book

Index 4

အခန်း ၄။ ကျိုးကြောင်းမဆီလျော်တဲ့ ယောက်ျားတစ်ယောက်ကိုချစ်မိခြင်း

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

တစ်နာရီကျော် ကားမောင်းအပြီးမှ တရှန်စတူဒီယိုသို့ရောက်တော့သည်။ 


“တောင်ပိုင်းဒေသရှိ မြောက်တရှန်” ဟု ခေါ်ဆိုကြသည့် ရုပ်ရှင်ရိုက်ကွင်းသို့ သူ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ အလွန်အံ့မခန်းဖွယ် ခမ်းနားကြီးကျယ်မှုကြောင့် ဘေဂျင်းမြို့၏ နာမည်ကျော်ခရီးသွားနေရာတစ်ခုပင် ဖြစ်လာပြီ ဖြစ်သည်။ နေ့စဥ် အနည်းဆုံး ပြဇာတ် နှစ်ခု၊ သုံးခု ကပြဖျော်ဖြေလေ့ရှိသည်။ ရုပ်ရှင်ရိုက်ကွင်းများကလည်း ခရီးသွားများကို ဆွဲဆောင်နိုင်လှသည်။ 


ဟယ်ကု ကားကိုရပ်၍ ရှောင်စုန့်ထံ ဖုန်းခေါ်လိုက်သည်။ ရှောင်စုန့်အသံကို နားထောင်ရသည်မှာ ရူးသွားတော့မည့် သူလိုပင်။ ဟယ်ကုကို သူ့ကို စောင့်နေပေးပါဟုဆိုသည်။

ထိုသို့ဖြင့် နာရီဝက် ကြာသွားခဲ့သည်။ 


ခရီးသွားအဖွဲ့များ အထဲဝင်ရန် တန်းစီနေသည်ကို ကြည့်နေရင်း fan club ပစည်းပေါင်းစုံ ကိုင်ဆောင်ထားသော တူညီဝတ်စုံဝတ် ပရိသတ်များကိုလည်း တွေ့လိုက်ရသည်။ 

အတော်ငယ်ကြသေးတာပဲ ဟု ဟယ်ကုတွေးလိုက်မိသည်။ 


ထိုအချိန်မှပင် ရှောင်စုန့်ရောက်လာတော့သည်။ ဟယ်ကု သူ့ကိုတွေ့စဥ်တွင် ချွေးများထွက်လျက် အားနာနေဟန် လည်းပေါ်သည်။ တောင်းပင်တောင်းပန်လိုက်သေးသည်။ “အစ်ကို ဟယ်ကု ဒါက ဖြတ်သန်းသွားလာခွင့်ကဒ်ပါ။ ကားမောင်းဝင်လာခဲ့လို့ရတယ်။” 


“ငါမဝင်တော့ဘူးလေ။ မင်းပဲ သူ့ကို ဖုန်းပြန်ပေးလိုက်ပါ။” 


“ဗျာ.. မဝင်လာတော့ဘူးလား? အစ်ကိုဟန်က ကြော်ငြာတစ်ခုရိုက်နေတာ။ အစ်ကိုမကြည့်တော့ဘူးလား?” 


“ကြည့်စရာဘာရှိလဲကွာ။ ငါက မင်းတို့အလုပ်တွေအကြောင်းလည်း ဘာမှ သိတဲ့သူမှမဟုတ်ဘဲ။” 


“မဟုတ်ပါဘူး။ တကယ်ပျော်ဖို့ကောင်းတာ။ သွားကြည့်ရအောင်ပါ။” 


ဟယ်ကု စိတ်ထဲ အနည်းငယ်ထူးဆန်းသွားရသည်။ ဘာကြောင့်များ ရှောင်စုန့်က ရိုက်ကွင်းသို့လိုက်ကြည့်ရန် အတင်းအကြပ်ခေါ်နေပါသနည်း။ 


အတင်းအားတက်သရောခေါ်မိသောအဖြစ်ကို ရှောင်စုန့်ကိုယ်တိုင်လည်း သ‌ဘောပေါက်သွားပုံရသည်။ သူက အထာနပ်ဟန်ဖြင့်မေးလာတော့သည်။ “ကျွီးဟန်နဲ့ စကားများထားလို့လား။ အစ်ကိုဟန်က ဒီနေ့တကယ် စိတ် အခြေအနေမကောင်းတာ။ အစ်ကိုသွားပြီး ဖျောင်းဖျပေးပါဦး။ မဟုတ်ရင် ကျွန်တော်တို့ အလုပ်ကောင်းကောင်း လုပ်လို့ရမှာကိုမဟုတ်ဘူး။”


“ငါမလာတော့ပါဘူး။” ဟယ်ကုသိသည်မှာ အမှန်ပင်။” ငါတို့ စကားလည်းမများထားပါဘူး။”  


စကားနှစ်ခွန်းလောက်ပြောပြီးသည်နှင့် လူကို အဖက်မလုပ်တော့သော စုန့်ကျွီးဟန်လိုလူမျိုးနှင့် သူဘယ်လို စကားများနိုင်ပါမည်နည်း။ 


ရှောင်စုန့်က စိတ်ပျက်စွာဖြင့် သက်ပြင်းချရှာသည်။ “ဒါဆိုလည်း ကားကို ဂရုစိုက်မောင်းပါနော်။” 


“အေးပါ။ ဘဝက ခက်သားလား။” ဟယ်ကု သူ့ကို ပခုံးလေးပုတ်ပေးကာ ကားထဲပြန်ဝင်ခဲ့လိုက်သည်။ 


အမှန်တော့ သူ စုန့်ကျွီးဟန်ကို တကယ်တွေ့ချင်ပါသည်။ သို့သော် ယခု စုန့်ကျွီးဟန်ကိုတွေ့ရန် အချိန်ကောင်း မဟုတ်မှန်း သူသိသည်။ အလုပ်ရှုပ်နေပြီး စိတ်အခြေအနေလည်းမကောင်းဟု ဆိုသည်လေ။ လူအများစုက ထိုအချိန်တွင် သူ့ကို ကြောက်ကြသည်။ စုန့်ကျွီးဟန် ‌ဒေါသပြယ်သည်အထိ စောင့်ဆိုင်းခြင်းက ပိုကောင်းပေမည်။ ထိုအခါ သူ့ဆီလာကောင်းလာလိမ့်မည်။ 

ကားထွက်ပြီး မကြာမီပင် ဖုန်းမြည်လာပြန်သည်။ ရှောင်စုန့်ဆီမှဖြစ်သည်။ ဖုန်းဖွင့်လိုက်သည်နှင့် ရှောင်စုန့်အသံကို ကြားလိုက်ရသည်။ “အစ်ကိုဟယ်ကု၊ အစ်ကိုဟန်ကဒေါကန်နေတယ်။ အစ်ကို့ကို ပြန်လာခိုင်းလိုက်ဖို့ ကျွန်တော့်ကို ပြောနေတယ်။” 


“သူ ဒေါသထွက်နေတုန်းလား?” ဟယ်ကု စုန့်ကျွီးဟန်၏ စဥ်းစားပုံကို နားမလည်နိုင်ပါချေ။ သူဘာမှမတတ်နိုင်ဘဲ “ကောင်းပြီ” ဟုသာ ပြောလိုက်ရတော့သည်။ 


သူ ပြာယာခတ်သွားရသည်။ အခုအချိန်သည် ကားအကြပ်ဆုံးအချိန်ဖြစ်နေလေပြီ။ ပိတ်ဆို့နေသော ကားများကိုကြည့်ရင်း လိပ်နှင့်ကား ယှဥ်လျှင် လိပ်ကပင် မြန်ဦးမည်ဟုတွေးမိသည်။ ဆယ်မိနစ်အကြာတွင် ရှောင်စုန့်ဆီမှ သတိပေးသော ဖုန်းဝင်လာပြန်သည်။ ထို့နောက် မိနစ်နှစ်ဆယ်အကြာတွင်တစ်ကြိမ် ထပ်ဆက်ပြီး လာခဲ့ရန် သတိပေးနေတော့သည်။ ဒီတစ်ကြိမ်တွင်တော့ ရှောင်စုန့်မှာ ငိုသံပင်ပေါက်နေလေပြီ။  


ဟယ်ကုလည်း အလွန် စိတ်ပူနေမိသည်။ သို့သော် သူပျံလည်းမပျံတတ်ချေ။ 


ယာဥ်ကြောပိတ်ဆို့မှု နာရီဝက်ကျော် ခံကာ၊ ခုနစ် သို့မဟုတ် ရှစ်ကီလိုမီတာခန့် မောင်းအပြီးတွင်တော့ စတူဒီယိုသို့ ပြန်ရောက်လာတော့သည်။ ရှောင်စုန့်က သူ့ကို ဝင်ပေါက်တွင်စောင့်လျက်ရှိသည်။ သူ့ကိုမြင်သောအခါ ကယ်တင်ရှင်ကို မြင်ရသည့်အတိုင်းပင်။ သူစိတ်ပြောင်းသွားမှာစိုးသည့်အလား ကားထဲသို့ဝင်လာတော့သည်။ “အစ်ကို ဟယ်ကု မောင်းဝင်လာလိုက်ပါ။ ကျွန်တော်လမ်းပြပေးမယ်။” 


လုံခြုံရေးအစောင့်များက ဖြတ်သန်းခွင့်ကဒ်ကိုမြင်သည့်အခါ သူတို့ကို ဝင်ရန်ခွင့်ပြုလိုက်သည်။ နှစ်ဦးသား ခရီးသွားများမသွားသည့် လမ်းကြောမှဖြတ်၍ ရုပ်ရှင်ရုံဘက်သို့ မောင်းဝင်လိုက်တော့သည်။ 


ဟယ်ကုက ဟောဟဲဆိုက်နေသော ရှောင်စုန့်ကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်မိသည်။ “စိတ်မပူပါနဲ့။ ကျွီးဟန်နဲ့ အလုပ်လုပ်ရင်း ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ သူက ဘာဖြစ်တာတဲ့လဲ?” 

