book

Index 1

COVID-19 နှင့်ပတ်သက်၍သိသင့်သိထိုက်သည့်ဗဟုသုတများ

  • Author : Lucifer
  • Genres : Science, Self-help
  • Original Author : Lan-bridge

၁။ COVID-19 နှင့် COVID-19 အဆုတ်ရောင်ရောဂါဆိုသည်မှာအဘယ်နည်း။


ကိုရိုနာဗိုင်းရပ်စ် (Corona Virus) သည်မျိုးကွဲများစွာရှိသပိုးမျိုးရိုးတူမိသားစုကြီးဖြစ်ပြီး အအေးမိဖျားနာခြင်း အလွန်ဆိုးရွားပြင်းထန်သောရောဂါနှင့် ထို့ထက်မကသေဆုံးမှုကိုပါ ဖြစ်ပေါ်စေသည်။ အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်သော အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာစု (MERS-CoV) နှင့် ရုတ်တရက်ပြင်းထန်သောအသက်ရှူလမ်းကြောင်းရောဂါလက္ခဏာစု (SARS-CoV) တို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။


COVID-19 သည် ယခင်ကလူသားများကြား လုံးဝမတွေ့ဖူးခဲ့သည့် ကိုရိုနာဗိုင်းရပ်မျိုးစိတ်သစ်တစ်မျိုးဖြစ်ပြီး ၎င်းဗိုင်းရပ်စ်ကူးစက်ခံရသောကြောင့် ဖြစ်ပေါ်လာသောအဆုတ်ရောင်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ဟုသတ်မှတ်ခေါ်ဝေါ်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)




၂၀၁၉ ခုနှစ် ဒီဇင်ဘာလ

တရုတ်နိုင်ငံဝူဟန်မြို့တွင် အကြောင်းအရင်းမသိရသော အဆုတ်ရောင်ဝေဒနာရှင်များ ရှေ့စဉ်နောက်ဆက်ဖြစ်ပေါ်လာခဲ့သည်။


၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့

အဆိုပါဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ် (the COVID-19 Virus) ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် "2019-nCoV" ဟု ယာယီနာမည်သတ်မှတ်ခဲ့သည်။


၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ (၁၁) ရက်နေ့

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ယခုအချိန်ကာလတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကြောင့်ဖြစ်ပေါ်လာသောကူးစက်ရောဂါအား COVID-19 ဟုနာမည်ပေးခဲ့သည်။


၂။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) သည်မည်ကဲ့သို့သော ထူးခြားသည့်လက္ခဏာရှိသနည်း။


ကိုရိုနာဗိုင်းရပ် (the COVID-19 Virus) သည် ခရမ်းလွန်ရောင်ခြည်နှင့်အပူဒဏ်ကို ခံနိုင်ရည်မရှိပဲ 

-အပူချိန် (56 °C) ရှိရေနွေးတွင် မိနစ်သုံးဆယ်ပြုတ်ခြင်း

-diethyl ether အချိုးအစားခုနစ်ဆယ့်ငါးရာခိုင်နှုန်းရှိသည့် ဆေးခန်းသုံးအရက်ပြန် 

-ကလိုရင်းပါသောပိုးသတ်ဆေးရည် 

-peroxyacetic acid နှင့် 

-Trichloromethane စသည့် fat solvent များသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိရောက်စွာတိုက်ဖျက်နိုင်သည်။


မှတ်ချက်။ chlorhexidine အရည်ကမူ ဗိုင်းရပ်စ်ရောဂါပိုးကိုထိရောက်စွာမသတ်နိုင်ပါ။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



၃။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) သည် မည်ကဲ့သို့ကူးစက်ပျံ့နှံ့နေသနည်း။


ကိုရိုနာဗိုင်းရပ်စ်ကူူးစက်ခြင်းခံရနိုင်ဖို့ နည်းလမ်းသုံးမျိုးရှိပါတယ်။

-တိုက်ရိုက်ကူးစက်ခြင်း 

-ထိတွေ့ခြင်းကြောင့်ကူးစက်ခြင်း

-လေထဲမှတစ်ဆင့်ကူးစက်ခြင်း


တိုက်ရိုက်ကူးစက်ခြင်း

ကူးစက်ခံရသူများက နှာချေ ချောင်းဆိုးခြင်းနှင့် စကားပြောရာမှထွက်ပေါ်လာသော မမြင်နိုင်သည့်အမှုန်အမွှားများနှင့် နီးကပ်စွာထိတွေ့ခြင်း သို့မဟုတ် တိုက်ရိုက်ရှူသွင်းမိပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်သည်။


ထိတွေ့ခြင်းကြောင့်ကူးစက်ခြင်း

လူတစ်ဦး၏ကိုယ်ခန္ဓာ သို့မဟုတ် အသုံးအဆောင်များသည် ပစ္စည်း၏မျက်နှာပြင်အပေါ်ယံ၌မမြင်နိုင်သည့်အမှုန်အမွှားများကပ်ငြိနေနိုင်ပြီး ၎င်းအမှုန်အမွှားများအားထိတွေ့ပြီးနောက် ပါးစပ် နှာခေါင်းနှင့် မျက်စိစသည်တို့ကိုထိတွေ့မိခြင်းကြောင့်လည်း ကူးစက်ခံရနိုင်သည်။


လေထဲမှတစ်ဆင့်ကူးစက်ခြင်း

လေဝင်လေထွက်မကောင်းသော ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ပျံ့လွင့်နေသောနေရာတွင် အချိန်ကြာရှည်စွာနေထိုင်ပါကလည်း ကူးစက်ခံရနိုင်သည်။ ထို့ပြင် လူမှစွန့်ပစ်သောအညစ်အကြေးများဖြစ်သည့် ကျင်ငယ်ရည်နှင့်မစင်များတွင် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) သီးခြားခွဲထွက်နိုင်သောကြာင့် ၎င်းကျင်ငယ်ရည်နှင့်မစင်များမှ လေထုတွင်းသို့ဝင်ရောက်ကာ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ပါသော လေထုညစ်ညမ်းမှုဖြစ်ပြီး ကူးစက်ခံရနိုင်ကြောင်းကိုလည်း သတိချပ်သင့်ပေသည်။ 




၄။ အိမ်မွေးတိရစ္ဆာန်များသည် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်နိုင်သလား။

ယခုအချိန်ထိတိုင် ခွေး ကြောင် အစရှိသည့်အိမ်မွေးတိရစ္ဆာန်များက ကိုရိုနာဗိုင်းရပ် (the COVID-19 Virus) ကူးစက်ကြောင်းအထောက်အထားမရှိသေးပါ။ အိမ်မွေးတိရစ္ဆာန်နှင့်ထိတွေ့ပြီးနောက် လက်ကိုဆပ်ပြာနှင့် သန့်စင်ရေဖြင့်သေချာစွာဆေးကြောပါက လူသားနှင့်အိမ်မွေးတိရစ္ဆာန်အကြား အူမကြီးအတွင်းရှိတုတ်ပိုး (Escherichia coli) နှင့် ဆာမွန်နယ်လာရောဂါပိုးကဲ့သို့သော အခြားပိုးမွှားများအချင်းချင်းကူးစက်ခြင်းကို သိသိသာသာလျော့နည်းစေနိုင်သည်။



၅။ နီးကပ်စွာထိတွေ့သူများအား (၁၄) ရက်ကြာရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အဘယ်ကြောင့်ဆောင်ရွက်သနည်း။


ပုံမှန်အားဖြင့် COVID-19 အဆုတ်ရောင်ရောဂါပိုးပေါက်ဖွားခြင်းသည် အချိန် (၁) ရက်မှ (၁၄) ရက်ထိကြာပြီး များသောအားဖြင့် (၃) ရက်မှ (၇) ရက်ထိဖြစ်သည်။ (၁၄) ရက်ကျော်ပြီးနောက် ရောဂါလက္ခဏာဖြစ်ပေါ်ခြင်းမရှိမှသာ ရောဂါကူးစက်ခံရခြင်းမရှိကြောင်းအတည်ပြုနိုင်သည်။ တင်းကျပ်သောရောဂါစောင့်ကြပ်ကြည့်ရှုခြင်းသည် အများပြည်သူများ၏ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအတွက် တာဝန်ခံသောဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ လုပ်ထုံးလုပ်နည်းလည်းဖြစ်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၆။ ဆေးရုံကိုသွားသင့်သည်ဟု မည်ကဲ့သို့ဆုံးဖြတ်ရမည်နည်း။


အကယ်၍ဖျားခြင်း (ခန္ဓာကိုယ်အပူချိန်သည် ၃၇.၃ ဒီဂရီစင်တီဂရိတ်နှင့်အထက်) ပင်ပန်းနွမ်းနယ်ခြင်း ချောင်းခြောက်ဆိုးခြင်း စသည့်ရောဂါလက္ခဏာများသည် ကူးစက်ခံရသည်ကိုအတည်မပြုနိုင်သေးပါ။ သို့ရာတွင် အဆိုပါရောဂါလက္ခဏာနှင့်အတူ အောက်တွင်ဖော်ပြမည့် မည်သည့်အကြောင်းနှင့်ဖြစ်စေကိုက်ညီလျှင် သတ်မှတ်ထားသောဆေးရုံသို့ မဖြစ်မနေသွားရောက်စစ်ဆေးခံယူရမည်ဖြစ်သည်။


(က) ရောဂါလက္ခဏာဖြစ်ပွားမှုမတိုင်မှီ (၁၄) ရက်အတွင်း COVID-19 ဖြစ်ပွားရာဒေသသို့ ခရီးသွားသို့မဟုတ် နေထိုင်မှုရာဇဝင်ရှိခြင်း။


(ခ) ရောဂါလက္ခဏာဖြစ်ပွားမှုမတိုင်မှီ (၁၄) ရက်အတွင်း COVID-19 အတည်ပြုသူ (Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းသည် positive ဖြစ်သည့်ဝေဒနာရှင်) နှင့်ထိတွေ့ခဲ့ခြင်း။


(ဂ) ရောဂါလက္ခဏာဖြစ်ပွားမှုမတိုင်မီ (၁၄) ရက်အတွင်း COVID-19 အတည်ပြုသူရှိသောဒေသမှလူများနှင့် ထိတွေ့ဆက်သွယ်ခဲ့ခြင်း။


(ဃ) အစုလိုက်အပြုံလိုက်ရောဂါကူးစက်ခြင်း (၁၄ ရက်အတွင်း မိသားစု ရုံးခန်း ကျောင်း သင်တန်းအစရှိသည့်နေရာတွင် ဖျားခြင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာဖြစ်ပေါ်သည့် ဝေဒနာရှင်နှစ်ဦးနှင့်အထက်ရှိခြင်း)။


(www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)





၇။ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တစ်ဦးဦးက COVID-19 ကူးစက်ခံရသည်ဟုသံသယဖြစ်လျှင် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။


အကယ်၍ မိမိကိုယ်တိုင်သို့မဟုတ်မိသားစုဝင်တစ်စုံတစ်ဦးက COVID-19 ကူးစက်ခံရသည်ဟု သံသယဖြစ်လျှင် သင့်တော်သည့်အကွာအဝေးတွင်နေထိုင်ရန် မိသားစုထံချက်ချင်းအသိပေးအကြောင်းကြားရမည်။ ထို့နောက် နှာခေါင်းစည်းတပ်ဆင်ကာ သတ်မှတ်ထားသည့်နီးစပ်ရာဆေးရုံသို့သွားရောက်ပြီး ဆရာဝန်နှင့်ပြသရမည်။ 


အပြင်ထွက်ခြင်း စုဝေးခြင်းနှင့်ခရီးထွက်ခြင်းကို ရှောင်ကြဉ်ရမည်။ ထို့ပြင်အိမ်၌ နေထိုင်ရာမှာလည်း နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်ပြီး လေထွက်ကောင်းရန်နှင့် ပိုးသတ်ခြင်းကိုဂရုစိုက်ရမည်။ မိသားစုဝင်အချင်းချင်းတစ်မီတာအကွာခန့်မှ နေထိုင်ဆက်ဆံရပါမည်။


၈။ ဆေးရုံသို့ ဆရာဝန်သွားပြစဉ် မည်သည်တို့ကိုဂရုပြုသင့်သနည်း။


နီးစပ်ရာဆေးရုံသို့ ဆရာဝန်သွားပြရာတွင် မိမိ၏ရောဂါလက္ခဏာများနှင့် ယခုရက်ပိုင်းအတွင်းခရီးသွားရာဇဝင် အထူးသဖြင့် COVID-19 အတည်ပြုဝေဒနာရှင်ရှိရာဒေသသို့ ခရီးထွက်ခြင်းသို့မဟုတ် နေထိုင်ခြင်းရာဇဝင် COVID-19 ကူးစက်ခံရသူနှင့်ထိတွေ့ခြင်း တိရစ္ဆာန်များနှင့်ထိတွေ့ခြင်းစသည်တို့အား ဆရာဝန်အားအသေးစိတ်သေချာပြောပြရပါမည်။ မြေအောက်ရထား ဘတ်စ်ကားစသည့် အများပြည်သူသုံး မော်တော်ယာဉ်များစီးခြင်းကို တတ်နိုင်သလောက်ရှောင်ကြဉ်သင့်သည်။ ထို့ပြင်လူများစုဝေးရာနေရာသို့လည်းသွားခြင်းကိုရှောင်ကြဉ်ရမည်။ အထူးသတိပေးလိုသည်မှာ မိမိကိုယ်တိုင်နှင့်အခြားသူများကို ကာကွယ်ရန် အပြင်ထွက်လျှင် တစ်ခါသုံးဆေးရုံသုံးနှာခေါင်းစည်းကို လုံခြုံစွာတပ်ဆင်ထားရန်လိုအပ်သည်။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)


၉။ COVID-19 အဆုတ်ရောင်ရောဂါ ကုသပျောက်ကင်းနိုင်ပါသလား။


COVID-19 အဆုတ်ရောင်ရောဂါကိုကုသပျောက်ကင်းနိုင်ပါသည်။ သို့သော်လည်းလက်ရှိတွင် COVID-19 အတွက်တိကျသည့် ဆေးဝါးမတွေ့ရှိသေးသောကြောင့် ကူးစက်ခံရသူများကို ရောဂါလက္ခဏာအလိုက် ဆေးကုသပေးပြီး (ဥပမာ-အအေးမိဖျားနာလျှင် ကိုယ်အပူကျစေရန် ဆေးကုသပေးခြင်း ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်အောင်ဆေးကုပေးခြင်း) ထောက်ပံ့ဆေးကုသနည်း (ဥပမာ- အာဟာရအားဖြည့်ပေးခြင်း ကိုယ်ခံစွမ်းအားတိုးတက်စေခြင်း) တို့ကိုအဓိကထားဆောင်ရွက်ပေးနေသည်။ ဆရာဝန်များသည် အစွမ်းထက်ထိရောက်သည့်ဆေးဝါးကို ကြိုးပမ်းရှာဖွေနေပြီး နောက်တစ်ဖက်တွင်မူ ကိုယ်ခံစွမ်းအားဆဲလ်ဖြင့် ဗိုင်းရပ်စ်ရောဂါပိုးကိုပပျောက်သွားစေရန် ဆောင်ရွက်နေသည်။


COVID-19 အဆုတ်ရောဂါသည် ပြင်းထန်စွာဆိုးရွားသောကြောင့် မိမိကိုယ်တိုင်သည် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကူးစက်ခံရလျှင် ဆေးရုံကိုအချိန်မှီသွားကာ ဆရာဝန်၏ညွှန်ကြားချက်နှင့်အညီ ဆေးကုသခြင်းကို လက်ခံရမည်။


၁၀။ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကာကွယ်ဆေးရှိသလား။


လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) အတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါသစ်အတွက်ကာကွယ်ဆေးကို အချ်န်ယူကာ သုတေသနပြုလုပ်ရသည်။ ယခုအချိန်တွင် တရုတ်နှင့်အခြားနိုင်ငံများ၏ဆေးပညာကျွမ်းကျင်သူများသည် စက္ကန့်တိုင်း မိနစ်တိုင်းတွင် ကာကွယ်ဆေးနှင့်ထိရောက်စွာရောဂါကုသနိုင်ဆေးကို စနစ်တကျသုတေသနပြုဆောင်ရွက်နေသည်။




၁၁။ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကိုကြိုတင်ကာကွယ်နိုင်ပါသလား။


နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် မကြာခဏလက်ဆေးခြင်းတို့သည် ကိုရိုနာဗိုင်းရပ်စ် (the COVID-19 Virus) ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်ရန်ထိရောက်စွာကာကွယ်နိုင်သော်လည်း မှန်ကန်သည့်နည်းလမ်း့ဖြင့် နှာခေါင်းစည်းတပ်ဆင်ပြီး စနစ်တကျလက်ဆေးရန်လိုအပ်သည်။ သို့မဟုတ်ပါက ထိရောက်စွာကာကွယ်ခြင်းမပြုနိုင်ပါ။ (www.bookcubicle.com စာရေးဝါသနာရှင်များအတွက် ခြေလှမ်းစတင်ရာတဖြစ်လဲ စာဖတ်ဝါသနာရှင်များအတွက် နားခိုရာ BookCubicle)



rate now:

1 Reviews
  • reader YeMoeAung 07.12.2020, 02:07 5

    👏👏

    reply