book

Index 6

အခန်း ၆။ နှုတ်ဆက်ပါတီနှင့် အံ့အားသင့်ဖွယ်လက်ဆောင်

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ဟယ်ကုက သူ့ကို ပြုံးပြလိုက်သည်။ “ဖုန်းကျုန်း မင်းလည်း ငါနဲ့ ကျွီးဟန်ကြားက ဆက်ဆံရေးကို သိနေတာပဲ။ အဲ့ဒါ အထင်လွဲနေတာပါကွာ။ ဒီနှစ်တွေထဲမှာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် အဖော်သဟဲသဘောပါပဲ။ သူ့အကြောင်းတွေက အမှန်တရားဖြစ်ဖြစ်၊ အမှားပဲဖြစ်ဖြစ် ငါနဲ့လည်း သိပ်မဆိုင်ပါဘူး။” ဟယ်ကု အမှန်အတိုင်း ပြောရန်သာ ဆုံးဖြတ်လိုက်သည်။ ဖုန်းကျုန်းတစ်ယောက် ဒီအကြောင်းနှင့် တိုင်လာပတ်နေမှာကို သူမလိုလား။ အမှန်တွင်တော့ သူ ကိုယ့်အတွက်ကိုယ် တွေးပြီး လုပ်မိခြင်းလည်း ဖြစ်သည်။ ဟယ်ကုက ဖုန်းကျုန်းကိုယ်တိုင် အကြောင်းစုံ သိသွားသည်အထိစောင့်မနေဘဲ ဦးအောင် ဖွင့်ပြောထားပြီး စိတ်အေးအေးသာ နေချင်တော့သည်။

 

ဖုန်းကျုန်းက လက်သီးကိုဆုပ်လိုက်ပြီး လေသံကလည်း အေးခဲသွားခဲ့သည်။ “ဒါဆို စုန့်ကျွီးဟန်ပြောတဲ့ မင်းက သူ့ရဲ့ ကိုယ်လုပ်တော်ဆိုတာက နောက်တာမဟုတ်ဘူးပေါ့။”


ဟယ်ကုက အလွယ်ပဲ ပြုံးပြလိုက်သည်။


ဖုန်းကျုန်းက ထိုင်ခုံ၏နောက်မှီကို မှီချလိုက်ပြီး ဟယ်ကုကို မေးခွန်းများပါသောမျက်ဝန်းများဖြင့် ငေးကြည့်လာ သည်။ ကျဥ်းမြောင်းပြီး နက်ရှိုင်းသော မျက်ဝန်းများမှာ စူးရှတောက်ပလျက်ရှိသည်။ ဟယ်ကု၏ ရင်ထဲအထိ ထွင်းဖောက် မြင်နိုင်နေသကဲ့သို့ပင်။


ဟယ်ကုခမျာ ဖုန်းကျုန်း၏ အကြည့်များကြား နေရခက်လာသောကြောင့် ဝိုင်ခွက်ကို ယူကာ သောက်ချ လိုက်တော့သည်။


“ဒီနှစ်တွေထဲ မင်းနဲ့ စုန့်ကျွီးဟန်က တကယ် အတူအိပ်ရုံပဲလား? ဖုန်းကျုန်း၏ အသံက အေးစက်နေသလို ဒေါသထွက်ဟန်လည်း ပေါက်နေသည်။


ဟယ်ကုက ရပ်လိုက်သည်။ သူပြန်ဖြေပုံမှာလည်း ဆူပူသည့်လေသံဖြစ်သွားတော့သည်။ “ဖုန်းကျုန်း ငါနဲ့ကျွီးဟန် ဘယ်လိုဆက်ဆံရေးဖြစ်ဖြစ် ဘယ်သူ့အပူမှမပါဘူး။ ဒီနေ့ ငါ မင်းကို မြို့ထဲမှာ ပျော်ပျော်ပါးပါးစားကြဖို့ ခေါ်လာတာ။ တခြားလူတွေအကြောင်း ပြောစရာမလိုဘူးလေ။”


“ဟယ်ကုရာ ငါသိချင်တာလေးတောင် မေးလို့မရဘူးလား? စုန့်ကျွီးဟန်သာမရှိခဲ့ဘူးဆိုရင် မင်းက ငါ့အပိုင် ဖြစ်ရမှာလေ။”


ဟယ်ကု သက်ပြင်းချလိုက်မိသည်။ “ပြီးခဲ့တာတွေ ပြန်ပြောမနေပါနဲ့တော့ကွာ။ နှစ်တွေလည်း ကြာ ကြာလှပြီပဲ။”


ဖုန်းကျုန်းက သူ့ဘက်သို့ မှီလိုက်သည်။ မျက်ဝန်းများက ကျောက်သားလို လက်ထနေသော်လည်း တုန်ရီအေးစက်နေသော ယောကျ်ားတစ်ယောက်အဖြစ်ပြောင်းသွားခဲ့သည်။ ထိုစဥ်မှာပင် သူပြောလိုက်သောစကားက နှလုံးသားကို ဖျစ်ညှစ်လိုက်သလို နာကျင်စရာကောင်းလှသည်။ “သူက ဒီလိုလူမျိုးဖြစ်နေတာတောင် မင်းက သူ့ကို ကြိုက်နေတုန်းပဲပေါ့။”


ဟယ်ကု ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။ သူ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားမိပြီး စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။


ဖုန်းကျုန်းက လှောင်ရယ်လိုက်ပြီး စကားဆိုလာသည်။ “မင်းသူ့ကို ကြိုက်နေတာပဲ။ ဒီလောက်နှစ်တွေကြာအောင် အတူအိပ်လာခဲ့တာ။ ငါကြည့်ရတာ သူ့မှာသာ ဟိုမိန်းမ၊ ဒီယောက်ျားနဲ့ လူတွေသာပြောင်းပြောင်းသွားတယ် မင်းကိုတော့ စာရင်းရှိပုံမရဘူး။ ဟယ်ကု မင်းဒီလို အပေါစားဖြစ်နေရတာကို ‌မနာကြည်းဘူးလား?”


ဟယ်ကုက ထမင်းစားတူကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး မျက်နှာသေဖြင့် ဖုန်းကျုန်းကို ကြည့်လိုက်သည်။ “ဖုန်းကျုန်း ငါက မင်းနဲ့ ထမင်းထွက်စားဖို့ခေါ်လိုက်တာ ဒီလိုမျိုး ငါ့ကိုလာဆူပူနေဖို့မဟုတ်ဘူးနော်။ ငါက မင်းအထင်အမြင်ကိုလည်း ဂရုမစိုက်ဘူး။ မင်းဒီလိုပဲလုပ်နေမယ်ဆိုရင် ငါတို့ ထပ်မတွေ့ကြဖို့ပဲရှိတယ်။ ငါမင်းကို မမြင်ချင်တော့ဘူး။ မင်းခေါင်းထဲမှာဘာတွေတွေးထားထား ရှေ့ဆက်စရာမလို‌တော့ဘူး။”


ဟယ်ကု အမြန်မတ်တပ်ရပ်လိုက်သည်။


ဖုန်းကျုန်းလည်း ထရပ်လိုက်ပြီး တိုးညှင်းစွာဆိုသည်။ “ငါက မင်းကို သူ့ပိုင်ဆိုင်မှု မဖြစ်စေချင်ရုံပါပဲကွာ။”


ဟယ်ကု ရပ်သွားရသည်။


“ဟယ်ကု မင်းကငါ့ကိုကျော်ပြီး အဲ့ဒီ လူဆိုးကောင်ကို ရွေးသွားခဲ့တာနော်။ သူက မင်းကို တစ်စက်မှ ကြိုက်တာ မဟုတ်ဘဲနဲ့များ သူနဲ့တွဲပြီးဘာလုပ်မှာလဲကွာ? သူကမင်းကို ငါမပေးနိုင်တာ ဘာတွေများ ပေးနေလို့လဲ?”


ဟယ်ကုက နောက်လှည့်၍ ဖုန်းကျုန်းကို တည်ငြိမ်စွာကြည့်လိုက်သည်။ “စုန့်ကျွီးဟန်က ငါ့ကို မကြိုက်တာ သူ့အပြစ်မှမဟုတ်တာ။ ငါ့အပေါ် ဘာအကြွေးမှလည်းမတင်နေဘူး။ ဘယ်သူက ဘယ်လို ဘာညာဆိုတာလည်း အဖြေရှာမနေချင်တော့ဘူးကွာ။ လူတိုင်းက အရွယ်ရောက်ပြီးသားတွေပဲ။ ငါ့ဘဝကို ဘယ်လိုရှင်သန်သွားမယ် ဆိုတာ ငါ့ရွေးချယ်မှုလေ။ ငါဘယ်လိုလူဆိုတာ ငါနဲ့ပဲဆိုင်တာမို့ပါ။ နှုတ်ဆက်ပါတယ်။”


ဟယ်ကု အခန်းလေးထဲမှ ထွက်လိုက်ပြီး အရှေ့ရှိ ငွေရှင်းကောင်တာတွင် ငွေရှင်းလိုက်သည်။ ထို့နောက် မျက်နှာကို ခပ်မော့မော့ထား၍သာ ဆိုင်ထဲမှ ထွက်လာတော့သည်။

ဆိုင်ခန်းထဲက ထွက်ပြီးမှ ဆိုင်ထဲတွင် ထီးမေ့ကျန်ခဲ့မှန်း သတိရသွားသည်။ သို့သော်လည်း နောက်ပြန် မလှည့်ချင်တော့သဖြင့် မိုးဖွဲများကြားမှပင် ခပ်သုတ်သုတ်လျှောက်လာလိုက်သည်။

အသက်တစ်ဝရှုလိုက်ပြီး ကားရပ်ထားရာဆီသို့ ပြေးထွက်ခဲ့သည်။ ကားတံခါးဖွင့်ပြီး အထဲဝင်ထိုင်လိုက်ချိန်မှပဲ ခံစားချက်ပေါင်းများစွာဖြင့် တစ်ကိုယ်လုံး မလှုပ်နိုင်အောင် လေးလံထုံကျဥ်လာမိတော့သည်။


“ဟယ်ကု မင်းဘာလို့ မနာကြည်းရတာလဲ?”


ဖုန်းကျုန်း၏ စကားလုံးများက သူ့နှလုံးသားကို အပ်များကဲ့သို့ ထိုးဆွနေသည်။ နှလုံးသားထဲမှ စသော အပူက မျက်နှာပြင်ဆီသို့ လျှံတက်လာတော့သည်။


အမှန်တော့ စုန့်ကျွီးဟန်နှင့် မပတ်သက်သော ကိစများတွင် ဟယ်ကုက ကိုယ့်သိကာကိုယ် အမြဲတန်ဖိုးထား ထိန်းသိမ်းတတ်သူဖြစ်သည်။ မဖြစ်နိုင်ဟုထင်ရသော တာဝန်များကိုပင် သူ့ကိုယ်သူ အလေးထားသည့်အနေဖြင့် ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်တတ်သူမျိုးပင်။ သူ့သိကာအတွက် သူတာဝန်ယူတတ်ပြီး သူတစ်ပါး၏ သိကာအတွက်တော့ သူ့တွင် တာဝန်မရှိဟုခံယူထားသည်။ အခြားနေရာများတွင် သိကာစောင့်ထိန်းခဲ့သမျှက  စုန့်ကျွီးဟန်ထံပါးတွင် အနင်းချေခံရခြင်းဖြင့် ပြန်ပေးဆပ်နေရသလိုပင်။ ထို့အတွက် မဖြစ်စလောက်သော ပျော်ရွှင်မှုလေးသာ သူပြန်ရရှာသည်။


ဒီအဖြစ်က ရှက်စရာကောင်းကြောင်း သူသေချာသိပါသည်။ သို့သော်လည်း သူပြောခဲ့သလိုပင် ဒါ သူကိုယ်တိုင် ရွေးချယ်ခဲ့သော အရာဖြစ်သည်။ သူတစ်ပါးကို ဒုကပေးခြင်း၊ ဥပဒေချိုးဖောက်နေခြင်းလည်း မဟုတ်သည့်အတွက် သူတစ်ပါး၏ အထင်အမြင်ပေါ်လိုက်ပြီး စိတ်ဆိုးပေါက်ကွဲနေရန် လိုအပ်ပါရဲ့လား?


မလျော်ကန် မကောင်းမွန်သော အရာဖြစ်နေပါစေ ဟယ်ကုကတော့ သူလုပ်ချင်ရာကို လုပ်နေမည်သာဖြစ်သည်။ နောင်တမရပါချေ။


သူနောင်တရသည်မှာ ဖုန်းကျုန်းနှင့်တွေ့မိခြင်းနှင့် သူမျိုမကျသော အစားအသောက်များအတွက် ပိုက်ဆံအကုန်ခံ လိုက်ရခြင်းကိုသာဖြစ်သည်။ စိတ်ပျက်စရာပင်။


ဖုန်းကျုန်း၏ လှိုက်လှဲသည့် စကားများကြောင့် သူ့ရင်ထဲ ထိ သွားရသည်ကိုတော့ ဝန်ခံရမည်။ ဖုန်းကျုန်းက အပြစ်ရှာမရအောင် ပြည့်စုံသည့်သူပါပင်။ ဝင်းလဲ့ပြီး သေလုအောင် ချောမောသော မျက်နှာလေးရှိသည်။    ဉာဏ်ရည်ကလည်း အင်မတန်မြင့်ပြီး လုပ်သမျှတွင် ထူးချွန်သည်။ သူတို့နှစ်ဦးက ကျောင်းနေဖက်ဟောင်းများ သာမက သူ့ကုမဏီတွင်လည်း အကြီးတန်းတွဲဖက်ဖြစ်ခဲ့သေးသည်။ ဖုန်းမျိုးရိုးဟုဆိုလိုက်သည်နှင့် အရှိန်အဝါက ကြီးလှသည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးလည်း အသိအကျွမ်းဖြစ်လာခဲ့ကြသည်ပင်။

 

အထက်တန်းတတိယနှစ်၏ နေ့လည်ခင်းလေးတစ်ခုစာ ပတ်သက်မှု၊ စုန့်ကျွီးဟန်၏ အလဟဿအချစ် စသည်တို့နှင့် နှိုင်းစာပါလျှင် ဖုန်းကျုန်းသည် လက်တွေ့ကျသော ရွေးချယ်မှုဖြစ်ပေသည်။ အနည်းဆုံးတော့ သူအလှမ်းမမီနိုင်သော သူမျိုးမဟုတ်။ အကယ်၍ စုန့်ကျွီးဟန်သာ တရုတ်ပြည်သို့ ပြန်မလာခဲ့လျှင် နောက်ပိုင်း ဖြစ်ရပ်များ ဘာမှ ဆက်ဖြစ်မည်မဟုတ်ဘဲ သူလည်း ဖုန်း၏ ရင်ခွင်ထဲသာ ရောက်သွားမိမည်ဖြစ်သည်။

 

သို့သော် သူ့အနေဖြင့် ဖုန်းကျုန်းအပေါ် အထူးတလည် စိတ်မဖြစ်ခဲ့သည်မှာ ယခုတိုင်ပင်။ သူအချစ်ကို ရှာဖွေရန် ဆနပြင်းပြခဲ့စဥ်က သူကတော့ ခံစားချက်များကို သိုဝှက်ပြီး သူငယ်ချင်းအဖြစ်နေရန်သာ ကြိုးစားခဲ့သည်။ သူနှင့် ဖုန်းကျုန်းက ဉာဏ်ရည်ချင်းအတူတူပဲဟု သူခံစားမိသည်။ အမှန်တော့ သူက အရာအရာကို နားလည်သူဖြစ်ပြီး ထူထူအအတော့မဟုတ်။ သို့သော် စုန့်ကျွီးဟန် မပါသေးသရွေ့သာ။


မျက်စိလျင်လွန်းသော ဖုန်းကျုန်းပေါ်လာခြင်းသည်လည်း သူ့ကို ဘာမှ ပြောင်းလဲသွားစေနိုင်မည် မဟုတ်။ စုန့်ကျွီးဟန်လည်း ထို့အတူပင်ဖြစ်သည်။ သူနှင့် လက်ရည်တူ ပြိုင်ဘက် ဖုန်းကျုန်းသာမရှိခဲ့လျှင် ကျွီးဟန်က ဟယ်ကု၏ နာမည်ကိုပင် မှတ်မိလိမ့်မည်မဟုတ်။


ယောကျ်ားများသည် စိန်ခေါ်မှုများကို ကြိုက်ကြပြီး အနိုင်ယူလိုစိတ်လည်း ပြင်းပြကြသည်ပင်။ ဒါကို ဟိုစဥ် ကတည်းက ဟယ်ကု သေချာသိခဲ့ပြီးသားဖြစ်သည်။ စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်းနှစ်ဦးလုံးက သူ့ကို ကြိုက်၍ မဟုတ်ဘဲ သူတို့၏ပြိုင်ပွဲတွင် ဆုတစ်ခုအနေနှင့်သာ သဘောထားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း အမြတ်ထွက် သွားသည့် အောင်နိုင်သူက သူဖြစ်သင့်သော်လည်း ကံဆိုးစွာဖြင့်ပင် သူက စုန့်ကျွီးဟန်ကို ကြိုက်မိသွားတော့သည်။


သင် တစ်စုံတစ်ယောက်ကို ကြိုက်မိပါက ထိုသူ့ထံတွင် ပွဲစကတည်းက ရှုံးရတော့သည်ပင်။

 

ဟယ်ကု အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကားစက်နှိုးကာ အိမ်သို့ မောင်းလာလိုက်သည်။


လမ်းတစ်ဝက်အရောက်တွင် ဖုန်းကျုန်းထံမှ စာတိုဝင်လာခဲ့သည်။ စကားလုံးသုံးလုံးသာ ခပ်တိုတိုရေးထားသည်။ “တောင်းပန်တယ်။”


သူ စာပြန်ပို့မနေတော့ပေ။ ဖုန်းကျုန်း၏ နံပါတ်ကိုလည်း ဖျက်ပစ်လိုက်တော့သည်။


ဖုန်းကျုန်း၏ ယနေ့ ရည်ရွယ်ချက်က ဘာလဲ သူမသိခဲ့။ သို့သော် သူ့အတွက် မဟုတ်သည်က သေချာသည်။ ဒီနှစ်များအတွင်း သူတို့နှစ်ဦး အဆက်အသွယ်မလုပ်ဖြစ်သော်လည်း ကျောင်းနေဖက်ဟောင်းများမှ တစ်ဆင့် ဖုန်းကျုန်း၏ သတင်းများ မကြာခဏ ကြားရလေ့ရှိသည်။  ဖုန်းမိသားစု၏ သားအကြောင်းကို လူတိုင်းက စိတ်ဝင်စားကြသည်ပင်။ ဖုန်းကျုန်းက မအားမလပ်နိုင်အောင် သူ့ကိုသာတမ်းတနေခဲ့သလား ဆိုသည်ကိုလည်း ဟယ်ကု မသိချင်တော့ပါ။


ဖုန်းကျုန်း တရုတ်ပြည်သို့ပြန်လာချိန်တွင် စုန့်ကျွီးဟန်အပေါ် ဒေါသအာဃာတများရှိနေသေးကြောင်း ဟယ်ကု မျက်မြင်ပင်ဖြစ်သည်။ လွန်ခဲ့သော ‌‌ခြောက်နှစ်က ရှုံးနိမ့်ပြီး မခံချိမခံသာဖြစ်ခဲ့ရခြင်းကို သူ့ခေါင်းထဲထုတ်မရ ဖြစ်နေ ပြီး မျက်နှာပျက်ခဲ့ရသည်ကိုလည်း သည်းမခံနိုင်ဖြစ်နေသေးပုံပင်။ ဒါဖြင့် သူက ဘာကိုများ ပြန်လိုချင်နေပါသနည်း။ ‘မင်းကိုရအောင်ပြန်ယူပြီး ဒီပွဲကို အနိုင်နဲ့ပိုင်းမယ်’ ဟူသော အကြံအစည်ကလွဲ၍ ဖုန်းကျုန်းအနေဖြင့် ဟယ်ကုကို စိတ်ဝင်စားစရာ အခြားဘာအကြောင်းမှ သူစဥ်းစား၍မရပါ‌ပေ။


လူအများစုက ကမာပေါ်တွင် ဟယ်ကုအလေးထားသောအရာဟူ၍မရှိဟု ထင်တတ်ကြသည်။ စင်စစ်တော့ ဟယ်ကုက လူမှုရေးမကောင်းခြင်းသာဖြစ်ပြီး ဘယ်သူမဆိုထက် လူတွေကို ပိုကြည့်တတ်သည်။ တစ်ခါတစ်ရံတွင် လူများသည် လိုသည်ထက်ပို၍ လွန်ကဲစွာ အပျော်ကြူးနေကြသည်မှာ အင်မတန် ရင်နာစရာကောင်းသည်။

 

ကူချင့်ဖေ အလုပ်ထွက်မည့်သတင်းသည် ကုမဏီအတွင်း လျင်မြန်စွာပင် ပျံ့နှံ့သွားတော့သည်။ ထွက်စာလည်း တင်ပြီးနေပြီဖြစ်၍ ဖုံးကွယ်ထားစရာလည်း မလိုတော့ပေ။


ဟယ်ကု ကြားခဲ့သော အတင်းအဖျင်းများအရ ကူချင့်ဖေကို လိုချင်နေသူများရှိ၍ နှစ်စဥ်လုပ်ခကို နှစ်ဆတိုးပေးခဲ့ သည်ဟုဆိုသည်။ ဟယ်ကု ကူချင့်ဖေအတွက် အလွန်ဝမ်းသာသွားရသည်။ ကူချင့်ဖေက အမှန်တကယ်ကို ကုမဏီအသစ်တွင် လမ်းဖောက်ချင်သည်ဆိုပါကလည်း သူ့‌ရွေးချယ်မှုပင်ဖြစ်သည်။


ကူချင့်ဖေ၏ လက်အောက်ဝန်ထမ်းများက နှုတ်ဆက်ပါတီပေးလိုကြသည်။ ကူချင့်ဖေနှင့် ဆက်ဆံရေး ပြေလည်သော အခြားဝန်ထမ်းများနှင့် ကုမဏီငယ်များမှ ခေါင်းဆောင်များကိုပါ ဖိတ်ကြားခဲ့ကြသည်။


သောကြာနေ့နေ့လည်တွင် ချိန်းဆိုထားသော ဟိုတယ်ရှိရာသို့ ဟယ်ကု အခြားလုပ်ဖော်ကိုင်ဖက်များနှင့် အတူလာခဲ့လိုက်သည်။ သူနှင့် အမြဲစကားပြောနေကျ အစ်မကြီးလည်း ကားပေါ်ပါလာသည်။


သူ ကားထဲဝင်လိုက်သည်နှင့် အစ်မကြီးက ဘယ်၊ညာဝေ့ကြည့်ကာဆိုလာသည်မှာ_ “ဟယ်ကုရေ ရှင့်ကားကို ဒါပထမဆုံးစီးဖူးတာပဲ။ ဒီကားက တစ်သန်းကျော်တန်တယ်နော်။”

ဟယ်ကုက ‘အင်း’ လိုက် လိုက်ပြီး အ‌ရှေ့သို့သာ အာရုံစိုက်ထားတော့သည်။


“ဟယ်ကုက အသက်လည်း ငယ်ပြီး အလုပ်အကိုင်လည်းကောင်းတယ်။ ရုပ်ရည်ကလည်း တကယ်ချော။ အပိုပြောတာမဟုတ်ပါဘူး။ ကျွန်မတူမလေးဆို ရှင်နဲ့တကယ်လိုက်မှာ။ သူ့ရဲ့ သူဌေးကြီး ဇာတ်က အဟောသိကံ ဖြစ်သွားပြီလေ။ အခုတော့ ဘဏ်မှာပဲ အလုပ်ဝင်နေရတယ်။ တစ်နှစ်ဝင်ငွေတော့ သုံးသိန်းကျော် ပါတယ်။” 


ဟယ်ကု ပြုံးရုံပြုံး၍ စကားမပြန်ပေ။


ချန်ရှန်းက ချောင်းဟန့်ကာ အစ်မကြီးကို တံတောင်နှင့်တွတ်လိုက်ပြီး ဟယ်ကုကို ခိုးကြည့်သည်။ ဟယ်ကုက အမြဲ ဒေါသထွက်လွယ်သော်လည်း အေးစက်စက်စရိုက်မျိုးရှိသည်။ အစ်မကြီးက လူရိပ်လူကဲ တကယ် မဖတ်တတ်ပေ။


အစ်မကြီးက စိတ်ပျက်စွာဖြင့်ဆိုသည်။ “ဟယ်ကု ရှင်ဘယ်လို မိန်းကလေးမျိုးကြိုက်တတ်လဲ? ကျွန်မ မိတ်ဆက်ပေးမယ်လေ။ ကျွန်မက အရွယ်စုံမိန်းကလေးတွေနဲ့သိတယ်။”


ဟယ်ကု အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူကုမဏီဝင်ချိန်မှစ၍ လူတိုင်းက သူ့ကို မိန်းကလေးများနှင့် မိတ်ဆက်ပေးလိုကြသည်။ ခေါင်းဆောင်ပိုင်းများမှအစ ဝန်ထမ်းများအထိပင်။ အနားတွင် တဝီဝီလုပ်မဆုံးသည့် ယင်ကောင်များနှင့်ပင် တူသေးသည်။ သူအသက်ကြီးလာလေ ပိုပြီး ရွေးအပြောခံနေရလေဟုပင်ထင်ရသည်။ သူ့သည်းခံနိုင်စွမ်းက ကျကျလာလေပြီ။ အစ်မကြီးကလည်း အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်။ သူ ခပ်ကျယ်ကျယ်ချောင်းဆိုးပြလိုက်သည်။ “အစ်မ ယန် ဒီကိစနဲ့တော့ အလုပ်ရှုပ်ခံမနေပါနဲ့။ ကျွန်တော်က ရည်းစားထားမှာမဟုတ်ဘူး။ လက်လည်း မထပ်ချင်ဘူး။”


အစ်မကြီး ယန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ “ဘာလို့လဲ?”


အစ်မကြီးက အောက်သို့ စွေကြည့်လိုက်ပြီး ထိုအပိုင်းက တစ်ခုခုများ မှားနေလို့လားဟု တွေးနေတော့သည်။


သူ့အကြည့်များက ရိုင်းပျလှသောကြောင့် ကားထဲရှိအခြားလူများမှာ ရှက်သွားကြရသည်။ တစ်ချိန်တည်းမှာပင် ဟယ်ကု၏ တုံ့ပြန်စကားကိုကြားကာ ချွေးစေးများပြန်လာတော့သည်။


ဟယ်ကုက ဒါရယ်စရာကောင်းသည်ဟု ခံစားမိသော်လည်း ဒီလောက်တော့ သည်းမခံနိုင်ပါချေ။ သူက တည်ငြိမ်စွာဆိုသည်။ “ကျွန်တော်က မိဘတွေနဲ့ အဆင်မပြေခဲ့ဘူး။ ကျွန်တော်အထက်တန်းတက်နေတုန်း အဖေဆုံးတယ်။ အမေကလည်း နောက်အိမ်ထောင်ပြုပြီး ကျွန်တော့်ကို လာတောင်မတွေ့တော့ဘူး။ ကျွန်တော်ဘယ်တော့မှ အိမ်ထောင်မပြုဘူး။ အိမ်ထောင်ရေးကို အယုံအကြည်ကို မရှိတာမို့လို့ အိမ်ထောင်ပြုမှာ မဟုတ်ဘူး။”


ကားအတွင်း တိတ်ဆိတ်သွားသည်။ အစ်မယန်က အားတုံ့အားနာသံဖြင့် “သြော်” ဟု နှစ်ကြိမ်ဆိုပြီးနောက် ဘာဆက်ပြောရမှန်း မသိတော့ပေ။

 

ဟယ်ကုက နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လိုက်သည်။ “စေတနာကို ကျေးဇူးတင်ပါတယ် အစ်မယန်။ ဒါပေမဲ့ ကျွန်တော်က ကုမဏီကို အလုပ်လုပ်ဖို့ပဲလာတာပါ။ ရည်းစားလာရှာတာမဟုတ်ဘူး။ နောက်နောင်လည်း အလုပ်နဲ့မပတ်သက်တဲ့ ဒီလိုကိစတွေ ကျွန်တော့်ရှေ့ လာမပြောဖို့မျှော်လင့်ပါတယ်။”


သူ့လေသံတွင် အတက်အကျမရှိ။ သို့သော်လည်း မျက်ဝန်းထဲမှ သတိပေးသည့်အကြည့်များကြောင့် အစ်မယန် တစ်ယောက် ချွေးမတိတ်နိုင်ဖြစ်ရတော့သည်။


ဟယ်ကု ဘယ်လိုစရိုက်ရှိကြောင်း ကုမဏီတွင် မသိသူမရှိပေ။ ပုံမှန်အားဖြင့် မရိုင်းပျတတ်သော်လည်း သူကျောခိုင်းလိုက်သူတစ်ယောက်ကို ဘယ်တော့မှ မျက်နှာသာပေးတော့မည်မဟုတ်ပေ။


လမ်းတစ်လျှောက် မည်သူမှ စကားမပြောရဲကြ။


ဟိုတယ်သို့ရောက်လျှင် ဟယ်ကုက လူများကို ဦးဆောင်ခေါ်လာလိုက်သည်။ အချို့လုပ်ဖော်ကိုင်ဖက်များက ရောက်နှင့်နေကာ သီချင်းများဆိုနေကြပြီ။ ဘေးရှိစားပွဲပေါ်တွင်တော့ ဝိုင်ပုလင်းများက စီတန်းနေလေသည်။


“ဟယ်ကု”


“ဟယ်ကု မင်းရောက်လာပြီ။”


ဟယ်ကု လှည့်ကြည့်လိုက်သည်။ “Mr. ကူရော?”


“ကားလမ်းပိတ်နေတယ်တဲ့။ ငါတို့နဲ့ သီချင်းလာဆိုပါလား?”


“ကျွန်တော်သွားရဦးမယ်။ ဆိုကြပါ။ သူ့ကိုလှမ်းမေးလိုက်မယ်။” အခန်းထဲတွင် ဝန်ထမ်းအငယ်များဖြင့် ပြည့်နေလေသည်။ သူနှင့် တန်းတူမဟုတ်သလို ရာထူးလည်း မမြင့်ကြပေ။ အထွေထွေမန်နေဂျာ ကူ က မရောက်လာသေးပါ။ ဟယ်ကုရောက်လာသည့်အတွက် လူငယ်များ မလွတ်လပ်သလို သူလည်း အနေခက်လှသည်။ သို့ဖြစ်၍ ဖုန်းကိုယူကာ အပြင်သို့ထွက်လာခဲ့တော့သည်။

ဟယ်ကုက စက်ြန်လမ်းအတိုင်း လေသာဆောင်သို့လျှောက်လာခဲ့သည်။ သတင်းကြည့်ရန် ဖုန်းကို ဖွင့်လိုက်စဥ်မှာပင် စုန့်ကျွီးဟန်ဆီမှ ဖုန်းဝင်လာတော့သည်။


ဟယ်ကု မျက်လုံးများ လက်ခနဲဖြစ်သွားရပြီး ချက်ချင်းပင် ဖုန်းဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်တော့သည်။ “ဟေ့ စုန့်ကျွီးဟန်”


“အာ.. ဟယ်ကု?” စုန့်ကျွီးဟန်၏ အသံက လေးတွဲ့တွဲ့နိုင်လှသည်။ ထိုသို့ ပျင်းရိသံပေါက်ပြီး အနည်းငယ် သြရှရှဖြစ်နေသည့် လေယူလေသိမ်းကိုပင် မီဒီယာများက ကမာပေါ်တွင် ဆွဲဆောင်မှု အရှိဆုံးဟု တင်စားကြသေး သည်။ မြှောက်ပင့်စကားပင်ဖြစ်သော်လည်း အသံကြားမိပါက အမှန်ပင်ဆွဲဆောင်မှုရှိကြောင်း သိနိုင်ပါလိမ့်မည်။ အထူးသဖြင့် စုန့်ကျွီးဟန် ရမက်ထန်နေချိန်ထွက်လာသည့် ခပ်အစ်အစ် ညည်းသံတိုးတိုးက ဟယ်ကု အကြားအာရုံကို လှိုင်းများကဲ့သို့ ရိုက်ခတ်နိုင်စွမ်းရှိလေသည်။


နှစ်ပေါင်းများစွာ ဖျော်ဖြေရေးလုပ်လာသည့် အဆိုတော်တစ်ဦးဖြစ်သည့်အလျောက် စုန့်ကျွီးဟန်တွင် သက်မဲ့များကိုပင် စေခိုင်းနိုင်သည့် အသံမျိုးပိုင်ဆိုင်သည်။


ခေတအသံတိတ်သွားပြီးနောက် “ကုမဏီညစာစားပွဲရှိနေတာ။” ဟု ဆိုလိုက်သည်။


“ပျင်းစရာကြီးကွာ။ ငါနဲ့ အဖော်လာလုပ်စမ်းပါ။”


“အခုတော့ ထွက်လာလို့မကောင်းဘူး။ နောက်ကျမှ ပြီးမှာ။”


“ဘယ်လောက် နောက်ကျမှာလဲ?”


“ကိုးနာရီ”


ဖုန်းက ခဏလောက် တိတ်ဆိတ်သွားသည်။ “မရဘူး။ အခုလာခဲ့။”


ဟယ်ကုက ညင်သာစွာ ပြန်ဖြေသည်။ “ငါ ဒီညစာစားပွဲက ထွက်လာလို့ တကယ်မရလို့ပါ။ ဒါပေမဲ့ တတ်နိုင်သလောက် စောထွက်ခဲ့မယ်လေ။”


“လုပ်ချင်ရာသာလုပ်တော့။” စုန့်ကျွီးဟန်အသံက စိတ်မကြည်မှန်း သိသာလှသည်။ ထို့နောက် ဖုန်းချသွားတော့သည်။


ဟယ်ကု ဖုန်းကိုကိုင်၍ တွေဝေနေမိသည်။ ထိုစဥ် ဓာတ်လှေကားတံခါးပွင့်သွားပြီး ကူချင့်ဖေ၏ အူလှိုက်သည်းလှိုက် ရယ်သံကို ကြားလိုက်ရသည်။ ဟယ်ကုက ပြုံး၍ နှုတ်ဆက်လိုက်သည်။ “အထွေထွေမန်နေဂျာ ကူ”


“ဟေ့ ဟယ်ကု အစောကြီးပြန်တော့မလို့လား။ လာပါ။ အခန်းထဲဝင်လေ။ အပြင်မှာပဲရပ်မနေပါနဲ့။”


“ကျွန်တော် ဖုန်းထွက်ဆက်တာပါ။”


“ဘယ်သူလဲ?” ကူချင့်ဖေက ပြုံးပြီး မျက်လုံးများကို ပွတ်သပ်နေသည်။ မှုန်ကုပ်နေသော မျက်နှာထားက ချောမောသောရုပ်သွင်နှင့် လိုက်ဖက်နေပြန်သည်။ နှစ်လိုဖွယ်ပင်ကောင်းသေးသည်။ “ကောင်မလေးက အိမ်မှာပဲ ထမင်းပြန်စားဖို့ပြောနေလို့လား?”


ဟယ်ကု ပြုံးပြလိုက်သည်။ “မဟုတ်ပါဘူး။ သွားရအောင်။ အကုန်နီးပါး ရောက်နေကြပြီ။”


ညစာစားပွဲတွင် ကူချင့်ဖေက အစိုးရကုမဏီမှ ထွက်ပြီးလျှင် သူလုပ်လိုသော အစီအစဥ်များကို အကျဥ်းရုံး၍ ပါးပါးနပ်နပ်ရှင်းပြသည်။ အကြီးအကဲအဟောင်းဖြစ်သူကိုလည်း လေးစားစွာဖြင့် သူပြောင်းမည့် ကုမဏီအသစ်အကြောင်းကို မိတ်ဆက်သည်။ လက်ရှိရာထူးလောက် မမြင့်သော်လည်း ကြိုးစားစွာအလုပ်လုပ်ပါမည့်အကြောင်း အသိပေးသည်။ လူအများက စကားတွေပြောကုန်ကြပြီး စကားသံများ လျှံကျလာတော့သည်။


လက်အောက်ဝန်ထမ်းတစ်ဦးက ကူချင့်ဖေ၏ ကုမဏီအကြောင်းကိုမေးလာသည်။ “အထွေထွေမန်နေဂျာ ကူ အဲ့ဒီ ကုမဏီက ယွမ်လုပ်ငန်းစုက ထိန်းချုပ်ထားတာမဟုတ်လား? ကျွန်တော်ကြားတာတော့ ယွမ်မိသားစုက လီရွှိုက်ဝမ် ဘက်မှာ မြေဧက ဟက်တာ ၆၀၀၀ ကျော်ဝယ်ထားတယ်တဲ့။ Project အကြီးစားကြီးလုပ်မှာထင်တယ်။”


“ယွမ်လီကျန်းဆိုတာ အကောင်ကြီးကြီးထဲကပဲ။”


ကူချင့်ဖေက ပြုံးလျက်ဆိုသည်။ “ဟုတ်တယ်။ အဲ့ဒီ Project မှာ ဝင်လုပ်ဖြစ်မှာပါ။ ကျွန်တော်က နောက်ပိုင်းကျရင် စီးပွားဖြစ် အိမ်တွေဆောက်ရမှာ။ စိတ်ဝင်စားတယ်ဆို လာခဲ့လေ။ စျေးလျှော့ပေးပါ့မယ်။”


“ကျေးဇူးပါပဲ Mr. ကူ”


အမျိုးသမီးဝန်ထမ်းတစ်ယောက်က ပြုံးကာ ပြောလာသည်။ “ယွမ်အိမ်က သားအကြောင်းသတင်းတွေ ကျွန်မကြားဖူးတယ်။ အင်တာနက်ထဲမှာတွေ့တာပါ။ လီကျန်းရဲ့ သားအကြီးဆုံးက တကယ်ချောတာ။ ချောင်းရိုက်ထားတဲ့ ဓာတ်ပုံဝါးတားတားထဲမှာတောင် အရမ်းအရမ်းကိုချောတာပါဆို။”


“ဓာတ်ပုံအဝါးထဲမှာတောင် ချောတာမြင်ရတယ်ပေါ့။ ကင်မရာရှုထောင့်ယူတာ မကောင်းလို့နေမှာပါ။”


“ရှင်တို့ဘာသာပဲ ကြည့်တော့။ ကျွန်မပြမယ်။”


ဝန်ထမ်းငယ်ငယ်လေးများ ထိုအကြောင်း အတင်းအဖျင်းများစပြောကြတော့သည်။ ကူချင့်ဖေက ပြုံး၍သာ ဟယ်ကုကို ကြည့်လိုက်သည်။ “မင်းသိပ်လည်းမစားဘူး။ အစားအသောက်တွေကို ခံတွင်းမတွေ့ဘူးလား?”


“မဟုတ်ပါဘူး။ ကျွန်တော်က ညဘက်လျှော့စားတတ်လို့ပါ။ diet လုပ်နေတာလေ။”


“သြော် ဒီအလေ့အကျင့်က ကောင်းတယ်။ ငါလည်း ညဘက်ဆို အသီးအရွက်ပဲစားတာ။ ယောက်ျားတစ်ယောက်က အသက် သုံးဆယ်ကျော်လာပြီဆိုရင် ကိုယ်တွင်းဇီဝကမဖြစ်စဥ်တွေ နှေးလာပြီး ဝိတ်တက်ဖို့ လွယ်လာတယ်လေ။” ကူချင့်ဖေက စဥ်းစားလိုက်သည်။ “မင်း အသက်သုံးဆယ်ပြည့်ပြီလား?”


“နှစ်ဆယ့်ရှစ်ပါ။ ကူနဲ့ သိပ်မကွာဘူး။”


ကူချင့်ဖေက ခေါင်းကိုယမ်းပြီး ပြုံးသည်။ “မင်းက ငါနားမလည်ဘူးထင်လို့လား? ငါအသက်သုံးဆယ်ထဲမှာ ဒီရာထူးရလာတာလေ။ အခြေခိုင်သွားပြီထင်ရပေမဲ့ ဖရိုဖရဲပါပဲကွာ။”

ဟယ်ကု အမှန်အတိုင်းသာပြောလိုက်သည်။ “ကျွန်တော်ကတော့ ကူလှမ်းသမျှ ခြေလှမ်းတိုင်းက သေချာ တွေးဆထားတယ်လို့ ခံစားမိတယ်။ ပြီးတော့ နှစ်စဥ်ဝင်ငွေကလည်း မြင့်တယ်လေ။ ဖရိုဖရဲမဟုတ်ပါဘူးဗျာ။”


ကူချင့်ဖေ၏ အပြုံးများက လေးနက်သွားလေသည်။ အနည်းငယ် ဘဝင်မြင့်သောပုံလည်းပေါက်သွားသည်။ “ဒီလိုကျတော့ ဟုတ်သားပဲ။”


သူ ဖန်ခွက်ကို ယူလိုက်သည်။


ဟယ်ကုက အလျင်အမြန်ပင် ခွက်ကို မြှောက်၍ ဦးအောင်ပြောလိုက်သည်။ “ကျွန်တော် ဒီခွက်နဲ့ ဂုဏ်ပြုပါရစေ။ ပတ်ဝန်းကျင်အသစ်မှာ အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးပါတယ်။”

ကူချင့်ဖေက ပြုံးပြီး ခွက်ချင်းတိုက်ကာ သောက်လိုက်သည်။


ညစာစားအပြီးတွင် သီချင်းဆိုသူကဆို၊ စကားပြောသူကပြောနှင့် အချို့ကလည်း ဝိုင်များကို မြည်းစမ်းနေကြသည်။ ဟယ်ကုက ကူချင့်ဖေနှင့် ခေတစကားစမြည်ဆက်ပြောနေသော်လည်း နာရီကို နှစ်ကြိမ်ခန့် ကြည့်မိလိုက်သည်။


ထိုအပြုအမူသေးသေးလေးကိုပင် ကူချင့်ဖေက မြင်လေသည်။ “ဘာဖြစ်လို့လဲ? တလောတကြီးသွားစရာ ရှိတာလား?”


ဟယ်ကုက ဖြေသည်။ “ကိစတစ်ခုတော့ရှိပါတယ်။”


“သြော် ဒါဆိုလည်း ပြန်နှင့်လိုက်လေ။”


“ကူ ကျွန်တော်တောင်းပန်ပါတယ်နော်။ နောက်ရက်မှပဲ ညစာဖိတ်ကျွေးပါရစေ။”


ကူချင့်ဖေက ပြုံးပြသည်။ “ကောင်းတာပေါ့။ ဒါဆို မင်း ငါ့ကို ထမင်းတစ်နပ် အကြွေးတင်သွားပြီနော်။ ကားမောင်းနိုင်ရဲ့လား? ယာဥ်မောင်းတစ်ယောက်ခေါ်ပြီး ပို့ခိုင်းလိုက်ရမလား?”


“ကျွန်တော်မသောက်ထားလို့ ကိစမရှိပါဘူး။”


“ကောင်းပြီလေ။ လမ်းမှာ ဂရုစိုက်ပါ။”


“ကျေးဇူးပါ Mr. ကူ။ ကျွန်တော်တို့ ထပ်တွေ့ကြမယ်နော်။”


“တွေ့ကြမယ်။”


ဟယ်ကု အခန်းထဲမှ ထွက်လာပြီး ကားရပ်နားရာဆီသို့ အရှိန်တင်ပြီးလျှောက်လာခဲ့သည်။ အခုမှ ရှစ် နာရီကျော်သာရှိသေး၍ သူမှန်းထားသည်ထက် စောနေသည်။ စုန့်ကျွီးဟန်၏ တိုက်ခန်းမှာလည်း သိပ်မဝေးပေ။ မြန်မြန်မောင်းသွားမည်ဆိုပါက ရှစ်နာရီခွဲနှင့်ပင် ရောက်နိုင်ပေမည်။


ကံကောင်းစွာဖြင့် လမ်းတွင် ယာဥ်ကြောပိတ်မနေသောကြောင့် အမြန်ရောက်လာခဲ့သည်။ အောက်ထပ်သို့ဆင်းကာ စုန်ကျွီးဟန်အကြိုက် ဆီနည်းနည်းဖြင့်လှိမ့်ထားသော ဂဏန်းဝါဟင်းပွဲကိုဝယ်လိုက်ပြီးမှာ ဓာတ်လှေကားဖြင့် အပေါ်သို့တက်ခဲ့သည်။


တံခါးဝမှ ခေါင်းလောင်းကို တီးလိုက်သောအခါ တံခါးပွင့်လာလေသည်။ သို့သော် တံခါးဖွင့်ပေးသောလူကို မြင်သော အခါ သူ အံ့အားသင့်သွားရသည်။


အလွန်ချောမောသည့် သူစိမ်းကောင်လေးတစ်ယောက်ပင်။


rate now:

1 Reviews
  • reader iPhyu 06.06.2021, 16:21 5

    Waiting for next chapter ~ ~ ~ ~ ~

    reply