book

Index 5

COVID-19 ကူးစက်ရောဂါပျံ့နှံ့ခြင်းကြောင့်ဖြစ်ပေါ်လာသော ဖိအားလျော့ချနည်း

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-bridge

၁။ ဆက်သွယ်မှုကိုချောမွေ့အောင်နေခြင်း



ဘေးအန္တရာယ်များ ကြုံတွေ့သောအခါတွင် ဝမ်းနည်းခြင်း ဖိအားခံခြင်း အကျပ်ရိုက်ခြင်း ကြောက်ရွံ့ခြင်းနှင့်ဒေါသထွက်ခြင်းများကို ခံစားနေရခြင်းသည် လူတိုင်းကြုံတွေ့နိုင်သောခံစားမှုမျိုးဖြစ်သည်။ ယုံကြည်အားကိုးရသောလူနှင့်စကားပြောလျှင် စိတ်ပိုင်းဆိုင်ရာအရ ကူညီမှုပေးနိုင်သည်။ ထို့ကြောင့် သူငယ်ချင်း မိသားစုများနှင့် အချိန်မှန်ဆက်သွယ်ပါ။


၂။ ကျန်းမာသောနေထိုင်စားသောက်ပုံကိုထိန်းပါ။


အိမ်ထဲတွင်မနေမဖြစ်နေရမည်ဆိုလျှင် ကျန်းမာသောနေထိုင်စားသောက်ပုံကိုစောင့်ထိန်းပါ။ ၎င်းတို့သည် သင့်လျော်သောအသားအသောက် ပြည့်ဝသောအိပ်ရေး မှန်ကန်သောကျန်းမာရေးလေ့ကျင့်မှုနှင့် မိသားစုအကြားဆက်သွယ်မှုဟူသမျှပါဝင်သည်။


၃။ ကူညီမှုတောင်းဆိုခြင်း


ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ဆေးဝါးများသုံးစွဲခြင်းဖြင့် စိတ်ဖြေလျော့ခြင်းကိုမပြုလုပ်ပါနှင့်။ မည်ကဲ့သို့လုပ်ရမည်ကိုမသိတော့လျှင် ကျန်းမာရေးဝန်ထမ်းနှင့် သက်ဆိုင်ရာပညာရှင်ထံသို့အကူအညီသွားတောင်းပါ။ အကယ်၍လိုအပ်လျှင် စီမံချက်တစ်ခုကိုပြုလုပ်ပါ။ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ကျန်းမာရေးနှင့်ဖြစ်စေ အကုန်ရေးသား၍ အချိန်မှန်အောင် အကူအညီသွားတောင်းပါ။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၄။ အကြောင်းအရာအစစ် သတင်းအချက်အလက်အစစ်များကို ယုံကြည်အားကိုးခြင်း


ရင်ဆိုင်နေရသောသတင်းအချက်အလက်အမှန်များအား တိကျစွာသိရှိရန် သတင်းအချက်အလက်များမှန်ကန်အောင် စုစည်းထားသင့်ပါသည်။ ဤသတင်းများဖြင့်မှန်ကန်သော ရောဂါကာကွယ်နည်းကိုကျင့်သုံးပါ။ သတင်းအစစ်ရရှိရန် WHO ဝက်ဘ်ဆိုက်နှင့် အစိုးရကျန်းမာရေးဌာန စသည့်နေရာများမှသတင်းရှာဖွေစုံစမ်းသင့်သည်။ 


၅။ ပူပန်စိုးရိမ်မှုကိုဖြေလျော့ခြင်း


မိသားစုနှင့်အတူ စိတ်ကျစေသောမီဒီယာသတင်းထုတ်ပြန်ချက်များကိုကြည့်ရန်လျော့ချခြင်း သို့မဟုတ် ကြည့်ရှုခြင်းမှရှောင်ကြဉ်သင့်ပါသည်။ ဤသို့ဖြင့် ဖြစ်ပေါ်လာမည့်ပူပန်စိုးရိမ်မှုကို ဖြေလျော့နိုင်သည်။


၆။ စိတ်အနေအထားကိုထိန်းချုပ်ခြင်း




ယခင်သုံးခဲ့သောနည်းလမ်းများဖြင့် ဘဝ၏ကျပ်တည်းမှုကိုဖြေရှင်းပါ။ ဤနည်းလမ်းဖြင့် ယခုရင်ဆိုင်ကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအခြေအနေထဲ ဖြစ်ပေါ်လာသော စိတ်အနေအထားများကို ထိန်းချုပ်ရမည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



rate now:

1 Reviews
  • reader YeMoeAung 07.12.2020, 02:17 5

    👏👏

    reply