book

Summoner _ The Novice

Adventure

Read Book
  • Author : Chan Chan
  • Genres : Adventure
  • Release : 04 Jan 2021
  • Language : Burmese
  • Type : Translation
  • Original Book Name : Summoner - The Novice
  • Original Author Name : Taran Matharu
  • Original Language : English
  • Total chapter : 25
  • Total subscriber : 3
  • Rating :
  • Status : Ongoing

The Novice ကို စာရေးသူ Taran Matharu က Fletcher ဆိုတဲ့ တရားမျှတမှုကို မြတ်နိုးတဲ့ လူငယ်လေးတစ်ယောက်အကြောင်းနဲ့ အစပြုထားတယ်။ ဒီဇာတ်လမ်းရဲ့ ပထမစာမျက်နှာမှာတင်ပဲ သူ့ရဲ့ ခက်ခဲရုန်းကန်မှုတွေကို စတင်ဖတ်ရှုရမှာဖြစ်ပါတယ်။ 


Fletcher က အခြားကမ္ဘာမှာရှိတဲ့ နတ်ဆိုးတွေကို ဆင်‌့ခေါ်နိုင်စွမ်းရှိတဲ့ ၁၅ နှစ်အရွယ်ကောင်လေးတစ်ယောက်။ Fletcher ကလေးဘဝမှာပဲ မိဘတွေအသတ်ခံခဲ့ရတယ်။ Pelt လို့ခေါ်တဲ့မြို့ကပန်းပဲဆရာ Berdon က ခေါ်ယူမွေးစားခံခဲ့ရပြီး အဲ့မြို့မှာပဲကြီးပြင်းလာခဲ့တယ်။ Fletcher က ဆင့်ခေါ်စာအုပ် "summoning book" ကိုရရှိခဲ့ပြီး နတ်ဆိုးတွေကိုတကယ်ဆင့်ခေါ်လို့ရမရစမ်းသပ်ခဲ့တဲ့နောက် lgnatius လို့ခေါ်တဲ့ နတ်ဆိုးကောင်လေးကိုဆင့်ခေါ်ခဲ့မိတယ်။ မြို့ခံတွေက Fletcher ရဲ့နတ်ဆိုးဆင့်ခေါ်နိုင်စွမ်းရှိတဲ့အကြောင်းကို သိရှိသွားတဲ့နောက်မှာတော့ သူဟာ မြို့ကနေထွက်ပြေးခဲ့ရတော့သည်။ 


Vocans academy

Fletcher ဟာ ဆင့်ခေါ်သူတွေကိုလေ့ကျင့်ပေးတဲ့ Vocans academy ကျောင်းကိုရောက်ရှိခဲ့ပြီး စစ်မြေပြင်မှာ Hominum Empire အတွက် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ Orcs တွေနဲ့ တိုက်ခိုက်ဖို့စတင်လေ့ကျင့်ခဲ့တယ်။ မျိုးနွယ်စုအသီးသီးက အင်အားကြီးမှူးမတ်မိသားစုဝင်‌တွေလဲ လာရောက်သင်ကြားကြသည့် အထင်ကရ ကျောင်းတစ်ခုဖြစ်သည်။ 


Orc

Orcs တွေက လူသားမျိုးနွယ်ရဲ့အကြီးမားဆုံး ရန်သူတွေဖြစ်ပြီး အခြားမျိုးနွယ်စုများနဲ့လဲ ကာလရှည်ကြာ စစ်ပွဲတွေရှိနေဆဲဖြစ်သည်။ Orc တွေဟာ ပထမဆုံး ဆင့်ခေါ်သူတွေလဲ ဖြစ်ပြီး lgnatius ဟာ Fletcher ရဲ့ဆင့်ခေါ်မှုမတိုင်ခင်က Orc တွေပိုင်ဆိုင်တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့သေးသည်။ 


Forsyth twins

Forsyth ညီကိုတွေက စွမ်းအားကြီးမားမှုကို မက်မောကြတဲ့သူတွေဖြစ်ပြီး မိသားစုအကျိုးစီးပွားအတွက် မှောင်ရိပ်ထဲကနေ အမြဲလျှို့ဝှက်ကြံစည်နေကြသူတွေဖြစ်တယ်။ 


Sylva

Sylva ကတော့ Elf မျိုးနွယ်ဝင် နတ်သူငယ်မတစ်ယောက်ဖြစ်ပြီး Elf မျိုးနွယ်စုတွေနဲ့ Hominum Empire ကြား မဟာမိတ်ဖွဲရန်ကြိုးစားနေခဲ့ပြီး သူမဟာ မဟာမိတ်ဖွဲရေးအတွက် သူငယ်ချင်းတွေကိုသစ္စာဖောက်ဖို့အတွက်ကိုလဲ ဝန်မလေးတဲ့သူတစ်ဦး။ 


Othello

Othello က အကယ်ဒမီရဲ့ ပထမဆုံး Dwarfs မျိုးနွယ်ဝင်ကျောင်းသားတစ်ဦး။ Dwarf လူပုလေးတွေဟာ Hominum Empire ရဲ့ နှစ်ပေါင်းများစွာအုပ်ချုပ်မှုအောက်မှာ ညှင်းဆဲခံရမှုတွေရှိနေခဲ့ပြီး ဒီလိုတင်းမာမှုတွေကြောင့်ပဲ ကျောင်းသားအချင်းချင်းကြားမှာလဲ အဆင်မပြေမှုတွေရှိလာခဲ့တယ်။ 


lgnatius 

lgnatius က နှစ်ပေါင်း ၂ထောင်သက်တမ်းရှိတဲ့ အသိဉာဏ်မြင့်မားတဲ့ Orcs မျိုးနွယ်ဝင် (Fletcher ရဲ့ ) သစ္စာရှိတဲ့ နတ်ဆိုးအကောင်လေး။


Fletcher အတွက် အင်အားကြီးမျိုးနွယ်စုတွေရဲ့ကြား lgnatiusကလွဲရင် ကူညီမယ့်သူ သူ့ဘက်မှာရှိမနေခဲ့ဘူး။ Empire တစ်ခုလုံးရဲ့ ကံကြမ္မာအတွက်  Fletcher တစ်ယောက် ဘယ်မျိုးနွယ်စုနဲ့ပူးပေါင်းမလဲဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သူဟာ နတ်ဆိုးတွေကို ဆင့်ခေါ်နိုင်ပေမယ့် စစ်ပွဲမှာရော အနိုင်ရရှိနိုင်ပါ့မလား ဆိုတာ...


Back