book

Index 4

သိပ္ပံနည်းလမ်းဖြင့်စားသောက်ခြင်း

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-bridge

၁။ COVID-19 Virus ရန်မှကင်းဝေးရန် မည်သို့စားသောက်မည်နည်း။


(က) အစားအစာမျိုးစုံကိုစားသင့်ကြောင်း ကောက်ပဲသီးနှံများကိုအဓိကစားရန်လိုအပ်ခြင်း


ကောက်ပဲသီးနှံနှင့် ကန်စွန်းဥ အာလူး ဆန် ဂျုံ ပြောင်း စသည်တို့ကို နေ့စဉ် ၂၅၀ ဂရမ်မှ ၄၀၀ ဂရမ် စားသင့်ခြင်းကို အာမခံပေးသင့်သည်။


(ခ) အားကစားကိုအတန်အသင့်လုပ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ။


အားကစားကိုအတန်အသင့်လုပ်ရမည်။ ကြာရှည်စွာထိုင်နေရာမှထပါက လမ်းကို တစ်နာရီတစ်ကြိမ်စီလျှောက်ရမည်။


(ဂ) ဟင်းသီးဟင်းရွက် နို့ထွက်ပစ္စည်း ပဲများကို များစွာစားသုံးရမည်။


လတ်ဆတ်သောအမျိုး (၅) မျိုးထက်မနည်းသည့် ဟင်းသီးဟင်းရွက်ကို အလေးချိန် ၅၀၀ ဂရမ်ကျော် စားသုံးရမည်။ ၎င်းတို့အနက ်အရောင်ရင့်သောအသီးအရွက်များ တစ်ဝက်ခန့်ပါဝင်ရမည်။ နို့များကိုတနေ့တစ်ထုပ်သောက်ပါ။ ပဲထွက်ပစ္စည်းများကိုလည်း များစွာစားသုံးပေးရပါမည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


(ဃ) ငါး ပုဇွန် အဆီမပါသောအသားများနှင့် ဥ များကိုအတန်အသင့်စားသုံးပေးပါ။


ပရိုတင်းဓာတ်ပါစည့်အစားအစာများ (ငါး ပုဇွန် အဆီမပါသောအသားများနှင့် ဥအမျိုးမျိုး) ကို နေ့စဉ် ၁၅၀ ဂရမ်မှ ၂၀၀ ဂရမ်အထိစားသုံးရမည်။ ကြက်ဥကိုတနေ့တလုံးစားရမည်။ အဆီ မီးခိုးကျပ်တိုက်ထားသောအစားအစာများနှင့် ဆားသိပ်ထားသောအစားအစာမျိုးကို လျော့၍စားသုံးရမည်။


(င) ဆား ဆီ အချိုများနှင့်အရက်ကိုထိန်းချုပ်ပါ။


ဟင်းချက်လျှင် နေ့စဉ်သုံးဆီကိုအများဆုံး ဂရမ် ၃၀ အထိသာစားသုံးသင့်သည်။ ဆား (ငံပြာရည်နှင့် အခြားအစားအစာထဲပါဝင်သောဆားများ) ကိုသင့်တော်အောင်ထည့်လိုက်ရမည်။ လူတစ်ယောက်သည် တစ်နေ့လျှင် ဆားကိုအများဆုံး ၆ ဂရမ်သာစားသုံးရမည်။ ကလေး လူငယ်များအရက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ရမည်။ သကြားကိုအများဆုံး ၅၀ ဂရမ်ထိစားသုံးနိုင်သည်။ ၂၅ ဂရမ်အောက်စားသုံးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ရေကိုလုံလောက်စွာသောက်သုံးရမည်။ တနေ့လျှင် ရေကို (၁၅၀၀ ml မှ ၁၇၀၀ ml) ထိသောက်သုံးရမည်။ ရေနွေးသောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။


(စ) ဖြုန်းတီးမှုကိုပပျောက်အောင်လုပ်သင့်သည်။ ခေတ်မီသောစားသောက်နည်းလမ်းကိုလိုက်နာပါ။ 


စားနပ်ရိက္ခာကိုတန်ဖိုးထားပါ။ အလိုအတိုင်းအစားအစာစီစဉ်ရသည်။ ဖြုန်းတီးမှုမှရှောင်ကြဉ်ရန်ခွဲစားရသည်။ သန့်ရှင်းလတ်ဆတ်သော အစားအစာများနှင့် ကိုက်ညီသောချက်ပြုတ်နည်းလမ်းကိုရွေးချယ်ရမည်။ မကျက်သေးသောအစားအစာများနှင့် ကျက်ပြီးသောအစားအစာများကို အတူတကွမထားပါနှင့်။ ကျက်ပြီးသောအစားအစာများကို ထပ်မံစားသုံးလျှင် သေချာစွာကျက်အောင်နွေးပြီးမှစားသုံးရမည်။ တတ်နိုင်သမျှ အိမ်မှာထမင်းစားပါ။ မိသားစုဝိုင်းဖွဲ့ပြီး ရိုးရာအစဉ်အလာကိုလိုက်၍ ယဉ်ကျေးခေတ်မီသောနည်းလမ်းနှင့် ထမင်းစားပါ။


၂။ တနေ့လျှင် ထမင်းသုံးနပ်ကို မည်သည့်နည်းဖြင့် အချိန်မှန်မှန်စီစဉ်ရမည်နည်း။




မနက်စာ နေ့လည်စာနှင့်ညစာမှရသော အင်အားနှင့်အာဟာရများသည် တစ်နေ့ထဲ၌ ရာခိုင်နှုန်း ၂၅ မှ ၃၀ ရာခိုင်နှုန်း ၃၅ မှ ၄၀ နှင့်ရာခိုင်နှုန်း ၃၀ မှ ၃၅ ဟုအချိုးကျခွဲခြားရမည်။ မနက်စာကို မနက်ခြောက်နာရီခွဲမှရှစ်နာရီခွဲအတွင်းစားရန်သင့်တော်သည်။ နေ့လည်စာကို ၁၁ နာရီခွဲမှ ၁ နာရီခွဲအတွင်းစားရန်သင့်တော်သည်။ ညစာကိုမူ ငါးနာရီခွဲမှခုနစ်နာရီခွဲအတွင်းစားရန်သင့်တော်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၃။ ခုခံအားမြှင့်တင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကို ကြိုတင်ကာကွယ်ရန် မည်ကဲ့သို့လုပ်ရမည်နည်း။


ဗီတာမင်စီရရန်အတွက် နေ့စဉ်နေ့တိုင်း လိမ္မော်ချိုမျိုးအသီးနှစ်လုံးစားပါ။ ဗီတာမင်ဘီဓာတ်မျိုးနွယ်ဖြည့်စွက်ရန်အတွက်မူ ခရမ်းချဉ်သီးနှင့်အနီရောင် အရောင်နက်အသီးများစားသုံးရမည်။ ဗီတာမင်အေကိုလည်းသင့်တော်စွာဖြည့်စွက်ရမည်။ ၎င်းကိုဖြည့်စွက်ရန်အတွက် အသည်းစားသုံးပေးရမည်။ တပတ်လျှင်တခါ ၃၀ ဂရမ်မှ ၅၀ ဂရမ်ထိစားသုံးပါ။ အသည်းစားသုံးခြင်းသည် အသက်ရှူအမြှေးကိုပြည့်တင်းစေသည့်အတွက် ရောဂါပိုးကိုကာကွယ်ရန်အကျိုးပြုသည်။ 




ပြင်းထန်သောအားကစားလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ ပြင်းထန်သောအားကစားလုပ်ခြင်းဖြင့် ရောဂါခုခံအားကိုထိခိုက်စေနိုင်သည်။ (အထက်အသက်ရှူလမ်းကြောင်း ရောဂါကူးစက်ခြင်းနှင့်ဆိုင်သော ခုခံအားကိုဆိုလိုခြင်းဖြစ်သည်။) ပေါ့ပါးသောအားကစားလေ့ကျင့်ခန်းများကိုသာ ပြုလုပ်ပါ။ ကာဗိုဟိုက်ဒရိတ်ဓာတ်ပြည့်ဝသော အစားအစာများကိုလုံလောက်စွာစားသုံးပါ။ ဥပမာဆိုရလျှင် ဆန်နှင့်ကော်မှုန့်ကြွယ်ဝသောအစားအစာမျိုးကိုစားပါ။ ကာဗိုဟိုက်ဒရိတ်သည် ရောဂါခုခံအားဆဲလ်များအတွက် အရေးကြီးအစားအစာဖြစ်သည်။ နေ့စဉ်အိပ်ရေးဝအောင် အိပ်စက်ရမည်။ စိတ်ကိုတင်းကျပ်အောင် ဖိအားများအောင်ပြုလုပ်ခြင်းမှရှောင်ကြဉ်ပါ။


(www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


rate now:

1 Reviews
  • reader YeMoeAung 07.12.2020, 02:16 5

    👏👏

    reply