Zawgyi
တနဂၤေႏြေန႔ မနက္အ႐ုဏ္တက္ခ်ိန္မွာ အိပ္ရာကေနအေစာႀကီးႏိုးလာခဲ့တယ္။ ေနာက္ေတာ့ အိမ္ရဲ႕ေရစည္ပိုင္းထဲက ေရတစ္ခြက္ခပ္ၿပီးကိုယ္လက္သန႔္စင္တယ္။ စည္ပိုင္းထဲကေရေတြကေအးစိမ့္ေနၿပီး အင္းဆက္ေတြက ေရမ်က္ႏွာျပင္မွာေပါေလာေပၚေနတယ္။ မီးဖိုေခ်ာင္ထဲက သံေခ်ာင္းမွာခ်ိတ္ထားတဲ့ အဝတ္စုတ္ကိုယူၿပီး ခႏၶာကိုယ္ကေရေတြကို ေျပာင္စင္ေအာင္သုတ္တယ္။ ပြဲေတာ္မစခင္အစားမစားပဲဥပုသ္ေစာင့္ရတာဆိုေတာ့ မနက္စာစားဖို႔မလိုေတာ့ဘူး။ ကြၽန္မေမြးစားမိဘေတြကေတာ့ အိပ္ရာထဲေကြးလို႔ေကာင္းေနက်တုန္း။
ဝတ္စုံသစ္ေလးေရာက္လာခဲ့ၿပီး ေနာက္တစ္ေန႔မွာပဲ ကြၽန္မဆီကို ဖိနပ္အသစ္တစ္ရံထပ္ေရာက္လာတယ္။ ဖိနပ္ေတြကခ်စ္စရာေကာင္းေပမယ့္ ကြၽန္မေျခေထာက္ထက္ ႏွစ္ဆေလာက္ႀကီးေနတယ္။ ဒါေပမယ့္… ကိစၥမရွိပါဘူး။ ေျခေထာက္နဲ႔ကြက္တိက်ေအာင္ ၾကားထဲမွာစကၠဴေတြခံထားလိုက္တယ္။ ဒီလိုလုပ္ရတာလည္း က်င့္သားရေနၿပီပဲ… ဘာလို႔ဆိုေတာ့ အရင္ကသူမ်ားအက်ေတြဝတ္ရတုန္းကလည္း ဆိုဒ္ကအၿမဲတမ္းပုံမွန္ရယ္လို႔မွမရွိတာ။ ရတဲ့ဟာဝတ္ရတာပဲ။
အားလုံးျပင္ဆင္ၿပီးသြားေတာ့ ကိုယ့္ကိုကိုယ္ ႀကီးက်ယ္ခမ္းနားတဲ့နန္းေတာ္ထဲကလာတဲ့ ေတာ္ဝင္မင္းသမီးေလးတစ္ပါးလို႔ေတာင္ထင္မိတယ္။ ေမြးစားအေမက ပြဲေတာ္က်င္းပမယ့္ဘုရားေက်ာင္းဆီ လမ္းေလွ်ာက္ၿပီးလိုက္ပို႔ေပးတယ္။ ဘုရားေက်ာင္းေရာက္ေတာ့ ေရွ႕ဘက္ကခုံတန္းရွည္ေတြမွာထိုင္ေနတဲ့ ကေလးေတြၾကားထဲ ကြၽန္မဝင္ထိုင္လိုက္တယ္။
ပြဲေတာ္ကစီစဥ္ထားတဲ့အတိုင္းေခ်ာေခ်ာေမြ႕ေမြ႕ၿပီးဆုံးသြားပါတယ္။ ကေလးေတြအားလုံးလည္း မနက္စာျပင္ဆင္ေပးထားတဲ့ ေက်ာင္းေတာ္ႀကီးဆီတက္ညီလက္ညီခ်ီတက္ေနက်ၿပီ။ အရင္က မနက္စာစားေနက်မဟုတ္တဲ့ကြၽန္မေတာင္ အဲ့ဒီအခ်ိန္ ဗိုက္ထဲမွာ ဆိုင္းသံဗုံသံေတြအေတာ္ေလးညံေနၿပီ။ အဲ့ဒီေန႔မနက္ခင္းကစားခဲ့ရတဲ့ ဝက္ေပါင္ေျခာက္သားနဲ႔ ဝက္အူေခ်ာင္းရဲ႕အရသာကို ကြၽန္မတစ္သက္ေမ့မွာမဟုတ္ဘူး။ စားလို႔ေကာင္းလိုက္တဲ့ျဖစ္ခ်င္း။ သီလရွင္ေတြက စားပြဲေတြခင္းက်င္းျပင္ဆင္ေပးထားတာေၾကာင့္ ခုံတန္းရွည္ေတြေပၚမွာစားပြဲခင္းအရွည္ႀကီးေတြနဲ႔ ထမင္းစားခန္းမတစ္ခုလုံးသန႔္ရွင္းသပ္ရပ္ေနတယ္။ ဒီေန႔ထိတိုင္ ဝက္ဆားနယ္ေျခာက္ရဲ႕အနံ႔ကို ကြၽန္မႏွစ္သက္ေနတုန္းပဲ။
မနက္စာစားၿပီးေတာ့ ေက်ာင္းရဲ႕ကြင္းျပင္ထဲမွာ သူငယ္ခ်င္းေတြနဲ႔အတူ ေျပးလႊားေဆာ့ကစားက်တယ္။ ႏွစ္နာရီေလာက္ၾကာေတာ့ အခ်က္ေပးေခါင္းေလာင္းသံျမည္လာၿပီ။ ကေလးေတြကသူတို႔ကိုလာႀကိဳတဲ့ မိသားစုဝင္အသီးသီးဆီ အေျပးအလႊားပဲသြားက်တယ္။ အဲ့ဒီအခ်ိန္က ကြၽန္မေတြးမိတာတစ္ခုရွိတယ္… ကေလးအားလုံးကိုသူတို႔ရဲ႕ဖခင္ေတြကလာႀကိဳက်ၿပီး ကြၽန္မတစ္ေယာက္တည္း တစ္ေကာင္ႂကြက္အေနနဲ႔ အိမ္ျပန္လာရတယ္ဆိုတဲ့အေၾကာင္းေပါ့။ လာႀကိဳမယ့္လူတစ္ေယာက္မွမရွိတာေၾကာင့္ ကိုယ့္အားကိုယ္ကိုးၿပီး အိမ္ျပန္လာရတယ္။ ဒါကပုံမွန္ပါပဲ။ ၿပီးေတာ့ ကြၽန္မဘက္ကလည္းအဲ့ေလာက္ႀကီး အေရးတယူခံစားမေနဘူး။
အိမ္နဲ႔ေက်ာင္းကႏွစ္မိုင္ေလာက္ေဝးတာေၾကာင့္ အျပန္လမ္းတစ္ေလွ်ာက္မွာ လူအခ်ိဳ႕နဲ႔ဆုံခဲ့တယ္။ သူတို႔အားလုံးက ကြၽန္မကိုခ်စ္ဖို႔ေကာင္းတယ္ဆိုၿပီးခ်ီးမြမ္းသြားက်သလို အခ်ိဳ႕ဆိုမုန႔္ဖိုးအနည္းငယ္ပါေပးသြားေသးတယ္။ လူတစ္ေယာက္ဆို ကြၽန္မကိုေျခာက္ပဲနိေတာင္ေပးတယ္။ တခ်ိဳ႕ကလည္း သုံးပဲနိေလာက္ေပါ့။ ေနာက္လူႀကီးတစ္ေယာက္က်ေတာ့ ကြၽန္မကို သူ႔အိမ္ရဲ႕ဂိတ္တံခါးေရွ႕မွာမတ္တပ္ရပ္ခိုင္းၿပီး ဓာတ္ပုံ႐ိုက္ဖို႔ေတာင္းဆိုတယ္။ ဓာတ္ပုံေတြပရင့္ထုတ္ၿပီးတဲ့အခ်ိန္က်ရင္ ကြၽန္မကိုေပးပါမယ္လို႔ေျပာေတာ့ ကြၽန္မစိတ္ထဲအရမ္းဝမ္းသာသြားတယ္။
အိမ္ျပန္ေရာက္တဲ့အခ်ိန္ ကြၽန္မရဲ႕စိတ္ခံစားခ်က္ေတြက အေတာ္ေလးေပ်ာ္႐ႊင္ေနတယ္ဆိုတဲ့ဘက္ျခမ္းကိုေရာက္ေနၿပီ။ ရာသီဥတုကလည္း ေနသာၿပီးေနလို႔ေကာင္းတဲ့ေန႔ေလးတစ္ေန႔ပဲ။ အိမ္မွာေတာ့ လူသုံးေလးေယာက္ေလာက္ အထူးသျဖင့္ေယာက္်ားႀကီးေတြေရာက္ေနတယ္။ သူတို႔ထဲကႏွစ္ေယာက္ေလာက္ကို ကြၽန္မလယ္ကြင္းထဲဆင္းတဲ့အခ်ိန္ အာလူးသြားေကာက္တဲ့အခ်ိန္မွာျမင္ဖူးတယ္။ သူတို႔ေတြနဲ႔အလုပ္လုပ္ရတာ ကြၽန္မသေဘာမက်ဘူး။ သူတို႔ကကြၽန္မကိုဆိုအၿမဲတမ္းစေနာက္ေလွာင္ေျပာင္က်တဲ့အျပင္ ထိကပါးရိကပါးလည္းလုပ္တတ္တယ္။ ကြၽန္မကို ေျခသလုံးအိမ္တိုင္လွည့္သြားလာေနတဲ့လူနဲ႔တူတယ္လို႔လည္း ေျပာေလ့ရွိတယ္။
ဒါေပမယ့္ဒီတစ္ေခါက္အိမ္လာရတဲ့အေၾကာင္းရင္းက ကြၽန္မဘဝရဲ႕ပထမဆုံးတက္ေရာက္ခြင့္ရတဲ့ ဘာသာေရးအခမ္းအနားပြဲေတာ္အတြက္ မုန႔္ဖိုးေပးဖို႔လာခဲ့တာလို႔ေျပာက်တာပဲ။ တစ္ေယာက္ကေျခာက္ပဲနိေလာက္ေပးၿပီး ေနာက္တစ္ေယာက္ကတစ္သွ်ီလင္ေလာက္ေပးဖို႔လုပ္ေပမယ့္ ဒဂၤါးျပားေတြကိုျမင္လိုက္တဲ့ ေမြးစားအေမက ဒီထပ္မကေပးဖို႔ ေဒါနဲ႔ေမာနဲ႔ေဝဖန္တယ္။
(A/N: တစ္သွ်ီလင္ဆိုတာက တစ္ေပါင္ရဲ႕ႏွစ္ဆယ္ပုံတစ္ပုံပါ)
"Ah ya…ကပ္ေစးႏွဲေကာင္ေတြ…သူမကိုအနည္းဆုံးေပါင္ဝက္ေလာက္ေတာ့ေပးက်စမ္းပါ"
ေမြးစားအေမကေျပာၿပီးရပ္ေစာင့္ေနေတာ့ ေပးတဲ့လူေတြကလည္းမတတ္သာေတာ့ပဲ သူတို႔အိတ္ကပ္ထဲေနာက္တစ္ႀကိမ္ထပ္ႏႈိက္ရျပန္တယ္။ ပိုက္ဆံေတြေပးၿပီးတဲ့အခ်ိန္ ရလာတဲ့မုန႔္ဖိုးေတြကို ေမြးစားအေမလက္ထဲအကုန္ျပန္အပ္ရတယ္။ သူမကေတာ့ အျပင္းစားဘီယာပုလင္းေတြကိုင္ၿပီးအခန္းထဲျပန္ဝင္လာတယ္။ ၾကည့္ရတာ တနဂၤေႏြရဲ႕ေနလည္ေခါင္ႀကီးမွာ ပါတီပြဲလုပ္က်ေတာ့မယ္ထင္ပါရဲ႕။
Unicode
တနင်္ဂနွေနေ့ မနက်အရုဏ်တက်ချိန်မှာ အိပ်ရာကနေအစောကြီးနိုးလာခဲ့တယ်။ နောက်တော့ အိမ်ရဲ့ရေစည်ပိုင်းထဲက ရေတစ်ခွက်ခပ်ပြီးကိုယ်လက်သန့်စင်တယ်။ စည်ပိုင်းထဲကရေတွေကအေးစိမ့်နေပြီး အင်းဆက်တွေက ရေမျက်နှာပြင်မှာပေါလောပေါ်နေတယ်။ မီးဖိုချောင်ထဲက သံချောင်းမှာချိတ်ထားတဲ့ အဝတ်စုတ်ကိုယူပြီး ခန္ဓာကိုယ်ကရေတွေကို ပြောင်စင်အောင်သုတ်တယ်။ ပွဲတော်မစခင်အစားမစားပဲဥပုသ်စောင့်ရတာဆိုတော့ မနက်စာစားဖို့မလိုတော့ဘူး။ ကျွန်မမွေးစားမိဘတွေကတော့ အိပ်ရာထဲကွေးလို့ကောင်းနေကျတုန်း။
ဝတ်စုံသစ်လေးရောက်လာခဲ့ပြီး နောက်တစ်နေ့မှာပဲ ကျွန်မဆီကို ဖိနပ်အသစ်တစ်ရံထပ်ရောက်လာတယ်။ ဖိနပ်တွေကချစ်စရာကောင်းပေမယ့် ကျွန်မခြေထောက်ထက် နှစ်ဆလောက်ကြီးနေတယ်။ ဒါပေမယ့်… ကိစ္စမရှိပါဘူး။ ခြေထောက်နဲ့ကွက်တိကျအောင် ကြားထဲမှာစက္ကူတွေခံထားလိုက်တယ်။ ဒီလိုလုပ်ရတာလည်း ကျင့်သားရနေပြီပဲ… ဘာလို့ဆိုတော့ အရင်ကသူများအကျတွေဝတ်ရတုန်းကလည်း ဆိုဒ်ကအမြဲတမ်းပုံမှန်ရယ်လို့မှမရှိတာ။ ရတဲ့ဟာဝတ်ရတာပဲ။
အားလုံးပြင်ဆင်ပြီးသွားတော့ ကိုယ့်ကိုကိုယ် ကြီးကျယ်ခမ်းနားတဲ့နန်းတော်ထဲကလာတဲ့ တော်ဝင်မင်းသမီးလေးတစ်ပါးလို့တောင်ထင်မိတယ်။ မွေးစားအမေက ပွဲတော်ကျင်းပမယ့်ဘုရားကျောင်းဆီ လမ်းလျှောက်ပြီးလိုက်ပို့ပေးတယ်။ ဘုရားကျောင်းရောက်တော့ ရှေ့ဘက်ကခုံတန်းရှည်တွေမှာထိုင်နေတဲ့ ကလေးတွေကြားထဲ ကျွန်မဝင်ထိုင်လိုက်တယ်။
ပွဲတော်ကစီစဉ်ထားတဲ့အတိုင်းချောချောမွေ့မွေ့ပြီးဆုံးသွားပါတယ်။ ကလေးတွေအားလုံးလည်း မနက်စာပြင်ဆင်ပေးထားတဲ့ ကျောင်းတော်ကြီးဆီတက်ညီလက်ညီချီတက်နေကျပြီ။ အရင်က မနက်စာစားနေကျမဟုတ်တဲ့ကျွန်မတောင် အဲ့ဒီအချိန် ဗိုက်ထဲမှာ ဆိုင်းသံဗုံသံတွေအတော်လေးညံနေပြီ။ အဲ့ဒီနေ့မနက်ခင်းကစားခဲ့ရတဲ့ ဝက်ပေါင်ခြောက်သားနဲ့ ဝက်အူချောင်းရဲ့အရသာကို ကျွန်မတစ်သက်မေ့မှာမဟုတ်ဘူး။ စားလို့ကောင်းလိုက်တဲ့ဖြစ်ချင်း။ သီလရှင်တွေက စားပွဲတွေခင်းကျင်းပြင်ဆင်ပေးထားတာကြောင့် ခုံတန်းရှည်တွေပေါ်မှာစားပွဲခင်းအရှည်ကြီးတွေနဲ့ ထမင်းစားခန်းမတစ်ခုလုံးသန့်ရှင်းသပ်ရပ်နေတယ်။ ဒီနေ့ထိတိုင် ဝက်ဆားနယ်ခြောက်ရဲ့အနံ့ကို ကျွန်မနှစ်သက်နေတုန်းပဲ။
မနက်စာစားပြီးတော့ ကျောင်းရဲ့ကွင်းပြင်ထဲမှာ သူငယ်ချင်းတွေနဲ့အတူ ပြေးလွှားဆော့ကစားကျတယ်။ နှစ်နာရီလောက်ကြာတော့ အချက်ပေးခေါင်းလောင်းသံမြည်လာပြီ။ ကလေးတွေကသူတို့ကိုလာကြိုတဲ့ မိသားစုဝင်အသီးသီးဆီ အပြေးအလွှားပဲသွားကျတယ်။ အဲ့ဒီအချိန်က ကျွန်မတွေးမိတာတစ်ခုရှိတယ်… ကလေးအားလုံးကိုသူတို့ရဲ့ဖခင်တွေကလာကြိုကျပြီး ကျွန်မတစ်ယောက်တည်း တစ်ကောင်ကြွက်အနေနဲ့ အိမ်ပြန်လာရတယ်ဆိုတဲ့အကြောင်းပေါ့။ လာကြိုမယ့်လူတစ်ယောက်မှမရှိတာကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အိမ်ပြန်လာရတယ်။ ဒါကပုံမှန်ပါပဲ။ ပြီးတော့ ကျွန်မဘက်ကလည်းအဲ့လောက်ကြီး အရေးတယူခံစားမနေဘူး။
အိမ်နဲ့ကျောင်းကနှစ်မိုင်လောက်ဝေးတာကြောင့် အပြန်လမ်းတစ်လျှောက်မှာ လူအချို့နဲ့ဆုံခဲ့တယ်။ သူတို့အားလုံးက ကျွန်မကိုချစ်ဖို့ကောင်းတယ်ဆိုပြီးချီးမွမ်းသွားကျသလို အချို့ဆိုမုန့်ဖိုးအနည်းငယ်ပါပေးသွားသေးတယ်။ လူတစ်ယောက်ဆို ကျွန်မကိုခြောက်ပဲနိတောင်ပေးတယ်။ တချို့ကလည်း သုံးပဲနိလောက်ပေါ့။ နောက်လူကြီးတစ်ယောက်ကျတော့ ကျွန်မကို သူ့အိမ်ရဲ့ဂိတ်တံခါးရှေ့မှာမတ်တပ်ရပ်ခိုင်းပြီး ဓာတ်ပုံရိုက်ဖို့တောင်းဆိုတယ်။ ဓာတ်ပုံတွေပရင့်ထုတ်ပြီးတဲ့အချိန်ကျရင် ကျွန်မကိုပေးပါမယ်လို့ပြောတော့ ကျွန်မစိတ်ထဲအရမ်းဝမ်းသာသွားတယ်။
အိမ်ပြန်ရောက်တဲ့အချိန် ကျွန်မရဲ့စိတ်ခံစားချက်တွေက အတော်လေးပျော်ရွှင်နေတယ်ဆိုတဲ့ဘက်ခြမ်းကိုရောက်နေပြီ။ ရာသီဥတုကလည်း နေသာပြီးနေလို့ကောင်းတဲ့နေ့လေးတစ်နေ့ပဲ။ အိမ်မှာတော့ လူသုံးလေးယောက်လောက် အထူးသဖြင့်ယောက်ျားကြီးတွေရောက်နေတယ်။ သူတို့ထဲကနှစ်ယောက်လောက်ကို ကျွန်မလယ်ကွင်းထဲဆင်းတဲ့အချိန် အာလူးသွားကောက်တဲ့အချိန်မှာမြင်ဖူးတယ်။ သူတို့တွေနဲ့အလုပ်လုပ်ရတာ ကျွန်မသဘောမကျဘူး။ သူတို့ကကျွန်မကိုဆိုအမြဲတမ်းစနောက်လှောင်ပြောင်ကျတဲ့အပြင် ထိကပါးရိကပါးလည်းလုပ်တတ်တယ်။ ကျွန်မကို ခြေသလုံးအိမ်တိုင်လှည့်သွားလာနေတဲ့လူနဲ့တူတယ်လို့လည်း ပြောလေ့ရှိတယ်။
ဒါပေမယ့်ဒီတစ်ခေါက်အိမ်လာရတဲ့အကြောင်းရင်းက ကျွန်မဘဝရဲ့ပထမဆုံးတက်ရောက်ခွင့်ရတဲ့ ဘာသာရေးအခမ်းအနားပွဲတော်အတွက် မုန့်ဖိုးပေးဖို့လာခဲ့တာလို့ပြောကျတာပဲ။ တစ်ယောက်ကခြောက်ပဲနိလောက်ပေးပြီး နောက်တစ်ယောက်ကတစ်သျှီလင်လောက်ပေးဖို့လုပ်ပေမယ့် ဒင်္ဂါးပြားတွေကိုမြင်လိုက်တဲ့ မွေးစားအမေက ဒီထပ်မကပေးဖို့ ဒေါနဲ့မောနဲ့ဝေဖန်တယ်။
(A/N: တစ်သျှီလင်ဆိုတာက တစ်ပေါင်ရဲ့နှစ်ဆယ်ပုံတစ်ပုံပါ)
"Ah ya…ကပ်စေးနှဲကောင်တွေ…သူမကိုအနည်းဆုံးပေါင်ဝက်လောက်တော့ပေးကျစမ်းပါ"
မွေးစားအမေကပြောပြီးရပ်စောင့်နေတော့ ပေးတဲ့လူတွေကလည်းမတတ်သာတော့ပဲ သူတို့အိတ်ကပ်ထဲနောက်တစ်ကြိမ်ထပ်နှိုက်ရပြန်တယ်။ ပိုက်ဆံတွေပေးပြီးတဲ့အချိန် ရလာတဲ့မုန့်ဖိုးတွေကို မွေးစားအမေလက်ထဲအကုန်ပြန်အပ်ရတယ်။ သူမကတော့ အပြင်းစားဘီယာပုလင်းတွေကိုင်ပြီးအခန်းထဲပြန်ဝင်လာတယ်။ ကြည့်ရတာ တနင်္ဂနွေရဲ့နေလည်ခေါင်ကြီးမှာ ပါတီပွဲလုပ်ကျတော့မယ်ထင်ပါရဲ့။