book

Index 1

အပိုင်း ၁။

  • Author : Chan Chan
  • Genres : Adventure
  • Original Author : Taran Matharu

အချိန်မှီ လက်စသတ်မှဖြစ်မယ်။

Fletcher သာ ဒီအကောင်ကိုမသတ်နိုင်ခဲ့ရင် သူတော့ညစာငတ်ပြီပဲ။ ညနေလဲစောင်းပြီ၊ အချိန်ကလဲ တော်တော့်ကိုနောက်ကျနေပြီ။ သူသာ ရွာတံခါးမပိတ်ခင် ပြန်မရောက်ခဲ့ရင် သူ့မှာ မရှိရှိတဲ့ပိုက်ဆံနဲ့ ဂိတ်စောင့်တွေကို လာဘ်ထိုးပြီး ဝင်ရမယ် ဒါမှမဟုတ်ရင်တော့ တောထဲမှာပဲ တစ်ညလုံးနေရ‌‌တော့မှာ။


ထင်ရှူးပင်‌အောက်က သူ့ရဲ့ ကျော့ကွင်းမှာမိနေတဲ့ ဆတ်ကောင်က သူ့ရဲ့ချွန်ထက်တဲ့ ဦးချိုတွေနဲ့ ကျော့ကွင်းကိုကုတ်ခြစ်နေခဲ့တယ်။ အလုံးအထည်ကို ကြည့်ရုံနဲ့ ဆတ်‌ပျိုပေါက်အရွယ်မှန်း  Fletcher သိလိုက်တယ်။ တောက်ပတဲ့အမွှေးတွေနဲ့ အသိဉာဏ်ရှိတဲ့ မျက်လုံးတွေရှိတဲ့ ရှားပါးမျိုးစိတ်တစ်မျိုးပေါ့။


Fletcher က ဒီလို ရှားပါးမျိုးစိတ်ကိုမှ ဖမ်းမိခဲ့တဲ့အတွက် ရှက်ရွံ့သလိုဖြစ်မိပေမယ့်လဲ ဆတ်ပေါက်အတွက်က ဈေးတင်ပြီးဖြစ်‌သည်။ အခုလိုဆောင်းရာသီမျိုးမှာဆိုရင် သားမွှေးကုန်သည်တွေကိုသာ ရောင်းလိုက်ရင်အနည်းဆုံး ၅ သျှီလင် ကတော့ အသေအချာပဲ။ ကျိုင်းကောင်တွေက ပုံစံမပျက်ပဲ အရွယ်အစား အနည်းငယ်သေးတယ်ဆိုရင်တောင် ကံကောင်းရင် ၄သျှီလင်တော့ရတတ်တယ်။ 


မြူတွေထူထဲစွာကျနေခဲ့ပြီး နှင်းမှုန်တွေလဲ Fletcher ကိုယ်ပေါ်ကျနေခဲ့တယ်။ ဒီတောအုပ်က ပုံမှန်နဲ့မတူ၊ အရင်ဆို တောအုပ်တစ်လျှောက် အကိုင်းအခက်တွေကြား သူဖြတ်သန်းသွားလာနေကြပေမယ့် ယခုမှာတော့ နှင်းများထူထပ်ခါ အေးလွန်း၍ အသက်ရှူရန်ပင် ခဲယဉ်းနေခဲ့သည်။ 


မြှားကိုချိန်ရွယ်ပြီး ပစ်လိုက်တယ်…


ဈေးထဲမှာ‌ဝယ်ခဲ့တဲ့ အပေါစား ကြက်ဆင်မွှေးတွေနဲ့မတူ ဖြောင့်စင်းရိုးရှင်းပြီး အကောင်းစားငန်းမွေးနဲ့လုပ်ထားသည့် သူ့အကြိုက်ဆုံးမြှားတစ်စင်းဖြစ်သည်။ ရေစိုမပြန်အောင် ငန်းဆီသေချာသုတ်ပေးထားသဖြင့် ကိုင်ရတာအနည်းငယ်ချောနေခဲ့တယ်။ ပစ်မှတ်ကို‌ သေချာချိန်နိုင်ဖို့ ရေတိမ်ပိုင်းက‌နေကူးသွားပြီ ပေ ၁၀၀ အကွာခန့်က မြက်ခင်းထဲမှာ နေရာယူကာ ဆတ်ကောင်ကို ချိန်ရွယ်ထားလိုက်သည်။ ဒီအကွာအဝေးကဆို ချိန်ပစ်ရန်ခဲယဉ်းပေမယ့် လေတိုက်နှုန်းကျဆင်းနေခြင်းက သူ့အတွက်အခွင့်အရေးတစ်ခုပင်။ ဗိုက်ထဲဆာလောင်နေပြီး ခန္တာကိုယ်တစ်ခုလုံး အေးခဲနေပေမယ့် စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ထားကာ အသက်ဝအောင်ရှူသွင်းပြီး မြှားတံကိုပစ်လွှတ်လိုက်တယ်။ သူ့ရဲ့ သေသပ်တဲ့ပစ်ချက်‌ကြောင့် မြှားတံက ကျိုင်းကောင်ရဲ့ နှလုံးနဲ့အဆုတ်ဆီကို ဖောက်ထွက်သွားခဲ့တယ်။ သားရဲကောင်ဟာ လူးလွန့်နေခဲ့ပြီး ခွာရာများ မြေကြီးထဲနှစ်ဝင်ကာ အဆုံးမှာတော့ ငြိမ်သက်သွားခဲ့တယ်။ Fletcher က ပါလာတဲ့ ဓားကိုချက်ချင်းထုတ်ကာ သားရဲကောင်ရဲ့ လည်ကို သေချာအောင် လှီးချလိုက်တယ်။ သို့ပေမယ့်လည်း ဓားမထုတ်ခင်ထဲကပင် သေဆုံးနေပြီဖြစ်သည်။


Berdon သာရှိနေရင် 'အင်း သေသပ်တဲ့ သတ်ဖြတ်မှုပဲ' လို့ပြောမှာအမှန်ပဲ။ သို့‌ပေမယ့် ဆတ်ကောင်ဆီကထွက်ကျလာတဲ့‌ သွေးတွေက နေရာတစ်ခုလုံးကို ပြန့်ကျက်သွားခဲ့တယ်။ မြှားကို ဂရုတစိုက်ဖယ်ထုတ်လိုက်ပြီး ကျိုးထွက်မသွားသည့်အတွက် သူ့ရဲ့မြှားတံကိုကြည့်ကာ ကျေနပ်သွားတယ်။ နာမည်ကသာ Fletcher ဖြစ်နေသော်လဲ (Fletcher "a person who can make arrows) မြှားတံချည်နေရတဲ့ အလုပ်ကို သူစိတ်မဝင်စားခဲ့ဘူး။ သူက Berdon နဲ့အတူပန်းပဲဖိုမှာ သံထည်တွေလုပ်ရတာကို ပိုစိတ်ဝင်စားတယ်။ ပန်းပဲဖိုမှာ တစ်နေ့တာ အပူဒဏ်ခံ အပင်ပန်းခံပြီးရလာတဲ့ နာကျင်တဲ့ ခံစားမှုကြောင့်ပဲလား ဒါမှမဟုတ် အိတ်ဖောင်းအောင်ရမယ့် လုပ်အားခကြောင့်ပဲလားတော့ သူကိုယ်တိုင်တောင်မသေချာခဲ့။


ဆတ်ပေါက်ကလေးပေမယ့် ရွာနဲ့သိပ်မဝေးတော့တာမို့ သယ်လာခဲ့လိုက်တယ်။ စိုစွတ်နေတဲ့ မြေပြင်က ချောနေခဲ့ပြီး အလွယ်တကူခြေချော်ကျသွားနိုင်တဲ့ အနေအထားမှာရှိတယ်။ ဒါပေမယ့် သူစိတ်ပူ‌တာက ဒီတောအုပ်ထဲက ဝံပုလွေတွေနဲ့ တောကြောင်တွေပဲ။ သူတို့တွေက မုဆိုးတွေရဲ့ အိမ်အပြန်လမ်းမှာ သားရဲကိုလုယူဖို့ ချောင်းမြောင်းနေတတ်တယ်။


Fletcher က ရွာကနေ လှမ်းကြည့်လိုက်ပါက ခွေးနှစ်‌ကောင် အစွယ်ချင်းယှက်နေသလို မြင်ရတဲ့ နာမည်ကြီး Beartooth အမွှာတောင်တန်းတွေဘက်မှာ အမဲလိုက်နေခဲ့တာဖြစ်သည်။ Pelt ရွာလေးက ဒီတောင်တန်းတွေရဲ့ ကျောက်ဆောင်တွေကြားက ကုန်းမြင့်ပေါ်မှာ တည်ရှိနေပြီး ထူထပ်တဲ့သစ်တောတွေနဲ့  ဝန်းရံထားတဲ့ရွာလေးဖြစ်သည်။ Fletcher ကြီးပြင်းလာတဲ့ ၁၅နှစ်တာ ကာလတစ်လျှောက် ရွာမြောက်ဘက် အစွန်းဆီသို့ သူခိုးများ တစ်ကြိမ် ဝင်ရောက်ခြင်းမှအပ ရွာကို ပြင်ပကနေ ဝင်ရောက်တိုက်ခိုက်ခြင်း၊ Orc တွေဝင်ရောက်စီးနင်းခြင်းမျိုး မရှိခဲ့ဖူးသော်ငြား ရွာလုံခြုံရေးကောင်စီက ရွာလုံခြုံရေးကို တင်းတင်းကျပ်ကျပ်ထားရှိခဲ့ပြီး နဝမကြိမ်မြောက် အချက်ပေးခေါင်းလောင်းသံထက် နောက်ကျပြီး ရွာထဲဝင်ခွင့်မပေးခဲ့ဘူး။ 


Fletcher က ဆတ်ပေါက်ရဲ့ တန်ဖိုးအရှိဆုံး အပေါ်ယံသားရေကို မပျက်ဆီးစေချင်တာကြောင့် ကျောက်‌ဆောင်တွေကို ရှောင်တိမ်းပြီး မြက်ခင်းပေါ်ကနေ သယ်ဆောင်လာခဲ့တယ်။ မွေးမြူရေးနဲ့ ကုန်သွယ်ရေးက Pelt ရွာရဲ့ အရင်းအမြစ်တစ်ခုလဲဖြစ်တယ်။ လမ်းခရီးက လေးလံကြံ့ကြာနေခဲ့တယ်၊ ‌မိုးချုပ်သထက်ချုပ်လာပြီး ရွာ‌ရဲ့ နောက်ဆုံးခေါင်းလောင်းအချက်ပေးသံကို မကြာခင်ကြားရတော့မည်။ လျှောက်လာရင်းနဲ့ ကျောက်ဆောင်နဲ့တိုက်မိကာ မှောက်ရက်ကျသွားသဖြင့် အံကိုကျိတ်ကာ ကျိန်ဆဲမိလိုက်တယ်။ ရွာထိပ်ဂိတ်ပေါက်ကိုရောက်တဲ့အခါမှာတော့ သူလဲတော်တော်ကိုမောပန်းနေပြီဖြစ်တယ်။ သူရောက်သွားတော့ ညမီးတွေလင်းနေခဲ့ပြီ ဂိတ်စောင့်ငပျင်းတွေက တဲထဲမှာစုဝေးပြီး သောက်စားကြဖို့အတွက် ဂိတ်ကို အစောထဲကပိတ်နေတာကို တွေ့လိုက်ရတယ်။ 


"ဟေ့ ငပျင်းတွေ၊ နောက်ဆုံးခေါင်းလောင်းတောင်မထိုးသေးဘူးလေ" Fletcher ကအော်ပြောရင်း ထမ်းထားတဲ့ကျိုင်းကောင်ကလဲ မြေပေါ်ကိုလျောကျသွားတယ်။ 


"ငါ့ကိုဝင်ခွင့်ပေးကြဦး၊ မင်းတို့လူစုပြီးအရက်သောက်ဖို့အတွက်နဲ့ ငါဒီအပြင်မှာ မအိပ်နိုင်ဘူး" သူက ဂိတ်တံခါးကို ဖိနပ်နဲ့ ကန်ကျောက်ရင်းပြောတယ်။ 


"ဟေ့ Fletcher မင်းအသံတိုးထားစမ်း၊ ဒီမှာ လူကြီးလူကောင်း‌တွေ အိပ်ကုန်ကြပြီ" 


အသံလာရာကိုကြည့်လိုက်တော့ Didric ရဲ့ ရွံစရာကောင်းတဲ့ မျက်နှာကြီး မြို့ရိုးပေါ်ကနေ ထွက်လာခဲ့တယ်။ ဂိတ်စောင့်တွေအားလုံးထဲမှာမှ အဆိုးဆုံး Didric Cavell က ဒီညမှ တာဝန်ကျရသလားဆိုပြီး Fletcher ကတော်တော်လေးစိတ်ပျက်သွားတယ်။ Didric က Fletcher နဲ့ သက်တူရွယ်တူပေမယ့် သူ့ကိုယ့်သူ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်လို့ ထင်နေတဲ့သူပေါ့။ Fletcherက အခွင့်ရတိုင်းအာဏာသုံးပြီး အနိုင်ကျင့်တတ်တဲ့ Didric ကို ကြည့်မရခဲ့ဘူး။

 

"မနက်ဖြန် ကုန်သည်တွေလာကြမှာမလို့ နေ့စောင့်တွေကို ငါစောစောပြန်လွှတ်တယ်၊ ဘယ်လိုအမှိုက်သရိုက်တွေ အပြင်ကနေခိုးဝင်လာမလဲဆိုတာ ငါတို့မသိနိုင်ဘူးလေ" Didric က သူပြောတာကိုသူ သဘောကျနေခဲ့တယ်။ 


"ငါ့ကိုဝင်ခွင့်ပေးပါ Didric၊ တံခါးက နောက်ဆုံးခေါင်းလောင်းထိုးတဲ့အထိ ဖွင့်ထားရမယ်ဆိုတာ မင်းသိပါတယ်နော်" Fletcher ကပြောလိုက်တယ်။ ထိုသို့ပြောနေချိန်မှာပဲ နဝမကြိမ်မြောက် ခေါင်းလောင်းသံမြည်လာခဲ့တယ်။ 


"အန် မင်းဘာပြောလိုက်တာလဲ! ငါဘာမှမကြားရဘူးနော် ဘာ .. အန်...?" Didric က သူ့လက်တွေကို နားနားမှာထားပြီး မကြားဟန်နဲ့ အော်ပြောတယ်။ 


"ငါ့ကိုဝင်ခွင့်ပေးလို့ မင်းကိုပြောနေတယ်လေ၊ ဒီအချိန်တံခါးကိုပိတ်ပစ်တာ တရားမဝင်ဘူး၊ မင်းမဖွင့်ပေးရင် ငါမင်းကိုတိုင်စာပို့ပစ်မယ်" Fletcher က ဒေါသတကြီးပြောလိုက်တယ်။ 


"ကောင်းပြီ မင်းလုပ်ချင်သလို လုပ်လို့ရတယ် ငါမင်းရဲ့လုပ်ပိုင်ခွင့်ကို ဘာမှမပြောလိုဘူး။ ဒါပေမယ့် မင်းတိုင်စာပို့ခဲ့ရင် မင်းရောငါရော နှစ်ယောက်လုံး အပြစ်ပေးခံရမှာ‌ပေါ့ အဲ့တော့ အကျိုးမရှိတဲ့လုပ်ရပ်တွေမလုပ်ပဲ ငါတို့ချင်း ဒီနေရာမှာပဲဖြေရှင်းကြရင် မကောင်းဘူးလား၊ ဒီလိုလုပ်ကွာ မင်းဖမ်းမိလာတဲ့ ဆတ်ပေါက်ကို ငါ့ကိုပေးမယ်ဆိုရင် မင်းဒီည‌တောထဲမှာ အိပ်စရာမလိုအောင် ငါကူညီပေးမယ်လေ ဘယ်လိုလဲ" 


"မင်းအ‌ပေါက်ပိတ်ထားလိုက်စမ်း ဟေ့ရောင်" ဒါသက်သက်ညစ်တာပဲ။ 


"Fletcher ရယ် မင်း အကျိုးသင့် အကြောင်းသင့် ခေါင်းသုံးပြီးစဉ်းစားစမ်းပါ ဝံပုလွေ‌တွေနဲ့ တောကြောင်တွေ အနံ့ခံပြီးရောက်လာတဲ့အခါကျရင် ဒီရာသီဥတုနဲ့ မီးပုံကြီးကြီးရှိနေရင်တောင်မှ မင်းသူတို့ရန်ကနေ ရှောင်လို့ရမှာမဟုတ်ဘူး။ မင်းတောင့်ခံနိုင်ခဲ့ရင်တောင်မှ မိုးလင်းရင် လက်ဗလာနဲ့ဂိတ်ထဲပြန်ရမယ့်အတူ ငါကမင်းကို စေတနာနဲ့ကူညီချင်တာပါ" Didric က အသံချိုသွေးပြီး ပြောလိုက်တယ်။ 


Fletcher မျက်နှာတစ်ခုလုံးဒေါသကြောင့် နီရဲလာခဲ့တယ်။ Pelt မြို့တော်မှာ နေထိုင်တဲ့သူတွေအတွက် မျှတမှုဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး။ လောကကြီးရဲ့ ပိုင်ဆိုင်ရခြင်း မပိုင်ဆိုင်ရခြင်းတွေကြားထဲမှာ သူ့အတွက် အစွန်းတစ်ဖက်တော့ ရှိနေဦးမယ်လို့ Fletcher က ယုံကြည်ထားခဲ့ပေမယ့် ခုတော့ ရွာရဲ့အချမ်းသာဆုံး မိသားစုက ပေါက်ဖွားလာတဲ့ အရိုင်းအစိုင်းကောင်က သူ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်နေခဲ့တယ်။ 


"ဪ ဟုတ်လား၊ မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေလား" 


"အင်း အခြေအနေတွေအရ အကျိုးခံစားခွင့်တွေအကုန်လုံးက ငါ့အတွက်ဖြစ်နေရုံပါပဲ" Didric က သူ့ရဲ့ ရွှေရောင်လွှမ်းတဲ့ ဆံပင်တွေကြားထဲကနေ လှမ်းကြည့်ရင်း ပြောလိုက်တယ်။


Didric က ပညာရေးမှာလည်း အကောင်းဆုံးသီးသန့်ဆရာ‌တွေနဲ့ အဆင့်မြင့်သင်ကြားနေပြီး မြို့ရဲ့ အတော်ဆုံးကျောင်းသားအဖြစ် ထင်ရှားသူဖြစ်သည်။ Didric ရဲ့အဖေက တစ်နေ့မှာ Didric က Hominum မြို့ကြီးတစ်‌နေရာက ဥပဒေလွှတ်တော်ရဲ့ တရားသူကြီးတစ်ဦးဖြစ်လာမယ်လို့ မျှော်လင့်ထားသူဖြစ်တယ်။


"မင်းသိလား ငါဖမ်းမိလာတဲ့ ဆတ်ကို မင်းကိုပေးမယ့်အစား ငါ့ဘာသာတောထဲမှာပဲအိပ်လိုက်မယ်" 


"Hah ဒါဆိုလဲ မင်းရဲ့ပွဲကိုကြည့်ဖို့ ငါ့မှာအချိန်တွေတစ်ညလုံးရှိတယ် ဟေ့ရောင်၊ ဝံပုလွေ‌တွေကို မင်းဘယ်လိုခုခံမလဲဆိုတာ ပျော်ပျော်ကြီးစောင့်ကြည့်နေပေးမယ် hah hah hah" 


Didric က သူ့ကို တည်ကျက်လုပ်နေမှန်းသူသိပေမယ့် Fletcher တစ်ယောက် သွေးဆူနေတာကို မရပ်တန့်နိုင်ခဲ့ဘူး။ ဒါပေမယ့်လဲ သူဒေါသကိုထိန်းပြီး စိတ်ထဲမှာပဲ မျိုသိပ်ထားလိုက်တယ်။ 


"ငါ့ရဲ့ဆတ်ကိုတော့ မင်းကိုမပေးနိုင်ဘူး၊ ဒီကောင့်ကိုရောင်းရင် သားရေချည်းပဲကို ၅သျှီလင်လောက်ရှိတယ် အသားတွေက ၃သျှီလင်လောက်တန်တယ်။ မင်းသာငါ့ကိုအထဲဝင်ခိုင်းရင် ခုဖြစ်‌နေတာတွေ အားလုံးနဲ့ မင်းကိုတိုင်မယ့်ကိစ္စကို ငါမေ့လိုက်လို့ရတယ်" Fletcher က သူ့မာနတွေကိုချိုးနှိမ်ပြီးပြောလိုက်တယ်။


"ငါလက်ဗလာနဲ့ ဘာမှမရပဲ‌နဲ့တော့ ထွက်မသွားနိုင်ဘူးလေ ဟုတ်တယ်ဟုတ်! ဒါပေမယ့်လဲလေ ငါခုစိတ်ကောင်းဝင်နေတယ်ဆိုတော့ မင်းရဲ့ ဆတ်ချိုကို ငါ့ကိုပေးမယ်ဆိုရင် ဒီညဒီကိစ္စပြတ်ပြီလို့ သဘောထားပေးမယ် မင်းလဲအဆင်ပြေ ငါလဲအဆင်ပြေသွားတာပေါ့ ဘယ်လိုလဲ သဘောတူလား"


Fletcher က ခဏအချိန်ယူစဉ်းစားပြီးဆုံးဖြတ်လိုက်တယ်။ ၄သျှီလင်က သူ့အတွက် တစ်ညစာတန်ဖိုးရှိပေမယ့် Didric အတွက်ကတော့ မုန့်ဖိုးသာသာပဲရှိသည်။ သူစိတ်ပျက်စွာနဲ့ပဲ မလုပ်ချင်လုပ်ချင်နဲ့ ဓားပါးကိုထုတ်ပြီး ဆတ်ချိုကိုဖြတ်ချလိုက်တယ်။ သားကောင်ကို အပုပ်မခံချင်သော်လဲ ရွေးချယ်စရာမရှိသဖြင့် ခေါင်းကိုဖြတ်လိုက်ရတယ်။ ဓားကလဲ ချိုကိုဖြတ်ချရလောက်အောင် ထက်မနေခဲ့။ တစ်မိနစ်လောက်ကြာတော့ ဖြတ်လို့ရသွားပြီး ‌ဆတ်သွေးတွေက သူ့လက်တွေကနေ စီးကျလာတယ်။ သူက Didric မြင်သာအောင် ‌ဆတ်ခေါင်းကို မြှောက်ပြလိုက်တယ်။ 


"ကဲ Didric, မင်းလာယူလို့ရပြီ" Fletcher ကနှမျောစွာနဲ့ ကြည့်ရင်းပြောလိုက်တယ်။


"ငါမင်းကိုမယုံဘူး‌ ဟေ့ရောင် အဲ့ဒါဒီကို ပစ်တင်ပေးလိုက်" 


"ဘာ….?!" 


"မင်းကိုယ်ပေါ်ကသွေးညှီနံ့တွေ ငါ့ဝတ်စုံမှာစွဲနေလိမ့်မယ်၊ မင်းအဲ့ဟာကို ဒီကိုပစ်တင်လိုက်၊ မဟုတ်ရင် ငါတို့သဘောတူထားတာ ပျက်ပြီပဲ!" Didric က ခြိမ်းခြောက်လိုက်တယ်။ 


Fletcher က ညည်းတွားပြီး ပစ်တင်လိုက်တယ်။ သွေးတွေကသူ့ကိုယ်ပေါ်ကို စီးကျလာပြီး ဆတ်ခေါင်းက Didric ပေါ်ကနေဖြတ်ကာ မြို့ရိုးပေါ်ရောက်သွားတယ်၊ Didric က တော့လှမ်းတောင်မယူခဲ့ဘူး။ 


"မင်းနဲ့အလုပ်လုပ်ရတာ‌ ကောင်းသားပဲ၊ ကဲ မနက်မှတွေ့မယ် Fletcher‌ ရေ၊ ဒီည တောထဲမှာစခန်းချတာ ပျော်ပါစေ" 


"ဟာ ဟေ့ရောင့် နေဦးလေ၊ ငါတို့ရဲ့သဘောတူညီချက်ကရော" Fletcher အော်ပြောလိုက်တယ်။ 


"ငါမင်းကိုညှိပေးခဲ့ပြီးပြီလေ Fletcher မင်းရောငါရောအဆင်ပြေဖို့ ဒီညဒီကိစ္စကိုဖြတ်ပေးမယ်လို့ပြောခဲ့တယ်လေ၊ မင်းပဲစောစောကပြောတော့ မင်းဖမ်းလာတဲ့ ဆတ်ကောင်ကိုပေးမယ့်အစား အပြင်မှာပဲ အိပ်မယ်ဆို၊ ခုတော့ မင်းရောငါရောလိုချင်တာ ရသွားပြီမဟုတ်လား။ မင်းကလေ နှုတ်ကတိစကားတွေကို အမြဲဂရုစိုက်သင့်တယ်။ တရားသူကြီးတစ်ယောက်ဖြစ်ဖို့ဆို ဒါတွေက ပထဆုံးသင်ယူရတာတွေပဲ အဟက်" Didric ကပြောပြီး မြို့ရိုးပေါ်ကနေ ထွက်သွားဖို့ပြင်တယ်။ 


"ဒါငါတို့သဘောတူထားတာမဟုတ်ဘူး ငါ့ကိုတံခါးဖွင့်ပေးစမ်း အယုတ်တမာကောင်" Fletcher က တံခါးကိုအော်ဟစ် ရိုက်ထုပြီးပြောပြန်တယ်။ 


"Ah ah ငါကမင်းလိုမဟုတ်ဘူး ငါ့အိမ်ကအိပ်ယာလေးက ငါ့ကိုစောင့်နေပြီ hahahaha " Didric က အော်ရယ်ပြီး လှည့်ထွက်သွားတယ်။ 


"မင်းကဒီည ညစောင့်လေ မင်းအိမ်ပြန်လို့မရဘူး ဟေ့ရောင်" 

အကယ်၍ Didric သာ ညမစောင့်ပဲ အိမ်ပြန်ခဲ့ရင် သူတိုင်စာပို့ပြီး လက်စားချေပစ်မယ်။ Fletcher က သူ့ကိုယ်သူ ကပ်သပ်တတ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပေမယ့် Didric အတွက်က ချွင်းချက်ဖြစ်သည်။ 


"Oh ဒီညက ငါ့အလှည့်မဟုတ်ဘူးလေ" Didric က တစ်လှမ်းချင်းဆင်းရင်း ပြောလိုက်တယ် "El ငါ့အလှည့်လို့လဲ မပြောမိပါဘူး။ Jakov အပြင်သွားနေတုန်း ငါစောင့်ကြည့်ပေးမယ်လို့ ပြောထားတာ ခုလောက်ဆို သူပြန်လာတော့မယ်ထင်တယ်" 


Fletcher က Didric ရဲ့ လှည့်စားမှုကို မခံမရပ်နိုင်ဖြစ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။ သူ့ခြေထောက်နားက ခေါင်းပြတ်နေတဲ့ ‌အသေကောင်ကိုကြည့်ရင်း ဒေါသတွေ တလိပ်လိပ်တက်လာခဲ့တယ်။ ဒီအချိန်မှာပဲ သူတွေးနေမိတယ် 'ဒါက အရာအားလုံး အဆုံးသတ်သွားတာမဟုတ်ဘူး အဆုံးမဟုတ်သေးဘူး" 


~~~~~


rate now:

5 Reviews
  • reader ZarZar 29.01.2021, 09:53 5

    အရမ်းကောင်းပါတယ်

    reply

  • reader CHEL CHEL 20.01.2021, 07:55 5

    Good books and author.. keeping going..

    reply

  • reader Nami Athene 17.01.2021, 11:51 5

    👍🏻

    author Chan Chan 18.01.2021, 04:24

    :)

  • reader JitToo 15.01.2021, 17:48 5

    ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ် 👍👍👍

    author Chan Chan 18.01.2021, 04:26

    ကျေးဇူးတင်ပါတယ်ရှင့် 🌻

  • reader Tyfone 05.01.2021, 05:40 5

    wow!!! စာအုပ်က ကောင်းမယ့်ပုံပဲ။ ရေးထားတာ ဖတ်လို့ ကောင်းပါတယ်။ နောက် chapter တွေစောင့်နေပါတယ်။

    author Chan Chan 18.01.2021, 04:27

    ကျေးဇူးပါရှင့် 🌻