book

Index 19

အခန်း ၁၉။ တံခါး မခေါက်သူ

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ဟယ်ကု မျက်ဝန်းများ ပူတက်လာရသည်။ သူ့မြင်ကွင်းများလည်း ဝေဝါးလာတော့သည်။


စုန့်ကျွီးဟန်က အပြုံးဖြင့်ဆိုသည်။ “ဟယ်ကု မင်း တကယ်ပဲ ဒီကိုဘာလာလုပ်တာလဲ? မင်းက Gay စစ်စစ်လေးလေကွာ။ ဘာလို့များ ငါ့လို ခြေတစ်ဖက်ပဲလှမ်းထားတဲ့ကောင်လောက်တောင် စည်းမျဥ်းတွေကို နားမလည်ရတာလဲ?”


“စည်းမျဥ်း?” ဟယ်ကု ထိုစကားနှစ်လုံးကို ထပ်ကာ ထပ်ကာ ရေရွတ်နေမိသည်။ အဆိပ်များကို ဆေးအမှတ်ဖြင့် မျိုချဖို့ ကြိုးစားနေသူတစ်ယောက်လို။


“ငါတို့ အတူအိပ်လိုက်တာနဲ့ပဲ အခု ငါက မင်းကို တာဝန်ယူပေးရတော့မယ်လို့တွေးနေတာလား? ဒါမှမဟုတ် မင်းဆီမှာ ငါတစ်ယောက်တည်းပဲရှိလို့လား?” စုန့်ကျွီးဟန်က သရော်သံအပြည့်ဖြင့် ဆိုသည်။


သူ့မျက်ဝန်းများထဲတွင် ကြမ်းကြုတ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ဟယ်ကု စုန့်ကျွီးဟန်၏ ကော်လံကို ဆွဲကိုင်ကာ ထိုလူကို နံရံဆီသို့ တွန်းပစ်လိုက်သည်။


စုန့်ကျွီးဟန် အနည်းငယ်တော့ အံ့သြသွားရသည်။ သူက လက်ကောက်ဝတ်ကိုကွေးချပြီး စိတ်မပါ့တပါဖြင့် နောက်လိုက်သေးသည်။ “ဟယ်ကု မင်းစိတ်လိုက်မာန်ပါမလုပ်တာကောင်းလိမ့်မယ်။ ကံကောင်းတာက မင်းငါ့ကို ကိုယ်ထိလက်ရောက်မလုပ်နိုင်တာပဲ။ လုပ်သာလုပ်မိရင် မင်းတော့ ပြဿနာအကြီးကြီးတက်မှာ။”


ဟယ်ကုမျက်သားများက နီရဲလာပြီး ရင်ထဲတွင်လည်း လှိုင်းထန်နေခဲ့သည်။ ဒီလို အရှက်တကွဲဖြစ်မှုမျိုး သူ့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ့ကိုယ်ထဲက တစ်စုံတစ်ရာကို စုတ်ဖြဲခံလိုက်ရသလိုမျိုး၊ သူ့သွေးတွေ မြေပေါ်ယိုစီးကုန်သလိုမျိုး ခံစားနေရသည်။ 


ဒီမျက်နှာက သူ့အတွက် ရင်းနှီးနေသလို တစ်ပြိုင်တည်းမှာပဲ စိမ်းသက်နေပြန်သည်။ ပထမဆုံး သိကျွမ်းခဲ့စဥ်မှသည် လက်ရှိအချိန်အထိ စုန့်ကျွီးဟန်၏ လှုပ်ရှားမှုအားလုံးကို သူတိတ်တိတ်လေး စူးစမ်းခဲ့ဖူးသည်။ အရင်းခံကတော့ သူနှင့်နီးကပ်ခဲ့ရသော စာသင်ခန်းကျဥ်းလေးထဲမှ နေ့လည်ခင်းတစ်ခုကြောင့်သာ။ သူကြိုက်တတ်သော အရာလေးများအကြောင်း သူကိုယ်တိုင်သိရှိသွားစေခဲ့သော ပထမဦးဆုံးသောအချိန်လေးကြောင့်ပင်။


သူတို့သာ ထပ်ပြီး မဆုံတွေ့ခဲ့ပါလျှင် သူက စုန့်ကျွီးဟန်၏ ပရိသတ်လေးတစ်ယောက်သာ အမြဲဖြစ်နေမှာဖြစ်ပြီး ယခုကဲ့သို့ ထိန်းမနိုင်သိမ်းမရအဖြစ်မျိုးလည်းရောက်ရမည်မဟုတ်ပေ။

စုန့်ကျွီးဟန်က သူ့ကို ဘယ်လိုထင်ထားခဲ့ပါသလဲ...


စုန့်ကျွီးဟန်က မျက်နှာပျက်နေသော သူ့ကိုမြင်သောအခါ သက်ပြင်းချလိုက်ပြီး သူ့ဆံပင်များကို ညင်သာစွာသပ်ပေးလာသည်။ “ငါက မင်းလည်း ဒီလိုမျိုး ကစားတတ်မယ်ထင်နေခဲ့တာ။ ချစ်သူရည်းစားတွေ ဖြစ်ချင်တာမှန်းသိခဲ့ရင် အလုပ်ရှုပ်ခံပြီး မင်းကိုသွားမကစားပါဘူးကွာ။”


မကစားဘူးတဲ့လား?


ဟယ်ကု သူကိုယ်တိုင် ဖုန်းကျုန်းကို ပြောခဲ့မိသည်ကို အမှတ်ရသွားသည်။ “ငါက နုံနုံအအ မဟုတ်ဘူးနော်။”


ဘယ်လိုသတိများနှင့် ထိုသို့ လေကျယ်ခဲ့မိပါသလဲ? လက်ရှိတွင်ရော? သူ ဘယ်တုန်းကမှ ကစားရန် မစဥ်းစားခဲ့ပါ။ ကစားလည်း မကစားတတ်ပါချေ။


စုန့်ကျွီးဟန်၏ လေသံက ညင်သာသွားပြီး စိတ်ရှုပ်ဟန်လည်းပေါက်သွားသည်။ “မင်းကအရမ်းတော်တယ် မဟုတ်ဘူးလား? ဟယ်ကု ငါမင်းကို သိပ်သဘောကျတာပါ။ ဒါပေမဲ့ ငါက အသက်လည်းငယ်သေးတယ်လေ။ မချစ်ချင်သေးဘူးကွာ။ မင်းလည်း ငယ်သေးတာပဲကို ဘာလို့ အရမ်းကြီး အလေးအနက်တွေလုပ်နေတာလဲ? မင်းဘာလိုချင်လဲ? ငါ့ဆီက အကုန်ယူလို့ရတယ်လေ။ ဘာလို့ ဒီလောက် စိတ်တွေဆိုးနေတာလဲ?”


ဟယ်ကုတစ်ယောက် ထိုးဖောက်ခံလိုက်ရသော ပူဖောင်းလေးလို ခံစားလိုက်ရသည်။ ဆုပ်ကိုင်ထားသော စုန့်ကျွီးဟန်၏ ကော်လံကိုလည်း ဖြည်းညင်းစွာ ပြန်လွှတ်ပေးလိုက်သည်။ လှိုက်တက်လာသော ခံစားချက်များကို အားအင်ရှိသမျှဖြင့် ဖိနှိပ်ထားရင်း စကန့်အနည်းငယ် တိတ်ဆိတ်သွားခဲ့ရသည်။ သူခေါင်းကိုညိတ်၍ တိုးညင်းစွာဆိုမိသည်။ “မင်းမှန်ပါတယ်။”


စုန့်ကျွီးဟန် မင်းမှန်ပါတယ်။ ဘာလို့များ အရမ်းအလေးအနက်တွေလုပ်နေဦးမှာလဲ။


သူ့မှာလည်း နောင်တ တစ်စိုးတစ်စိပင်မရှိခဲ့ပါ။ နာမည်ကြီးတစ်ယောက်နှင့် အတူအိပ်ခွင့်ရခဲ့သည်ပဲ။ ဒီအတိုင်း လိုသုံးအဖြစ်နေချင်လျှင်တောင်၊ စုန့်ကျွီးဟန်၏ သတ်မှတ်ချက်က မြင့်လွန်းသည်။ အလေးအနက် မထားတတ်သရွေ့တဲ့လေ။ 


ဟယ်ကု အသက်ရှူရခက်လောက်အောင် အောင့်တက်လာသော နာကျင်မှုကို လက်သီးကိုတင်းတင်းဆုပ်ရင်း တောင့်ခံနေရသည်။ စုန့်ကျွီးဟန်ကိုတော့ ဗလာဖြစ်နေသော မျက်နှာပေးဖြင့်သာ လှမ်းကြည့်လိုက်သည်။ “မင်းဆက်ကစားလိုက်ပါဦး။ ငါပြန်တော့မယ်။”


စုန့်ကျွီးဟန် မျက်မှောင်ကြုတ်လိုက်သည်။ “ဟယ်ကု ဒီကိစကို မင်းကို အရင်မပြောထားမိတာ ငါ့ကိုယ်ငါ အပြစ်တင်ရမှာပဲ။ ငါက မင်းသဘောပေါက်တယ်ထင်လို့ပါ။ ငါပြန်ပြီးအလျော်ပေးပါ့မယ်။ မင်းလိုချင်တာ ဘာပဲဖြစ်ဖြစ် ငါဝယ်ပေးမယ်။” 


“မင်းက ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးဆိုတော့ အတိအကျဆိုရင် ဘယ်အပိုင်းကို မပြောခဲ့တာကို ဆိုလိုတာလဲ?”


စုန့်ကျွီးဟန် စကားမဆိုနိုင်ခဲ့ပေ။


“ဖုန်းကျုန်းကို ရန်စဖို့ မင်း ငါနဲ့လာ ပျော်ပါးတဲ့အပိုင်းကိုလား?”


စုန့်ကျွီးဟန်မျက်နှာက ကသိကအောက်ဖြစ်နေပုံပင်။ “ဖုန်းကျုန်းက မင်းကို အဲ့ဒီလိုပြောခဲ့တာလား?”


“မဟုတ်ဘူးဆိုရင်ရော?”


စုန့်ကျွီးဟန် တိတ်ဆိတ်သွားသည်။ “ဟယ်ကု မင်း ငါ့နောက်ပဲလိုက်ရမယ်နော်။ ငါမင်းအပေါ် အမြဲတမ်း ကောင်းပေးပါ့မယ်။ မင်းလည်း ဒီကိစတွေကို တွေ့ကြုံဖူးချင်တယ်ဆိုရင် ဒီအသက်အရွယ်က ပျော်စရာကောင်းတဲ့ နှစ်တွေပဲလေ။”


ဟယ်ကု စုန့်ကျွီးဟန်၏ မျက်နှာကို မိနစ်ဝက်ခန့် စူးစိုက်ကြည့်ပြီးမှ ပြန်ပြောလိုက်သည်။ “ကောင်းပြီလေ။”


ထိုအချိန်က သူက သိပ်ငယ်ပြီး သိပ်တုံးအ ခဲ့သည်ပင်။ လွတ်လပ်ပြီး ရင့်ကျက်မှုရှိသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ခြင်းဖြစ်သည်ဟု သူထင်ခဲ့မိသည်။


အချစ်ကို ဆုံးရှုံးရခြင်းသည် သူ့ဘဝ၏ ဇာတ်ကွက်သေးသေးလေးတစ်ခုသာဖြစ်သည်။ မကြာမီပြီးသွားမှာပင်။ စုန့်ကျွီးဟန်အပေါ် စွဲလမ်းစိတ်လေးအချို့ကျန်နေသေးသည့်အတွက် ဘေးမှာ အဖော်အဖြစ်နေရလည်း သူ့အတွက်မဆိုးလှ။ သူ့မှာ ဘာမှ ဆုံးရှုံးစရာမရှိပါလေ။ သူ ထိုအထိတွေးကြည့်ထားသည်။ နှစ်ဦးလုံးက ယောက်ျားသားများဖြစ်နေလေတော့ စုန့်ကျွီးဟန်က လျှောက်ကစားချင်သည်ဆိုလာလျှင် သူဘာများ တတ်နိုင်ပါ့မလဲ


ထိုဆုံးဖြတ်ချက်တစ်ခုက သူ့ဘဝအတွက် အဆုံးအရှုံးအများဆုံး၊ ပြင်မရသော အမှားကြီးဖြစ်လာလိမ့်မည်ဟု သူမခန့်မှန်းမိခဲ့‌ပေ။ စုန့်ကျွီးဟန်အပေါ်ထားသော သူ့အချစ်က စိတ်သဘောထားနှင့်အချိန်များပြောင်းလဲသွားရုံဖြင့် သေဆုံးမသွားခဲ့သောကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ရမည့်အစား ပို၍ ပို၍ အလျှံတငြီးငြီးတောက်လောင်လာခဲ့သည်။ သူ ရုတ်တရက် လန့်ဖျပ်အသိဝင်လာချိန်တွင် အတော်ဝေးဝေးလျှောက်လာခဲ့ပြီးဖြစ်၍ ပြန်နှုတ်မရအောင် နစ်ဝင်နေခဲ့လေပြီ။ 


ဟယ်ကု မျက်လုံးများ ပြန်ဖွင့်ချိန်တွင် သူ့အိမ်ရှိ မြင်ဖူးနေကျ မျက်နှာကြက်ကို တွေ့လိုက်ရသည်။


အတိတ်ကို ပြန်လှန်တွေးတောရင်းဖြင့် ဆိုဖာခုံပေါ်တွင် သူအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ အတိတ်က ပုံပြင်တစ်ခုသဖွယ် ယှက်နွယ်ပြီး သူ့အိပ်မက်ထဲအထိ တိုးဝင်လာခဲ့သည်။ ခြောက်နှစ်စာ၊ ထိုအချိန်က အသေးစိတ်အကြောင်းအရာများကအစ သူ ကြည်လင်ပြတ်သားစွာ မှတ်မိနေပါသေးသည်။ 


အထူးသဖြင့်တော့ ဟယ်ကု၏ သူ့အပေါ်စွဲလန်းတတ်မှုကို စုန့်ကျွီးဟန်က ပြန်ပြီး စွဲလန်းသွားခြင်းပင်။ ဒီစကားလုံးကို သူဘယ်လိုသုံးနိုင်ပါ့မလဲ? ထိုစကားလုံးနည်းနည်းလေးက သူ့ပါးများ နာကျင်လာပြီး သူ့နှလုံးသားကွဲအက်သွားရအောင်အထိ စွမ်းနိုင်သည့်စကားပင်။ ထိုစဥ်က ဖုန်းကျုန်း မချင့်မရဲဖြစ်စွာဖြင့် ချခဲ့သော ဆုံးဖြတ်ချက်ကိုလည်း သူအမှတ်ရပါသည်။ ဖုန်း၏ စိတ်လိုက်မာန်ပါ အနမ်းကြမ်းကြမ်းတစ်ခုပေါ့လေ။ သူ မှတ်မိနေပါသေးသည်။


သူနှင့်ဖြစ်ပျက်ခဲ့သော ကိစအတွက် စုန့်ကျွီးဟန်က ဖုန်းကျုန်းကို သွားရှာခဲ့သလို၊ ဖုန်းကျုန်းကလည်း စုန့်ကျွီးဟန်ကို သွားတွေ့သေးသည်။ သူတို့နှစ်ဦးကြား ပဋိပကအတော်များများဖြစ်သွားခဲ့သည်။ နှစ်ဦးဆုံချိန်တွင် ဘာဖြစ်သွားသည်ကို ဟယ်ကု အတိအကျမသိသော်လည်း ဖုန်းကျုန်းက နိုင်ငံပြင်ပကို ထွက်သွားခဲ့သလို အခြားတစ်ယောက်ထံတွင်တော့ ဟယ်ကု ခြောက်နှစ်လုံးလုံး အနှောင်ဖွဲ့ခံခဲ့ရလေသည်။


သူမှတ်မိနေသေးသည်က ထိုခြောက်နှစ်အတွင်း စုန့်ကျွီးဟန်က သူ့ကို အချိုသပ်ထားခဲ့သဖြင့် ဟယ်ကုတစ်ယောက် ရုန်းမရအောင် ခြေချုပ်မိခဲ့သည့်အဖြစ်ပင်။


သူ စုန့်ကျွီးဟန်နှင့်အတူ လိုက်ကစားနိုင်ရန် တကယ် စိတ်ဆုံးဖြတ်ခဲ့မိသည်။ စုန့်ကျွီးဟန်အပေါ်ထားသည့် သူ့စွဲလန်းမှုတွေကို ကုန်အောင်ဖောက်ထုတ်ပစ်ချင်ခဲ့သော်လည်း အခုတော့ ဖြတ်မရအောင်ပင်ယစ်မူးသွားခဲ့မိ လေပြီ။ ထိုလူကို နောင်တမရှိဘဲ စွန့်ခွာသွားနိုင်ခဲ့သော်လည်း အခုတော့ သူလုပ်နိုင်မည်ဟု မခံစားမိတော့ပေ။ စုန့်ကျွီးဟန်က ထင်မှတ်မထားလောက်အောင် စုန့်ကျွီးဟန် ပီသနေဆဲဖြစ်သော်လည်း ဟယ်ကု မဖြတ်နိုင်တော့ပါ။


ဟယ်ကု ဘယ်တုန်းကမှ နောင်တမရခဲ့ဖူးချေ။ သို့သော်လည်း ရံဖန်ရံခါတော့ မတတ်သာဘဲ တွေးမိသည့် အချိန်များရှိသည်။ အကယ်၍သာ ထိုအချိန်က သူ စုန့်ကျွီးဟန်နှင့် ပြတ်စဲခဲ့ပါလျှင် အခု ဘာတွေများဖြစ်နေမှာလဲ? ဖြစ်နိုင်ခြေရှိသည်ကတော့ စုန့်ကျွီးဟန်၏ သတင်းများကို နှစ်အနည်းငယ်ကြာမှ ပြန်ကြားရပြီး ဒီတိုင်း ရယ်မောပစ်လိုက်မိမည်ထင်သည်။ ထို့နောက် သူ့သူငယ်ချင်းများကို ဒီနာမည်ကျော်ဆယ်လီကြီးနှင့် သူအိပ်ခဲ့ဖူးကြောင်း ပြုံး၍ ပြောပြမိမည်။ အတိုချုံးဆိုရလျှင်တော့ ဒီနေ့လိုမျိုး ရုန်းမရအောင် နွံနစ်နေသည့် အခြေအနေမျိုးတွင် ရှိနေမည်မဟုတ်ပေ။


သို့သော်လည်း သူနောင်တရဖို့ပင် ရဲပါရဲ့လား?


ရောင်ရမ်းနေသော သူ့နောက်ကျောကို အသာလေးပွတ်ကာ ဆိုဖာပေါ်မှ ဆင်းလိုက်သည်။ တစ်ချက် လှမ်းကြည့်လိုက်စဥ်တွင် စုန့်ကျွီးဟန် လွှတ်ပစ်ထားခဲ့သော ဖုန်းကို တွေ့လိုက်ရလေသည်။

လွင့်ထွက်သွားသော ဘက်ထရီကိုကောက်ကာ ဖုန်းထဲပြန်ထည့်ပြီး ခလုတ်ပြန်ဖွင့်လိုက်သည်။ ကံကောင်းစွာဖြင့် ဖုန်းက ပျက်မသွားပေ။ 


ဖုန်းခလုတ်တစ်ချက်အနှိပ်တွင် ဒါဇင်နှင့်ချီသော ဖုန်းအဝင်ကောများနှင့် စာတိုများပေါ်လာတော့သည်။ အားလုံးက ဖုန်းကျုန်းထံမှဖြစ်သည်။ သူ ဖုန်းပြန်ခေါ်လိုက်ရာ ပထမဆုံးဖုန်းသံမှာပင် ဖုန်းကျုန်းက ချက်ချင်းနီးပါး ကောက်ကိုင်လေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် အော်ခေါ်လာတော့သည်။ “ဟယ်ကု မင်းအဆင်ပြေရဲ့လား?” 


ဟယ်ကု ပင်ပန်းနေပြီဖြစ်သည်။ သူပြန်ဖြေလိုက်သည်။ “ငါအဆင်ပြေပါတယ်။ တောင်းပန်ပါတယ်။ အခုဆို မင်းကတော့ ငါ့ကို ရယ်စရာပြက်လုံးတစ်ခုလိုမြင်နေတော့မှာပဲ။”


“မင်းကတော့ တကယ်ကိုပဲ..” ဖုန်းကျုန်းက အံကြိတ်လိုက်သည်။ “စုန့်ကျွီးဟန်က ဆယ်နှစ်လုံးလုံးကို လူယုတ်မာတစ်ယောက်ဖြစ်နေခဲ့တာပဲ။ သူမင်းကို ဘာတွေလုပ်သေးလဲ?”


ဟယ်ကု သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။ “တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ငါ့မွေးနေ့မှာ လာအဖော်လုပ်ပေးတာ။ မင်းဖုန်းဆက်တာကိုလည်းမြင်ရော ဒေါသထွက်သွားတာပဲ။ မင်းက နှစ်တော်တော်များများ ဒီမှာမရှိခဲ့ဘူးလေ။”


ဖုန်းကျုန်း တိတ်သွားခဲ့ပြီး စကားလမ်းကြောင်းလွှဲကာ ဆိုသည်။ “ဒါဆို မင်းက အဆင်ပြေတယ်ပေါ့။”


“မင်းက ငါ့မွေးနေ့ကို မှတ်မိတယ်ဆိုတာ ရှားရှားပါးပါးပဲလေ။ သူက စိုးရိမ်သွားတော့တာပေါ့။”


“ငါက ဘယ်လိုများ မမှတ်မိဘဲရှိပါ့မလဲ? စုန့်ကျွီးဟန် သွားပြီလား? အပြင်ထွက်လာပြီး ငါနဲ့ လျှောက်လည်ရအောင်ကွာ။”


“အရမ်းနောက်ကျနေပြီလေ။ ငါမနက်ဖြန်လည်း အလုပ်သွားရဦးမယ်။ မင်းလည်း စောစောနားတော့လေ။”


ဖုန်းကျုန်း မတတ်သာဘဲ ပြောမိသည်။ “ဟယ်ကု ငါမင်းကို ဒီလောက်တောင် မဆွဲဆောင်နိုင်ဘူးပေါ့?”


ဟယ်ကု ဖြည်းဆေးစွာဖြင့် နံရံကိုမှီလိုက်သည်။ “ဖုန်းကျုန်း မင်းစဥ်းစားလို့ရသမျှရော မင်းမစဥ်းစားမိတဲ့အရာတွေရော ငါအကုန်နားလည်ပြီးသားပါ။ ဒါပေမဲ့ ငါမတတ်နိုင်ခဲ့ဘူး။ မင်းငါ့ကို အကြံပေးခဲ့တာတွေလည်း အသုံးမဝင်တော့ဘူး။ ငါကိုယ်က အသိခေါက်ခက်အဝင်နက်နေတာ။ မင်းနဲ့လည်း မတွဲချင်ဘူး။ ပြောပြီးသားအကြောင်းတွေကို ထပ်ခါထပ်ခါ ပြောနေရတာကိုက စိတ်ညစ်စရာကောင်းလှပါပြီကွာ။”


“ဟယ်ကုရာ မင်းကလေ ငါသိတဲ့သူတွေထဲမှာ အသိစိတ်ရှိနေရက်နဲ့ မီးပုံထဲခုန်ချဝံ့တဲ့ တစ်ဦးတည်းသောသူပါပဲ။”


ဟယ်ကုက သူ့ သရုပ်ဖော်ပုံကြောင့် ရယ်ချင်သွားရသည်။ “မဟုတ်သေးဘူး။ ငါက မင်းအပေါ် အတိတ်ဘဝတုန်းက အကြွေးတင်နေပြီး အခုဘဝမှာ ပြန်ပေးဆပ်နေရတာဖြစ်ရင်ဖြစ်မှာ။”


ဖုန်းတစ်ဘက်ဆီမှ ဖုန်းကျုန်း၏ သက်ပြင်းချသံ ခပ်ရှည်ရှည်ထွက်ပေါ်လာခဲ့သည်။




ကူချင့်ဖေက ကုမဏီအသစ်သို့ပြောင်းသွားပြီးသော်လည်း ကုမဏီအဟောင်း၏ Group chat ထဲမှ ထွက်မသွားခဲ့ပေ။ ဟယ်ကုက Group chat ကို တစ်ခါတစ်ရံဖွင့်ကြည့်လေ့ရှိပြီး သူ့ထံမှ စနောက်ညည်းညူပြမှုများကို တွေ့ရတတ်သည်။


ဒီနေ့တွင်တော့ ဟယ်ကုက စာရွက်စာတမ်းတစ်ခုကို ဖတ်ရှူနေရာမှ ကွန်ပျူတာပေါ်တွင် စာတမ်းလေးတစ်ခု ပေါ်လာလေသည်။ ကူချင့်ဖေထံမှ Video call ပြောရန် ဖိတ်ကြားမှုပင်ဖြစ်သည်။ ဇဝေဇဝါဖြင့်ပင် သူ ဖွင့်ကြည့်လိုက်သည်။


သူဌေး၏ ထိုင်ခုံတွင်ထိုင်လျက် သူ့ကို လက်ဝှေ့ယမ်းကာ ပြုံးပြနေသော ကူချင့်ဖေကို တွေ့လိုက်ရသည်။ “ဟေ့ ဟယ်ကု ဘာတွေလုပ်နေလဲ?”


ဟယ်ကု ရယ်သာရယ်ချင်မိတော့သည်။ “အလုပ်ပေါ့။ ကူ့ကို ကြည့်ရတာပျော်နေသလိုပဲ။”


“ဟေ့ ငါ့မှာ ဒီလိုပြုံးရွှင်ပြနေဖို့လိုတယ်လေ။ ဒီကုမဏီမှာ အရှုပ်ထုပ်တွေအများကြီးပဲ။ သူဌေးကလည်း ပြဿနာအကြီးကြီးပေးလိုက်သေးတယ်။ ထားလိုက်ပါ။ ဒါတွေမပြောတော့ဘူး။ ငါမင်းကို ငါ့ရုံးအသစ်ကို ပြချင်တာ။” ူချင့်ဖေက ဖုန်းကိုကိုင်၍ မတ်တပ်ရပ်လိုက်သည်။ ထပြီးသောအခါ ရုံးခန်းပတ်လည်ကို ဝိုက်၍ လျှောက်ပြလေသည်။


ထိုရုံးခန်းက နမ်ချွမ်းအမှုဆောင်များရုံးခန်းရှိ ပစည်းများထက်ပင် ခမ်းနားသေးတော့သည်။ ပုဂလိက ကုမဏီဖြစ်၍ ပိုက်ဆံသုံးလိုပါက သုံးခွင့်ရှိသည်ပင်။ ဟယ်ကု မနာလိုပင်ဖြစ်သွားမိသည်။ “ရုံးခန်းက အရမ်းကောင်းတာပဲ။”


“ဟုတ်တယ်။ မင်းရော ဘယ်လိုလဲ? စိတ်မပါသွားဘူးလား?”


ဟယ်ကု ပြုံးလိုက်သည်။ “အဲ့ဒါက ဥက ရုံးခန်းကြီးလေ။ စိတ်ပါသွားတော့ရော ဘာထူးမှာလဲ?”


“ငါတို့က ရုံးခန်းဧရိယာအသစ်ကို ပြန်ပြင်နေကြတာ။ ငါပဲ အကုန်ဆင်ပြီး ရွှေ့ထားတာ။ ဒီရုံးခန်းက မင်းအတွက်ပဲ။” ူချင့်ဖေက သူ့ကို ကြည့်၍ ပြုံးပြသည်။ “မင်းသာလာမယ်ဆိုလို့ကတော့ မင်းအတွက် တစ်နေရာကတော့ အချိန်မရွေး ဖယ်ထားပြီးသားပဲ။”


“ကု ကျွန်တော့်ကို တကယ် မြှောက်နေတာပဲ။ ကျွန်တော် ဒီကုမဏီမှာပဲ အလုပ်လုပ်ပါ့မယ်။ တခြားဘယ်အလုပ်နဲ့မှ ဖြစ်မှာမဟုတ်ဘူး။ ကျွန်တော့်ကို ခင်ဗျားမျှော်မှန်းထားသလို နေကြည့်ရမှာ တကယ်ကြောက်တယ်။” ူချင့်ဖေ၏ အသိအမှတ်ပြုမှုအတွက် ဟယ်ကု တကယ်ကို ကျေးဇူးတင်မိသော်လည်း စိတ်ထဲတွင် အပြစ်ရှိသလိုခံစားရမှုက ရှိနေသေးသည်။ ူချင့်ဖေလို လှပသည့်လူတစ်ယောက်ကို သူ့ရဲ့ သုံးစားမရတဲ့ ဦးနှောက်အသေကြီးကို မမြင်စေချင်ပါပေ။


“ဟေ့ မင်း ဒီလိုအလုပ်မျိုးပဲ လုပ်ချင်သေးတယ်ဆိုရင်လည်း ငါကတော့မင်းအတွက် တစ်ခုခု အမြဲဖန်ပေးနေမှာပဲ။ မင်း အလုပ်လုပ်နေသရွေ့ပေါ့။”


ဟယ်ကု ပြုံးမိသည်။ “ကူ ကျွန်တော် နောက်ကျရင် အဖြေပြန်ပေးပါ့မယ်။ ကောင်းပြီလား?”


“ကောင်းပြီလေ။” ကူချင့်ဖေက သက်ပြင်းချသည်။ “ဟယ်ကု ငါ့အခြေအနေကို မင်း တွေးကြည့်လို့ရမယ်ထင်တယ်။ ယွမ်လီကျန်းရဲ့ အလုပ်အကိုင်လမ်းကြောင်းက အရမ်းကြီးတယ်။ သူက ငါ့ကို ဒီရုံးခွဲကို စျေးကွက်ထဲပို့ပြီးရင် အဖွဲ့ရဲ့ အမှူဆောင်ဘုတ်အဖွဲ့ထဲ ထည့်ပေးမယ်လို့ ကတိပေးထားတာ။ ဒါပေမဲ့ အခုက ငါ့အနားမှာ ဘယ်သူမှ မရှိဘူးကွာ။ တော်တော်ကို စုတ်ချာပါတယ်။”

 

“ကျွန်တော်သိပါတယ်။”


“ဒီတော့ ငါတော့ မင်းဒီကို အလုပ်လာလုပ်မယ်လို့ မျှော်လင့်ချက်ကြီးထားလိုက်ပြီနော်။ မင်းပေးလာမဲ့အဖြေကို ငါစောင့်နေမယ်။”


“ကောင်းပါပြီ။ သေချာပေါက်ပေးပါ့မယ်။”


“ဟုတ်ပြီ။ ငါမွေးထားတဲ့ Arowana ငါးနှစ်ကောင်ကို မင်းကိုပြရဦးမယ်။ ငါ့ရုံးခန်းထဲမှာ နှစ်ကောင်ရှိတယ်။ ရုံးခန်းအသစ်ကြီးရဲ့ စိတ်ကျဥ်းကြပ်စရာကောင်းတာတွေနဲ့ အသားကျသွားမယ်လို့မျှော်လင့်ခဲ့တာ။ ရလဒ်ကတော့ မနေ့က တစ်ကောင်သေသွားတယ်လေ။ ယွမ် ၈၀၀၀၀ တောင် ပေးဝယ်ထားရတာကွာ။ ငါစိတ်မကောင်းဖြစ်တာပေါ့။ မနေ့ညက ကောင်းကောင်းတောင်အိပ်မပျော်ဘူး။” ကူချင့်ဖေက လွမ်းလွမ်းဆွေးဆွေးဖြင့် အော်ညည်းပြလေသည်။ အနည်းငယ်ပင် ကလေးဆန်နေသေးသည်။  

 

“အဲ့ဒါကြောင့်ပဲ ခင်ဗျားဆီကို ဒေါသလှိုင်းတွေ၊ သူရဲကောင်းဆန်ဆန်ကိုယ်ကျိုးစွန့်တဲ့ ဓာတ်တွေ ရောက်မလာတာနေမှာပေါ့။”


“ဟေ့.. မင်းဒီလိုပြောလိုက်တော့လည်း ဖြစ်နိုင်တာပဲ။ အခုမှ ငါ့စိတ်လေး သက်သာသွားတော့တယ်။” ကူချင့်ဖေက သူ့ဖုန်းကို ငါးကန်ရှိရာသို့ ရိုက်ပြလေသည်။ ရွှေထက်စျေးကြီးသော ငါးလေးကို ဟယ်ကု အချိန်ကြာကြာပင် မကြည့်လိုက်ရပါ။ ရုတ်တရက် ခပ်ကြမ်းကြမ်း တံခါးဖွင့်သံတစ်ခုထွက်လာတော့သည်။ 


ကူချင့်ဖေ၏ လေသံက ချက်ချင်းပင် သရော်လှောင်ပြောင်သံများ ပြည့်လျှမ်းသွားတော့သည်။ “မင်းမျက်ခွက်ကြီး ငါ့ရုံးခန်းထဲ ပေါ်မလာခင် တံခါးခေါက်ပါလို့ ငါမင်းကို ပြောတာ ဘယ်နှခါရှိနေပြီလဲ? မင်းလဲ အရွယ်ရောက်နေပြီပဲ။ အသက်နှစ်နှစ်သားကလေးတွေကို သင်ပေးတဲ့ လောကဝတ်လေးကိုတောင် နားမလည်ဘူးလား?"


“အဓိပာယ်မရှိတာတွေ မပြောစမ်းပါနဲ့။” ငယ်ရွယ်ပြီး ကြည်လင်သော ဒေါသသံတစ်ခုက တခြားဘက်မှ ထွက်ပေါ်လာလေသည်။


ဟယ်ကု စူးစမ်းလိုစိတ်ဖြင့် မတ်မတ်ထိုင်မိချိန်တွင် ဗီဒီယိုက ပိတ်သွားတော့သည်။


ချက်ချင်းပင် မူလဗီဒီယိုနေရာတွင် ကြော်ငြာတစ်ခုက ဝင်လာတော့သည်။ စုန့်ကျွီးဟန်၏ ဖျော်ဖြေပွဲကြော်ငြာ ဖြစ်သည်။


ဟယ်ကူ သက်ပြင်းချကာ ဗီဒီယိုကို ပိတ်လိုက်တော့သည်။ သူကိုက ကံဆိုးပါသည်။ ဒီလူကို မေ့ချင်သော်လည်း ရှောင်ပုန်းမရအောင် နေ့စဥ်လွှမ်းမိုးခံနေရလေသည်။


သူ့မွေးနေ့ပြီးကတည်းက သူတို့ကြား အဆက်အသွယ်မရှိတော့သည်မှာ လဝက်ရှိပြီဖြစ်သည်။ စုန့်ကျွီးဟန်က အကြာကြီးစိတ်ဆိုးနေဦးမည်ဟု ထင်သောကြောင့် ဟယ်ကုဘက်က ပြန်သင့်မြတ်ရေးကို မလုပ်ရဲသေးပေ။ နှစ်ကုန်ခါနီးဖြစ်၍ အလုပ်ဖိအားကလည်း အလွန်များသည်။ လုပ်ငန်းခွင်ထဲသို့လည်း သွားသွားနေရသည်။ မြင့်မားလှသော ဖိအားများကြား ခြေကုန်လက်ပမ်းကျလောက်အောင် ပင်ပန်းနေသောကြောင့် စုန့်ကျွီးဟန်ကို သွားတွေ့ဖို့အရေးကိုပင် မလုပ်ချင်လောက်အောင် ပျင်းနေမိတော့သည်။


ခြောက်နှစ်လုံးလုံး ပြင်ဆင်မျှော်လင့်ရင်း ရင်တမမဖြစ်ခဲ့ရသော ထိုတစ်စုံတစ်ရာက အခုသူ့ရှေ့ ရောက်လာတော့မည် ထင်သည်။



rate now: