book

Index 3

အပိုင်း ၃ ။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

နှစ်စဥ်ဖြစ်နေကြလိုပါပဲ အက်ကွဲနေတဲ့လှည်းဘီးတွေ ကျိူးကြေကုန်တဲ့ နှင်တံအပိုင်းအစ‌တွေနဲ့ ကုန်တန်းယာဥ်တွေနဲ့အတူ ကုန်သည်တွေရောက်ရှိလာခဲ့ကြပြီး ကုန်သွယ်ပွဲတော်ကြီးစတင်ခဲ့ပါပြီ။ အ၀င်လမ်းတစ်လျှောက် အနိမ့်အမြင့်မညီညာ မဖြောင့်ဖြူးသော်လည်း မြို့အ၀င်လမ်းမကြီးအဆုံးမှာ နေရာကောင်းရဖို့အရေး မြင်းများကို အရှိန်တင်မောင်းနှင်လာကြသည်။ နောက်ကျကျန်ခဲ့သူတွေကတော့ လူစည်ကားရာ ရွာလည်ရဲ့အ‌ေ၀း ဂိတ်ပေါက်အ၀မှာပဲ နေရာရကြသည်။ 

Casper က ၀င်လာတဲ့ လှည်းတန်းတစ်လျှောက် ကုန်စည်များသယ်ဆောင်မောင်းနှင်လာသော လှည်းမောင်းများကို အပြုံးဖြင့် ‌ေ၀ှ့ယမ်းနှုတ်ဆက်ပြလျက်ရှိသည်။ မြင်းတွေရဲ့ကိုယ်ပေါ် စီးကျနေတဲ့ ချွေးတွေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတေွက ခရီးလမ်းတစ်လျှောက် အပြင်းအထန်မောင်းနှင်ခဲ့ရမှန်း Fletcher တွေ့တော့ သူတို့ရဲ့ အခြေအနေကိုကြည့်ပြီး အပြစ်ရှိသလို ပြုံးလိုက်မီသည်။ Berdon တစ်‌ယောက်တော့ တစ်နေ့လုံးပင်ပန်းချေဦးမည်။ မြင်းတွေအားလုံးအတွက် မြင်းခွာတွေ အလုံအလောက်ရှိပါစေလို့ပဲ ဆုတောင်းရမည်။ 


နောက်ဆုံးလှည်းကို ဂိတ်ထဲသွင်းပြီးတဲ့အချိန်မှာပဲ အဖြူရောင်မုတ်ဆိတ်မွေးထူထူနဲ့ လူနှစ်ယောက် ရွာထဲ၀င်လာခဲ့တယ်။ သူတို့ရဲံမြင်းတွေက ကုန်ဆွဲတဲ့မြင်းမျိုးမဟုတ်ပဲ အရွယ်အစားပိုမိုကြီးမားသော စက်တပ်မြင်းများဖြစ်ကြသည်။ မညီမညာဖြစ်နေတဲ့ ဂိတ်ဝင်လမ်းပေါ်ဖြတ်လာရင်း မြင်းဇတ်ကြိုးတွေကို လွှင့်ပစ်လိုက်ကြတယ်။ နောက်မှာ ရေရွတ်ကျိန်ဆဲနေတဲ့ Berdon ကို ကြည့်ပြီး ကျွန်တော်ကိုယ်ချင်းစာမိတယ်။ 


ဂျာကင်အနက်တွင် ကြေး၀ါရောင်ကြယ်သီးများတပ်ဆင်ထားသော ယူနီဖောင်းများကို ကြည့်ခြင်းဖြင့် သူတို့ဟာ မြို့တော်မှ ဥပ‌‌‌ဒေအရာရှိ - Pinkertons တွေမှန်းတန်းသိနိုင်သည်။ သူတို့လက်ထဲက မီးသေနတ်တွေကလည်း သူတို့ရဲ့ ရာထူးကိုထင်ဟပ်နေစေသည်။ မြင်းကုန်းနှီးမှာ တွဲချည်ထားတဲ့ သူတို့ရဲ့ သံထည်လက်နက်တွေကို Fletcher ကြည့်လိုက်တယ်။ Pinkertons တွေဟာ ဘုရင့်ရဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်တာကြောင့် လူတစ်ယောက်ရဲ့ လက်တွေခြေတွေကို ချိုးပစ်ရန်လဲ ဝန်လေးမည်မဟုတ်။ Pinkertons တွေ ကုန်ယာဉ်တန်းနဲ့လိုက်ပါလာခြင်းသည် လမ်းခရီးမှာ တစ်စုံတစ်ခုကြောင့် ကာကွယ်ပေးရန်လိုနေခဲ့သည့် အဓိပ္ပါယ်ပင်ဖြစ်သည်။  


ဒီလူနှစ်‌ေယာက်ကြည့်ရတာ ရုပ်ချင်းတော်တော်ဆင်၍ ညီအစ်ကိုတွေဖြစ်ဟန်တူသည်။ နှစ်ယောက်စလုံးမှာ ‌ရွှေအိုရောင်ဆံပင်တွေရှိပြီး မီးခိုးရောင်သန်းတဲ့ အေးစက်စက်မျက်လုံးတွေနဲ့ဖြစ်ကြသည်။ သူတို့မတ်တပ်ရပ်လိုက်တဲ့အခါ အရပ်အမြင့်တွေက Fletcher တစ်ရပ်စာကျော်လောက်ရှိကြသည်၊


“ကောင်လေး၊ မြင်းတွေကို ရွာထဲက မြင်းဇောင်းဆီယူသွားပြီး အစာရေဆာကျွေးမွေးထားလိုက်စမ်း” သူက မာမာထန်ထန်ပဲပြောသည်။ 


Fletcher က သူ့ကိုခိုင်းလာတာကို ပြန်စိုက်ကြည့်နေမိခဲ့ပြီး မြင်းတွေကလဲ Fletcher ရပ်လိုက်တဲ့ နေရာနားမှာပဲဖြစ်နေခဲ့တယ်။ တကယ်ဆို သူကကုန်ဆိုင်မှာပဲ နေချင်တာလေ။ 


“ဒီကောင်လေးကို ဂရုစိုက်မနေပါနဲ့ သူကအရမ်းနှေးတယ်” Casper ဆီက အသံထွက်လာခဲ့သည်။ 


“ရွာမှာက မြင်းဇောင်းသီးသန့်မရှိဘူးလေ ဒီတော့ ကျွန်တော့ရဲံ့သားက မြင်းတွေကို ကြည့်ထားပေးပါလိမ့်မယ်။ Didric မြင်းတွေကို အဖေတို့ရဲ့မြင်းဇောင်းကို ယူသွားလိုက်၊ ပြီးရင် မြင်းထိန်းတွေကို ဂရုတစိုက်ကြည့်ထားဖို့ သေချာမှာထားလိုက်”


“ဒါပေမယ့်လဲ အဖေ၊ ကျွန်တော် ….” Didric က စကားစပြင်လိုက်ပေမယ့်


“အခုချက်ချင်းမြန်မြန်သွားတော့ Didric” Casper က စကားစဖြတ်လိုက်တယ်။


Didric က မြင်းဇတ်ကြိုးတွေကို ယူနေရင်းနဲ့ Fletcher ကို မကျေမခြမ်းကြည့်ပြီး မြင်းနှစ်ကောင်နဲ့ လမ်းအောက်ဘက်ဆင်းသွားတယ်။  


“ဆိုပါဦးခဗျ ဘယ်လိုအကြောင်းကြောင့် Pelt ထိ‌လာခဲ့ရလဲ၊ အကယ်၍ ရာဇ၀တ်သားတွေကြောင့်ဆိုရင်တော့ ဒီရက်တွေထဲ လူစိမ်းတွေမတွေ့တာကြာပါပြီ။” Casper က သူ့ရဲ့လက်ကို ရှေ့ထုတ်ပေးရင်းပြောလိုက်တယ်။


အရပ်ရှည်ရှည်နဲ့ Pinkerton အရာရှိက သူ့လက်ကိုမကိုင်ချင်သော်လဲ သူတို့ရဲ့မြင်းတွေကို ထိန်းပေးတဲ့ ကျေးဇူးရှိတာကြောင့် ကိုင်လိုက်ရတယ်။ 


“ရှင်ဘုရင်က ထောင်သားတွေကို စစ်ထဲ၀င်ခိုင်းဖို့ဆန္ဒရှိနေတယ် သူတို့စစ်မှုထမ်းမယ်ဆိုရင် ထောင်ဒဏ်လဲပယ်ဖျက်ပြီးသား ဖြစ်သွားမှာပေါ့၊ ဗိုလ်မှူးတွေအနေနဲ့ ဒါကိုကိုင်တွယ်နိုင်မလားဆိုတာကို ငါတို့ဘက်ကလိုက်စုံစမ်းနေတာ”


“စိတ်၀င်စားစရာပဲ၊ စစ်မှုထမ်းနှုန်းကျဆင်းနေတာကိုတော့ သိပေမယ့် ပြဿနာကို ဒီလိုသေသေသပ်သပ် ဖြေရှင်းနိုင်တာက တကယ့်ကို အံ့အားသင့်စရာပါပဲ” Casper က ပြုံးပြီးပြောလိုက်တယ်။ 


“ဒီအကြောင်းကို ညစာစားရင်းနဲ့ ဘရန်ဒီလေး သောက်ရင်း ဆွေးနွေးကြရင် မကောင်းဘူးလား၊ ရွာထဲက တည်းခိုခန်းတွေကတော့ သိပ်မသန့်ရှင်းဘူး။ မင်းတို့လဲ ခရီး‌ေ၀းကလာခဲ့ရတာဆိုတော့ သက်တောင့်သက်သာ အနားယူလို့ရအောင် ငါ့ဘက်က ပြင်ဆင်ပေးပါရစေ” 


“ဒီလိုဆိုရင်တော့ ကျေးဇူးတင်မိမှာပါပဲ၊ Corcillum ကနေ ဒီထိ ထွက်လာတဲ့ ခရီးတစ်လျှောက် လမ်းမှာ အိပ်ယာကောင်းကောင်းနဲ့မအိပ်ခဲ့ရတာ တစ်ပတ်လောက်ရှိနေပြီ” Pinkerton အရာရှိက ကျေးဇူးတင်ဟန်နဲ့ ဦးထုတ်ကို ချွတ်ကာ ဦးညွှတ်ပြရင်း ပြောတယ်။


“ဒါဆိုရင် မင်းတို့ရေချိုးဖို့ နဲ့ မနက်စာစားဖို့ ပူပူလေး ပြင်ဆင်ပြီး ယူလာခဲ့ပါမယ်။ ငါကတော့ ဒီရွာက ရွာလူကြီးဖြစ်ပြီး Caspar Cavell လို့ ခေါ်ပါတယ်” Caspar ကပြောရင်းပဲ လမ်းအောက်ဘက်ကို ဦးဆောင်ခေါ်သွားခဲ့တယ်။ 


Fletcher က သူတို့ပြောနေတဲ့ သတင်းအကြောင်းကို ပြန်စဥ်းစားနေမိတယ်၊ ရာဇ၀တ်သားတွေကို စစ်မှုထမ်းခိုင်းဖို့ဆိုတာမျိူး သူဆိုရင် တစ်ခါမှမတွေးခဲ့ဖူးဘူး၊ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက “ဒုတိယအကြိမ်မြောက် Orc စစ်ပွဲထဲမှာတော့ လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာမျိုးတွေ ရှိတယ်လို့ ကောလဟာလတွေတော့ ရှိသည်၊ ထိုစစ်ပွဲ ဖြစ်ရသည့်အကြောင်းအရင်းမှာ Orc တွေက  Hominum Empire ရှိ မွေးမြူရေးခြံတွေကို ၀င်ရောက်စီးနင်းခဲ့တာကြောင့် ဖြစ်သည်။ Orc တွေ တောထဲ ပြန်မဆုတ်ခွာခင်မှာလည်း ရာနဲ့ချီတဲ့ရွာပေါင်းများစွာ ဖျက်စီးခံခဲ့ရသည်။ 


ဒီတစ်ချိန်မှာတော့ Hominum တွေက Orc တွေရဲ့ တောအုပ်ကို လောင်စာလိုအပ်တာကြောင့် ဖျက်စီးခဲ့ပြီး စက်မှုတော်လှန်ရေးစစ်ပွဲကို စတင်ခဲ့သည်။ 


“ငါသာ အဲ့လိုမီးသေနတ်မျိုးတွေ လုပ်နိုင်ခဲ့ရင် ခုလိုကုန်ဆိုင်ဖွင့်နေစရာတောင် မလိုလောက်တော့ဘူး” Berdon ကပြောတော့ Fletcher က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြခဲ့တယ်။ 


မီးသေနတ်တွေက ရှေ့တန်းအတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီး Corcillum မြို့လည်မှာနေတဲ့ လူပုမျိုးနွယ်အနုပညာရှင်တွေရဲ့ နည်းပညာတွေဖြစ်တယ်။ သို့သော် လူပုလေးတွေရဲ့  ဒီနည်းပညာကို အစောင့်အကြပ်တွေနဲ့ တင်းကျပ်စွာ လျှို့၀ှက်ထားကြတယ်။ ဒါအကျိုးအမြတ်များတဲ့ စီးပွားရေးပေမယ့် စစ်တပ်ဘက်ကလည်း Orc တွေက မီးမြှားတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိလာတာကြောင့် ပိုမိုအားပြင်းတဲ့ မီးသေနတ်တွေလိုအပ်ခဲ့တဲ့အတွက် မကြာသေးခင်ကမှ ဒီနည်းပညာကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။။    


ထို့နောက် Fletcher ဟာ ဂိတ်ပေါက်ကနေ နောက်ဆုံး၀င်လာတဲ့ ခရီးသည်ကို သတိထားမိသွားတယ်။ တစ်ခေါင်းလုံး ဆံဖြူတွေပြည့်နေပြီး ဖြူ‌ေရာ့နေတဲ့ စစ်သားတစ်ဦးဖြစ်သည်။ ရွှံတွေ ဖုန်တွေ ပေကျံကာ စုတ်ပြဲနေပြီဖြစ်သော ဖြူနီယူနီဖောင်းကို ၀တ်ဆင်ထားပြီး ကြယ်သီးတစ်ချို့ပြုတ်ထွက်နေပြီး တစ်ချို့မှာ တဲတဲသာကျန်သည်။ သူ့မှာလက်နက်လဲမပါ၊ ကုန်သည်တန်းနဲ့ ပါလာခြင်းလဲ မဟုတ်နိုင်သလို  စစ်မှုထမ်းတစ်ယောက်လဲ ဘယ်လိုမှမဖြစ်နိုင်။ 

သူ့မှာ မြင်းတွေလှည်းတွေမပါပေမယ့် ကုန်စလယ်တွေတင်ဆောင်လာတဲ့ လားတစ်ကောင်‌ေတော့ ပါသည်၊ သူက Fletcher တို့ရဲ့ မျက်နှာခြင်းဆိုင်ဘက် ဆိုင်တန်းမှာနေရာယူလိုက်ကာ လားကို ချည်ထားလိုက်ပြီး ပစ္စည်းတွေမခင်းကျင်းမှီ စျေးဆိုင်တွေဘက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ 

အဲ့နောက်ပစ္စည်းတွေကို စခင်းတယ်။ သူ့ပုံစံက Eleven ရှေ့တန်းမှာတိုက်ဖို့အတွက်လဲ အိုလွန်းနေပြီဖြစ်ပြီး စစ်သားအနေနဲ့ရာထူးတိုးဖွယ်ရာလဲမရှိ။ အဖိုးအိုက သူ့အကြည့်တွေကို နားလည်သည့်အလား သွားတွေမရှိတော့တဲ့ ပါးစပ်ဖြင့်သူ့ကို ရယ်ပြနေသည်။ 


သူ့ခင်းထားတာတွေကို သေချာမြင်ရအောင် ကြည့်လိုက်တော့မှပဲ Fletcher တစ်‌ေယာက် မျက်လုံးပြူးသွားသည်။ ထုတ်ခြင်းဖောက်သွားအောင် ပစ်လို့ရတဲ့ မီးကျောက်သားဖြင့် ထွင်းထားသော လက်ဖ၀ါးတစ်ခုစာ အရွယ်ရှိ မြှားဖူးတွေ၊ အခြောက်ခံသွေးထားသော အံသွားများကို ဆွဲပြားပုံသွင်းကာ ထုလုပ်ထားသော အကောင်းစား လည်ဆွဲများ၊ သံချက်ပေါ်မှာဆွဲထားသော ကြံ့ခေါင်းခွံကိုတော့ ရှေ့ဆုံးမှာ ခင်းပြထားသည်။ တကယ့်အဓိကကျတဲ့ ပစ္စည်းကြီးကတော့ လူတစ်‌ေယာက်ရဲ့  ခေါင်းထက် နှစ်ဆလောက်ကြီးမားသော Orc ဦးခေါင်းခွံကြီးပဲဖြစ်သည်။ သူ့ရဲ့ နဖူးပြင်မှာ မျက်လုံးပေါက်ပေါ်ကနေ  ပုံမှန်ထက်ထိုးထွက်နေခဲ့သည်။ အဒီအခွံကို တောထဲက နေ‌ေရာင်ထဲမှာ အခြောက်ခံကာ ချောမွေ့အောင်ပွတ်တိုက်ထားပြီး အရောင်တင်ထားသည်။ ထို့အပြင် Orc တွေရဲ့ စစ်ခွေးတွေက သူထင်ထားတာရဲ့ သုံးဆနီးပါးပိုကြီးကြသည်။ ဒါတွေက ရှေ့တန်းမှာစုဆောင်းလာပြီး စစ်နဲ့‌ေ၀းတဲ့ မြောက်ပိုင်း‌ဒေသကလူတွေ စိတ်၀င်စားတဲ့သူတွေဆီ  ရောင်းဖို့စုဆောင်းထားတဲ့ ပစ္စည်းတွေပေါ့လေ။ 


Fletcher က သူ့လိုပဲ အဖိုးအိုဆီကပစ္စည်းတွေကို ကြည့်နေတဲ့ Berdonကို စိတ်မကောင်းစွာလှည့်ကြည့်လိုက်တယ်။ သူက ကုန်ဆိုင်ကိုကြည့်ပြီး ခေါင်းယမ်းပြတယ်။ Fletcher လဲ သက်ပြင်းချကာ သူ့ဆိုင်က ပစ္စည်းတွေကိုပဲ ပြန်ပြင်ဆင်နေရာချနေခဲ့လိုက်တယ်။


ဒီနေ့ကတော့ တကယ့်ကိုအကျိုးမရှိတဲ့ နေ့ရက်ရှည်ကြီးပါလား။ 


~~~~~


rate now:

1 Reviews
  • reader Nami Athene 17.01.2021, 11:53 5

    👍🏻

    reply