book

Index 6

အပိုင်း ၆။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

အပိုင်း ၆။ ။


အချိန်က တရွေ့ရွေ့ကုန်ဆုံးလာနေခဲ့တယ်။ Berdon ကတော့ တစ်နေ့လုံးအလုပ်ရှုပ်နေခဲ့ပြီး မြင်းခွာတွေကထွက်တဲ့ အက်စစ်နံ့တွေကြောင့် မခံမရပ်နိုင်ဖြစ်နေခဲ့သည်။ သူ့ဘေးတ၀ိုက်ပတ်လည်မှာလည်း မြင်းချေးတွေက ခဏတိုင်းကျနေခဲ့ပြီး အနံ့ပေါင်းစုံဖြစ်နေတော့တယ်။ တစ်နေ့လုံးနေမှ ကုန်သည်တစ်ယောက်က အနံ့စွဲနေတဲ့အပိုင်းတွေ ဖြတ်ချဖို့ဆိုပြီးလာ၀ယ်သွားတဲ့ ဓားမြှောင်အသေးတစ်ချောင်း ရောင်းလိုက်၍ ၁၂သျှီလင်ပဲ ရသေးသည်။ 


လမ်းတစ်ဖက်က စစ်သားကြီးကတော့ အစတုန်းကလို အသံမကြားရတော့ပေမယ့် သူ့ဟာနဲ့သူတော့ အဆင်ပြေနေခဲ့တယ်။ သူခင်းပြထားတဲ့ ပစ္စည်းအများစုလည်း ရောင်းလိုက်ရသည်။ လက်၀တ်လက်စား အကျွင်းအကျန်အနည်းငယ်နဲ့ သံထည်ကြံ့ဦးချိုကြီးရယ် ဟိုစာအုပ်ရယ်ပဲ ကျန်တော့တယ်။ Fletcher က အဖိုးကြီးပြောခဲ့တဲ့ စာအုပ်ရဲ့ လျှို့၀ှက်ချက်က အမှန်မဟုတ်ဘူးလို့ သူထင်တယ်။ ဒါပေမယ့် အဖိုးကြီးက ဘာ့ကြောင့်လိမ်ပြောရတာလဲကိုတော့ သူနားမလည်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ထဲမှာပါတဲ့ စာအုပ်ပိုင်ရှင် စစ်မှော်ဆရာရဲ့ အကြောင်းကပင် တကယ်ကို အဖိုးတန်နေပြီဖြစ်သည်။ အကယ်၍သူသာ ဂျာကင်ကိုအရမ်းမလိုချင်နေခဲ့ရင် ဒီစာအုပ်ကို၀ယ်ဖြစ်မှာပါ။ 


သူငေးနေတုန်းပဲ အဖိုးကြီးနဲ့ အကြည့်ချင်းဆုံသွားပြီး အဖိုးကြီးက သူဘာလိုချင်လဲသိသည့်ပုံနဲ့ ပြုံးပြလိုက်တယ်။ အနီးနားမှာ ၀ယ်သူတွေလည်းမရှိတာကြောင့် လမ်းတစ်ဖက်ကူးလာပြီး Fletcher တို့ကုန်ဆိုင်က ဓားတွေကို လာကြည့်လိုက်တယ်။ 


“ဒါဘယ်လောက်လဲ?” သူက ခုံပေါ်က ဓားတစ်ချောင်းကောက်ကိုင်လိုက်ပြီး ဓားကို ‌ေ၀ှ့ယမ်းရင်းပြောတယ်။ အဖိုးကြီးရဲ့ ဓားရေးကျွမ်းကျင်မှုနဲ့ မြန်နှုန်းကြောင့် လေထုက သူ့ရဲ့ မီးခိုးရောင်ဆံပင်နဲ့ မျက်နှာပေါ်က အ‌ရေးအကြောင်းတွေကို ထိုးခွဲထက်လာခဲ့တယ်။ 


“အဲ့ဒါ သျှီလင် ၃၀ ပါ၊ ဒါပေမယ့်သူနဲ့အတူတွဲထားတဲ့ ကတ်ကြေး၂ချောင်းအတွက်က နောက်ထပ် ၇ သျှီလင်ပါ” Fletcher က အဖိုးကြီးရဲ့ ဓားရေးပြနေတာကို မမြင်ချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်တယ်။ စာအုပ်တွေထဲက လှည့်ကွက်တွေအကုန်သူသိတယ်၊ အဖိုးကြီးရဲ့အပြုအမူက တစ်‌စုံတစ်ခုကို သွားသတိရစေတယ်။ စျေးကြီးတဲ့အရာတွေကို ကိုင်မယ် စျေးမေးမယ် ပြီးရင်ရောင်းသူအလုပ်ရှုပ်နေတုန်းမှာ ဓားမြှောင်တိုအသေးတစ်ချောင်းကို အိတ်ထဲထည့်လိုက်မယ်၊ ဒါပါပဲ။ အဖိုးကြီးကလည်း သူ့လက်ထဲကိုင်ထားတဲ့အရာကို Fletcher သတိထားမိအောင်လို့ တစ်ဖက်လက်နဲ့ ခုံကိုခေါက်နေခဲ့တယ်။ 


“ငါဒီဓားယူမယ်။ ဒီဓားက ဓားသွားနှစ်ဖက်လည်းညီတယ် ထက်လည်းထက်တယ်။ ဘယ်စစ်သားကမှ ဒါမျိုးဓားကို လှောင်ရဲမှာမဟုတ်ဘူး။ ၀ံပုလွေတစ်ကောင်ကို သွားစွယ်တစ်ချောင်းနဲ့ သတ်နိုင်သလို Orc တစ်ကောင်ကို ဓားနဲ့ ထိုးနိုင်ရင်သတ်လို့ရတယ်လို့ မင်းရောထင်လား? Orc တွေရဲ့ ခြေထောက်ကို ဖြတ်လိုက်ရင် သူတို့လည်း သာမန်လူတွေလိုပဲ လဲကျသွားကြတာပါပဲကွာ။ ဒီမြောက်ဘက်ခြမ်းမှာတော့ ဓားသုံးဖို့လိုမယ်မထင်ပေမယ့်လည်း အကျင့်ဟောင်းဆိုတာက ဖျောက်ရခက်တယ်ကွ” 


သူကဓားကိုမြေကြီးပေါ်ကိုထိုးစိုက်လိုက်ပြီး ပိုက်ဆံအိတ်ကိုဆွဲထုတ်ကာ ပေးရမယ့်အ‌ရေအတွက်ကို ‌ရေတွက်နေခဲ့တယ်။ Fletcher က ဓားကိုယူကြည့်လိုက်တယ်။ ရိုးစင်းတဲ့ဓားတစ်လက်ပေမယ့် ဓားလက်ကိုင်ကို သစ်ပိတ်ပင်သားနဲ့လုပ်ထားပြီး သား‌ရေအိတ်နဲ့ပတ်ထားတယ်။ 


“ခင်ဗျားလာတဲ့လမ်းမှာ သူတို့မနှောင့်ယှက်ကြဘူးလား?” Fletcher က ငွေယူရင်းမေးတယ်။


“နှောင့်ယှက်ကြတာပေါ့ကွာ၊ ဒါပေမယ့်လည်း အဲ့ကောင်တွေ မင်းဆိုင်ကိုပြောသွားတဲ့ပုံကို ငါကမကြိုက်လို့ပါ။ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလို့ ပြောကြတာတောင်ရှိသေးတယ်လေကွာ။ ဟူး.... Elves တွေလည်း ဒီလိုပဲတွေးကြရင် ဘယ်လောက်ကောင်းမလဲ၊ အဲ့ကောင်တွေနဲ့ကြတော့ ‘ရန်သူရဲ့ရန်သူက ပိုတန်ဖိုးရှိတယ် ကဲ ဘယ်သူမှကြည့်မနေတုန်း နောက်ကျောဓားနဲ့ထိုးကြရအောင်’ ဆိုသလိုမျိုး ဖြစ်နေတယ်” စစ်သားကြီးက ‌ရေရွတ်လိုက်တယ်။ Fletcher က နိုင်ငံရေးအကြောင်း၀င်မ‌ပြောလို၍ ဆိတ်ဆိတ်ပဲနေလိုက်တယ်။ Elves တွေကို စာနာပေးတဲ့သူတွေလည်း အများကြီးရှိတာကြောင့် ကျယ်ကျယ်ပြောရင် ၀ယ်သူမလာတော့မှာစိုး၍ ဖြစ်သည်။ 


“ကျွန်တော် ခင်ဗျားပြောနေတဲ့ ဇာတ်လမ်းကိုသဘောကျနေတာခဗျ၊ ခင်ဗျားပြောနေတာတွေ ကအမှန်ဟုတ်မဟုတ်မေးရင် စော်ကားသလိုများဖြစ်နေမလားပဲ ခဗျ” Fletcher က သူ့ကိုလိမ်မှာစိုးလို့  အဖိုးကြီးရဲ့မျက်လုံးတွေကို စိုက်ကြည့်နေခဲ့တယ်။ အဖိုးကြီးက သူ့ကိုခဏလောက်စောင့်ကြည့်နေခဲ့ပြီးမှ စိတ်ပြေလက်ပျောက် ပြုံးလိုက်တယ်။ 


“ငါ့ဘာသာ စကားလုံးတွေထွင်ပြီး ပြောခဲ့တဲ့အပိုင်းတွေတော့ ရှိပါတယ်။ ငါစာအုပ်ကိုလှန်လှောပြီးဖတ်ကြည့်သေးတယ် ဒါပေမယ့် ငါကစာသိပ်မဖတ်တတ်တော့ အပေါ်ယံပဲဖတ်လိုက်တာ။ ငါပြောနိုင်တာတစ်ခုကတော့ သူက Orc တွေအကြောင့်းကို လေ့လာနေခဲ့ပြီး သူတို့ဆီကနေသင်ယူဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်။ ဒီထဲမှာ Orc သင်္ကေတတွေပါတယ်၊ Orc လူမျိုးတွေအကြောင်းနဲ့ သူတို့ဘိုးဘေးတွေအကြောင်းကို ဘာသာတစ်၀က်ပြန်ထားတယ်။ နတ်ဆိုးကောင်တစ်ကောင်ပုံဆွဲထားတာလည်းရှိတယ် ဆွဲထားတာတော်တော် ကောင်းတယ်။ သူက အရမ်းတော်တဲ့ ဆင့်ခေါ်သူတစ်ယောက်မဟုတ်ခဲ့ပေမယ့် ပုံဆွဲတော်တဲ့ အနုပညာရှင်တစ်ယောက်ပါ” 


စစ်သားကြီးက တင်းကုတ်ထဲကဓားကိုယူပြီး လက်သည်းဂျေးတွေထုတ်နေလိုက်တယ်။ 


“ရှက်စရာပဲ၊ ဒီစာအုပ်ကို ဒီနေရာမှာရောင်းလို့ရမယ် ထင်ခဲ့တာ။ Eleven ခံတပ်ရောက်မှပဲစျေးပေါပေါနဲ့ ပြန်ရောင်းတော့မယ်၊ ဒါမဲ့ အဲ့က မှော်ဆရာတွေကလည်း ၀င်ငွေရှိတဲ့ကောင်တွေ မဟုတ်ဘူးဆိုတော့ တစ်ရွက်ချင်းဖြုတ်ရောင်းမှပဲရမယ့်ပုံ” သူပြသနာကိုဖြေရှင်းတဲ့ သူ့အကြံကိုသူ သဘောကျလို့ ခေါင်းတညိတ်ညိတ်လုပ်နေခဲ့တယ်။


“ဟင် ဒါဆို Didric ကိုရော ဘယ်လိုလုပ်မလဲ? သူ့အဖေက ဒီရွာမှာအာဏာရှိတဲ့လူကြီး ပြီးတော့ Pinkertons တွေက သူတို့အိမ်မှာတည်းနေတာ။ Didric ကိုဆန့်ကျင်ပြီးလုပ်ရင် သူ့ဆီကဘာပြန်လုပ်လာမလဲဆိုတာကို မသိနိုင်ဘူး” Fletcher က သူ့ကိုသတိပေးလိုက်တယ်။ 


“Puff!!! ငါက သူ့လိုကြေးဇွန်းကိုက်ပြီးမွေးလာတဲ့ကောင်တွေထက် ဆိုးတဲ့ကောင်တွေနဲ့ တွေ့လာခဲ့တဲ့သူပါကွာ။ အဲ့ ကြေးဇွန်းနှစ်ယောက်က (Pinkertons) ငါဒီစာအုပ်လိုက်ရောင်းနေတာကို တွေ့ပြီးပြီ၊ သူတို့ဘာမကောင်းတာမှမပြောခဲ့ဘူး။ သူတို့က စစ်သားတွေကို သဘောကျတယ်၊ ငါတို့စစ်သားတွေကို သူတို့နဲ့ တစ်သားထဲလိုမျိုးသဘောထားတယ်။ ဒါပေမယ့် သူတို့အလုပ်က သူတို့ပုံစံကိုကြည့်ပြီး လှောင်တဲ့ Dwarves တွေကို ရိုက်နှက်တာပဲရှိတာ သူတို့ကို Orc တွေရှေ့ပို့ကြည့်လိုက်ပါလား မင်းနောက်ကမြင်းတွေ နာရီပေါင်းများစွာ မြေပေါ်မှာပုံလဲကျနေသလိုပဲ ဖြစ်နေမှာ” သူကနှာခေါင်းကိုပွတ်ရင်း ပြောတယ်။


“ဒါဆိုလည်းကောင်းပါပြီ၊ Didric စာအုပ်ပြန်လာယူရင် ငါလဲရှိနေချင်တယ်။ ခင်ဗျားသူ့ကို ပြန်သွားဖို့ ချေချတဲ့အခါ ဖြစ်သွားမယ့် သူ့မျက်နှာကိုမြင်ချင်လို့” Fletcher က ၀မ်းမြောက်၀မ်းသာပဲပြောလိုက်တယ်။ 


“အသေအချာပဲပေါ့” စစ်သားကြီးက မျက်စိမှိတ်ပြပြီး သူ့ဓားကိုကောက်ယူကာ လမ်းတစ်ဖက်ကို ပြန်ထွက်သွားတယ်။ 


လက်ရှိမှာတော့ အခြေအနေတွေက ကောင်းနေခဲ့သည်။ 


~~~~~


rate now: