book

Index 1

About the book

  • Author : Lucifer
  • Genres : Biography, Psychology
  • Original Author : Celine Roberts

အသက်ငါးလသားအရွယ်တည်းကမိခင်ရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီး သူမအသက်ခုနစ်နှစ်ပြည့်တွင်ပထမဆုံးတက်ရောက်ရတဲ့ခရစ်တော်၏ဘာသာရေးအခမ်းအနားပွဲတော်နေ့မှာ အတင်းအဓမ္မကျင့်ခံခဲ့ရတဲ့ကောင်မလေး Celine Roberts


လူတွေက "မင်းကိုဘယ်သူမှမလိုချင်ဘူး" လို့ပြောတဲ့အခါ လက်ခံရုံမှတစ်ပါးပြန်လည်ချေပပြောဆိုနိုင်စွမ်းမရှိတဲ့ကလေးငယ်တစ်ယောက်…


တရားမဝင်ကလေး…အစွန့်ပစ်ခံကလေးတစ်ယောက်ဖြစ်တဲ့ Celine Roberts…


မွေးစားမိခင်က Celine ၏ခန္ဓာကိုယ်ကိုအသုံးပြုပြီး ငွေရှာဖို့ကြိုးစားလာခဲ့တာကြောင့် မလွန်ဆန်နိုင်စွာနဲ့ နင်းခြေခံခဲ့ရတဲ့ပန်းလေးတစ်ပွင့်…


ခန္ဓာကိုယ်တွင်းရှိအရိုးများကျိုးကာ သွေးတွေစီးကျလာတဲ့အချိန်ထိ ရက်စက်စွာပြုမူခံခဲ့ရပြီး အကူအညီကင်းမဲ့နေခဲ့တဲ့သူမ…


အရွယ်နဲ့မလိုက်တဲ့နာကျင်မှုတွေ

အနက်ရှိုင်းဆုံးသောစိတ်ဒဏ်ရာတွေကိုမျိုသိပ်ရင်း

မျှော်လင့်ချက်တွေကင်းမဲ့နေတဲ့ကောင်မလေး…

ကူကယ်ရာမဲ့နေတဲ့ခံစားချက်တွေကို ရင်ဖွင့်ပြောဆိုဖို့တောင်အဖော်မရှိခဲ့တဲ့ Celine တစ်ယောက်ဒဏ်ရာတွေကိုဘယ်လိုကုစားရင်း ကြိုးစားပြီးအသက်ရှင်သန်နေထိုင်သွားမလဲဆိုတာကိုဖော်ပြထားပြီး ဖြစ်ရပ်မှန်ပေါ်အခြေခံရေးသားထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ 


(Note:ဒီစာအုပ်ထဲကအဖြစ်အပျက်တွေကစာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေဖြစ်ပြီး စိတ်ကူးယဉ်ရေးသားထားခြင်းမျိုးမဟုတ်ပါဘူး။)


rate now:

2 Reviews
  • reader HsuThitsarLwin 28.08.2020, 05:38 5

    👏

    reply

  • reader HeinNayZaw 27.08.2020, 15:45 5

    💯

    reply