book

Index 2

နိဒါန္း ၁

  • Author : Lucifer
  • Genres : Biography, Psychology
  • Original Author : Celine Roberts

Zawgyi


1956 ခုႏွစ္ ေမလမွာျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္က ကြ်န္မအတြက္အေတာ္ေလးကိုထိတ္လန္႔ေၾကာက္ရြံ႕ေစခဲ့တဲ့အျဖစ္အပ်က္တစ္ခုပါပဲ။ အဲ့ဒီႏွစ္ကကြ်န္မအသက္ခုနစ္ႏွစ္ျပည့္ၿပီ။ ပထမဆံုးအႀကိမ္အျဖစ္ခရစ္ေတာ္၏သန္႔စင္မြန္ျမတ္ေသာ ဘာသာေရးအခမ္းအနားပြဲေတာ္ကိုတက္ေရာက္ရေတာ့မွာမို႔လို႔ ကြ်န္မအေတာ္ေလးစိတ္လႈပ္ရွားေနမိတယ္။


ေက်ာင္းက ကေလးေတာ္ေတာ္မ်ားမ်ားလည္းကြ်န္မလိုပါပဲ… ပြဲေတာ္ကိုတက္ေရာက္ဖို႔အေတာ္ေလးစိတ္ေစာေနက်ၿပီ။ ကြ်န္မရဲ႕ေမြးစားအေမကေတာင္ ဒီလိုပြဲေတာ္ႀကီးကိုလက္လြတ္မခံဖို႔ တဖြဖြေျပာၿပီးေန႔တိုင္းသတိေပးေနေတာ့တာ ပြဲေတာ္ေန႔ေရာက္တဲ့အခ်ိန္အထိပါပဲ။ အနည္းဆံုးေတာ့သူကကြ်န္မရဲ႕ဘာသာေရးဆိုင္ရာအသိပညာနဲ႔ပတ္သက္ၿပီး အေတာ္ေလးဂရုစိုက္တယ္လို႔လူထင္ခံရႏိုင္တယ္ေလ… တစ္နည္းေျပာရရင္လူအထင္ႀကီးခံရေအာင္ေပါ့… တျခားလူေတြရဲ႕အျမင္မွာသူဟာကေလးတစ္ေယာက္ရဲ႕ဘာသာေရးအသိပညာကိုအေတာ္ေလး အေလးေပးတဲ့မိခင္ေကာင္းတစ္ေယာက္လို႔ထင္ျမင္ေစခ်င္ေနတာ။


ပြဲေတာ္မေရာက္ခင္မွာ ဆုေတာင္းစာအသစ္ေတြကိုက်က္စာေတြလိုမ်ိဳး ကြ်န္မတို႔ၿငီးေငြ႔ေနေအာင္သင္ယူရတယ္။  လက္ေတြ႔လုပ္ရတာဆိုလို႔ဘုရားေက်ာင္းရဲ႕ေလ်ွာက္လမ္းေပၚမွာဘယ္လိုလမ္းေလ်ွာက္ရမလဲဆိုတာေတြ…ေနာက္ေတာ့ယဇ္ပူေဇာ္တဲ့စင္ေရွ႕မွာဒူးေထာက္ၿပီး ဘုန္းေတာ္ႀကီးဆီကအခမ္းအနား၏သန္႔စင္မြန္ျမတ္ေသာေရၾကည္ကိုလက္ခံယူပံုယူနည္းေတြ…အမ်ိဳးစံုပါပဲ။


ၿပီးေတာ့အေရးႀကီးဆံုးတစ္ခုရွိေသးတယ္… အဲ့ဒါကပြဲေတာ္ကိုတက္ေရာက္မယ့္လူေတြအားလံုး ဝတ္ေကာင္းစားလွေတြဝတ္ဆင္လာက်မွာ!


မိန္းကေလးေတြဆိုဘယ္ေျပာေကာင္းမလဲ…

ပြဲေတာ္မေရာက္ခင္တလေလာက္အလိုတည္းကကို အကၤ်ီဒီဇိုင္းေရြးေနက်ၿပီ…။ ခြ်င္းခ်က္အေနနဲ႔သူတို႔ဘယ္ေလာက္ပဲဒီဇိုင္းေရြးေရြး အေရာင္ကေတာ့စြတ္စြတ္ျဖဴတာကိုပဲဝတ္ရမွာေလ။

ဆိုေတာ့…ကြ်န္မလိုအၿမဲတမ္းအက်ေတြပဲဝတ္ရတဲ့ ဆင္းရဲသားတစ္ေယာက္…ေက်ာင္းယူနီေဖာင္းေတာင္မဝတ္ႏိုင္တဲ့လူတစ္ေယာက္က ဘယ္လိုလုပ္ၿပီးအျဖဴေဖြးေဖြးသန္႔သန္႔အဝတ္အစားကိုဝတ္ဖို႕ေတြးရဲမွာလဲ။


ဒါေပမယ့္လည္းကြ်န္မအရဲစြန္႔ၿပီးေတာ့ေမြးစားအေမကိုေမးၾကည့္လိုက္ေသးတယ္။ သူကေတာ့ "ရမွာေပါ့ကေလးရယ္…ရေစရပါမယ္" လို႔ပဲေလသံေအးေအးနဲ႔ျပန္ေျဖရွာတယ္။ ေျပာရရင္ သူ႕စကားေတြကိုကြ်န္မမယံုဘူး…ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္မဝတ္ဖို႔အက်ီၤအက်ေတြ ရွဴးဖိနပ္အက်ေတြကိုေတာင္ Limerick ကဆိုင္တစ္ဆိုင္မွာကိုယ္တိုင္ယူေနရတာ…အေမကဒါေတြကိုအေရးလုပ္ဖို႔ေဝးစြ စိတ္ထဲထားပံုေတာင္မေပၚပါဘူး။ ပြဲေတာ္ေန႔အတြက္အက်ီၤအျဖဴဝတ္ဆင္ရမယ္ဆိုတာ သူ႔စိတ္ထဲသိပ္ၿပီးအေရးပါတဲ့အရာတစ္ခုမဟုတ္သလိုပဲ…။ ဒါေပမယ့္ကြ်န္မအေနနဲ႔ဆိုရင္ေတာ့မတူႏိုင္ဘူးေလ…တစ္ခါတစ္ေလမွာလူေတြကသူ႔တို႔ကိုယ္တိုင္မလိုအပ္ဘူးလို႔ထင္ေနတဲ့အရာေတြက တျခားလူေတြအတြက္အေရးပါတဲ့အရာျဖစ္ေကာင္းျဖစ္ေနႏိုင္တယ္။


အဲ့ဒီအခ်ိန္မွာခုနစ္ႏွစ္အရြယ္ကေလးတစ္ေယာက္ရဲ႕ဦးေႏွာက္အေနနဲ႔ကြ်န္မစဥ္းစားႏိုင္တာကဘုရားသခင္ဆီအပူကပ္ဖို႔ပါပဲ…

ကြ်န္မဘယ္ေလာက္ေတာင္ဝတ္စံုအျဖဴေလးကိုတမ္းတရေၾကာင္း အျခားမိန္းကေလးေတြနဲ႔မတူပဲအေရာင္ေမွးမွိန္စြာနဲ႔ပြဲတက္ၿပီးအပယ္ခံျဖစ္ရမယ့္အေၾကာင္းေတြကိုကြ်န္မမည္မ်ွမလိုလားေၾကာင္းစတဲ့အၾကာင္းေတြကို ဘုရားသခင္ေရွ႕ဒူးတုတ္ၿပီးအႀကိမ္ႀကိမ္ရင္ဖြင့္မိတယ္။ အနည္းဆံုးေတာ့ဘုရားသခင္ၾကားသိေကာင္းၾကားသိႏိုင္ၿပီး သနားဂရုဏာသက္ေသာအားျဖင့္ကြ်န္မကိုဆုမြန္ေတြခ်ီးျမွင့္ႏိုင္ေသးတယ္ေလ။


Unicode


1956 ခုနှစ် မေလမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်က ကျွန်မအတွက်အတော်လေးကိုထိတ်လန့်ကြောက်ရွံ့စေခဲ့တဲ့အဖြစ်အပျက်တစ်ခုပါပဲ။ အဲ့ဒီနှစ်ကကျွန်မအသက်ခုနစ်နှစ်ပြည့်ပြီ။ ပထမဆုံးအကြိမ်အဖြစ်ခရစ်တော်၏သန့်စင်မွန်မြတ်သော ဘာသာရေးအခမ်းအနားပွဲတော်ကိုတက်ရောက်ရတော့မှာမို့လို့ ကျွန်မအတော်လေးစိတ်လှုပ်ရှားနေမိတယ်။


ကျောင်းက ကလေးတော်တော်များများလည်းကျွန်မလိုပါပဲ… ပွဲတော်ကိုတက်ရောက်ဖို့အတော်လေးစိတ်စောနေကျပြီ။ ကျွန်မရဲ့မွေးစားအမေကတောင် ဒီလိုပွဲတော်ကြီးကိုလက်လွတ်မခံဖို့ တဖွဖွပြောပြီးနေ့တိုင်းသတိပေးနေတော့တာ ပွဲတော်နေ့ရောက်တဲ့အချိန်အထိပါပဲ။ အနည်းဆုံးတော့သူကကျွန်မရဲ့ဘာသာရေးဆိုင်ရာအသိပညာနဲ့ပတ်သက်ပြီး အတော်လေးဂရုစိုက်တယ်လို့လူထင်ခံရနိုင်တယ်လေ… တစ်နည်းပြောရရင်လူအထင်ကြီးခံရအောင်ပေါ့… တခြားလူတွေရဲ့အမြင်မှာသူဟာကလေးတစ်ယောက်ရဲ့ဘာသာရေးအသိပညာကိုအတော်လေး အလေးပေးတဲ့မိခင်ကောင်းတစ်ယောက်လို့ထင်မြင်စေချင်နေတာ။


ပွဲတော်မရောက်ခင်မှာ ဆုတောင်းစာအသစ်တွေကိုကျက်စာတွေလိုမျိုး ကျွန်မတို့ငြီးငွေ့နေအောင်သင်ယူရတယ်။  လက်တွေ့လုပ်ရတာဆိုလို့ဘုရားကျောင်းရဲ့လျှောက်လမ်းပေါ်မှာဘယ်လိုလမ်းလျှောက်ရမလဲဆိုတာတွေ…နောက်တော့ယဇ်ပူဇော်တဲ့စင်ရှေ့မှာဒူးထောက်ပြီး ဘုန်းတော်ကြီးဆီကအခမ်းအနား၏သန့်စင်မွန်မြတ်သောရေကြည်ကိုလက်ခံယူပုံယူနည်းတွေ…အမျိုးစုံပါပဲ။


ပြီးတော့အရေးကြီးဆုံးတစ်ခုရှိသေးတယ်… အဲ့ဒါကပွဲတော်ကိုတက်ရောက်မယ့်လူတွေအားလုံး ဝတ်ကောင်းစားလှတွေဝတ်ဆင်လာကျမှာ!


မိန်းကလေးတွေဆိုဘယ်ပြောကောင်းမလဲ…

ပွဲတော်မရောက်ခင်တလလောက်အလိုတည်းကကို အင်္ကျီဒီဇိုင်းရွေးနေကျပြီ…။ ချွင်းချက်အနေနဲ့သူတို့ဘယ်လောက်ပဲဒီဇိုင်းရွေးရွေး အရောင်ကတော့စွတ်စွတ်ဖြူတာကိုပဲဝတ်ရမှာလေ။

ဆိုတော့…ကျွန်မလိုအမြဲတမ်းအကျတွေပဲဝတ်ရတဲ့ ဆင်းရဲသားတစ်ယောက်…ကျောင်းယူနီဖောင်းတောင်မဝတ်နိုင်တဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီးအဖြူဖွေးဖွေးသန့်သန့်အဝတ်အစားကိုဝတ်ဖို့တွေးရဲမှာလဲ။


ဒါပေမယ့်လည်းကျွန်မအရဲစွန့်ပြီးတော့မွေးစားအမေကိုမေးကြည့်လိုက်သေးတယ်။ သူကတော့ "ရမှာပေါ့ကလေးရယ်…ရစေရပါမယ်" လို့ပဲလေသံအေးအေးနဲ့ပြန်ဖြေရှာတယ်။ ပြောရရင် သူ့စကားတွေကိုကျွန်မမယုံဘူး…ဘာကြောင့်လဲဆိုတော့ ကျွန်မဝတ်ဖို့အကျီၤအကျတွေ ရှူးဖိနပ်အကျတွေကိုတောင် Limerick ကဆိုင်တစ်ဆိုင်မှာကိုယ်တိုင်ယူနေရတာ…အမေကဒါတွေကိုအရေးလုပ်ဖို့ဝေးစွ စိတ်ထဲထားပုံတောင်မပေါ်ပါဘူး။ ပွဲတော်နေ့အတွက်အကျီၤအဖြူဝတ်ဆင်ရမယ်ဆိုတာ သူ့စိတ်ထဲသိပ်ပြီးအရေးပါတဲ့အရာတစ်ခုမဟုတ်သလိုပဲ…။ ဒါပေမယ့်ကျွန်မအနေနဲ့ဆိုရင်တော့မတူနိုင်ဘူးလေ…တစ်ခါတစ်လေမှာလူတွေကသူ့တို့ကိုယ်တိုင်မလိုအပ်ဘူးလို့ထင်နေတဲ့အရာတွေက တခြားလူတွေအတွက်အရေးပါတဲ့အရာဖြစ်ကောင်းဖြစ်နေနိုင်တယ်။


အဲ့ဒီအချိန်မှာခုနစ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ဦးနှောက်အနေနဲ့ကျွန်မစဉ်းစားနိုင်တာကဘုရားသခင်ဆီအပူကပ်ဖို့ပါပဲ…

ကျွန်မဘယ်လောက်တောင်ဝတ်စုံအဖြူလေးကိုတမ်းတရကြောင်း အခြားမိန်းကလေးတွေနဲ့မတူပဲအရောင်မှေးမှိန်စွာနဲ့ပွဲတက်ပြီးအပယ်ခံဖြစ်ရမယ့်အကြောင်းတွေကိုကျွန်မမည်မျှမလိုလားကြောင်းစတဲ့အကြာင်းတွေကို ဘုရားသခင်ရှေ့ဒူးတုတ်ပြီးအကြိမ်ကြိမ်ရင်ဖွင့်မိတယ်။ အနည်းဆုံးတော့ဘုရားသခင်ကြားသိကောင်းကြားသိနိုင်ပြီး သနားဂရုဏာသက်သောအားဖြင့်ကျွန်မကိုဆုမွန်တွေချီးမြှင့်နိုင်သေးတယ်လေ။


rate now:

3 Reviews
  • reader ye moe aung 16.10.2020, 09:13 5

    Nice

    reply

  • reader HsuThitsarLwin 28.08.2020, 05:39 5

    👍

    author Lucifer 29.08.2020, 03:12

    😗🙆

  • reader HeinNayZaw 27.08.2020, 15:42 5

    👍

    author Lucifer 29.08.2020, 03:12

    😗🙆