‌ရှောင်စုန့်က ငြူငြူစူစူအသံဖြင့် “ကျွန်တော်လည်း မသိဘူး။ အစ်ကိုဟန်က ခဏခဏဒေါသထွက်နေတာပဲ။ ဒီတစ်ကြိမ်လည်းဘာလို့မှန်းမသိဘူး။ အစ်ကိုကဖုန်းကိုတခြားသူနဲ့ပေးခိုင်းမယ်ဆိုတာလည်းကျွန်တော် ပြောပြရော ပိုပြီး ဒေါသထွက်တော့တာပဲ။”


ဟယ်ကုလည်း ဘာကြောင့်မှန်း မတွေးတတ်တော့ပါပေ။ စုန့်ကျွီးဟန်က သူ့ကို အထူးတလည်တွေ့ချင်တာကြောင့် မဟုတ်သည်မှာတော့ သေချာလှသည်။ 


ကားကို ကျေးလက်စတိုင်လမ်းလေးထဲ မောင်းဝင်လာခဲ့ပြီး နှစ်ဦးသား ကားထဲမှ ထွက်လိုက်ကြသည်။ ရှောင်စုန့်က ရိုက်ကွင်းတည်ထားသော အိမ်အကြီးကြီးသို့ သူ့ကို ခေါ်လာသည်။ 

နားနေခန်းထဲ မဝင်မီ ရှောင်စုန့်က သတိထား၍ တံခါးခေါက်လိုက်သည်။ “အစ်ကိုဟန် အစ်ကိုဟယ်ကု ဝင်လာမယ် နော်။” 


“အေး။” အခန်းထဲမှ အေးစက်စက် အသံတစ်သံထွက်လာလေသည်။ 


တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ဟယ်ကုတွေ့လိုက်ရသည်မှာ စစ်ဗိုလ်ချုပ်ကြီးယူနီဖောင်းဖြင့် မှန်ရှေ့တွင် ရပ်နေ‌ သော စုန့်ကျွီးဟန်ပင်ဖြစ်သည်။ Stylist က သူ့ခါးပတ်ကို ပြန်ပြင်ပေးနေသည်ကို ငြိမ်ခံလျက်ရှိသည်။ ကိုယ်ဟန် ကျန ပေါ်လွင်နေစေရန် ဝတ်စုံကို ခပ်ကြပ်ကြပ်ချုပ်ထားသောကြောင့် စုန့်ကျွီးဟန်၏ကြွက်သားမြှောင်းများက အထင်းသားရှိနေပြီး၊ နတ်ဘုရားတစ်ပါးကဲ့သို့ ပြီးပြည့်စုံကာ ကြည့်ကောင်းလှသည်။ စုန့်ကျွီးဟန်၏ အမေသည်လည်း တစ်ချိန်က ကမာကျော် ဂျာမန်-အမေရိကန် စူပါမော်ဒယ်တစ်ယောက်ဖြစ်ခဲ့သည်။ စုန့်ကျွီးဟန်က သူ့အမေထက် အရပ် တစ်ဆယ်စင်တီမီတာ ပိုရှည်‌လေသည်။ ခြေတံများမှာလည်း ရှည်လျား လှသည်။ မိဘများထံမှ ကောင်းမွေများအားလုံးရရှိထားသော ရုပ်ရည်နှင့် ခနာကိုယ်ကို ပိုင်ဆိုင်သူဖြစ်သည်။ မြင်လိုက်ရုံနှင့်ပင် သဘာဝတရားကြီးက ကောင်းချီးပေးထားပါလားဟု ပြောခံရလောက်သော လူတချို့ ကမာပေါ်တွင် အမှန်ရှိနေသည်ပင်။  


စုန့်ကျွီးဟန်က မျက်နှာလှည့်လာချိန်တွင် နှာတံပေါ်တွင် ကိုင်းအနက်ရောင်မျက်မှန်တစ်လက်ကို တပ်ထားလေ သည်။ ခပ်မြင့်မြင့်ပုံဖော်ထားသော မျက်ခုံးများကတစ်ဖက်နှင့်တစ်ဖက် အပြိုင်ပင်။ သူ၏မျက်နှာအစိတ်အပိုင်းများ မှာ အလွန်ထင်ထင်ရှားရှားရှိလှသည်။ ဆံပင်ကို ခေါင်းအနောက်ဖက်သို့ လှန်ဖြီးထားရာ ချောမွေ့သောနဖူးပြင်က ပေါ်လွင်နေသည့်အပြင် နှာတံရှည်ရှည်နှင့် ဓါးလိုမျက်ဝန်းများကို ပိုထင်ရှားနေစေတော့သည်။ မျက်နှာကျပုံက ဆင်ခြင်တုံတရားရှိသော်လည်း အချိန်မရွေး‌ပေါက်ကွဲပစ်နိုင်သည့် လျှို့ဝှက်ငရဲတစ်ခုအလားပင်။ 

ဟယ်ကု ခေါင်းကိုသာညိတ်ပြလိုက်သည်။


စုန့်ကျွီးဟန်က stylist ကို “အပြင်ထွက်ပေးပါ။ ငါ ခဏနားချင်တယ်” ဟုဆိုသည်။ 


Stylist နှင့် မိတ်ကပ်ပညာရှင်တို့လည်းထိုစကားကိုကြားကာအကုန်အပြင်ထွက်ပေးကြသည်။ရှောင်စုန့်လည်းထွက် သွားတော့သည်။ ဟယ်ကုခေတတွေဝေနေပြီး ခြေလှမ်းရန်ပြင်လိုက်စဥ်မှာပင် စုန့်ကျွီးဟန်က စူးရဲစွာစိုက်ကြည့်လာ တော့သည်။ “မင်းနေခဲ့။” 


ဟယ်ကုတံခါးကိုပိတ်၍ သူ့ထံလျှောက်လာလိုက်သည်။ “ဘာဖြစ်နေတာလဲ? မင်းဘာလို့ စိတ်ဆိုးနေတာလဲ?” 


စုန့်ကျွီးဟန်က မျက်မှန်ကိုချွတ်၍ ဘေးသို့ပစ်လိုက်သည်။ “ရှောင်စုန့်က မင်းကိုဝင်လာစေချင်တာကို မင်းကဘာလို့ ဝင်မလာရတာလဲ?” စုန့်ကျွီးဟန်၏မျက်တောင်များက ရှည်လွန်းသောကြောင့် မျက်မှန်ဝတ်ရသည်ကို မကြိုက်ချေ။


“ငါက မင်းအလုပ်ထိခိုက်မှာစိုးလို့ပါ။” 


“အဓိပာယ်မရှိတာ။” စုန့်ကျွီးဟန် သူ့မေးစေ့ကိုဆွဲညှစ်လိုက်သည်။ “မင်းငါ့ကိုရှောင်ပုန်းချင်နေတာလား?” 


“ငါက မင်းကိုဘာလို့ ရှောင်ချင်ရမှာလဲ?” 


စုန့်ကျွီးဟန်က အေးစက်စွာပြုံးသည်။ “ငါက ဖုန်းကျုန်းအကြောင်းကို ပြောလိုက်လို့လေ။ မင်းကြည့်ရတာ သူ့ကိုအတော် သဘောကျနေတာကိုး။” 


“ငါတို့အဆက်အသွယ်မရှိတာဘဲနှစ်တွေကြာလှပြီကွာ။ ငါ့ခေါင်းထဲမှာတောင်မရှိတော့ပါဘူး။” 


“ဒါဆို မင်းကသူ့အတွက် ဘာလို့ စိတ်ပူပေးနေတာလဲ?” 


ဟယ်ကု ခေတစဥ်းစားလိုက်သေးသည်။ “ငါတော့ ငါသူ့ကို စိတ်ပူမိတယ်မထင်ပါဘူး။” 


စုန့်ကျွီးဟန်က မျက်ခုံးများကိုပင့်လိုက်သည်။ “မင်းငါ့ကိုလိမ်နေတာလား?” 


ဟယ်ကု သက်ပြင်းချမိသည်။ “ကျွီးဟန် မင်းဘာဖြစ်ချင်နေတာလဲ?”


“ငါ့ကို အဲ့ဒီလေသံနဲ့စကားမပြောစမ်းနဲ့။ မင်းပြောပုံက ငါကပဲ မဆီမလျော်တွေပြောနေသလိုပဲ။” စုန့်ကျွီးဟန် သူ့ကို တွန်းထုတ်လိုက်ရာ ဟယ်ကု ကြမ်းပေါ်ပြုတ်ကျမတတ်ဖြစ်သွားရသည်။ 

ဟယ်ကု ထရပ်လိုက်ပြီး သူ့ဘေးတွင်ထိုင်ကာ တိတ်တိတ်လေး ကြည့်နေမိသည်။ လူတွေကို ဘယ်လိုနှစ်သိမ့် ရမည်ကို သူမသိပါပေ။ စုန့်ကျွီးဟန်ကိုသာ သူနားလည်ခြင်းဖြစ်သည်။ ဘာကြောင့်မှန်း မသိသော်လည်း စုန့်ကျွီးဟန် နှလုံးသားလေးက ပူလောင်နေပုံရသည်။ သူ့ဒေါသကို ကုန်စင်အောင် ဖောက်ထုတ်ခွင့် မရမချင်း ဘေးလူများ စိတ်ညစ်ရအောင် လုပ်နေတော့မည်ဖြစ်သည်။ 


စုန့်ကျွီးဟန် ခေတတိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ကော်ဖီစားပွဲကို ကန်ထုတ်လိုက်သည်။ သူက အလောတကြီး အော်ဟစ်ပြန်သည်။ “မင်းတော့ တကယ်သေတော့မယ်။ ငါက သူ့အကြောင်း နည်းနည်းလေး ပြောမိပါတယ်၊ မင်းက ပြုံးဖြီးနေတာပဲ။ ငါလည်း ပိုက်ဆံသုံးလိုက်ရင် ခပ်လန်းလန်း ဘဲတစ်ဗွေတော့ ရှာလို့ရတယ်။ မင်းထက် ဗဟုသုတရှိပြီး မင်းထက်လည်း ပိုနာခံတတ်ဦးမယ်။ မင်းက ဘာတွေများ သိပ်မြင့်မြတ်နေလို့လဲ?”


ဟယ်ကု နည်းနည်းတော့ရင်နာသွားရပြီး နှုတ်ခမ်းသားများလည်း တုန်ရီလာသည်။ စုန့်ကျွီးဟန်က ဒီလိုပြုမူလေ သူဘာလုပ်ရမှန်းမသိလေဖြစ်သည်။ ဟယ်ကု တိတ်တိတ်လေးသာ ဆက်နေနေရသည်။


စုန့်ကျွီးဟန်က ပစည်းတချို့ကို ထပ်ကန်ကျောက်လိုက်ပြန်သည်။ 


သူအချိန်အကြာကြီးတွေဝေနေပြီးမှ စကား စပြောလိုက်သည်။ “ကျွီးဟန်ရယ် ငါမှားပါတယ်။ စိတ်မဆိုးပါနဲ့နော်။” ဟယ်ကု သူဘာအမှားလုပ်မိသလဲ မသိသော်လည်း တဖက်သားစိတ်ပြေသွားစေရန် ပြောလိုက်ရခြင်းဖြစ်သည်။ 


စုန့်ကျွီးဟန်က သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလာသည်မှာ “မင်းဘောင်းဘီချွတ်လိုက်။” 


ဟယ်ကု သူ့ကို အံ့သြစွာကြည့်လိုက်မိသည်။ ဤနေရာသည် နားနေခန်းတစ်ခုသာဖြစ်ပြီး အပြင်တွင်လည်း လူတွေ ရှိနေသည်လေ။  


“ချွတ်လိုက်လေ.. မင်းမှာ အရှက်မရှိရင်ပေါ့။ အနည်းဆုံးတော့ လူတွေက မင်းကိုစိတ်မပျက်သွားအောင် နည်းလေးတွေသင်ထားသင့် တယ်။”


ဟယ်ကု ခဏလောက်တွန့်ဆုတ်နေပြီးမှ “မင်းတံခါးသွားပိတ်ပေး။”


စုန့်ကျွီးဟန် တံခါးသော့ချလိုက်ပြီး လက်ပိုက်လျက် သူ့ကိုကြည့်လာခဲ့သည်။


ဟယ်ကု မျက်နှာသေဖြင့်သာ ဘောင်းဘီများကိုချွတ်ချလိုက်သည်။ 


စုန့်ကျွီးဟန် ခြေလှမ်းကြဲများဖြင့်လျှောက်လာပြီး ဟယ်ကု၏ကျောကို ဆိုဖာခုံနှင့်ဖိကပ်ပစ်လိုက်သည်။ မီးပူ တိုက်ထားသော အက်ျီများကြေမှာကိုတော့ စိုးရိမ်နေပုံရသည်။ မီးပူ‌ကျော့အက်ျီများမထိခိုက်စေရန် ကျွီးဟန်က ခါးပတ်ကိုသာ ဆွဲချလိုက်သည်။ 


သူ့ကို ရယူနေစဥ်မှာပင် စုန့်ကျွီးဟန်က အေးတိအေးစက်လေသံဖြင့်ဆိုသည်။ “မင်း ဖုန်းကျုန်းနဲ့ သွားမအိပ်ဖြစ်တာ နှမျောဖို့တော့ကောင်းသား။ ငါ့ဘက်ကလည်း ကန့်ကွက်စရာမရှိပါဘူး။ သွားဖြစ်ရင်တောင် မင်းသူ့ကို ပြောပြလို့ ရသေးတယ်။ ငါ့ရဲ့ အိပ်ရာဝင်သိုင်းကွက်က သူ့ထက်ကြမ်းတယ်ဆိုပြီးပေါ့။”  


ဟယ်ကု အံကိုသာကြိတ်ထားမိပြီး အသံသေးသေးပင်မထွက်ရဲခဲ့ရှာ။ သူ့နဖူးတွင် ချွေးများစိုရွှဲနေပြီး မျက်လုံးများ တွင်လည်း သွေးရောင်လွှမ်းနေလေပြီ။ နာကျင်ခြင်းနှင့် အနေရခက်ခြင်းတို့ကို သည်းခံနိုင်ပါသေးသည်။ သို့သော် စော်ကားပြောဆိုမှုများက နှလုံးသားထဲသို့ တိုက်ရိုက်တိုးဝင်လာသောအခါ ခံနိုင်ရည်မရှိလောက်အောင် ရှက်ရွံ့ ဝမ်းနည်းလာတော့သည်။ အစော်ကားခံရလည်း မမှုပါဟု သူ့ကိုယ်သူသာ စိတ်ထဲတွင်ဖြေသိမ့်နေရသည်။ စုန့်ကျွီးဟန်နှင့် အတူရှိချင်မိသည့်အတွက် တန်ရာတန်ကြေးပြန်ပေးဆပ်ရသည်မှာ မျှတပါသည်။ 


ဒီလို အသိစိတ်ရှိနေခြင်းကပဲ စုန့်ကျွီးဟန်က သူ့ကို လမ်းမခွဲသွားသေးသည့် အကြောင်းပြချက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ 


စုန့်ကျွီးဟန်၏ စိတ်ထမှုက တော်ရုံလူထက်တော့ အတော်များသည်။ အထူးသဖြင့်တော့ စိတ်အခြေအနေ မကောင်းချိန်များ၊ စိတ်ဖိအားများနေချိန်များတွင် ပုံမှန်အပန်းဖြေနည်းများဖြစ်သည့် ဆေးလိပ်၊ အရက် သောက်ခြင်းမျိုး၊ ကားတစ်စီးဖြင့် ခရီးလျှောက်သွားခြင်းမျိုး သူ့မှာ လုပ်ခွင့်မရှိသည့်အတွက်ပင်။ သို့ဖြစ်၍ သူမကြာခဏ လုပ်ဖြစ်သည်မှာ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် အိပ်.. ချစ်တင်းနှောခြင်းပင်။ သို့သော်လည်း ပုံမှန်အားဖြင့်တော့ နှိပ်စက်ခြင်း၊ ခွန်အားသုံးခြင်းမျိုးလုပ်လေ့မရှိပါ။ မည်သူနှင့် အတူနေသည်ဖြစ်စေ တစ်ဖက်သားက ရှေ့ဆက်ရန် ဆနမရှိသရွေ့ အရမ်းမဲ့မပြုမူတတ်သူပင်။ အကြောင်းတစ်ချက်က သူ့ကို အသုံးချ သွားကြမည်ကို မလိုလားသောကြောင့်ဖြစ်သည်။ နောက်တစ်ကြောင်းမှာ သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်မည့် သူများရှိနေ၍ပင်။ အနုပညာအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာကျင်လည်လာသူပီပီ မည်သူ့ကိုမှ တရားဝင် ချစ်သူအဖြစ်လည်း ပြောလေ့မရှိ။ သူနှင့် ငြိတိတိဇယားများစွာရှိသော်လည်း ဟယ်ကုကသာ သူ့ဘေးတွင် အချိန်အကြာဆုံး အတူရှိနိုင်သူဖြစ်သည်။ 


အကယ်၍ အစကတည်းက ဖုန်းကျုန်းသာမရှိခဲ့ပါလျှင် စုန့်ကျွီးဟန်၏ စိတ်ရိုင်းကလည်း ထကြွလာမည်တော့ မဟုတ်။ ဟယ်ကုလည်း သူ့လက်ထဲ ကျရောက်ခဲ့ရမည်မဟုတ်ချေ။ နှစ်များစွာကြာပြီးသော်လည်း စုန့်ကျွီးဟန်၏ ကလဲ့စားချေတတ်ပြီး စိတ်ကြီးဝင်၊ ရန်လိုသော ပင်ကိုစရိုက်ကတော့ မပြောင်းလဲသေးပါပေ။ 


စုန့်ကျွီးဟန်က ပြီးဆုံးလိုက်ပြီး သူ့အောက်ပိုင်းသူ တစ်ရှူးဖြင့်သုတ်သည်။  ထို့နောက် အဆုံးသတ်ကာ အဝတ်အစားများပြန်ဆွဲဝတ်လိုက်သည်။ ဆိုဖာခုံပေါ်တွင်တော့ ဟယ်ကုခမျာ ခြေထောက်များ အကြောသေသလို ဖြစ်ကာ အတော်ကြာသည်အထိ မလှုပ်နိုင်ဖြစ်သွားတော့သည်။ 


သူ့အဖြစ်ကို မြင်လေမှ စုန့်ကျွီးဟန်၏ စိတ်အခြေအနေလေး ကောင်းသွားပုံရသည်။ သူ့မျက်နှာကို ဆွဲညှစ်လိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးပြလာသည်။ “မင်းက စိတ်ကျေနပ်တာလား၊ မကျေနပ်တာလား?”   


ဟယ်ကုက မျက်ဝန်းများကို အသာမှေးကျဥ်းကြည့်လိုက်ပြီး စကားတော့မပြန်ပေ။ 


“ငါမင်းကိုတစ်ခုခုမေးလိုက်သလားလို့?”


“ကျေနပ်ပါတယ်။” ဟယ်ကု တိုးဖွဖွပြောလိုက်သည်။ 


“ကောင်းတယ်။” စုန့်ကျွီးဟန်က ကိုယ်ကိုညွတ်ကိုင်း၍ ဟယ်ကု၏ နှုတ်ခမ်းထောင့်စွန်းလေးကို ညင်သာစွာ အနမ်းပေးလိုက်သည်။ သို့သော် ပါးစပ်ကထွက်လာသည်များကတော့ နတ်ဆိုးတစ်ကောင်၏ စကားလုံးများလို ပါပေ။ “ငါလည်းအရမ်းစိတ်ကျေနပ်တယ်။ ငါနဲ့အိပ်ခဲ့တဲ့တစ်ယောက်ဆိုမင်းထက်ငယ်တယ်။ ဒါပေမဲ့ မင်းလောက် မချောပါဘူး။ လိုတာရဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းစားတဲ့လူမျိုးပေါ့ကွာ။ မင်းကတော့ ဖြည့်ဆည်းပေးတဲ့နေရာမှာ ပါရမီပါတဲ့ သူပဲ။”


ဟယ်ကု မျက်လုံးများမှိတ်ပြီး ငြိမ်နေခဲ့မိသည်။ မတ်တပ်ထချင်ပါသော်လည်း ခါးအောက်ပိုင်းက ထုံကျဥ်နေသေး၍ ဖြစ်သည်။ 


စုန့်ကျွီးဟန်က သူ့ကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ပြီး ခွနေရာကို အသာ လက်နှင့်ပုတ်ကာ “ငါ့ကို ဒီမှာပဲစောင့်နော်။ ငါမင်းကို ညကျရင် အရသာရှိတာတစ်ခုခုလိုက်ကျွေးမယ်။” ဟုဆိုသည်။

စုန့်ကျွီးဟန်က မှန်ရှေ့သို့သွားကာ အက်ျီကို သေသပ်အောင်ပြန်ဝတ်ပြီး ကော်လံကိုလည်း ပြန်တည့်မတ်လိုက် သည်။ တီးလုံးတစ်ခု ဆိုညည်းကာ နောက်လှည့်၍ တံခါးဖွင့်ထွက်သွားတော့သည်။ 


ဟယ်ကုက ဆိုဖာခုံတွင် ဆက်ထိုင်နေခဲ့သည်။ လက်များက အားမရှိစွာဖြင့် ဘောင်းဘီဇစ်ကို ဆွဲတင်လိုက်ပြီး ခါးပတ်ပြန်ပတ်လိုက်သည်။ ထိုမျှ လွယ်ကူသောအလုပ်လေးလုပ်ဖို့ရန်ပင် အသက်ပြင်းပြင်းရှိက်လိုက်ရသေးသည်။ 


သူ မျက်နှာကြက်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေမိသည်။ သူ့နှလုံးသားထဲတွင် ဗလာကျင်းလျက်ရှိပြီး စိတ်ထဲတွင်လည်း ဟာလာဟင်းလင်းပင်။ 


သူ့တွင် အပြစ်ရှိသည်ကိုသူသိပါသည်။ အခြားသူတွေ၏ ပျော်ရွှင်မှုကိုမပိတ်ပင်ဘဲ သူလည်းပျော်ချင်ခဲ့ရုံသာ ဖြစ်သည်။ နောက်နှစ်အနည်းငယ်လည်းသူထပ်မစောင့်ချင်ပါ။ သူ့အသက်ပင် သုံးဆယ် ပြည့်လုပြီဖြစ်သည်။ စုန့်ကျွီးဟန်သူ့ကို မငြီးငွေ့သွားခင်၊ သူနှင့် စုန့်ကျွီးဟန်အတူရှိခွင့်ရချိန်လေးများကို ပျော်ရွှင်စွာ ခံစားလိုပါသည်။ စုန့်ကျွီးဟန်နှင့် အတူရှိခွင့်ရသော မိနစ်တိုင်း၊ စကန့်တိုင်းကိုလည်း ပျော်ရွှင်စွာ မှတ်ဉာဏ်ထဲသိမ်းဆည်း ထားချင်မိသည်။ လူ့ဘဝသက်တမ်းက တိုတိုလေးသာဖြစ်သည်။ တစ်နှစ်တာအတွင်း အခြားသူများဘယ်လို ရှင်သန်သည်၊ ဘယ်လိုထင်မြင်သည်ကိုလည်း သူဂရုမစိုက်နိုင်။ ဂုဏ်သိကာတစ်ခုအတွက်တော့ သူရည်ရွယ်ထားသည်များကို မဖျက်ဆီးနိုင်ပါချေ။ 


သူ စုန့်ကျွီးဟန်ကိုကြိုက်သည်။ ထို့ကြောင့်လည်း သူသည်းခံရမည်။ 


အချိန်ယူကာ အသက်ကို ဖြည်းဖြည်းရှူနေရင်းဖြင့် ပျော့ခွေနေသော သူ့ခြေထောက်များ ပြန်ကောင်းလာခဲ့ သည်။ သူ ရေချိုးခန်းသို့ဝင်ကာ သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် ဧည့်ခန်းထဲတွင် ငြိမ်ငြိမ်သက်သက်ထိုင်ကာ စုန့်ကျွီးဟန်ကိုစောင့်နေလိုက်တော့သည်။ ယမန်နေ့ကရော ယနေ့ပါ သူအလွန်ပင်ပန်းခဲ့သည်ဖြစ်၍ ဆိုဖာခုံပေါ်မှာပင် အိပ်ပျော်သွားတော့သည်။ 

အချိန်မည်မျှကြာသွားသည်ကိုပင် သူမသိတော့ချေ။ တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့်ဝင်လာခဲ့မှ ဟယ်ကုနိုးသွားတော့သည်။ သူ့ဦးနှောက်က လန့်ဖျပ်သွားပြီး ရှောင်စုန့်ကို ဇဝေဇဝါဖြင့် ကြည့်နေမိတော့သည်။  


“ဟယ်ကု အစ်ကိုဒီမှာ ဘာလုပ်နေသေးတာလဲ?” ရှောင်စုန့်က သူ့ကို တအံ့တသြကြည့်လာလေသည်။ 


“ကျွီးဟန်က သူ့ကို စောင့်နေပါဆိုလို့လေ။” 


ရှောင်စုန့်က “အစ်ကိုဟန်က ပြန်သွားပြီလေ။ အဖွဲ့သားတွေနဲ့ သွားစားကြပြီ။ ကျွန်တော်က သိမ်းဆည်းဖို့ ကျန်နေခဲ့လိုက်တာ။” ဟု ဆိုတော့သည်။ 


ဟယ်ကု မျက်ဝန်းများကို မှိတ်ချလိုက်ပြီး ပင်ပန်းစွာ ပြောလိုက်မိသည်။ “ကောင်းပြီလေ။ ဒါဆိုလည်း ပြန်လိုက်တာ ပေါ့။ 


“အစ်ကိုဟယ်ကု” ရှောင်စုန့် အားနာသွားရသည်။ “အစ်ကိုဟန်က နေ့လည်တုန်းက အရမ်းအလုပ်များလို့ပါ။ အရမ်းအလုပ်များသွားတော့လေ.. သူမေ့သွားတာပါ။ ကျွန်တော်ပဲ ညစာလိုက်ကျွေးပါရစေ‌နော်။” 


“မဟုတ်တာ။ မင်းလည်း စောစောပြန်နားလိုက်ပါ။”


“အစ်ကိုဟယ်ကု...” ရှောင်စုန့် သက်ပြင်းချလိုက်သည်။ “အစ်ကိုတကယ်တာဝန်ကျေပါတယ်။ ကြည့်ရတာ ပင်ပန်းနေပုံပဲ။”


ဟယ်ကု အခြားဘာမှ ဆက်မပြောတော့ပေ။ သော့ကိုယူ၍သာ ထွက်လာခဲ့တော့သည်။ 


သူများ သနားတာမျိုး မလိုအပ်ပါဘူးလေ။ သူက လူကြီးတစ်ယောက်ဖြစ်နေပြီမဟုတ်လား။



rate now: