book

Index 9

အခန်း ၉။ ဆံပင်ကောက်ကောက်နှင့် အမူးသမားလေးကို သယ်ပိုးရခြင်း

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

စုန့်ကျွီးဟန် လျှောက်လမ်းမှဖြတ်၍ ရှုပ်ထွေးနေသော အပေါက်ဝကိုကြည့်လိုက်သည်။ ပြီးနောက် မျက်စောင်းထိုး ကာ နံရံကိုမှီပြီး ပင့်သက်ရှိုက်မိတော့သည်။ နှုတ်မှလည်း တစ်ခုခုဆဲဆိုနေသေးသည်။


ဟယ်ကုက သူ့ကုတ်အက်ျီကိုချွတ်၍ ကျွီးဟန်ခေါင်းပေါ်မှ အုပ်လိုက်သည်။ “ငါ သူတို့ မင်းအနားမကပ်လာအောင် လုပ်ပေးမယ်။ မင်း ခေါင်းငုံ့ပြီးလျှောက်လာရင်ရပြီ။”


“ငါ ဝိုင်ပဲသောက်မိတာနော်။ သူခိုးမဟုတ်ဘူး။” စုန့်ကျွီးဟန်က ကုတ်အက်ျီကို ပစ်ချလိုက်သည်။  


“မူးနေတုန်း ဓာတ်ပုံရိုက်ခံလိုက်ရရင် မကောင်းဘူးလေ။” ဟယ်ကုက အဝတ်များကို ကိုင်ကာ ငုံ့ထားခိုင်းသည်။ သူ စုန့်ကျွီးဟန်ကို အသံတိတ်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။ “စကားနားထောင်ပါကွာ။ ငါမင်းကို ခေါ်ထုတ်သွားပြီးရင် ကားထဲဝင်လိုက်ရုံပဲ။”


စုန့်ကျွီးဟန်က အနည်းငယ် စနောက်တတ်သော သွေးနှောအမျိုးကောင်းသားလေးဟူသည့် ပုံရိပ်မျိုးရှိသည်။ လူတွေကို မင်းသားလေးတစ်ယောက်လို ဟန်ပန်မျိုးဖြင့် အမြဲဆက်ဆံတတ်သည်။ ယခုလို သောက်စားမူးရူးနေလျှင်တောင်မှ စတိုင်တစ်မျိုးကွဲပြားနေပြန်သည်။ သို့သော် စုန့်ကျွီးဟန်၏ ဖခင်ကတော့ ထိုကဲ့သို့ ရုတ်ချည်းဆန်သောအဖြစ်အပျက်များကို မုန်းလှသည်။ တစ်ခုခုချွတ်ချော်သွားလျှင် ရှောင်စုန့် ထမင်းအိုးကွဲသွားလိမ့်မည်။


စုန့်ကျွီးဟန် ဘဝတွင် သူလုပ်သမျှသည် သူ့နှလုံးသားဆနမပါပေ။ သူ့စိတ်ဝိဉာဥ်ထဲမှ နက်ရှိုင်းစွာချစ်သည့် အရာဟူ၍ ဂီတတစ်ခုတည်းသာရှိသည်။ ထို့ကြောင့်လည်း ဇွတ်တရွတ်နိုင်သူဖြစ်သော်ငြား သူ့ပုံရိပ်ကို ထိန်းရန် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းများချမှတ်ထားလေ့ရှိသည်။ ပုံမှန်အားဖြင့် ဝိုင်နီ တစ်ခွက်၊ နှစ်ခွက်သာ သောက်လေ့ရှိပြီး အများကြီး သောက်ခဲသူဖြစ်သည်။  အရက်ပမာဏများများသောက်ခြင်းသည် မကောင်းပေ။ နိုးကြားနေလျှင်တော့ ဒီဖြစ်ရပ်မျှလောက်ကို သူကိုယ်တိုင်ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ယခုတော့ ဟယ်ကုက သူ့ကို ပြန်ကာကွယ်ပေးနေရသည်။


စုန့်ကျွီးဟန်က မင်ရောင်နက်စိုနေသော ဟယ်ကုမျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းထဲတွင် ရင့်ကျက်သော ယောက်ျားတစ်ယောက်ကသာ ပေးစွမ်းနိုင်မည့် တည်ငြိမ်မှုမျိုးရှိသည်။ စိတ်မြန်လက်မြန် လုပ်ချင်နေသော သူ့စိတ်က တဖြည်းဖြည်းချင်းအေးငြိမ်းသွားတော့သည်။ သူ ခေါင်းညိတ်ပြမိသည်။


ဟယ်ကုက သူ့မျက်နှာကို အက်ျီဖြင့်အုပ်လိုက်သည်။ နွေးထွေးသော လက်ကလေးက စုန့်ကျွီးဟန်၏ လက်ကိုကိုင်ထားပေးသည်။ အခြားလက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားသည်။ သူတို့နှစ်ဦးကို ရှောင်စုန့်နှင့် အခြားဝန်ထမ်းများက ဝိုင်းရံလိုက်ကာ အပေါက်ဝသို့ လျှောက်လာကြတော့သည်။


အော်သံများက ဘေးပတ်လည်မှ စီခနဲ ညံထွက်လာသည်။


ဟယ်ကု မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ နားစည် ကွဲသွားပြီဟုပင်ခံစားရသည်။ စုန့်ကျွီးဟန်၏ ဂီတဖျော်ဖြေပွဲများသို့ သွားဖူးသဖြင့် ဒီမိန်းကလေးတွေ၏ တမ်းတမ်းစွဲဖြစ်မှုကို အကြိမ်ကြိမ် မြင်ဖူးပြီးသား ဖြစ်သော်လည်း ဒီတစ်ကြိမ်ကဲ့သို့ ပတ်ပတ်လည်မှ ဝိုင်းပြီး အရူးအမူးဖြစ်နေကြသည့်ပုံစံကိုတော့ ပထမဆုံးကြုံဖူးခြင်းပင်။ သူ့တစ်ကိုယ်လုံးလည်း တစ်ချိန်လုံး တွန်းထိုးဝိုင်းအုံကာ ဆွဲလွဲခံနေရသည်။ သာမန်အားနွဲ့သည့် မိန်းကလေးများဖြစ်သော်လည်း သူ့ကို ဝါးမျိုပစ်တော့မည်ဟုပင် ထင်ယောင်လာမိတော့သည်။


“စုန့်ကျွီးဟန်၊ စုန့်ကျွီးဟန်.. ရှင့်ကိုချစ်တယ်နော်.. အား..”


ရုတ်ချည်းပင် အနက်ရောင်ပစည်းတစ်ခု လွင့်ကျလာခဲ့သည်။ ရှောင်ရှားရန်ပင် အချိန်မမီတော့ပေ။ သူချောင်းတဟွတ်ဟွတ်ဆိုးမိသွားသည်။ မျက်ခုံးနားကလည်း နာကျင်မှုကို ခံစားလိုက်ရပြီး ညာဘက်မျက်လုံးနားတွင် ရုတ်တရက် သွေးများထွက်လာကာ အမြင်တွေဝေဝါးသွားတော့သည်။


“အစ်ကိုဟယ်ကု” ရှောင်စုန့်က အော်ဟစ်လိုက်သည်။


စုန့်ကျွီးဟန် တိတ်တဆိတ်လမ်းလျှောက်နေရာမှ အရှိန်ကို‌နှေးလိုက်သည်။ ထိုခဏမှာပင် သူ့အပေါ်မှ ကုတ်အက်ျီကြီးကို ဖယ်ပစ်ချင်သွားသည်။ ဟယ်ကုက အားသုံး၍ စုန့်ကျွီးဟန်၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်ရသည်။ စုန့်ကျွီးဟန်၏လက်ကို ကိုင်ထားသော သူ့လက်တစ်ဖက်က တင်းခနဲဖြစ်သွားပြီး လက်ဝါးနှစ်ဖက် ရိုက်ခတ်မိသည်။ “အဆင်ပြေပါတယ်။ ငါတို့ကားနားရောက်တော့မယ်နော်။”


စုန့်ကျွီးဟန် စိတ်ထဲ ထင့်သွားသည်။ “ဟယ်ကု ဘာဖြစ်သွားတာလဲ?”


“ငါအဆင်ပြေပါတယ်။” အသံက လေးနက်ပြီး တည်ငြိမ်မှုရှိသည်။ ပရိသတ်များနှင့် သက်တော်စောင့်များ၏ အော်သံဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်နေချိန်တွင် ထိုစကားသံက စိမ့်စမ်းရေလေး စီးဆင်းသွားသလို စုန့်ကျွီးဟန်၏ နှလုံးသားကို ငြိမ်းအေးစေသည်။ 


ရှောင်စုန့်က ကားတံခါးကို ဖွင့်ပေးလာသည်။ ဟယ်ကုက စုန့်ကျွီးဟန်ကို ကားထဲဝင်ခိုင်းလိုက်ပြီး သူပါ ဝင်ထိုင်သည်။


ကားတံခါးများ ပိတ်လိုက်သည်နှင့် ရူးချင်စရာကောင်းသော အသံပေါင်းစုံက ရုတ်ချည်း ပြတ်ကျန်ခဲ့ပြီး သုံးယောက်လုံး၏ နှလုံးသားကို ရစ်စည်းထားသော တင်းကြပ်နေမှုများလည်း ပြေလျော့သွားတော့သည်။


စုန့်ကျွီးဟန်က ကုတ်အက်ျီကို လှစ်ဟလိုက်ပြီး အရိုက်ခံလိုက်ရသော မျက်ခုံးကို လှမ်းကြည့်သည်။ သူ့မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ “သေစမ်း။ သောက်သုံးမကျတဲ့လုပ်ရပ်ကြီးပဲ။”


ဟယ်ကုက မျက်နှာသုတ်ပဝါအစိုတစ်ခုဖြင့် နဖူးကို သုတ်လိုက်သည်။ စုန့်ကျွီးဟန်က ပဝါကို ယူ၍ ဒဏ်ရာ၏ အောက်ဘက်အနားသတ်တစ်လျှောက်မှ သွေးစများကို ဂရုတစိုက် သုတ်ပေးလေသည်။ “မင်းမျက်လုံးဖွင့်လိုက်ရင် သွေးတွေဝင်သွားလိမ့်မယ်။”


သူ စိတ်မသက်မသာဖြစ်မိသည်။ မျက်တောင်လေးများလည်း တစ်ချိန်လုံး တုန်ယင်နေတော့သည်။ စုန့်ကျွီးဟန်က လက်ချောင်းများဖြင့် မျက်ခွံများကို ဖွင့်လိုက်ပြီး မျက်လုံးထဲမှ သွေးများကိုလည်း တစ်ရှူးလေးဖြင့် ညင်သာစွာသုတ်ပေးသည်။ ဟယ်ကု ညာဘက်မျက်လုံးတစ်ဖက် အမြင်အာရုံ ပြန်ရလာခဲ့သည်။


ရှောင်စုန့်က ကားမောင်းထွက်ရန် ပြင်လိုက်စဥ်မှာပင် စုန့်ကျွီးဟန်ထံမှ အသံထွက်လာခဲ့သည်။ “မမောင်းနဲ့ဦး။”


ကျန်နှစ်ဦး ဘာမှ ပြန်မပြောနိုင်ခင်မှာပင် စုန့်ကျွီးဟန်က ရုတ်တရက် ကားတံခါးကို ဖွင့်လိုက်တော့သည်။ ဟယ်ကု တားချင်ပါသော်လည်း မမီတော့ပေ။ အရူးအမူးအော်ဟစ်သံများက ပြန်ဆူလာပြန်ရာ ခေါင်းတွေ ပိုကိုက်လာရသည်။


စုန့်ကျွီးဟန်က အရူးအမူးဖြစ်နေသော ပရိသတ်များကို ဖြန့်ကျက်၍ကြည့်လိုက်သည်။ ဤမျှလောက် ယောက်ယက်ခတ်နေသော မြင်ကွင်းတွင် သူပုံစံက ဘေးလူတစ်ယောက်လို အေးအေးလူလူရှိလှသည်။ နောက်ဆုံးတွင်တော့ သူ့အကြည့်များက ကင်မရာကိုင်ထားသော သတင်းထောက်တစ်ယောက်ထံတွင် ရပ်သွားခဲ့သည်။ သူ သက်တော်စောင့်တစ်ယောက်ကို တို့၍ ခိုင်းလိုက်သည်။ “အဲ့ဒီလူရဲ့ ကင်မရာကို ယူလာခဲ့။”


သက်တော်စောင့်က အလျင်အမြန်ပင် ပရိသတ်များကို တိုးဝှေ့လျှောက်သွားခဲ့သည်။


စုန့်ကျွီးဟန်က လှိုင်းတွန့်ဆံနွယ်များကို လက်ချောင်းသွယ်သွယ်ဖြင့် ဖြီးသင်လိုက်ပြီး အသက်ကို တစ်ချက် ဝဝရှူသွင်းသည်။ ထို့နောက် မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးလေးဆင်မြန်းကာ ပရိသတ်များကို စူးစိုက် ကြည့်လိုက်တော့သည်။ “အရမ်းနောက်ကျနေပြီ။ အိမ်ပြန်အိပ်သင့်နေပြီလေ။ မိန်းကလေးငယ်လေးတွေ အုပ်စုလိုက်ကြီး ဘာလို့ ညနက်ထိ နေနေကြတာလဲ?”

ဉာဏ်ကြီးရှင်အဆိုတော်ကြီး စုန့်ကျွီးဟန်၏ ညင်သာပြီး ရင်းရင်းနှီးနှီးပြောဆိုနေသည့် ပုံစံက မရေမတွက်နိုင်လောက်အောင် အကြိမ်ကြိမ် လေ့ကျင့်ဖန်တီးယူထားသည့် ပုံရိပ်သာဖြစ်သည်။ ဟယ်ကုသိထားသည့် ပုံစံမဟုတ်ပါပေ။


ပရိသတ်များက ကျယ်လောင်စွာအော်ဟစ်လိုက်ကြရာ အသံများက မိုးထက်သို့ပင် လျှံတက်သွားတော့သည်။


“ကိုယ်က မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံရတုန်းမို့ ဝိုင်နည်းနည်းသောက်ထားမိတယ်။ နည်းနည်းလည်းမူးနေပြီ။ မင်းတို့ ကိုယ့်ပုံကို ရိုက်ထားမိတယ်ဆို ဖွက်ထားလိုက်တာအကောင်းဆုံးပဲနော်။ အပြင်ကိုမဖြန့်ကြနဲ့။ ဟုတ်ပြီလား?” နွဲ့ဆိုးဆိုးနေသော ချစ်သူလေးကို ချော့မော့နေသော ယောက်ျားတစ်ယောက်ကဲ့သို့ သူ့အသံက နူးညံ့ပြီး သြရှရှ ဖြစ်နေသည်။ လူများကို မူးရီသွားစေနိုင်သည်ပင်။


ပရိသတ်များကို ကြည့်ရသည်မှာ မူးမိုက်လဲတော့မလိုပင်။ အလွန် စိတ်လှုပ်ရှားနေကြပြီး သူ့နှုတ်ဖျားမှ ထွက်လာသော စကားလုံးတိုင်းကို တသွေမတိမ်းနာခံနေကြသည်။


ထိုအချိန်မှာပင် သက်တော်စောင့်က သတင်းထောက်ကို ဆွဲခေါ်လာတော့သည်။ စုန့်ကျွီးဟန်က ထိုသူ၏ ပစည်းကိရိယာများကို ဆွဲယူပြီး ကြည့်လိုက်သည်။ ကင်မရာ၏ထိပ်တွင် သွေးစက်များရှိနေလေသည်။ ထိုလူကို ရိုက်ပစ်ချင်သော စိတ်ကို ချိုးနှိမ်ကာ သတင်းထောက်၏ ကော်လံကိုသာဆွဲ၍ ကားရှေ့သို့ခေါ်ခဲ့လိုက်သည်။ စုန့်ကျွီးဟန်က အရပ်အတော်ရှည်သူဖြစ်သည်။ ၁.၉ မီတာခန့်ပင်ရှိမည်။ သတင်းထောက်ခမျာ ကြက်ပေါက်လေးလို ခံစားနေရတော့သည်။ စုန့်ကျွီးဟန်က ဟယ်ကုကို ညွှန်ပြ၍ ပြောသည်။ “မင်းသူ့ကို နာအောင်လုပ်လိုက်တာ။ တောင်းပန်လိုက်စမ်း။”


ဟယ်ကု တစ်ရှူးစကကိုသုံး၍ မျက်ခုံးပေါ်မှ သွေးများစီးကျမလာအောင် ခံထားရသည်။ တစ်ရှူးတစ်ခုလုံး နီရဲနေပြီဖြစ်သည်။ သတင်းထောက်က ကြောက်လန့်ကာ ခေါင်းကို ခပ်မြန်မြန်ညိတ်ပြီး တောင်းပန်တော့သည်။ ဟယ်ကုက သူ့ကို ကြည့်ပင်မကြည့်ဘဲ စုန့်ကျွီးဟန်ကိုသာ ကားထဲအမြန်ဝင်ခိုင်းလိုက်သည်။


စုန့်ကျွီးဟန်က ပရိသတ်များကို နှုတ်ဆက်စကားဆိုသည်။ ထို့နောက်တွင်မှ ကားထဲဝင်ကာ တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။ ရှောင်စုန့်က သူ့ဒေါသကို ထပ်ဆွမိမှာ ကြောက်သဖြင့် ကားကို အမြန်မောင်းထွက်လိုက်တော့သည်။


စုန့်ကျွီးဟန်က ထိုင်ခုံနောက်ဘက်သို့ မှီချကာ ဟယ်ကုကို ကြည့်သည်။ “ဒဏ်ရာကနာလား?”


ဟယ်ကုပြုံးပြလိုက်သည်။ “သိပ်မနာပါဘူး။” စုန့်ကျွီးဟန် သတင်းထောက်ကို ပြန်တောင်းပန်ခိုင်းသည့် ကိစကို အတွေးရောက်သွားသည်။ သူ့ရင်ထဲတွင် နွေနေတစ်စင်းကဲ့သို့ နွေးထွေးလာတော့သည်။ ဒီအချိန်မှာတော့ ဆေးရုံတက်ရလောက်အောင် ထိခိုက်သွားလျှင်တောင် အနည်းငယ်ပွန်းပဲ့သလိုသာ ခံစားမိမည်ဖြစ်သည်။


နှစ်ပေါင်းများစွာအတွင်းတွင် စုန့်ကျွီးဟန်၏ ဂရုစိုက်မှုကို သူ့စိတ်ထဲတွင် သိပ်မခံစားခဲ့ဖူးချေ။ သူ့ရင်ထဲရှိသမျှ လွန်ခဲ့သော ငါးမိနစ်ကမှ ဖွင့်ပြောလိုက်ချိန်တွင်တောင် မရခဲ့ပါပေ။

စကားလေးတစ်ခွန်းနှင့်ပင် သူ့ကို နိဗာန်ဘုံအထိ ဆွဲတင်နိုင်သလို၊ ငရဲတွင်းသို့လည်း ဆွဲချနိုင်သော ဒီလူကို သူ သဘောကျမိပါသည်။


“ဘုရား မ လို့ပေါ့။ အဲ့ဒီမှာ လူတွေ အများကြီးသာမရှိရင် ငါသူ့ကို ဘယ်လိုတွယ်မယ်ဆိုတာ မင်းမြင်ရမှာ။”


ဟယ်ကု သူ့မျက်နှာပေါ်မှ အပြုံးကို မဖုံးဖိနိုင်တော့ပေ။


“မင်းက ဘာတွေပြုံးနေတာလဲ?” ဟယ်ကုက ပုံမှန်အားဖြင့် ပြုံးတတ်သူမျိုးမဟုတ်ပေ။ အမှန်တော့ သူက ပြုံးခဲလှသည်။ အမူအရာအမျိုးမျိုးလည်း မလုပ်တတ်ပါပေ။ စုန့်ကျွီးဟန်မှတ်မိသလောက်ဆိုလျှင် ဟယ်ကုအပြုံးကို သူမမြင်ရသည်မှာ ကြာလှပြီဖြစ်သည်။ ဘာမှပြောစရာမလိုအောင် အလွန်ကြည့်ကောင်းပါသည်။


“မင်းက အရမ်းချောတာပဲ။” ဟယ်ကုအကြည့်များက စုန့်ကျွီးဟန်မျက်နှာပေါ် ကျရောက်သွားပြီး အကြည့်မလွှဲနိုင်ခဲ့ပေ။ စုန့်ကျွီးဟန်က နည်းနည်းမူးနေသည်။ သူ့ ဆံနွယ်များက အနည်းငယ်ရှုပ်ပွပြီး စတိုင်ကျကျ ခွေလိပ်နေသည်။ မျက်ဝန်းများက နည်းနည်းနီနေကာ ပျင်းရိလေးတွဲ့ပြီး ပေါ့ပါးသည့် အသက်ရှူပုံလေးကပင် လူတွေကို အသက်ရှူကြပ်စေလောက်အောင် လှပလွန်းလေသည်။


စုန့်ကျွီးဟန်က ပြုံး၍ မေးသည်။ “ငါမချောတဲ့အချိန်ရောရှိလို့လား?”


ဟယ်ကုက သူ့လက်ဖဝါးပြင်ကို ဆိတ်လိုက်သည်။ “ကျွီးဟန် ကျေးဇူးတင်ပါတယ်။”


စုန့်ကျွီးဟန်က ဟယ်ကု၏ နဖူးပေါ်ရှိ ဆံစတိုလေးများကို သပ်တင်လိုက်ပြီး သွေးတိတ်အောင်လုပ်ထားရသော ဒဏ်ရာကို ကြည့်သည်။ သူက တိုးသဲ့စွာ ဆိုသည်။ “ကိုယ့်လူကိုမှ ကိုယ်မကူညီနိုင်ရင် ငါလူရောဟုတ်ပါတော့မလား?”


“ပွန်းရာ သေးသေးလေးပါ။ မင်းက ငါ့ကိုလှန့်တယ်။” ကားပေါ်ကဆင်းပြီးနောက် စုန့်ကျွီးဟန် ဒေါသထပ်ထွက်ပြန်လျှင် ဟယ်ကု ဘာလုပ်ရမည်မှန်းသိမည်မဟုတ်ပေ။ ဒီညလည်း ဘယ်လိုအဆုံးသတ်သွားမည် မှန်းမသိတော့။ စုန့်ကျွီးဟန် ဓာတ်ပုံရိုက်ခံလိုက်ရသည်ဟု တွေးမိသည့်အခါ ဟယ်ကု စိတ်ပူလာရသည်။ “မင်းဓာတ်ပုံ..”


စုန့်ကျွီးဟန်က ဂရုမစိုက်ဘဲ ဆိုသည်။ “သတင်းထောက်ဆီက ပုံကတော့ အပြင်ကို ပြန့်မှာမဟုတ်ဘူး။ ပရိသတ်တွေ ရိုက်ထားတဲ့ပုံတွေကလည်း ပြဿနာသိပ်မရှိပါဘူး။ ဆံပင်ပုံမကျဖြစ်နေတဲ့ နေ့လောက်ပဲ။ သိပ်မစိုးရိမ်ရပါဘူး။”


ရှောင်စုန့်က တီးတိုးဆိုသည်။ “အစ်ကိုဟန် စိတ်မပူပါနဲ့။ စုန့်ဟကျွင်းက အစ်ကို့ကိုဆို အမြဲစကားပြောချင်နေတာ။”


“ပြောကြည့်လေ။ ငါ့ကို အပြစ်တင်လို့ရမှာမို့လား?” စုန့်ကျွီးဟန်က မထုံတတ်တေးပုံဖြင့် သမ်းဝေလိုက်သည်။ “တိုက်ခန်းကိုမသွားနဲ့။ ငါတို့ကို ရှန်းရှန်က စံအိမ်ကိုပဲပြန်ပို့ပေး။”

“ဟုတ်ကဲ့။”


ရှောင်စုန့်က သူတို့နှစ်ဦးကို စံအိမ်သို့ ပို့ပေးခဲ့သည်။ ဟယ်ကု ဆေးသေတာကိုယူကာ ဒဏ်ရာကို ဆေးထည့်လိုက်သည်။ အနာက သိပ်မနက်သလို သွေးလည်းတိတ်နေပြီဖြစ်သည်။ မျက်ခုံးစွန်းနားတွင်ဖြစ်၍ ဒဏ်ရာကျန်လျှင်တောင် မြင်ရလောက်မည်မဟုတ်ပေ။


သူတို့ပြန်ရောက်ချိန်တွင် စုန့်ကျွီးဟန်က အလွန်အိပ်ငိုက်နေပြီဖြစ်သည်။ အခြေအနေကို ကြည့်ပြီးသည်နှင့် အပေါ်ထပ်သို့တက်ကာ အိပ်ရာဝင်သွားတော့သည်။


ဟယ်ကု ရေချိုးလိုက်ပြီး အပေါ်တက်လာခဲ့သည်။


အိပ်ခန်းတံခါးကို ဖွင့်ဝင်လိုက်ချိန်တွင် စုန့်ကျွီးဟန်ကို အဝတ်အစားများဝတ်လျက် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။ သူရေချိုးခန်းအတွင်းဝင်ကာ မျက်နှာသုတ်ပဝါကို ရေဆွတ်ယူလာပြီး စုန့်ကျွီးဟန်၏ မျက်နှာနှင့် လက်များကို ညင်သာစွာ သန့်ရှင်းပေးသည်။ အဝတ်အစားများလည်း ချွတ်ပေးလိုက်သည်။


တစ်ဝက်တစ်ပျက်အရောက်တွင် စုန့်ကျွီးဟန် နိုးလာခဲ့သည်။ မျက်လုံးများကို မှေးကျဥ်း၍ ဟယ်ကုကို ကြည့်နေပြီး လည်စေ့လေးကလည်း အပေါ်အောက် လှုပ်ရှားသွားသည်။ သို့သော် စကားတစ်ခွန်းမဆိုဘဲ မျက်လုံးများပြန်မှိတ်၍ အိပ်သွားတော့သည်။


ဟယ်ကု မထိန်းနိုင်ဘဲ ပြုံးမိသွားတော့သည်။ စုန့်ကျွီးဟန်ကို ဂွမ်းကပ်စောင်အောက်သွင်းလိုက်ပြီး သူကိုယ်တိုင်လည်း တိုးဝင်လိုက်သည်။


စောင်တွင် အအေးဓာတ်ကျန်နေသေးသည်။ သူခြုံလိုက်ချိန်တွင် စုန့်ကျွီးဟန်က နွေးနေသော သူ့ကိုယ်လုံးနားသို့ အလိုအလျောက်တိုးကပ်လာကာ ဖက်ထားတော့သည်။ 


ဟယ်ကုက ကျွီးဟန်၏ ခါးပေါ်သို့ လက်တင်ထားပြီး အိပ်ပျော်နေသူကို တိတ်တိတ်လေးကြည့်နေမိသည်။ ဘာ့ကြောင့်ရယ်မဆိုနိုင်သော်လည်း ဒီအခိုက်အတန့်လေးက ဒေါ်လာထောင်ချီတန်သော အချိန်ကလေးဖြစ်သည်။ ထို့ကြောင့် သူ မျက်လုံးများမပိတ်ပစ်ရက်ဘဲ တောက်လျှောက်ငေးကြည့်နေမိသည်။ အိပ်ချင်စိတ်ကို မတွန်းလှန်နိုင်သည့် အချိန်မှသာ အိပ်မက်ကမာထဲ လှမ်းဝင်လိုက်တော့သည်။ 


ဟယ်ကုက နေ့စဥ်နေ့တိုင်း အိပ်ရာစောစောထခြင်းကို အကျင့်ပါနေပြီဖြစ်သည်။ ကလေးဘဝကတည်းက ဒီပုံစံဖြင့်သာ ကြီးပြင်းလာခဲ့သူပင်။ အရေးပေါ်ကိစမရှိလျှင် အလုပ်ကို စောစောစီးစီးသွားတတ်ပြီး မည်သည့်အခါမှ နောက်ကျဖူးခြင်းမရှိချေ။


စုန့်ကျွီးဟန်ကတော့ အိပ်ပျော်နေဆဲဖြစ်သည်။ တင်းတင်းရစ်ပတ်ထားသော စောင်ခြုံထဲမှ ပခုံးသားလေးတစ်စွန်းတစ်စ ပေါ်ထွက်နေသည်။ လှိုင်းတွန့်ဆံပင်များက မျက်နှာပေါ် ကျနေပြီး ရဲစိုနေသော နှုတ်ခမ်းများက ယောင်ယောင်လေး ပွင့်ဟနေကာ အပြစ်ကင်းစင်ပုံလေး‌ပေါက်နေသည်။ ဟယ်ကု ခေါင်းငုံ့၍ စုန့်ကျွီးဟန်၏ နားရွက်လေးများကို ညင်သာစွာနမ်းလိုက်သည်။ သူက စုန့်ကျွီးဟန်ကို နမ်းခွင့်၊ ထိတွေ့ခွင့်ရှိပြီး တစ်ကုတင်တည်းတွင်ပင် အတူအိပ်ခွင့်ရှိသည်။ သူ့ကိုယ်သူ ကမာပေါ်ရှိ လူအတော်များများထက် အတွေ့အကြုံကောင်းများ ပိုရှိနေသူလို ခံစားလိုက်မိသည်။ ဘယ်သူကများ မနာလိုမဖြစ်ဘဲရှိပါ့မလဲ?


သူအိပ်ရာထဲမှ လှိမ့်ထွက်လိုက်ပြီး လှေကားများအတိုင်း တိတ်တဆိတ်ဆင်းလာခဲ့သည်။ မျက်နှာသစ်ပြီးသောအခါ မနက်စာ စပြင်တော့သည်။


ရှန်းရှန်ရှိ စံအိမ်မှာ မြို့ပေါ်နှင့် အလွန်ဝေးသောကြောင့် စုန့်ကျွီးဟန်က လာလေ့မရှိပေ။ သို့သော် သန့်ရှင်းရေးနှင့် ရေခဲသေတာအတွင်း လတ်လတ်ဆတ်ဆတ်စားစရာများ ဖြည့်တင်းရေးကို တစ်ယောက်ယောက်က အချိန်မှန်တာဝန်ယူပေးထားသည်။ ဟယ်ကု ဒီနေရာသို့ တစ်ကြိမ်မကရောက်ခဲ့ဖူးသည်။ တကယ်တော့ မြို့တော်တွင် စုန့်ကျွီးဟန်ပိုင်သော အိမ်အတော်များများရှိသည်။ သူက စုန့်ကျွီးဟန်၏ မိဘများနှင့်လည်းတွေ့ဖူးပြီး မိခင်ဖြစ်သူ နာမည်ကျော်မော်ဒယ်နှင့်လည်း နှစ်ကြိမ်ခန့် ထမင်းလက်ဆုံစားဖူးသည်။ အမေလုပ်သူက အလွန်ကျက်သရေရှိသည်။ စုန့်ကျွီးဟန်ဆီက ဒီလိုအခွင့်အရေးရတာ သူတစ်ဦးတည်းသာရှိနိုင်သဖြင့် သူ့ကိုယ်သူ အခွင့်ထူးခံလို ခံစားလိုက်ရသည်။


ချက်ပြုတ်ပြီးစီးသောအခါ ဖုန်းကိုထုတ်လိုက်သည်။ ကုမဏီမှစာများကို ချက်ချင်းစစ်သင့်သော်လည်း ဒီတစ်ခါတော့ ဖျော်ဖြေရေးသတင်းများကိုဖွင့်၍ မနေ့ကအဖြစ်အပျက်အကြောင်း တစ်ခုခုရေးထားသလားဟုသာ လိုက်ကြည့်နေမိ သည်။ ကံကောင်းစွာဖြင့် အတင်းအဖျင်းသတင်းတစ်ခုသာရှိပြီး တရားဝင်သတင်းများတက်မနေ။ ပရိသတ်များ ရိုက်ထားသော မသဲမကွဲဓာတ်ပုံများသာဖြစ်ရာ ဘာမှ ဂယက်ထသွားခြင်းမရှိ။ 


သူစိတ်ကိုလျှော့လိုက်ပြီး ဖုန်းဖွင့်ရခြင်း၏ တကယ့်ရည်ရွယ်ချက်ဖြစ်သော အလုပ်လုပ်ရန် စတင်ရသည်။


သူ ဆယ်နာရီထိုးအထိ စောင့်ပြီးမှ အပေါ်ထပ်တွင် လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။ စုန့်ကျွီးဟန်ထံမှ “ဟယ်ကု?’ ဟု အော်ခေါ်နေသံကို သူကြားရသည်။


ဟယ်ကု သက်ပြင်းချကာ အပေါ်တက်သွားလိုက်သည်။


စုန့်ကျွီးဟန်က ရေချိုးပြီးကာစဖြစ်သည်။ ညဝတ်ဘောင်းဘီတစ်ထည်သာ ဝတ်ထားပြီး အပေါ်ပိုင်းအဝတ်ဗလာခနာကိုယ်က ကြွက်သားများဖြင့် ကြည့်၍လှသည်။ သူ့ပုံစံက ပိန်သွယ်သောခနာကိုယ်ရှိသော်လည်း အချိုးအစားအလွန်ကျနသည်။ တကယ်လိုက်ဖက်သော ပုံပန်းသာန်ရှိသူပင်။ မှန်သားပြင်ထက်စာလျှင် အပြင်တွင်မြင်ရသည်က အထူးပြုလုပ်ချက်နှင့် ပြင်ထားသည်နှင့်ပင်တူလှသည်။


စုန့်ကျွီးဟန်က သူ့ပခုံးကို လှမ်းဆွဲကာ မျက်ခုံးထောင့်ရှိ ဂွမ်းစလေးကို တို့ကြည့်သည်။ “ဘယ်လိုနေလဲ?”


“ဘာမှမဖြစ်ဘူးဆို။ မနာတော့ပါဘူး။” စုန့်ကျွီးဟန်သာ မပြောလာလျှင် ဟယ်ကု ဒဏ်ရာအကြောင်း မေ့ပင်မေ့နေလောက်ပြီဖြစ်သည်။


“မင်းက အလုပ်လုပ်ရင်း ဒဏ်ရာရသွားတာဆိုတော့ ဘယ်လိုမျိုး ဆုချပေးစေချင်လဲ?”


ဟယ်ကု သူ့ခါးကို ဖက်လိုက်ပြီး ပြုံးကာ ဆိုသည်။ “မင်းကို ပေးနမ်း။”


စုန့်ကျွီးဟန်က ခေါင်းကိုငုံ့၍ သူ့ကို နမ်းသည်။ “ဒီအခွင့်အရေးမျိုးက ရှားရှားပါးပါးပဲနော်။ နောက်ဆုံးအကြိမ် ထပ်မေးမယ်။ မင်းဘယ်လိုဆုမျိုးလိုချင်လဲ?”


ဟယ်ကုက စုန့်ကျွီးဟန် အတည်ပြောနေသည်ဟု မထင်ခဲ့မိ။ ဒီအခွင့်အရေးမျိုးကို ဟယ်ကု လက်လွတ်မခံနိုင်ပေ။ သူ တွေဝေခြင်းမရှိဘဲ ဖြေလိုက်တော့သည်။ “ငါ့မွေးနေ့ကျရင် အတူတူရှိနေပေးမလားဟင်?”


ဟယ်ကုက သူ့မွေးနေ့သူ ဘယ်တုန်းကမှ ဂရုထားသူမဟုတ်ပေ။ သူ့မိခင်ဆုံးသွားစဥ်မှစ၍ တစ်ခါမှ မွေးနေ့ဆင်နွှဲခဲ့ရသည်ဟူ၍မရှိ။ သို့သော်လည်း တစ်ခါလောက်တော့ လုပ်ချင်မိသည်။

“ဟုတ်ပြီလေ။ ဘယ်တော့လဲ?”


“နောက်လထဲ ဘယ်ရက်ဖြစ်ဖြစ်။” စုန့်ကျွီးဟန်က အလွန်အလုပ်များသူမှန်းသူသိသည်။ သူ့မွေးနေ့တွင် အဖော်လုပ်ပေးရန်သက်သက်ဖြင့် ပိုက်ဆံသန်းရာချီ လျော်ကြေးပေးပြီး အလုပ်အချိန်ဇယားမဖျက်စေလိုပါ။


စုန့်ကျွီးဟန်က ပြုံးကာ သူ့ပါးကို နမ်းလိုက်သည်။ “ငါမင်းကို သဘောကျတယ်။ မင်းက ချင့်ချင့်ချိန်ချိန်ရှိတယ်။”


ဟယ်ကု ပြုံးမိသည်။ ချင့်ချိန်သည်ဆိုသောစကားက လူကြီးသူမများက မျိုးဆက်သစ်များကို ပြောလေ့ရှိသောစကားဖြစ်သည်။ အထက်အရာရှိက လက်အောက်ငယ်သားကို ၎င်း၊ အမျိုးသားမှ အမျိုးသမီးကို၎င်း ပြောလေ့ရှိကြသည်။ သူတို့ကဲ့သို့ အိပ်ရာပေါ်မှ ပတ်သက်မှုမျိုးတွင်တော့ ဒီစကားတစ်ခွန်းက သူ့ကို မသက်မသာဖြစ်သွားစေတော့သည်။  သို့သော်လည်း သူထုတ်မပြခဲ့ပါပေ။ ဟယ်ကု စုန့်ကျွီးဟန်၏ မျက်နှာကို ဖွဖွပုတ်လိုက်သည်။ “အောက်ဆင်းပြီး စားရအောင်။”


အိမ်ချက်လက်ရာများနှင့် သာမန်အစားအစာများသာချက်တတ်သော်လည်း ဟယ်ကု၏ အချက်အပြုတ် ကျွမ်းကျင်မှုက မဆိုးလှ။ အရသာအလွန်ရှိသည်။ စုန့်ကျွီးဟန် ဆန်ပြုတ်နှစ်ခွက်သောက်ပစ်လိုက်သည်။ မနေ့ညက အစာမရှိသောကြောင့် အစာအိမ်ထဲသရိုးသရီနှင့် အီလည်လည်ဖြစ်နေသည်များ ပျောက်ကွယ်သွားတော့သည်။


ညစာစားပြီးသောအခါ ဟယ်ကုက အမူးပြေဆေးနှစ်လုံး ယူပေးသည်။ “မနေ့က ရုတ်တရက်ကြီး ဘာလို့သောက်ဖြစ်သွားတာလဲ?”


စုန့်ကျွီးဟန်က ဆေးများကို ရေနှင့်မျှောချလိုက်ပြီး အသာအယာသက်ပြင်းချသည်။ “သီချင်းအသစ်လေ.. စာသားကို ပြောင်းခိုင်းနေတာ ဆယ်ကြိမ်ကျော်တယ်။ နောက်ဆုံး စိတ်ကျေနပ်အောင် ပြောင်းပေးလိုက်နိုင်တာ ပျော်လို့။”


“ဂုဏ်ယူပါတယ်နော်။ ငါ့ကို ပေးနားထောင်မှာလား?”


“ရှောင်စုန့်ကို ပြောလိုက်။ သူမင်းကို ပေးလိမ့်မယ်။” စုန့်ကျွီးဟန် ဘာကိုတွေးမိသွားသည်မသိဘဲ ပြုံးစိစိလုပ်နေတော့သည်။ ရင်ထဲမှလာသော ဖြူစင်သည့် အပျော်များက သူ့ကို ကလေးဆန်သည့်ပုံ ပေါက်သွား စေသော်လည်း အလွန်လှနေဆဲပင်။


စုန့်ကျွီးဟန်ကို ဒီလိုအပြုံးမျိုး ပြုံးစေနိုင်တာ ဂီတတစ်ခုတည်းသာရှိလေသည်။


ဟယ်ကု ပြုံးလိုက်သည်။ သဘောကျခံရသူဖြစ်ခြင်း၏ အကြီးမားဆုံး အကျိုးကတော့ သူနှင့် အနည်းငယ်ပိုသင့်မြတ်အောင် နေတတ်လာခြင်းဖြစ်သည်။  အခြားသူများအမြင်တွင်တော့ စုန့်ကျွီးဟန်၏ စကား၊ လုပ်ရပ်နှင့် အကျင့်များက အဓိပာယ်အမျိုးမျိုးကောက်ယူနိုင်ပြီး မတူညီသောတန်ဖိုးများ ရှိကောင်းရှိနေနိုင်သည်။ စုန့်ကျွီးဟန်၏ အပြုံးက သူ့ဘဝကို ချက်ချင်း လင်းချင်းသွားစေနိုင်သည်။ စကားတစ်ခွန်းဖြင့်လည်း သူ့ကို အစိတ်စိတ်ကွဲကြေသည်အထိ အတွေးများစေနိုင်လေသည်။ သူက စကားထဲမှ သဲလွန်စများကို နည်းနည်းချင်းစီ ဆွဲထုတ်ရှာဖွေလေ့ရှိသည်။ ရှာဖွေမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ လက်ရှိအချိန်ခဏမှာ ကျွီးဟန် စိတ်အခြေအနေလေးကောင်းနေသည်ဆိုလျှင် သူ့အတွက်လုံလောက်ပါသည်။ ထိုမျှနှင့်ပင် ဟယ်ကုဘဝက ပြည့်စုံလှပသွားရသည်။


စုန့်ကျွီးဟန်အကြောင်းတွေးတောကာ ပျော်ရသည်ဖြစ်စေ၊ စိတ်ဆင်းရဲရသည်ဖြစ်စေ ထိုသူတို့သည် ဓားသွားပေါ်မှ ပျားရည်စက်ကိုလျက်သူလို ဒုကထဲမှ ပျော်စရာလေးကိုရှာကြံနေကြခြင်းသာဖြစ်သည်။


စုန့်ကျွီးဟန်ကို ရှာဖွေရခြင်းက အနာကျင်ရဆုံးကိစမဟုတ်သလို ထပ်ပြီးလည်း စူးစမ်းနေရန်မလိုဟူ၍ ဟယ်ကု သူ့ကိုယ်သူ မကြာခဏ ပြောမိသည်။


သူက အလွန်ကံကောင်းသူသာဖြစ်သည်။ အနည်းဆုံးတော့ လူတစ်ယောက်ကို သူ ချစ်တတ်ခဲ့သည်။ ဘာကိုမှ စိတ်ဝင်တစား အရေးတယူမရှိသော သူလိုလူမျိုးအတွက် တစ်စုံတစ်ခုကို ချစ်တတ်လာမှ ဒီကမာပေါ်ရှိ သူ့ဖြစ်တည်မှုကိုပါ အလေးအနက်ထားတတ်လာလိမ့်မည်။


သူ စုန့်ကျွီးဟန်ကိုချစ်သည်။ စုန့်ကျွီးဟန် သူ့ကို ပြန်ချစ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ခြောက်နှစ်ဆိုသော ကာလက  ရိုက်ချိုးနိုင်ခဲ့သည်။ သူ နောက်ထပ် မျှော်လင့်စိတ်ကူးယဥ်ခြင်း၊ တောင့်တခြင်းများမလုပ်တတ် တော့ပါပေ။ သူချစ်သော လူသားက သူ့ကို ပေးလာသော ပျော်ရွှင်မှုသေးသေးလေးများဖြင့်သာ ကျေနပ်တတ်ခဲ့ လေပြီ။ ဒီလောက်နှင့်ပင် လုံလောက်ပါသည်။

လွန်ခဲ့သော ခြောက်နှစ်အတွင်း စုန့်ကျွီးဟန်က သူ့အချစ်ကို ရိပ်မိနေခဲ့သည်ဟု ဟယ်ကု အကြိမ်ကြိမ်သံသယဝင်ခဲ့ဖူးသည်။ စုန့်ကျွီးဟန်က အလွန်ပါးနပ်ပြီး ဉာဏ်ရည်လည်းမြင့်သည်။ ကလေးဘဝကတည်းက ရှုပ်ပွေလီသည့် အသိုင်းအဝိုင်းနှင့် ထိတွေ့ခဲ့ရသူဖြစ်ရာ ဒီလို ထူးခြားဆန်းပြားသည့်အချင်းအရာများတွင် သာမန်လူများထက် အဆတစ်ရာပိုပြီး သိနိုင်စွမ်းရှိသူဖြစ်သည်။ သူမသိလိုက်သည့်ကိစ သိပ်များများမရှိပေ။ သို့သော် ဟယ်ကုတွေးသည်က လျှို့ဝှက်ဖုံးကွယ်ထားခြင်းကလည်း ကောင်းကျိုးရှိသည်ပင်။ သူ စုန့်ကျွီးဟန်အနားတွင် အဖော်လုပ်ပေးနိုင်သည်။ အကျိုးကျေးဇူးက အများကြီးဖြစ်သည်။ စုန့်ကျွီးဟန်က ခပ်ငယ်ငယ်ကတည်းက အချစ်ကို ကြောက်သည်။ သူ့အနားရှိလူများက သူ့ထံမှ အကျိုးတစ်စုံတစ်ရာလိုချင်နေကြသည်ဟုသာ မှတ်ယူထားသည်။ သူ့ကို ထားသွားကြသော အခြား ယောက်ျား၊ မိန်းမများနှင့် မတူဘဲ၊ ဟယ်ကုက သူ့ကိုချစ်မိနေသူဖြစ်ကြောင်း သူမသိပေ။ လူတိုင်းက စုန့်ကျွီးဟန်ကို သဘောကျကြသည်ဖြစ်ရာ သူ့အချစ်များက အများနှင့်မတူခဲ့လျှင်တောင် စုန့်ကျွီးဟန်ဘက်က ထူးမခြားနားသာ သဘောထားလိုက်မည်ကို သူကြောက်ပါသည်။



rate now: