book

Index 15

အခန်း ၁၅။ အတိတ်၏ ခြေရာများ_ သွေးဆောင်ဖျားယောင်းခံရခြင်း

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

လမ်းတွင် ယာဥ်ကြောပိတ်ဆို့မှု အနည်းငယ်ရှိခဲ့သည်။ သူ ငါးပြတိုက်သို့ရောက်ချိန်တွင် မိနစ်အနည်းငယ် နောက်ကျနေလေပြီ။ ဖုန်းကျုန်းက ငါးပြတိုက်အဝင်ဝတွင် သူ့ကိုရပ်စောင့်လျက်ရှိသည်။ ဟယ်ကုကားထဲမှ ထွက်လိုက်ကာ နှစ်ဦးသား အထဲသို့ ပြေးဝင်ခဲ့ကြတော့သည်။

 

ဖုန်းကျုန်းက သူ့ကိုလိုက်ပို့သော ကားကို တစ်ချက်ကြည့်လိုက်သည်။ အငှားယာဥ်မဖြစ်နိုင်သည်မှာ အသိသာကြီးပင်။ သူမျက်မှောင်ကြုတ်လိုက်သည်။ “စုန့်ကျွီးဟန်က သူ့ကားဆရာကို မင်းကိုလိုက်ပို့ခိုင်းတာလား?”


“ဪ ဟုတ်တယ်။ ကားဆရာကလည်း အားနေတော့ တခြားလုပ်စရာလည်း ဘာမှမရှိလို့တဲ့။”


ဖုန်းကျုန်းက အေးစက်စက်နိုင်စွာ ပြောသည်။ “မတုံးစမ်းပါနဲ့။ စုန့်ကျွီးဟန်ဆိုတာ အကျင့်ကောင်းတဲ့ကောင် မဟုတ်ဘူး။ မင်းက သူ့ရဲ့ကောင်းတဲ့အခြမ်းကိုပဲ မြင်နေတာ။ သူ့တစ်ကိုယ်လုံးက အလိမ်အညာတွေချည်းပဲ။”


ထိုစဥ်က ကျောင်းထဲမှ အပြင်လောကကို ခြေလှမ်းတစ်ဝက်စာသာ လှမ်းဖူး‌သေးသည်။ စုန့်ကျွီးဟန်၏ အကျင့်က လူငယ်လေးတစ်ယောက်၏ ရိုးသားမှုမျိုးဖြင့်ပြည့်နှက်ကာ လူသားဆန်မှုလည်းရှိသည်။ သို့ဖြစ်ရာ သဘာဝကျစွာပင် ဟယ်ကုကလည်း ဖုန်းကျုန်းပြောသည်ကို မယုံကြည်ခဲ့ပေ။ သူတို့နှစ်ဦးကြား ကတောက်တဆဖြစ်ဖူး၍ ပြောသည့်စကားဟုသာ ထင်ခဲ့မိသည်။ သို့သော်လည်း ဖုန်းကျုန်းကို သူပြန်မငြင်းခဲ့ပါ။ သူ့အကျင့်က ဘာမှန်းရေရေရာရာမသိနိုင်သော အရာတစ်ခုအတွက် ငြင်းခုန်နေရမည်ကို အလွန်ပျင်းသူဖြစ်သည်။ သူခေါင်းစဥ်ပြောင်းပြောလိုက်သည်။ “အကြာကြီးစောင့်နေရတာလား? ဝင်ကြစို့လေ။”


ဖုန်ကျုန်းမျက်နှာက သုန်မှုန်ပြီး တစ်ဖက်လှည့်သွားခဲ့သည်။


ဟယ်ကု သက်ပြင်းချကာ အနောက်ကလိုက်ရတော့သည်။


ငါးပြတိုက်၏ အရွယ်အစားက တစ်နိုင်ငံလုံးတွင် ဗိုလ်စွဲလောက်အောင် ကြီးမားသည်။ တိုက်ကြီးငါးတိုက်မှ  ရှားပါးငါးမျိုးစိတ်များကို ရယူစုစည်းကာ အဆင့်အတန်းမြင့်စွာ ပြင်ဆင်ပြသထားသည်။ နေ့စဥ် လက်မှတ်အရေအတွက် ကန့်သတ်ရောင်းချခြင်းဖြင့် လူတွေပိုပြီး ငမ်းငမ်းတက်လာအောင်လည်း နည်းဗျူဟာများသုံးထားသည်။ ကြိုတင်လက်မှတ်တစ်စောင်ဝယ်ပြီးလျှင် တစ်လခန့်ကြာမှ ဝင်ခွင့်ရသည်။ ထို့ကြောင့် ပြတိုက်ထဲ မည်သူ့ကိုမျှ တွေ့ရမည်မဟုတ်။  လူတိုင်းကလည်း ပြတိုက်မှူးထံမှ ပညာရှင်ဆန်သောသင်ခန်းစာများကို ရယူလိုကြသည်ဖြစ်ရာ သူ့ထက်ငါ အပြိုင်အဆိုင်ကြိုးစားလာကြတော့သည်။  


ဖုန်းမိသားစုက အရေးပါသော မိသားစုဖြစ်သည်။ ဖုန်းကျုန်းက သူတို့အတွက် ငါးပြတိုက်အတွင်း သီးသန့် လမ်းညွှန်ပြသပေးရန် ပြတိုက်၏ ဒုတိယ ညွှန်ကြားရေးမှူးကို ဖိတ်ကြားထားခဲ့ရာ ထိုသူက ပြကွက်တစ်ခုပြီးတစ်ခု လိုက်ပြလေသည်။  


ရေနေသတဝါများ၏ ဘဝက အလွန်ဆန်းကြယ်လှသည်။ ငါးပြတိုက်တစ်ခုလုံးသည် အိပ်မက်ဆန်သော နတ်သမီးပုံပြင်လေးတစ်ခုထဲရောက်သွားသလို ခံစားရစေသည်။


သုံးယောက်သား လှည့်လည်ကြည့်ရှူကာ ဆွေးနွေးပြီးကြချိန်တွင် ဖုန်းကျုန်းလည်း သူ့ဒေါသကို သူတဖြည်းဖြည်းမေ့သွားလေသည်။ နှစ်ဦးသား အလွန်တက်ကြွနေကြရာ ငါးပြတိုက် ပိတ်ခါနီးအထိကို မပြန်နိုင်ကြသေးပေ။


“အဲ့ဒီရေခူတွေက အရမ်းလှတာပဲ။ ငါးပြတိုက်ထဲက မီးရောင်တွေက ကြည်နေတော့ သူတို့ ကိုယ်ခနာဖွဲ့စည်းပုံကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရတယ်။” ဟယ်ကုက ဖုန်းထဲမှ ဓာတ်ပုံများကို ကြည့်နေသည်။ ခေါင်းထဲတွင်တော့ နောက်တစ်ကြိမ်အခွင့်အရေးရခဲ့ပါက သေချာပေါက် ပြန်လာကြည့်မည်ဟုလည်း တွေးနေခဲ့သည်။


“ဟုတ်တယ်။ ဒါပေမဲ့ ငါကတော့ အခွံမာကောင်လေးတွေကို ပိုသဘောကျတယ်။ သူတို့ရေကူးရင် တအား ကိုးရိုးကားယားနိုင်တာပဲ။ တော်တော် ရယ်စရာကောင်းတယ်။”


“ဟားဟား။ တစ်ကောင်ပြီး တစ်ကောင် ပြိုင်ပွဲပြိုင်နေသလိုပဲ။ ဟုတ်ပါပြီ။ ငါတို့ ဒီည ဘယ်မှာသွားစားကြမလဲ?”


“ဟိုင်ကျူ ပွဲကြည့်စင်နားမှာဖွင့်ထားတဲ့ ပင်လယ်ရေနက်ပိုင်းက အစားအစာတွေရတဲ့ စားသောက်ဆိုင်ရှိတယ်။ ငါ့ခုံနေရာက..” ဖုန်းကျုန်းက ပဟေဠိဆန်ဆန် ပြုံးသည်။ “ထားပါတော့။ ခဏနေရင် မင်းသိလိမ့်မယ်။”


ဟယ်ကု၏ စိတ်ဝင်စားမှုက မြင့်တက်သွားတော့သည်။


ပင်လယ်ရေနက်ပိုင်းစားသောက်ဆိုင်က ငါးပြတိုက်ထဲတွင်ပင် ဆောက်ထားခြင်းဖြစ်သည်။ ငါးပြတိုက်လမ်းတစ်လျှောက် ဘယ်ညာ တစ်ဖက်တစ်ချက်တွင် နှစ်ခုံစီခင်းကျင်းထားသည်။ အစားအသောက်စားရင်း ကူးခတ်နေသော ငါးမျိုးပေါင်းစုံကို ကြည့်ရှူခံစားနိုင်သေးသည်။ ရံဖန်ရံခါ ဝေလငါးကြီးများ ကူးခတ်နေသည်ကိုလည်း မြင်နိုင်သည်။ အလွန်ကောင်းသော အတွေ့အကြုံတစ်ခုပင်။


ဖုန်းကျုန်းက ကြိုတင်စာရင်းပေးထားသော အမည်ကို ပြောလိုက်လျှင် စားပွဲထိုးလေးက ဧည့်ခန်းကိုဖြတ်ကာ ချောင်ကျကျ နေရာတစ်ခုသို့ခေါ်သွားပေးသည်။ နောက်ဆုံးတွင် သီးသန့်စားပွဲနေရာသို့ ရောက်လာတော့သည်။


အခန်းလေးက စက်လုံးပုံ ဒီဇိုင်းဖော်ထားပြီး အစအဆုံး ဖန်သားများဖြင့်တည်ဆောက်ထားသည်။ ပင်လည်ရေပြာများ၊ ရေနေသတဝါများက ပတ်လည်တွင်ဝန်းရံထားသဖြင့် ပင်လယ်ရေနက်ထဲရောက်နေရသလိုပင်။


ဟယ်ကုမျက်နှာလေး ဝင်းပသွားသည်။ “လှလိုက်တာ။”


ဖုန်းကျုန်းက အပြုံးလေးဖြင့် ပြောပြသည်။ “ဟုတ်တယ်။ ဒီ ပင်လယ်ရေနက်ပိုင်းမှာက စားသောက်ဆိုင် နှစ်ဆိုင်ပဲရှိတာ။ ဒီဆိုင်က တရုတ်ပြည်မှာဆို ပထမဆုံးပဲ။ တံခါးကိုလည်း LCD အချပ်တွေနဲ့ဆောက်ထားတာလေ။ ပိတ်လိုက်ရင် ဗီဒီယိုတွေ အချိန်နဲ့တစ်ပြေးညီပြပေးတယ်။ နောက်ခံအသံကလည်း တစ်ထပ်တည်းကျနေရောပဲ။” 


စားပွဲထိုးလေးက menu ချပေးခဲ့ပြီး တံခါးပိတ်ကာ ပြန်ထွက်သွားသည်။ ဖုန်းပြောခဲ့သလိုပင် နောက်ခံပြားပေါ်တွင် ပုံရိပ်များက ဆက်ရာထင်မနေဘဲ ဖန်သားနံရံနှင့်တစ်ဆက်တည်း ပေါ်နေတော့သည်။ ပုံရိပ်များက အစစ်အမှန် ဟုပင် ထင်လာစေသည်။ ဟယ်ကုက ပြုံးကာ ပြောလိုက်သည်။ “တကယ်စိတ်ကူးယဥ်ဆန်တဲ့နေရာလေးပဲ။ ယောက်ျားလေးနှစ်ယောက်အတူထိုင်စားရမှာတောင် အစားအစာတွေနှမျောစရာနော်။”


ဖုန်းကျုန်းက menu ကို ဟိုလှန်ဒီလှန်လှန်နေရင်းမှ သူ့ကို ပြုံးပြသည်။ ပြီးနောက် အမှတ်မထင် ဆိုသည်။ “ယောက်ျားလေးနှစ်ယောက်ကရော ဒီလို စိတ်ကူးယဥ်ဆန်လို့မရဘူးလား?”

ဟယ်ကု ပြုံးနေမိသည်။


ဖုန်းကျုန်းနှင့်ပတ်သက်လာလျှင် သူ ပိုပိုပြီး မဝေခွဲနိုင်အောင်ဖြစ်လာမိသည်။ ပထမဆုံးတွေ့စဥ်ကတော့ ဖုန်းကျုန်းက သူ့ကို ဂရုပင်မစိုက်ပေ။ ကျောင်းသားဟောင်းများဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း ဖြစ်သဖြင့်သာ ယဥ်ကျေးသမှုဖြင့် ဆက်ဆံခဲ့ကြသည်။ တဖြည်းဖြည်းရင်းနှီးလာပြီးနောက်တွင်တော့ ဖုန်းကျုန်းက သူ့လိင်စိတ်ခံယူမှုကို မရည်ရွယ်ဘဲ သိရှိသွားခဲ့သည်။ သို့သော်လည်း သူ့စိတ်တိမ်းညွတ်မှုက သူတို့နှစ်ဦး၏ ခင်မင်မှုနှင့် အလုပ်ကို ထိခိုက်စေမည်မဟုတ်ကြောင်း ဟယ်ကုကို တည်ငြိမ်စွာပြောခဲ့လေသည်။  ထိုစဥ်က ဖုန်းကျုန်းနှင့်ပတ်သက်လျှင် ဟယ်ကုက အထင်တကြီးရှိခဲ့သော်လည်း ဒီအတိုင်း အကောင်းမြင်စိတ်လေး တစ်ခုသာပင်။ သာမန်ယောက်ျားတစ်ယောက်က ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ကောင်းစေတနာထားမိသည့် ပုံစံမျိုးသာဖြစ်ပြီး အထူးတလည်ခံစားချက်မျိုးတော့ မရှိခဲ့ချေ။


