယာက်အတွက် သွက်သွက်လက်လက်ပြင်နေ၏။ 

" ကိုနောင့်အကြိုက် အသားပိုထည့်ပေးထားတယ် "

" ငါ့ကျတော့ရော နင်တော်တော်မျက်နှာလိုက်တယ်နော် မြတ်သွယ် "

ကျော်ခစကားအဆုံး မြတ်သွယ်က " ဘာဖြစ်လဲ "ဆိုပြီး မျက်စောင်းလှမ်းထိုးသည်။ နောင်က မသိသလို နေလိုက်စဉ် 

" အချစ်ဆိုတာ ကောင်းကင်ကငှက်တစ်ကောင်..... ဘ၀ဆိုတာ ဖြစ်သန်းမှအဓိပ္ပါယ်ရှိတယ် ...."

နောင့်ဖုန်း၏ ရိန်းတုန်းသံက မြည်လာသဖြင့် ကြည့်လိုက်တော့ ကိုထူးဖုန်း။
နောင် ဖုန်းကိုင်လိုက်သည်။

" ဟယ်လို အေး ကိုထူး မင်းထွက်လာပြီလား ဪ အေးအေး အဲဒါဆို ငါ့လိပ်စာ cb မှာ ပို့ထားပေးမယ် အေးပါ အဆောင်ရှေ့ရောက်တာနဲ့ မင်းဖုန်းခေါ်လိုက်နော် အေးပါ အေး အေး"

ကိုထူးနှင့် ဖုန်းပြောပြီးသည်နှင့် နောင် ထမင်း စစားလိုက်ရင်း ကျော်ခကို ပြောလိုက်၏။

" ကဲ ကျော်ခ စမနေနဲ့ စားစရာရှိတာစား
ကိုထူးထွက်လာနေပြီတဲ့ သူ့အိမ်က ကားနဲ့တဲ့ အဲဒါ ရန်ကုန်ရောက်တာနဲ့ အဆောင်လိပ်စာပို့ပေးထား သူလာခေါ်မယ်တဲ့ "

" ဟုတ်လား သူလာခေါ်ပြီး ငါတို့ကဘယ်သွားကြမှာလဲ "

" အဲဒါတော့ ငါလည်းမသိဘူး သူလာမှ သိမယ် "

ကျော်ခကို ရှင်းပြရင်း ထမင်းစားသည့်နောင်ပင် ပြီးသွားပြီ။ အမြဲဖင်လေးသည့် ကျော်ခကို အော်ရပြန်၏။ 
အလုပ်ပြန်၀င်ပြီး အလုပ်ဆင်းချိန်ကျ နောင်တို့ အဆောင်ပြန်ရောက်လာသည်။ အဆောင်‌ေရာက်သည်နှင့် လိုင်းတက်ပြီး cb ကနေ ကိုထူးအား အဆောင်လိပ်စာ ပို့ထားလိုက်၏။ ကိုထူးက လိုင်းပေါ်မရှိသဖြင့် နောင် တောင်ကြည့် ၊ မြောက်ကြည့် ကြည့်လိုက်သည်။

" ဟင် "

နောင့်အ‌ေကာင့်ထဲ အလင်းဖြူ၏ပိုစ့်‌လေးများ တစ်ခုပြီးတစ်ခုတက်လာသဖြင့် နောင်သိလိုက်ပြီ။ ထိုကောင်မလေး နောင့်ကို 
Fri လက်ခံလိုက်ပြီ။

" ဟေး "

နောင့်ကိုယ် နောင် သတိမထားမိခင် 
ဟေးဟု အော်မိရက်သား ဖြစ်သွားသည်။ 
ဖုန်းကိုင်ပြီး အိမ်သာထဲကထွက်လသည့် ကျော်ခက နောင့်ကို ရွဲ့ပြီး လှမ်းမေး၏။ 

" ဘာလဲ မင်းကို မြွေပေါက်လိုက်လို့လား "

" ယီး မြွေပေါက်ပါလား ငါ့ကို အလင်းဖြူ လက်ခံလိုက်ပြီကွ "

နောင့်စကားအဆုံး ကျော်ခက မဲ့ပြီး‌ေဖြသည်။ 

" အလင်းဖြူလက်ခံတာပဲ သူ့ရည်းစားဆီက အဖြေရတာ ကျနေတာပဲ ..."

" ဟား "

ကျော်ခစကားကြောင့် နောင်ရယ်မိသည်။

" အစကတော့ စိတ်မ၀င်စားဘူး ဘာဘူးနဲ့ အခုကျ တဖြူထဲ ဖြူနေတယ် 
နောင်နော် မင်းမှာ ရှင်မရှိတယ် အလင်းဖြူကို လာမထိနဲ့ အလင်းဖြူက ငါ့အတွက် "

" ဟား မင်းရပါလိမ့်မယ်အားကြီး ကိုထူးလိုသူဌေးသားတောင် ခုထိပြန်မကြိုက်တာ မင်းကိုဆို အဝေးကြီး "

" အဲဒါပဲ မင်းတို့တတွေ ခက်တယ် မိန်းမတစ်ယောက်ကို ရဖို့ ငွေမလိုဘူးကွ
ဗျူဟာပဲ လိုတာ သဘောပေါက် "

ဆရာကြီးအထာနှင့်ပြောနေသည့် ကျော်ခကို နောင်အမြင်ကပ်လာမိသည်။ 

" ဒါဆို မင်းရည်းစားဘယ်နှစ်ယောက်ထားဖူးပြီလဲ "

" ဟီး ထားဖူးသေးဘူး ငါကြိုက်ရမယ့်သူ မမွေးသေးလို့ပါကွ "

" ဟား ဟား အေးပါ အကြောင်းမသိသူဆိုတော့ ပြောပါကွာ "

နောင့်စကားအဆုံး ကျော်
ခနှင့်နောင် ပြိုင်တူရယ်မိကြသည်။ 

" ကိုထူးလာရင် အဆင်သင့်ဖြစ်အောင် ငါတို့ပြင်ထားကြရအောင် "

‌နောင်အရင်၀င် ရေချိုးလိုက်သဖြင့် တ‌ေနကုန် ပင်ပန်းသမျှ လန်းဆန်းသွားသလို ခံစားလိုက်ရ၏။ မှန်ထဲက နောင့်ပုံကို အသေချာစိုက်ကြည့်လိုက်သည်။ နောင့်ကို အားလုံးက ချောသည်ဟု ဆိုကြ၏။ မြင့်မားသည့်အရပ်က ငယ်ငယ်ကလို ရှည်သွယ်သည့်ပုံစံမဟုတ်တော့ပါ။ ‌အလုပ်လုပ်ရသည့်အတွက် ခန္ဓာကိုယ်ကြွက်သားများက တခြားကောင်လေးများလို ဂျင်ကစားစရာမလို။ ယောက်ျားပီသစွာ အချိုးအစား ကျစ်လစ် လှပသည်။ 
ထူထဲသည့် မျက်ခုံးထူထူအောက်က မျက်ဝန်းများသည် တဖျတ်ဖျတ် စူးရှနေသလို ထင်ရသည်။ အထင်ပေါ်ဆုံးက နှာတံပေါ်ပေါ်နှင့် နုတ်ခမ်းနီရဲရဲတစ်စုံ။ တစ်နေရာကို စိုက်ကြည့်ပြီး နောင်ပြုံးပြလျှင် ထိုအပြုံးကို ကောင်မလေးများ ကြွေသည်။ 
ထို့ကြောင့်ပင် နောင် ပုံတစ်ပုံ တင်လျှင် 
Like ထောင်ချီမက ရ‌ေလ၏။။  
ကိုထူးလာမည်ဆိုသဖြင့် နောင့်ဆီရှိသည့်အထဲက အသစ်ဆုံးအ၀တ်စားကို ရွေး၀တ်လိုက်သည်။  
တီရှပ် နေဗီပြာ‌ကိုယ်ကပ်ကို ဂျင်းပင် အနက်နှင့်
တွဲ၀တ်လိုက်ပြီး ၀ိစကုတ် အနက်ခါးရှည်အလွင့်ကို ၀တ်လိုက်သည်။  
ရေချိုးခန်းထဲက ထွက်လာသည့် ကျော်ခကို ဖုန်းပေးပြီး ဓါတ်ပုံရိုက်ခိုင်းလိုက်၏။ ဓါတ်ပုံရိုက်ပေးရင်း ကျော်ခက
ညည်းသည်။

" ဒုက္ခခံ ‌ရိုက်ပေးရတာက ငါ
နာမည်ကြီးပြီး ကောင်မလေးတွေကြိုက်တာကျ သူ "

" ဟေ့‌ေကာင် မနာလိုမဖြစ်နဲ့ သူ့ကုသိုလ်နဲ့ သူဖြစ်တာ "

ကျော်ခကို အော်ရင်း နောင်အကြိုက်ဆုံး ပုံတစ်ပုံကို တင်လိုက်သည်။ 
သူတင်သည့်အချိန် စစချင်း အကောင့်လေးတစ်ကောင့်က အသည်းလာပေးလေ၏။ သူ့ရင်သည်ဆတ်ခနဲ ခုန်သွားသည်။ သူအသည်းလာပေးသည်ကို နောင်ဘာကြောင့်ရင်ခုန်နေရသလဲ။ 
နောင့်ရင်ထဲ ဘာကြောင့်ကြည်နူးသွားရသလဲ။ လိုင်းပေါ်ရောက်သည်နှင့် ထိုအကောင့်ပိုင်ရှင်လေးကို နောင်ဘာကြောင့် အလိုလို သတိထားနေမိတာလဲ။ ထိုအတွေးများကို နောင်ကိုယ်တိုင်ပင် ပြန်မဖြေရှင်းတတ်ပါ။
သူ့ wallထဲ နောင်၀င်နေမိပြန်သည်။
သူ့ကြည့်ရသည်မှာ အွန်လိုင်းရှော့ပင် လုပ်ပုံရသည်။ ပစ္စည်းလေးများမျိုးစုံ ၊ ဈေးနူန်းနှင့်တကွ တင်ထားသည်ကို တွေ့ရ၏။
ဟိုနေ့က နို့စိမ်းရောင်၀မ်းဆက်လေးနှင့်ပုံကို ဆေ့ထားပြီး နောင်အသေချာကြည့်နေမိသည်။ တစောင်းအနေထား သူ့အလှက ကြည့်လေ ကြည့်မ၀ချင်လေပါ။ အဖျားခတ်ကော့နေသည့် မျက်တောင်အောက်က မျက်၀န်းလေးက အကုန်မမြင်ရသော်လည်း တစောင်းလေးကို ကြည့်လို့လှနေခြင်း။ 
သူ့ကိုကြည့်ရင်း နောင့်ရင်က တဖျတ်ဖျတ်ခုန်လာသလို ခံစားနေရသည်။ နောင့်စိတ်သည် သူ့အနားငြိတွယ်ချင်သည့် သဏ္ဍာန်ဖြစ်နေသလိုပင်။ ဟင့်အင်း။ မဖြစ်နိုင်ဘူး။ နောင့်မှာ ရှင်မရှိသည်။ ရှင်မအပေါ် နောင်သစ္စာမဖောက်နိုင်ပါ။ ရှင်မကိုပဲ နောင်ချစ်သည်။ သည်အလင်းဖြူက နောင့်စိတ်ထဲ ဘာကြောင့် ၀င်လာရတာလဲ။ သူက ကိုထူးမြတ်နိုးရသူ။ ကိုထူးချစ်သည့်သူကို နောင်က သည်စိတ်ဖြစ်စရာလား။ နောင့်ရင်ထဲ မွန်းကြပ်လာမိသည်။ နောင့်စိတ်က အလင်းဖြူဆိုသည့် ကောင်မလေ၏ မီးစိမ်းလေးအား
ငြိမ်သက်ပြီးငေးမောကြည့်နေမိသည့်အဖြစ်။ သူဘယ်သူလဲ။ သူကဘယ်လိုကောင်မလေးလဲ။ အလင်းဖြူ။ ငါ့ရင်ထဲမှာ ရှင်မကိုပဲ နေရာအပြည့်ပေးနိုင်တယ်။ ငါ့စိတ်ထဲ မင်း၀င်မလာပါနဲ့။ 

*******

နောင့်ဖုန်းလေးက ထမြည်လာ၏။
ကြည့်လိုက်တော့ ကိုထူးဖုန်း။

" အေး ပြော ကိုထူး "

" မင်းတို့အဆောင်ရှေ့ ငါရောက်နေပြီနောင် "

" အိုခေ ငါဆင်းလာပြီ ကိုထူး "

ကိုထူးရောက်နေသည် ဆိုသောကြောင့် နောင်နှင့် ကျော်ခ အဆောင်ရှေ့ ထွက်လာကြ၏။ Pajero ငွေရောင်ဘေးနား မှာ ရပ်နေသည့် ထူးသစ်လရောင်။ နောင်တခဏမျှ ငေးမိသွားသည်။ ပုံထဲကထက်ပင် ပိုချောသလို ၊ ၀တ်စားထားသည့် ပုံစံက ပိုက်ဆံရှိသားသမီးမှန်း တန်းသိသာစေသည်။
ထူးသစ်လ‌ေရာင်က နောင့်ဆီ လှမ်းလာပြီး နောင့်ပခုံးကို ဖက်၏။ ပြီးမှ နောင့်ကိုကြည့်ရင်း

" မင်းက တော်တော်ချောပါလားနောင်ရ
ပုံထဲကထက် ပိုချောတယ်"

" မင်းကလည်း အတူတူပဲ အပြင်ကပိုချောတယ် "

" အေး မင်းတို့ပဲ အပြန်လှန်ချောကြ ငါတစ်ယောက်ထဲ မချောတာ "

နောင်တို့နှစ်ယောက်ကို ကြည့်ပြီး၀င်‌ေပြာသည့် ကျော်ခစကားကြောင့် အားလုံးရယ်လိုက်ကြသည်။
ကိုထူးခေါ်ရာနောက် နောင်တို့လိုက်လာကြ၏။ ရန်ကုန်မြို့ရှိ နာမည်ကြီးပြီး ထင်ရှားသော ဆိုင်တစ်ဆိုင်ပင်။
ဆိုင်ရောက်သည်နှင့် ‌ ကိုထူးက အကုန်မှာလေ၏။ စကားပြောရင်း ၊ သောက်စားကြရင်း နောင်တို့ပိုရင်းနှီးလာကြသည်။ ဆိုင်ကထွက်သည်နှင့် 
ကိုထူးတည်းသည့် ဟိုတယ်ပင် နောင်တို့လိုက်လာရပြန်၏။ ကိုထူးက မပြန်စေဘဲ နောင်တို့အတွက်ပါ အခန်းယူပေးသည်။ နောင်တို့သုံးယောက် 
ဟိုတယ်မှာ တစ်ညလုံး မအိပ်ဘဲ စကား ထိုင်ပြောကြသည်။ 

" နောင် မနက်ဖန်တစ်ရက် မင်းတို့အလုပ်ခွင့်ယူကွာ ရန်ကုန်မှာ လည်လို့ကောင်းမယ့်နေရာ လိုက်လည်မယ် "

" ရပါတယ် ခွင့်ယူတာက ငါကလည်တာထက် အေးဆေးနေရတာကြိုက်တာကွ "

ထိုညက နောင်တို့သုံးယောက် စကားတော်တော်များများ ပြောဖြစ်ကြသည်။

" နောင် မင်းကောင်မလေးပုံ ပြကွာ "

ကိုထူးစကားကြောင့် နောင်ရယ်နေမိ၏။

" ငါပြောတာဘာရယ်စရာပါလို့လဲ မင်းကောင်မလေးက ငါ့ကောင်မလေးလောက်လှလား သိချင်လို့ပါကွ "

နောင်က ကိုထူးစကားကို မကြားသလိုလုပ်ပြီး ပြုံးနေ၏။ နောင်နှင့်ကိုထူးကို ဘေးကကြည့်ပြီး ကျော်ခက မချင့်မရဲပုံနှင့်၀င်ဖြေသည်။

" သူ့ကောင်မလေးပုံက ပြစရာမှ မရှိတာကိုထူးရ "

" ဟင် ဘာလို့လဲ "

ကိုထူးက တအံ့တဩ ပြန်မေးတော့ ကျော်ခက ထပ်ဖြေသည်။

" သူ့ကောင်မလေးက သူ့ငယ်ချစ် နာမည်ကရှင်မ ငယ်ငယ်ထဲက ကွဲသွားကြတာ ငယ်ဓါတ်ပုံပဲ ရှိတယ် အခုနေပြန်တွေ့ရင် မှတ်မိဖို့ပဲမလွယ်ဘူး "

ကိုထူးက နောင့်မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ရင်း ဂျီသည်။ 

" နောင် အဲဒီငယ်ပုံလေး ငါ့ကိုပြကွာ "

နောင်က ခေါင်းခါပြလိုက်သည်။

" မကြည့်ပါနဲ့ကွာ ကြည့်လည်း မင်းမှမသိတာကို ပုံကအဆောင်မှာ ကျန်ခဲ့တယ်လေကွာ "

" အေးပါ မပြလည်းနေပါ‌ေတာ့ မင်းမပြချင်လည်း ငါအတင်းမကြည့်ပါဘူး "

ကိုထူးစကားကို နောင်မသိချင်ယောင်
ဆောင်လိုက်သည်။

" နောင် 
အချစ်ကို မင်းဘယ်လိုမြင်လဲ "

" ငါမမြင်တတ်ဘူး ငါက ရှင်မကိုချစ်တယ် ရှင်မနဲ့ပြန်ဆုံချင်တယ် ရှင်မကို လိုက်ရှာမယ် ငါ့အချစ်က ငယ်စဉ် ကလေးဘ၀ထဲက အချစ်ဆိုတော့ ငါသိပ်မပြောတတ်ဘူး"

နောင့်ကို ကြည့်ရင်း ကိုထူးကမေးသည်။

" မင်းရှင်မနဲ့ ပြန်တွေ့မယ်လို့ ယုံကြည်တာလား "

" ယုံကြည်တာပေါ့ကွ မတွေ့တွေ့အောင်ငါရှာမှာ "

" တွေ့ပါစေ သူငယ်ချင်း "

ကိုထူးက ဆုတောင်းပေးတော့ နောင်ပြုံးပြရင်း ကိုထူးကိုပြန်မေးလိုက်သည်။

" အလင်းဖြူဆီကအချစ်ကို မင်းဒီလောက်စောင့်ရတာ စိတ်ရှည်တယ်လား "

နောင့်စကားအဆုံး ကိုထူးရယ်သည်။

"စိတ်ရှည်တယ်ပြောရမှာပဲ ငါ့ရင်ဘတ်ထဲက သူ့ကိုပဲအလိုရှိတာဆိုတော့ စောင့်ရမှပေါ့ ဒါပေမယ့်ငါယုံတယ် သူ တစ်နေ့ ငါ့ကိုပြန်ချစ်လာလိမ့်မယ်ဆိုတာ "

ကိုထူးက အလင်းဖြူနှင့်သူ့အကြောင်းကို အသေးစိတ်ရှင်းပြသည်။ ကိုထူးပြောပုံအရဆို အလင်းဖြူက မာနသိပ်ကြီးသည့်ကောင်မလေးပေါ့။ ယုံကြည်ချက်လွန်ကဲပြီး ဘ၀ကို အရှုံးမပေးဘဲ ရင်ဆိုင်ရဲလိုက်တာ။ ရှင်မဆို အဲဒီလိုစွန့်စားရဲမှာမဟုတ်ဘူး။ အားငယ်တိုင်း လမင်းကြီးကိုကြည့်ပြီး ရှင်မကငို‌ေနမှာပဲ။။
ဘာကြောင့်မှန်းမသိ။ ကိုထူးက အလင်းဖြူကို အရမ်းတန်ဖိုးထားကြောင်း ၊ မြတ်နိုးကြောင်း ၊ သိပ်ချစ်ရသည့်အကြောင်းများပြောတိုင်း နောင့်ရင်ထဲ ဘာကြောင့် မွန်းကြပ်
နာကျင်သွားကြတာလဲ။ မကြိုက်ချင်သည့်စိတ်ကလေး အပြင်တိုးထွက်မလာအောင် ထိန်းချုပ်ရသည်မှာ နောင့်အတွက်ပင်ပန်းပါသည်။ 
ထိုနေ့ညက နောင်တို့မနက်လေးနာရီထိုးမှ အိပ်ရာ၀င်ကြသည်။ 

********* 

မနက်ရှစ်နာရီလောက်မှ နောင်တို့အိပ်ရာက နိုးကြ၏။ 
အိပ်ရာထပြီး ရေချိုး ပြင်ဆင်ပြီးသည်နှင့် နောင်တို့အပြင်ထွက်လာကြသည်။ ကိုထူးနှင့်ပါလာသည့် ဒရိုင်ဘာ အစ်ကိုက ရန်ကုန်အနှံ့ တော်တော်ကျွမ်းသည်။ ရန်ကုန်မှာနေသည့်နောင်တို့ပင် အလုပ်နှင့်အဆောင် ကလွဲ ဘယ်မှသိပ်မရောက်ဖြစ်သလို ဘယ်မှကောင်းကောင်းမသွားတတ်ပါ။ အရှေ့ခေါင်းခန်းထဲ ဒရိုင်ဘာ အစ်ကိုနှင့် ကျော်ခက အတူထိုင်၍ နောင်နှင့်ကိုထူးက ကားနောက်ခန်းထဲ ထိုင်သည်။

" ကိုလတ်ရေ ကျွန်တော့်ကို အစုံ၀ယ်လို့ရတဲ့ စီးတီးမတ်တစ်ခုပို့ပေးနော် ကောင်မလေးအတွက်လက်ဆောင်၀ယ်ချင်လို့ပါ "

‌ကိုထူးစကားအဆုံး နာရီ၀က်လောက် မောင်းပြီးသည်နှင့် စီးတီးမတ်တစ်ခုရှေ့ရောက်သွားသည်။  
နောင်တို့ကားပေါ်က ဆင်းပြီးသည်နှင့် 
စီးတီးမတ်ထဲ ၀င်လိုက်ကြ၏။ 
ယောက်ျားလေး အ၀တ်စား ဆိုင်ရှေ့ရောက်တော့ နောင့်ကိုယ်နှင့်တိုင်းပြီး အ၀တ်အစားအချို့ ကို ကိုထူးက ၀ယ်သည်။  
ကျော်ခကိုယ်နှင့်တိုင်းပြီး တစ်ခါ၀ယ်ပြန်၏။ 

" ကိုထူး 
မင်းဘာတွေလုပ်နေတာလဲ "

" ဘာမှမလုပ်ဘူး ရောက်တုန်းရောက်ခိုက် ငါလက်ဆောင်ပေးချင်လို့ "

" ငါတို့က နယ်ခံလေကွာ "

" မင်းတို့တစ်လလုံးရတဲ့လစာနဲ့ ငါမသုံးရက်ပါဘူးကွာ ငါပေးတာပဲယူ "

" မင်းဟာ မဟုတ်သေးဘူးကိုထူး "

' ဘာလဲ မင်းက မင်းဆီလာတဲ့ငါ့ကို လာတဲ့အခိုက် စိတ်ဆင်းရဲစေချင်တာလား "
ငြင်းမည့်နောင့်ကို ကိုထူးက စကားနှင့်ပိတ်သည်။

" ‌မပြာတော့ဘူကွာ ဟုတ်ပြီလား မင်းသဘောပဲ "

စီးတီးမတ်ထဲ ပတ်ရှာရင်း ကိုထူးက တစ်နေရာရောက်တော့ ရပ်သွား၏။ သူရပ်လိုက်သည်က လပ်တော့ဆိုင်ရှေ့ပင်။ နောင်က ကိုထူးကိုလှမ်းမေးလိုက်၏။

" ကိုထူး မင်း၀ယ်ဦးမှာလား "

" အင်း ဟုတ်တယ် ငါ့ကောင်မလေးကို ၀ယ်ပေးချင်လို့ သူက စာရေးတယ်ကွာ ပြီးတော့ အွန်လိုင်းရှော့ပင်လည်းလုပ်တယ် လပ်တော့က သူ့အတွက် လိုအပ်တယ် "

‌ကိုထူးက ဖြေရင်း သူကြိုက်သည့်တစ်လုံးကို ယူလိုက်သည်။ ပြီး ဂျေဒိုးနက်များ ထပ်၀ယ်သည်။ 

" သူက ဂျေဒိုး
နပ် သိပ်ကြိုက်တာ "

နောင်ကအံ့ဩသလို မေးလိုက်၏။

" မင်းကဘယ်လိုသိလဲ "

" တစ်ခါ သူ့စာပေ မိတ်ဆွေတွေ မန်းကို လာတော့ ဂျေဒိုးနပ်လက်ဆောင်ယူလာပေးတယ် အဲဒီတုန်းက သူပိုစ့်တင်ဖူးတယ်လေ သူအရမ်းကြိုက်ကြောင်း
ပေါ့ ကိုယ်ကချစ်နေရင် သူဘာလုပ်တယ် သူဘာကြိုက်တယ် သူ့အတွက် ဘာလိုအပ်တယ် ဆိုတာ အရိပ်လို မြင်နေမိတာမျိုးကွ "

နောင့်စိတ်ထဲ ဘာကြောင့်မှန်းမသိ။ တစ်စုံတစ်ခုကို နှမျောနေမိသလိုလို ခံစားနေရ၏။
ပန်းစည်းဆိုင်မြင်တော့ ပန်းစည်းတစ်စည်း၀ယ်ပြီး လှလှပပထုတ်ပိုးနေသည်။ ကိုထူးကိုကြည့်ပြီး နောင့်စိတ် အလိုလိုပင်ပန်းလာသလို ခံစားရသည်။ 

" မင်း အဲဒီလိုတွေ လုပ်ရတာ ဘယ်လိုနေလဲကိုထူး "

နောင့်အမေးကို ကိုထူးကပြုံးပြသည်။

" ပျော်တယ် ရင်ခုန်တယ် သူ့ကိုအမြဲ ပျော်စေချင်မိတယ်ကွာ သူ့ကိုအရိပ်လိုကြည့်ရင်း သူ့လိုအပ်ချက်‌မှန်သမျှ ဖြည့်ဆည်းခွင့်ရချင်တာ သူပြုံးနေမယ်ဆို ဘာဖြစ်ဖြစ် လုပ်ပေးချင်နေတယ်... "

ကိုထူးက စကားခဏရပ်ပြီး ကျေနပ်စွာ ပြုံးနေသည်။

" အချစ်ဆိုတာ သူ့ဆီက ပြန်ရမှ မဟုတ်ပါဘူးကွာ သူ့ဆီက ဘာမှ ပြန်မရလည်း ငါကချစ်နေနိုင်တာပဲ အလှပဆုံးပြောရရင် သူ့ကိုချစ်နေရတဲ့ ငါ့အချစ်က ငါ့ကိုပြန်ချည်မယ့် ၀ဋ်ကြွေးဆိုရင်တောင် ငါကျေကျေနပ်နပ်ကြီး အဲဒီ၀ဋ်ကြွေးကို လိုချင်တာပါကွာ "

ကိုထူးကိုကြည့်ပြီး နောင်ဘာပြောရမှန်းပင် မသိတော့ပါ။ အလင်းဖြူအပေါ် နစ်၀င်နေသည့် ကိုထူးအချစ်က နောင့်စိတ်ကိုပါ နင့်ခနဲ ဖြစ်သွားစေရသည်။

" ဒါနဲ့ မင်းကောင်မလေးက မင်းပေးသမျှ လက်ဆောင် အကုန်ယူတာပဲလား "

သိချင်သည့်စိတ်က နောင့်စိတ်ထဲ မြိုသိပ်မထားနိုင့်တော့ပါ။ 

" ဟင့်အင်း အခုထိ ငါပေးတာ ဘာမှလက်မခံဘူး ဒါကြောင့်ငါကိုယ်တိုင်မပေးဘူး ဟိုတလောက သူ့သူငယ်ချင်းခင်လင်းနဲ့ ရိုးလက်နာရီတစ်လုံး လက်ဆောင်ပေးလိုက်သေးတယ်..."

" သူ့ဆီ ငါအလည်ရောက်တော့ သူ့လက်မှာပတ်ထားတာ တရုတ်နာရီ သုံးထောင့်ငါးရာတန်လေး ကြည့်ပြီး ငါစိတ်မကောင်းဘူး အဲဒါနဲ့ သူ့အိမ်တက်ကို ငါဘာမှလက်ဆောင်မပေးရ‌ေသးတော့ အဲဒီ နာရီလေး၀ယ်ပေးလိုက်တာ "

" အင်းပါကွာ မင်းအမြန်ဆုံး အလင်းဖြူဆီက အဖြေ အမြန်ရပါစေ "

နောင်ဆုတောင်း
ပေးတော့ ကိုထူးကပြုံးသည်။

" ငါအပြည့်ချင်ဆုံး ဆုပေါ့ 
ဒါနဲ့နောင် မင်းမန္တလေး ဘယ်တော့ အလည်လာမလဲ "

" မသိသေးဘူးကွ သီတင်းကျွတ် ခွင့်ရရင် အလုပ်ပိတ်ရင် ရောက်မှာပေါ့ကွာ 
တစ်ရက်ရက်ပေါ့ "

" အေး လာရင်တော့ အကြာနေရမယ်နော် မန်းလေးလာရင် အစစ ဘာမှမပူနဲ့ "

" အေးပါ ကျေးဇူးပါသူငယ်ချင်းရာ "

ဈေး၀ယ်ပြီးသည်နှင့် တဆိုင်ဆိုင်မှာ ‌ညနေစာ စားလိုက်ကြသည်။ စားသောက်ပြီးတော့ ရွှေတိဂုံဘုရား ခ
ဏ၀င်ဖူးကြသည်။  

" ရန်ကုန်ရောက်ပြီး ရွှေတိဂုံဘုရား မဖူးလာရင် မေမေ ငါ့ကိုဆူလိမ့်မယ်"
ဟု ကိုထူးက ဆိုသည်။ 
ဘုရားကပြန်တော့ ညနေပင် တော်တော်စောင်းနေပြီ။ 
နောင်တို့အဆောင်‌ေရှ့ထိ ကိုထူးက လိုက်ပို့ပေး၏။ 

" ကိုထူး အဆောင်ထဲလိုက်လည်ပါလား ရောက်မှတော့ "

ကျော်ခက အလည်ခေါ်တော့ ကိုထူးက ခေါင်းခါပြသည်။

" မလိုက်တော့ဘူး ငါတို့ မန်းလေးပြန်ဆင်းမှာ နောက်အခေါ်က်ကြုံဦးမှာပဲကွာ မင်းတို့ မန်းကိုလာလည်ကြနော် ငါမျှော်နေမယ် "

" အေးပါသူငယ်ချင်း "

" သွားပြီ နောင် နဲ့ကျော်ခ "

ကားထဲ၀င် လက်ပြနုတ်ဆက်သွားသည့် ကိုထူးကိုကြည့်ရင်း နောင့်ရင်ထဲ မောကျန်ခဲ့ပါသည်။ ရင်ထဲ တခုခုကို ခံစားနေရ၏။ ဘာဆိုတာအခုထိ နောင်မပြောနိုင်ပါ။ ကိုထူးကားလေးပျောက်သည်အထိငေးကြည့်နေပြီး မှ နောင်နှင့်ကျော်ခ အဆောင်ထဲ ၀င်လာကြသည်။ အဆောင်ရှိ နောင့်တို့အခန်းရောက်သည်နှင့် ကုတင်ပေါ် ပစ်လှဲရင်း ‌ မျက်လုံးများကို
စုံမှိတ်ထားလိုက်သည်။ နောင့်မျက်၀န်းထဲပေါ်လာသည့်အရိပ်က အလင်းဖြူ၏ ပုံရိပ်။ နောင်အလန့်တကြား ဇွတ်မောင်းထုတ်လိုက်ပြီး သက်ပြင်းချလိုက်မိ‌ေလ၏။

" ဟူး "

********


rate now: