book

Index 18

Chapter 8.1

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

ရဟတ်ယာဉ်မြေပြင်ပေါ်သို့ဆင်းသက်ခါနီးတွင် သူမ၏ fax machine သို့စာတစ်စောင်ရောက်လာသည်။ Jo ကစက်ထဲမှထွက်ပေါ်လာသော စာရွက်အလိပ်ကလေးကိုစိုက်ကြည့်နေပြီး Top Secret ဟူသည့်စာလုံးများကိုတွေ့လိုက်ရသည်။


ထို့နောက်ရဟတ်ယာဉ်၏ပြတင်းဝိုင်းမှတစ်ဆင့် အပြင်ဘက်သို့ငုံ့ကြည့်လိုက်သည်။ ကွန်ကရစ်ဖြင့်ဆောက်လုပ်ထားသောအဆောက်အအုံငယ်လေးများကိုအစီအရီတွေ့ရပြီး အပေါ်ဝတ်အကျီၤကိုချွတ်ထားသောမိန်းမတစ်ဦးက ရဟတ်ယာဉ်ကိုအချက်ပြနေသည်။ ထို့နောက်နာမည်ကျော် gorge ကိုဝန်းရံထားသောတောင်ကုန်းများကိုကြည့်ရန်အတွက် အဆောက်အဦးများကိုကျော်၍ငေးမောကြည့်မိသည်။ သို့သော် နီညိုရောင်အစက်အပြောက်များနှင့် အဆူးပါသည့်သစ်ပင်ကိုသာမြင်တွေ့လိုက်ရသည်။ 


သူမပေါင်ပေါ်တွင်တင်ထားသောစက်မှတတီတီမြည်သံထွက်ပေါ်လာသောကြောင့် ငုံ့ကြည့်လိုက်ပြီး John Benton ၏လက်ရေးများဖြင့်ရေးထားသော စာတစ်စောင်ထွက်လာသည်ကိုတွေ့လိုက်ရသည်။


"Jo- Captain Jacob Hynes ရဲ့ကွန်ပျူတာမှတ်တမ်းတွေက June '81 ထိပဲရှိတယ်။ အထူးမှတ်တမ်းထဲမှာမှတ်တမ်းထည့်ထားတာမတွေ့ရဘူး။ ဒါကတကယ်ကိုသံသယဝင်စရာပဲ။ Brigadier Bambera ASAP နဲ့ဆွေးနွေးလိုက်ဦးမယ်။ ဂရုစိုက်ပါ- John" ဟူ၍ဖြစ်သည်။


Jo ကသူမ၏ဦးခေါင်းကိုဖြေးညှင်းစွာခါလိုက်သည်။ 'ဒီတစ်ခါလည်း ငါပြီးတော့နင်ကိုယ်တိုင်ထွက်လာရတာပါပဲ' ဟုရေရွတ်လိုက်သည်။


ယခုအချိန်တွင်ရဟတ်ယာဉ်ကမြေပြင်ပေါ်သို့လုံးလုံးလျားလျားဆင်းသက်နေပြီဖြစ်သည်။ ဖုန်များအနည်ပြန်ထိုင်သွားသည့်အချိန်တွင် တံခါးကပွင့်လာပြီး အပေါ်ဝတ်ချွတ်ထားသောမိန်းမတစ်ဦးက ရဟတ်ယာဉ်အတွင်းသို့ခေါင်းပြူ၍ဝင်လာသည်။


"Kilgai ကကြိုဆိုပါတယ်။ ရှင်က Ms. Grant လား"


Jo ကခေါင်းညိတ်လိုက်ပြီးသူမ၏လက်ဆွဲအိတ်ကိုယူကာ ထိုင်ခုံပေါ်မှထလိုက်သည်။ 


"Rowenna Michaels နဲ့ Julie Sands တို့ဘယ်မှာနေလဲရှင်သိလား" ဟုသူမမေးလိုက်သည်။


"ကျွန်မမသိဘူး။ ဒါပေမယ့်မစိုးရိမ်ပါနဲ့…Captain Hynes လည်းဒီကိုရောက်နေတယ် သူရှင့်ကိုသေချာပေါက်ကူညီမှာပါ။" 


ရုတ်တရက်သူမကြောက်လာသည်ကိုခံစားရပြီးထိုနေရာမှပင်ချက်ချင်းလှည့်ပြန်ချင်စိတ်ပေါက်လာသည်။ သို့သော်သူမကိုယ်သူမအချိန်မှီစိတ်ထိန်းလိုက်နိုင်သည်။


'ဒါက UNIT လေကြောင်းခရီးစဉ်ပဲလေ။ Hynes သိတာမထူးဆန်းပါဘူး'


အဆောက်အဦးတစ်ခု၏အရိပ်အောက်မှ အပြာရောင် UN ယူနီဖောင်းကိုဝတ်ဆင်ထားသောယောက်ျားတစ်ယောက်ထွက်လာသည်။ ထို့ကြောင့် သူမထိုလူဆီသို့တန်းတန်းမတ်မတ်သွားလိုက်ပြီး မိတ်ဆက်ခြင်းဖြင့်စတင်လိုက်သည်။ 


ထို့နောက်တွင်တော့ သူမကိုယ်တိုင်ပင်မသိလိုက်ပဲ ဖုန်တက်နေသောအစိမ်းရောင် land rover ကားပေါ်သို့ အလျင်အမြန်တက်လိုက်မိသည်။ သူမ၏နံဘေးတွင်မူ Captain Hynes ကကားကိုအာရုံစိုက်၍မောင်းနေသည်။


"ကျွန်မသူငယ်ချင်း Rowenna Michaels နဲ့ Julie Sands…သူတို့နှစ်ယောက်ဘယ်မှာရှိလဲရှင်သိလား" ဟု Jo ကမေးလိုက်သည်။ "ကျွန်မသူတို့နဲ့အဆက်အသွယ်ပြန်ရဖို့ကြိုးစားနေတာ-"


"ကျွန်တော်မနေ့ကသူတို့နှစ်ယောက်ကို gorge ကနေထွက်သွားသတိပေးခဲ့တာ။ အဲ့ဒါပြီးနောက်ပိုင်းတော့ ကျွန်တော်လည်းမသိဘူး" ဟု Captain Hynes ကပြောသည်။


သူ့လေသံကအမေရိကန်အနောက်ဘက်ကမ်းရိုးတန်းဒေသဘက်မှလာသောလူတစ်ယောက်၏လေသံနှင့်ဆင်တူသည်။ ထိုအသံကို Hynes တမင်လုပ်၍ပြောနေခြင်းဟုပင်သူမသံသယဝင်မိသည်။


ယခုအချိန်တွင်သူမတို့၏ကားကမြို့ပြင်သို့တဖြေးဖြေးထွက်လာပြီဖြစ်သည်။ အရှေ့ဘက်တွင်စီတန်းနေသော တောင်တန်းများကိုမြင်တွေ့နေရပြီး နေဝင်တော့မည်ဖြစ်သောကြောင့်မိုးကောင်ကင်ကနီညိုရောင်သန်းလာပြီဖြစ်သည်။ လမ်းဘေးတစ်ဖက်တွင် ရှပ်အကျီၤနှင့်ဂျင်းဘောင်းဘီဝတ်ဆင်ထားသောယောက်ျားတစ်ယောက်ကဆိတ်များကို အဝါရောင်မြက်ခင်းပြင်များရှိသောနေရာတွင် အုပ်လိုက်ကျောင်းနေသည်။ 


"ဒီနေရာကအေးအေးချမ်းချမ်းရှိသလိုပါပဲ။ ဘာကပြသာနာဖြစ်နေလို့လဲ။" ဟုသူမမေးလိုက်သည်။


"Temporal anomaly လေ…ဒါပေမယ့် လေ့လာဖို့အတွက် ငါတို့ဆီကိုသိပ္ပံပညာရှင်တွေရောက်နေပါပြီ။" ဟုသူကပြန်ဖြေသည်။


"ဘယ်လို temporal anomaly အမျိုးအစားလဲ။ ကျွန်မ UNIT ရဲ့အကြီးအကဲသိပ္ပံပညာရှင်ကိုကူညီပေးဖူးတယ်။"


"Sergeant Benton ဆီကမင်းရဲ့ရာထူးအကြောင်းကိုကြားပြီးသားပါ။ ဒါပေမယ့် အခုအခြေအနေအရတော့မင်းကိုပေးသိဖို့မဖြစ်နိုင်သေးဘူး။"


'သူကစက်ရုပ်တစ်ရုပ်လိုပဲ' ဟု Jo တွေးမိလိုက်သည်။ အာဖရိက၏ပူလောင်အိုက်စပ်သောလေကပတ်ဝန်းကျင်တစ်ခွင်တိုက်ခတ်နေသော်လည်း သူမကျက်သီးထလာသည်ကိုခံစားမိလိုက်သည်။ သူမတကယ်ပင်ထောင်ချောက်အတွင်းသို့တိုးဝင်မိပြီလားဟူသည့်အတွေးကကြီးစိုးနေသည်။ မတတ်နိုင်…သူမကိုယ်တိုင်ကလည်းထောင်ချောက်တွင်းသို့တိုးဝင်သည့်နေရာတွင်အင်မတန်တော်သည်ကိုး။


ထို့နောက် သူမ Matthew ကိုသတိရမိသည်။ သူမဒီကိုမလာခင်က Cliff ဆီပို့ခဲ့သောကြောင့် Matthew ၏အိပ်မှုန်စုတ်ဖွားမျက်နှာကိုသူမနောက်ဆုံးမြင်တွေ့ခဲ့ရသည်။ သူ့အနေဖြင့်သူမနှင့် Cliff တို့၏တိုးတိတ်သောအလျင်အမြန်စကားပြောသံများကိုကြားကောင်းကြားနိုင်သည်။ သို့သော်လူကြီးကိစ္စများဖြစ်၍သာမမေးခြင်းဖြစ်လိမ့်မည်။ 


ရုတ်တရက် သူမ Hynes ဘက်သိုလှည့်၍မြို့တွင်းသို့ပြန်မောင်းရန်ပြောချင်စိတ်များတဖွားဖွားပေါ်ပေါက်လာရသည်။ သို့သော်သူ့ဘက်မှစတင်၍စကားပြောလာသည်။


"တားမြစ်နယ်မြေအပြင်ဘက်မှာစစ်တန်းလျားရှိတယ်။ မင်းအဲ့ဒီမှာနေလို့ရတယ်။" 


သူမတို့၏ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီးတောင်ကုန်းများကတဖြေးဖြေးမြင့်မားလာကျပြီဖြစ်သည်။ နီညိုရောင်သန်းနေသောကောင်းကင်ကလည်းယခုတော့အမှောင်ရိပ်များထွက်ပေါ်လာပြီး မှိတ်တုတ်မှိတ်တုတ်ကြယ်တို့က အလှဆင်နေကျသည်။ 


ထို့နောက်ကားကတစ်ချက်မျှလှုပ်ယမ်းသွားပြီး လမ်းမှဘေးသို့ချိုးချလိုက်သည်။ ထိုနေရာမှနေ၍သစ်သားထောက်တိုင်ပေါ်တွင်အသင့်ဆောက်လုပ်ထားသော အဆောက်အဦးအချို့ကိုတွေရသည်။ အဆောက်အဦးကြားတွင်ထရပ်ကားတစ်စီးထိုးရပ်ထားသည်ကိုတွေ့သည်။ ထိုအရာက Jo ကိုသူမ UNIT တွင်ရှိခဲ့သောနေ့ရက်များကို ပြန်လည်အောက်မေ့စေသည်။ ထိုကားများက Hynes ၏ land rover ကဲ့သို့ပင် Tanzania စစ်တပ်မှငှားထားခြင်းဖြစ်ပေလိမ့်မည်။ 


"ကြည့်ရတာရှင်တို့ဒီမှာကြာကြာနေဖို့စီစဉ်ထားပုံပဲ"


Jacob ကသူမ၏စကားကိုကြား၍ရယ်သည်။ 

"မင်းကသတင်းသမားမဟုတ်တာသေချာရဲ့လား" ဟုပြောပြီးနောက် land rover ကားကိုတဲတစ်ခုနှင့်အနီးဆုံးနေရာတွင် ရပ်တန့်လိုက်သည်။ ကားရပ်သွားပြီဖြစ်သောကြောင့် Jo ကဆင်းရန်ကြံစည်လိုက်သော်လည်း Hynes ကသူမ၏လက်မောင်းကိုခပ်တင်းတင်းဆုတ်ကိုင်လာသည်။


"တားမြစ်နယ်မြေထဲသွားဖို့လုံးဝကိုမစဉ်းစားနဲ့ ဟုတ်ပြီလား။ မင်းဘာလို့ဒီမှာရှိနေလည်းဆိုတာငါသိတယ် ဒီတော့ကိုယ့်အလုပ်ကိုကောင်းကောင်းလုပ်ပြီး Geneva ကိုအစီရင်ခံစာကောင်းကောင်းတင်။ ပြသာနာတွေထပ်ပြီးမလိုချင်တော့ဘူး…ကြားလား"


Jo ကသူ့ကိုပြန်စိုက်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် Jacob ကသူမကို Command Office ၏သူလျှိုဟုထင်နေပုံရသည်။ UN ထုတ်အိမ်သာသုံးတစ်ရှူးများကို Jacob ခိုးယူနေမှန်းဟုတ်မဟုတ်သိအောင် စစ်ဆေးခိုင်းနေသည်ဟုထင်နေမှန်းသိသာသည်။ 


"ကျွန်မတားမြစ်နယ်မြေကိုမသွားပါဘူး။ ဒါပေမယ့်ကျွန်မအစီရင်ခံစာကတော့ကျွန်မကြိုက်တာရေးမှာပဲ ဟုတ်ပြီလား" ဟုအေးအေးဆေးဆေးပင်ပြန်ပြောလိုက်သည်။ 


Hynes ကရယ်မောလိုက်ပြီး သူမ၏လက်မောင်းကိုလွှတ်ပေးလိုက်သည်။ "အိုကေ…မင်းဟာမင်းကြိုက်တာအစီရင်ခံ" ဟုပြောပြီးနောက် ကားပေါ်မှခုန်ဆင်းသွားသည်။


Jo လည်းကားပေါ်တွင်ထိုင်နေရခြင်းကို တဖြည်းဖြည်းမွန်းကျပ်လာသည်ဟုခံစားရသည်။ Hynes ကသူမဘယ်လိုအစီရင်ခံစာတွေရေးမည်ကိုစိတ်မဝင်စားသည့်ပုံပင်…အကယ်၍ သူစိတ်မဝင်စားလျှင်-


ထိုအချိန်သူမနံဘေးရှိကားတံခါးကပွင့်လာပြီး "မင်းရဲ့အခန်းကိုလိုက်ပြပေးမယ်" ဟုပြောသည်။


A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆


rate now:

2 Reviews
  • reader Thoon Su Aung 13.11.2019, 15:47 5

    reply

  • reader Hein Nay Zaw 27.10.2019, 12:32 5

    🙄🥇👌

    reply