book

Index 2

ရောဂါလက္ခဏာများ

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-bridge

၁။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်ခံရလျှုင် မည်ကဲ့သို့သောရောဂါလက္ခဏာများဖြစ်ပေါ်မည်နည်း။


ကျွန်တော်တို့၏ခန္ဓာကိုယ်သည် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်ခြင်းကို ခုခံရန်ခက်ခဲသည်။ အတည်ပြုဝေဒနာရှင်များနှင့် နီးကပ်စွာထိတွေ့ခြင်း လက်မဆေးလိုခြင်း သို့မဟုတ် ကိုယ်ခံစွမ်းအားကျဆင်းခြင်းကဲ့သို့သော အခြေအနေနှင့်ကြုံတွေ့လျှင် ကျွန်တော်တို့သည် ရောဂါကူးစက်ခံရနိုင်သည်။ ရောဂါကူးစက်ခံရလျှင် ကျွန်တော်တို့သည် ကိုယ်အပူချိန်မြင့်ကာဖျားနာခြင်း ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းစသည့်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ ထို့ပြင်အားအင်ကုန်ခမ်းခြင်းကိုလည်းတွေ့ရှိရနိုင်သည်။ ထိုထက်မက ဆိုးရွားပြင်းထန်ဝေဒနာရှင်များသည် ကုတင်ပေါ်တွင်အချိန်ကြာရှည်စွာနေရတတ်သည်။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာထိခိုက်မှုအမျိုးမျိုးရှိနိုင်ပြီး ခုခံအားနည်းသူများသည်သေဆုံးသည့်အခြေအနေအထိဖြစ်နိုင်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၂။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) သည် ကိုယ်ခန္ဓာအတွင်းတွင် မည်ကဲ့သို့ပြောင်းလဲနိုင်သနည်း။


COVID-19 အဆုတ်ရောင်ရောဂါဝေဒနာရှင်အသီးသီးသည် ရောဂါလက္ခဏာဖြစ်ပေါ်သည့်အဆင့်မှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားကျသည်။ ပထမအစပိုင်းတွင် ဖျားနာခြင်း ချောင်းဆိုးခြင်း ခန္ဓာကိုယ်အားအင်ကုန်ခမ်းခြင်းစသည့်လက္ခဏာများဖြစ်ပေါ်နိုင်ပြီး တဖြည်းဖြည်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရှုံးနိမ့်မှုများဖြစ်ပေါ်နိုင်သည်။ ပုံမှန်အားဖြင့်ဗိုင်းရပ်စ်ရောဂါပိုးသည် ခန္ဓာကိုယ်တွင်ခုနစ်ရက်ကြာနေပြီးနောက် ရောဂါလက္ခဏာဖြစ်ပေါ်တတ်ပြီး အချို့သည်လည်း ရောဂါလက္ခဏာဖြစ်ပေါ်ရန်ဆယ့်လေးရက်ထိကြာမြင့်တက်သည်။ ရောဂါလက္ခဏာမဖြစ်ပေါ်ခင် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကမည်ကဲ့သို့အလုပ်လုပ်နေသည်ကို သိရှိပါသလား။ ၎င်းတို့သည် ခန္ဓာကိုယ်တွင်အရှိန်အဟုန်ဖြင့်မျိုးပွားယူလေ့ရှိကာ အလွန်မြန်ဆန်သောကြောင့် ခန္ဓာကိုယ်ကိုကာကွယ်ခုခံနိုင်သောစွမ်းအားများသည် ၎င်းတို့ကိုတိုက်ဖျက်ရန်ခက်ခဲသည်။ ဗိုင်းရပ်စ်ရောဂါပိုးများသည် ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သည်နှင့် မိတ္တူကူးစက်ကဲ့သို့ အခြားကျန်းမာသူကိုပါကူးစက်နိုင်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)




၃။ ဆေးရုံ၌ဆေးကုသမှုခံယူနေချိန်မိမိကိုယ်ကို မည်ကဲ့သို့ကောင်းမွန်အောင်နေရမည်နည်း။


အကယ်၍သင်သည် မကျန်းမာလျှင်ဆေးရုံသို့အချိန်မှီသွားသင့်သည်။ ဆေးကုသမှုခံယူချိန်တွင် ဆေးရုံရှိမည်သည့်ပစ္စည်းကိုမျှ မိမိသဘောဖြင့်ထိတွေ့ကိုင်တွယ်ခြင်းမပြုရပါ။ လုပ်ငန်းစဉ်တစ်ခုလုံးတွင်နှာခေါင်းစည်းကိုလုံအောင်ဖုံးထားပြီး ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ မိမိကိုယ်တိုင်နှင့်အခြားသူများကိုကာကွယ်နိုင်ရန် ဓာတ်လှေကားစီးခြင်းကိုရှောင်ကြဉ်ရမည်။ ဆေးကုစမှုခံယူပြီးနောက် အိမ်ကိုပြန်ရောက်လျှင် ဆပ်ပြာနှင့်ရေသန့်ဖြင့်စနစ်တကျလက်ဆေးရပါမည်။





၄။ COVID-19 အဆုတ်ရောင်ရောဂါ အအေးမိဖျားနာခြင်းနှင့် တုတ်ကွေးရောဂါတို့အကြား ခြားနားချက်


ပုံမှန်အအေးမိဖျားနာခြင်းသည် ကျွန်တော်တို့အအေးမိခြင်း ပင်ပန်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကြုံတွေ့ရသော ရောဂါလက္ခဏာများမှာ နှာစေးခြင်း နှာရည်ထွက်ခြင်း နှာချေခြင်းဖြစ်ကာ ဖျားခြင်း ခေါင်းကိုက်ခြင်း အဆစ်နာခြင်း သို့မဟုတ် တစ်ကိုယ်လုံးကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် သိပ်မထင်ရှားလှသော လက္ခဏာများသာဖြစ်ပေါ်သည်။ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် အစားစားချင်စိတ် ခံတွင်းအတွက်လည်းထိခိုက်မှုမရှိပါ။ အအေးမိဝေဒနာရှင်များသည် အသက်ရှူလမ်းကြောင်း၏အထက်ပိုင်းတွင် ရောဂါလက္ခဏာထင်ရှားစွာဖြစ်ပေါ်သော်လည်း တစ်ကိုယ်လုံးရောဂါလက္ခဏာကမူ သိပ်မထင်ရှားပါ။ အသက်အန္တရာယ်လည်းမရှိပါ။


တုတ်ကွေးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်ပေါ်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်း၏အထက်ပိုင်းတွင် ရောဂါဖြစ်နေရုံမကပဲ အသက်ရှူလမ်းကြောင်း၏အောက်ပိုင်းတွင်လည်း ရောဂါကူးစက်နိုင်သည်ဖြစ်ရာ တစ်နည်းဆိုရလျှင်အဆုတ်ရောဂါပင်ဖြစ်သည်။ တုတ်ကွေးရောဂါသည် ဆောင်းနှင့်နွေဦးရာသီများတွင် ပျံ့နှံ့ဖြစ်ပေါ်လေ့ရှိပြီး ဝေဒနာရှင်များသည်ပြင်းထန်သောရောဂါလက္ခဏာများ လျင်မြန်စွာတွေ့ရှိနိုင်ကာ ဖျားနာခြင်းဖြစ်ပေါ်နိုင်သည်။ တစ်ရက်နှစ်ရက်အတွင်း ခန္ဓာကိုယ်အပူချိန်သည် (၃၉ °C) အထက်သို့ရောက်ရှိနိုင်သည်။ ထို့ပြင်ခေါင်းကိုက်ခြင်း ကြွက်သားအားနည်းခြင်း ခံတွင်းမတွေ့ခြင်းစသည့်လက္ခဏာများက ထင်ရှားလာပါသည်။ တုတ်ကွေးသည်ခုခံအားနည်းသူများအတွက် ထိခိုက်မှုများစွာဖြစ်ပေါ်နိုင်ကာ သေဆုံးသည်ထိအန္တရာယ်ဖြစ်စေသည်။


COVID-19 အဆုတ်ရောင်ရောဂါကူးစက်ခံရသူများတွင် ပထမအစပိုင်း၌ရောဂါလက္ခဏာများမပြပဲ အသက်ရှူလမ်းကြောင်းအတွင်းတွင်သာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို စစ်ကြည့်နိုင်သည်။ ရောဂါလက္ခဏာထင်ရှားသည့်အခြေအနေမရောက်ခင် ဖျားခြင်း ချောင်းဆိုးခြင်း အအေးကိုကြောက်ခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့်လက္ခဏာများကိုအနည်းငယ်သာခံစားရသည်။ ရောဂါလက္ခဏာပြင်းထန်သူများသည် ပထမ (၃) ရက်မှ (၅) ရက်အချိန်အတွင်း ဖျားခြင်း ချောင်းဆိုးခြင်းနှင့် ပင်ပန်းနွမ်းနယ်အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများ တဖြေးဖြေးပြင်းထန်လာနိုင်သည်။ အချိန်တပတ်ကြာပြီးနောက် ရောဂါလက္ခဏာများသည်ပိုမိုပြင်းထန်သည့်အခြေအနေကိုရောက်ရှိလာပြီး ဝေဒနာရှင်များ၏အဆုတ်ကို ကိုရိုနာဗိုင်းရပ်စ်မှကျူးကျော်သိမ်းပိုက်ကာ အဆုတ်ရောင်ရောဂါဖြစ်ပွားစေနိုင်သည်။ အလွန်ဆိုးဝါးသည့်အခြေအနေသည် ပြင်းထန်သောအဆုတ်ရောင်ရောဂါလက္ခဏာဖြစ်လာစေသည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)




၅။ မိမိကိုယ်တိုင်သို့မဟုတ်မိသားစုဝင်များတွင် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်ခံရလျှင်မည်သို့လုပ်ဆောင်ရမည်နည်း။


မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်များတွင် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကိုကူးစက်ခံရသည်ဟု သံသယဖြစ်လျှင် ဆေးရုံသုံးနှာခေါင်းစည်းကိုတပ်ဆင်ပြီး အနီးပတ်ဝန်းကျင်ရှိ သတ်မှတ်ထားသော ဆေးရုံ၏ဖျားနာကုဆေးခန်းသို့သွားရောက်ကာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်သည်။ ဆရာဝန်နှင့်ပြချိန်တွင် ဘယ်နေရာသွားခဲ့သည် ဘယ်သူနှင့်ထိတွေ့ခဲ့သည် စသည်တို့ကိုဆရာဝန်ထံတက်ကြွစွာပြောပြရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မိမိ၏တစ်ကိုယ်ရည်ကျန်းမာရေးကို ဂရုစိုက်ကာ မကြာခဏလက်ဆေးပေးပြီး လေဝင်လေထွက်ကောင်းစေရန် နေ့စဉ်နေ့တိုင်း ပြတင်းပေါက်များဖွင့်ပေးထားရမည်။ 


သင့်မိတ်ဆွေသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဟုသံသယရှိလျှင် ဆေးရုံသုံးနှာခေါင်းစည်းကိုလုံအောင်ဖုံးထားသင့်ပြီး နီးကပ်စွာထိတွေ့ခြင်းကိုရှောင်ရှားနိုင်ရန် မိတ်ဆွေနှင့်သင့်တော်သညိ့အကွာအဝေးကိုထိန်းရပါမည်။ ဆွေမျိုးသို့မဟုတ် သူငယ်ချင်းများတွင် COVID-19 အဆုတ်ရောင်ရောဂါပိုးကို အတည်ပြုကြောင်းတွေ့ရှိလျှင် ၎င်းတို့ကိုသီးခြားခွဲထားပေးပြီး ဆေးကုပေးရန်အတွက် သတ်မှတ်ထားသည့်ဆေးရုံသို့ပို့ဆောင်သင့်သည်။ ထို့ပြင်၎င်းတို့မကြာခဏထိတွေ့သည့် ပစ္စည်းများနှင့်နေရာများကိုလည်း ထိရောက်စွာသေသေချာချာပိုးသတ်ရပါမည်။




၆။ မည်သူသည်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရန်ပိုလွယ်ကူသနည်း။


မည်သူ့ကိုမဆို ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်ခံရနိုင်သည်။ သို့သော်ကျန်းမာရေး ကောင်းသူများနှင့်  ကိုယ်ခံအားကောင်းသုများသည် အမြဲတမ်းကျန်းမာရေးလေ့ကျင့်ပြီး စိတ်ပျော်ရွှင်သောကြောင့် ကူးစက်ခံရနိုင်ခြေနည်းပါးသည်။ ကိုယ်ခံအားနည်းသည့်သူများ ဥပမာသက်ကြီးရွယ်အို ကလေးများနှင့် မကြာခဏရောဂါဖြစ်တတ်သူများအတွက်မှာမူ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်မှုနှုန်းများပါသည်။ အကယ်၍ကူးစက်ခံရလျှင် ရောဂါအခြေအနေလည်းပိုမိုပြင်းထန်ဆိုးရွားနိုင်သည်။ ထို့ပြင် COVID-19 ကိုဆေးကုသပေးရန် ရှေ့တန်းနေရာတွင်အလုပ်လုပ်နေကျသည့် ဆရာဝန်များ သူနာပြုများနှင့် အခြားဆေးဘက်ဆိုင်ရာပညာရှင်များသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်သည်။ ထို့ကြောင့်နှာခေါင်းစည်းကိုလုံအောင်ဖုံးသင့်ပြီး မကြာခဏလက်ဆေးရမည်ဖြစ်သည်။ လူအများစုဝေးရာနေရာသွားခြင်း ရှောင်ကျဉ်သင့်သည်။ ယခုကဲ့သို့လုပ်လျှင် ဗိုင်းရပ်စ်ရောဂါပိုးက ကိုယ်ခန္ဓာအတွင်သို့ကျူးကျော်ဝင်ရောက်ရန် ခက်ခဲမည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



rate now:

1 Reviews
  • reader YeMoeAung 07.12.2020, 02:10 5

    👏👏

    reply