အပိုင်း ၄။
ကလေးတွေရယ် ငွေကြေးသိပ်မတတ်နိုင်ကြတဲ့ ဂိတ်စောင့်တပ်သားတစ်ချို့ရယ် စစ်သားအိုကြီးနားမှာ ၀ိုင်းအုံသွားကြတယ်။
“ကဲ ကဲ လာကြည့်ကြနော်၊ ဒီမှာပါလာတဲ့ ပစ္စည်းတွေအားလုံးက အစစ်အမှန်တွေချည်းပဲ။ သွေးစွန်းနေတဲ့ သမိုင်းကြောင်းနောက်ခံနဲ့ ဒီအရာတွေကိုကြည့်ရင်း မြောက်ပိုင်းဒေသမှာကြီးပြင်းလာရတဲ့ မင်းတို့ရဲ့ဘ၀က သိပ်ကံကောင်းတယ်ဆိုတာကို မင်းတို့သိလာရလိမ့်မယ်။” သူကလက်နှစ်ဘက်ကို ပါးစက်နားထားပြီး အသံကုန်ဟစ်အော်လိုက်တယ်။
“Gremlin တွေရဲ့ ခါးပတ်ကွင်းတွေကို ကြည့်မလား Orc တွေရဲ့ နှာခေါင်းကွင်းတွေပဲ လိုချင်သလား၊ ဒီကဆရာလေးကရော ဘာကိုစိတ်၀င်စားပါသလဲဗျာ” နှာခေါင်းထဲလက်နှိုက်ရင်း ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို ဆရာတတ်ခေါ်ရင်းပြောလိုက်တယ်။
“Gremlin ဆိုတာဘာကြီးလဲဗျ?” ကောင်လေးကမေးတော့
“Gremlin တွေက Orc တွေရဲ့ နတ်ဆိုးကျွန်တွေလေ ၊ လူ့အရပ်တစ်ရပ်စာတောင် မရှိကြတဲ့ ဒီနတ်ဆိုးကောင်တွေက Orc တွေ မွေးမြူထားတဲ့ ရှေးအကျဆုံး တိုက်ခိုက်ရေး စစ်သည်တွေပေါ့ကွာ ” သူက ကိုယ်ဟန်အမူအယာတွေနဲ့ ပြရင်းပြောပြတယ်။
Gremlin တွေက Orc တွေလိုပဲ မီးခိုးရောင်အသားအရည်ရှိသည်။ Orc တွေလိုပဲ ခြေနှစ်ချောင်းဖြင့်သွားသည်။ သူတို့ရဲ့ နားရွက်တွေက လင်းနို့များလိုဖြစ်ပြီး မျက်လုံးမျက်စံများလည်းကြီးမားကြသည်။ ထူးခြားရှည်လျားသော နှာခေါင်းတွေရှိပြီး ချွန်ထက်သော လက်သည်းချွန်များလဲရှိကြသော မြေအောက်သတ္တဝါများဖြစ်ကြသည်။
Gremlin
Pic taken from: https://witcher.gamepedia.com/Gremlin
“လူသေတွေဆီကနေယူလာခဲ့တာပေါ့ကွာ၊ ဒါတွေက ဘယ်ကိုမှလဲမသွားနိုင်ကြတော့သလို စစ်မြေပြင်အတွက် ဘာမှလဲအသုံးမ၀င်တော့ဘူးလေ။ စစ်ပွဲရဲ့ အရသာကို မင်းတို့ကို ပြသပေးဖို့ ငါသယ်လာခဲ့တာ”
“ခင်ဗျားဒါပြီးရင် Eleven ရှေ့တန်းခံတပ်ကို ပြန်သွားမှာလား” မြို့စောင့်တပ်သားတစ်ယောက်ကမေးလိုက်တယ်။
မေးတဲ့သူက Jakov ဖြစ်နေတာတွေ့တော့ Fletcher ကုန်ဆိုင်နောက်ဖက်ထဲ ကွယ်ပြီး ပုန်းလိုက်တယ်။ Jakovသာ သူ့ကိုတွေ့ရင် ဟိုနေ့က ကတိပေးခဲ့တဲ့အတွက် အရက်ဖိုးတောင်းမည်ဖြစ်သည်၊ ဂျာကင်၀ယ်ဖို့ စုထားတဲ့ငွေတွေကို သူ့ကိုပေးလိုက်ရလို့ မဖြစ်ဘူး။
“သွားရမှာပေါ့ ငါကအသုံးမ၀င်တဲ့အရိုးတွေပဲ ရှိတော့တဲ့ အဘိုးကြီးဖြစ်ပေမယ့် ငါတို့အဖွဲ့ခွဲမှာ ငါက တစ်ယောက်သော အသက်ရှင်ကျန်ခဲ့သူပဲ။ ငါတို့တပ်ဖွဲ့ခွဲ ရှေ့ပြေးထောက်လှန်းရေးသွားတဲ့ လမ်းမှာ ညဘက်ကြီး၀င်စီးသွားကြတာလေ၊ ငါတို့ဘက်က ပြန်ခုခံဖို့အခွင့်အရေးတောင် မရှိခဲ့ဘူး။” သူပြောပြနေတဲ့ အသံက ၀မ်းနည်းနေပုံရပေမယ့်လည်း သူပြောနေတာ တကယ်ဟုတ်မဟုတ်တော့ မသိနိုင်ဘူးလေ။
“ဘာတွေဖြစ်ခဲ့ကြတာလဲ?” Jakov က မယုံကြည်နိုင်အောင်ဖြစ်ပြီး အဖိုးကြီးဘက်ကိုလှည့်မေးလိုက်တယ်။
“ဒီအဖြစ်အပျက်တွေကအမှတ်တရအဖြစ် ပြန်ပြောပြဖို့ကောင်းတာမျိုးမဟုတ်ပါဘူးကွာ မပြောတာပဲကောင်းပါတယ်။” သူက Jakov ရဲ့အမေးကို ရှောင်ရင်းပဲ တွေးရင်းစိတ်မကောင်းဖြစ်လာပြီး ခေါင်းငိုက်စိုက်ကျသွားတယ်။ ကြည့်နေတဲ့ လူအုပ်ကြီးကတော့ သူလိမ်ပြောတာပါဆိုတဲ့ အကြည့်တွေနဲ့ အပြစ်တင်နေကြတယ်။
“ကဲ ကဲ ဟုတ်ပါပြီ ဟုတ်ပါပြီ” စစ်သားအိုကြီးက သူ့ဆိုင်နားကထွက်သွားဖို့ ပြင်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီးအော်ပြောလိုက်တယ်။
ဒီမြို့က ရှေ့တန်းမရောက်ခင်နားတဲ့ နောက်ဆုံးမြို့ဖြစ်သည်။ တစ်ချို့စစ်သားတွေက သူသယ်လာတဲ့ ပစ္စည်းတွေနဲ့ရင်းနှီးပြီးသားဖြစ်တာမို့ သူတို့ကိုရောင်းဖို့တော့ ခက်ခဲမှာအမှန်ပဲ။
“ငါတို့ရဲ့တာ၀န်က ရှေ့တန်းအတွက် ကြိုပြီးထောက်လှန်းပေးဖို့ပေါ့” သူစကားဆက်ပြောမှပဲ လူအုပ်က ပြန်ရောက်လာခဲ့တယ်။
“လမ်းကြောင်းဆက်တက်ဖို့အတွက် သစ်တောကိုရှင်းရင်း ကတုပ်ကျင်းတွေကို ရွှေ့ဖို့လုပ်ကြတာပေါ့”
သူကယုံကြည်ချက်အပြည့်နဲ့ သူ့ဇာတ်ကြောင်းကို စီကာပတ်ကုံးစပြောတော့မှပဲ ဒီလူက အပြောကောင်းတဲ့ သူတစ်ယောက်ပဲလို့ Fletcher တွေးမိလိုက်တယ်။
“ညက ကြောင်မည်းတစ်ကောင်ရဲ့ အဆင်းအရောင်ထက် ပိုမိုနက်မှောင်နေခဲ့ပြီး ငွေရောင်သမ်းတဲ့ လရိပ်ရောင်အနည်းငယ်နဲ့ပဲ ငါတို့ခရီးဆက်ခဲ့ကြတာပေါ့၊ လမ်းမှာ ငါတို့ရဲ့အသံတွေနဲ့ နည်းနည်းဆူခဲ့ပေမယ့် ရန်သူဘက်ကသတိမထားမိခဲ့ဘဲ ကံကောင်းချင်တော့ ၁၀မိနစ်လောက်နဲ့တင် ငါတို့ဒီတောကို ဖြတ်နိုင်ခဲ့ကြတယ်။” အဖိုးအိုက အဲ့နေ့ကအဖြစ်အပျက်ထဲ ပြန်ရောက်သွားသလိုမျိုး တွေးနေလိုက်တယ်။
“ဆက်ပြောပါဦးဗျ” နောက်ဘက်က ကောင်လေးတစ်ယောက်က ထအော်တော့ ဇာတ်ရှိန်တတ်နေတဲ့ လူအုပ်ကြီးက “ရှူး တိုးတိုးနေစမ်း” ဆိုတဲ့ အမူအယာတွေ လုပ်ပြကြတယ်။
“အဖွဲ့ရဲ့ စစ်မှော်ဆရာက လမ်းကိုရှေ့ကဦးဆောင်သွားတယ်၊ သူ့ရဲ့ နတ်ဆိုးကောင်က ညဘက်ကောင်းကောင်းမြင်ရတဲ့ အကောင်မျိုးဆိုတော့ လမ်းမှာ ငါတို့အချင်းချင်းအမှတ်မှားပြီး ပစ်ခတ်မိမှာ မပူရဘူးပေါ့ကွာ….ကိုယ်ကိုယ်ကိုသေကြောင်းကြံတဲ့ မစ်ရှင်ကို တာ၀န်ယူခဲ့ရသလိုမျိူးပဲ၊ လူကောင်းတွေ အများကြီးဆုံးရှုံးလိုက်ရတယ်” သူကဆက်ပြောတယ်။
“ခင်ဗျားတို့နဲ့ ဆင့်ခေါ်သူပါထည့်ပေးလိုက်တာလား? ဒါသက်သက်ဖြုန်းတာပဲ။ ကျွန်တော်တို့ဘက်မှာ ဆင့်ခေါ်သူက ရာကျော်လောက်ပဲရှိတယ်လို့ ထင်နေတာ?” Jakov မေးလိုက်တယ်။
“ငါတို့ကိုလမ်းကြောင်းချပေးခဲ့တာက မှားနေခဲ့ပေမယ်လဲ ဒါကအရမ်းအရေးကြီးတဲ့ မစ်ရှင်မို့ပါ၊ ငါသူ့အကြောင်း သိပ်တော့မသိဘူး၊ သူကအရမ်းစွမ်းအားကြီးတဲ့ ဆင့်ခေါ်သူတစ်ယောက်မဟုတ်ပေမယ့်လဲ အရမ်းတော်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ၊ သူက Orc shamans တွေနဲ့ ပတ်သက်လို့ အရမ်းစိတ်၀င်စားပြီး သူတို့နဲ့ သူတို့ရဲ့ နတ်ဆိုးကောင်တွေအကြောင်း စစ်သားတွေဆီကနေမေးလေ့ရှိတယ်။ Orc ရွာတွေကို ငါတို့ဖြတ်ခဲ့ရတုန်းကဆို ပျက်ဆီးနေတဲ့အပိုင်းအစတွေကို စစ်ဆေးရင်း သူတို့ရဲ့အိမ်နံရံတွေမှာ ချိတ်ဆွဲထားတဲ့ သမင်ပုံတွေကို သူ့စာအုပ်ထဲကို အတိအကျလိုက်ကူးဆွဲထားတာ” လူအုပ်က ဒီအကြောင်းကိုသိပ်စိတ်မ၀င်စားတာတွေ့တော့ သူလဲအကြောင်းအရာချက်ချင်းပြောင်းလိုက်တယ်။
Orc shamans
Pic taken from: https://witcher.gamepedia.com/OrcShamans
“Orc တွေသုံးတဲ့ လှံလက်နက်က လူတစ်ယောက်ကိုထိလိုက်တာနဲ့ ဗုံးပေါက်သလိုပဲ ပေါက်ကွဲလွင့်ထွက်စေတာမျိုးတွေ၊ သူတို့တွေက သစ်ပင်တွေပေါ်ကနေ တိတ်တဆိတ်ချဥ်းကပ်ပြီး ငါတို့ကို ကမ္ဘာကြီးကနေ မကောင်းဆိုး၀ါးနှင်ထုတ်မယ့်ပုံစံနဲ့ ပတ်ပတ်လည်၀န်းရံလိုက်ကြတယ်။ လှံတွေကို ဘယ်ဘက်ကနေပစ်နေသလဲတောင် မမြင်နိုင်ခဲ့ပဲ ပထမအချီမှာတင် ငါတို့ဘက်ကလူတစ်၀က်လောက်ကျသွားခဲ့ပြီ၊ ဒုတိယအချီအတွက်ကို ငါတွေးတောင်မတွေးရဲတော့ဘူး။ မှော်ဆရာက ဒီအခြေအနေကို ချိုးဖျက်လိုက်ပြီး ထွက်ပြေးလို့ရအောင် လုပ်ပေးခဲ့တယ်၊ ငါလဲသူ့နောက်ကနေ လိုက်သွားတာပေါ့။ ဘုရားသခင်ဖန်ဆင်းတဲ့ ဒီအရှုပ်အထွေးတွေထဲကနေ ရုံးထွက်နိုင်သူရှိခဲ့မယ်ဆိုရင် အဲ့လူက သူပဲဖြစ်လိမ့်မယ်။ သူ့နတ်ဆိုးကောင်ရဲ့ နှာမှုတ်သံကို နားစွင့်ပြီး ထပ်ချပ်မကွာလိုက်ပြီး ချေကုန်ပြေးကြရတာ။
“သူ့ရဲ့နတ်ဆိုးကောင်က ဘယ်လိုကောင်မျိုးလဲ?” Jakov မေးတယ်။
“အမှောင်ထဲမှာဆိုတော့ သူ့ကိုသေချာမမြင်ဖူးလိုက်ဘူး၊ သူက ရုပ်ဆိုးဆိုးပိုးကောင်တစ်ကောင် ပျံနေသလိုမျိုးပဲ၊ ဒါပေမယ့် အဲ့နတ်ဆိုးကောင်ကို ငါအရမ်းကျေးဇူးတင်တယ် သူ့ကြောင့်သာမဟုတ်ရင် ငါသေတာကြာပြီပေါ့၊ နောက်တော့ မှော်ဆရာကို Orcတွေပစ်လိုက်တဲ့လှံမှန်ပြီး လဲကျသွားတယ် သူ့ရဲ့ နံကြားမှာဖောက်ထွက်နေတဲ့ လှံကိုငါကြည့်လိုက်တာ ၀က်တွေကို တံစို့ထိုးထားသလိုပဲ သွေးတွေအပြည့်နဲ့ သူလဲကျသွားတယ်။ ငါသူ့အတွက်လုပ်ပေးနိုင်တာ ဘာမှမရှိခဲ့ပေမယ့် သူ့ရဲ့နတ်ဆိုးကောင်က သူမပါဘဲသွားမှာမဟုတ်လို့ ငါသူ့ကို သယ်လာခဲ့ရတယ်။ ကတုတ်ကျင်းဆီပြန်မရောက်ခင်မှာပဲ သူဆုံးသွားပေမယ့် နတ်ဆိုးကောင်က ငါ့ကို ရောက်အောင်ပြန်ပို့ပေးခဲ့တယ်။ ကတုတ်ကျင်းဆီရောက်တော့ ငါဒဏ်ရာရတဲ့လူတွေကို သယ်လာခဲ့အကြောင်း တခြားသူတွေတပ်မှာကျန်ခဲ့ကြောင်း ပြောပြတယ်။ ငါ့ရဲ့အဖွဲ့သားအားလုံးသေဆုံးသွားကြပြီး ငါ့အသက်အရွယ်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ငါ့ကို သူတို့က၀ိုင်းစကြတာပေါ့ကွာ။ ငါ့အတွက်စိတ်သက်သာရာ ရစေခဲ့တဲ့ တစ်ခုထဲသောအရာက သေသွားတဲ့ မှော်ဆရာရဲ့အိတ်ပဲ၊ အိတ်ထဲမှာ ရွှေငွေတွေတော့ မရှိပေမယ့် ငါမမြင်ဖူးတဲ့အရာတွေ အများကြီးပဲ” အဖိုးအိုက သူ့ခြေရင်းနားက အိတ်ကိုယူလိုက်တော့မှပဲ အဖိုးအိုက ဘာ့ကြောင့်ဒါတွေကို စပြီးပြောပြနေလဲ Fletcher သဘောပေါက်လာတယ်။ အဖိုးကြီးက အမြဲတမ်းသူ့ရဲ့ ဇာတ်လမ်းပြောပြပြီး လူအုံလာမှ သူ့ရဲ့ တန်ဖိုးအကြီးဆုံးပစ္စည်းကို ထုတ်ပြလေ့ရှိတာထင်တယ်။
ဒါပေမယ့် အဖိုးကြီးထုတ်ပြတဲ့အရာက သူမှန်းထားသလို ရှုံ့တွနေမယ့် ဦးခေါင်းခွံလဲမဟုတ်သလို သူစောင့်ရှောက်ထားတဲ့နတ်ဆိုးကောင်လဲ မဟုတ်ခဲ့ဘူး။ တိရစ္ဆာန်သားရည်နဲ့လုပ်ထားပြီး စာရွက်ထူတွေကို အညိုရောင်သားရေကြိုးနဲ့ ချည်ထားတဲ့ စာအုပ်တစ်အုပ်ထွက်လာခဲ့တယ်။ အဲ့ဒါက “ဆင့်ခေါ်စာအုပ်ပဲဖြစ်သည်။”
~~~~~