ဟယ်ကု ဆဲမိတော့မလိုဖြစ်သွားသည်။ “သြော်”
“သြော်?” စုန့်ကျွီးဟန်က သူ့ဖုန်းကို ကိုင်ထားသည်။ “မင်းကသူနဲ့အဆက်အသွယ်ရှိနေတုန်းလား?”
“ဟုတ်တယ်။”
“ဘယ်တုန်းကလဲ?”
“အရင်တစ်ခေါက်က”
“တွေ့ခဲ့လား?”
“အင်း” ဟယ်ကု စုန့်ကျွီးဟန်၏ ရှုသိုးသိုးမျက်နှာကိုကြည့်ကာ သူ့ရင်ထဲ သက်ပြင်းချလိုက်မိသည်။ သူ့မွေးနေ့လေးတော့ ဒီတင် ဇာတ်သိမ်းရပြီထင်သည်။
ဖုန်းက မြည်နေဆဲပင်ဖြစ်ပြီး စုန့်ကျွီးဟန်၏ လည်မျိုကလည်း အထက်အောက် ရွေ့လျားလျက်ရှိသည်။ သူ့လက်ချောင်းများက ချော်ထွက်သွားပြီး ဖုန်းခလုတ်ကို နှိပ်မိတော့သည်။
ဟယ်ကု တားမြစ်ချိန်မရမီမှာပင် စုန့်ကျွီးဟန်က ဖုန်းစပီကာကို နှိပ်ပြီးဖြစ်နေသည်။ ဖုန်းကျုန်း၏ ရယ်သံစွက်သော အသံကို ကြားလိုက်ရတော့သည်။ “ဟယ်ကု မွေးနေ့မှာ ပျော်ရွှင်ပါစေ။”
စုန့်ကျွီးဟန်က ဟယ်ကုပေါ်ထိုင်လျက်သားဖြစ်နေသည်။ သူက မျက်ဝန်းများမှေးကျဥ်းကာ ဟယ်ကုကို စီးမိုးကြည့်လျက်ရှိသည်။
ဟယ်ကုက ဖုန်းကိုယူရန် လက်လှမ်းလိုက်သည်။ စုန့်ကျွီးဟန်က ယူခွင့်မပေးချေ။ သိသိသာသာ ခနဲ့သည့်အသံဖြင့် သူ စကားဆိုလိုက်သည်။ “ဖုန်းရေ မင်းဘယ်သူ့ကိုရှာနေတာလဲ?”
ဖုန်းက နှစ်စကန့်လောက် အသံတိတ်သွားခဲ့သည်။ ဖုန်းကျုန်း၏ လေသံကလည်း အနှုတ်နှစ်ဒီဂရီခန့် နိမ့်ဆင်းသွားတော့သည်။ “သြော်.. စုန့်.. မင်းတို့အတူရှိနေတာပဲ။”
စုန့်ကျွီးဟန်က ပြုံးကာ ဆိုသည်။ “သေချာတာပေါ့။ သူ့မွေးနေ့မှာ ငါက ဘာလို့ အဖော်မလုပ်ပေးရမှာလဲ? သူ့ကို လာအဖော်လုပ်ဖို့ မင်းကိုခွင့်ပေးစေချင်လို့လား?”
“စုန့်ဖျော်ဖြေရေးလုပ်ငန်းကြီးရဲ့ သားတော်ကြီးက အရမ်းကြီးမြတ်တာမို့ မင်း သူ့ကို အဖော်မပြုပေးနိုင်မှာ စိုးရိမ်လို့ပါ။”
“ငါ သူ့ကို အဖော်ပြုပေးပေး မပေးပေး အဲ့ဒါက ဖုန်း-သောက်ပို-ကျုန်း နဲ့ ဘာများဆိုင်လို့လဲ?” စုန့်ကျွီးဟန်က ဖုန်းလက်ကိုင်ကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ဖုန်းကျုန်း၏ လည်ပင်းအမှတ်နှင့် ညှစ်နေသလားပင် ထင်ရသည်။
ဟယ်ကုက အသံမထွက်စေဘဲ နှုတ်ခမ်းလှုပ်ရုံစကားဆိုသည်။ “စုန့်ကျွီးဟန် ငါ့ကိုဖုန်းပေးစမ်းပါ။” လက်ထဲမှဖုန်းကို သူအသည်းအသန် ယူလိုက်ချင်သည်။ စုန့်ကျွီးဟန်က သူ့ရင်ဘက်ကို တွန်းကာ သူ့ကို ဆိုဖာခုံပေါ်ဖိချထားသည်။ သူ့အဝတ်အစားများကလည်း သေသေသပ်သပ်မရှိပေ။ မိနစ်အနည်းငယ်ကမှ တပ်မက်စိတ်များ ထုံလွှမ်းနေခဲ့ကြ သော်လည်း ယခုတော့ စုန့်ကျွီးဟန်၏ ညှို့အားပြင်းသော မျက်နှာပေးကပင် စိတ်ကို မသက်မသာဖြစ်စေ တော့သည်။
ဟယ်ကု အတွင်းကလိစာများ ပိနေပြီဟု ခံစားရလောက်အောင်ပင် စုန့်ကျွီးဟန်၏ လက်အားက အတော်သန်သည်။ မတ်မတ်ထိုင်ရန် မဆိုထားနှင့် အသက်ရှူရန်ပင် ခက်လှသည်။
ဖုန်းကျုန်းက လေသံကိုပြောင်းလိုက်ပြီး တည်ငြိမ်စွာ စကားဆိုရန် ကြိုးစားသည်။ “ဘာလို့လဲ? သူ့ကို ဖုန်းပေးလိုက်ပါ။ ငါသူနဲ့ပြောမယ်။”
စုန့်ကျွီးဟန်၏ မျက်နှာတွင် ညစ်ကျယ်ကျယ်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ “ဆောရီးပဲ။ ဟယ်ကု ပါးစပ်မအားလို့ သူအခု စကားပြောလို့မရဘူး။”
ဟယ်ကု မျက်လုံးများပြူးကျယ်သွားပြီး ဖုန်းကျုန်းနှင့် တစ်ပြိုင်နက်တည်းလိုလို အော်မိတော့သည်။ “စုန့်ကျွီးဟန်”
စုန့်ကျွီးဟန်က ဖုန်းကို တစ်ခါထဲ ဖြတ်ချလိုက်ပြီး ရွံရှာသည့်ပုံစံဖြင့် လွှင့်ပစ်လိုက်သည်။
သူ့ရင်အုံက နိမ့်ချည် မြင့်ချည်ဖြစ်နေကာ မျက်နှာကလည်း နီရဲလို့နေသည်။ သူနှင့် စုန့်ကျွီးဟန် အတူရှိချိန်များတွင် သူသည်းခံလေ့ရှိပြီး ဘယ်တော့မှ စောဒကမတက်ခဲ့ပေ။ ကျွီးဟန် စိတ်ကျေနပ်စေရန်သာ အပြေးအလွှား ဖန်တီးပေးတတ်သူမျိုးဖြစ်သည်။ မည်သို့ပင် သည်းခံတတ်သူဖြစ်ပါစေ ယောက်ျားတစ်ယောက်ဖြစ်သောသူ့ကို အပြင်လူရှေ့တွင် မျက်နှာပျက်ရအောင်လုပ်ခြင်းသည် အဆိုးဆုံးအရှက်ခွဲမှုတစ်ခုဖြစ်သည်။
စုန့်ကျွီးဟန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လျက်ရှိသည်။ “မင်းတို့တွေ့ခဲ့ကြတာ ငါ့ကိုမပြောဘူး။”
ဟယ်ကု အသက်ပြင်းပြင်းရှူလိုက်သည်။ “ငါနေ့တိုင်း လူတွေအများကြီးနဲ့တွေ့နေရတာကွာ။ မင်းကို တစ်ယောက်ချင်းစီအကြောင်းလိုက်ပြောနေရမှာလား?”
“ဖုန်းကျုန်းက တခြားလူတွေလိုမှမဟုတ်တာ။” စုန့်ကျွီးဟန်က ထအော်သည်။ “သူက မင်းနဲ့ နှစ်အကြာကြီးမတွေ့ဖြစ်တဲ့သူလေ။ ဒါတောင် မင်းမွေးနေ့ကို မှတ်မိနေတုန်းပဲတဲ့။ ဒီလောက်အထိ အလေးထားတယ်ပေါ့။ မင်းတို့ ဘယ်တုန်းကတွေ့ကြတာလဲ? တစ်ကြိမ်မကတွေ့ပြီးကြပြီမဟုတ်လား? မင်းတို့ ဘာတွေလုပ်ခဲ့သေးလဲ?”
ဟယ်ကု အံကြိတ်လိုက်မိသည်။ “ငါတို့ မအိပ်ခဲ့ပါဘူးကွာ။”
စုန့်ကျွီးဟန် ကြောင်အ သွားရသည်။
ခံစားချက်များလည်း ငြိမ်ကျသွားတော့သည်။ သူ စုန့်ကျွီးဟန်၏ မျက်ဝန်းများကို စိုက်ကြည့်ပြီး ရှင်းလင်းစွာ ပြောပြလိုက်သည်။ “ငါတို့ အတူမအိပ်ခဲ့ကြသလို ငါတခြားဘယ်သူနဲ့မှလည်း မရှူပ်ပွေခဲ့ဘူး။ နှစ်တိုင်းလည်း ကိုယ်ခနာကြံ့ခိုင်မှုကို စစ်ဆေးနေတာမို့လို့ မင်းစိတ်ပူဖို့မလိုဘူး။ ဟုတ်ပြီလား?”
ဘေးသို့ချထားသော စုန့်ကျွီးဟန်၏လက်များက တဖြည်းဖြည်းတင်းကြပ်လာခဲ့သည်။ ဟယ်ကု စကားဆက်ရန်ပင် ရပ်တန့်သွားရသည်။ သူတောင်းဆိုခဲ့သည်မှာ ဒီအရာပဲမဟုတ်လား။ သူကိုယ်တိုင်ပင်ပြောခဲ့သည်လေ။ ကျွီးဟန် မှုန်ကုပ်၍ ဆိုသည်။ “မင်းမှာ ဒီအသိစိတ်တော့ရှိသားပဲ။”
“ရှိပါတယ်။” ဟယ်ကု မျက်နှာပေးက တည်ငြိမ်လျက်ရှိပြီး စိတ်ခံစားချက် တစ်စွန်းတစ်စပင် ပေါ်မနေပေ။ “တကယ်တော့ ဒါက ငါ့ရဲ့တစ်ခုတည်းသော အားသာချက်မဟုတ်လား။”
စုန့်ကျွီးဟန် မတ်တပ်ထရပ်ကာ ဆိုဖာခုံဘေးရှိ လက်ဆောင်ထုပ်ကို ကန်ပစ်လိုက်သည်။ သူ ဂျာကင်အက်ျီကို ဆွဲယူ၍ ထွက်သွားရန်ပြင်သည်။
“ကျွီးဟန်” ဟယ်ကု ခေါင်းကို ငုံ့ချကာ သူ့ကို တားလိုက်သည်။
စုန့်ကျွီးဟန်က သူ့ကိုလှည့်ကြည့်လာခဲ့သည်။ မျက်လုံးများက ကျောချမ်းစရာ အအေးဓာတ်များ ထုတ်လွှတ်နေ သလိုပင်။
“မင်းပြောတော့ ငါ့ကို မွေးနေ့လက်ဆောင်အနေနဲ့ ဘာမဆိုပေးနိုင်တယ်ဆို။ ငါလိုချင်တဲ့ဟာဆိုရင်ရော ပေးမှာလား?”
စုန့်ကျွီးဟန်က စကားမဆိုလာပေ။
ဟယ်ကုက ခေါင်းကိုမော့လိုက်သည်။ သူ့အသံက ရေသေအိုင်တစ်ခုကဲ့သို့ တည်ငြိမ်လေးနက်နေလေသည်။ “ငါမင်းကို ပြောခဲ့တယ်လေ။ ငါ့ကို ဒီနေ့လေးတော့ အဖော်လုပ်ပေးစေချင်ပါတယ်လို့။”
စုန့်ကျွီးဟန်က အေးစက်စွာပြုံးလိုက်ပြီး ခပ်ရွဲ့ရွဲ့ဖြေသည်။ “ငါ့အနုပညာကြေးက တစ်မိနစ်ကို ယွမ် ၈၀၀၀၀ တန်တယ်။ မင်းနဲ့ အချိန်နှစ်နာရီလောက် ငါမဖြုန်းပစ်နိုင်ဘူး။ မင်းသိပ်ကို ဟာတာတာ ဖြစ်နေရင်လည်း တုတ်တစ်ချောင်းရှာထားပေါ့။”
ဟယ်ကု လက်သီးများဆုပ်လိုက်မိသည်။ မျက်နှာချောချောကလည်း အတော်ကို မာထန်သွားတော့သည်။
စုန့်ကျွီးဟန်က လှည့်ထွက်သွားခဲ့လေသည်။
ခတအကြာတွင် တံခါးကို ဆောင့်ပိတ်ခံလိုက်ရတော့သည်။ ဟယ်ကု လန့်ကာ ဆိုဖာပေါ်မှ ခုန်ထမိသွားပြီး ကော်ဖီစားပွဲကို ကြမ်းပေါ်သို့ တိုက်ချမိလိုက်သည်။ မရှောင်လိုက်နိုင်သည့်အတွက် နာကျင်မှုက ကျောဘက်မှစိမ့်တက်လာတော့သည်။ ခေါင်းလည်းမူးဝေသွားရသည်။ အသက်ကို ပြင်းပြင်းရှိုက်လိုက်ရပြီး ရင်အုံကလည်း အပြင်းအထန်ကို နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ တစ်ကိုယ်လုံးလည်း ထူပူတုန်ရီနေသည်။ နောက်ဆုံး မတ်တပ်ရပ်နိုင်သွားသော်လည်း ချာလည်လည်အောင် မူးနေသောကြောင့် ပြန်ထိုင်ချလိုက်ရသည်။
ဒီစနက်တံက ခေါင်းမီးတောက်အောင် လောင်စေပြီလား..
ဟယ်ကုနှုတ်ခမ်းများက ကိုယ့်အပြစ်ကိုယ်သိဟန်ဖြင့် ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။
အကယ်၍.. အကယ်၍သာ စုန့်ကျွီးဟန်က သူ့ရဲ့အဆိုးဆုံးဘက်ခြမ်းကို သူ့ရှေ့မှာ ထုတ်ပြလာခဲ့လျှင် သူ မတွေဝေဘဲ ရှေ့ဆက်နိုင်ပါဦးမလား? ဟင့်အင်း.. သူအဝေးကိုထွက်ပြေးမိလိမ့်မည်။ ဟယ်ကုက စုန့်ကျွီးဟန်ကို သူလှမ်းဆွတ်မမီနိုင်သော ကြယ်ပွင့်လေးကဲ့သို့ သဘောထားကာ၊ ကြယ်စုံသော ကောင်းကင်ကို ကမာမြေအဝေးမှ ငေးကြည့်ရသလို တွေးထင်ခဲ့သည်။ ထို့ထက်မပိုပေ။ ကြယ်ပွင့်များသည် အကွာအဝေးတစ်ခုထားပြီး လှမ်းကြည့်မှသာလျှင် သူတို့၏အလင်းရောင်က ပိုမိုတောက်ပပြိုးပြက်သည်လေ။
ကမာပေါ်တွင် ထိုအချက်ကို ဘယ်အရာကမှ မပြောင်းလဲနိုင်ပါပေ။
ဟယ်ကုက အဆိပ်ရှိသည်ဟု သိနှင့်နေသော ဝိုင်ကို ယစ်မူးစွာ သောက်ခဲ့မိသူဖြစ်သည်။ ဒါဟာ ဘာများအသုံးဝင်ခဲ့ပါသလဲ? အဆိပ်က သူ့အသွေးအသားထဲ စိမ့်ဝင်လာပြီး ကုမရအောင် ဖြစ်သွားသည်သာ အဖတ်တင်ရသည်။
ဟယ်ကု ဆိုဖာခုံပေါ်တွင် လှဲလျောင်းနေမိသည်။ မြင်ဖူးနေကျ မျက်နှာကြက်ကို ငေးကြည့်ရင်း အမှတ်တရများက တိမ်တိုက်တွေလို အတွေးထဲမျောလွင့်လာတော့သည်။
လွန်ခဲ့သော ခြောက်နှစ်က သူအလုပ်သင်ဆင်းပြီး စာတမ်းပြုစုနေချိန်ဖြစ်သည်။ စုန့်ကျွီးဟန်က ဂုဏ်ထူးဆောင် ကျောင်းသားဟောင်းအဖြစ် ကျောင်းတည်ထောင်မှု အနှစ် ၂၀၀ ပြည့် နှစ်ပတ်လည် ညစာစားပွဲသို့ တက်ရောက်လာခဲ့သည်။ စုန့်ကျွီးဟန် တရုတ်ပြည်သို့ ပြန်လာသည်ကို သူသိသော်လည်း ယခုကဲ့သို့ ရိုးရိုးရှင်းရှင်း ညစာစားပွဲတစ်ခုသို့ တက်ရောက်လာမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထိုစဥ် သူက တုံးတုံးအအလေးသာဖြစ်ပြီး အကောင်းမြင်စိတ်ရှိသည့်ပုံမျိုး ပေါက်နေစေရန် သူ့ကိုယ်သူ နည်းပရိယာယ်တွေချမှတ် ဖန်တီးနေရချိန် ဖြစ်သည်။ စုန့်ကျွီးဟန်က သူ့ မိခင်ကျောင်းတော်တွင် တက်ရောက်နေဆဲဖြစ်မည်ဟုသာ ထင်ခဲ့သည်။ သူက တကယ်လည်း တော်ခဲ့ပါသည်။
ဟယ်ကုက ပညာသင်ဆုအပြည့်ရသော ထိပ်တန်းကျောင်းသားဖြစ်ရာ ညစာစားပွဲတွင် ကျောင်းသား ကိုယ်စားလှယ်တစ်ဦးဖြစ်လာတော့သည်။ သို့နှင့်ပင် ကျောင်းနောက်ခံဖြင့် နှစ်ဦးသား ပြန်ဆုံခဲ့ကြလေသည်။
နှစ်များစွာ ကြာပြီးချိန်အထိ စုန့်ကျွီးဟန်ကို ပြန်တွေ့လိုက်ရချိန်က ခံစားချက်ကို သူမမေ့နိုင်ခဲ့ပါပေ။
သူတို့၏ ကျောင်းက တရုတ်ပြည်တွင် ထိပ်တန်းအဆင့်ရှိ တကသိုလ်တစ်ခုဖြစ်ပြီး အသစ်ဆောက်လုပ်ထားသော ကျောင်းခန်းမကြီးကပင် လူပေါင်း ၃၀၀၀ ဆန့်သည်။ သို့သော်လည်း အတိတ်၏ အငွေ့အသက်များ ပြန်ရစေရန် ကျောင်း၏ ခေါင်းဆောင်များက ဂုဏ်ပြုပွဲကို ယခင် ကျောင်းဆောင်အဟောင်းတွင် ပြုလုပ်ရန်သာ ရွေးချယ်ခဲ့ကြသည်။ ပင်မခန်းမကြီးက ကျောင်း၏ အဆင့်အတန်းကို ပြသနေသော ရှေးဟောင်းအမွေအနှစ် တစ်ခုဖြစ်သည်။ ကျောင်းတစ်ခုလုံး၏ ရှည်လျားလေးနက်သော သမိုင်းကျောင်းကို ကိုယ်စားပြုလျက်ရှိသည်။ ကောင်းမွန်စွာလည်း ထိန်းသိမ်းထားရှိကြသည်။ သက်တမ်းကြာမြင့်လှပြီဖြစ်ပြီး နောက်ခံက ရိုးရှင်းသည်။ သီးသန့်အခန်းများခွဲထားခြင်းလည်းမရှိပေ။ ထောင့်များတွင်သာ စားပွဲနှင့် ကုလားထိုင်များ အစုံလိုက်ချထားသည်။ စုန့်ကျွီးဟန်တွင် သက်တော်စောင့် လေးဦးရှိခဲ့ပြီး၊ ပွဲစားတစ်ဦးနှင့် လက်ထောက်တစ်ဦးလည်းပါလာကာ မဆိုင်သူများ အဝင်အထွက်မပြုစေရန် အနောက်ဘက်အဝင်ပေါက်ကို ကျောင်းသားသမဂက စောင့်ကြပ် ပေးရသည်။ ထိုစဥ်အချိန်က စုန့်ကျွီးဟန်က ပြည်တွင်း အနုပညာလောကကို စတင်ဝင်ရောက်နေပြီ ဖြစ်သည်။ လာရောက်ကြသော ပရိသတ်များမှ ဆူဆူပူပူမလုပ်နိုင်စေရန် ကျောင်းအပြင်တွင် တစ်ခါထဲ တားမြစ်ထားသည်။
သူ ဧည့်ခန်းထဲဝင်လိုက်သောအခါ ဖုန်းဖြင့် ဆော့နေသော စုန့်ကျွီးဟန်ကို တွေ့လိုက်ရသည်။ သီးသန့်ချုပ်လုပ် ပေးထားသော ခဲရောင်ဝတ်စုံကို ဝတ်ထားပြီး ရင်ဘတ်တွင် ကျောင်းတံဆိပ်ပြားတပ်ထားသည်။ ရှုပ်ရှုပ်ပွေပွေ လှိုင်းတွန့်ဆံပင်များကိုလည်း ခေါင်းလိမ်းဆီဖြင့် ပိရိသေသပ်စွာ ပုံသွင်းထားသေးသည်။ မျက်နှာ၏ ဘေးတိုက်မြင်ကွင်းလေးက ရေခဲရုပ်ထုတစ်ခုကဲ့သို့ ပြီးပြည့်စုံလှသည်။ ဖုန်းမျက်နှာပြင်မှ အလင်းရောင်က သူ့ကို ရှိရင်းစွဲထက် ဖြူဖျော့စေသည်။ အသားအရေကလည်း တောက်ပြောင်၍ ချောမွေ့နေတော့သည်။
သူ့ကိုနောက်ကွယ်မှ ခိုးကြည့်နေကြသူများ၊ စကားလာပြောကြသူများက နှစ်ဆယ်၊ သုံးဆယ်ခန့်ရှိသော်လည်း စုန့်ကျွီးဟန်က သတိထားမိပုံမပေါ်။ ခေါင်းပင် မော့မကြည့်လာပေ။
စုန့်ကျွီးဟန်က သူ့ကို မှတ်မိနေပါ့မလားမသိဘဲ ဟယ်ကုတစ်ယောက်ထဲ ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိသည်။
ဤအကြောင်းကို အခုထိ မှတ်မိနေခြင်းက ပြန်တွေးကြည့်လျှင် ရယ်စရာကောင်းလှသည်။ မမှတ်မိတော့သည်သာ အကောင်းဆုံးဖြစ်လိမ့်မည်။
ထိုစဥ်မှာပင် ကျောင်းသားသမဂ၏ ခေါင်းဆောင် ဝင်လာကာ အစီအစဥ်များကို ထပ်မံစစ်ဆေးသည်။ ထို့နောက် စုန့်ကျွီးဟန်ထံသို့သွားကာ မူဟန်ပိုပိုဖြင့်ဆိုလေသည်။ “စုန့်.. အစီအစဥ်တွေကို နောက်တစ်ကြိမ်စစ်ကြည့်ဖို့ လိုသေးလား?”
စုန့်ကျွီးဟန်က ထိုစကားကိုကြားလျှင် မေးကို ပင့်ပြီး အသာလေး ပြုံးပြသည်။ “စစ်မယ်လေ။”
ထိုအပြုံးလေးတစ်ချက်နှင့်ပင် တည်ကြည်လှသည်ဆိုသော ခေါင်းဆောင်အမျိုးသမီးလေး၏ မျက်နှာက ရဲတက်သွားတော့သည်။
စုန့်ကျွီးဟန်သည် အထက်ကျောင်းတက်စဥ်ကတည်းက အရွယ်နှင့်မလိုက်သော စရိုက်မျိုးရှိခဲ့သည်။ သို့သော် အတွင်းစိတ်နှင့် အပြင်ပန်းတွင်မူ လူငယ်လေးတစ်ယောက်၏ နုနယ်ပျိုမျစ်မှုမျိုးလည်း တွေ့ရလေ့ရှိသည်။ ယခု သူ့အသက် ၂၀ ရှိလာချိန်တွင်တော့ ကြယ်ပွင့်တစ်ယောက်၏ အရှိန်အဝါမျိုးပိုင်ဆိုင်နေလေပြီ။ အထူးသဖြင့် သာမန်လူအများကြားရောက်နေချိန်တွင် ပိုသိသာသည်။ ကျောင်းသားများအကြားတွင် သူက အလွန်ကို ကိုယ်ရောင်ကိုယ်ဝါတောက်ပနေတော့သည်။
ခေါင်းဆောင်အမျိုးသမီးလေးသည် စကားများပင် ထစ်ငေါ့သွားရသည်။ “သြော်.. ဟုတ်ကဲ့။ အစီအစဥ်က.. ကျောင်းသားရဲ့ နှုတ်ခွန်းဆက်စင်မြင့်.. အဲ.. ဟုတ်တယ်.. ဟိုဟာ.. ကျောင်းသားကိုယ်စားလှယ်က အရင်ဆုံး စကားပြောမယ်.. ပြီးတော့..”
တစ်ယောက်ယောက်က ထရယ်လိုက်သဖြင့် ခေါင်းဆောင်၏ မျက်နှာမှာ ပိုလို့ပင် နီမြန်းသွားရသည်။ ခေါင်းကို ငုံ့ချထားပြီး စကားသံလေးမှာလည်း တိုးတိုးလာတော့သည်။
“ငါက အရင်ဆုံး စကားပြောသွားမယ်။ နောက်မှာ ဂုဏ်ထူးဆောင်ကျောင်းသားကို မိတ်ဆက်ပေးမယ်။ နောက်ဆုံးတစ်ယောက်ကိုတော့ မင်းက မိတ်ဆက်ပေးရမယ်။” ဟယ်ကု ဝင်ပါလိုက်ရသည်။ သူကိုယ်တိုင် အလွန်စိတ်လှုပ်ရှားနေသော်လည်း နဂိုကတည်းက မျက်နှာတည်တည်လေးဖြင့်မွေးလာသူဖြစ်ရာ စုန့်ကျွီးဟန်ရှေ့ရှိ ခေါင်းဆောင်ဆီသို့ တည်ငြိမ်စွာလျှောက်လာနိုင်ခဲ့သည်။ “သူတို့က မင်းကိုမိတ်ဆက်ပေးတဲ့အခါ မင်းက စင်ပေါ်တက်လာပြီး မင်းပြောရမဲ့အပိုင်းကိုပြော၊ ပြီးရင် အခမ်းအနားမှူးက လိုက်လာပြီး မင်းနဲ့ စကားဆက်ပြောလိမ့်မယ်။”
စုန့်ကျွီးဟန်၏ အကြည့်များက
ဟယ်ကုထံသို့ကျရောက်လာတော့သည်။ ဒီလူ့ကို ရင်းနှီးနေသလို သိသိသာသာခံစားရသည်။ သူ အသာအယာမျက်မှောင်ကြုတ်ပြီး
မတ်တပ်ထရပ်လိုက်သည်။
အသက် ၂၀ အရွယ်တွင်ပင် စုန့်ကျွီးဟန်၏ အရပ်က ၁၈၅ စင်တီမီတာ ရှိနေပြီဖြစ်ရာ အရှေ့ကလူကို ဝပ်သွားသလိုခံစားစေနိုင်လေသည်။
လည်ချောင်းထဲတွင် တစ်ဆို့နေသည့်အရာက အထက်အောက်ရွေ့နေသလိုခံစားရသည်။ ဟယ်ကု ကျောဘက်တွင် လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။
လူတစ်ယောက်အနေဖြင့် ဒီအနေအထားအထိ မြင်နိုင်တယ်ဆိုတာ တွေးဖို့တောင် ခက်သည့်အရာဖြစ်သည်။ ညှို့ဓာတ်များက အရိုးအတွင်းမှပင် စိမ့်ထွက်လင်းဖြာနေပြီး၊ ကြည့်မကောင်းသောနေရာဟူ၍လည်း တစ်စွန်းတစ်စပင် ရှာမတွေ့နိုင်ချေ။ နက်ရှိုင်းသော မျက်ဝန်းများ၏ အလှတရားက အကြည့်ချင်း ဆုံမိသူတိုင်းကို လှိုင်းဂယက်များလို ရိုက်ခတ်နှစ်မြှုပ်ပစ်လိမ့်မည်။
စုန့်ကျွီးဟန်ရှေ့မှောက်မှာ စတေးခံရဲဖို့ ယုံကြည်မှုနှင့် သတိတွေ ဘယ်လောက်တောင်လိုလိုက်ပါသလဲ?
ထို့ကြောင့်လည်း ဟယ်ကု မလုပ်နိုင်ခြင်းဖြစ်သည်။ ထိုခေါင်းဆောင်အမျိုးသမီးလေးလည်းမလုပ်နိုင်သလို အခန်းထဲရှိ မည်သူမျှလည်း လုပ်နိုင်မဟုတ်ပေ။ ထို့ကြောင့်လည်း စုန့်ကျွီးဟန် မတ်တပ်ထရပ်လိုက်စဥ်တွင် အရာရာရုတ်ချည်း ရပ်တန့်သွားတော့သည်။ ငှက်သံများပင် တိတ်ဆိတ်သွားခဲ့သလိုပင်။
စုန့်ကျွီးဟန်က ခေါင်းကို အနည်းငယ် စောင်းငဲ့လိုက်သည်။ “မင်း.. ငါမင်းကိုအရင်က မြင်ဖူးလား?”
ဟယ်ကုက ခေါင်းကို ခပ်လေးလေးသာ ညိတ်ပြလိုက်သည်။ “ငါတို့ အလယ်တန်းကျောင်းအတွက် အတူတွဲကျဖူးတယ်။ ကျောင်းတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပေးဖျော်ဖြေပွဲအတူလုပ်ခဲ့ကြတာ။”
“သြော် ငါမှတ်မိတယ်။” စုန့်ကျွီးဟန်၏ အပြုံးက ကြည်လင်သည်။ “အဲ့ပွဲက ကောင်းတယ်လေ။ ဒီပွဲမှာလည်း ငါတို့ ထပ်ပြီး တွဲလုပ်ရဦးမှာပေါ့။”
ဟယ်ကု သူနှင့်အတူလိုက်ပြုံးမိသည်။ ရင်ထဲတွင်တော့ ဗလောင်ဆူစွာ အော်ဟစ်နေလေသည်။ (စုန့်ကျွီးဟန်က ငါ့ကို မှတ်မိတယ်။ စုန့်ကျွီးဟန်က ငါ့ကိုမှတ်မိတယ်။)
စုန့်ကျွီးဟန်၏ နောက်ထပ်စကားတစ်ခွန်းကတော့ သူ့ကို ရေခဲရေ
ပုံးလိုက်လောင်းချလိုက်သလိုပင်။ “စိတ်မရှိနဲ့။ ငါမင်းကို
ကောင်းကောင်းမမှတ်မိဘူးဖြစ်နေတယ်။ မင်းနာမည်ကဘာလဲ?”
“ဟယ်ကု။ ဟယ်ကု။ နာမည်က ဟယ်ကုပါ။”
စုန့်ကျွီးဟန်က အပြုံးဖြင့်ဆိုသည်။ “မင်းကဘာလို့ ဒီနာမည်ပေးထားတာလဲ? မင်းကလေးဘဝတုန်းက ‘ဘာ့ကြောင့်ပေါင်း တစ်သိန်း’ ဆိုတာရဲ့ ပရိသတ်များလား?” သူ့အပြုံးလေးက အလွန်ချစ်စရာကောင်းသည်။
ဟယ်ကု ပါးပြင်များ ပူနွေးလာသည်ဟု ခံစားရသည်။ သူနှင့် အလှမ်းဝေးလှသူတစ်ဦး၏ ဂရုစိုက်မှုကို ခံရသည့် ခံစားချက်က အလွန်ကြည်နူးစရာကောင်းသလို တုန်လှုပ်စရာလည်းကောင်းသည်။ ထိုအချိန်က သူ့အသက် ၂၂ နှစ်သာရှိသေးပြီး စိတ်ကိုတည်ငြိမ်စွာထားရန် ခက်လှသည်။ စုန့်ကျွီးဟန် အနားတွင် ထိုသို့နေနိုင်သူလည်း အနည်းငယ်သာရှိလောက်သည်။ ကြီးကျယ်သော အဖြစ်အပျက်များ၊ လူပုဂိလ်များနှင့် မရေမတွက်နိုင်အောင် ကြုံဖူးပြီးသော်လည်း ထစ်အတုန်လှုပ်နေမိဆဲပင်။ “အင်း.. ငါ့အဖေက ဆရာလေ။ လူတွေက ဘဝမှာ ဗဟုသုတတွေ အမြဲရှာမှီးကြတယ်ဆိုတဲ့ အဓိပာယ်လို့တော့ ပြောတာပဲ။”
“ဒီလိုလား။ နာမည်ကကောင်းသားပဲ။ လာထိုင်လေ။ စကားပြောကြတာပေါ့။” စုန့်ကျွီးဟန်က သူ့လက်ထောက်ကို တစ်ချက်ကြည့်လိုက်သည်။
လက်ထောက်ဖြစ်သူက ခွေးခြေခုံကို မြန်မြန်ရွှေ့လာပြီး ဘေးတွင် ချပေးသည်။ ဟယ်ကုက စုန့်ကျွီးဟန် ယခုလို စကားကောင်းကောင်းပြောလိမ့်မည်ဟု မထင်ထားသဖြင့် ယောင်တောင်တောင်ဖြင့် ထိုင်ချလိုက်မိသည်။
“ငါ့ကို အစီအစဥ်တွေပြပါဦး။” စုန့်ကျွီးဟန်က ကိုယ်ကိုလှည့်၍ ဟယ်ကုကိုင်ထားသော စာရွက်ကို လှမ်းကြည့်လာသည်။
ဖျော့တော့တော့ရေမွှေးနံ့က နှာဝကို တိုးဝှေ့သွားသည်။ စုန့်ကျွီးဟန်က သူနှင့် အလွန်နီးကပ်နေလေပြီ။ သူ့ပခုံးများက ဟယ်ကုပခုံးပေါ်ရောက်နေပြီး ကော့ရှည်ရှည်မျက်တောင်များက ယပ်တောင်နှစ်ခုသဖွယ် မျက်ခမ်းစပ်အောက်တွင် အရိပ်ကျနေလေသည်။
ဟယ်ကု အသက်ရှူမှားမှာကြောက်ကာ အသက်အောင့်ထားလိုက်မိသည်။ စာရွက်ကို ဖြန့်ပြီး စုန့်ကျွီးဟန် လုပ်ရမည့်အပိုင်းသို့ လှန်ပြလိုက်သည်။ “ဒီမိတ်ဆက်စကားက မင်းရဲ့ ကိုယ်စားလှယ်က ရေးပေးရမဲ့ အပိုင်းဆိုတော့ ပြဿနာမရှိလောက်ပါဘူး။”
“အင်း.. ပြဿနာမရှိဘူး။” ကိုယ်စားလှယ်က ဘယ်ကရောက်လာမှန်း ဟယ်ကုမသိသော ဓာတ်ပုံဆရာ နှစ်ယောက်ကို လမ်းညွှန်နေရာမှ ဝင်ပြောသည်။
“သြော် ငါသိပြီ။” စုန့်ကျွီးဟန်က ဟယ်ကုကို မော့ကြည့်၍ ခေါင်းညိတ်သည်။ မျက်ဝန်းများက ပြုံးလျက်သာ။ “မင်းက ကိုယ်စားပြုအနေနဲ့ စကားတက်ပြောရတာ အဆင့်တွေအရမ်းကောင်းလို့ပေါ့?”
ဟယ်ကု နှလုံးခုန်သံတွေ စည်းချက်မမှန်တော့သလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။
“ငါတို့ကျောင်းက နိုင်ငံရဲ့ ဂုဏ်သိကာအကြီးဆုံးကျောင်းတွေထဲက တစ်ကျောင်းပဲ။ မင်းကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အခြေအနေဘယ်လိုလဲ?”
“ငါက အလယ်တန်းကျောင်းကနေ တန်းပို့ခံလိုက်ရတာ။” ထိုနှစ်က မြို့တော်၏ ချန်ပီယံမဖြစ်ခဲ့သော်လည်း သူ့ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်များက မြို့၏ထိပ်တန်းဆယ်ဦးထဲပါသဖြင့် ဟယ်ကုအတွက် တစ်နေရာက သေချာပြီးသားဖြစ်သည်။ သို့ဖြစ်ရာ ဟယ်ကုက ကောလိပ်ဝင်ခွင့်စာမေးအတွက် ပြင်ဆင်မနေတော့ဘဲ ထိုအချိန်အတွင်း အလုပ်သင်သာ ဆင်းလိုက်သည်။ အသေအချာအလေးအနက်ပြင်ဆင်လိုက်လျှင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတဲ့အထိ သူမသိပေ။ သို့သော်လည်း ကိုယ်စားပြုမိန့်ခွန်းပြောရခြင်းမှာ ကျောင်းစာအတော်ဆုံးဖြစ်နေ၍မဟုတ်ဘဲ အတော်ဆုံးကျောင်းသားက နိုင်ငံခြားရောက်နေသောကြောင့်သာ ဖြစ်သည်။ နိုင်ငံခြားသို့ ကျောင်းသားဖလှယ်ရေးဖြင့်သွားရောက်ရမည့် အခွင့်အရေးကို သူစွန့်လွှတ်ပစ်ခဲ့သည်။ အကြောင်းမှာ နိုင်ငံခြားသားများဖြင့် အဂႅလိပ်စကားပြောခြင်းဟူသော အဟန့်အတားကို မကျော်ဖြတ်နိုင် သောကြောင့်ဖြစ်သည်။ သို့သော် သူ့ အဂႅလိပ်စာအမှတ်က အလွန်ကိုမြင့်သည်။
“ကျောင်းဆရာကြီးပဲ။” စုန့်ကျွီးဟန်က ပြုံးလည်းပြုံး ရယ်လည်းရယ်သည်။
သူတို့အနောက်ဘက်မှ ကင်မရာခလုတ်နှိပ်သံများ ရုတ်တရက်ထွက်လာလေသည်။ ဘယ်လိုဖြစ်သွားမှန်းပင် ဟယ်ကုမသိလိုက်။ သူ့ကျောတစ်ခုလုံး တောင့်မတ်သွားပြီး နောက်ပင် လှည့်မကြည့်ရဲတော့ပေ။
စုန့်ကျွီးဟန်က သူ့ကို ကြောက်လန့်သွားသော ငှက်ကလေးတစ်ကောင်ကိုကြည့်သလို ကြည့်လာသည်။ မနေနိုင်တော့ဘဲ သူပြုံးမိသွားသည်။ ကျွီးဟန်က သူ့ပခုံးကို ဖိလိုက်ပြီး ဆိုသည်။ “လာပါကွာ။ ဓာတ်ပုံက ထုံးစံအရရိုက်တာပါ။ မင်းမကြိုက်ဘူးဆိုရင် မျက်နှာကို အုပ်ထားပေးမယ်လေ။”
“မဟုတ်ဘူး။ ရပါတယ်။” စုန့်ကျွီးဟန်က ပခုံးပေါ်မှ သူ့လက်ကို ဖိညှစ်လိုက်သည်။ အထက်တန်းကျောင်းတက်စဥ် စုန့်ကျွီးဟန်က စင်ပေါ်တွင် သူ့ပခုံးကို ယခုကဲ့သို့ထိကာ ကျေးဇူးတင်ကြောင်းပြခဲ့ဖူးသည်။ လေးနှစ်ကြာသည်အထိ စုန့်ကျွီးဟန်၏ လက်ဖဝါးမှ အနွေးဓာတ်လေးကို သူမှတ်မိနေဆဲဖြစ်သည်။
ကိုယ်စားလှယ်က ရောက်လာပြီး စာရွက်များကို ဟိုဒီရွှေ့ကစားသည်။ “အတန်းဖော်လေး.. မင်းရဲ့လက်မောင်းကနည်းနည်းမြှောက်ထားပေး။ ကျွီးဟန်ကတော့ သူနဲ့ တစ်ခုခုကို အလေးအနက်ဆွေးနွေးနေတဲ့ ပုံမျိုး ပေါ်အောင်နေရမယ်။”
သို့နှင့်ပင် ဟယ်ကုက စာရွက်ကို တောင့်တောင့်ကြီးကိုင်ထားမိတော့သည်။ စုန့်ကျွီးဟန်က ဟယ်ကုနားနားတိုးကပ်၍ တီးတိုးဆိုသည်။ “မကြောက်နဲ့နော်။ အဆင်ပြေပါတယ်။ မကြာခင်ပြီးသွားမှာ။” အသံက တကယ်ကို ထူးခြားသည်။ လူငယ်သံပေါက်သလို လေးတွဲ့တွဲ့လည်းနိုင်သည်။ သူ့သောတအာရုံကိုဖြတ်၍ နှလုံးသို့ရောက်ကာ ရင်ခုန်သံများပိုမြန်ဆန်လာတော့သည်။ သွေးများလည်း ဆူပွက်လာသလိုပင်။
ဓာတ်ပုံပြီးအောင်ရိုက်ရသည်မှာ အတော်ခက်သည်။ ရိုက်ပြီးမှသာ စိတ်ကို လုံးဝဖြေလျှော့နိုင်တော့သည်။
“ဟေ့.. အခမ်းအနားမှူးလာနေပြီ။ ဖုန်းကျုန်း သူကဘာလို့ အခုမှ နောက်ကျနေရတာလဲ?” အမျိုးသမီးခေါင်းဆောင်က စောဒကတက်တော့သည်။
“စိတ်မရှိပါနဲ့ အစ်မ။” ဖုန်းကျုန်းက ခြေလှမ်းကျဲများဖြင့်ဝင်လာသည်။ ဥရောပသွေးနှောတစ်ဦး၏ ရင့်ကျက်မှုမျိုးပေါ်လွင်သော စုန့်ကျွီးဟန်နှင့်မတူညီစွာ ဖုန်းကျုန်းက ၁၉ နှစ်အရွယ် အရှေ့တိုင်းသား ကောင်လေး တစ်ဦးပုံရှိသည်။ သူ့အရိုးအဆစ်များက မြန်ဆန်စွာ ကြီးထွားနေပုံရသော်လည်း ခနာကိုယ်လေးက ပိန်သည်။ ဖြူဖွေးသော မျက်နှာချောချောလေးက နူးညံ့သိမ်မွေ့သော်လည်း တက်ကြွသည့် အသွင်ပေါက်သည်။
ဟယ်ကုက အဝေးမှလှမ်း၍ ရှင်းပြသည်။ “ဖုန်းကျုန်း နောက်အစီအစဥ်ကျရင် ဝင်လာခဲ့လိုက်။”
“သြော်” ဖုန်းကျုန်း၏ အကြည့်များက စွေသွားပြီး မျက်ခုံးများကလည်း မြင့်တက်သွားသည်။ “ကျွီးဟန် မင်းကဒီမှာပဲ။”
“ဖုန်းကျုန်း” စုန့်ကျွီးဟန်က လက်ကိုဝှေ့ယမ်းပြကာ ပြုံးလိုက်ပြီး နှုတ်ဆက်စကားဆိုသည်။
ဟယ်ကု အံ့သြသွားရသည်။ နှစ်ဦးသားက
အချင်းချင်းသိနေကြသည်လား? ဖုန်းကျုန်းက
စုန့်ကျွီးဟန်အမည်ကို လုံးဝထည့်မပြောဖူးချေ။ သို့သော်လည်း
အံ့သြစရာတော့မရှိလှ။ သူကိုယ်တိုင်ကလည်း စုန့်ကျွီးဟန်လုပ်သမျှကို အမြဲ စိတ်ထဲရှိနေသော်လည်း
ထိုအကြောင်း အခြားသူများကို တစ်ခါမှ ထုတ်မပြောခဲ့ဖူးပါပေ။