ဟယ်ကု စုန့်ကျွီးဟန်ကို (၇) နှစ်တိုင် ချစ်ခဲ့မိသည်။
စုန့်ကျွီးဟန် အခြားသူများနှင့် သွားပျော်ပါးနေပါစေ၊ သူ့ကို ဘယ်လိုပဲ ပေါ့တန်စွာဆက်ဆံပါစေ၊ အဆိပ်မိယစ်မူးနေသူတစ်ဦးလို ကျွီးဟန်အနားမှာပဲ ဟယ်ကု အမြဲကပ်တွယ်နေခဲ့သည်သာ။
သူ့ခံနိုင်ရည်များကို တစ်ထစ်ပြီး တစ်ထစ် တိုက်စားနေသော စုန့်ကျွီးဟန်၏ ဆိုးရွားသောအပြုအမူများမှ ဟယ်ကု ရုန်းထွက်နိုင်ပါတော့မလား?
စုန့်ကျွီးဟန်၏ ဟယ်ကုအပေါ် ထားသည့် သဘောထားကရော ဘယ်လိုများလဲ?
နှစ်ယောက်အတူဆိုသည့်အနာဂတ်တစ်ခုရော ရှိလာနိုင်မှာလား?