သို့သော် ဘယ်အချိန်က စမှန်းမသိဘဲ နှစ်ဦးသားကြားတွင် မသိမသာတွယ်ငြိမှုလေးရှိလာခဲ့သည်။ တစ်ခါတစ်ရံ ဖုန်းကျုန်းက စကားလုံးများဖြင့်မဖော်ပြနိုင်သည့်၊ မေ့ဖျောက်ရခက်သော အပြုအမူမျိုးလုပ်ပြတတ်သည်။ ဒါပေသိ ဟယ်ကုဘက်က ရှေ့ဆက်ချင်စိတ်ဖြစ်လာသည့်အခါ ဖုန်းကျုန်းက ထပ်ပြီး နောက်ဆုတ်သွားပြန်သည်။ တစ်ခါမကကြုံရပြီးသည့်နောက်တွင်တော့ ဖုန်းကျုန်းက အပျော်ကြံနေသည်ဟုသာ သူခံစားလာရတော့သည်။ အသက် ၁၈ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်အတွက် ဖြူစင်ရိုးသားမှုဆိုသည်မှာ ဘဝတွင် အတိုးအလျှော့ လုပ်ပြီး စမ်းကြည့်စရာတစ်မျိုးပင်။ အထူးသဖြင့်တော့ ကိုယ်နှင့် လိင်တူယောက်ျားလေးတစ်ယောက် အပေါ်တွင်ဖြစ်သည်။ ကိုယ်ဝန်ရနိုင်ခြေလည်း မရှိ၊ တာဝန်ယူစရာလည်းမလိုသည့်အတွက် လိင်တူချစ်ကြိုက်ခြင်းသည် စိတ်ဝင်စားစရာကောင်းနေတော့သည်။ မိမိ၏ အကြိုက်နှင့်စရိုက်များကို ဖော်ထုတ်ရန်လည်း သုံးနိုင်သေးသည်။ 


ဤအချက်ကို နားလည်ပြီးချိန်တွင်တော့ ဟယ်ကုက ဖုန်းကျုန်း၏ လေထဲတိုက်အိမ်ဆောက်ပြီး စိတ်ကူး လာလာယဥ်သည့် ကိစများကို ချုပ်ထိန်းနိုင်ရန် ကြိုးစားခဲ့သည်။ ဟယ်ကု စကားနည်းနည်းပဲပြောတတ်သူတစ်ယောက်ဖြစ်လာခဲ့သည်။ ပို၍လည်း တွေးတတ်လာကာ အရာရာကိုလည်း သတိထားလုပ်ဆောင်တတ်သွားသည်။ ထိုသို့ဖြင့် နှစ်ဦးသား သူငယ်ချင်းကောင်းဆိုသည့် အခြေအနေကို ထိန်းသိမ်းခဲ့ကြသော်လည်း တစ်ဦးအနားတွင် တစ်ဦးရှိနေရခြင်းကို ပျော်မွေ့တတ်လာသည်။ 


ထိုသို့သော လူနှစ်ယောက်အတွက် အိပ်မက်ဆန်သော ရှူခင်းလေးကို ကြည့်ပြီး ညစာစားရသည်မှာ အလွန်ကြည်နူးဖွယ်ပင်။


သူတို့ညစာစားပြီးသောအခါ အခန်းငယ်ထဲရှိ သီချင်းကို ပြောင်းဖွင့်လိုက်သည်။ ဟယ်ကုက တီးလုံးသံလေးကို နားထောင်ကြည့်သည့်အခါ သူနှင့်  အလွန်ရင်းနှီးနေသလို ခံစားလိုက်ရပြီး လျင်မြန်စွာပင် ထိုတီးလုံးက စုန့်ကျွီးဟန်၏ သီချင်းမှ ဖြစ်ကြောင်းသိသွားခဲ့သည်။


ဖုန်းကျုန်းက ပထမကတော့ မရိပ်မိခဲ့ပေ။ စုန့်ကျွီးဟန်၏ တမူထူးခြားသော အသံကိုကြားမှသာ ‌ဒေါသတွေထွက်လာတော့သည်။


ဟယ်ကုကတော့ မကြားလိုက်သလိုပင် ဟန်ဆောင်ကာ ကုမဏီအကြောင်းများဆက်ပြောနေလိုက်သည်။


ဖုန်းကျုန်းက ခက်ရင်းကို ချကာမေးသည်။ “မင်းဒီနေ့ စုန့်ကျွီးဟန်ကိုတွေ့ခဲ့တာလား?”


ဟယ်ကု ရှောင်တိမ်းမရဘဲ ဖြေပေးလိုက်ရတော့သည်။ “ဟုတ်တယ်။ သူကအရမ်းအလုပ်များနေတာ။ စကားနှစ်ခွန်းလောက်ပဲပြောပြီး မင်းဖုန်းဆက်လာတာပဲ။”


“သူက တခြားဘာမှမပြောဘူးလား?” ဖုန်းကျုန်းက ဟယ်ကုမျက်လုံးများကို ငေးစိုက်ကြည့်နေသည်။ သူ့အကြည့်များက လေးနက်သည်။


ဟယ်ကု စဥ်းစားကြည့်လိုက်သည်။ “မင်းကဘာအကြောင်းကိုဆိုလိုတာလဲ?”


“ငါ့အကြောင်း။”


“ဪ.. သူပြောတော့ မင်းတို့နှစ်ယောက်က ငယ်ငယ်တုန်းက ပေါင်းသင်းရအဆင်ပြေတယ်ဆို။ ကြီးလာမှသာ နှစ်ယောက်သား အမြဲ အနှိုင်းခံနေရလို့ စိမ်းသွားကြတာတဲ့။”


ဖုန်းကျုန်းက စိတ်ပေါ့သွားပုံရသည်။ “ဟုတ်တယ်။ ငါတို့က အသက်ကလည်း ရွယ်တူနီးပါးတွေဆိုတော့ လိုက်လိုက်နှိုင်းယှဥ်ကြတာကို ရှောင်လို့မရခဲ့ဘူးပေါ့။”


ဟယ်ကုက သူတစ်ပါး၏ အတိတ်ကို စပ်စုရသည်ကို မကြိုက်လှပေ။ ဖုန်းကျုန်းကလည်း မပြောသည့်အခါ သူလည်းထပ်မမေးဖြစ်တော့။


သီချင်းမဆုံးခင်အထိ အခန်းငယ်လေးထဲရှိ လေထုက အနည်းငယ်ထူးဆန်းနေခဲ့သည်။ သို့သော် နှစ်ဦးသား စုန့်ကျွီးဟန်အကြောင်းထပ်မပြောဖြစ်တော့ပေ။


လဝက်ခန့်ကြာပြီဖြစ်၍ ဟယ်ကုလည်း စုန့်ကျွီးဟန်နှင့် ပတ်သက်ခဲ့မှုကို မေ့မေ့ပျောက်ပျောက်ဖြစ်လာကာမှပင် နာမည်ကျော်ကြယ်ပွင့်ကြီးဆီမှ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့သည်။


ဖုန်းမျက်နှာပြင်တွင်ပေါ်နေသော ခေါ်ဆိုသူအမည်ကိုကြည့်ပြီး သူအံ့သြသွားမိသည်။ ထမင်းအတူသွားစားကြဖို့ကို စုန့်ကျွီးဟန်က စကားအဖြစ်ပြောခဲ့ခြင်းသာဖြစ်မည်ဟု သူထင်ထားခဲ့သည်။ အမှန်တွင်တော့ နောက်ရက်များတွင် ဟယ်ကုက စုန့်ကျွီးဟန်ကို တွေ့ရန်အကြောင်း စဥ်းကိုမစဥ်းစားတော့ပါပေ။


ဟယ်ကု ဖုန်းကိုင်လိုက်ပြီး ရုံးခန်းထဲမှထွက်လာခဲ့သည်။ လျှောက်လမ်းအတိုင်းလျှောက်လာရင်း ဖုန်းဖြေဆိုသည့် ခလုတ်ကိုနှိပ်လိုက်သည်။ “ဟေ့?”


“ဟယ်ကုလား?” စုန့်ကျွီးဟန်၏ အသံက တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့သည်။ ရေဒီယိုအသံလှိုင်းများကိုဖြတ်လာပြီးနောက် အသံ၏ ဆွဲငင်အားက ပျော့သွားသော်လည်း တဲ့တိုးနိုင်နေဆဲပင်။

“ဟုတ်ပါတယ်။ ဟယ်လို။”


“ငါ စုန့်ကျွီးဟန်ပါ။”


“အင်း..” ဟယ်ကု လျှာခလုတ်တိုက်ကုန်တော့သည်။


စုန့်ကျွီးဟန်က ပြုံးလိုက်ပြီး ဆက်ပြောသည်။ “မင်းငါ့ကို မမေ့သေးပါဘူးနော်?”


“မဟုတ်တာ။ ငါဘယ်လိုမေ့နိုင်ပါ့မလဲ။”


“ဒါဆို ရပြီ။ ငါဒီနေ့အချိန်ရတာမို့လို့ လာခဲ့ပါလား။ ထမင်းစားရင်း စကားစမြည်ပြောကြရအောင်။”


ဟယ်ကု ခပ်မြန်မြန်ဖြေလိုက်မိသည်။ “ဪ.. ဪ.. ရတယ်လေ။ မင်းကဘယ်သွားချင်တာလဲ?”


စုန့်ကျွီးဟန်က သူ့ကို ထမင်းစားဖိတ်သည်။ စုန့်ကျွီးဟန်က သူ့ကို ထမင်းစားဖိတ်သည်။


“ငါလာလို့ရပါတယ်။ ဒါပေမဲ့ မင်းကတော့ ဒီအကြောင်းကို လျှိုထားမှဖြစ်မှာနော်။”


“ရပါတယ်။ ပြဿနာမရှိဘူး။ ဒါဆို ငါနောက်မှ လိပ်စာပို့ပေးလိုက်မယ်။”


“ငါ ခြောက်နာရီကျရင် မင်းကုမဏီကိုလာပြီး စောင့်နေလိုက်မယ်လေ။”


“ကောင်းပါပြီ။”


ဖုန်းချပြီးချိန်တွင် ဟယ်ကု နှလုံးခုန်သံများက ဗုံတီးသံကဲ့သို့ မြန်ဆန်နေတော့သည်။


ဟယ်ကု တကယ်ကို စုန့်ကျွီးဟန်နှင့် ထမင်းအတူသွားစားချင်မိပါသည်။ ဘယ်လိုကြောင့်.. ဘယ်လိုကြောင့် စုန့်ကျွီးဟန်က သူ့နှင့် ထမင်းလာစားရသလဲ?


ဟယ်ကု နံရံကြီးကို ခေါင်းနှင့်တိုက်လိုက် ကျောဖြင့်ကပ်လိုက်လုပ်နေရသည်။ သို့မှသာ အဖျားတက်သလိုဖြစ်နေသော ဦးနှောက်လည်း ငြိမ်သွားတော့သည်။


စုန့်ကျွီးဟန်က အစည်းအဝေးပြီးတဲ့အထိ သူ့နာမည်ကို မမှတ်မိခဲ့သူဖြစ်သည်။ ယခုကဲ့သို့ သူ့ကို ရုတ်တရက်ကြီးစိတ်ဝင်စားလာရခြင်းမှာ သူ့ကြောင့်တော့မဖြစ်နိုင်ပေ။ သူတို့နှစ်ဦးစလုံးနှင့် သက်ဆိုင်မှုရှိသော အကြောင်းမှာ ဖုန်းကျုန်းသာဖြစ်သည်။ 


စုန့်ကျွီးဟန်က ဘာလုပ်ချင်နေပါသလဲ? ဟယ်ကုကတော့ စုန့်ကျွီးဟန်၏ ရှူထောင့်မှ မကြည့်တတ်ပေ။ ကျွီးဟန်က သူ့ဆီက ဘာအလိုရှိနေပါသလဲ?


ပို၍ မှန်းဆမိလေလေ ပိုသိချင်လာလေပင်ဖြစ်သည်။ ပို၍လည်း သွားတွေ့ချင်လာတော့သည်။ မည်သို့ဆိုစေ စုန့်ကျွီးဟန်နှင့် အတူစားခွင့်ရခြင်းကိုက အံ့ဖွယ်တစ်ခုဖြစ်ပေသည်။


သူအောက်ထပ်သို့ ကြိုတင်ဆင်းလာကာ ကုမဏီ၏ တံခါးဝတွင်သွားစောင့်နေလိုက်သည်။ ခြောက်နာရီထိုးချိန်တွင် ကားပါကင်တွင်ရပ်ထားသော သူမြင်ဖူးနေကျ ကားတစ်စီးက  ဖြည်းညင်းစွာမောင်းဝင်လာပြီး သူ့အ‌ရှေ့တွင်ရပ်လိုက်လေသည်။


ဟယ်ကု ကားတံခါးကို ဆွဲဖွင့်လိုက်သည်။ စုန့်ကျွီးဟန်က အနောက်ထိုင်ခုံတွင်ထိုင်ရင်း သူ့ကိုပြုံးပြလာသည်။ “ဟေ့ မင်းအကြာကြီးစောင့်လိုက်ရလား?”


ဟယ်ကုလည်း ပြုံးလိုက်သည်။ “ဟင့်အင်း။ ငါအခုမှ ဆင်းလာတာပါ။”


“ဘယ်မှာသွားစားချင်လဲ?”


“အင်း.. ငါသီးသန့်ဆန်တဲ့ သားသတ်လွတ်စားသောက်ဆိုင်တစ်ခုတော့သိတယ်။ ပတ်ဝန်းကျင်အနေအထားလည်းအရမ်းကောင်းတယ်။ အရမ်းလည်း ဆိတ်ငြိမ်တယ်။ သီးသန့်အခန်းတစ်ခန်းယူလိုက်လို့ရတယ်။


“ကောင်းပြီလေ။ လိပ်စာကို ကားဆရာကို ပေးလိုက်။”


ဟယ်ကုက ကားဆရာကို ဖုန်းထဲမှ လိပ်စာတစ်ခုကို ပေးလိုက်ရာ ကားဆရာက ထိုနေရာကို သူသိကြောင်းဆိုသည်။


သူ ထိုင်ခုံနောက်ဘက်သို့ မှီ၍ ထိုင်ချလိုက်သောအခါ စုန့်ကျွီးဟန်၏ အကြည့်များက သူ့ထံတွင်ကျရောက်နေကြောင်း ခံစားမိသည်။ စိတ်ထဲလည်း အနေကျုံ့သွားရသည်။ “ဟေ့.. ဒီအချိန်လောက်ဆို ငါမင်းကို ပွဲတစ်ခုမှာ တွေ့တွေ့နေကျလိုပဲ။ မင်းအလုပ်မရှုပ်ဘူးလား?”


“ဟုတ်တယ်။ ငါ့လှုပ်ရှားမှုတွေကို မင်းဂရုစိုက်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ မင်းကိုကြည့်ရတာ နာမည်ကျော်ဆယ်လီတွေကို စွဲစွဲလန်းလန်းရှိတတ်တဲ့ပုံမျိုးမပေါက်ဘူးလေ။” 


ဟယ်ကု ရှက်သွားသည်။ “ငါက ဆယ်လီတွေကို မကြိုက်တတ်ပါဘူး။ ဒါပေမဲ့ မင်းသီချင်းတွေတော့ ကြိုက်တယ်။”


စုန့်ကျွီးဟန်က ပြုံးလိုက်ပြီး ပြောသည်။ “ငါအခု ဖျော်ဖြေပွဲတစ်ခုလုပ်ဖို့ပြင်ဆင်နေတာလေ။ မင်းအတွက် VIP လက်မှတ်ပို့ပေးလိုက်မယ်။”


“ကျေးဇူးပါပဲ။”


“ငါ ဒီတလော အရမ်းအလုပ်များနေတာ။ ဒီနေ့လည်း အရမ်းအလုပ်များပေမဲ့ နားချင်လို့လေ။ နည်းနည်းလေးလည်း ပျော်ပျော်ပါးပါးနေချင်သေးတယ်။ နောက်ပြီး မင်းငါ့ကို ထမင်းတစ်နပ်အကြွေးတင်နေသလိုပဲနော်။”


ဟယ်ကု နှလုံးခုန်သံများ အနည်းငယ်ပိုမြန်လာတော့သည်။ စုန့်ကျွီးဟန်နှင့် မျက်လုံးချင်းပင် မဆုံရဲတော့ချေ။


“မင်းက ဘာလို့ အောက်ကိုပဲငုံ့ကြည့်နေပြီး ငါ့ကို မကြည့်ရတာလဲ?” စုန့်ကျွီးဟန်၏ မျက်ဝန်းနက်များက အခြားကြည့်စရာနေရာများရှိသော်လည်း ဟယ်ကုကိုသာ ဖြန့်ကျက်ကြည့်ရှူနေကြလေသည်။


ဟယ်ကု အားမွေးပြီး ခေါင်းကိုမော့လိုက်သည်။ “မဟုတ်ပါဘူး။”


စုန့်ကျွီးဟန်က ခပ်ပြုံးပြုံးဆိုသည်။ “မင်းမျက်နှာကြီး နီနေပြီ။”


ဟယ်ကုက သူ့မျက်နှာကို အမှတ်တမဲ့ကိုင်ကြည့်လိုက်ပြီးမှ သူ့အပြုအမူက ဘယ်လောက် တုံးအပုံပေါက်မှန်းတွေးမိသွားသည်။ ရုတ်တရက် ဘာစကားမှမပြောနိုင်တော့ဘဲ နားရွက်များပါ နီတက်လာတော့သည်။


စုန့်ကျွီးဟန်လည်း မတတ်နိုင်တော့ဘဲ ရယ်မိတော့သည်။ “ဟယ်ကု မင်းကတော့လေ တကယ်ပဲ... ဟားဟားဟား”


ဟယ်ကု စိတ်တိုတိုဖြင့် သူ့ကိုယ်သူ ဖတ်ခနဲရိုက်ပစ်လိုက်သည်။ အရည်မရအဖတ်မရ လည်းလျှောက်ငြင်းနေသေးသည်။ “ဒီကားက နည်းနည်းပူတယ်။”


စုန့်ကျွီးဟန်က ရုတ်တရက်ကြီး ဟယ်ကုမျက်နှာအနားသို့ တိုးလာကာ တောက်ပနေသော မျက်ဝန်းများထဲ စိုက်ကြည့်လာတော့သည်။ သူက တိုးတိတ်စွာဆိုသည်။ “မရှက်ပါနဲ့။ ငါ လူသားမစားဘူးလို့ မပြောခဲ့ဘူးလား?”


ဟယ်ကု တံခါးကြားမှ တိုးထွက်သွားချင်စိတ်ကို သူ့ဘဝတွင်ရှိသမျှ ခွန်အားပေါင်းစုံသုံး၍ ထိန်းသိမ်းလိုက်ရသည်။


စုန့်ကျွီးဟန်က ပြုံးကာ ဆိုလာပြန်သည်။ “မင်းကဘာလို့ ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲ?”


သူ့ထက်ငယ်သော ကောင်လေးတစ်ယောက်ထံမှ ချစ်စရာကောင်းသည်ဟု အပြောခံလိုက်ရသည်။ ဟယ်ကုက သူ့ကိုယ်သူ ဟန်ကိုယ့်ဖို့ လုပ်နေခဲ့သော်လည်း ရင်ထဲတွင်တော့ ရှက်စရာကောင်းအောင်ကို ပီတိဖြစ်မိသွားလေ သည်။


စုန့်ကျွီးဟန်၏ အပြုံးနှင့် စကားလုံးများက သူ့နှလုံးခုန်နှုန်းများကို မြန်စေသည်။ ဟယ်ကုရင်ထဲ ပုံမှန်မဟုတ်တော့သလို ခံစားလိုက်ရသည်။


ကားက သူတို့သွားလိုရာသို့ရောက်သောအခါ ဟယ်ကု မစောင့်နိုင်ဘဲ ကားပေါ်မှ ခုန်ဆင်းမိတော့သည်။ သူအသက်နည်းနည်းရှူသွင်းပြီး နှလုံးခုန်သံများ ပြန်ငြိမ်သွားရန် လုပ်လိုက်ရသည်။


နေကာမျက်မှန်နှင့် ဦးထုပ်များ ဆောင်းကာ မျက်နှာတစ်ခြမ်းကို ကာထားသော စုန့်ကျွီးဟန်လည်း ကားပေါ်မှဆင်းလာခဲ့သည်။


နှစ်ဦးသား စားပွဲထိုးလေးနှင့်အတူ အခန်းငယ်ထဲသို့ တန်းဝင်လိုက်ကြသည်။ ဟယ်ကုက စုန့်ကျွီးဟန်လက်ထဲ menu  ထည့်ပေးလိုက်သည်။ “ငါမင်းဘာစားချင်မှန်းမသိလို့လေ။ ဒါပေမဲ့ နာမည်ကြီးဆယ်လီတွေကြားမှာ ခနာကိုယ် ကြံ့ခိုင်အောင် ထိန်းတာ ခေတ်စားတယ်မဟုတ်လား။ ဒါကြောင့် သားသတ်လွတ်စား‌သောက်ဆိုင်ကိုရွေးလိုက်တာ။”


“မင်းက သေချာရွေးထားတာပဲ။ ငါလည်း အခုတလော အသီးအရွက်ဟင်းတွေစားရတာ ကြိုက်နေတာ။” စုန့်ကျွီးဟန်က သူ့ကို ပြုံးပြီး ခေါင်းလေးညိတ်ပြသည်။


ထိုအချိန်က စုန့်ကျွီးဟန်က အနည်းငယ်သာနာမည်ရသေးသည်။ စားပွဲထိုးလေးက သူဘယ်သူမှန်းမသိပေ။ ရုပ်ချောလွန်း၍သာ ငေးကြည့်သွားခြင်းဖြစ်သည်။


စုန့်ကျွီးဟန်က အစားအသောက်များမှာပြီးသောအခါ ခုံတွင် စိမ်ပြေနပြေ ထိုင်နားနေတော့သည်။ “မင်းအခုတလော အရမ်းအလုပ်များတာလား? မျက်ကွင်းတွေညိုနေတာတွေ့လို့ပါ။”


“အလုပ်က အဆင်ပြပါတယ်။ ကောလိပ်က စာတမ်းကိစကြောင့်အလုပ်ရှုပ်တာပါ။” အလုပ်ရရှိရေးကိစကပြေလည်သွားပြီဖြစ်သော်လည်း မကြာခင် ဘွဲ့ယူရတော့မည်ဖြစ်၍ ဟယ်ကု သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ်စည်းကမ်းသတ်မှတ်ထားခဲ့သည်။ သူ့အချိန်ဇယားတွင် နောက်ပိုင်း ဘွဲ့လွန်အတန်းကို အချိန်ပိုင်းလိုက်တက်ရန်လည်းပါသည်။ သို့ဖြစ်ရာ စာတမ်းကို ကချော်ကချွတ်ရေး၍မရပေ။


“ဪ မင်းက နိုင်ထက်စီးနင်းအလုပ်ရှင်ဆီမှာ လုပ်နေတာမှမဟုတ်တာ။ ပြဿနာမရှိလောက်ပါဘူး။”


“ပြဿနာကြီးကြီးမားမားရှိလို့မဟုတ်ပါဘူး။ ‌အချက်အလက်တွေရှာပြီး သုတေသနလုပ်ဖို့က အချိန်တအားယူရ လို့လေ။”


“မင်းက အကုန်လုံးကို အလေးအနက်ကိုလုပ်တာပဲနော်။ မင်း ဖုန်းတို့ကုမဏီမှာ အလုပ်ဝင်ရတာ အံ့သြစရာမရှိပါဘူးလေ။” စုန့်ကျွီးဟန်က သူ့လက်ချောင်းလေးများကို ကစားနေရာမှ မေးခွန်းတစ်ခုမေးသည်။ “ဟုတ်သားပဲ။ ဖုန်းကျုန်းက သူ့အဖေကုမဏီမှာ ဘယ်တုန်းက အလုပ်သင်စဆင်းတာလဲ?”


“ကောလိပ်ပြီးမှဆိုတော့ ငါက သူ့ထက် လနည်းနည်းပိုစောတယ်။”


“သူက နောက်မှ ဝင်တာပေါ့။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ သူလည်း ထက်မြက်သားပဲ။”


ဟယ်ကု ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်။ တစ်ခါတစ်လေလည်း ဂယက်ထတာမျိုးရှိပေမဲ့ အလုပ်လုပ်တာတော့ အဆင်ပြေပါတယ်။ ဉာဏ်လည်းအရမ်းထက်တယ်။”


စုန့်ကျွီးဟန် ပြုံးသည်။ “မင်းသူ့အပေါ်မြင်တဲ့ အမြင်က ‘ဂယက်နည်းနည်းထတယ်’ ဆိုတာလောက်ပဲလား?”


ဟယ်ကု သတိထား၍ ဆက်မေးလိုက်မိသည်။ “မင်းက တခြား ဘယ်လိုအမြင်မျိုးကို ဆိုလိုချင်တာလဲ?”


“ဒေါသကြီးတာ။” စုန့်ကျွီးဟန်က ခပ်ရွတ်ရွတ်ပြုံးသည်။ “သူ့ဒေါသက တော်ရုံမဟုတ်ဘူးလေ။”


“သူက တစ်ခါတစ်လေတော့ နည်းနည်းစိတ်မရှည်ဖြစ်တတ်ပေမဲ့ စိတ်ထားမကောင်းတာတော့မဟုတ်ပါဘူး။” ဟယ်ကုက သူတစ်ပါးနောက်ကွယ်တွင် ဘယ်တော့မှ အတင်းမပြောတတ်သူဖြစ်သည်။ ယောက်ျားမှန်လျှင် ထိုသို့သော ပျင်းစရာအလုပ်မျိုးမလုပ်သင့်ဟု ခံယူထားသည်။ စုန့်ကျွီးဟန်က ထိုအကြောင်းကို ခဏခဏမေးနေခြင်းသည် ဘာကို ဖော်ထုတ်ချင်၍ဖြစ်မှန်းတော့ သူမသိပေ။


“ကြည့်ရတာ သူက မင်းအပေါ်အတော်လေးကောင်းတဲ့ပုံပဲ။ အနည်းဆုံးတော့ ငါနဲ့သိတုန်းကထက် ပိုကြင်နာတတ်လာပုံရတယ်။”


ဟယ်ကုက စကားလုံးကို သတိထားသုံးစွဲနေရသည်။ “ငါတို့က အရမ်းခင်တဲ့သူငယ်ချင်းတွေပါ။”


စုန့်ကျွီးဟန်က မျက်ခုံးများပင့်ကြည့်လာသည်။ ပြီးမှ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။


စားပွဲထိုးလေးက မှာထားသော ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ လာချပေးတော့သည်။ စုန့်ကျွီးဟန်က သိပ်တော့မစားပေ။ ကြီးကြီးမားမား ညစာစားပွဲမျိုးမဟုတ်သော်လည်း စုန့်ကျွီးဟန်က သားသတ်လွတ်သမားဖြစ်မည်ဟု မြင်ယောင်ကြည့်ရန်ပင် ခက်သည်။ ထိုသို့စားနိုင်ရန်မှာ မလွယ်ကူလှပေ။


သူတို့နှစ်ဦး စကားတွေပြောဖြစ်ကြသည်။ သူတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက တူညီမှုတစ်ခုမှမရှိပေ။ သို့သော် စုန့်ကျွီးဟန်က ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားခံထားရသဖြင့် ပေါင်းသင်းဆက်ဆံရေးကျွမ်းသူဖြစ်ရာ နှစ်ဦးသား စကားပြောရန် အကြောင်းတစ်ခုခုရှာရသည်မှာ မခက်ပေ။ တစ်ချိန်ထဲမှာပင် ဟယ်ကုကတော့ သူ့ကိုယ်သူ အသိပညာနုံနဲ့သူဟု ခံစားနေရသည်။ ရေခဲတုံးဟု အထင်မခံနိုင်သောကြောင့် ဦးနှောက်ကိုဖျစ်ညှစ်ထုတ်ကာ စဥ်းစားနေရရှာသည်။ ညစာစားရသည်မှာ ပျင်းဖို့မကောင်းတော့ပေ။


ညစာစားအပြီးတွင် စုန့်ကျွီးဟန်က ကလပ်တစ်ခုသို့သွားကြရန် အဆိုပြုလာသည်။ ဟယ်ကုကတော့ စိတ်ပူနေမိသည်။ “မင်းကို မှတ်မိသွားကြမှာ မကြောက်ဘူးလား?”


“ရပါတယ်။ အဲ့ဒါက ငါ့သူငယ်ချင်းဖွင့်ထားတဲ့ ကိုယ်ပိုင်သီးသန့် ကလပ်ပါ။ အဖွဲ့ဝင်တွေပဲ လာလို့ရတာ။ ဇယားရှုပ်မဲ့သူတွေမရှိဘူး။”


ဟယ်ကု ပျော်ပျော်ကြီး သဘောတူလိုက်မိသည်။ သူ အခုတော့ စုန့်ကျွီးဟန်ကို ရင်မတုန်ဘဲ မျက်နှာချင်းဆိုင်နိုင်လာပြီဖြစ်သည်။ စုန့်ကျွီးဟန်လို ပေါင်းသင်းရလွယ်သူမဆိုထားနှင့် ဘယ်လိုအခြေအနေမြင့်တဲ့ လူမျိုးပဲဖြစ်ဖြစ် သူလည်း လူသားတစ်ဦးပါပဲဟုသာ တွေးကြည့်လိုက်လျှင် အရာရာရိုးရှင်းလွယ်ကူသွားတော့သည်။  ဟယ်ကုလည်း ထိုနည်းဖြင့် စိတ်ထဲမှ အချုပ်အနှောင်များကို လွှတ်ချနိုင်သွားတော့သည်။


ဟယ်ကုက သီးသန့်ကလပ်သို့ တစ်ခါမှ မရောက်ဖူးပေ။ ဘယ်လိုပုံစံရှိမည်ကို စိတ်ကူးပင်မယဥ်ခဲ့ဖူးသူဖြစ်သည်။ တစ်ခုနှင့် တစ်ခု မတူကြဟုသာ သိထားသည်။ ဥပမာအားဖြင့် သူ့အရှေ့တွင်ရှိနေသည့် ကလပ်မှာ လူငယ်များအတွက် ပျော်ပါးစရာနေရာဖြစ်သည်။ ကလပ်တစ်ခုလုံးက စံအိမ်အကြီးကြီးတစ်ခုဖြစ်ပြီး အပန်းဖြေစရာ ပစည်းကိရိယာကလည်း ပေါင်းစုံသည်။ ဘိလိယက်ခုံ၊ စစ်တုရင်၊ ဂိမ်း၊ ဂေါက်ရိုက်ကွင်းငယ်၊ ဘောလုံးကစားနည်းများ၊ သီးသန့်ရုပ်ရှင်ရုံငယ် အစရှိသဖြင့်စုံလင်လှသည်။ ခြံထဲတွင် ဘတ်စကတ်ဘောကွင်းများ၊ တင်းနစ်ကွင်းများနှင့် ရေကူးကန်များပင်ရှိသည်။


ဒီနေ့တော့ ကလပ်ထဲတွင် မည်သူမှရှိမနေပေ။ စုန့်ကျွီးဟန်ဝင်လာချိန်တွင် စားပွဲတစ်ခုတွင်သာ သောက်ရင်းစကားပြောနေသူ လူငယ်အချို့ကိုတွေ့ရသည်။


“စုန့်ဖျော်ဖြေရေးလုပ်ငန်းစုရဲ့ ကြယ်ပွင့်ကြီးပါလား။ ငါမင်းကို မမြင်ရတာတောင် ကြာလှပြီပေါ့။” လူတချို့က လှည့်ကြည့်လာကြသည်။


စုန့်ကျွီးဟန်က ပြုံး၍ စကားနည်းနည်းပြန်ပြောသည်။


တစ်စုံတစ်ယောက်ကမေးလိုက်သည်။ “ဒီတစ်ယောက်က ဘယ်သူလဲ?”


ဟယ်ကုက သူ့ကို ပြုံးပြလိုက်သည်။ စုန့်ကျွီးဟန်က “ငါ့ဘော်ဒါရယ် မင်းသူ့ကို မသိပါဘူး။”


“ငါ မင်းနောက်ဆုံးလာသွားတာ ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့ဘူး။ နိုင်ငံခြားမထွက်ခင်ကလား?”


“ဟုတ်လောက်တယ်။ ငါ တရုတ်ပြည်ကို ပြန်မလာတာ ကြာသွားတယ်လေ။” စုန့်ကျွီးဟန်က သူ့ပခုံးကိုပုတ်လိုက်သည်။ “မင်းတို့စကားပြောကြဦးလေ။ ငါ ငါ့သူငယ်ချင်းကို ဘိလိယက်ထိုးဖို့ခေါ်သွားမလို့။”


“ဟုတ်ပါပြီ။ ကောင်းကောင်းနေနော်။”


စုန့်ကျွီးဟန်က ဟယ်ကုကို အခြားအခန်းတစ်ခုသို့ ဦးဆောင်ခေါ်သွားသည်။


ဟယ်ကု လှည့်ပတ်ကြည့်နေမိသည်။ “ဒီမှာက အတော်စိတ်ဝင်စားစရာကောင်းတာပဲ။ မင်း ဒီကို ခဏခဏလာဖြစ်တာလား?”


“ငါ ကျောင်းတက်နေတုန်းကတော့ တစ်ခါတစ်လေရောက်ဖြစ်ပါတယ်။ ငါတို့ အရွယ်တန်းတွေထဲမှာ ဒီနေရာက လူစုလို့ကောင်းတဲ့ ပုံသေနေရာတွေထဲကတစ်ခုပဲ။”


ဟယ်ကု စဥ်းစားကြည့်မိသည်။ ဂုဏ်သိကာကြီးမားသော မြို့တော်ကြီးတွင် အရေးပါသော အိမ်ထောင်စုများ အားလုံးလိုလိုက တစ်အိမ်ထောင်နှင့်တစ်အိမ်ထောင်သိကျွမ်းကြသည်။ စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်းလည်း အချင်းချင်းသိကြသည်။ ဒါဟာ တကယ်တော့ မထူးဆန်းသော အရာတစ်ခုပင်။


စုန့်ကျွီးဟန်က ဘိလိယက်ထိုးတံကိုရွေးထုတ်လိုက်ပြီး ခြေတံများကို ညွှတ်လိုက်သည်။ ထို့နောက် ဘိလိယက်ခုံတွင် မှီကာ ဘိလိယက်တံ၏ ထိပ်လေးကို ကမာမှုန့်များဖြင့် ပွတ်သပ်လိုက်သည်။ ထိုစဥ်တုန်းက ဟယ်ကု အမေရိကန်ရုပ်ရှင်ကားများကို အရူးအမူးစွဲလမ်းနေချိန်ဖြစ်၍ စုန့်ကျွီးဟန်၏ လှုပ်ရှားမှုများကို ရုပ်ရှင်ကားများထဲကကဲ့သို့ မြင်ယောင်လာမိသည်။ အမျိုးသားဇာတ်ကောင်နံပါတ်တစ်၏ ပေါ့ပါးပြီး ကြော့မော့သော ဟန်ပန်တွင် ဟယ်ကု၏ နှလုံးသားကန်ရေပြင်လေး လျှံကျရတော့သည်။


ဟယ်ကု အတွေးကမာမှ လက်ရှိသို့ ပြန်ရောက်လာပြီး သူ့အတွေးများကို ဖွင့်ပြောပြရန် အကြောင်းအရာကို အပြေးအလွှားရှာလိုက်မိသည်။ “မင်းက ဘိလိယက်ထိုးတာကို အရမ်းကြိုက်တာလား?”


“ငါ U.S မှာ ကျောင်းတက်တုန်းက တစ်ခါတစ်လေသွားဆော့ဖြစ်ပါတယ်။ မထိုးဖြစ်တာတောင်ကြာပြီ။ မင်းကရော?”


“သိပ်တော့မကျွမ်းလှဘူး။”


“ရပါတယ်။ ရှင်းရှင်းလေးပဲ။ ငါမင်းကို သင်ပေးမယ်လေ။ ဘယ်လိုထိုးရတယ်ဆိုတာ အရင်ပြမယ်။”


စုန့်ကျွီးဟန်က ဘေးဘက်သို့လျှောက်သွားကာ ကိုယ်ကို နှိမ့်ချလိုက်ပြီး ကိုယ်ဟန်ကို ဖွင့်၍ နေရာယူသည်။ ဘယ်ဘက်လက်ကို စားပွဲပေါ်ဖိကိုင်လိုက်သည်။ သူ့လက်ချောင်းများမှာ အလွန်ရှည်လျားပြီး သန်မာသည်။ လက်သည်းလေးတွေကလည်း ပြည့်ပြည့်ဝိုင်းဝိုင်းလေးဖြစ်သည်။ စုန့်ကျွီးဟန်သည် အနုစိတ်ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုနှင့်တူသည်။ ခေါင်းအစခြေအဆုံး အပြစ်အနာတစ်ခုမှ ရှာမတွေ့နိုင်‌‌ပေ။


သူက ဘိလိယက်ထိုးတံကို ခွထောက်တွင်တင်လိုက်ပြီး ညာလက်ကို ရှေ့တိုးလိုက်သည်။ ဘောလုံးများ အချင်းချင်းတိုးတိုက်မိကာ မြန်မြန်ပဲ ကွဲထွက်သွားကြသည်။ ရွေ့သွားသော ဘောလုံးများအနက် တစ်လုံးက ကျင်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။ ဟယ်ကု ခုံကို လှည့်ပတ်ကြည့်နေစဥ်မှာပင် စုန့်ကျွီးဟန်က ခြောက်မှတ်ဆက်တိုက်ရသွားပြီး ခုနစ်လုံးမြောက်ဘောလုံးကျမှသာ ကျင်းနှင့် နှစ်လက်မခန့် လွဲသွားခဲ့သည်။ ထိုဘောလုံးက စားပွဲနှင့် တိုက်၍ ဖြည်းဖြည်းချင်း ပြန်ကန်ထွက်သွားသည်။


“ဟာ..” စုန့်ကျွီးဟန်က သူ့ခေါင်းသူ တစ်ချက်ရိုက်လိုက်ပြီး ဟယ်ကုကို ပြုံးပြသည်။ မျက်လုံးလည်း မှိတ်ပြလိုက်သေးသည်။ “ငါ့လက်ရည်တွေကျကုန်တာ သေချာပါပြီကွာ။”


ဟယ်ကုက စုန့်ကျွီးဟန်ကို ငေးကြည့်နေမိသည်ဖြစ်ရာ ထိုအပြုံးလေးကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားကို အထိုးခံလိုက်သလို ခံစားသွားရသည်။ နာတော့မနာဘဲ အလွန်အမင်း စိတ်ကျေနပ်သွားမိခြင်းမျိုးဖြစ်သည်။


“လာပါ။ ငါမင်းကို သင်ပေးမယ်။”


ဟယ်ကု စုန့်ကျွီးဟန်ရှိရာသို့လျှောက်သွားလိုက်သည်။


စုန့်ကျွီးဟန်က လက်တံရှည်ရှည်ကြီးကို ဟယ်ကု၏ နောက်ကျောဘက်မှ အ‌ရှေ့သို့ ဆန့်ထုတ်ထားသည်။ ဟယ်ကုကျောပြင်က သူ့ရင်ဘတ်နှင့်ကပ်နေတော့သည်။ သူက ဟယ်ကုကို ဖက်ကာ ကိုယ်ကို အ‌ရှေ့သို့ ညွတ်ကိုင်းထားစေသည်။ “ဒါဆို ခနာကိုယ်ကို ဖိချထားရမယ်။”


ဟယ်ကု ကျောပြင်မှ ကြွက်သားများ ပူလောင်လာသည်ဟု ခံစားနေရသည်။ တစ်ကိုယ်လုံးကလည်း ရုတ်ချည်းပင် စိတ်လှုပ်ရှားပြီး တက်ကြွလာမိတော့သည်။



rate now: