book

Index 17

အခန်း ၁၇

သည်နေ့ နောင်တို့ အလုပ်ပိတ်ရက်ဖြစ်သဖြင့် မျက်နှာနှင့် ဖုန်း မခွာ‌ေတာ့။ အပြင်ထွက်ချင်စိတ်လည်း မရှိသဖြင့် 
အခန်းထဲအောင်းပြီး ဖုန်းပဲ ကြည့်နေမိ၏။ 
သည်နေ့ ရှင်မအတွက် ကဗျာတစ်ပုဒ် ရေးပြီး တင်ဖို့ စီစဉ်ထားသည်။ သည်နေ့ ရှင်မကို နောင် သိပ်သတိရနေသည်။ 

" နောင် ငါဆရာမတစ်ယောက်ကို အပ်ထားတယ်သိလား အဲဒီဆရာမလေး တကယ်ချောတယ်ကွ "

ကျော်ခလှမ်း‌ေပြာသည်ကို နောင် စိတ်မ၀င်စားသလို ဖြေလိုက်၏။

" ဟား ငါစိတ်မ၀င်စားပါဘူးကွာ "

နောင့်စကားကြားသည်နှင့် ကျော်ခက နောင့်မျက်နှာအနား သူ့ဖုန်းကို ယူလာ၍ အတင်းတိုးကပ်ရင်း လာပြသည်။

" ဒီမှာကြည့်စမ်းပါကွ သူ့ကလောင်နာမည်က အလင်းဖြူတဲ့ "

" အလင်းဖြူ ဟုတ်လား သူကဘာရေးတာလဲ "

" ၀တ္ထုကွ သူ့စာမူတစ်ပုဒ် ငါဖတ်လိုက်ရတယ် တော်တော်ကောင်းတယ်ကွ ဒါကြောင့်အပ်လိုက်တာ သူ့ wall ထဲ ၀င်ကြည့်ပြီး သူ့ပုံလေးဆေ့လာတယ် "

ကျော်ခက သူ့ဆေ့လာသည့်ပုံကို ဇွတ် အတင်းပြ‌လာသဖြင့် သူကြည့်လိုက်ရာ ကောင်မလေးက ချစ်စရာတော့ကောင်း၏။ 
သူ့ရင်ထဲက ရှင်မလောက်တော့ ချစ်စရာမကောင်းပါ။  

" အပ်လိုက်ပါလား နောင် "

" နေပါစေကွာ ကိုယ့်ဘာသာပဲ နေပါရစေ "

" သူကစာရေးဆရာမလေးဆိုတော့ မင်းရှင်မသာ စာရေးဆရာဖြစ်ရင် သူနဲ့ခင်ချင်ခင်နိုင်တယ်လေ "

တချက်တော့ နောင်တွေသွားသည်။ သို့သော် နောင်က Fri စပြီးမအပ်တတ်သည့် ခပ်ချေချေကောင်လေးတစ်ယောက်။ ထိုအချိန်မှာပင်
နောင့် Fri request မှာ Fri လာအပ်သည်ကို တွေ့လိုက်ရ၏။ နာမည်က လှသည်။ ထူးသစ်လရောင်ဆိုပါလား။
သူ့ wall ထဲ၀င်ကြည့်လိုက်တော့ သူ့ပုံချောချောလေးများတင်ထားသည်။ 
ဘာပဲပြောပြော နောင့်စိတ်ထဲ လက်ခံချင်သလို ဖြစ်သွားသည်‌ေကြာင့် လက်ခံလိုက်မိ၏။ လက်ခံပြီးမှမကြာသေးပါ။ cb ကနေ သူကစာလာပို့သည်။ 

" Hi နောင် "

"Hi ပြောပါ "

" မင်းရဲ့ကဗျာလေးတွေ ငါသဘောကျလို့ ငါကစာပေကိုမရေးတတ်ဘူး ဒါပေမယ့် ခံစားတတ်တယ်ကွ "

နောင်ပြုံးလိုက်သည်။ သူ့အနုပညာကိုသဘောကျသည်ဆိုတော့ နောင်ကျေနပ်မိ၏။

" ကျေးဇူးပါကွာ ငါ့ကိုအားပေးဖော်တစ်ယောက်ထပ်ရတော့ ငါပျော်တာပေါ့ "

" အေး နောင် မင်းသာ ဆန္ဒရှိမယ်ဆိုရင် 
ငါနဲ့အခင်ဆုံး Fri ဖြစ်လို့ရတယ် ဒါကငါ့ဖုန်း ၀၉၇၈၀၆၅၇၄၁၂ "

နောင်ပြုံးမိသည်။ သူငယ်ချင်းမိတ်ဆွေ တိုးတာ ကောင်းသောရလဒ်ဖြစ်သဖြင့်
နောင့်ဖုန်းနံပါတ်ပါ ပေးလိုက်၏။ 

" မင်းက အခုဘယ်မှာနေလဲနောင် 
ငါကတော့မန်းလေးမှာကွ မင်းလာလည်ရင် အချိန်မရွေးကြိုနေပါမယ် "

" ငါကရန်ကုန်မှာပါ အလုပ်ကပေးတဲ့ အဆောင်မှာပဲနေတယ် "

" မင်းနဲ့ငါသူငယ်ချင်းဖြစ်ပြီနော် မန်းကိုမင်းလာချင်ရင် အချိန်မရွေးဖုန်းဆက်ပါ ငါတတ်နိုင်တာကူညီဖို့အဆင်သင့်ပဲ "

" ကျေးဇူးပါထူးသစ်လရောင် မင်းနာမည်ကရှည်တယ်ကွာ ကိုထူးပဲ ခေါ်မယ် "

နောင့်စကားအဆုံး နှစ်ယောက်သား ရယ်စရာစတစ်ကာလေးတွေ ပြိုင်တူပို့လိုက်ကြ၏။ နောင့်စိတ်ထဲ ထူးသစ်လရောင်က တော်တော်ခင်စရာကောင်းသည်ဟု သတ်မှတ်လိုက်သည်။ ထိုနေ့ကစ အပေါင်းသင်းသိပ်မထားသည့် နောင့်ဘ၀ထဲ သူငယ်ချင်းကျော်ခအပြင် ထူးသစ်လရောင်ပါ ၀င်ရောက်လာခဲ့၏။ နောက်ရက်ကျ ထူးသစ်လရောင်က ဖုန်းစဆက်သည်။ ထူးသစ်လရောင်က စကားပြောရည်မွန်သဖြင့် နောင်နှင့် စကား စပြောကာစမှာပင် အဆင်ပြေသည်။
ထူးသစ်လရောင်က ဖုန်းထဲကပင် နောင့်ကိုစမေး၏။

" နောင် မင်းမှာချစ်သူရှိပြီလား "

" အင်း ရှိတယ် ဘာဖြစ်လို့လဲ "

ထူးထူးဆန်းဆန်းမေးလာသော ထူးသစ်လရောင်ကို နောင်က အမှန်ပင်ဖြေလိုက်ပါသည်။

" ဟား မင်းကငါ့ထက်စွံတာပဲ ငါကတော့ ကောင်မလေးတစ်ယောက်ကို ဆယ်နှစ်ကျော်ကြာအောင်ပိုးလာတာ ခုထိမရသေးဘူး "

" ဘယ်လို ဘယ်လို "

‌ထူးသစ်လရောင်စကားကို နောင်စိတ်၀င်စားသွားလေ၏။ 

" မင်းအံ့ဩသွားလား ဟုတ်တယ်ကွ ငါ ကောင်မလေးတစ်ယောက်ကို သိပ်ချစ်ခဲ့ရတာ သူ့အချစ်ကို ငါအခုထိ မျှော်လင့်‌ေနမိတယ် သူ့ကိုငါချစ်ခဲ့တာ ဆယ်နှစ်ကျော်ပြီ "

" သူက မင်းကို ပြန်မကြိုက်ဘူးလား
မင်းပုံစံက ပိုက်ဆံချမ်းသာတဲ့မိသားစုကမွေးဖွားလာမယ့်ပုံပါ ပြီးတော့ရုပ်ချောတယ်ကွာ ပညာတတ်သ‌ေဘာ‌ေကာင်းတစ်ယောက်ကို အဲကောင်မလေးက ပြန်မကြိုက်ဘူးတဲ့လား အခုခေတ်ကောင်မလေးတော်တော်များများက ပိုက်ဆံရှိရင် ပြန်ကြိုက်တာများပါတယ်ကွ "

နောင့်စကားကို ကိုထူးက တဟားဟားနှင့်သဘောကျစွာရယ်သည်။

" မင်းအဲဒီလိုပြောမယ်ဆိုတာ ငါသိတယ်
ငါ့ကောင်မလေးက မာနခဲလေးကွ ပြီးတော့ချစ်ဖို့လည်း သိပ်ကောင်းတာ "

" မင်းညွှန်းတာနဲ့ ငါတောင်စိတ်၀င်စားလာပြီ သူ့ပုံ ငါ့ကိုပြကွာ သူ့အကောင့် မင်းပြ "

နောင့်စကားအဆုံး " အိုခေ " ဟုဆိုပြီး ကိုထူး ဖုန်းချသွားလေသည်။ တအောင့်အကြာ နောင့် ချက်ဘောက်ထဲ တချွင်ချွင်၀င်လာသံ ကြားလိုက်ရ၏။ နောင်ပြုံးပြီး ကြည့်လိုက်တော့
နောင့်မျက်၀န်းများ ပြူးကျယ်သွားရသည်။ 
ထိုကောင်မလေးကို နောင်မြင်ဖူးပါသည်။ မနက်ကမှ ကျော်ခ လာပြသည့်ကောင်မလေး။ သူ့နာမည် အလင်းဖြူဟုသိထားသည်။ 
ကိုထူးကို နောင် စာပြန်ပို့လိုက်၏။ 

" အဲဒီကောင်မလေးကို မနက်ကမှငါတွေ့ဖူးတယ် "

" ဟုတ်လား သူကအပြင်မှာ ချစ်ဖို့သိပ်ကောင်းတယ် မင်းလာလည်ရင် ငါမိတ်ဆက်ပေးမယ် "

" အေးပါကွာ သူ့ဆီက အဖြေ မင်းအမြန်ရပါစေ "

ဖုန်းထဲကပင် နောင်နှင့်ထူးသစ် ရယ်လိုက်ကြ၏။ ထူးသစ်ကအားသည်နှင့် 
နောင့်ဆီ ဖုန်းဆက်တတ်သလို နောင်ကလည်း အားလျှင် ထူးသစ်နှင့် ဖုန်းပြောဖြစ်ကြ၏။ လူချင်းမမြင်ဖူးကြသော်လည်း သူတို့နှစ်ယောက် ငယ်ပေါင်းကြီးဖေါ်ပမာ ခင်သွားကြလေ‌ေတာ့၏။

**********

သည်နေ့ ထူးသစ်ဆီက ဖုန်းလာသဖြင့် 
ထူးသစ်နှင့်ဖုန်းပြောနေချိန် ကျော်ခတစ်ယောက် ဖုန်းကိုကြည့်ပြီး ပြောလိုက်သည့်အသံကြောင့် 
နောင့်စိတ်က ကျော်ခကို စူးစမ်းသလို ဖြစ်သွားသည်။ 

" ကြွေပြီကွာ "

" ဟေ့ငခ ဘာကြွေတာလဲ "

တခါတလေ နောင်က ကျော်ခကို ငခဟုခေါ်တတ်သည်။ ဖုန်းကို စိုက်ကြည့်ရင်း 
ညည်းနေသည့် ကျော်ခကိုကြည့်ပြီး နောင်အသည်ယားပြီး နားပင်းအုပ်ချင်လာမိ၏။ အနားသွားရင်း 

" ပြစမ်းပါကွ ဘာကြွေရပြန်တာလဲ "

ဟုမေးရင်း ကျော်ခလက်ထဲက ဖုန်းကို လုယူပြီး ကြည့်လိုက်၏။
ဖုန်းစကရင်ပေါ်မှာ ပေါ်နေသည့်ကောင်မလေးက အလင်းဖြူဆိုသည့်
ကောင်မလေး။ ပါးမှာပါးကွက်ကလေးကွက်ပြီး ကျစ်ဆံမြီး နှစ်ဖက်ကျစ်ချထားကာ ကောင်းကင်ကို မော့ကြည့်နေသည့်ပုံလေး ။ နို့စိမ်းရောင် ၀မ်းဆက်လေးနှင့် ချစ်စရာကောင်းနေသည်ကအမှန်။ သူတင်ထားသည့် ကဗျာလေး ဖတ်ကြည့်ပြီး နောင်ပင် သဘောကျမိသွား၏။ 


" ကဗျာ "

ကျွန်မလား....
ဆုတောင်းခဲ့ဖူးတယ်
မြတ်မြတ်နိုးနိုးချစ်နိုင်သူနဲ့သာ ဆုံပါရစေလို့...။

ကျွန်မလား....
မျှော်လင့်ဖူးတာပေါ့
အလိုလိုက်နားလည်မယ့် ချစ်သူတစ်ယောက်သာ
ရပါရစေလို့.....။

ကျွန်မလား.....
ကျဆုံးခဲ့ဖူးတာပေါ့
စူးရှရှမျက်၀န်းပိုင်ရှင်ရဲ့ အကြည့်တစ်ချက်အောက်မှာ
ရင်ခုန်ခဲ့ရတာ....။

ကျွန်မလား....
မက်ခဲ့ဖူးတာပေါ့
လိုချင်တဲ့ဘ၀လေးပိုင်ဆိုင်ခွင့်ရဖို့
အိပ်မက်ထဲထိ
ရူးသွပ်ခဲ့ရတာ...။

ကျွန်မလား....
ယုံကြည်ခဲ့တာပေါ့
လူတစ်ယောက်ရဲ့သစ္စာတည်တံ့စေဖို့
အနာဂတ်ထဲ
တွေးတွေးမျှော်ခဲ့တာ.....။

ကျွန်မလား....
နေတတ်ခဲ့ပြီပေါ့
အိပ်မက်လားအတည်လား 
ဆန်းစစ်‌ေနရတဲ့ခေတ်မှာ
ဝေးဝေးသို့ငေးရင်း
အသည်းကွဲခြင်းက
ကဗျာခဏခဏဖြစ်လာခဲ့တာ......။

အလင်းဖြူ

သူ့ကဗျာလေးက နောင့်ရင်ထဲကို လှုတ်ခတ်သွားစေသည်ကတော့ အမှန်။

" မင်းကလည်း နော် Fri အပ်ဆိုတော့ မအပ်ဘူး ငါ့ဖုန်းပဲ လာကြည့်နေတယ် ကြည့်ချင်ရင် ကိုယ့်ဖုန်းနဲ့ကိုယ်ကြည့် "

မျက်နှာကြီး မှုန်ကုန်နေသည့် ကျော်ခကိုကြည့်ရင်း နောင်ရယ်မိ၏။ 
အပ်သင့် ၊ မအပ်သင့် စဉ်းစားနေမိရင်း
ထိုကောင်မလေး၏ ဝေါလ်ထဲ ၀င်မွှေနေမိသည်။ ပုံတော့ သိပ်တင်ထားတာမတွေ့ရပါ။ ထိုကောင်မလေးတင်ထားသည့် ၀တ္ထုတစ်ပုဒ်ကို မြင်တော့ နောင်နည်းနည်း စိတ်၀င်စားသွားမိ၏။ ထို၀တ္ထုလေးကို ဘာရယ်မဟုတ် နောင်စဖတ်လိုက်သည်။ ဖတ်ရင်း နောင့်ရင်ထဲ တလှိုက်လှိုက် ခံစားလိုက်ရ၏။
ကလေးတစ်‌ေယာက်၏ စိတ္တဇ ခံစးချက်က လမင်းကြီးကို ကြည့်ပြီးအရူးတစ်ယောက်လို တိုင်တည်ထားသည့်ဇာတ်လမ်း။ 
နာမည်က " ထောင့်ချိုးနားက နှလုံးသားတစ်စုံ " တဲ့။ ထိုကောင်မလေးကို နောင်
စိတ်၀င်စားလာမိသည်။ နောင့်လက်က 
မြန်မြန်ဆန်ဆန်ပင် ဖရန့်ရ် ရယ်ကွက်ကို နှိပ်ချလိုက်ပါသည်။  
အလင်းဖြူဆိုသည့် အကောင့်ပိုင်ရှင်လေးကို နောင်တဖြည်းဖြည်း စိတ်၀င်စားလာမိသည်ကအမှန်။
ထိုညက ထူးထူးခြားခြားလသာရက်ပင်။ ရန်ကုန်က လသာလို့သာမှန်းမသိပါ။ မီးရောင်ထိန်ထိန်တောက်ထဲ လသာသည့်အလှက ဘယ်နားရှာရမှန်းမသိ။ နောင်ကတော့ ပြည့်နေသည့် လမင်းဝိုင်းစက်စက်ကို မော့ကြည့်တိုင်း လမင်းအစား 
ရှင်မမျက်နှာလေးပဲ မြင်ယောင်တတ်ခဲ့သည်။
လွမ်းတယ်ရှင်မရေ။ အချိန်တွေဘယ်လောက်ကြာကြာ တစ်ရက်မှမေ့မရဘူးဆိုတာ နင်ယုံရဲ့လား။
လမင်းကြီးကို မော့ကြည့်ရင်း နောင့်မျက်၀န်းများက ရီဝေမှိုင်းမှုံနေကြ၏။

" သား သားအတွက် ရှင်မက ရှမ်းပြည်လိုက်ခါနီး စာလေးတစ်စောင် ပေးခဲ့တယ် သားပြန်လာရင် သားကို အဲဒီစာလေး ပေးပေးပါတဲ့ လမင်းကြီးကိုကြည့်ပြီး သူ့ကိုသတိရနေပါတဲ့ သားရဲ့ "

သူ့ပါးပြင်ပေါ် မျက်ရည်များစီးဆင်းကျလာရ၏။ ကလေးဘ၀က သူ၏မိုက်မဲစွာ ဆုံးဖြတ်မှုကြောင့် ရှင်မနှင့် ခွဲခွါခဲ့ရသလို အမေနှင့်လည်း အတူနေခွင့်မရအောင် ကံဆိုးခဲ့ရလေသည်။ ရှင်မအနားနေပြီး ရပ်တည်မှုဘာမှမပေးနိုင်ခဲ့ပါ။ အမေ့အတွက်လည်း သားလိမ္မာဖြစ်ခွင့်မရခဲ့ပါ။
မေမေ့ဆီပြန်ရောက်သည့်အချိန်ကျ မေမေက ရင်သားကင်ဆာဖြင့် အလူးလှိမ့်ခံစားနေရချိန်ဖြစ်သည်။ သူ့မျက်၀န်းများသည် တနေရာကို ငေးစိုက်ကြည့်ရင်း အမြင်အာရုံတွေက မှုန်ဝါးသွားကြလေ၏။

*************

ရန်ကုန်၊ ညောင်တုန်းကား ဂိတ်ဆုံးသည်နှင့် သူရိန်အိမ်ရှိရာ ခပ်သွက်သွက် လျှောက်လာလိုက်၏။ 
ကားဂိတ်နှင့် နောင်တို့အိမ်က နာရီ၀က်သာသာ လမ်းလျှောက်ရသည်။ အိမ်နားရောက်လာလေ သူရိန်ရင်ခုန်လေပင်။ သည်၀န်းကျင်နှင့် ကင်းကွာခဲ့သည်မှာ ငါးနှစ်နီးပါးပင် ရှိခဲ့လေပြီ။ 
သူ့ရိန့်ခြေလှမ်းများက သွက်လက်လွန်းနေ၏။ သူရိန့်မျက်နှာ၌ အပြုံးပန်းလေးများ ပွင့်လန်းနေကြသည်။

" ဟယ် သူရိန်မဟုတ်လား "

သူရိန်တို့လမ်းထဲနေသည့် အန်တီဝေဆိုသူပင်။ 

" ဟုတ်ပါတယ်အန်တီ "

သူရိန်ခေါင်းလေးညိတ်ပြီး ဖြေလိုက်၏။

" အမလေး ငယ်ရုပ်ကို မရှိတော့တာပဲ 
ဘယ်က ကိုရီးယားမင်းသားလေးလဲ ထင်ရပါ့ ချောလာလိုက်တာ "

သူရိန်သဘောတကျ ရယ်ရင်း " ကျေးဇူးပါခင်‌ဗျား " ဟုဖြေရင်း ခပ်သွက်သွက် ပိုလျှောက်မိသည်။
ရှင်မမြင်လျှင် သူ့ကိုမှတ်မိပါ့မလား။ အတွေးနှင့် နုတ်ခမ်းပါးလေးက ပြုံးနေမိ၏။ တွေ့ချင်စိတ်က ပိုပြင်းပြလာသည်။ ရှင်မကရော။ အရမ်းလှလာမှာ သေချာပါသည်။ ရှင်မတို့အိမ်အနား နီးလာပြီ။ ခြေလှမ်းကို ပိုသွက်လိုက်၏။ 
ရောက်ပြီ။ မျက်၀န်းက အိမ်ထဲကို လှမ်းကြည့်ပြီး ရှင်မကို ရှာလိုက်၏။ 
ဘဘနှင့်ဖွားဖွားမဟုတ်ဘဲ တခြားသူများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဟင်။ ရင်ထဲ တမျိုးကြီး ခံစားလိုက်ရ၏။ ခြံထဲ၌ ဆယ်နှစ်အရွယ် ကလေးများ ဆော့ကစားနေကြသည်ကို မြင်ရတော့ စိတ်ကသို့လောသို့လော။
သူရိန့်အိမ်ဆီကိုပဲ ဆက်လျှောက်လာလိုက်သည်။
ခြံ၀၌ ရပ်နေသည်က သူရိန်စိတ်နာရသည့်အဖေ။ သူရိန့်ကို မမှတ်မိဘဲ စိုက်ကြည့်နေသည်။ သူရိန့်ကို ပြူးကြည့်နေသည့်အဖေ့မျက်၀န်းများက တဖျတ်ဖျတ်လက်လာကြ၏။

" သူရိန် သား သူရိန် "

အဖေသည် သူရိန့်နာမည်ကို ခေါ်ပြီး အပြေး လာဖက်၏။ သူရိန့်ရင်ထဲ လှိုက်နင့်သွားရသည်။ သူရိန့်ပါးပြင်ပေါ် မျက်ရည်များ စီးကျလာ၏။ အဖေက သူရိန်ကို ဖက်ထားသည့် သူ့ခန္ဓာကိုယ်ကို ခွာလိုက်ပြီးအိမ်ပေါ်‌ေပြးတက်
သွားတော့ သူရိန်ပါ လိုက်တက်လာ၏။
အိမ်ပေါ်တက်ခါနီး ရှင်မတို့အိမ်ဘက် တစ်ချက် လှမ်းကြည့်မိပြန်သည်။
ရှင်မတို့အိမ်နှင့် အကူးအသန်းလုပ်သည့် ခြံစည်းရိုး‌အား ပိတ်ထားသည်ကို မြင်လိုက်ရတော့ ဘဘတစ်ယောက် ခုထိစိတ်ဆိုးတုန်းလားဟု သူရိန်တွေးမိလိုက်သေး၏။ 

" လေးနွယ် နင့်သားပြန်လာပြီ နင်မြင်ချင်တဲ့ နင့်သား ပြန်လာပြီ "

အမေ့ကို ၀မ်းသာအားရအော်ပြောနေသည့် အဖေအသံကိုနား‌ေထာင်ပြီး " ငါ့ကိုအဖေချစ်သားပဲ " ဟု တွေးမိလိုက်သည်။ အမေရှိရာ အခန်းထဲ သူရိန်ပါ ၀င်လိုက်၏။ 

" ဟင် မေမေ "

ကုတင်ပေါ်တွင် လှဲနေသည့် အမေ့ကို တွေ့လိုက်ရသဖြင့် သူရိန်အံ့ဩသွားရသည်။ အမေသည် သူထင်ထားသည့်ပုံမဟုတ်ဘဲ ဖြူဖျော့ပိန်ကပ်နေ၏။ 
စိတ်ထဲ ဒိန်းခနဲ စိုးရိမ်သွားရပြီး " အမေ" ဟုခေါ်ပြီး အမေ့ဆီ အပြေးသွားမိသည်။ 

" သားလေး အမေ့ဆီ ပြန်လာတယ် 
အမလေး သားရယ် အမေလွမ်းလိုက်ရတာ တစ်ရက်မှ မေ့လို့မရဘူးကွယ် "

ကုတင်ပေါ် ပက်လက်ကလေး
လှဲနေသည့်အမေက သူရိန့်ပါးကို ပွတ်သပ်ပြီး တတွတ်တွတ်ဆိုသည်။ အမေ့ပါး၌လည်း မျက်ရည်များ ရွဲရွဲစိုနေ၏။

" အမေ "

သူရိန်က အမေ့ရင်ခွင်ထဲ ခေါင်းတိုး၀င်လိုက်၏။ သူရိန့်နှာခေါင်းထဲ အနံ့ဆိုးတစ်ခု ၀င်လသလို " အ " ခနဲ ညည်းလိုက်သည့် အမေ့အသံကြောင့် သူရိန် အလန့်တကြား အမေ့ကို မေးလိုက်မိသည်။

" အမေ ဖျားနေတာလားဟင် အမေဘာဖြစ်လို့ လဲဟင် "

" အမေ ဘာမှမဖြစ်ပါဘူး နည်းနည်းနေမကောင်းဖြစ်တာ "

အမေနှင့် သူရိန့်ကိုကြည့်ပြီး အဖေက အ‌ခန်းထဲက ပြန်ထွက်သွား၏။
သူရိန့်ဆံပင်လေးများအား လက်ကလေးနှင့် ပွတ်သပ်ပေးရင်း အမေက 
စကားများ တတွတ်တွတ်ဆိုပြန်သည်။

" အမေသေတာတောင် ငါ့သားလေးမတွေ့ရတော့ဘူးထင်နေတာ အခုနေ အမေသေရင်တောင် သေပျာ်ပါပြီသားရယ် "

" အမေကလဲဗျာ ဘာလို့သေရမှာလဲ သားပြန်လာပြီကို "

သူရိန့်စကားကြား‌ေတာ့ သူရိန့်ကို အမေကစိုက်ကြည့်‌ေနသည်။

" ငါ့သားက တော်တော်ချောလာတာပဲ 
ကြည့်စမ်းပါဦး ရှင်မသာတွေ့ရင် မှတ်မိမယ်မထင်ဘူး "

ရှင်မဆိုမှ အမေ့ကို ရှင်မအကြောင်းမေးရန် ပြန်သတိလာရ၏။

" အမေ ဘဘတို့အိမ်မှာ သားမမြင်ဘူးတဲ့မိသားစုကို တွေ့နေရတယ် သူတို့က ဘယ်သူလဲမေမေ ရှင်မနဲ့ဘဘတို့ကရော မမြင်ပါလားမေမေ " 

သူရိန့်အမေးကို မေမေက ခေါင်းညိတ်ပြရင်းဆိုသည်။

" သူတို့က အိမ်ရှင်အသစ်တွေလေ သားရဲ့ ကြာပြီ ရှင်မလေးကိုးတန်းအောင်တဲ့နှစ်ကထဲက အခုလူတွေက ၀ယ်လိုက်ကြတာ "

" ဗျာ ဒါ ဒါဆို ရှင်မက အခုဘယ်မှာလဲ
မေမေ "

" သူ့မေ‌ေမနဲ့ ရှမ်းပြည်ပါသွားလေရဲ့ သူ့ဖွားဖွားနဲ့ သူ့ဘဘဆုံးတော့ သူ့အမေက လာခေါ်သွားပြီး ဒီအိမ်နဲ့မြေကို ရောင်းသွားကြတာ ရှင်မ မသွားခင် သားအတွက် စာလေးတစ်စောင် ပေးခဲ့တယ် သားအခန်း စားကြည့်စားပွဲခုံပေါ်က စာအုပ်အပြာလေးထဲ ‌ေမမေညှပ်ထားပေးတယ် "

မေမေ့စကားဆုံးသည်နှင့် ပြန်ရောက်ကထဲက မရောက်သေးသည့်အခန်းထဲ မပြေးရုံတမယ် ခပ်သွက်သွက်သွားလိုက်၏။ အခန်းထဲရောက်တော့ သူရိန့်အခန်းက သပ်ရပ်သန့်ရှင်းနေသည်။ ပါလာသည့် ခရီးဆောင် အိတ်လေးကို ကုတင်ပေါ်တင်ရင်း 
စာကြည့်စားပွဲအနား လျှောက်သွားလိုက်၏။ စားပွဲပေါ်တွင် တွေ့ရသည့်
စာအုပ်ပြာလေးအားလှမ်းယူပြီး စာရွက်များကို တရစပ် လှန်ကြည့်လိုက်သည်။
စာရွက်ဖြူ ခေါက်‌ေလးတစ်ခုအား တွေ့လိုက်ရ၏။ သူ့လက်များတဆတ်ဆတ်တုန်ရင်လာပြီး စာရွက်ခေါက်ကလေးကို အငမ်းမရ ဖွင့်ဖတ်လိုက်သည်။ 

သူရိန်ရေ....

နင့်ကိုငါအမြဲသတိရနေတယ်နော်
နင့်ကိုငါသတိရတိုင်း လမင်းကြီးနဲ့ အမြဲစကား‌ေတွ ပြောခဲ့တယ်။
ငါ့ကိုမ‌တွေ့တွေ့အောင်ရှာပြီး
ငါ့ဆီ အမြန်လိုက်လာပေးပါနော်

ရှင်မ

စာလေးဖတ်ပြီး သူရိန့်ရင်ထဲ ဆို့နင့်နာကျင်နေရ၏။ ရှင်မရယ်။ နင့်ကိုငါ ပြန်တွေ့ရမယ်ထင်နေတာ။ ကံကြမ္မာက ငါတို့အပေါ် ဘာလို့ဒီလောက်ရက်စက်ရတာလဲဟာ။ ငါမရှိခင် နင်ဘယ်လာက်တောင် ဒုက္ခတွေ ရောက်နေရလဲ။ ငါ.. ငါက နင့်အတွက် အပိုလူတစ်ယောက် ဖြစ်ခဲ့ရပြီ။ နင့်ဘေးနားမှာ မားမားမတ်မတ် မရပ်ပေးနိုင်ခဲ့တာ ငါ့ကိုခွင့်လွှတ်ပါ ရှင်မရယ်။

ပါးပြင်ပေါ်စီးကျနေသည့် မျက်ရည်များကို ပွတ်သုတ်ရင်း သူရိန်ငိုနေမိစဉ် အခန်းထဲ အဖေ၀င်လာ၏။
အဖေက သူ့ပခုံးပေါ် လက်ကလေးနှင့် လာပုတ်ပြီး နှစ်သိမ့်ပေးသည်။

" အဖေ ရှင်မက ဘယ်လိုဖြစ်ရတာလဲဗျာ "

သူရိိန့်အမေးကို အဖေက ခေါင်းညိတ်ပြပြီးဖြေ၏။

" ရှင်မလေးက သိပ်လိမ်မာတာပါ သူ့အမေနောက်ကို မလွှဲသာလို့ လိုက်သွားရပေမယ့် သူလုံး၀ မလိုက်ချင်ဘူးသားရဲ့ သူမသွးခင် လေးငါးရက်က ဒီအခန်းထဲ နေသွားသေးတယ်သား "

အဖေက သူရိန့်ကို ရှင်မအကြောင်း သိသလာက် အကျဉ်းချုံး ပြောပြလေ၏။
အဖေ့စကားအဆုံး သူရိန်စိတ်မထိမ်းနိုင်ဘဲ ရှိုက်ကြီးတငင် ငိုချမိလိုက်သည်။ အဖေက သူရိန့်ကို စိတ်မကောင်းသလို ကြည့်ရင်း ထပ်ပြောသည်။ 

" သား သူရိန် မင်းအမေအကြောင်း မင်းသိသင့်တယ် "

အဖေ့စကား‌ေကြာင့် သူရိန်ငိုနေရာက ဖြတ်ခနဲ အဖေ့ကို လှမ်းကြည့်လိုက်၏။ အဖေက ဆက်ပြောသည်။

" မင်းအမေက ရင်သားကင်ဆာ ဖြစ်နေတာသားရဲ့ "

" ဗျာ "

သူရိန်ကုတင်ပေါ် ထိုင်နေရာက အလန့်တကြား ထရပ်လိုက်မိပြန်သည်။

" ဟုတ်တယ်သား ဆရာ၀န်လက်လျှော့ထားပြီးပြီ သူဘယ်နေ့ အဖေတို့ကို ထားခဲ့မလဲ မသိဘူး "

အဖေ့စကားတိုးတိုးက သူရိန့်နားထဲ ကျယ်လောင် မြည်ဟီးသွားရလေ၏။ အမေရယ်။ အမေ့ကို သူရိန်သနားလိုက်သည့်ဖြစ်ခြင်းပါ။ 

" သားအမေကို သူ့နောက်ဆုံးအချိန်မှာ စိတ်ချမ်းသာအောင် အဖေတို့ထားကြရအောင်နော် "

အဖေ့ကို ခေါင်းညိတ်ပြလိုက်ပါသည်။
ငယ်ရွယ်စဉ်က တဒင်္ဂစိတ်ထင်ရာဆုံးဖြတ်ပြီး လုပ်မိခဲ့‌ေသာသူရိန့်အတွက် ပေးဆပ်ရသည့် ဆုံးရှုံးများက များလွန်းလှပါ၏။ သူရိန်ရောက်ကထဲက မေမေ့ကို ပြုစုသည်။ မေမေစိတ်ချမ်းသာအောင် နေပေးသည်။ မေမေ့အား ပြုစုခွင့် သက်တမ်းခဏသာ ရရှိတော့သည့်အဖြစ်က သူရိန့်ရင်အား နာကျင်စေပါသည်။ မေမေ့မျက်နှာက သူရိန်ပြန်ရောက်သည့် ရက်အတွင်း  အမြဲတမ်း လန်းဆန်းပြုံးနေ၏။ သူရိန့်ကို ရှင်မအကြောင်း တတွတ်တွတ်ပြောပြသည်။

" ရှင်မလေး သူ့မိဘတွေနဲ့ အဆင်ပြေရဲ့လား မသိပါဘူးသားရယ် တွေးပြီး မေမေစိတ်ပူနေရတယ် သူ့မေ‌ေမက ရှင်မလေးအပေါ် သိပ်နားမလည်ရှာဘူးသားရဲ့ သူ့ခမျာ မလိုက်ချင်ရှာဘူးရယ် သွားခါနီး သားကိုပြောပေးပါဆိုပြီး မှာသွား‌ေသးတယ်. သားသူရိန်ကို သူအမြဲစောင့်နေပါမယ်တဲ့ လသာရက်တိုင်း သတိရပေးပါတဲ့သားရဲ့..."

မေမေက ရှင်မအကြောင်း ပြောနေရလျှင် အမြဲ ပြုံးနေတတ်သည်။ မေမေ့ကိုကြည့်ပြီး သူရိန့်စိတ်ထဲ သိချင်သည့်အရာတစ်ခုအား မေးချင်လာ၏။

" မေမေ ရှင်မကို ချစ်လားဟင် "

သူရိန့်အမေးကိုကြားတော့ မေမေက သဘောတကျရယ်သည်။

" ဟား ဟား သားသူရိန်ရယ် အဲဒီမေးခွန်းက သားသိသင့်တာကြာပေါ့ မေးစရာကိုမလိုတာပါ ရှင်မကို သမီးရင်းလေးလို မေမေကချစ်တာ မေမေ့ကို သားထားခဲ့ကထဲက ရှင်မလေးကြည့်ပြီး သားကိုလွမ်းရတာပါ 
ရှင်မလေးကို မြင်နေရရင် မေမေ့သားကို အနားမှာ မြင်နေရသလို စိတ်ကခံစားရစေတာ ရှင်မ မေမေ့နား ရှိနေတာ သား မေမေ့အနား ရှိနေသလိုပါပဲ "

" မင်းက သမီးလိုပဲလား ချွေးမလိုကော မချစ်ဘူးလား "

မေမေ့ကို ဖေဖေကလှမ်းမေးရင်းစသည်။ ဖေဖေ့ကို မေမေက မျက်စောင်းတစ်ချက်လှမ်းထိုးရင်း 

" ချွေးမလိုလည်း ချစ်တာပဲ သမီးရှင်မလေးသာ ကျွန်မချွေးမဆိုလည်း ကျွန်မ က ကျေကျေနပ်နပ် လက်ခံပါ့ရှင် ကိုယ့်မျက်စိအောက်မှာ ဗိုင်းကောင်းကျောက်ဖိ ကြီးလာရတဲ့ကလေးလေး စိတ်ထားလေးကကောင်းသ‌ေလာက် အရွယ်နဲ့မလိုက် လိမ်မာသိတတ်ရှာတယ် အဲဒီလို မိန်းကလေး ဘယ်နားသွားရှာမလဲ "

သူရိန်ရယ်မိပါ၏။ ဖေဖေနှင့်မေမေ့စကားက သူရိန့်ရင်ကို ပိုခုန်စေ၏။ ရှင်မရှိခဲ့ဖူးသည့် ရှင်မအခန်းရှိရာ လှမ်းငေးမိတိုင်း သူရိန့်ရင်ထဲ လွမ်းရလွန်းသည့်စိတ်က ထိန်းမရပါ။ 
ရှင်မရယ်။ စိတ်ချပါ။ နင့်ကိုငါမတွေ့တွေ့အောင် လိုက်ရှာပြီး အမြန်လာခေါ်ပါ့မယ်နော်။ အဲဒီတစ်နေ့ကို နင်စိတ်ရှည် ၊ လက်ရှည် စောင့်ပေးပါရှင်မရယ်။ သူရိန့်ရင်ထဲက စကားများကို ရှင်မ မကြားနိုင်‌ေသာ်လည်း ရှင်မနှလုံးသားက ထပ်တူခံစားရလိမ့်မည်ဟု သူရိန်ယုံကြည်နေမိသည်။
သူရိန်ပြန်ရောက်ပြီး လေးလအကြာ သူရိန့်မေမေ ဆုံးသွားခဲ့ပါသည်။ မေမေ့ကိစ္စမြေကျပြီး အားလုံးပြီးစီးသွားတော့ သူရိန် ရန်ကုန်ပြန်ရန် ဖေဖေ့ဆီ ခွင့်ပန်ခဲ့၏။

" သားရယ် ဘယ်မှမသွားဘဲ ဖေ‌ေဖနဲ့ပဲ အတူတူနေပါလား "

" သားကို ခွင့်လွှတ်ပါဖေဖေရယ် သားဒီမှာ မေမေကော ရှင်မရော မရှိတော့ အခုလတ်တလော နေဖို့အဆင်မပြေဘူးဖေဖေ ပြီးတော့ ရှင်မကို သားလိုက်ရှာရဦးမယ် "

တားမရသည့်အဆုံး ဖေဖေက ခွင့်ပြုခဲ့ပါသည်။ ဖေဖေ့ကို ကန်တော့နုတ်ဆက်ပြီး ရန်ကုန်ကို ပြန်လာခဲ့၏။
ဖေဖေနှင့် သူရိန် ဆက်သွယ်ရရှိရန် ပီစီအို ဖုန်းနံပါတ်လေး ပေးခဲ့ပါသည်။
သူရိန် ရန်ကုန်ပြန်ရောက်ပြီး တစ်နှစ်လောက်ကြာတော့ ‌ေဖ‌ေဖနောက်အိမ်ထောင်ပြုလိုက်ကြောင်း သတင်းကြားရသည်။
ထို့နောက်ပိုင်း ညောင်တုန်းကို သူရိန်မပြန်ဖြစ်ခဲ့သလို ဖေဖေနှင့်လည်း အဆက်ပြတ်သလို ဖြစ်ခဲ့ရသည်။ ရှင်မနှင့်ပက်သက်သည့်သတင်းမှန်သမျှ သူရိန်စုံစမ်းခဲ့သော်လည်း ဘာမှ မထူးခြားလာခဲ့ပါ။ သူရိန်စိတ်မလျှော့ပါ။ ရှင်မကို မတွေ့တွေ့အောင် သူရိန်ရှာပါမည်။

" အချစ်ဆိုတာဟာ ကောင်းကင်ကငှက်တစ်ကောင်လိုပဲ .........ဘ၀ဆိုတာ ဖြတ်သန်းမှ အဓိပ္ပါယ်ရှိတယ်......"

ဖုန်းရိန်းတုန်းထည့်ထားသည့် သီချင်းသံလေးကြားမှ အတွေးအိမ်ထဲနစ်နေသည့် နောင် လန့်သွားရသည်။
ဖုန်းကို ကြည့်တော့ ထူးသစ်လရောင်ဖုန်းပင်။

" အေး ပြောကိုထူး "

" မင်းဘာလုပ်နေလဲနောင် "

" ငါနား‌ေနတယ်ကွာ အဲဒါ အဆောင်မှာပဲ နှပ်နေတာ ပြောလေ မင်းဘာပြောမလို့လဲ "

" ငါ မနက်ဖန်ည ရန်ကုန်လာဖို့ရှိတယ် 
အဲဒါ မင်းတို့ဆီ လာခဲ့မယ် ရန်ကုန်ရောက်ရင် ငါ့ကို လာကြိုကွာ ကြားလားနောင် "

" အေးပါ လာခဲ့ ရောက်ရင်ဖုန်းဆက်လိုက် "

" အေး အဲဒါဆို နက်ဖန်ညကျမှ ငါဖုန်းဆက်မယ် 
ငါအခု ဖုန်းချပြီ "

ကိုထူးဖုန်းချသွားမှ နောင် ထိုင်ရာက ထပြီး အခန်းထဲချိတ်ထားသည့် ဂစ်တာကို သွားယူလိုက်၏။ ပြီးမှ ဂစ်တာကို ကြိုးညှိရင်း အသံစမ်းနေမိသည်။ စိတ်ကြိုက်ရမှ လက်ကွက်တစ်ချို့ကို အစမ်းတီးခတ်လိုက်၏။ ဂစ်တာသံကြားတော့ ဖုန်းကလိပြီး‌ ငြိမ်နေသည့် ကျော်ခက သူ့ကုတင်ပေါ်ကနေ ဆင်းလာပြီး နောင့်အနားရောက်လာသည်။
နောင် စိတ်ကိုနှစ်ရင်း ဂစ်တာကို စတင်တီးခတ်လိုက်တော့သည်။နောင်တီးခတ်လိုက်သည်က ရိန်မိုး၏ကောင်းကင်က အချစ်ငှက် သီချင်း။

(အချစ်ဆိုတာဟာ ကောင်းကင်က ငှက်တစ်ကောင်လိုပဲ🧚🏻
🧚🏻
🧚🏻🧚🏻
ဘဝဆိုတာ ဖြတ်သန်းမှ အဓိပ္ပါယ်ရှိတယ်👱🏻👱🏻👱🏻

တစ်ချိန်လုံး ပျံသန်းလာခဲ့ရတယ် အမောတွေကို💭💭💭

ချွေးသိပ်ဖို့ နားခိုရာမယ့် အချစ်သစ်ပင်လို💫💫💫💫💫
ဦးခိုက်ရင် အရှိန်အဟုန်ပြင်း လေကိုထိုးခွင်းလာရင်းနဲ့ 💖💖💖
အတောင်ပံ ခတ်သံ အချက်တိုင်းမှာ🎸🎸🎸
ချစ်တယ်...ချစ်တယ် ဆိုတဲ့ရိုက်ချက်များ💘💘💘
ရွှေနားတော်အပါးဆီ ပဲ့တင် မြည်ဟည်းလို❤❤❤
ချစ်တယ်... အရမ်းပဲ ချစ်နေပြီ🎤🎤🎤
ချစ်တယ်...အရမ်းပဲ ချစ်နေပြီ🎺🎺🎺
ချစ်တယ်... အရမ်းပဲ ချစ်နေပြီ🎷🎷🎷
ချစ်တယ်... အရမ်းပဲ ချစ်နေပြီ)🎼🎼🎼 cho:two

နောင့်သီချင်းဆုံးသွားတော့ ကျော်ခက
မေးသည်။

" မင်း ရှင်မကို သတိရနေပြပြီလား နောင် "

ကျော်ခကို ခေါင်းညိတ်ပြသည့် နောင့်မျက်၀န်းထဲ ရယ်လိုက်လျှင် ချစ်ရာသိပ်ကောင်းသည့် သူ၏ မျက်၀န်းနက်နက်ပိုင်ရှင်လေးကို သတိရမိနေတော့သည်။

********


rate now: