လူပုလေးပုံစံက Athol နဲ့ နည်းနည်းဆင်တူသလိုရှိပြီး ကြီးမားသော ခန္ဓာကိုယ်မှာ နီညိုရောင်မုတ်ဆိတ်မွေးများဖြင့် အပြည့်ဖြစ်သည်။ အခန်းထဲဝင်လာသည်နှင့် အားလုံးကို ခေါင်းစခြေဆုံးကြည့်ပြီး မုန့်ထည့်ထားသည့် ဗန်းတစ်ခုကိုယူကာ လူစုနဲ့ ဝေးရာစားပွဲတစ်ခုမှာ နေရာယူလိုက်သည်။ တခြားသူတွေအတွက် လူပုလေးတစ်ယောက် ရောက်လာခြင်းက စိတ်ရှုပ်ထွေးစရာအနည်းငယ်ဖြစ်ပေမယ့် Fletcher ကတော့ သူနဲ့အတူပါလာတဲ့ နတ်ဆိုးကောင်ကိုသာ ပိုစိတ်ဝင်စားနေခဲ့သည်။
၃ပေခန့်အမြင့်ရှိပြီး သူ့ကိုကြည့်ရတာ ကလေးငယ် (လူငယ်) တစ်ဦးနှင့်ပိုတူသည်။ သူ့ခြေတွေလက်တွေတင်သာမက သူ့အရောင်ကလည်း တမူထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းလွန်းသည်။ misshapen ကျောက်တုံးမှ ထွင်းထုထားသည့် သတ္တဝါကောင်အလား အပေါ်ယံအရေပြားမှာလည်း ရေညှိများ ဖုန်များရောယှက်နေသေးသည်။ လက်အိတ်စွပ်ထားသကဲ့သို့ ထူထဲသည့် လက်များမှာ ပစ္စည်းတွေဆုပ်ယူသယ်ဆောင်ဖို့ အလွန်အသုံးဝင်မည်ဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းမှာ ကျောက်တုံးကျောက်စသံများကို ကြားရသေးသည်။
အရပ်သားတစ်ချို့ဆီက လှောင်ပြောင်သံတစ်ချို့ထွက်လာတော့ လူပုလေးနောက်မှာ ကပ်ပါလာသည့် နတ်ဆိုးကောင်က ဦးခေါင်းထဲထိနစ်ဝင်နေသော စူးရှတဲ့ မျက်လုံးများဖြင်ပြန်လည်စူးစိုက်ကြည့်လေတော့သည်။
“Golem အမျိုးအစားနတ်ဆိုးကောင်ပဲ၊ ဒီလိုကောင်မျိုးတွေက ဖမ်းမိဖို့အရမ်းခက်တာ။ အစေခံတွေပြောပြတာတော့ ဒီကောင်တွေက အချိန်နဲ့အမျှ ကြီးထွားနှုန်းမြန်လို့ အကောင်ငယ်တုန်းမှာ ဖမ်းမှရမယ်လို့ပြောတာပဲ” Seraph က တီးတိုးပြောလိုက်တယ်။ “ငါလည်းအဲ့လိုပါရမီရှိတဲ့ နတ်ဆိုးကောင်အမျိုးကောင်းလေးတွေ ရပါစေ မျှော်လင့်တယ်”
“မဖြစ်နိုင်တာ” Atlas က ပြောသည်။ “Dwarven Council ဖြစ်တဲ့ လူပုလေးတွေရဲ့ အဖွဲ့အစည်းကလာတာမို့ စစ်တပ်နဲ့ ပူပေါင်းလုပ်ဆောင်ရာမှာ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ သူ့ကိုပေးတာနေမှာ။ စစ်တပ်ကလည်း ဘာ့ကြောင့် မျိုးနွယ်စုတွေ အကုန်လုံးပါဝင်ခွင့်ကို လက်ခံလိုက်တာလည်း နားကိုမလည်နိုင်ဘူး။ သူတို့ရဲ့ ခြေတံသေးသေးကွေးကွေးတွေနဲ့များ မြင်းစီးရင်ဖြင့် မြင်းစီးသူရဲကောင်းဖြစ်ဖို့ နေနေသာ မြင်းခြေခုံကိုမှီရင်တောင် ကံကောင်းပဲ အဟက်”
Atlas ရဲ့ သူ့အတွေးနဲ့သူပြောပြီး ရယ်နေတာကို လျစ်လျူရှုလိုက်ပြီး တစ်ယောက်ထဲ ထိုင်နေသည့် လူပုလေးရှိရာဆီကို ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။
“မင်းဘာလုပ်မလို့လည်း?” Rory က Fletcher လက်ကိုဆွဲပြီး တီးတို့ပြောလိုက်သည်။
“ငါသူ့ဆီသွားပြီး မိတ်ဆက်မလို့”
“သူငါတို့ကို ကြည်သွားတဲ့ အကြည့်ကို နင်မတွေ့လိုက်ဘူးလား။ ငါထင်တာ သူ့ဘာသာ တစ်ယောက်ထဲပဲ နေချင်မယ်ထင်တယ်နော်” Genevieve လည်း ဝင်တားသည်။
သူတို့ပြောနေတာတွေကို ဂရုမစိုက်ပဲ ထထွက်လာလိုက်တယ်။ လူပုလေးကြည့်သွားတဲ့ အကြည့်ကို သူသေချာမှတ်မိပါတယ်။ Pelt မှာတုန်းက တခြားကလေးတွေကြားမှာ ဒီလိုမကျေမချမ်းဖြစ်နေတဲ့ မျက်နှာအမူအယာမျိုးနဲ့ပဲ နေခဲ့ရတော့ သူကိုယ်တိုင်ဖြစ်ဖူးတော့ ဒီအကြည့်မျိုးကို သူနားလည်သည်။
လူပုလေးနားကိုကပ်သွားတော့ Golem ကောင်ရဲ့ ကြောက်စရာကောင်းတဲ့မျက်နှာက သူ့ဘက်လှည့်လာကာ ခြိမ်းခြောက်အော်ထုတ်လေသည်။ လူပုလေးကတော့ သူ့နတ်ဆိုးကောင်ရဲ့ အော်သံကြောင့် အားနာနေဟန်ရှိသည်။
“ကျွန်တော်က Fletcher ပါ” လက်ဆွဲနှုတ်ဆက်ဖို့ လက်ကိုထုတ်ပေးရင်း မိတ်ဆက်လိုက်သည်။
“Othello၊ မင်းဘာလိုချင်လို့လည်း?”
“တွေ့ရတာဝမ်းသာပါတယ် ငါတို့နဲ့အတူလာထိုင်ပါလား ဟိုမှာ ခုံနေရာလွတ်တွေ ရှိနေသေးတယ်” Fletcher က မေးလိုက်သည်။ လူပုလေးက တခြားဝိုင်းတွေကနေ သူတို့နှစ်ယောက်ကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ မျက်နှာတွေကို ကြည့်လိုက်တယ်။
“ရပါတယ် ဒီမှာပဲ အဆင်ပြေပါတယ်။ မင်းရဲ့ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါ့ကို ဒီနေရာမှာ ဘယ်သူကမှ မကြိုဆိုဘူးဆိုတာ ငါသိတယ်” သူက စားပွဲဘက်ဆီကို ပြန်လှည့်သွားတော့ Fletcher လည်း နောက်ဆုံးတစ်ကြိမ် အနေနဲ့ ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။
“မင်းကိုလည်း ဒီနေရာကနေ ကြိုဆိုတာပေါ့ကွ မင်းလည်း ငါတို့လိုပဲ Orc တွေနဲ့တိုက်ဖို့ ရောက်လာတာပဲ မဟုတ်လား”
“မင်းနားမလည်ပါဘူးကွာ င့ါလိုလူတွေက အဖွဲ့အစည်းတခုက စေလွှတ်လိုက်တဲ့ သင်္ကေတ အမှတ်အသား တခုအပြင်မပိုပါဘူး။ Hominum စစ်တပ်က စစ်ဗိုလ်ချုပ်တွေကလည်း ငါတို့တွေကို အမှန်တကယ် လက်ခံချင်ကြတာမဟုတ်ဘူး။ ငါတို့တွေ တပ်ထဲရောက်တာနဲ့ ရှေ့တန်းကို တခါထဲလွှတ်ပြီး အသေခံခိုင်း ခုခံခိုင်းကြတာကပိုများတယ်။ ဘုရင်ကတော့ သူတို့ကို ဖိအားပေးပြီး ငါတို့ကို လက်ခံဖို့ပြောနေပေမယ့် တကယ်တန်း စစ်မြေပြင်မှာကျတော့ ဗိုလ်ချုပ်တွေကပဲ ဆုံးဖြတ်ချက်ချရတာလေ။ သူတို့ရဲ့ စိတ်ဓာတ်တွေကို ဘယ်လိုနည်းနဲ့မှ ပြောင်းလဲလို့ရနိုင်မှာ မဟုတ်ဘူး” Othello က Fletcher ကြားရုံလောက် လေသံနဲ့ပဲ ပြောလိုက်တယ်။
“Vocans မှာ ခုဆို မိန်းကလေးဆင့်ခေါ်သူတွေတောင် ရှိလာနေပြီပဲ။ ပြီးတော့ ဒီအခန်းထဲ ရှိနေတဲ့သူတွေအကုန်လုံးကလည်း အရပ်သားတွေချည်းပဲ။ တော်ဝင်မျိုးတွေက မနက်ဖြန်မှ ရောက်မှာ” ပြန်ဖြေပေးရင်းနဲ့ Fletcher လည်း လူပုလေးအတွက် စိတ်မချမ်းမသာဖြစ်မိသွားသည်။ စကားပြောရင်းကနေ ခဏတာရပ်တန့်လိုက်ပြီး လူပုလေးနားတိုးကပ်သွားလိုက်သည်။
‘ဒီမှာ သူတို့ဘာသာ ဘယ်မျိုးနွယ်ကပဲလာလာ သင်ပြပေးမယ့်သူတော့ လိုကိုလိုတာပဲလေ။ ပြီးတော့ ဒီကို Elf နတ်သူငယ်တွေတောင် လာကြတယ်။ အဓိကက တိုက်ခိုက်နိုင်တဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့သူ ဖြစ်ဖို့ပဲလိုတာ ဆိုတော့ ဒီတိုက်ခိုက်ရေးဌာနခွဲက အရမ်းကြီး လူရွေးမယ့်ထဲ မပါလောက်ပါဘူးကွာ”
လူပုလေးကတော့ ဝမ်းနည်းစွာနဲ့ပဲ ပြုံးပြပြီး တစ်ဖက်လှည့်သွားပြန်တယ်။
“နတ်သူငယ်တွေပါလာတက်တဲ့အကြောင်း ငါသိပါတယ်။ နတ်ဆိုးကောင် လက်ခံရယူဖို့ စောင့်နေကြရင်းနဲ့ ငါတို့တွေ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတစ်ချို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်။ ဘာပဲဖြစ်ဖြစ် မင်းပြောတာတွေက မှန်ပါတယ်။ ခုနကငါရိုင်းပြမိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ ငါ့အသံအရမ်းမာသွားတယ်ထင်တယ်” Othello က အစားအသောက်ဗန်းကို ကိုင်လိုက်ရင်းပြောသည်။
“ကိစ္စမရှိပါဘူးကွာ။ မနေ့ကတောင်မှ မင်းနဲ့ဆင်တဲ့ လူပုလေးတစ်ယောက်နဲ့ မြို့ထဲမှာတွေ့ခဲ့တယ်။ သူငါ့ကိုတစ်ခုပေးလိုက်သေးတယ်” Fletcher လည်း သူ့အိတ်ထဲမှာသိမ်းထားတဲ့ ကတ်ကို ထုတ်ပြလိုက်တယ်။
“အဲ့ဒါကို ဝေးဝေးမှာထားလိုက်စမ်း” သူထုတ်ပြလိုက်တာနဲ့ Othello တစ်ယောက်အလန့်တကြားထအော်လိုက်တယ်။ ဒီကတ်က ဘာများအရေးပါလို့လဲ။ Fletcher ကတ်ကို အိတ်ထဲ ပြန်ထည့်လိုက်သည်။
တခြားသူတွေရှိတဲ့ စားပွဲကိုရွှေ့ပြီးထိုင်လိုက်ကြပြီး Fletcher က Othello ကို တခြားသူတွေနဲ့ မိတ်ဆက်ပေးသည်။
“Good Morning” Othello က အားလုံးကို ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်တော့ ကျန်လူတွေကလည်း ပြန်နှုတ်ဆက်ကြပေမယ့် အခြေနေက အနည်းငယ်တိတ်ဆိတ်နေခဲ့သည်။ ထိုအခိုက်အတန့်မှာပဲ Rory က လက်ရှိအနေအထားကို မကြိုက်သည့်ပုံဖြင့် စကားဝိုင်းကိုပြန်စလိုက်သည်။
“ငါမင်းကိုပြောပြမယ် အဲ့လိုမုတ်ဆိတ်မွှေးအရှည်ကြီးတွေ ငါအမြဲတမ်းလိုချင်ခဲ့တာ။ မင်းမှာဟိုးအရင်ထဲကရှိတာလား?” Rory က သူ့မေးစေ့ကို ပွတ်သပ်နေရင်းမေးတော့
“မွေးကထဲက ဒါတွေရှိတာလားဆိုရင်တော့ မဟုတ်ဘူး။ ငါတို့ရဲ့ ဒီဆံပင်တွေ အမွှေးတွေကို ဖြတ်ပစ် ရိတ်ပစ်လိုက်တာက ဖန်ဆင်းရှင်ကို စော်ကားရာရောက်တယ်လို့ ငါတို့ Drawf မျိုးနွယ်တွေက မှတ်ယူ ယုံကြည်ထားကြတယ်။ ငါတို့က ဖန်ဆင်းရှင်အလိုအတိုင်းလက်ခံပြီး နေနေရုံပါပဲ။ သူက ဆံပင် ဖန်ဆင်းပေးရင် ငါတို့က ထိန်းသိမ်းရမယ် ဒီသဘောပါပဲ”
“အဲ့လိုဆိုရင်ဖြင့် မင်းတို့ရဲ့ လက်သည်းခြေသည်းတွေကြတော့ရော အရှည်တိုင်းမထားသင့်ဘူးလား? မင်းပြောတာနားထောင်ရတာ ငါ့အတွက်တော့ အရူးထနေကြသလိုပဲ မြင်တယ်” Atlas က Othello ရဲ့ သပ်ရပ်နေအောင် လှီးဖြတ်ထားတဲ့ လက်သည်းတွေကို ညွှန်ပြရင်း ဗြောင်ပဲ ပွင့်ပွင့်လင်းလင်း ပြောချလိုက်တယ်။
“Atlas!” Genevieve က လှမ်းဆူလိုက်တယ်။
“ရပါတယ် သူ့မေးခွန်းကလည်း မျှတပါတယ်။ ငါတို့က လက်သည်းမှာရှိတဲ့ အဖြူရောင်အပိုင်းကို လူခန္ဓာကိုယ်ရဲ့ သေပြီးသား အစိတ်အပိုင်းလို့ သတ်မှတ်တယ်။ ဒီခေတ်မှာတော့ ဒီအလေ့အကျင့်က ဘာသာရေးလို့ပြောရမှာထက် မျိုးနွယ်ရဲ့ အစဉ်အလာလို့ပဲ မှတ်ယူကြတာများပါတယ်။ လူပုလေးတွေ တော်တော်များများက ခုဆို သူတို့မုတ်ဆိတ်မွေးတွေ ဆံပင်တွေကို ညှပ်ပစ်လာကြတယ်။ တစ်ချို့လူငယ်တွေဆို ဆေးရောင်တွေပါဆိုးကြသေးတယ်။ Corcillum မြို့မှာနေတဲ့ သူတွေအတွက်တော့ ဒါမျိုးတွေက မဆန်းတော့ပါဘူး။ မင်းကရော ဘယ်အရပ်ကလာတာများလည်း?” Othello က တိုင်းထွာလိုသည့်လေသံဖြင့် မေးလိုက်သည်။
“ငါက အနောက်ဘက်အရပ်က Vesanian ပင်လယ်နားမှာရှိတဲ့ ရွာကလာတာ” Atlas ကလည်း ပြန်ခနဲ့သည့် အနေဖြင့် “မင်းကရော Corcillum ဇာတိဖွားလား?’
Othello က စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပြောလက်စကိုတန့်လိုက်တယ်။ ထိုအခါ Seraph က သူ့အစား ဝင်ဖြေပေးလေသည်။
“Dwarf လူပုမျိုးနွယ်တွေဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်မှ မရောက်ခင် ဒီမြေကို ပထမဆုံးရောက်ခဲ့တဲ့ မျိုးနွယ်တွေပေါ့။ သူတို့တွေက ဒီမြေမှာရှိတဲ့ တောတွေကို ရှင်းတယ်။ တောင်တွေကနေ မြေပြန့်ဖြစ်လာစေခဲ့တယ်။ မြစ်ချောင်းတွေကို စီးဆင်းစေခဲ့တယ်။ လမ်းကြောင်းတွေ ဖော်ခဲ့ကြတယ်။ Hominum ရဲ့ နယ်နမိတ်ကို ထင်ဟပ်စေတဲ့ အထိမ်းအမှတ်ကျောက်တုံးတွေ ကျောက်တိုင်တွေကိုလည်း ထွင်းထုခဲ့ကြသေးတယ်”
Othello က သူ့မျိုးနွယ်သမိုင်းကြောင်းကို အရပ်သားလူငယ်တစ်ဦးဆီက ကြားလိုက်ရသဖြင့် အထင်ကြီးကာ အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ခန့် အလွန်မှာ လူသားမျိုးနွယ်တွေဟာ မိုင်ပေါင်းရာချီတဲ့ Akhad ကန္တာရလွင်ပြင်ကို ဖြတ်ပြီး ဒီကို ရွေ့ပြောင်းလာခဲ့ကြတယ်။” Seraph လည်း လူတွေရဲ့ အာရုံစိုက်နားထောင်နေတာကို ကြည့်ပြီး အားတက်ကာ စကားစကို ဆက်လိုက်တယ်။
“Corcillum က အရင်က Dwarf လူပုတွေရဲ့မြို့တော်ပေါ့။ နောက်တော့ ငါတို့ လူသားမျိုးနွယ်တွေ ပြောင်းရွှေ့လာကြပြီး သူတို့နဲ့အတူတကွ အလုပ်လုပ်ကြရင်း ကုန်စလှယ်တွေ လဲလှယ်ကြရင်း နေထိုင်ခဲ့ကြတယ်။ တစ်နေ့မှာ ကြောက်စရာကောင်းတဲ့ အနာရောဂါကပ်ဘေးတစ်ခုဆိုက်ရောက်ခဲ့တယ်။ အထူးသဖြင့် လူပုမျိုးနွယ်တွေဆီမှာ အဖြစ်များခဲ့တယ်။ မကြာခင်မှာပဲ လူသားမျိုးနွယ်တွေရဲ့ ပထမဆုံးဘုရင်က မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ အကူအညီနဲ့ အာဏာသိမ်းယူလိုက်တာပေါ့။ တော်ဝင်မျိုးနွယ်ဆိုတာကို အလွန်တရာစွမ်းအားကြီးတဲ့ နတ်ဆိုးကောင်တွေကို ဆင့်ခေါ်နိုင်စွမ်းရှိကြတဲ့ လူနည်းစုနဲ့ ဖွဲ့စည်းထားတယ်။ အဲ့ခေတ်က ဆင့်ခေါ်သူတွေက ဒီဘက်ခေတ် ဆင့်ခေါ်သူတွေထက် နတ်ဆိုးထိန်းချုပ်မှုမှာ အဆပေါင်းများစွာ ပိုသန်မာ ပိုအားကောင်းကြတယ်။ အဲ့ဒါကြောင့် တော်ဝင်မျိုးနွယ်တွေတိုင်းက ဘိုးဘေးအဆက်ဆက် စွမ်းအားအမွေ လက်ဆင့်ကမ်းခဲ့ကြပြီး ဆင့်ခေါ်နိုင်စွမ်းရှိကြတာေပါ့”
“အဲ့ဒါကြောင့်လည်း ငါတို့တွေကြားမှာ ပုန်ကန်မှုတွေ ခဏခဏ ဖြစ်ခဲ့ကြတာပေါ့” Othello က တည်ငြိမ်စွာပဲ ဝင်ပြောတယ်။ “ငါတို့ရဲ့ လူဦးရေနည်းပါးလာတာရယ် မျိုးနွယ်ထဲမှာ ဆင့်ခေါ်နိုင်တဲ့သူမရှိခဲ့တာရယ်ကြောင့် ဒီလုပ်ရပ်က မိုက်ရူးရဲဆန်တယ်လို့လည်း ပြောလို့ရတယ်။ ဒီကပ်ဆိုးကြီးပြီးသွားပေမယ့်လည်း ဘိုးဘေးတွေလက်ထက်ထဲက ဘုရင်တွေရဲ့ အတင်းအကျပ် ချမှတ်ထားတဲ့ အမိန့်တွေကြောင့် ငါတို့ရဲ့ လူဦးရေကျဆင်းမှုကို မရပ်တန့်နိုင်ခဲ့ကြဘူး။ ငါတို့တွေဟာ သတ်မှတ်နယ်မြေမှာပဲ နေခဲ့ကြရပြီး နှစ်စဉ် ကလေးမွေးဖွားမှုနှုန်းကိုပါ ကန့်သတ်ခံခဲ့ရတယ်။ ဘုရင့်နန်းတော်က ပုန်ကန်မှုတွေ များလာတာကြောင့်ပဲ ငါတို့ကိုယ်တိုင် ဒီအကျိုးဆက်ကို သယ်ဆောင်လာတာလို့ ပြောတယ်”
စိတ်ပျက်စရာကောင်းတဲ့ ဒီခံစားချက်က အခန်းထဲက တခြားသူတွေဆီပါ ပြန့်နှံ့သွားခဲ့တယ်။ ဒါပေမယ့် Fletcher စိတ်ထဲတော့ Didric ရဲ့ သူ့အပေါ်ကို မမျှမတဆက်ဆံခဲ့တာတွေကို ပြန်တွေးရင်း ဒေါသက ဆထက်ပိုးတိုးခဲ့ရတယ်။ ဒါတွေက လူမဆန်တဲ့ လုပ်ရပ်တွေပဲ။ နာမကျန်းဖြစ်နေတဲ့ အချိန်အခါမှာမှ အခွင့်ကောင်းယူခဲ့ကြတာ။ ဒါ့တွေက Athol ပြောခဲ့တဲ့ ဟာတွေအတိုင်းပဲပေါ့။ Atlas က Othello ပြောတာတွေကို သဘောမတူသည့်ဟန်ဖြင့် စကားစရန်ဟန်ပြင်လိုက်သည်။
“အဲ့တော့ Seraph ရေ မင်းရဲ့ သုတေသန ရှာဖွေမှုတွေက ပြီးသွားပြီလို့ ပြောခဲ့တယ်မလား။ ဒီလိုဆို နောက် လာမယ့်လအနည်းငယ်အတွင်း ဘာတွေဖြစ်လာနိုင်မလဲ ငါတို့ကို အနည်းအကျဉ်းပြောပြပါလား?” Fletcher က Atlas အငြင်းအခုံမလုပ်နိုင်ခင်မှာပဲ စကားစကို ကြားဖြတ်လိုက်တယ်။
Seraph က သူလေ့လာထားတာတွေကို လူတွေအားလုံးရှေ့မှာ ချပြခွင့်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်မခံပဲ ရှေ့တိုးလာခဲ့သည်။
“ဒီကျောင်းရဲ့ ဆက်ဆံပုံက အရမ်းကို မျှတပါတယ်။ မင်းရဲ့လုပ်ဆောင်မှုတွေအပေါ်မူတည်ပြီး ကော်မရှင်ပေးတယ်။ ဆိုတော့ စာမေးပွဲနဲ့ စိန်ခေါ်မှုတွေတိုင်းမှာ မင်းလုပ်ဆောင်ချက်ကောင်းကောင်းချပြနိုင်ရင် ဘွဲ့ရတဲ့အခါ မင်းရာထူးမြင့်မြင့်ရမယ် ဒါမျိုးပေါ့။ ငါတို့လို သာမန်အရပ်သားတွေအတွက် အနေအထားကွာဟမှုဆိုတဲ့ ပြသနာတစ်ခုတော့ ရှိတယ်။ တော်ဝင်မျိုးက သားသမီးတွေက သူတို့မိဘတွေ ဖမ်းလာတဲ့ နတ်ဆိုးတွေသယ်လာကြမှာဆိုတော့ ငါတို့ကိုပေးထားတဲ့ နတ်ဆိုးတွေက သူတို့နဲ့ယှဉ်ရင် သိပ်ပြီး စွမ်းအားမမြင့်ကြဘူး။ တစ်ချို့တွေဆို စွမ်းအားမြင့်နတ်ဆိုးတွေ ကိုယ်တိုင်ဖမ်းနိုင်တဲ့ အရည်အချင်းရှိကြတယ်။ ရှားတော့ရှားတာပါ့ကွာ။ Fletcher ရဲ့ နတ်ဆိုးကောင်အကြောင်းကိုတော့ ငါသိပ်မသိဘူး။ သူ့အကောင်မျိုးကို ငါမမြင်ဖူးဘူး။ ဒါပေမယ့် Othello ရဲ့ နတ်ဆိုးကောင်ကတော့ အရွယ်ရောက်လာတဲ့အမျှ အရမ်းအားကြီးလာမယ့် နတ်ဆိုးမျိုးဆိုတာတော့ Golems တွေဆီက ငါသိခဲ့ရတယ်။
“အဲ့ဒါဆို ငါတို့တွေက ဒီလို အကောင်ငယ်တွေပဲ အမြဲရနေတော့မှာလား?” Genevieve က စိတ်ရှုပ်ထွေးစွာ မေးသည်။
“သေချာပေါက် အဲ့လိုမျိုးတော့ မဟုတ်ဘူး။ ဒီ့ထက်ပိုအားကောင်းတဲ့ နတ်ဆိုးကောင်တွေကို ဖမ်းလို့ရလာနိုင်သေးတယ် ပြီးရင်နင့်ရဲ့ စာရင်းထဲမှာ ထည့်မှတ်ထားရမှာပေါ့။ အဲ့ဒါဘယ်လိုလုပ်ရတယ် ဆိုတာကိုတော့ ငါသိပ်ပြီးမသိဘူး။ ဒါပေမယ့် နင့်မှာရှိတဲ့ အားနည်းတဲ့ နတ်ဆိုးကောင်တစ်ကောင်ထဲနဲ့ သွားဖမ်းဖို့ဆိုရင်တော့ အန္တရာယ်လည်းများတယ် ပိုလည်းခက်လိမ့်မယ်။ အဲ့ဒါကြောင့်ငါက Miteအမျိုးအစားရလာမှာထက် တခြားနတ်ဆိုးကောင်မျိုးရလာပါစေလို့ မျှော်လင့်တာ။ Mites တွေက ကင်းထောက်လုပ်တဲ့နေရာမှာတော့ အသုံးအရမ်းဝင်တယ်။ သူတို့ကိုအသိုက်နေရာတွေကို စေလွှတ်ပြီး ဖမ်းခိုင်းလို့ရပေမယ့် သူတို့မှာရှိတဲ့ Mana level (မှော်စွမ်းအား အဆင့်) တွေက နိမ့်လွန်းတော့ Canid အငယ်စားအကောင်မျိုးနဲ့ ဆိုရင်တောင် ရှုံးမှာပဲ”
“အိုကေ ငါသဘောပေါက်ပါပြီ” Genevieve လည်း သူ့ရဲ့ Azura ကိုကြည့်ပြီး ဂုဏ်မယူနိုင်ဖြစ်နေရင်းကနေ အခန်းပတ်လည်ကို လှည့်ကြည့်လိုက်တော့ အခန်းအလည်မှာရှိတဲ့ ကြီးမားတဲ့ ရူပ်ထုကြီးတစ်ခုဆီကို စိတ်ဝင်တစားစိုက်ကြည့်နေကြတာကို တွေ့လိုက်ရသည်။
“အဲ့ဒါကဘယ်သူများလည်း?” Fletcher က စားပွဲမှာထိုင်နေရင်းကနေ မေးလိုက်သည်။
“ငါအဲ့အကြောင်း သိတယ်” Othello က ရုပ်ထုအောက်ခြေက ကျောက်ပြားချပ်ကို ညွှန်ပြရင်းပြောသည်။ “အဲ့ဒါ lgnatius ပေါ့။ သူက ဘုရင့်ညာလက်ရုံးတော် ဆိုလည်းဟုတ်တယ် ဒီနေရာမှာ တဲသာသာအခြေအနေပဲရှိခဲ့ရာကနေ Vocans ကျောင်းဖြစ်လာအောင် တည်ထောင်ခဲ့တဲ့သူကလည်း သူပဲပေါ့။ သူက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းမှားစွာတုန်းက (First Orc War) ပထမအကြိမ် Orc စစ်ပွဲမှာ ကျရှုံးသွားခဲ့တာ။ ဒါပေမယ့် သူက Orc တွေကို ပထမဆုံးချိုးဖျက်နိုင်ခဲ့ပြီး တိုက်ခိုက်အနိုင်ယူနိုင်ခဲ့တဲ့ ဦးဆောင်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။
“ဒါပဲပေါ့” Fletcher က အသက်ရှူသံတွေ မရပ်တန့်အောင်ဖြစ်ရပြီး သူ့နတ်ဆိုးကောင်လေးကို ကြည့်ကာပြောလိုက်သည်။ နတ်ဆိုးကောင်လေးက သူ့လက်မောင်းကနေဆင်းလာပြီး ပန်းကန်ထဲက လက်ကျန်စွပ်ပြုပ်တွေကို လျှပ်နေခဲ့တယ်။
“မင်းဘာပြောလိုက်တာလဲ?” Rory ကမေးသည်။
“Lgnatius ပဲ ငါ့နတ်ဆိုးကောင်လေးကို ဒီနာမည်ပဲခေါ်တော့မယ်”
~~~~~