book

Index 7

အခန်း ၇။ သူကြည့်နေလို့ ရတယ်

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ထိုဆယ်ကျော်သက်လေးက သူ့ကိုကြည့်နေခဲ့သည်။ အကြည့်များက သူ့လက်ထဲရှိ အထုပ်ငယ်ထံတွင် ရပ်သွားပြီး လက်တစ်ဖက်ဖြင့် ပလတ်စတစ်ထုပ်ကို လှမ်းယူသည်။ “ကျေးဇူးပဲ။ ဒါဘယ်လောက်ကျလဲ?”


ဟယ်ကု အတွေးလွန်နေရာမှ လက်တွေ့သို့ပြန်ရောက်လာရသည်။ ဒီကောင်လေးက လတ်တလော ရေပန်းစားနေသော မင်းသားတစ်ယောက် ဖြစ်ကြောင်းလည်း ခပ်ရေးရေးသတိရသွားသည်။ အသက်နှစ်ဆယ်ပင် ပြည့်သေးပုံမပေါ်ပေ။ အခုမှ ရေထဲက ထွက်လာသူလိုမျိုး အသားအရေက နူးညံ့လို့နေသည်။ ခနာကိုယ်ကလည်း ကောင်ငယ်လေးတစ်ယောက် အရွယ်အစားသာ။ ဂျင်းဘောင်းဘီအကြပ်တစ်ထည်ဝတ်ထားရာ ခြေတံသွယ်များ ပေါ်လွင်နေပြီး မီးမောင်းထိုးထားသလို ထင်းနေတော့သည်။


ဟယ်ကုက တည်ငြိမ်နေခဲ့သည်။ “လေးဆယ့်ခြောက်ယွမ်ပါ။”


“ခဏစောင့်နော်။” ကောင်လေးက ပိုက်ဆံယူရန် ပြန်လှည့်သွားသည်။ “ခဏကြာအပြီးတွင် ပိုက်ဆံအိတ်ထဲမှ ငါးဆယ်တန်ကို ထုတ်၍ လှမ်းပေးလာသည်။ “ပြန်မအမ်းနဲ့တော့။”

ဟယ်ကု ဘာမှ ပြောမနေဘဲ ပိုက်ဆံကို ယူကာ လှည့်ထွက်လာခဲ့သည်။


“ဘယ်သူလဲ?” စုန့်ကျွီးဟန်၏ အသံက အခန်းထဲမှ ထွက်လာသည်။


“မုန့်လာပို့တာ။” ဆယ်ကျော်သက်လေးက ပြန်ဖြေသည်။


“မုန့်ပို့တာ? မင်းမှာထားလို့လား?”


“အစ်ကိုမှာထားတာမဟုတ်ဘူးလား? ဂဏန်း.. ဘာဆိုလား။”


ဟယ်ကု ဓာတ်လှေကားရှိရာသို့ အမြန်ဆုံးလျှောက်လာခဲ့သည်။ သို့သော်လည်း တစ်လှမ်းနောက်ကျသွားပြီး စုန့်ကျွီးဟန်၏ အသံက အနောက်မှ ထွက်ပေါ်လာလေသည်။ “ဟယ်ကု?”

ဟယ်ကုက ရပ်၍ လှည့်ကြည့်လိုက်သည်။


စုန့်ကျွီးဟန်က မျက်မှောင်ကြုတ်၍ ကြည့်လျက်ရှိပြီး ငေါ့တော့တော့ဆိုသည်။ “မင်းဘာလုပ်နေတာလဲ?”


“မုန့်လာပို့ပြီးလို့ပြန်တာလေ။” ဟယ်ကုက မျက်နှာတည်တည်ဖြင့်သာ ဖြေသည်။


စုန့်ကျွီးဟန် မှုန်ကုပ်သွားပြန်သည်။ ဟယ်ကုက တည်ငြိမ်နေသော်လည်း အရှေ့ကလူ၏ ဆူပွက်နေသော ဒေါသများကို ခံစားမိလိုက်သည်။ မတတ်သာဘဲ စိတ်ထဲ ရယ်ချင်သွားတော့သည်။ သူကလည်း ဟယ်ကုအကြောင်းကို သိသည်။ ဒီလူက အိပ်ရာထဲရောက်ချိန်မှလွဲပြီး သူ့ခံစားချက်များကို ထုတ်ပြလေ့မရှိပေ။ ကျွီးဟန်က လက်ချောင်းကလေးများ တွန့်ကွေးပြီးခေါ်လိုက်သည်။ “ပြန်လာခဲ့။”


ကောင်လေးက တံခါးဝမှ ခေါင်းလေးထုတ်ပြီး ကြည့်သည်။ သူ၏ ဝိုင်းစက်တောက်ပသော မျက်လုံးများက စိတ်ရှုပ်ထွေးဟန်ပေါ်နေသည်။


ဟယ်ကုက နေရာရွှေ့လိုက်ပြီး စကားဆိုသည်။ “မင်းမှာ ဧည့်သည်ရောက်နေတယ်လေ။ အရင် အလုပ်ဆက်ရှုပ် လိုက်ပါဦး။”


“မင်းက ပြန်မလာချင်ဘူးပေါ့။”


ဒါကို မနာလိုဖြစ်သည်ဟုခေါ်ရမလား? သူမခံစားဖူးသေးသည့်အရာပင်။


အချိန် နှစ်စကန့်လောက် ကြာအပြီးတွင် ဟယ်ကုလည်း အခန်းထဲ လိုက်ဝင်သွားတော့သည်။


ဆယ်ကျော်သက်လေးက ဆိုသည်။ “အစ်ကိုဟန် သူကဘယ်သူလဲ?”


စုန့်ကျွီးဟန်က ကောင်လေးကို အရေးမလုပ်ဘဲ ဟယ်ကု၏ အက်ျီကော်လံကို ကိုင်၍ မျက်နှာကို အနီးသို့ဆွဲကာ အနံ့ခံနေလေသည်။ “အင်း၊ မင်းသိပ်မသောက်ထားဘူးပဲ။”


ဆယ်ကျော်သက်လေး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ အသံက နှိမ်သည့်လေသံပေါက်နေလေရာ ဒီလူနှစ်ဦး၏ ဆက်ဆံရေးမှာ တော်ရုံတန်ရုံ ခင်မင်မှုမျိုးမဟုတ်နိုင်ပေ။

ဟယ်ကုက ဆယ်ကျော်သက်လေးကို ခေါင်းညိတ်ပြကာ ဖိနပ်စင်ထဲရှိ သူ့ဖိနပ်ကို အကျွမ်းတဝင်ပဲ ရှာယူလိုက် သည်။ ဟယ်ကုက စုန့်ကျွီးဟန်၏ တိုက်ခန်းသို့ အကြိမ်ကြိမ်ရောက်ဖူးပြီးသားဖြစ်သည်။ စုန့်ကျွီးဟန်က တစ်ခါက သော့ပေးဖူးသော်လည်း သူ မယူချင်ခဲ့ပေ။ သူ့တွင် သော့ရှိလျှင် တားမရနိုင်အောင် အခေါက်အခေါက် လာနေမိမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကိုယ့်စိတ်ကိုယ်မနိုင်သူများကို အပြင်မှ ဝိုင်းထိန်းပေးရသည့် သဘောပင်။ “ငါ စုန့်ကျွီးဟန်ကို အချိန်တိုင်းလာတွေ့နိုင်တယ်” ဟူ၍ သူ့ကိုယ်သူ မလှည့်စားလိုပါပေ။ အမှန်တကယ်တွင် နှစ်များစွာအတွင်း ဆယ်ခေါက်တွေ့ဖြစ်သည်ဆိုလျှင် စုန့်ကျွီးဟန် သူ့ကို လာတွေ့သည်က ‌ခြောက်ကြိမ်၊ ခုနစ်ကြိမ်ရှိမည်ဖြစ်ပြီး၊ သူက ကျွီးဟန်ကို လာရှာဖြစ်သည်မှာ သုံး/လေးကြိမ်သာရှိမည်။ ထိုအကြိမ်များမှာလည်း တွေ့ချင်စိတ်ကို လုံးဝ မချိုးနှိမ်နိုင်တော့သောကြောင့်သာဖြစ်သည်။


ဆယ်ကျော်သက်လေးက သူတို့ကို ကိုးရိုးကားရားနိုင်စွာကြည့်နေခဲ့သည်။ စုန့်နှင့် ဟယ်ကြားက ပတ်သက်မှုကို လည်း မယုံနိုင်ဖြစ်နေပုံပင်။ ဒီလူနှစ်ယောက်ကိုကြည့်ရသည်မှာ ရိုးရိုးကြွေအိုးနှင့် စိန်ကဲ့သို့ တောက်ပနေသော ‘မင်’မင်းဆက်လက်ရာ ကြွေအိုးကဲ့သို့ ခြားနားမှုကြီးကလှသည်။ အခြားစိန်များကဲ့သို့ ပလက်တီနမ် သို့မဟုတ် အခြားလိုက်ဖက်ရာတစ်ခုခုနှင့် မတွဲဘဲ ဘာကြောင့် ကြွေထည်နှင့် တွဲဖက်ရပါသနည်း။


ဆယ်ကျော်သက်လေးက မျက်မှောင်ကြုတ်ပြီး စုန့်ကျွီးဟန်နှင့် ဟယ်ကုကိုကြည့်လိုက်သည်။ တစ်စုံတစ်ခုက မအပ်မစပ် ဖြစ်နေသည်ပင်။


ဟယ်ကုက ကောင်လေးကို မျက်လုံးထဲ မထည့်ပေ။ သူအိမ်ထဲဝင်ကတည်းက ကုတ်အက်ျီကိုပင်မချွတ်ခဲ့။ တံခါးကို သော့ခတ်ကာ မီးဖိုထဲသို့တန်းဝင်သွားခဲ့သည်။ သူက အစားအသောက်များကို ခွက်နှစ်ခုတွင် ထည့်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။ “ငါစားခဲ့ပြီးပြီ။ မင်းတို့စားလိုက်။”


စုန့်ကျွီးဟန်ကို ကြည့်ရသည်မှာ အခုမှ အိပ်ရာနိုးလာပုံပေါက်သည်။ သိုးမွေးဆွယ်တာပွပွကြီး၏ လည်ပင်းပေါက်မှ တစ်ဆင့် အလွန်လှသောညှပ်ရိုးများနှင့် သန်မာသောရင်အုပ်ကြွက်သားများကို မြင်နေရသည်။ သူ၏ လှိုင်းတွန့်ဆံပင်လေးများက အနည်းငယ်ပွယောင်းနေသည်။ စားပွဲတွင်ထိုင်ကာ သမ်းဝေလိုက်ပြီးမှ ဟယ်ကုကို ခပ်တွေတွေငေးကြည့်နေတော့သည်။


စုန့်ကျွီးဟန်၏ မျက်နှာအစိတ်အပိုင်းများမှာ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများကြောင့် ပို ပေါ်လွင် သွားသည်။ ဟယ်ကုကတော့ သူ့နှုတ်ခမ်းများကို သဘောအကျဆုံးဖြစ်သည်။ စုန့်ကျွီးဟန်၏ နှုတ်ခမ်းများမှာ အနည်းငယ်ကွေးညွတ်နေပြီး အမြဲနီစွေး စွတ်စိုနေကာ အနမ်းပေးရန် အချိန်မရွေး အသင့်ဖြစ်နေသလိုပင်။


ဆယ်ကျော်သက်လေးက ဗြုန်းစားကြီး ခုံဆွဲယူလာပြီး ထိုင်ချလိုက်သည်။ အစားအသောက်များကို ယူစားလိုက်ပြီး သူ့ကို အေးစက်စက်ကြည့်နေလေသည်။


စုန့်ကျွီးဟန်လည်း စစားလိုက်ပြီး စားနေရင်း မေးခွန်းများမေးတော့သည်။ “ညစာစားပွဲရှိတယ်ဆို?”


“ငါစောပြန်လာတာ။”


“ငါမင်းကို ‌ခြောက်နာရီလာခဲ့ပါပြောတယ်လေ။ မင်းအခုမှလာတာ ဘာသဘောလဲ?” စုန့်ကျွီးဟန်က သူ့ကို လှမ်းကြည့်သည်။ “ငါမင်းကိုစောင့်ရတာ မုန်းပါတယ်လို့ ပြောထားရဲ့သားနဲ့။”


“မဟုတ်ပါဘူး။” ဟယ်ကုက နာရီကို ကြည့်လိုက်သည်။ “ဒါမှမဟုတ်လည်း ငါအရင်ပြန်လိုက်တော့မယ်။”


“ပန်းကန်ဆေးပေးပြီးမှပြန်။ မဟုတ်ရင် အခန်းထဲ အနံ့စွဲနေလိမ့်မယ်။”


“အင်းပါ။” ဟယ်ကု ခေါင်းကိုလှည့်၍ ပြတင်းပေါက်မှ အပြင်ကိုကြည့်လိုက်သည်။ ဤနေရာမှဆိုလျှင် ညရှုခင်း လှလှများကို မြင်နိုင်သည်။ နဂါးမျက်ဝန်းလိုမျိုး မြေပြင်ပေါ်ရှိ မီးနီနီနှင့်ကားတန်းကြီးက ကောင်းကင်ရှိ ကြယ်များနှင့်ပင် တူသေးတော့သည်။ ယခုနေရာသည် မြို့တည်စဥ်ကတည်းက ကုန်းမြင့်ပေါ်တွင် ဆောက်ထားခြင်းဖြစ်ပြီး၊ ရှုခင်းကောင်းကောင်းမြင်ရသည့် တစ်ခုတည်းသော မိုးမျှော်တိုက်ဖြစ်သည်။ 


“အစ်ကိုဟန်” ကောင်လေးက အပြုံးဖြင့်ဆိုသည်။ “ကျွန်တော်ဆေးလိုက်ပါ့မယ်။ သူ့ကိုပြန်ခိုင်းလိုက်ပါ။”


စုန့်ကျွီးဟန်က ပြုံးပြလိုက်ပြီး ရုတ်တရက်ပြောလာသည်။ “ဟယ်ကု မင်းသူ့ကိုသိလား?”


“ငါ တီဗီထဲမှာ မြင်ဖူးပါတယ်။” ဟယ်ကု ကောင်လေး၏အမည်ကို စဥ်းစားမရပေ။


“မင်းကိုယ်မင်း မိတ်ဆက်ပေးလိုက်။” စုန့်ကျွီးဟန်က ခိုင်းလိုက်သည်။


ကောင်လေးက အေးစက်စွာ ဆိုသည်။ “ကျွန်တော့်နာမည်က ကျွမ်းကျဲယွီ။”


“ဟယ်ကုပါ။”


ဒီလူက သိမ်မွေ့တဲ့သူတစ်ယောက်ဖြစ်မည်ဟု ကျွမ်းကျဲယွီ ထင်လိုက်သည်။ သူ့ကို မသိကျိုးကျွံပြုနေခြင်းကတော့ ရန်လာဆွနေတာနှင့်တူသည်ဟု ခံစားနေရသည်။ စုန့်ကျွီးဟန်က အတူကစားရအောင်ဟု သူ့ကို ခေါ်လိုက်ခြင်းက ဘယ်အဓိပာယ်သက်ရောက်နေသလဲ သူ မသိပါ။ စုန့်ကျွီးဟန်ကို ကြည့်လိုက်သော်လည်း တချို့ကိစတွေကို သူမခန့်မှန်းတတ်ပေ။ ဒီကလေးသာသာနှင့်တော့ သူမကစားလို။ သို့သော်လည်း ဒီအခွင့်အရေးကို လက်လွှတ်ခံ လိုက်လျှင် စုန့်ကျွီးဟန်ဆီက သူလိုချင်သည့် အရာများရနိုင်ရန် ပြန်စဥ်းစားရတော့မည်။

  

စုန့်ကျွီးဟန်က အစာစားပြီးသောအခါ ဗိုက်တင်းသွားပြီး အပျော်ရှာချင်လာတော့သည်။ သူက ပျင်းတွဲ့စွာဆိုသည်။ “ဟယ်ကု ကျဲယွီက မင်းကြိုက်တတ်တဲ့ ပုံစံမျိုးလား?”


ကျွမ်းကျဲယွီ နှလုံးသားက တုန်လှုပ်သွားတော့သည်။ ဆိုလိုရင်းကို သူခန့်မှန်းနိုင်ပြီထင်သည်။ စုန့်ကျွီးဟန်၏ အစီအမံကို ရင်ထဲတွင် တိတ်တိတ်လေး သဘောပေါက်သွားတော့သည်။ အပေါ်ယံတွင်တော့ ဟယ်ကု၏ အေးစက်စက်အကြည့်များကို မစိုးရိမ်ဟန်ဖြင့်သာ ပြုံးပြလိုက်သည်။


ဟယ်ကုက ‌လူနှစ်ဦး၏ မျက်နှာကို အပြန်ပြန်ငေးကြည့်နေခဲ့သည်။ စုန့်ကျွီးဟန်ဘာလုပ်ချင်သည်ကို သူနားမလည်ပါဘဲ ဇဝေဇဝါဖြင့် “ဟုတ်တယ်” ဟုဖြေလိုက်လေသည်။


“ကောင်းတယ်။ သူက ဟိုးအရင်တုန်းက ဖုန်းကျုန်းရဲ့ရုပ်နဲ့ ဆင်တယ်ဆိုတာ ငါသိတယ်လေ။ စုန့်ကျွီးဟန်က ခပ်ပေါ့ပေါ့ဆိုသည်။


စုန့်ကျွီးဟန်က ဖုန်းကျုန်းအကြောင်းကို ထပ်ပြောလာမည်ဟု ဟယ်ကု မထင်ခဲ့မိပါ။ သူ စဥ်းစားကြည့်လိုက်သေးသည်။ တစ်စက်မှ မတူပေ။ သို့ဖြစ်ရာ ခေါင်းခါပြလိုက်သည်။ စုန့်ကျွီးဟန်က အလွယ်တကူမမေ့ပစ်တတ်တဲ့ စရိုက်ရှိသည်။ ထိုနေ့ကသူတို့ ငြိခဲ့သည်ကိုလည်း မမေ့နိုင်သေးပုံပင်။


“သူနဲ့ မတူဘူးလား? နှုတ်ခမ်းတွေ၊ သွားတွေ၊ မျက်နှာဖြူဖြူလေးရယ်က ဖုန်းကျုန်း အဲ့ဒီအရွယ်တုန်းကအတိုင်းပဲ။ အရင်တုန်းကနဲ့ ချွတ်စွပ်နီးပါးပဲ။” စုန့်ကျွီးဟန်က ပြုံး၍ ဟယ်ကုကိုကြည့်လိုက်သည်။ 


“သိပ်တော့မတူပါဘူး။” ဟယ်ကုက အနားသို့လျှောက်လာပြီး သူတို့စားထားသော ခွက်များကို ကောက်သိမ်းကာ မီးဖိုထဲဝင်သွားတော့သည်။


စုန့်ကျွီးဟန်က နောက်တစ်ကြိမ်သမ်းဝေလိုက်ပြန်သည်။ ဆော့ရတာဝသွားပုံပင်။ သူက ကျွမ်းကျဲယွီ၏ ခေါင်းကို ဖွလိုက်ပြီးဆိုသည်။ “လာပြီး ပြင်ဆင်ထားတော့။”


ထို့နောက် အိပ်ခန်းထဲ ဝင်သွားတော့သည်။


ကျွမ်းကျဲယွီက “‌ဪ” ဟု တစ်ခွန်းဆို၍ မီးဖိုထဲသို့ မျက်လုံးဝေ့ကြည့်လိုက်သည်။ ဒီလူက ရုပ်လေးချောတော့ အဆင်ပြေမှာပါ။


ဟယ်ကုက ပန်းကန်များဆေးပြီး ပြန်ရန်ပြင်လိုက်သည်။ နောက်လှည့်လိုက်ချိန်တွင် လက်ပိုက်ပြီး တံခါးပေါင်ကို မှီကာ သူ့ကို ကြည့်နေသော ကျွမ်းကျဲယွီကို တွေ့လိုက်ရလေသည်။

 

ဟယ်ကုက ဖြတ်သွားရန် ကြိုးစားသော်လည်း ဟန့်တားခံလိုက်ရသည်။ ဟယ်ကု ငြိမ်သက်စွာရပ်ရင်း ကျွမ်းကျဲယွီဘာလုပ်မလဲ စောင့်နေလိုက်တော့သည်။

 

ရိုးရိုးတန်းတန်းမနာလိုဖြစ်သည်ဆိုလျှင် သူ လက်ခံလိုက်မည်ဟု တွေးထားသည်။ ကျွမ်းကျဲယွီက ထင်မှတ်မထားသည်များကို ပြောထွက်လာမည်ဟုတော့ မသိခဲ့ပေ။ သူ့လည်တိုင်ကို ချိတ်ကာဖြင့် ဆိုသည်မှာ “ခင်ဗျား ဦးဆောင်နိုင်လား?”


ဟယ်ကုက ရိုးသားစွာဖြေလိုက်သည်။ “အင်း။”


“သူက ကျွန်တော်နဲ့အိပ်ချင်နေတာလေ။ တော်တော်ကြာပြီ။ ကျွန်တော်က မအိပ်ချင်ပါဘူး။ ဒါပေမဲ့ အစ်ကိုဟန် သုံးတဲ့နည်းလမ်းတွေက ကောင်းမှာပါ။”


“မစဥ်းစားချင်ဘူးဆိုလည်း ကိစမရှိဘူး။ ကိုယ်ခနာရဲ့ဖြစ်စဥ်ပဲကို.. ဒါအမှားမှမဟုတ်တာ။” ဟယ်ကုက သူဘာကစားကွက်တွေခင်းနေမှန်းမသိပေ။ ကောင်လေးလက်မောင်းကို တွန်းထုတ်၍သာ မီးဖိုထဲက ထွက်လာတော့သည်။ 


ကျွမ်းကျဲယွီ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဘာကိုဆိုလိုတာလဲ?


ဟယ်ကုက သော့ကိုယူပြီး ဖိနပ်စီးကာ ပြန်ရန်ပြင်သည်။


ကျွမ်းကျဲယွီက အပေါ်တက်ပြီး သူ့ လည်စည်းကိုယူသည်။ အငြင်းခံလိုက်ရ၍ သိပ်တော့မပျော်။ သူမေးလိုက်သည်။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ?”


ဟယ်ကု မျက်ခုံးတွန့်လိုက်သည်။ “ငါလည်း ဒီစကားကိုမေးချင်‌နေတာပဲ။”


“အစ်ကိုဟန်က ကျွန်တော့်ကို အသင့်ပြင်ထားခိုင်းတာလေ။ သူက ခင်ဗျားနဲ့မအိပ်ချင်ဘူးတဲ့။ ကျွန်တော်ကတော့ ဒီလိုပါပဲ။ ခင်ဗျားဘက်က နစ်နာတယ်လို့တော့ မပြောနဲ့။”


ဟယ်ကုက နားထောင်လိုက်သည်နှင့် ဒီကောင်လေး တစ်ခုခုအထင်မှားနေမှန်း သိလိုက်သည်။ စုန့်ကျွီးဟန်တွင် ဒီလို ဝါသနာမျိုးမရှိပေ။ သူရှင်းပြလိုက်သည်။ “မင်းအထင်လွဲနေတာပါ။ ငါနဲ့ ကျွီးဟန်က ဒီလို သုံးယောက်တွဲဂိမ်းတွေ မဆော့ပါဘူး။”


ကျွမ်းကျဲယွီက ပြုံးသည်။ “ခဏ‌လောက်တောင် မနေချင်တော့ဘူးလား? ဒါဆိုရင်တော့ ကျွန်တော်ပဲ သွားပြီး သူနဲ့ အဖော်လုပ်ပေးရတော့မှာပဲ။”


ဟယ်ကု ရပ်လိုက်မိသည်။


ကျွမ်းကျဲယွီက မျက်ခုံးပင့်လိုက်သည်။ “ခင်ဗျား မသိဘူးပေါ့? အစ်ကိုဟန်က လိုဘကတော့ အတော်ကြီးတာ။ တစ်ခါတစ်လေ တစ်ယောက်တည်းဆိုရင် သူ့ဒဏ်မခံနိုင်ဘူး။ သူက အဲ့ကိစကို အတော်ကြိုက်တာလေ။ ခင်ဗျားကိုရော လျှောက်မကလိဘူးလား?”


ဟယ်ကု ရင်ထဲတွင် လေးလံထိုင်းမှိုင်းသော ခံစားချက်များဖြင့်ပြည့်သွားရသည်။ သူ့ကိုယ်သူလည်း စိတ်ဆိုးမိသည်။ သူ ကောင်လေး၏ လက်ကိုတွန်းထုတ်လိုက်သည်။ လက်ချောင်းများကိုဖြေပြီး လည်စည်းကို ဆွဲယူကာ အေးစက်စွာပြောလိုက်တော့သည်။ “ငါ အဲ့ဒါမျိုး မလုပ်ဘူး။”


ကျွမ်းကျဲယွီ ဒေါသထွက်သွားရသည်။ ဟယ်ကုက သူ့ကို ငြင်းဆန်မည်ဟု သူမထင်ခဲ့မိပေ။ ဒီလူနှင့် အိပ်ရန် တွေဝေနေခဲ့သူမှာ သူသာဖြစ်သည်လေ။ သူက အလိုက်အထိုက် နေပေးနေခြင်းဖြစ်သည်။ သူ့မျက်နှာလေးက ချောပြီး ခနာကိုယ်ကလည်း အမြဲ လက်ရွေးစင်ထဲပါသည်။ ဟယ်ကုက ဘယ်လမ်းကိုသွားချင်နေပါသလဲ? ဒီလူက သူ့ကို တစ်ချက်ပင်မကြည့်ပေ။ သူလိုလူကို ငြင်းဆန်ရဲသည်။ စိတ်တိုကာ ဟယ်ကု၏ အက်ျီကော်လံကိုဆွဲ၍ နှုတ်ခမ်းများကို အားပါပါနမ်းပစ်လိုက်တော့သည်။


ဟယ်ကု တောင့်တင်းသွားရသည်။


စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်းအပြင် ဟယ်ကု မည်သူ့ကိုမှ မနမ်းဖူးပေ။ ထိုအချိန်တွင် ဒီကောင်လေးနမ်းတဲ့ပုံစံက တော်တော်ကျွမ်းတာပဲဟူသည့် အတွေးသာ ခေါင်းထဲရှိတော့သည်။ သူဖုန်းကျုန်းနှင့်နမ်းစဥ်က နှစ်ဦးလုံး အတွေ့အကြုံမရှိကြပေ။ စုန့်ကျွီးဟန်နှင့် နမ်းချိန်တွင်လည်း သူက စိတ်မရှည်တတ်၍ စုန့်ကျွီးဟန်က စိတ်တိုင်းမကျပေ။ ယခုအနမ်းက လေးနက်မှုရှိသည့် ပထမဆုံး အနမ်းဖြစ်မည်ဟု သူထင်သည်။


“မင်းတို့ဘာလုပ်နေတာလဲ?” စုန့်ကျွီးဟန်၏ အေးစက်စက်အသံက အနောက်ဘက်မှ ထွက်ပေါ်လာလေသည်။


နှစ်ဦးသားလူချင်းခွာလိုက်ပြီး ကျွမ်းကျဲယွီက စုန့်ကျွီးဟန်ကို ပင့်သက်ရှိုက်ကာ လှမ်းကြည့်လိုက်သည်။ စုန့်ကျွီးဟန်၏ မျက်ဝန်းများထဲတွင် သူနားမလည်နိုင်သော အဓိပာယ်တစ်ခုခုရှိနေပြီး ကျောချမ်းစရာ ကောင်းလှသည်။


သူတကယ်မှားသွားပြီလား? စုန့်ကျွီးဟန် မလိုလားသည်က...


ဟယ်ကု နှုတ်ခမ်းကိုသုတ်လိုက်သည်။ ဘယ်လိုရှင်းပြရမလဲ တကယ်မသိတော့ပေ။ စုန့်ကျွီးဟန်ကရော သူ့ကို ရှင်းပြစေချင်ပါရဲ့လား? မလိုလျှင်လည်း ရှင်းပြမနေချင်တော့ပေ။


“အစ်ကိုဟန်.. ကျွန်တော့်ကို အသင့်ပြင်ထားဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား?” ကျွမ်းကျဲယွီက ဖြူစင်စွာမေးသည်။


စုန့်ကျွီးဟန်က မျက်နှာသေဖြင့် ပြန်ဖြေသည်။ “ငါက ဒီလိုမျိုး ပြင်ခိုင်းတာမဟုတ်ဘူး။ မင်းကိုယ်မင်း ပြင်ဆင်ထားလို့ပြောတာ။”


ကျွမ်းကျဲယွီ၏ အမူအရာက အနည်းငယ်ပြောင်းသွားသည်။ ကြားရက်များတွင်တော့ စုန့်ကျွီးဟန်က ရက်ရောတတ်ပြီး ပျော်ပျော်နေတတ်သူဖြစ်သည်။ အိပ်ရာပေါ်တွင် လျှံကျနေလျှင်တောင် လေသံကတော့ ပျော်ပျော်သာ။ သူတပါး‌ရှေ့တွင် နားဝင်ဆိုးသော စကားများ ဘယ်တော့မှ ပြောသူမဟုတ်။ သူ့ဘယ်လုပ်ရပ်က စုန့်ကျွီးဟန်ကို ဒေါကန်သွားစေမှန်းပင် သူမသိပါ။


စုန့်ကျွီးဟန်က သူ့ကို တစ်ချက်မှ မကြည့်ပေ။ ဟယ်ကုကိုသာ စူးရဲစွာ ငေးကြည့်လျက်ရှိသည်။ “မင်းသူ့ကို ဘာလို့နမ်းလိုက်တာလဲ?”


“သူက ငါ့ကို နမ်းတာပါ။” ဟု ဟယ်ကုက ဖြေသည်။


“ငါမြင်တာတော့ မင်းလည်း အလိုတူပဲ။” စုန့်ကျွီးဟန်က မျက်ဝန်းများကို မှေးကျဥ်းလိုက်သည်။ “ငါတို့ အတူမအိပ်တာ ရက်ဘယ်လောက်မှမရှိသေးဘူးလေ။ မင်းက ဒီလောက်တောင်ဆာနေရလား?”


ကျွမ်းကျဲယွီ ပိုလို့ပင် အံ့သြသွားရတော့သည်။ စုန့်ကျွီးဟန် တစ်ယောက်ယောက်အပေါ် ယခုလို အငြိုးတကြီးဆက်ဆံသည်ကို သူမမြင်ဖူးပေ။ ဒီနာမည်ကျော်ကြယ်ပွင့်ကြီးက သဘောထားပြည့်ဝသူမဟုတ်မှန်း သိထားသော်လည်း ကျွမ်းကျဲယွီ ဒီအဖြစ်မျိုးတော့ မကြုံခဲ့ဖူးပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းကွပ်ဆုံးမခဲ့သည်ဆိုသည်မှာ အလကားပင်။ စုန့်ကျွီးဟန်လိုမျိုး မွေးကတည်းက ကျက်သရေရှိတင့်တယ်သူမျိုးက အတွင်းစိတ်တွင်ရော အပြင်တွင်ပါ ရည်မွန်သူတစ်ယောက်ဖြစ်သင့်သော်လည်း၊ လက်တွေ့တွင်မူ သူ့အကျိုးကို မထိပါးသရွေ့သာ လူလိမာလေးပုံဖမ်းထားခြင်း ဖြစ်သည်။ စုန့်ကျွီးဟန်တွင် ယခုလို သွေးဆူတတ်သောပုံစံရှိမည်ဟု စိတ်ကူးပင်မယဥ်ခဲ့ဖူးပါချေ။


ထိုအနမ်းက တကယ် ခံစားလို့ကောင်းပါရဲ့လား? ကျွမ်းကျင်မှုကတော့ အပြစ်ဆိုဖွယ်မရှိ‌‌‌ပေ။ အနမ်းတစ်ခုက ဘယ်လိုဖြစ်သင့်တယ်ဆိုသည့် အတွေးအမြင်သစ်တစ်ခု ရစေသည့်အနမ်းမျိုးဖြစ်သည်။ သို့သော် ဒီထက်တော့မပို။ သူမစားဖူးသော အစားတစ်ခု စားလိုက်ရသလိုသာ။ ထူးခြားသည့် အဓိပာယ်မရှိပါပေ။ သူ အကုန်ပြောပြသင့်သည်ဟု ခံစားလိုက်ရသည်။ စုန့်ကျွီးဟန်က ထိုအနမ်းကြောင့် ဒေါသထွက်သွားသည်မှာ သိသာလှသည်။ တစ်ခုခုပြောခြင်း မပြောခြင်းက ဘာမှ အသုံးမဝင်ဆိုလျှင်တော့ ကျော်သွားလိုက်သင့်သည်။  စုန့်ကျွီးဟန် စိတ်မပျော်ဖြစ်နေလျှင် ထွက်သွားပေးလိုက်သည်သာ အကောင်းဆုံးဖြစ်မည်။ ဒါသူနားလည်ထားသည့် ဥပဒေသပင်။


ဟယ်ကုက နောက်လှည့်၍ ဖိနပ်စီးလိုက်သည်။


“မင်း ဒီအခန်းထဲကထွက်ဖို့ ခြေလှမ်းရဲလှမ်းကြည့်စမ်း။ ငါမင်းကို ထပ်မမြင်ချင်တော့ဘူးသာမှတ်လိုက်။” စုန့်ကျွီးဟန်က မေးကိုငေါ့၍ သူ့ကို အပေါ်စီးမှ မိုးကြည့်လာခဲ့သည်။


ဒီစကားတစ်ခွန်းက အတော်အလုပ်ဖြစ်သွားသည်ပင်။ ဟယ်ကု ခါးပြန်မတ်လိုက်ပြီး ထပ်ရှင်းပြလိုက်မိပြန်သည်။ “သူက မင်းပြောလိုက်တာကို အဓိပာယ်ကောက်လွဲသွားတာပါ။ ငါတို့က...”

“သူ အဓိပာယ်ကောက်မလွဲပါဘူး။” စုန့်ကျွီးဟန်က ဘာပဲဖြစ်နေနေ နှုတ်ခမ်းများကိုတော့ ညင်သာစွာ တွန့်ကွေးလျက် အကြင်နာကင်းမဲ့သည့် အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။

ဟယ်ကု တစ်ကိုယ်လုံး တုန်လှုပ်သွားမိသည်။ စုန့်ကျွီးဟန် တကယ်လိုချင်တာတော့ မဟုတ်လောက်ပါဟု...


စုန့်ကျွီးဟန်က အနားသို့လာပြီး လည်စည်းကို ဆွဲထုတ်လိုက်သည်။ “မင်းက နှစ်တွေအကြာကြီး ကျိုးကျိုးနွံနွံနဲ့ နာခံပြီးနေလာတဲ့သူပါ။ ဒီနေ့ရော ငါ့ကို နာခံမှာပဲလား?"

  

ဟယ်ကု လည်ချောင်းထဲ လှုပ်ခတ်သွားသည်။ “ကျွီးဟန် မင်း မမိုက်ရိုင်းစမ်းနဲ့။” ဟယ်ကု စုန့်ကျွီးဟန်နှင့် ထိုကောင်လေးကို ကြည့်လိုက်မိသည်။ သူ့နေရာမဟုတ်၍ ဒီကိစထဲ ဘာမှ ဝင်မပါနိုင်ပေ။ စက်ဆုပ်စရာကောင်းလှသည်။ 


“ဒီအကြောင်းပြောရုံနဲ့ မိုက်ရိုင်းတဲ့သူဖြစ်ရောလား? မင်းက သူ့ကိုနမ်းတာကျတော့ စရိုက်ဆန်လွန်းရာ မကျဘူးပေါ့?” စုန့်ကျွီးဟန် ခုနကမြင်ကွင်းကို ပြန်မြင်ယောင်မိသွားပြန်သည်။ ဟယ်ကုမျက်နှာက တုန်လှုပ်နေသော်လည်း အနမ်းတွင်ပျော်မွေ့နေပုံပေါ်သည်ကို မြင်လိုက်ရသောအခါ ဒေါသထွက်ပြီး သွေးများ ဆူပွက်လာတော့သည်။ ဟယ်ကုက သူ့အိမ်သို့လာရာမှ ထိုအဆိုတော်လေးနှင့် နမ်းမိသွားသည်။ ဟယ်ကုက တခြားလူတစ်ယောက်ကို နမ်းမိခဲ့သည်။ သွားပြီ။ 


“ဒီကိစက ငါ့အပြစ်တော့ မဟုတ်ဘူးလေ။”


ထိုစကားက စုန့်ကျွီးဟန် ပိုဒေါသထွက်စေရန် တွန်းပို့လိုက်သလို ဖြစ်သွားသည်။ သူ ဟယ်ကု၏ ကော်လံကိုဆွဲကိုင်ပြီး နံရံတွင် ဖိကပ်ပစ်လိုက်တော့သည်။ လင်းလက်လှပသော သူ့ကြယ်ပွင့်ကလေးက ဒီတစ်ကြိမ်တွင်တော့ အတိုင်းအဆမရှိသော ကြောက်ရွံ့စိတ်များကို ဖြစ်ပေါ်လာစေပြန်သည်။


ဘာများဖြစ်သွားတာလဲ? ကျွမ်းကျဲယွီခမျာ စုန့်ကျွီးဟန်၏ သောင်းကျန်းမှုကြောင့် လန့်ဖျပ်သွားရသည်။ နှစ်ဦးသား ကြားမှ အခြေအနေများကို ပျက်ယွင်းစေမတတ် သောင်းကျန်းမှုကြီးက အနမ်းတစ်ခုကြောင့် ဖြစ်သည်တဲ့လေ။ စုန့်ကျွီးဟန်၏ တုံ့ပြန်ပုံက အတော်မူမမှန်တာ မဟုတ်ဘူးလား?


ကျွမ်းကျဲယွီ စုန့်ကျွီးဟန်ကို နားမလည်နိုင်ပါပေ။ သူက စုန့်ကျွီးဟန်၏ ခံ့ထည်ပြီး ဆွဲဆောင်မှုရှိသော ဘက်ခြမ်းကိုသာ မြင်ဖူးထားပြီး စုန့်ကျွီးဟန်၏ အသွင်အပြင်အားလုံးကို မမြင်ဖူးသေးပေ


စုန့်ကျွီးဟန်က အလွန်ဒေါသကြီးတတ်သောကြောင့် သူ့ကို အမှန်တကယ်နားလည်သူများက အမြဲသတိနှင့် ဆက်ဆံကြရသည်။ ယနေ့ ဟယ်ကုနှင့် ကျွမ်းကျဲယွီကြားက အနမ်းတစ်ခုကြောင့် စုန့်ကျွီးဟန်က သူ့ကို အာခံသည်ဟု ခံစားသွားရ၍ ဖြစ်နိုင်သည်။ သူ ဘာမှအပြစ်မလုပ်ထားသော်လည်း စုန့်ကျွီးဟန်၏ အငြိုးကို ခံနိုင်ရည်ရှိနိုင်မည်မထင်။ တစ်ခေါက် နှစ်ခေါက်နှင့် ပြီးပြတ်သွားမည့် ပုံလည်းမပေါ်‌ပေ။ သူဒေါသပြေသည်အထိ စောင့်နေသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်။ 


စုန့်ကျွီးဟန်က မျက်လုံးများကို မှေးကျဥ်းလျက် သူ့မျက်နှာကို တစ်လက်မ မကျန် စေ့စေ့စပ်စပ် လိုက်ကြည့်သည်။ နောက်ဆုံးတွင် အကြည့်က နှုတ်ခမ်းများပေါ် ကျရောက်လာသည်။ သူက ဟယ်ကု နှုတ်ခမ်းအစုံကို လက်ချောင်းထိပ်လေးများဖြင့် ပွတ်သပ်လိုက်သေးသည်။ ထို့နောက် အားပြင်းပြင်းနှင့် ကြမ်းတမ်းစွာ နမ်းရှိုက်တော့ သည်။


အပြစ်ပေးခြင်းဆန်သည့် အနမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ ဟယ်ကုမသိပါ။ သွားအချင်းချင်း မခိုက်မိ စေရန်သာ အတတ်နိုင်ဆုံး နေပေးမိသည်။


စုန့်ကျွီးဟန်၏ လျှာက သူ့ခံတွင်းထဲတွင် သွားများနှင့် ထိခတ်မိနေတော့သည်။ ဟယ်ကုလည်း တဖြည်းဖြည်း အသက်ရှူကြပ်လာပြီ မျက်နှာမှာလည်း သွေးရောင်လွှမ်းလာတော့သည်။


ထိုစဥ်မှာပင် စုန့်ကျွီးဟန်က သူ့ အဝတ်အစားများကို ဆွဲချွတ်တော့သည်။ ဟယ်ကု ထိတ်လန့်သွားပြီး စုန့်ကျွီးဟန်လက်ကို ဆွဲလိုက်မိသည်။ “ကျွီးဟန်?”


“ဒီနေ့ရဲ့ ကစားနည်းက အထူးစပယ်ရှယ်လေ။ ငါက မင်းကို ရယူမယ်။ သူက ကြည့်နေလိမ့်မယ်။” စုန့်ကျွီးဟန်က ခပ်ကြမ်းကြမ်းဆွဲလိုက်ပြီး ခါးပတ်ကိုလည်း ဆွဲဖြုတ်လိုက်သည်။


ကျွမ်းကျဲယွီကတော့ သူ့ခေါင်းတစ်ခုလုံး ထုံသွားသည်ကိုသာ ခံစားလိုက်ရတော့သည်။ စုန့်ကျွီးဟန်၏ အသံတွင် ပါနေသော ဒေါသနှင့်ယုတ်ကန်းမှုကလည်း သူ့ကို ခြောက်လှန့်လျက်ရှိသည်။

ဟယ်ကုလည်း တုန်လှုပ်နေသည်ပင်။ “စိတ်အေးအေးထားပါ ကျွီးဟန်ရယ်။ ပြဿနာမရှာပါနဲ့။”


“မင်းကို ဘယ်သူက ပြဿနာရှာနေလို့လဲ?”


စုန့်ကျွီးဟန်၏ အားက တော်ရုံတန်ရုံလူ ခံနိုင်ဖို့မလွယ်ပေ။ စုန့်မင်းဆက် ဖျော်ဖြေရေးလုပ်ငန်းစု အင်ပါယာကြီး၏ တစ်ဦးတည်းသော အမွေဆက်ဆံသူဖြစ်သည့်အလျောက် သူ့လုံခြုံရေးက အမြဲတမ်း ပထမဦးစားပေးပင်။ ကလေးဘဝကတည်းက အတော်ဆုံး ပညာရှင်များထံတွင် ကိုယ်ခံပညာသင်ခဲ့သူဖြစ်သည်။ လက်သန်းကြွယ်နှင့် လက်သန်းသာသုံး၍ သစ်ကြားသီးအခွံကို အသာလေး ခွဲပစ်လိုက်သည်ကိုပင် ဟယ်ကု မြင်ဖူးသည်။ လှပသောလက်ချောင်းလေးများက တူရိယာတီးခတ်ရာတွင်သာ ကျွမ်းကျင်သည်မဟုတ် လူတစ်ယောက်၏ အမာဆုံးအရိုးကိုပါ ချိုးပစ်နိုင်သည်။ ဟယ်ကုက သူ့အရှေ့တွင် ရောက်နေရသည်။ ဘာကြောင့်များ..?  


ဟယ်ကုမျက်နှာက ရှက်သွေးများရဲနေတော့သည်။ ဒါ သူ့ဘဝတွင် ရှက်စရာအကောင်းဆုံး မြင်ကွင်းတစ်ခုဖြစ်မည်။ သူ့မျက်လုံးများက စုန့်ကျွီးဟန်၏ ပခုံးကိုကျော်၍ ကျွမ်းကျဲယွီ၏ ကြောက်ရွံ့နေသော မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ သူနှလုံးသားကို ရွှံ့ဗွက်ထဲ ချနင်းလိုက်သလို ခံစားလိုက်ရတော့သည်။


စုန့်ကျွီးဟန်က တစ်ဆင့်ပြီးတစ်ဆင့်တက်လာခဲ့သည်။ ဟယ်ကု သူ့ကို အားဖြင့်တွန်းထုတ်ပစ်လိုက်ချင်သည်။ “ကျွီးဟန် ငါ့ကို လွှတ်ပေးပါ။”


“မလှုပ်နဲ့ မအေပေးကောင်။ မင်းကြောင့် ငါ့တစ်နေ့တာက ပျက်စီးသွားရတာ။ မင်းပြန်အလျော်ပေးသင့်တယ် မဟုတ်ဘူးလား? တစ်စုံတစ်ယောက်ကတော့ မင်းကိုကြည့်ရင်းနဲ့ ပိုစိတ်လှုပ်ရှားနေလောက်ပြီ။ မင်းခံစားမိမှာပါ။ အဲ့ဒါ သူက မင်းနဲ့ဆို နေသားတကျဖြစ်နေလို့ပေါ့။ ငါက မင်းလည်းသူ့လို နေသားကျလာတဲ့အထိ မင်းကို လုပ်ပစ်ဦးမှာ။”

သူ့လက်က ဟယ်ကု၏ အတွင်းခံကို ဆွဲချွတ်ပစ်နေသည်။


ဟယ်ကုနှလုံးသား အတော်နာကျင်သွားရသည်။ သူ့မျက်လုံးတွေလည်း ပူတက်လာသည်။ ဘယ်ကထွက်လာမှန်းမသိသော အားအင်များဖြင့် သူ စုန့်ကျွီးဟန်ကို တွန်းထုတ်ပစ်လိုက်တော့သည်။

စုန့်ကျွီးဟန်က အနောက်သို့ ခြေလှမ်းအနည်းငယ်စာ ယိုင်ထွက်သွားသော်လည် အမြန်ပင် ကိုယ်ကို ပြန်မတ်လိုက်နိုင်သည်။


ဟယ်ကုကတော့ ဝံပုလွေတစ်‌ကောင်ဖြင့် တိုက်ခိုက်နေရသလိုပင်။ သူ့အဝတ်အစားများနှင့် လည်စည်းမှာလည်း ယုံရွဲ့နေပြီး ဘောင်းဘီကလည်း ခြေရင်းတွင် ပုံကျလျက်သား။ မျက်နှာကလည်း ဒေါသများဖြင့် ပြည့်နှက်နေသည်။ 


ကျွမ်းကျဲယွီကတော့ သူ့ကို စိတ်သောကရောက်စွာကြည့်နေမိတော့သည်။ လူချမ်းသာတွေဆိုတာ တကယ် မကောင်းဆိုးဝါးတွေပင်။


တိတ်တိတ်ဆိတ်ဆိတ်နှင့် နာခံရိုကျိုးတတ်သော ဟယ်ကုလိုလူက ထိုကဲ့သို့ ပြင်းထန်စွာတုံ့ပြန်လာလိမ့်မည်ဟု စုန့်ကျွီးဟန် မမျှော်လင့်ခဲ့ပေ။ ဆိုးဆိုးရွားရွားအရှက်ကွဲသွားခြင်းကြောင့် ဒေါသထွက်ချိန်မရအောင်ပင် ကြက်သေသေနေမိတော့သည်။


ဟယ်ကု တုန်တုန်ရီရီဖြင့် ဘောင်းဘီကို ဆွဲတင်လိုက်သည်။ တံခါးသို့ ပြေးကာ ဖိနပ်များကို ကန်ထုတ်ပစ်လိုက်ပြီး လေအလျင်ဖြင့် ပြေးထွက်လာခဲ့တော့သည်။


စုန့်ကျွီးဟန် အသိဝင်လာသောအခါ ဟယ်ကုက ထွက်ပြေးသွားလေပြီ။ မျက်နှာ ပုတ်သိုးစွာဖြင့် ဘေးက ခွေးခြေကို ဆွဲလှန်ပစ်လိုက်သည်။


ကျွမ်းကျဲယွီက အနည်းငယ်ကြောက်လန့်စွာဖြင့် ဘေးတွင်ရပ်လျက်ရှိသည်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိပေ။


စုန့်ကျွီးဟန် လည်ချောင်းထဲ ခိုးလိုးခုလုဖြစ်နေပြီး မျက်လုံးများကတော့ တစ်ဝက်တစ်ပျက်ပွင့်နေသော တံခါးတွင်သာ ငေးစိုက်နေခဲ့သည်။ နေရာတွင်ပင် တောင့်ခဲလျက် အချိန်အတော်ကြာ ရပ်နေတော့သည်။ လှုပ်ပင်မလှုပ်။ သူဘာစဥ်းစားနေမှန်းလည်း မသိနိုင်ပေ။


ကျွမ်းကျဲယွီ အသက်ပင် မရှူရဲတော့။


အချိန်အတော်ကြာပြီးမှ စုန့်ကျွီးဟန်က သူ့ကို သတိထားမိသွားပုံပင်။ အေးစက်စွာ လှမ်းကြည့်လာခဲ့သည်။ “မင်းသူ့ကို ဘယ်တော့မှ ထပ်မထိမိစေနဲ့။ မဟုတ်လို့ကတော့ မင်း ဒီအနုပညာလောကထဲ နေရာရလာဖို့ဆိုတာ မစဥ်းစားနဲ့တော့။”


ကျွမ်းကျဲယွီက အသက်ရှူလိုက်ပြီး ပုစွန်ဆိတ်ကလေးလို ခေါင်းကို ညိတ်တော့သည်။ “ကျွန်တော်တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် အစ်ကိုဟန်။”


“ထွက်သွားစမ်း။”


rate now: