Zawgyi
ပြဲေတာ္ကိုတနဂၤေႏြေန႔မနက္အေစာပိုင္းမွာဘာသာေရးသံစံုတီးဝိုင္းနဲ႔စတင္ဖြင့္လွစ္ေလ့ရွိၿပီး ကေလးေတြကဖြင့္ပြဲၿပီးတာနဲ႔ေက်ာင္းျပန္ၿပီး ျပင္ဆင္ေပးထားတဲ့မနက္စာကိုအဆင္သင့္စားရံုပဲ…။ ၿပီးရင္ကစားကြင္းမွာနာရီအနည္းငယ္ေလာက္သူငယ္ခ်င္းေတြနဲ႔ေျပးလႊားေဆာ့ကစားက်ေပါ့…တနဂၤေႏြေန႔ျဖစ္တဲ့အတြက္ ေက်ာင္းေတြပိတ္ေတာ့ စာလုပ္စရာမရွိဘူးေလ…တကယ္ကိုေရကန္အသင့္ၾကာအတင့္ျဖစ္ေနေတာ့တာပဲ။
မနက္စာကိုဝက္ေပါင္ေျခာက္သား ဝက္အူေခ်ာင္းေတြနဲ႔ေကြ်းေမြးဧည့္ခံမယ္ဆိုတဲ့သတင္းကလည္း ပြဲေတာ္မေရာက္ခင္တည္းက ပလူပ်ံေနၿပီ… ဒီသတင္းေတြၾကားၿပီး ကြ်န္မအတြက္ပြဲေတာ္ေန႔မွာသံုးေဆာင္ရမယ့္မနက္စာဟာ အေကာင္းဆံုးမနက္စာတစ္နပ္ျဖစ္လာမွာပဲဆိုတာေျပာစရာေတာင္မလိုေတာ့ဘူး။ တစ္သက္နဲ႔တစ္ကိုယ္လက္နဲ႔ေတာင္ မတို႔ခဲ့ မထိခဲ့ဘူးတဲ့အစားအေသာက္ေတြကို စားရေတာ့မယ္ဆိုတာ ၾကက္ကန္းဆန္အိုးတိုးတဲ့အတိုင္းပဲ။
ေမြးစားအေမကအေတာ္ေလးၾကာမွ တစ္ခါေလာက္ ဒီလိုအစားအေသာက္ေကာင္းေတြကိုေၾကာ္ခ်က္တတ္တယ္… အနံ႔က အေတာ္ေမႊးၿပီးအရသာအရမ္းရွိမယ့္အနံ႔မ်ိဳး… အဲ့ဒီအခ်ိန္မ်ိဳးမွာကြ်န္မကစားခြင့္ရဖို႔ေတာင္းဆိုရင္ "မစားရဘူး ကေလးေတြနဲ႔မတည့္ဘူး" စတဲ့အေၾကာင္းအရာေတြနဲ႔စကားလမ္းလႊဲသြားတာခ်ည္း။ သူမကိုယ္တိုင္ကေတာ့ဆီရႊဲရႊဲစိုေနတဲ့ဝက္ေပါင္ေျခာက္သားေတြကို လက္မနဲ႔လက္ညိဳးႏွစ္ဖက္ညွပ္ၿပီး အားရပါးရစားေနတာ ဆီစက္ေတြကသူမရဲ႕ႀကီးမားတဲ့သားျမတ္ေတြေပၚေတာင္စီးက်ေနၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ကြ်န္မ မစားရတာကမစားရတာပဲ…။
ပြဲေတာ္ေန႔မေရာက္ခင္ရက္အနည္းငယ္အလိုေလာက္မွာ ကြ်န္မတို႔အိမ္ကိုအသင္းေတာ္ဝင္ဘုန္းေတာ္ႀကီးတစ္ေယာက္အထုတ္ႀကီးႀကီးတစ္ထုတ္နဲ႔ေပါက္ခ်လာတယ္…သူေျပာတာအဲ့ဒီအထုတ္ကကြ်န္မအတြက္တဲ့။ ေနာက္ေတာ့သူက ေမြးစားအေမနဲ႔ကြ်န္မေရွ႕မွာတင္အထုပ္ကိုဖြင့္ျပတယ္… အထုပ္ထဲကထြက္လာတဲ့အရာကိုၾကည့္ၿပီး ကြ်န္မေလအံ့ၾသလြန္းလို႔ ဘုရားတမိတယ္။
ဘုရားေရ…တကယ္ကိုလက္ရာေျမာက္ၿပီးႏူးညံ့သိမ္ေမြ႔ျခင္းအသြင္ကိုေဆာင္တဲ့အျဖဴေရာင္ဝတ္စံုေလး…ျဖဴတာမွအစြန္းအထင္းတစ္စက္မွမရွိတဲ့အျဖဴထည္ေလး…လွရက္လိုက္တာလည္းလြန္ပါေလေရာ…။ ဘုန္းေတာ္ႀကီးက အဲ့ဒီဝတ္စံုကို ကြ်န္မဆီကမ္းေပးၿပီး
"အဲ့ဒါ Cork ကမင္းရဲ႕အေဒၚသီလရွင္ေတြေပးလိုက္တာ" လို႔ေျပာတယ္။
ဘုန္းေတာ္ႀကီးေျပာတဲ့ "အေဒၚသီလရွင္ေတြ" ဆိုသူကိုကြ်န္မ မသိဘူး။ အဲ့ဒီအခ်ိန္မွာ ကြ်န္မေခါင္းထဲဝင္လာတာက ကြ်န္မအခ်ိန္မွန္မွန္မသြားျဖစ္တဲ့ ခရစ္ယာန္သီလရွင္ေက်ာင္းက ဆရာမေတြပဲ… သူတို႔ကလြဲၿပီးအျခားသီလရွင္ေတြကို ကြ်န္မမွမသိတာ။ ဝတ္စံုကသစ္လြင္ေတာက္ပေနၿပီး ဘဝမွာျမင္ဖူးသမ်ွထဲ အလွဆံုးဝတ္စံုလို႔ေျပာလို႔ရတယ္။
"ဒါကြ်န္မအတြက္လား?"
"ဒါကမင္းရဲ႕ ဘာသာေရးအခမ္းအနားဝတ္စံုေလ… မင္းဟာပဲေပါ့"
ေပ်ာ္လြန္းလို႔ ကြ်န္မခႏၶာကိုယ္တစ္ခုလံုးက ေလေပၚေျမာက္တက္ေတာ့မယ့္အတိုင္းပဲ။ ႀကီးက်ယ္ခမ္းနားတဲ့ေန႔ရက္အတြက္ ဝတ္ရမယ့္ဝတ္စံုအသစ္ေလး ကြ်န္မမွာရွိခဲ့ၿပီ။ ေနာက္ဆံုးေတာ့ ဘုရားသခင္က ကြ်န္မဆုေတာင္းေတြကိုျဖည့္ဆည္းေပးခဲ့တာပဲ။ အိုး… ေပ်ာ္လိုက္တာ။
(ဒီၾကားထဲမွာေတာ္ေတာ္ေလးေပ်ာက္သြားလို႔ေတာင္းပန္ပါတယ္ရွင္😁 စာေရးသူရဲ႕အိမ္တြင္းေရးအေျခအေနသိပ္မေကာင္းတာရယ္ အေမရဲ႕က်န္းမာေရးအေျခအေနေတြရယ္ တျခား Project ေလးေတြလုပ္စရာရွိေနတာေၾကာင့္ရယ္နဲ႔ဆိုေတာ့ စာေရးဖို႔ကိုစိတ္မေရာက္ဘူးျဖစ္ေနတာ။ အခုေတာ့ျပန္လာပါၿပီ😁။ P.s. ဒီစာအုပ္ေလးကတကယ္ေကာင္းတဲ့စာအုပ္ေလးပါ။ ညီမလည္းအတတ္ႏိုင္ဆံုး အေကာင္းဆံုးျဖစ္ေအာင္ဘာသာျပန္ေပးပါ့မယ္။ အကယ္၍ မွားယြင္းမႈတစ္စံုတစ္ရာရွိခဲ့ရင္လည္း အသိေပးဖို႔နဲ႔ ခြင့္လႊတ္ဖို႔ကို ဒီကေနႀကိဳၿပီးေမတၱာရပ္ခံခ်င္ပါတယ္ရွင္။
အခ်စ္မ်ားစြာျဖင့္
Lucifer)
Unicode
ပွဲတော်ကိုတနင်္ဂနွေနေ့မနက်အစောပိုင်းမှာဘာသာရေးသံစုံတီးဝိုင်းနဲ့စတင်ဖွင့်လှစ်လေ့ရှိပြီး ကလေးတွေကဖွင့်ပွဲပြီးတာနဲ့ကျောင်းပြန်ပြီး ပြင်ဆင်ပေးထားတဲ့မနက်စာကိုအဆင်သင့်စားရုံပဲ…။ ပြီးရင်ကစားကွင်းမှာနာရီအနည်းငယ်လောက်သူငယ်ချင်းတွေနဲ့ပြေးလွှားဆော့ကစားကျပေါ့…တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ကျောင်းတွေပိတ်တော့ စာလုပ်စရာမရှိဘူးလေ…တကယ်ကိုရေကန်အသင့်ကြာအတင့်ဖြစ်နေတော့တာပဲ။
မနက်စာကိုဝက်ပေါင်ခြောက်သား ဝက်အူချောင်းတွေနဲ့ကျွေးမွေးဧည့်ခံမယ်ဆိုတဲ့သတင်းကလည်း ပွဲတော်မရောက်ခင်တည်းက ပလူပျံနေပြီ… ဒီသတင်းတွေကြားပြီး ကျွန်မအတွက်ပွဲတော်နေ့မှာသုံးဆောင်ရမယ့်မနက်စာဟာ အကောင်းဆုံးမနက်စာတစ်နပ်ဖြစ်လာမှာပဲဆိုတာပြောစရာတောင်မလိုတော့ဘူး။ တစ်သက်နဲ့တစ်ကိုယ်လက်နဲ့တောင် မတို့ခဲ့ မထိခဲ့ဘူးတဲ့အစားအသောက်တွေကို စားရတော့မယ်ဆိုတာ ကြက်ကန်းဆန်အိုးတိုးတဲ့အတိုင်းပဲ။
မွေးစားအမေကအတော်လေးကြာမှ တစ်ခါလောက် ဒီလိုအစားအသောက်ကောင်းတွေကိုကြော်ချက်တတ်တယ်… အနံ့က အတော်မွှေးပြီးအရသာအရမ်းရှိမယ့်အနံ့မျိုး… အဲ့ဒီအချိန်မျိုးမှာကျွန်မကစားခွင့်ရဖို့တောင်းဆိုရင် "မစားရဘူး ကလေးတွေနဲ့မတည့်ဘူး" စတဲ့အကြောင်းအရာတွေနဲ့စကားလမ်းလွှဲသွားတာချည်း။ သူမကိုယ်တိုင်ကတော့ဆီရွှဲရွှဲစိုနေတဲ့ဝက်ပေါင်ခြောက်သားတွေကို လက်မနဲ့လက်ညိုးနှစ်ဖက်ညှပ်ပြီး အားရပါးရစားနေတာ ဆီစက်တွေကသူမရဲ့ကြီးမားတဲ့သားမြတ်တွေပေါ်တောင်စီးကျနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မ မစားရတာကမစားရတာပဲ…။
ပွဲတော်နေ့မရောက်ခင်ရက်အနည်းငယ်အလိုလောက်မှာ ကျွန်မတို့အိမ်ကိုအသင်းတော်ဝင်ဘုန်းတော်ကြီးတစ်ယောက်အထုတ်ကြီးကြီးတစ်ထုတ်နဲ့ပေါက်ချလာတယ်…သူပြောတာအဲ့ဒီအထုတ်ကကျွန်မအတွက်တဲ့။ နောက်တော့သူက မွေးစားအမေနဲ့ကျွန်မရှေ့မှာတင်အထုပ်ကိုဖွင့်ပြတယ်… အထုပ်ထဲကထွက်လာတဲ့အရာကိုကြည့်ပြီး ကျွန်မလေအံ့သြလွန်းလို့ ဘုရားတမိတယ်။
ဘုရားရေ…တကယ်ကိုလက်ရာမြောက်ပြီးနူးညံ့သိမ်မွေ့ခြင်းအသွင်ကိုဆောင်တဲ့အဖြူရောင်ဝတ်စုံလေး…ဖြူတာမှအစွန်းအထင်းတစ်စက်မှမရှိတဲ့အဖြူထည်လေး…လှရက်လိုက်တာလည်းလွန်ပါလေရော…။ ဘုန်းတော်ကြီးက အဲ့ဒီဝတ်စုံကို ကျွန်မဆီကမ်းပေးပြီး
"အဲ့ဒါ Cork ကမင်းရဲ့အဒေါ်သီလရှင်တွေပေးလိုက်တာ" လို့ပြောတယ်။
ဘုန်းတော်ကြီးပြောတဲ့ "အဒေါ်သီလရှင်တွေ" ဆိုသူကိုကျွန်မ မသိဘူး။ အဲ့ဒီအချိန်မှာ ကျွန်မခေါင်းထဲဝင်လာတာက ကျွန်မအချိန်မှန်မှန်မသွားဖြစ်တဲ့ ခရစ်ယာန်သီလရှင်ကျောင်းက ဆရာမတွေပဲ… သူတို့ကလွဲပြီးအခြားသီလရှင်တွေကို ကျွန်မမှမသိတာ။ ဝတ်စုံကသစ်လွင်တောက်ပနေပြီး ဘဝမှာမြင်ဖူးသမျှထဲ အလှဆုံးဝတ်စုံလို့ပြောလို့ရတယ်။
"ဒါကျွန်မအတွက်လား?"
"ဒါကမင်းရဲ့ ဘာသာရေးအခမ်းအနားဝတ်စုံလေ… မင်းဟာပဲပေါ့"
ပျော်လွန်းလို့ ကျွန်မခန္ဓာကိုယ်တစ်ခုလုံးက လေပေါ်မြောက်တက်တော့မယ့်အတိုင်းပဲ။ ကြီးကျယ်ခမ်းနားတဲ့နေ့ရက်အတွက် ဝတ်ရမယ့်ဝတ်စုံအသစ်လေး ကျွန်မမှာရှိခဲ့ပြီ။ နောက်ဆုံးတော့ ဘုရားသခင်က ကျွန်မဆုတောင်းတွေကိုဖြည့်ဆည်းပေးခဲ့တာပဲ။ အိုး… ပျော်လိုက်တာ။
(ဒီကြားထဲမှာတော်တော်လေးပျောက်သွားလို့တောင်းပန်ပါတယ်ရှင်😁 စာရေးသူရဲ့အိမ်တွင်းရေးအခြေအနေသိပ်မကောင်းတာရယ် အမေရဲ့ကျန်းမာရေးအခြေအနေတွေရယ် တခြား Project လေးတွေလုပ်စရာရှိနေတာကြောင့်ရယ်နဲ့ဆိုတော့ စာရေးဖို့ကိုစိတ်မရောက်ဘူးဖြစ်နေတာ။ အခုတော့ပြန်လာပါပြီ😁။ P.s. ဒီစာအုပ်လေးကတကယ်ကောင်းတဲ့စာအုပ်လေးပါ။ ညီမလည်းအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ဘာသာပြန်ပေးပါ့မယ်။ အကယ်၍ မှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့ရင်လည်း အသိပေးဖို့နဲ့ ခွင့်လွှတ်ဖို့ကို ဒီကနေကြိုပြီးမေတ္တာရပ်ခံချင်ပါတယ်ရှင်။
အချစ်များစွာဖြင့်
Lucifer)
Fighting 💪 ဆက်ရေးပေးပါဦး
reply💓
😘💗
ဆက္တင္ေပးပါဦး🙄
😁💜