book
Index 5
နိဒါန်း ၄ (Zawgyi+Unicode) Warning🚫
  • Author : Lucifer
  • Genres : Biography, Psychology
  • Original Author : Celine Roberts
Zawgyi
"အိမ်ပြန်ကျမယ် ကလေးမ" 
Unicode
(Warning🚫 ၁၈နှစ်အောက်ကလေးများမဖတ်ရ🚫)
အိမ်ကိုလာတဲ့ယောက်ျားကြီးတွေထဲကတစ်ယောက်က သူ့မှာလက်ဆောင်အနေနဲ့မုန့်ဖိုးပေးဖို့မပါလာခဲ့တဲ့အတွက် လယ်ကွင်းတွေကိုဖြတ်ပြီး သူ့အိမ်လိုက်ယူဖို့ ကျွန်မကိုခေါ်တယ်။ သူ့အိမ်မှာပေါင်ဝက်ငွေကိုသိမ်းထားတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြတယ်။ တကယ်တမ်းပြောရရင် ကျွန်မလုံးဝမလိုက်ချင်ဘူး။ ခါးခါးသီးသီးကိုငြင်းဆန်ပစ်ချင်တာ။ ဒါပေမယ့် မွေးစားအမေက လိုက်သွားခိုင်းတာကြောင့် အဲ့ဒီလူနဲ့လိုက်သွားခဲ့ရတယ်။
လက်ဆောင်သွားယူဖို့ လယ်ကွင်းတွေကိုဖြတ်ရတဲ့အချိန် သူကကျွန်မလက်ကိုကိုင်ထားတယ်။ နေကလည်းမွန်းတည့်ချိန်ဆိုတော့ အပူချိန်ကတဖြေးဖြေးတက်လာနေပြီ။ အဲ့ဒီအချိန်မှာပဲ လက်ဆောင်သွားယူပါမယ်လို့ ကတိပေးထားတဲ့လူက ကျွန်မကိုလက်ကနေဆောင့်ဆွဲပြီး မြေကြီးပေါ်တွန်းချတယ်။ 
တချိန်တည်းမှာပဲ သူ့လက်တစ်ဖက်က ကျွန်မအသံမထွက်နိုင်အောင် ပါးစပ်ကိုအတင်းအုပ်ထားတာကြောင့် အသက်ကိုခက်ခက်ခဲခဲရှူသွင်းရှူထုတ်လုပ်နေရတယ်။ ပြီးတော့ သူကဒေါသတကြီးနဲ့ "ကောင်မစုတ်လေး…မင်းဒီဟာကိုလိုအပ်တော့မှာမဟုတ်ဘူး" လို့ပြောပြီး ဝတ်စုံကိုဆုတ်ဖြဲပစ်တယ်။ သူ့စကားတွေက ဒီနေ့အထိ ကျွန်မကိုခြောက်လှန့်နေတုန်းပဲ။ 
သူ့ရဲ့ကြမ်းတမ်းပြီးညစ်ပတ်နံစော်နေတဲ့လက်တွေကြားထဲက ကျွန်မအသက်ကိုပြင်းပြင်းထန်ထန်ရှူနေရတယ်။ ဒေါသကလည်းအတော်ထွက်နေပြီ။ ကျွန်မန္ဓာကိုယ်ကတစ်စုံတစ်ရာကျိုးသွားတာကို ရုတ်တရက်ခံစားလိုက်ရတာကြောင့် အော်ဟစ်ဖို့ကြိုးစားမိတယ်။ ကျွန်မလက်ကသေမလိုတွေနာနေတယ်။ ပြီးတော့ လှုပ်လို့လည်းမရတော့ဘူး။ သူက သူ့ရဲ့အားနေတဲ့လက်တစ်ဖက်နဲ့ ကျွန်မအတွင်းဝတ်တွေကိုဆွဲချွတ်တယ်။ ပြီးတော့ သူ့ဘောင်းဘီဇစ်ကိုဖြုတ်ပြီးအောက်ကိုလျှောချလိုက်တယ်။ နောက်တော့ ကျွန်မခြေထောက်တွေကိုဆွဲကားလိုက်ပြီး မာကျောတဲ့အရာတစ်ခုကို ကျွန်မခန္ဓာကိုယ်ထဲအတင်းထိုးသွင်းဖို့ကြိုးစားတယ်။ အဲ့ဒီလူက ကျွန်မရုန်းကန်နေသည့်တိုင် သူ့ရဲ့မာကျောနေတဲ့အရာကို အဆက်မပြတ်ထိုးသွင်းနေတုန်းပဲ။ ပါးစပ်ကလည်းပွစိပွစိရေရွတ်နေပြီး တခါတခါဆိုညည်းသံသဲ့သဲ့ကထွက်လာတယ်။ ခန္ဓာကိုယ်အောက်ပိုင်းက ခံစားနေရတဲ့နာကျင်မှုဝေဒနာက ပြောမပြနိုင်လောက်အောင်ပဲ… အဲ့ဒီလူကတော့ သူ့ရဲ့ထိုးသွင်းချက်တွေကိုမရပ်နိုင်သေးဘူး။ ကျွန်မစိတ်ထင် ဒါက တစ်သက်လုံးကြာသွားတော့မှာပဲထင်ခဲ့တာ။ နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ကကျွန်မကိုယ်ပေါ်ပိကျလာတယ်…အရမ်းလေးတာပဲ။ 
ကျွန်မခန္ဓာကိုယ်အတွင်းထဲကတစ်စုံတစ်ရာဟာ တဖြေးဖြေးအသက်မဲ့လာသလိုပဲ။ သေတော့မယ့်အတိုင်းပဲ အသက်ရှူရခက်ပြီး မွန်းကျပ်လာတယ်။ 
ခဏကြာတော့ သူကဘာမှမဖြစ်တဲ့အတိုင်း ဘောင်းဘီဇစ်ကိုပြန်တပ် ဖုတ်ဖတ်ခါပြီး နေရာကနေတိတ်တဆိတ်ဘာမှမပြောပဲထွက်သွားတယ်။ ကျွန်မကိုတော့တစ်ယောက်တည်းမြေကြီးပေါ်မှာဒီတိုင်းချန်ထားခဲ့တယ်။
အဲ့ဒီအချိန်က ကျွန်မအသက်ခုနစ်နှစ်ပဲရှိသေးတယ်။
ကျွန်မခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ညစ်ပတ်ပေကျံနေတယ်။
(T/N: ယူတို့တော့ဘယ်လိုနေမလဲမသိ ကိုယ်ကတော့ရေးရင်းရေးရင်းနဲ့ အဲ့ဒီလူကိုအမှုန့်ကြိတ်ပစ်ချင်🙃)
ထိန်းချုပ်မရအောင် တဆတ်ဆတ်တုန်ယင်နေတဲ့ ဒဏ်ရာဗလပွနဲ့ခန္ဓာကိုယ်ကိုသယ်ရင်း တစ်ယောက်တည်းအိမ်ပြန်လာခဲ့တယ်။ လူက မတ်တပ်ရပ်နိုင်ရုံလောက်ပဲလုပ်နိုင်တာကြောင့် လမ်းလျှောက်တဲ့အခါ တစ်ကြိမ်ကိုခြေလှမ်းအနည်းငယ်ပဲအားပြုပြီးလျှောက်လှမ်းနိုင်တယ်။ ခန္ဓာကိုယ်အောက်ပိုင်းကခံစားနေရတဲ့ နာကျင်မှုကပိုပြီးပြင်းထန်လာပြီ။ သွေးဆုံးရှုံးမှုကြောင့်အားနည်းလာတဲ့အပြင် တခါတခါဆိုမူးမိုက်ပြီးမေ့လဲတော့မလိုခံစားရတယ်။ 
တဖြည်းဖြည်းလျှောက်လာရင်းနဲ့ ခန္ဓာကိုယ်ကအညစ်အကြေးတွေ သွေးတွေနဲ့ ကပ်စေးကပ်စေးဖြစ်နေတဲ့အရာတွေကိုဆေးကြောဖို့ ရေကန်ငယ်ထိရောက်လာခဲ့ပြီ။ အဲ့ဒီအချိန်ထိ ကျွန်မငိုကြွေးနေတုန်းပဲ… ဘာလို့လဲဆိုတော့ ကျွန်မအဒေါ်သီလရှင်တွေ လက်ဆောင်ပေးထားတဲ့ဝတ်စုံလေးပျက်စီးသွားတာကြောင့်ပါ။ အဲ့ဒီဝတ်စုံကစုတ်ပြဲပြီး ရွှံ့တွေ သွေးတွေနဲ့ညစ်ပတ်နေပြီ။ မွေးစားအမေ ကျွန်မကိုသတ်တော့မှာပဲလို့တောင် တွေးခဲ့မိတယ်။ 
ကျွန်မအိမ်ရှိရာဘက်ကိုဒယိမ်းဒယိုင်နဲ့လျှောက်လာလိုက်တယ်… နောက်တော့ အိမ်ထဲဝင်ဖို့ ရှေ့တံခါးကိုဖွင့်ဖို့ ကြိုးစားပေမယ့် ရှောခ့်အကြီးအကျယ်ရထားတဲ့ ကျွန်မခန္ဓာကိုယ်က ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံး တံခါးဝမှာတင်လဲကျသွားတယ်။ ပြီးတော့ ကျွန်မကမ္ဘာကမှောင်အတိကျသွားတယ်။
ကျွန်မနိုးလာတော့မွေးစားအမေရဲ့ကုတင်ပေါ်မှာရောက်နေပြီ။ ကျွန်မဒီကိုဘယ်လိုရောက်လာပြီး ဘယ်အချိန်တည်းကရောက်လာခဲ့တယ်ဆိုတာကိုတော့ မသိတော့ဘူး။ မွေးစားအမေရဲ့ကုတင်ပေါ်မှာ လှဲနေရတာငါးရက်လောက်ရှိနေပြီ။ လူကတစ်ချိန်လုံးမူးဝေနေပေမယ့် ကျွန်မတစ်ယောက်တည်းကလွဲလို့ အခြားလူတွေနဲ့စကားပြောနေတဲ့ အရပ်ရှည်ရှည် လှလှပပနဲ့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့အမျိုးသမီးကိုတော့ သတိထားမိပါရဲ့။ 
ဒဏ်ရာတွေကိုပတ်တီးစည်းပေးထားပြီး ပြန်သက်သာလာဖို့စောင့်ဆိုင်းနေရတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူကမှကျွန်မကိုလာမပြောကျသလို ကျွန်မကိုယ်တိုင်ကလည်း အရမ်းကြောက်လန့်ပြီး ထုတ်ပြောရမှာကိုရွံ့ရှာနေမိတယ်။ နောက်တော့ ဒဏ်ရာတွေကပိုးဝင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ အဖျားကြီးပြီးအိပ်ရာထဲလဲခဲ့တယ်။ 
ကျွန်မရဲ့စုတ်ပြဲနေတဲ့အရေပြားက တဖြေးဖြေးသက်သာလာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်မစိတ်ကတော့ အမည်းစက်ကြီးစွန်းထင်နေခဲ့တုန်းပဲ။ 
အဲ့ဒီနေ့…ပထမဆုံးအကြိမ်အဖြစ် ဘာသာရေးအခမ်းအနားပွဲတော်ကိုတက်ခွင့်ရတဲ့နေ့…ယုတ်မာသူရဲ့လက်ချက်ကြောင့် ကျွန်မဖျက်ဆီးခံခဲ့ရတယ်။ ကျွန်မလိုပဲ ၁၉၅၆ ခုနှစ် ဘာသာရေးအခမ်းအနားပွဲကိုတက်ရောက်ခွင့်ရခဲ့တဲ့ အခြားကလေးငယ်တွေ… သူတို့ကျတော့ သူတို့ရဲ့မိဘတွေ ဆွေမျိုးတွေဆီက ချစ်ဖို့ကောင်းတဲ့လက်ဆောင်တွေအများကြီးရခဲ့ကျတယ်။ ဒါပေမယ့် ကျွန်မအတွက်ကရော… ဒီလိုထူးခြားတဲ့နေ့မျိုးမှာ ဘာရခဲ့လဲ? လူစိတ်မရှိတဲ့သတ္တဝါရဲ့အတင်းအဓမ္မကျင့်မှုကိုခံခဲ့ရတဲ့အကြောင်းလား? လက်ကောက်ဝတ်နဲ့လက်ချောင်းသုံးချောင်းကျိုးပြီး ရွှံ့အလူးလူးနဲ့လယ်ကွင်းပြင်ထဲမှာထားခံခဲ့ရတဲ့အကြောင်းလား? ကျွန်မဘဝအတွက်အပျော်ရွှင်ဆုံးဖြစ်ရမယ့်နေ့ရက်တစ်ရက်ဟာ ဆိုးယုတ်တဲ့အကြောင်းအရင်းတွေကြောင့် ဖျက်ဆီးခံခဲ့ရတယ်ဆိုတာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ 
ပွဲတော်မှာဝတ်ဆင်ခဲ့တဲ့ဝတ်စုံကိုလည်း နောက်ထပ်ဘယ်တော့မှမတွေ့ရတော့ဘူး။ 
လပေါင်းများစွာကြာပြီးတဲ့နောက် မွေးစားအမေနဲ့ကျွန်မနှစ်ယောက်သား Kilmallock ဘုရားကျောင်းမှာပြုလုပ်တဲ့ တနင်္ဂနွေနေ့လူစုဝေးပွဲအတွက် အတူတူထွက်လာခဲ့တယ်။ ဘုရားကျောင်းရဲ့မြေကွက်လပ်က လူတွေနဲ့ပြည့်ကျပ်နေတယ်။ ဒါပေမယ့် သူမ လူတစ်ယောက်ရဲ့လက်မောင်းကို တင်းတင်းကျပ်ကျပ်လှမ်းဆုတ်ကိုင်လိုက်တာကို ကျွန်မမြင်လိုက်ရတယ်။ အဲ့ဒီလူကနောက်လှည့်ကြည့်ပြီး ဘယ်သူကသူ့ကိုဆွဲထားသလဲဆိုတာသိတဲ့အချိန် ထွက်ပြေးဖို့ကြိုးစားတယ်။ ဒါပေမယ့် မွေးစားအမေရဲ့ဆုတ်ကိုင်မှုကပိုလို့တောင်တင်းကျပ်လာသေးတယ်။ ကျွန်မခန္ဓာကိုယ်ကတဖြေးဖြေးနဲ့မွေးစားအမေရဲ့ခန္ဓာကိုယ်နောက်ကျုံ့ဝင်လာပြီး သူမရဲ့သိုးမွှေးကုတ်အကျီၤအစွန်းကို လက်နဲ့ကျစ်ကျစ်ပါအောက်ဆုတ်ထားမိတယ်။ အဲ့ဒီလိုလုပ်တာက ကျွန်မရှေ့မှာအကာအကွယ်တစ်ခုရှိနေတယ်လို့ ခံစားရစေတယ်။ သူမနောက်ကနေခေါင်းပြူပြီး အဲ့ဒီလူကိုကြောက်လန့်နေတဲ့မျက်လုံးတွေနဲ့ ကျွန်မစိုက်ကြည့်မိတယ်။ 
အဲ့ဒီလူ… သူ့ကိုကျွန်မသိတယ်… ပွဲတော်နေ့ကကျွန်မကိုအဓမ္မပြုကျင့်ခဲ့တဲ့လူ။ 
"ဒီကောင်မလေးကို မင်းပေးမယ်ပြောထားတဲ့ လက်ဆောင်မုန့်ဖိုးလုံးဝလာမပေးခဲ့ဘူး" 
"အ…အာ…ကျွန်တော့်ဆီမှာ ငွေအကြွေမရှိသေးဘူး။ ရှိတဲ့ကြေးဒင်္ဂါးပြားတွေကလည်း ဘုရားကျောင်းအလှူငွေကောက်ခံတာထဲထည့်လိုက်မိပြီ" 
"သူမလိုချင်တာ ငွေအကြွေမဟုတ်ဘူး!" မွေးစားအမေကဒေါသတကြီးနဲ့ပြောလိုက်တယ်…သူမရဲ့ဆုတ်ကိုင်ထားမှုက ပိုတင်းကျပ်ပြီးပိုလို့နာကျင်လာတယ်။ 
"ကျွန်တော့်ဆီမှာအခုလောလောဆယ် တစ်ပေါင်ပဲရှိတယ်။ ပိုင့်အနည်းငယ်လောက်အတွက်တော့ နောက်မှပဲယူတော့ပေါ့" အဲ့ဒီလူရဲ့မျက်နှာကတဖြေးဖြေးရှုံ့မဲ့လာပြီ။ 
 "ဒါဆိုပိုကောင်းသွားပြီ" 
အဲ့ဒီလိုပြောပြီးတဲ့နောက် သူမခန္ဓာကိုယ်က ခြိမ်းခြောက်မှုအပြည့်နဲ့ အဲ့ဒီလူဆီကိုင်းညွတ်လာတယ်။ 
"အာ…ရော့ကွာ…ယူလိုက်…ဒီမှာ" 
အဲ့ဒီလူက ဒေါသသံနဲ့ပြောပြီး တွန့်ကြေနေတဲ့အစိမ်းရောင်တစ်ပေါင်တန်ငွေစက္ကူကို ဆောင့်အောင့်ပြီး မွေးစားအမေရဲ့လက်ထဲထိုးထည့်လိုက်တယ်။ နောက်တော့ မလွတ်တမ်းဆုတ်ကိုင်ထားခံရတဲ့ သူ့လက်မောင်းကိုဆွဲထုတ်ပြီး လူအုပ်ကြားထဲပျောက်သွားလေရဲ့။ မွေးစားအမေကတော့ သူမလက်ထဲကတစ်ပေါင်တန်ငွေစက္ကူကိုဆုတ်ကိုင်ရင်း ပြုံးနေတယ်။ သူမစိတ်ထဲဘာတွေစဉ်းစားနေမှန်းမသိပေမယ့် ကျွန်မကတော့ခေါင်းတည့်တည့်မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ။ ဘာကြောင့်လဲဆိုတဲ့ လဲပေါင်းများစွာထပ်နေတဲ့မေးခွန်းတွေက ကျွန်မအတွက်လှောင်ပိတ်နေတဲ့ငရဲခန်းလိုပဲ…။
"အိမ်ပြန်ကျမယ် ကလေးမ" 
သူမကပြောပြီးပြီးချင်းထွက်သွားတော့ ကျွန်မကိုယ်တိုင်လည်း ကမန်းကတန်းသူမနောက်ကပ်ရပ်ကနေ ရှပ်တိုက်လျှောက်ရင်းလိုက်လာခဲ့တယ်။ 
အဲ့ဒီနေ့က…တစ်ပေါင်တန်ငွေစက္ကူလေးတစ်ရွက်အတွက် ကျွန်မရဲ့ဂုဏ်သိက္ခာ ကလေးတစ်ယောက်အနေနဲ့ရသင့်ရထိုက်တဲ့ပျော်ရွှင်မှုတွေကို အလဲအလှယ်ပြုခြင်းခံခဲ့ရတယ်။ 
#Lucifer
rate now:
3 Reviews
  • reader ye moe aung 16.10.2020, 10:34 5
    😢
    reply
  • reader HsuThitsarLwin 29.08.2020, 05:37 5
    ဆက္တင္ေပးပါအံုး👍👍👍
    reply
  • reader HeinNayZaw 29.08.2020, 04:09 5
    😡👍
    reply