ကုတင်အနိမ့်တစ်လုံးပေါ်တွင်လှဲလျောင်းနေသောလူသားက နိုးထလာပြီဖြစ်သည်။ အရိုးပေါ်အရေတင်လက်တွေက ဖြည်းညှင်းစွာလှုပ်ရှားလာပြီး ချိုင့်ခွက်နေသောမျက်တွင်းများထဲမှ မျက်လုံးများကမူတစ်စုံတစ်ခုကိုအာရုံစိုက်နေကျဟန်ရှိသည်။
ထို့နောက်မိန်းကလေးတစ်ဦး၏အသံက တိတ်ဆိတ်နေသောအခန်းငယ်အတွင်းတွင် ထွက်ပေါ်လာသည်။
"ဒေါက်တာ…ရှင်အခုတော့ကျွန်မကိုနားလည်နိုင်ပြီမလား"
ဟု Mauvril ကပြောလိုက်သည်။ သို့သော် သူမ၏အသံတွင် မရေရာမှုနှင့်ကြံရာမရဖြစ်မှုတို့ကိန်းအောင်းနေသည်။
ထို့နောက်ကုတင်ပေါ်မှလူက သူမ၏အမေးကိုဖြေကြားဟန်ဖြင့် သူ၏ဦးခေါင်းကိုအားစိုက်၍ညိတ်ပြလိုက်သည်။
ပြီးနောက် Mauvril ကသက်ပြင်းတစ်ချက်ချ၍ သူမ၏ပြောလက်စစကားတွေကို ဆက်လက်၍ပြောသည်။
"ကျွန်မရှင့်ကိုမသေစေချင်သေးဘူး…ကျွန်မအမှန်တရားတွေကိုသိချင်သေးတယ်…"
"ရှင်သာ ကျွန်မနေရာမှာဆိုရင်…အတိုင်းအတာတစ်ခုအထိသည်းခံနိုင်ခဲ့တယ်ဆိုရင်…ကျွန်မလိုသဘောထားအမြင်တွေသာရှိခဲ့မယ်ဆိုရင် ရလဒ်ကဘာတွေကွဲပြားသွားမှာလဲ…ကျေးဇူးပြုပြီးရှင်ကျွန်မကိုပြောပြပေးနိုင်မလား။"
"ရှင်သူတို့ကိုသတ်ခဲ့မှာလား…ကျွန်မကိုပြောစမ်းပါ"
ဒေါက်တာဟုခေါ်သောလူ၏ပါးစပ်က ဖြည်းညှင်းစွာပွင့်ဟလာသည်။ ပါးရေများတွန့်ကာ အရိုးပေါ်အရေတင်အသားအရေများကြောင့် ပါးစပ်နားတစ်ဝိုက်ရှိအရေပြားများမှာ ပို၍ပင်ရှုံ့တွနေတော့သည်။
"ဒါဆို…မင်းငါ့ကိုတစ်ခုခုပြောပြရမယ်"
ဒေါက်တာကပြောလက်စစကားကိုခေတ္တရပ်၍ ခြောက်ကပ်နေသောလည်ချောင်းကိုဖျစ်ညစ်ကာ တွံတွေးတစ်ချက်မျိုချနိုင်လိုက်သည်။
"မင်းကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးငါ့ကိုပြောပြရမယ်" ဟုဒေါက်တာကပြောသည်။
Mauvril ကမူ တစ်စုံတစ်ရာအန္တရာယ်ကြုံတွေ့လာပါက ထွက်ပြေးနိုင်ရန်အတွက် သေးငယ်ပြီးမှောင်မိုက်နေသော အခန်းငယ်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
သို့သော် သူမပတ်ဝန်းကျင်တွင်ဘာမှရှိမနေ။ ထိုအချိန်မှသာ သူမဒီကိုလာရောက်ရသည့်အကြောင်းရင်းကိုပြန်လည်သတိရမိသည်။
သို့သော် ထိုအကြောင်းများကိုပြောပြရန် သူမအဆင်သင့်မဖြစ်သေးဘူးဆိုတာ သူမကိုယ်သူမသိသည်။
"နေပါဦး"
"ကျွန်မဘာတွေဖြစ်ခဲ့တယ်ဆိုတာ သေချာပြန်စဉ်းစားရမယ်"
ဟုသူမပြောလိုက်သည်။
ထိုအချိန်တွင် စကားပြောရန်ပွင့်ဟလာသည့် ဒေါက်တာ၏နှုတ်ခမ်းတွေက သရဲတစ်ကောင်၏ အပြုံးထက်ပင်ပို၍ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
"ငါအကြာကြီးစောင့်နိုင်မှာမဟုတ်ဘူး"
နောက်ဆုံးတွင်တော့ Mauvril ကတစ်ဖက်ကိုလှည့်၍ ပြောလိုက်သည်။ သူမ၏စကားများက အခန်းငယ်တွင်း၌ပဲ့တင်ထပ်နေသယောင်…။
"ကျွန်မရှင့်ကိုအသက်ရှင်အောင်ထားမှာပါ"
"လိုအပ်နေတဲ့အချိန်အထိ ရှင်အသက်ရှင်ရက်ရှိနေစေရမယ်"
"ဒါပေမယ့်…အရမ်းအကြာကြီးတော့ကျွန်မလည်းမတတ်နိုင်ဘူး"
not bad!
Thank you!🙆
👍
lat ma again🙄