book

Index 6

ပညာရှင်ပုဂ္ဂိုလ်များမှ သံသယများကိုဖြေရှင်းပေးခြင်း

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-bridge

၁။ တောရိုင်းတိရစ္ဆာန်များကိုမစားမိလျှင် ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘဲ စိတ်ချလက်ချနေသင့်သလား။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းသည် လူနှင့်တောရိုင်းတိရစ္ဆာန်များကြားကူးစက်ရုံသာမကပဲ လူနှင့်လူချင်းလည်းကူးစက်နိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်၏အဓိကကူးစက်မှုသည် အသက်ရှူလမ်းကြောင်းရှိတံတွေးများနှင့် ထိတွေ့ဆက်ဆံမှုကတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။


၂။ ဆေးရုံတစ်ခါသုံးနှာခေါင်းစည်း N95 KN95 နှာခေါင်းစည်းအပြင် အခြားနှာခေါင်းစည်းမျိုး (ဥပမာ- သာမန်နှာခေါင်းစည်း ဝါဂွမ်းနှာခေါင်းစည်းစတာတွေက) ကိုရိုနာဗိုင်းရပ်စ်ကို အဆက်ဖြတ်နိုင်ခြင်းမရှိဘူးလား။ အထပ်များနှာခေါင်းစည်းက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ပိုကောင်းသလား။ နှာခေါင်းစည်းပိုထူလျှင်ရော ရောဂါကြိုတင်ကာကွယ်ဖို့ပိုကောင်းသလား။


ဆေးရုံသုံးတစ်ခါသုံးနှာခေါင်းစည်း N95 နှင့် KN95 နှာခေါင်းစည်းကိုဦးစားပေး၍အသုံးပြုပါ။ ကျန်သောနှာခေါင်းစည်းများသည် ဒီသုံးမျိုးထက် ကာကွယ်ပေးနိုင်သည့်စွမ်းရည် သိပ်မကောင်းပါ။ ဆေးရုံတစ်ခါသုံးနှာခေါင်းစည်းသည် အရည်အသွေးမှီလျှင် ရောဂါပိုးတစ်ခုမျှမဝင်ရောက်နိုင်အောင်ကာကွယ်ပေးနိုင်သည်။ ထူသောနှာခေါင်းစည်းများကမူ ကာကွယ်ပေးသည့်အကျိုးသက်ရောက်မှုနည်းပြီး အသက်ရှူပင်ကြပ်စေပါသည်။ 


၃။ အနီးတစ်ဝိုက်တွင်ရောဂါမရှိလျှင် နှာခေါင်းစည်းတပ်စရာလိုပါသလား။


အနီးတစ်ဝိုက်တွင်ရောဂါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နှာခေါင်းစည်းတပ်ဆင်ရန်အကြံပြုလိုပါသည်။ COVID-19 သည်နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသောရောဂါဖြစ်သဖြင့် တချို့ရောဂါသယ်ဆောင်သူတွေဟာရောဂါလက္ခဏာမပေါ်လွင်သေးပါ။ ထို့ကြောင့် လူတိုင်းသည် ဒီလိုရောဂါသယ်ဆောင်သူနဲ့ထိတွေ့နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၄။ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကိုကြိုတင်ကာကွယ်နိုင်သလား။


ဆေးလိပ်သောက်သည့်အခါ လက်ကပါးစပ်နှင့်နှာခေါင်းအားအကြိမ်ကြိမ်ထိတွေ့ရသည့်အတွက် ရောဂါပိုးသည်ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ရသည်မှာ ပိုမိုလွယ်ကူသည်။ နောက်တစ်ခုကတော့ဆေးလိပ်သောက်တဲ့အခါ နှာခေါင်းစည်းတပ်လို့မရတဲ့အတွက် မိမိကိုယ်ကိုကာကွယ်လို့မရပါဘူး။ အရက်ပျံနဲ့ပိုးသတ်လို့ရပါတယ်။ ဒါပေမဟ့်အရက်ပျံနဲ့ပိုးသတ်တာနဲ့ အရက်သောက်တာမတူပါဘူး။ ပြင်းတဲ့အရက်ကရောဂါပိုးကိုသတ်နိုင်ပေမယ့် အရက်သောက်ပြီးမှ အာနိသင်နည်းသွားတာတွေရှိပါတယ်။ ရောဂါပိုးသတ်ဖို့အသုံးမဝင်တော့တာမျိုးပေါ့။ ဒါ့အပြင် အရက်သောက်ခြင်းက ခန္ဓာကိုယ် ရောဂါခုခံအားတွေကိုကျဆင်းစေတဲ့အတွက် ရောဂါဝင်ရောက်မှုပိုမိုလွဟ်ကူသွားပါတယ်။


၅။ ကြက်သွန်ဖြူစားတာ လက်ဖက်ရည်သောက်တာက COVID-19 အဆုတ်ရောင်ရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်သလား။


ကြက်သွန်ဖြူထဲကရရှိနိုင်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ပိုးသတ်လို့ရပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူက ပိုးမွှားတွေကိုမကာကွယ်နိုင်ပါဘူး။ ဒါကြောင့် ကြက်သွန်ဖြူကိုတိုက်ရိုက်စားတာဖြစ်ဖြစ် ဖျော်ရည်ဖျော်သောက်တာဖြစ်ဖြစ် အကျိုးမရှိပါဘူး။ အခုမှာဆိုရင်တော့ လက်ဖက်ရည်သောက်ပြီး COVID-19 အဆုတ်ရောင်ရောဂါကြိုတင်ကာကွယ်ဖို့ သက်သေပြချက်မရှိသေးပါဘူး။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၆။ အပူချိန် ၆၀ ရှိတဲ့ရေကိုသောက်တာ ဒါမှမဟုတ်ရေနွေးနဲ့ရေချိုးတာက ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကိုကြိုတင်ကာကွယ်နိုင်သလား။ 


သာမန်အားဖြင့် အပူချိန် ၅၆ ရှိရေနွေးတွင် မိနစ်သုံးဆယ်ပြုတ်ပြီးပိုးသတ်နိုင်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကအသက်ရှူလမ်းကြောင်းကိုထိခိုက်တာဖြစ်ပါတယ်။ ရေနွေးကအစာသွားရာလမ်းကြောင်းကို ဝင်တာဖြစ်ပါတယ်။ ဒီလောက်ပူတဲ့ရေကိုသောက်တာဖြစ်ဖြစ် ပူနွေးတဲ့ရေနဲ့ချိုးတာဖြစ်ဖြစ် ပိုးမသတ်နိုင်ပဲ ရေပူလောင်စေပါတယ်။


၇။ COVID-19 အဆုတ်ရောင်ရောဂါကူးစက်ခြင်းဖြစ်ပွားတဲ့ကာလအတွင်း တိရစ္ဆာန်အသားများ ပင်လယ်စာများစားလို့ရပါသလား။


အခုဖြစ်ပွားတဲ့ COVID-19 အဆုတ်ရောင်ရောဂါရဲ့အဓိကအကြောင်းအရင်းက တောရိုင်းတိရစ္ဆာန်တွေကိုတရားမဝင်ရောင်းချခြင်းဖြစ်ပါတယ်။ အခုဆိုရင်ရောဂါပိုးကြားခံကပ်ပါးမှီတဲ့အရာက မသေချာသေးပါဘူး။ တရားဝင်နည်းလမ်းနဲ့ရောင်းချသောအသားများကတော့ စားလို့ရနိုင်မှာပါ။


၈။ COVID-19 အဆုတ်ရောင်ရောဂါကူးစက်ဖြစ်ပွားတဲ့ကာလအတွင်းမှာ အိမ်မှာ ၁၄ ရက်သီးခြားထားစေရမလား။ 


အားလုံးက ကြိုတင်ကာကွယ်တဲ့အသိအမြင်မျိုးဖြည့်ပေးရပါတယ်။ စောစောတွေ့ရှိပြီး စောစောသီးခြားထားရှိရင် ကူးစက်မှုကိုတတ်နိုင်သလောက်လျော့သွားစေတယ်။ အရမ်းကြောက်ဖို့လည်းမလိုပါဘူး။ အမျိုး သူငယ်ချင်းတွေဆီလျှောက်လည်တာမျိုးတော့မလုပ်ပါနဲ့။ အိမ်မှာပဲနေပါ။ လူများတဲ့နေရာတွေကိုလည်းသိပ်မသွားပါနဲ့။ နှာခေါင်းစည်းကိုတပ်ပြီးမှ အပြင်ကိုသွားပါ။ အခန်းထဲလေဝင်လေထွက်တာကိုသတိထားပြီးနေပါ။ လက်ကိုအချိန်မှန်မှန်နဲ့ဆေးပါ။ အားကစားလေ့ကျင့်ရေးကိုများများလုပ်ပါ။ အိပ်ရေးဝဖို့စောစောအိပ်ပါ။ 


၉။ ပိုးသတ်ဆေး ဒါမှမဟုတ် တုတ်ကွေးနာခုခံကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်မှုကိုကြိုတင်ကာကွယ်နိုင်သလား။


ပိုးသတ်ဆေးကပိုးမွှားကူးစက်တာကိုကုသပေးတာဖြစ်ပါတယ်။ COVID-19 ကအဆုတ်ရောင်ရောဂါဖြစ်စေသော အရာဝတ္ထုကရောဂါပိုးဖြစ်ပါတယ်။ ပိုးသတ်ဆေးသောက်ပြီး ဒီရောဂါကိုကာကွယ်ကုသရင် အကျိုးသက်ရောက်မှုမရှိပဲ ဆေးနဲ့မတည့်တဲ့အခြေအနေကိုဖြစ်ပေါ်လာနိုင်စေပါတယ်။ တုတ်ကွေးနာခံဆေးဝါးဖြစ်တဲ့ Oseltamivir (Tamiflu), Ribavirin အစရှိတဲ့ ဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကို ကာကွယ်လို့မရပါဘူး။ အခုထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် အထူးကုသဆေးမရှိသေးပါဘူး။ 


၁၀။ ဖုန်းစတဲ့ အီလက်ထရွန်ပစ္စည်းတွေကို ပိုးသတ်တာလိုသလား။


လိုအပ်ပါတယ်။ အပြင်ကပြန်လာရင် ဖုန်းကိုပိတ်ပြီး အရက်ပျံ ၇၅ % ပါဝင်တဲ့အရည်ဖြင့်ပိုးသတ်ပေးပါ။ ပိုးသတ်တဲ့အခါ အသံပေါက် စကားပြောပေါက် နားကျပ်ပေါက် အားသွင်းကြိုးပေါက်နဲ့ ဖုန်းဘေးနားဆက်စပ်နေရာတွေကိုလည်း ပိုးသတ်ရမှာဖြစ်ပါတယ်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



rate now:

1 Reviews
  • reader YeMoeAung 07.12.2020, 02:19 5

    👏👏

    reply