book

Index 16

အခန်း ၁၆

" ရောက်ပြီရှင့် "

ရှင်မစကားသံအဆုံး ဆိုင်ကယ်တက္ကစီသမားက ဆိုင်ကယ်ကို ရပ်လိုက်သည်။ ဆိုင်ကယ်ခရှင်းရန်ပြင်တော့ 

" ညီမလေး ဆရာလေး စန္ဓာသီရိက တစ်ခါထဲ ရှင်းပေးလိုက်တယ် "

ဟုပြောလေသည်။ ရင်ထဲ နင့်သွား၏။ သွေးမတော်သားမစပ်သည့် ရှင်မအပေါ် ဘာလို့အဲဒီလောက်ကောင်းရတာလဲဆရာလေးရယ် ဟု စိတ်ထဲက မေးနေမိတော့သည်။ ရှင်မ ကျယ်၀န်းသည့် ခြံကြီးရှေ့ရောက်သည်နှင့် အရင်တစ်ခါ တံခါးလာဖွင့်ပေးသည့် အစ်ကိုပင် တံခါးလာဖွင့်ပေး၏။ 
ခြံထဲ၀င်လာတော့ ထိုအစ်ကိုကပင် ရှင်မတို့နေရမည့်အဆောင်ကို လမ်းညွှန်ပြသည်။ သူညွှန်ပြသည့်အတိုင်း ၀င်လာတော့ အဆောင်ထဲ မိန်းကလေးအချို့ရောက်နေကြလေ၏။ ရှင်မကို‌တွေ့တော့ သူတို့က နုတ်ဆက်ကြသည်။

" နဒီနွေးနွေး လာပြီ "

ရှင်မကိုမှတ်မိသည့် ကောင်မလေးနှစ်ယောက်က အော်ရင်း ပြေးလာကြိုသည်။ အထီးကျန်ဆန်ရသည့်ရှင်မသည် ထိုသို့နွေးထွေးသည့်အရသာကို 
စိတ်ထဲက သဘောကျနေပြန်သည်။ 
အဆောင်ကို တစ်ချက် ဝေ့ကြည့်အကဲခတ်လိုက်သည်။ ဟောလို အခန်းကျယ်ဖြစ်ပြီး အိပ်စင်ကုတင်ပုံစံ တန်းပစ်ထိုးထားသည်။ အရင်ရောက်‌သူအချို့က အသီးသီး နေရာယူထားကြ၏။ ရှင်မနှင့်အဆင်ပြေသည့် နေရာကြည့်လိုက်တော့ သည်ဘက်အခြမ်းက သုံးယောက်ဆန့် နေရာလေးကိုပဲ ယူလိုက်သည်။ ထောင့်စွန်းကိုယူပြီး မရောက်လာသေးသည့် ခင်လင်းအတွက် ရှင်မဘေးနားပင် နေရာဦး‌ေပးထား၏။ သည်အဆောင်လေး၌ လောလော‌ဆယ် ရှင်မတို့ရွယ်တူလေးများ စုဝေး‌ေနကြသည်။ ရောက်ရောက်ခြင်းတောာ့ ရှင်မတို့အလုပ်မလုပ်ရသေးပါ။  

" နဒီနွေးနွေး ဟူး ရှည်လိုက်တဲ့နာမည် 
သေခါနီးခေါ်ရင် တန်းပြီး လျှာထွက်မှာ"

ရှင်မနာမည်ကို ခေါ်ပြီး လျှာလေးတစ်လစ်ထုတ်ပြနေသည့် ၀၀တုတ်တုတ် အိအိစိုးဆိုသည့် ကောင်မလေးကို ကြည့်ပြီး ရှင်မရယ်လိုက်မိ၏။ မရယ်ဖြစ်တာ ကြာသည်ကို သတိရသွားတော့ ရှင်မ နာနာကျင်ကျင် ထပ်ပြုံးမိလိုက်၏။
အိအိစိုးဆိုသည့် ကောင်မလေးကလည်း ရှင်မလိုပင် ဆယ်တန်းဖြေထားသူ။ 

" ငါတို့ နွေးနွေးပဲ ခေါ်ကြမယ် ရလား "

ရှင်မခေါင်းညိတ်ပြလိုက်ရင်း ဖြေလိုက်သည်။ 

" ရတာပေါ့ ခေါ်ကြလေ "

ဟုတ်သည်။ ရှင်မဆိုသည့်ဘ၀ကို အတိတ်မှာပဲ ထားခဲ့လိုက်တော့မည်။ နဒီနွေးနွေးဆိုသည့် နာမည်နှင့် ရှေ့ဆက်မည့် ရှင်မရင်ထဲ အားမာန်အပြည့် ရှိနေရမည်။ ကြုံလာမည့်အခက်ခဲမှန်သမျှ မညည်းညူ ရင်ဆိုင်ပြီး ဖြစ်ချင်သည့်အရာမှန်သမျှ ဖြစ်အောင် ကြိုးစားရပေမည်။ 
တစ်နေ့...။
ထိုနေ့တွင် ရှင်မကို အထင်သေးပြီး စော်ကားသူများအား " ရှင်မဟာ ဒီလိုမိန်းကလေး " ဆိုတာ ပြနိုင်ရမည်။ 
ရှင်မတို့အဆောင်အပေါ်ကမှတစ်ဆင့် ဖြတ်ပြီးမှ အလုပ်လုပ်ရမည့်ဆိုင်ထဲသွားရပါမည်။ ‌‌ေလှကားလေးရှိပြီး ထိုလှေကားပေါ်က တက်လိုက်လျှင် နှစ်ထပ်မက မြင့်သော အမိုးမမိုးရသေးသည့် အဆောက်အဦးရှိသည်။ ထိုအဆောက်ဦး အမြင့်ကို တက်ပြီး အောက်အနိမ့်ကို ငေးကြည့်ရသည်ကို ရှင်မသဘောကျ၏။ လမင်းကြီးကို ကြည့်ရန် ပိုနီးသလို ခံစားရသဖြင့် ရှင်မ နှစ်သက်မိရသည်ကအမှန်။

" နွေးရေ ဟင်းကျက်ပြီတဲ့ ထမင်းသွားခူးလာခဲ့ရအောင် ဆာတဲ့အချိန်မှ စားကြမယ် "

အိအိစိုးကိုခေါင်းညိတ်ပြပြီး အဆောင်ကပေးသည့် စတီးဇလုံလေးယူ၍ ထမင်းချက်ဆောင်ဆီသွားကြ၏။ 
ထမင်းချက်အန်တီကြီး ဒေါ်သဲက ဟင်းပန်းကန်လေးတွေနှင့် ဘဲဥချဉ်‌ရည်ဟင်းကို တစ်ယောက်တစ်လုံးကျခပ်ထားပေး၏။ ယူလာသည့် စတီးဇလုံထဲ ထမင်းထည့်၍ အသီးရွက်ကြော်အဖြစ် အစိမ်းကြော် အနည်းငယ်စီ ထမင်းပန်းကန်ထဲ ပုံပေးလေသည်။
ထိုနေ့က စတင်စားရသည့် ထမင်းသည့် 
ရှင်မဆိုသည့် နွေးနွေးကို ရှေ့ဆက်ရန်ခွန်အားပေးသည့် ထမင်းတစ်လုပ်ဖြစ်ခဲ့ရသည်။ 

********

" ဂျာကြီးက အားလုံးလာခဲ့တဲ့ဟေ့ "

ရှင်မတို့အ‌ေဆာင်တွင် အခုနောက်ပိုင်း မိန်းကလေး၀န်ထမ်း ဆယ်ယောက်ကျော်လာ၏။ အားလုံးကလည်း ငယ်ငယ်ရွယ်ရွယ် မတိမ်းမယိမ်းများပင်။ သူ့မိသားစု ၊ ကိုယ့်မိသားစု မပြေလည်ကြသည့်အတွက် အလုပ်မရွေးနိုင်ကြဘဲ သူတို့ကိုခန့်မည့်အလုပ်များသာ ရှာကြံလုပ်ရလေ၏။ 
ရှင်မတို့အားလုံး ဂျာကြီးအနားရောက်သွားကြတော့ ယောက်ျားလေးဆောင်မှ ယောက်ျားလေးများပါ ရောက်နေကြသည်။ ဂျာကြီးက တစ်ဖက်ခြမ်းမှာရပ်ပြီး ရှင်မတို့၀န်ထမ်းများအားလုံးက တစ်ဖက်မှာ တန်းစီရပ်လိုက်ကြ၏။
အားလုံးကို ဝေ့ကြည့်ပြီးမှ 
ဂျာကြီးက ၀န်ထမ်းများကို စကားစပြောသည်။

" ကဲ ငါ့ညီ ငါ့ညီမတို့ အစ်ကိုကတော့ ဒီဆိုင်ကို ဦးဆောင်မယ့် မန်နေဂျာ သူရဇော်ဖြစ်ပါတယ် အစ်ကိုတို့ဆိုင်က အခုမှစဖွင့်မှာဆိုတော့ အစစ အရာရာ တို့၀န်းထမ်းများအားလုံး ညီညာပြီးစည်းကမ်းရှိရှိနဲ့ ဝိုင်း၀န်းကူညီပေးကြပါ 
မိသားစုလို ရင်းနှီးနွေးထွေးကြမယ် တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီကြရမယ် တစ်ယောက်အခက်ခဲ တစ်ယောက်ပြောပါ နောက်တစ်ခုက ၀န်ထမ်းချင်း လုံး၀ရည်းစားထားခွင့်မရှိပါဘူး ရည်းစားထားရင် အလုပ်ထုတ်ပါမယ် အပြင်မှာ ညအိပ်ခွင့်မရပါဘူး
ကိုယ့်မိသားစုကိစ္စ ပေါ်လာတယ်ဆိုရင်
အကျိုးအကြောင်းပြော ခွင့်တိုင်ပါ။
ညကိုးနာရီဆို အပြင်ထွက်ခွင့်မရပါဘူး
အပြင်ထွက်သွားရင်လည်း ကိုးနာရီကျော်တာနဲ့ ပြန်မလာပါနဲ့ ...."

" ဟုတ်ကဲ့ပါဂျာကြီး "

" နဒီနွေးနွေးနဲ့ ခင်ခင်လင်း စန်းသော်တာ သူတို့သုံးယောက်ကတော့ ကပ်ရှာပါ မနက်ဖြန်လိုအပ်မယ့်အရာလေးများ သင်ပေးပြီး ပြောပြပါမယ် အိအိစိုးတို့အဖွဲ့ကတော့ ဝိတ်တာပေါ့ ဝိတ်တာနဲ့ပက်သက်ပြီး လုပ်ရကိုင်ရမယ့်ဟာတွေ 
အကုန်သင်ပြပေးပါမယ် စကျူရယ်ရီ အစောင့်ကလည်း လာရောက်စားသောက်မယ့် ကာစတန်မာတွေရဲ့ စက်ဘီး ဆိုင်ကယ် ကားကို သေချာစောင့်ကြည့်ရမှာဖြစ်သလို ဆိုင်ရှေ့မှာ အမြဲကြည့်‌ေနရပါမယ် ဘားမှာ တာ၀န်ကျတဲ့ ဘားဆရာလည်း ကိုယ့်တာ၀န် ကိုယ်ကျေကြဖို့ အစွမ်းကုန် ကူညီပေးကြပါ..."

" အချက်အပြုတ်ပိုင်းမှာ စဖိုမှူးကလည်း ဟင်းလျာပွဲများကို မီနူးထုတ်ဖို့အားလုံး စာရင်းလုပ်ပေးပါနော် နောက်ထပ်ပြောရမှာတော့ ဘာဘီကျူ့အကင်ပိုင်းပါ အကင်ပိုင်းကလည်း စားသုံးသူအတွက် အဆင်ပြေကြိုက်နှစ်သက်အောင် ဘယ်လိုအကင်မျိူးတွေ ထုတ်လုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့အတူတူ စီစဉ် ကြိုးစားကြည့်ကြရအောင်ပါ .."

" ၀န်ထမ်း‌ေတွကို ထမင်းချက်ကျွေးတဲ့ ဒေါ်သဲကလဲ ကလေးတွေ အချိန်မှီ စားနိုင်အောင် ဝိရိယလေး ထားပေးကြပါ နောက်ထပ်က လုပ်ငန်းထဲ အဆင်
မပြေတာပဲဖြစ်ဖြစ် ၊ အခက်ခဲဖြစ်တာပဲဖြစ်ဖြစ် အစစအရာရာ ကျွန်တော့်ကို အရင် ပြောနိုင်ပါတယ် ကျွန်တော်က အားလုံးချင့်ချိန်ညှိုနှိုင်းပြီး သူဌေးကို တင်ပြပေးပါ့မယ်နော် "

" ဒီနေ့ကတော့ ဒီလောက်ပါပဲ မနက်ဖန်ကစပြီး ကျွန်တော်တို့ ဆိုင်အတွက် လုပ်ငန်းစနိုင်ဖို့ ထရိန်နင်ပေးပါမယ်  
ဆိုင်စဖွင့်တဲ့နေ့ ပထမအစနေ့မှာပဲ ကျွန်တော်တို့၀န်ထမ်းအားလုံး အောင်အောင်မြင်မြင် ၀ရမ်းနိုင်ဖို့ လိုပါတယ် ကျွန်တော်ပြောတာ မရှင်းတာ ရှိပါသလား နားမလည်ရင် မေးပါ အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်တို့၀န်ထမ်းအားလုံး မိသားစုလို အတူတူ လုပ်ကိုင်ကြပါမယ် ကျွန်တော်မှားရင်လည်း ကျွန်တော့်၀န်ထမ်းများက ပြန်ထောက်ပြနိုင်ပါတယ်နော် "

" ဟုတ်ကဲ့ပါဂျာကြီး "

ဂျာကြီးစကားအဆုံး အားလုံး တညီတညွတ်ထဲ ခေါင်းညိတ်လိုက်ကြ၏။ စဖွင့်သည့်ဆိုင်ဖြစ်သဖြင့် လိုအပ်သည့် အမှိုက်သိမ်းခြင်းဘာညာကအစ အကုန်လုပ်ကြရ‌ေသာ်လည်းရှင်မတို့အားလုံး ပျော်နေကြသည်။ အလုပ်ရှိချိန်ဆိုလျှင် အကုန်စုပြီးလုပ်ကြသလို ၊ အလုပ်နားချိန်ဆိုလျှင်လည်း တတွတ်တွတ်နှင့် ပေါက်ပေါက်ဖောက်နေတတ်ကြသည်။ ရွယ်တူလေးများဖြစ်သဖြင့် သူ့အကြောင်းကိုယ့်အကြောင်း ရင်ဖွင့်ကြ၏။ 
အိအိစိုးကစပြောပြသည်။

" ငါက အိမ်မှာ ဒုတိယမြောက်သမီး ငါက ဆယ်တန်းဖြေထားတယ် ငါတို့အိမ်က အရမ်းကြပ်တည်းတာမဟုတ်သလို အရမ်းချောင်လည်တာလည်းမဟုတ်ဘူး ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ဖို့ တစ်ဖက်တစ်လမ်းက ၀င်ခုအောင်ငါကလာလုပ်တာ"

အိအိစိုးက ၀၀တုတ်တုတ် ဖတ်တီးပေါက်စလေးပင်။ မျက်လုံးအားနည်းသည့်အတွက် မျက်မှန်လေးတပ်ထားသဖြင့် ချစ်စရာတော့ကောင်းသည်။ အိအိစိုးပြီးတော့ နန်းမြတ်မွန်ဆိုသည့်ကောင်‌မလေးက ဆက်ပြောသည်။ 

" ငါကကျတော့ အိမ်မှာမနေချင်လို့ အိမ်မှာနေရတာ နားညည်းလို့ ငါလိုချင်တာပူဆာရင် တခါမှချောချောချူချူမရှိဘူး ငါလိုချင်တာ ၊ ငါရချင်တာ ၀ယ်ချင်လို့ "

နန်းမြတ်မွန်ပုံစံက ဟော့ရှော့ပုံစံ။ ၀တ်တာ၊ စားတာ ခေတ်ရှေ့ပြေးလွန်းသည်။ ဆံပင်ကလည်း တခေါင်းလုံးငွေဖြူရောင်ဆိုးထား၏။ သူ့ရည်ရွယ်ချက်ကိုကြား‌ေတာ့ ရှင်မစိတ်ထဲ အမြင်ကပ်လာသဖြင့် ၀င်ပြောမိသည်။ 

" နင့်ရည်ရွယ်ချက်လဲဟာ တော်တော်ရည်ရွယ်ချက်ကြီးတာပဲ "

နောက်တစ်ယောက်က အသားဖြူသလို ရုပ်လေးကလည်း ချစ်စရာ‌ေ
ကာင်းသည်။ သူ့နာမည်ကစပယ်။

" ငါကျတော့ ဆယ်တန်းဖြေထားတယ် ဒါပေမယ့် အောင်မှာမဟုတ်ပါဘူး အောင်လည်းတက္ကသိုလ်တက်ဖို့မလွယ်ဘူး ငါ့အိမ်က မပြေလည်ဘူး ငါ့မောင်လေးအငယ်ဆုံးက အမြဲတမ်းမမာနေတဲ့ လူမမာ အိမ်ကို တစ်ဖက်တစ်လမ်းက ငါကူညီချင်လို့ ငါတို့အသက် ငါတို့မှာရှိတဲ့ ပညာနဲ့ ဒီအလုပ်ကလွဲ ဘာရမှာလဲ မလုပ်ချင်လည်း လုပ်ရမှာပဲလေ "

စပယ့်ကိုကြည့်ပြီး ရှင်မစိတ်မကောင်းဖြစ်ရသည်။ သူ့ပုံစံက အေးသလို ၊ စကားနည်းပုံရသည်။  
‌ေနာက်တစ်ယောက်က နွယ်နီငယ်။
သူကတော့ ရှင်မတို့ထက်ပင် ငယ်သည်။

" ငါကတော့ ငါ့အိမ်ကို မဖြစ်မနေ ပြန်ပေးရမှာ ငါတို့ရွာက အလုပ်ရှားတယ်
အဲဒီတော့ မြို့တက်အလုပ်လုပ်ရုံပေါ့ဟာ ငါက နင်တို့လို ကျောင်းမနေရဘူး
ငါလေးတန်းပဲအောင်ထားတယ် "

နွယ်နီငယ့်ပုံစံက ခပ်သွက်သွက်လက်လက်။ သူတို့အကြောင်းသိရတော့ ရှင်မသက်ပြင်းချမိရသည်။ အားလုံးက အသီးသီး သူတို့အကြောင်း ပြောပြီးတော့ ရှင်မကို တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြ၏။ 

" နင့်အကြောင်းပြောပြနွေး"

" နင်ကရော နွေး "

" နင်က ရော ဘာလို့လာလုပ်တာလဲ "

" ငါလည်း နင်တို့နဲ့သိပ်မထူးပါဘူး ငါဆယ်တန်းဖြေထားတယ် အိမ်မှာ မနေချင်လို့ ထွက်လာတာ ငါက ပြန်ထောက်ပံ့ရမယ့်သူ လတ်တလောတော့မရှိဘူး ဒါပေမယ့် ငါ့မှာငါသိပ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ် အဲဒီရည်ရွယ်ချက်ဖြစ်ဖို့ ဒီအလုပ်ဟာ ငါ့အတွက် ပထမ စနင်းမယ့် လှေကားပဲ "

" နင့်ရည်ရွယ်ချက်က ဘာလဲနွေး "

နန်းမြတ်မွန်က စိတ်၀င်တစား လှမ်းမေးသည်။ ရှင်မက သူတို့အားလုံးကို ကြည့်ရင်းဖြေလိုက်၏။

" ငါက ငါပိုင်အိမ်လေး တစ်လုံး ရချင်တယ် အဲဒါ ငါ့အိပ်မက်ပဲ ငါ့ရည်ရွယ်ချက်ပဲ "

" အိမ်လေးတစ်လုံး "

အိအိစိုးက မျက်လုံးလေး
ထောင့်ကပ်၍ ရေရွတ်သည်။ ရှင်မက ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။

" အိမ်လိုချင်တာပဲ အိမ်ရှိတဲ့ကိုကိုကိုယူလိုက် ရနေတာကိုဟာ နင်ဆိုအရုပ်ကလေးလိုလှတာပဲ နွေးရဲ့ "

အိအိစိုးအပြောကို ရှင်မစိတ်မဆိုးသော်ငြား ပြန်ချေပလိုက်၏။

" သူများပိုင်တဲ့အိမ် ငါမရချင်ဘူး သူများအားကိုးနဲ့ ငါအသက်မရှူချင်ဘူး
ငါ့လုပ်အားခနဲ့ ငါကိုယ်ပိုင်၀ယ်နိုင်တဲ့အိမ်လိုချင်တာ "

ရှင်မကို ကြည့်ပြီး သူတို့တသိုက် ရယ်ကြသည်။

" ငါတို့ရတဲ့လစာနဲ့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားပါနွေးရာ "

နန်းမြတ်မွန်စကားကို  
ရှင်မက ပြန်ချေပလိုက်၏။

" လောကမှာ ဖြစ်ချင်ရင် ဖြစ်အောင်လုပ် မဖြစ်ဘူးဆိုတာမရှိဘူး ဖြစ်အောင်လုပ်ချင်တဲ့ ရည်ရွယ်ချက်မရှိတဲ့သူဆိုရင်တော့ ဘယ်တော့မှ ဘာမှဖြစ်မလာဘူး "

" နင့်အိမ်တစ်လုံးရဖို့က ဆယ်နှစ်ကြာတာ‌တောင်ရပါ့မလားနွေးရာ "

အိအိစိုးက ဆင်ခြေပေး၏။ 
ရှင်မက ပြုံးပြရင်း

" ကိုယ်လိုချင်တာရဖို့ ဆယ်နှစ်ကြာလည်း ဘာဖြစ်လဲ စောင့်နိုင်ရမှာပေါ့ ဇွဲဆိုတဲ့စကားက အလကားထားတာမှ မဟုတ်တာ ငါတို့က အသက်ရှင်နေထိုင်ရင်း ဘ၀အတွက်ရင်ဆိုင်ရင်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ ကြိုးစားနေရင်း အချိန်တွေကို ကျော်ဖြတ်ရတာပါ ဆယ်နှစ်ဆိုတာလည်း ဖင်လှည့်ခေါင်းလှည့် ကုန်သွားမှာပါနော် "

ရှင်မစကားအဆုံး နန်းမြတ်မွန်က ပခုံး‌လေး တွန့်ပြရင်း 

" ငါကတော့ နင့်လိုစိတ်ကူးမရှိဘူး အဲလောက်လည်း ဒုက္ခမခံနိုင်ဘူး ငါ့အတွက် အဆင်ပြေမယ့် ဘောစိတစ်ယောက်ရရင် ငါကတော့ ယူမှာပဲ "

ဟုဆိုသည်။ ရှင်မက နန်းမြတ်မွန်ကို ကြည့်ပြီး စိတ်ပျက်မိ၏။ သူတို့တတွေ၏စိတ်ကို ခဏနှင့်ပင် ရှင်မအကုန်ဖတ်နိုင်ခဲ့သည်။ ရှင်မတို့အဆောင်၏ တစ်ဖက်တိုက်မှ သီချ
င်း အကျယ်ဖွင့်သံ ကြားကြတော့ နန်းမြတ်မွန်က အရင်စက၏။ နန်းမြတ်မွန် ရှိတ်တာ တော်တော်လှ၏။ နန်းမြတ်မွန်ကို ကြည့်ပြီး
အားလုံးက ဝိုင်းရှိတ်ကြတော့၏။ 
အားလုံးရင်ထဲ လောဆယ် ဘာသောကကိုမှ သတိမရကြတော့ပါ။ လွတ်လပ်ပေါ့ပါးနေကြသည်ကို မြင်တော့ ရှင်မကြည့်ပြီး ပြုံးနေမိ၏။ ရှင်မ တစ်ခါမှ သူတို့လို လွတ်လွတ်လပ်လပ် မနေဖူးခဲ့တာပါ။ 

" နွေး လာ နင်ပါလာက "

အိအိစိုးက ရှင်မလက်ကို အတင်းလာဆွဲခေါ်၏။ ရှင်မရယ်ရင်း ခေါင်းခါပြလိုက်သည်။

" ငါမကတတ်ဘူး ငါကဗျာတစ်ပုဒ်လောက်ရေးချင်နေလို့ နင်တို့ဘာသာကပါ အိစိုးရာ "

ခေါ်မရသဖြင့် အိစိုးတို့ဆက်ကနေ
၏။ တစ်ဖက်က သီချင်းသံတိတ်မှပင် သူတို့အဖွဲ့ငြိမ်သွားကြသည်။ ဘာပဲပြောပြော အခုလိုအချိန်မှာ သူရိန့်ကို ရှင်မအရမ်းလွမ်းမိသဖြင့် စိတ်ထဲရှိသလိုလေး ချရေးလိုက်ပါသည်။
တိုက်တိုက်ဆိုင်ဆိုင် သည်ညဟာ လပြည့်ည။ ညကျလျှင် လမင်းကြီးကို ကြည့်ပြီး သူရိန့်ကို လွမ်းမိဦးမှာသေချာပါသည်။

" ဒီညဟာ လပြည့်ညပါ သူရိန်
လပြည့်ညရောက်တိုင်း ရင်ဘတ်ထဲမှာ 
နင့်ကိုလွမ်းနေခဲ့တာပေါ့...
အလွမ်းတွေက ငါ့စိတ်ကို
လောင်မြိုက်စေတိုင်း.
ငါ့နှလုံးသားမှာ ဆန်ကာပေါက်ဖြစ်နေရတာ
နင်သိနိုင်ပါ့မလား သူရိန်ရယ်..
နင်ကော ငါ့လိုပဲလားဆိုတာ
မသေချာမှန်းသိပေမယ့်  
ငါဟာ လမင်းကြီးကိုအပူကပ်ပြီး
ငါ့နှလုံးသားရဲ့တမ်းချင်းထဲမှာ
နင့်အရိပ်ကို ယောင်ရမ်းရှာမိနေတယ်။

ရှင်မ

***********

နောက်တစ်နေ့။

ရှင်မတို့အားလုံး ဂျာကြီးသင်ပြမှု
ကို အားလုံး လေ့လာသင်ယူကြရသည်။ 
အခွခေံသ‌‌ဘောတရား‌လောကျ‌တော့ အားလုံးနားလညျသိလာကွ၏။ 
လုပ်ငန်းခွင်မ၀င်ဖူးကြသည့် ကလေးသာသာများ ဖြစ်ကြသည်။ လကုန်ပြီးတစ်ရက်နေ့ကစ ဆိုင်ဖွင့်ပွဲ စတင်ဖွင့်ပြီး
နှစ်ရက်နေ့ကစ လုပ်ငန်းစတင်လည်ပတ်ကြတော့၏။ ထိုနေ့ကစ သတ်မှတ်အလုပ်ချိန်ပြီးမှ အလုပ်မှနားရ၏။
ရှင်မကတော့ လျှောက်ကထဲက ကပ်ရှာနေရာ‌ေလျှာက်သဖြင့် ကပ်ရှာရခဲ့သည်။ လုပ်ငန်းနားမလည်ကြ‌ေသးသဖြင့် အနည်းကျဉ်း ချို့ယွင်းချက် ရှိသော်လည်း ၀န်ထမ်းအားလုံး ကောင်းကောင်း လုပ်နိုင်ကြပါသည်။ 
ဂျာကြီးနှင့်သူဌေးလင်မယားမျက်နှာကတပြုံးပြုံး။ ရှင်မတို့ ၀န်ထမ်းများလည်း ဘာပဲပြောပြော အလုပ်ထဲ ပျော်လာကြရသည်။ ရှင်မ အလုပ်၀င်ပြီး တစ်ပတ်ကြာမှ ခင်လင်း ‌ေ
ရာက်လာ၏။ ခင်လင်းနှင့်ပင် အတွဲများခဲ့၍ အားလုံးထဲမှာမှ ခင်လင်းကို ပိုချစ်ခဲ့ရသည်။ သွားအတူတူ ၊ လာအတူတူ တတွဲတွဲမခွဲကြပါ။ 

" မောသွားပြီ "

ဟုဆိုရင်း နွေးက ပြောလက်စစကားကို ရပ်လိုက်တော့၏။

" ဟူး "

နွေးစကားသံအဆုံး ခင်လင်းက သက်ပြင်းချသည်။ စကားအရှည်ကြီး ပြောပြီး မောသွားသည့် နွေးအား ရေတစ်ခွက် ထခပ်ပေး၏။

" အင်း ငါ့သူငယ်ချင်းလေး မောသွားပြီ ရေသောက်လိုက် "

‌ခင်လင်းခပ်ပေးသည့် ရေကို မော့သောက်ရင်း နွေးသက်ပြင်းရှိုက်မိရသည်။ နွေးစိတ်များသည် အတိတ်ကရုန်းထွက်ရင်း နာကျင်မွန်းဟိုက်နေ၏။

" နွေးရယ် နင်အရမ်းနာကျင်ခဲ့ရတာပဲနော် ငါသာ နင့်‌ေနရာမှာဆို ပြိုလဲသွားမှာ သေချာတယ် "

ခင်လင်းကို ပြုံးပြလိုက်ရင်း ဖြေလိုက်သည်။

" ငါက ငါဖြစ်ချင်တာကို ဖြစ်အောင် လုပ်တတ်တယ် "

" ဒါနဲ့ နင့်မိဘတွေနဲ့ နင်အဆက်သွယ် ပြန်မရဘူးလား "

" ဟင့်အင်း သူတို့က ငါ့ကိုလိုက်မရှာသလို ငါကလည်း မဆက်သွယ်ပါဘူး
ဒါပေမယ့် အခုချိန်မှာတော့ ငါအားလုံးကို ကျေးဇူးတင်ပါတယ် သူတို့သာ ငါ့ကို ဖိအား ၊ တွန်းအား ၊ အနိုင်ကျင့်မှုတွေမရှိရင် ငါဒီလိုရပ်တည်နိုင်မယ်မထင်ဘူး ပြိုလဲခါနီးတိုင်း ၊ လဲကျခါနီးတိုင်း အဲဒါတွေ ပြန်မြင်ယောင်လာပြီး ရုန်းထခဲ့ရတာ "

" နင့်ကိုအရမ်းချီးကျူးတာပဲ နွေး ဒါနဲ့ ဦးမြင့်ဆွေကြီးနဲ့ နင် အဆက်သွယ်မရ‌ေတာ့ဘူးလားဟင် "

" ငါ ဆိုင်မှာ အလုပ်လုပ်ပြီး ငါးနှစ်ကြာတော့ အလုပ်ရှင်ကိုခွင့်တောင်းပြီး ငါခရီးထွက်တာ နင်မှတ်မိလား "

" အေး မှတ်မိပြီ ငါးရက် ငါတောင် နင်မရှိတော့ ပိုပင်ပန်းတဲ့ရက်‌ေတွပေါ့ "

" ဟုတ်တယ် အဲဒါ ငါညောင်တုန်းကို ပြန်တာလေ ဦးမြင့်ဆွေနဲ့သွားတွေ့ရင်း သူရိန်ပြန်ရောက်မရောက် သိချင်လို့ပဲ "

ခင်လင်းက မျက်လုံးပြူးလေးနှင့် စိတ်၀င်တစား နားထောင်လေ၏။

" တွေ့ခဲ့လားဟင် သူရိန်နဲ့ ဦးမြင့်ဆွေကရော ဘာတဲ့လဲ "

" သူရိန်နဲ့မတွေ့ခဲ့ပါဘူး သူရိန်က ငါမရောက်ခင်နှစ်နှစ်လောက်က ပြန်လာပြီး
သူ့အမေ‌ေဒါ်‌ေလးနွယ်က ရင်သားကင်ဆာနဲ့ ဆုံးသွားလို့ နောက်ထပ်ပြန်မလာတာ ငါသွားတဲ့အချိန်ထိပဲ ဦးလှိုင်ကလည်း သူ့မိန်းမဆုံးတော့ သူ့မိန်းမငယ်နဲ့ လက်ထပ်ပြီး အိမ်‌ခေါ်တင်ထားတယ်  
သူရိန်နဲ့ပက်သက်တာ အဲသတင်းပဲ ငါကြားခဲ့ရတယ် "

" ဖြစ်ရလေဟာ ဒေါ်လေးနွယ် သနားပါတယ် ဒါနဲ့ ဦးမြင့်ဆွေကရော ဘာပြောလဲ "

" ဦးမြင့်ဆွေက ဘဘအတွက် လူယုံကောင်းတစ်ယောက်ပါ အခုဆို ညောင်တုန်းမှာ ဦးမြင့်ဆွေက အရမ်းချမ်းသာနေပြီး ဟိုတယ်တွေပိုင်ဆိုင်နေပြီလေ 
ဘဘသင်ပေးခဲ့တဲ့ သစ်လုပ်ငန်းနဲ့ပဲ ချမ်းသာလာခဲ့တာ ငါ့ကိုတွေ့တော့ စိတ်မကောင်းဖြစ်တာပေါ့ ငါ့အတွက်စိတ်ပူလို့ သူက သစ်ရှယ်ရာကိစ္စတွေ မေမေ့ကို မပြောစေခဲ့တာ မေမေတို့က ငါ့အပေါ်ကောင်းရင် ဘာမှမဖြစ်ပေမယ့် မတော်တဆ ငါ့အပေါ် မကောင်းခဲ့ရင် ငါဒုက္ခရောက်မှာတဲ့ ဘဘထားခဲ့တဲ့ ရှယ်ရာက ငါ့အတွက်ပဲ ဖြစ်ရမယ်တဲ့ ..."

" တော်သေးတာပေါ့ဟာ "

" ငါရောက်တာနဲ့ ဦးမြင့်ဆွေက ငါ့ရဲ့ ဘဏ်အကောင့်ထဲ ငါ့ရှယ်ရာငွေတွေ အကုန်လွှဲပေးတယ် လစဉ်ရသင့်တဲ့ အချိုးတိုင်း ပေးတာ ငါအရမ်းဒုက္ခရောက်နေရင် ငါ့အတွက် သူတာ၀န်ယူကြောင်း အစစ အလုပ်ကစ 
သူစီစဉ်ပေးမယ်ဆိုတဲ့အကြောင်း အလုပ်အဆင်မပြေရင် အလုပ်ထွက်လိုက်ပါတဲ့ ဘဘကျေးဇူးက သူ့အပေါ်ကြီးကြောင်း အများကြီး ပြောတာပေါ့ "

" နင်က အဲဒီလောက်ကောင်းတဲ့ အစီစဉ်ကို လက်မခံခဲ့ဘူးလား "

နွေးရယ်လိုက်သည်။ မာနရောင်တောက်နေသည့် မျက်၀န်းနက်နက်လေးက ရွှန်းလဲ့နေ၏။

" ငါက သူများမျက်နှာကို မော်ကြည့်ပြီး
သူများအရိပ်အောက်နေရတာကို မကြိုက်တာ ကိုယ့်အားကိုယ်ကိုးရတာ ကြိုက်တယ် ကိုယ့်ကိုယ်ကိုယ် ရပ်တည်ရတာ ကြိုက်တယ် ကိုယ့်ဒူးကိုယ်ချွန်ရတာ သဘောကျတာ တစ်သက်လုံး သူများအားကိုးနေရရင် အဲဒီကျေးဇူးမျက်နှာနဲ့ တစ်သက်လုံး မော်ကြည့်နေရမှာပေါ့ ခင်လင်းရဲ့ အခုပဲ ငါ့ဘဘကျေးဇူးကြောင့် ဦးမြင့်ဆွေဟာ ငါ့ကိုတွေ့ရင် ဘဘမျက်နှာနဲ့ အစစလုပ်ပေးဖို့စီစဉ်‌ေနတော့တာပဲ "

" နင်ကလဲ ငါဆို နင့်လောက်သည်းညည်းမခံနိုင်ပါဘူး နင့်မှာ ဒီလောက် ရှယ်ရာ၀င်ငွေရှိနေတာကို နင်ဘာလို့ ချို့ချို့တဲ့တဲ့ စားသောက်လဲ အပိုဘာလို့မသုံးတာလဲ မုန့်တောင်၀ယ်မစားဘူး အဲဒါလွန်တာပေါ့ အဲဒီလောက်အထိ ဒုက္ခခံဖို့ လိုလို့လား နင့်ကိုယ်နင် နှိက်စက်ဖို့လိုလို့လား "

ခင်လင်းစကားကိုကြားတော့ နွေးရယ်လိုက်၏။ 

" ခင်လင်းရယ် ငါလည်းလူလေ ကောင်းတဲ့အလုပ် ဘယ်အလုပ်မဆို ရချင်တယ် လိုချင်တယ် စားချင်တယ် ငါ့ဘ၀က ငါ့စိတ်ကို အလိုလိုက်လို့မဖြစ်ဘူးလေ ငါ့စိတ်က ငါ့ကိုအနိင်ယူသွားရင် ငါ့ရည်ရွယ်ချက်တွေ ပျက်မှာပေါ့ 
ငါကိုယ်တိုင်ပဲ ငါ့စိတ်ကို အရင်အနိုင်ယူရမယ်လေ "

နွေးစကားအဆုံး ခင်လင်းက ခေါင်းရမ်းပြသည်။ 

" နင့်စိတ်ကို ငါနားမလည်ဘူးနွေး ငါသာဆို ဦးမြင့်ဆွေ စီစဉ်တာကို လက်ခံပြီး ပင်ပင်ပန်းပန်း မရပ်တည်ဘူး "

" ငါ့ရည်ရွယ်ချက်က ငါ့လုပ်အားခနဲ့ပဲ ငါပိုင်ချင်တာခင်လင်းရဲ့ ဘဘထားခဲ့တဲ့ အကြောင်းအရာလည်း ငါဘာမှမသိဘူး ငါသွားတာကလည်း အဲဒီကိစ္စကြောင့်မဟုတ်ဘူး သူရိန့်အကြောင်းစုံစမ်းရင်းနဲ့ငွေတစ်သိန်းကိစ္စ ငါမခိုးဘူးဆိုတဲ့အကြောင်း ဦးမြင့်ဆွေကို ဖြေရှင်းခိုင်းဖို့ပါ "

" အင်းပါနွေးရယ် နင့်ရဲ့စိတ်က ငါတို့မိန်းကလေးတွေ အတုယူဖို့ ကောင်းတာ တော့ အမှန်ပဲ ငါက နင်နဲ့ အတူနေခဲ့တော့ နင်းအသုံးစိစစ်ပုံ ၊ မာနကြီးပုံ ၊ အနေတည်တံ့ပုံ ၊ ရည်ရွယ်ချက်ကြီးပုံ အကုန်သိနေရတော့ ငါအရမ်းအားကျရသလို နင်ဒုက္ခခံနိုင်လွန်းတာကို အံ့ဩတာပါ စိတ်ချပါ ငါလေ နင်မကြိုက်တဲ့ဘ၀က ရုန်းထွက်နိုင်အောင် ကြိုးစားပါ့မယ် ငါ့ကို အချိန်ကလေး နည်းနည်းပေးနော် နွေး "

" ဟုတ်ကဲ့ပါရှင့် ကျွန်မစောင့်ပေးပါ့မယ်ရှင့် "

ရွဲ့တဲ့တဲ့ပုံစံ ဖြေနေသည့် နွေးကိုကြည့်ပြီး ခင်လင်းရယ်လိုက်သည်။ 

" နင်အလုပ်၀င်ရမှာမဟုတ်လား "

" ဟုတ်တယ် ငါ့ကို လိုက်ပို့နော် နွေး "

" ဟုတ်ကဲ့ လိုက်ပို့ရတော့မှာပေါ့ မပို့လို့မှ မရတာကိုး "

နှစ်ယောက်သား ရယ်လိုက်ကြပြန်သည်။
နွေးကပင် 

" ခင်လင်းရေ နင်ရေချိုးသွားပါလား 
ငါလည်း ရေခဏ ချိုးလိုက်မယ် "

" ချိုးမယ် ဟိုရောက်ရင် ဂျူတီတန်း၀င်ရအောင် "

နွေးနှင့်ခင်လင်း ရေချိုးလိုက်ကြသည်။ 
ညစ်ညူးနေသသည့်စိတ်များ ခဏအတွင်း ပျောက်သွားကြ၏။ ရေချိုးပြီးသည်နှင့် သနပ်ခါးပွတ်ပြီး ပါးကွက်လေး ကွက်လိုက်သည်။ သည်နေ့တော့ နို့စိမ်းရောင် မြန်မာဆန်ဆန်၀မ်းဆက်လေးကို ထုတ်၀တ်ပြီး ခါးလည်ကျော်‌သည့် ဆံပင်ရှည်ရှည်အား ကျစ်ဆံမြီး နှစ်ဖက်ခွဲ ကျစ်လိုက်၏။ 
ခဏနှင့်ပင် နွေး၏ အလှပြင်ခြင်းက ပြီးလေပြီ။
ရေချိုးခန်းထဲကနေ ဆံပင်ရေစိုကို သဘက်နှင့်ပွတ်သုတ်ပြီး ထွက်လာသည့်ခင်လင်းက နွေးကိုကြည့်ပြီး အံ့ဩစွာ ဆိုသည်။ 

" ဟယ် နွေးရယ် အလှပြင်တာကလည်း မြန်လိုက်တာ ငါဆိုသနပ်ခါးလူးရင် အကြာချည်း "

" ငါက သနပ်ခါးလူးရင် ပြီးနေတာကို ခင်လင်းရဲ့ "

ခင်လင်းသနပ်ခါးလူးနေတုန်း နွေးက အပေါ်ထပ်တက်ပြီး မီးခလုတ်တွေ
တက်ပိတ်လိုက်သည်။ မန္တလေးက ပူသဖြင့် အပြင်ထွက်လျှင် အမြဲ နွေးသတိထားလုပ်တတ်သည်။ အပေါ်ထပ်တံခါးတွေ သေချာပိတ်ရင်း 

" အပြင်တစ်ခါသွားမယ်ဆိုရင် အဲဒီလိုပဲ အလုပ်ရှုပ်တယ် ခင်လင်းရေ "

ဟုဆိုလိုက်သည်။

" အဲဒါဆို ယောက်ျားယူလိုက်လေဟာ နင်ကလဲ "

" အံမယ် ယူစရာလား အဲဒီယောက်ျား "

" ဟား ဟား အဲဒါဆို သူရိန်တွေ့ရင် နင်မယူဘူးလား "

ခင်လင်းအမေးက နွေးကို ပြုံးမိသွားစေ၏။ ဪ။ လွမ်းမိပြန်ပြီသူရိန်ရယ်။ 

**************




rate now: