ဘဝမှာရွေးချယ်စရာတွေ အရေးတကြီးကိစ္စတွေကို ဆုံးဖြတ်ချက်ချရသည့်အခါတိုင်း သူ့ကိုယ်သူ ပြန်မေးမိတာက" ငါတကယ် လိုချင်တာ အမှန်တကယ်ဖြစ်ချင်တာ ဟုတ်ရဲ့လား" ဆိုတယ့်မေးခွန်း။ ထိုမေးခွန်းကို သူ သေသေချာချာဖြေနိုင်ပြီဆိုလျှင်တော့ သူလျှောက်မယ့် လမ်းရှေ့မှာ ဘယ်လိုပင်ခက်ခဲကြမ်းတမ်းလာပါစေ ရအောင်ကျော်လွှားသွားခဲ့သည်ချည်းပင်။ဘယ်တော့မှလည်း လက်မလျော့ဖူးခဲ့။ သူ နဲ့ မတွေ့ခင်ကအထိ သူ့သမိုင်းကို ဒီအတိုင်းသူ ရေးနိုင်ခဲ့တာဖြစ်သည်။
¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
ဒီနေ့မနက်ခင်းထဲက သူမ နှုတ်ဆိတ်နေသည်။သူကလည်း လိုအပ်လွန်းမက လိုအပ်မှသာ သူမကိုစကားပြောဖြစ်သည်။
ကိုခန့်ကတော့ အရင်လိုပဲ သူ့ laptop နဲ့သူ ငြိမ်သက်စွာအလုပ်လုပ်နေခဲ့၏။ အခန်းထဲမှာ လူသုံးယောက်လုံးရှိနေသည့်တိုင် စာရွက်လှန်သံ computer ရိုက်သံကသာ မင်းမူနေသည်။
ထိုသို့ရှိနေဆဲ သူမ ဖုန်းမှ အသံထမြည်လာလေသည်။
"ဟယ်လို"
"မမေခလားအမ"
"ဟုတ်ပါတယ် မေခ ပြောနေတာပါရှင့်"
"အမတနေ့ကပြောထားတယ့် way bill no (- - -) ကိစ္စလေးပြောချင်လို့ပါအမ"
"ပြောလေ ညီမလေး"
"ညီမတို့ မန္တလေး ရုံးခွဲနဲ့ ခုဏတင်အဆက်အသွယ်ရတယ် အမရေ သူတို့ဘက်က ငွေစာရင်းမှာသွင်းထားတာက ၁၁၀၀၀ ပဲလို့ပြောတယ်အမ။အဲ့ဒါလေးလှမ်းအကြောင်းကြားတာ"
"ခဏလေးနော် ညီမလေး အကြောင်းကြားတာဆိုတော့ အမတို့က အဲ့ဒီငွေလိုနေတာကိုအခုအတိုင်း လက်ခံပေးဖို့လို့ ဆိုလိုချင်တာလား"
သူကတော့ သူမဖုန်းကနေ လျှံထွက်လာနေတယ့်အသံကိုသာနားစိုက်ထားဖြစ်ရင်း သူမကိုလည်း အကဲခတ်မိသွားသည်။မျက်လုံးတွေက အရောင်တလက်လက်တောက်နေလျက် နှုတ်ခမ်းတွေက တင်းတင်းစေ့ကာခက်ခက်ခဲခဲပြုံးနေလေသည်။
"ဟုတ်အမ ညီမတို့ကလည်း သူတို့ အပ်ထားတယ့်အတိုင်းရှင်းပေးရတာမျိုးဖြစ်နေတော့ အမတို့ဘက်က customer ကြအဲ့အတိုင်းရှင်းပေးထားတာများဖြစ်နေမလားလို့ပါ"
"ညီမလေးကို ရှေ့တရက်ကတင်အမ viber ကတဆင့်ပို့ထားတယ့် customer လက်ခံမှာ ညီမတို့ မန္တလေး ရုံးခွဲက ဝန်ထမ်းရဲ့ နာမည် လက်မှတ်တွေပါနေတာ ခုထိ မကြည့်ရသေးတာလား မသိဖူးနော်"
"ရှင် ဘယ်ပုံလဲအမ ညီမက ဒီဖုန်းနဲ့ အခုဖြစ်နေတယ့် case ကို မနက်ကမှ လွှဲယူထားရတာမို့ပါ"
"ကောင်းရော ညီမရယ် transfer လုပ်တုန်းကသေချာမရှင်းပြခဲ့ဘူးထင်တယ် ညီမရှေ့က တစ်ယောက်ကို ပြန်မေးလိုက်ပါဦးနော် ဖြစ်နိုင်ရင် ဒီနေ့ငွေရှင်းတယ့်အခါ အဲ့ဒီ စာရင်းလေးပါထည့်ပေးစေချင်တာ"
"ညီမ ပြန်စစ်ပြီး အကြောင်းပြန်လိုက်ပါ့မယ်အမ "
"ဟုတ်ကဲ့ပါ ညီမလေး"
ချိုချို သာသာဖြင့်အတတ်နိုင်ဆုံးပြောနေသည့်တိုင် ပုံမှန်ထက် အသံမာနေသည့်သူမ ဖုန်းပြောပြီးတော့ အံလေးတကြိတ်ကြိတ်ဖြစ်ကာ ဒေါသူပုန်ထနေသည်ကို သူမသိမသာစောင့်ကြည့်နေမိလေသည်။သူတို့ကိုလည်း အကျိုးအကြောင်းလာမပြောသေး။သူမ ဘာဆက်လုပ်မည်နည်း။
"မေခရေ ညီမလေး အကိုကြီးကိုဒီဖိုင်လေး print ထုတ်ပေးပါဦး"
" ရှင် ဟုတ်ကဲ့အကိုကြီး"
သူမ သွက်လက်စွာထသွားလျက် ကိုခန့်နိုင် ပြသော laptop မှဖိုင်ကိုကြည့်သည်။သေချာစွာမေးပြီးတော့ laptop ကိုယူလာ၍ ကျွန်တော့စားပွဲဘက်လျောက်လာသည်။
"ကိုတေဇ စက်က printer ကြိုးခဏသုံးပါရစေ"
"ရတယ် ယူပါ"
သူ့ computer မှာချိတ်ထားတယ့် printer ကြိုးကို ဖြုတ်၍ laptop နှင့်တွဲရင်း သူမ စာဖိုင်ထုတ်သည်။ သူ့စားပွဲပေါ်လည်းမတင်ပါပဲ လက်တစ်ဖက်ကပိုက်ထားရက်က print ထုတ်သည့်သူမ။စာရွက်က တစ်ရွက်သာထွက်လာပြီးနောက်စာရွက်တွေကြထွက်မလာပဲ printer စက်မှအချက်ပေးသံတွေသာထွက်လာသည်။ စာရွက်ညှပ်ခြင်းလား၊ printer ပျက်ခြင်းတော့မဖြစ်နိုင်ပေ။
"ဟင်"
သူမ ဆက်ထုတ်မရလေတော့ printer ကြိုးများလွတ်သွားသလားဆိုတယ့်အတွေးနဲ့ ဟိုဟိုသည်သည် လိုက်ကြည့်သည်။စက်ကို ဖွင့်ချည်ပိတ်ချည်စမ်းကြည့်သည်။error မီးအနီလေးကလင်းမြဲ လင်းဆဲ။ သူ မနေသာတော့
"ဒီကိုခဏပြ မမေခ"
"စာထုတ်နေရင်းက ဆက်ထွက်မလာတော့ဘူး ဘာဖြစ်တာလဲမသိဘူး ကိုတေဇ"
"အဲ့ဒါကြောင့်ပြပါလို့ပြောတာ"
သူ့စားပွဲပေါ် laptop ကိုတင်ပေးပြီး သူမက အနားမှာရပ်ကြည့်နေသည်။စက်မှာတော့ error မတွေ့ရသည်မို့
"Printer ကဖြစ်တာ "
သူထပြီး စားပွဲဘေးရှိ စာအုပ်ဘီရိုပုလေးပေါ်မှ printerစက်ကိုကြည့်ရသည်။သူမကပါဘေးမှ လိုက်ပါရင်းသူလုပ်နေသည်များကို စောင့်ကြည့်သည်။
"စက်ထဲမှာ စာရွက်ညှပ်နေတာ။ ပြီးတော့ ဒီမှာတွေ့လား အထဲက ကတ်ထရစ် မှာ မှင်ကုန်နေပြီဆိုတာ သတိပေးထားတာ။"
သူက printer အပေါ်ဘက်မှ အဖုံးကို ဆွဲတင်၍ အတွင်းမှ မှင်ထည့်ထားသော ကော်အလုံးလေးကို အလိုက်သင့်ဆွဲထုတ်ယူလိုက်သည်။အပြင်ဘက်သို့ထုတ်ပြီး သူမကို ဘက်မမှားစေရန်ပါ သေချာပြပေးဖြစ်သည်။
အပိုဆောင်ထားသော ကတ်ထရစ် ကိုထုတ်ယူလိုက်ပြီး
"မှင်ဖြည့်ပြီးသား အပိုတစ်ခုကို အမြဲဆောင်ထားရတယ်။အရေးကြုံချိန်မှင်သွားဖြည့်နေရမှာစိုးလို့။ဒါကို ကိုယ်တိုင်တပ်ကြည့်"
သူမ ကိုပေးတော့ လှမ်းယူရင်း စက်ထဲထည့်ရန်သူမကြိုးစား၏။
"ဘက်မမှားစေနဲ့နော် ။ပြီးတော့ လိုင်းချော်ရင် စက်ထဲက နဖားလေးတွေကျိုးကုန်မယ်"
"ဟုတ်ကဲ့ "
သူမ ကြိုးစားမှုက အရာမထင်သေး။လျောစောက်လိုင်းလေးအတိုင်း အံဝင်ခွင်ကျမဖြစ်လေတော့ ကတ်ထရစ်က လမ်းတဝက်တင် ကြပ်ကုန်လေသည်။ပြန်ဆွဲမရ ထပ်တွန်းမရနဲ့ မျက်မှောင်ကြုတ်လျက်အကြံအိုက်နေရာ
"ဒီမှာ လွဲနေတာလေ သူ့လိုင်းအတိုင်းအလိုက်သင့်ထည့်ပေးရင် ရပြီ"
ကတ်ထရစ်ကိုင်ထားသော သူမလက်ကို စိတ်မြန်လက်မြန်နဲ့ အုပ်ကိုင်ရင်း သူပြောတော့ဘာမှပြန်မပြော။အသံမကြားလို့ ဘေးကိုစောင်းငဲ့ကြည့်တော့ လက်တစ်ဖက်နောက်ပစ်ရပ်ရင်း
သူ့ကိုမော်ကြည့်နေတာနဲ့ဆုံသည်။စူးစမ်းသောအကြည့်။ဒီတော့မှ ယခုတိုင်သူမလက်ကိုဆုပ်ကိုင်ထားမိဆဲ ဆိုတာအမှတ်ရသည်။အကြည့်ချင်းအဆုံ ဖျတ်ခနဲ မျက်နှာလွှာချရင်း သူအုပ်ကိုင်ထားဆဲ သူမလက်ကိုဆွဲထုတ်ဖို့ကြိုးစားလာသည်။သနပ်ခါးပါးပါးလူးထားသည့်တိုင် ပါးပြင်တဝိုက် ခပ်ရဲရဲဖြစ်လာတယ့်သူမ။ သူမ ရှက်နေတာလား။သူမလက်ဖျားဆီက အေးစက်သည့် အထိတွေ့ကို ခံစားရသဖြင့် စိတ်လှုပ်ရှားနေသည်ကို သိသာစေသည်။ သူမလက်ကို ခပ်တင်းတင်းတစ်ချက်ဆုပ်ဖျစ်လိုက်ရင်း ခပ်တည်တည်သူမေးမိသည်။
"မှတ်မိပြီလား အခု"
"ဟုတ်ကဲ့"
သူမလည်း တည်ငြိမ်စွာပြန်ဖြေသည်။ သူ့လက်ကို လွှတ်ဖယ်ပေးလိုက်တော့ printer မှ စာရွက်ထုတ်ဖို့ရန် ကြိုးစားနေတော့သည်။ အခုလိုကျတော့ သူမက ဟန်ဆောင်ကောင်းနေပြန်သေးတော့သည်။
စာရွက်တွေရလာတော့ သူ့ စက်ကိုprinter ကြိုးပြန်တပ်ပေးရင်း စာရွက်များနှင့် laotop ကိုခန့်နိုင် ထံ သွားပေးလေသည်။ထိုအချိန်မှာပဲ သူမ စားပွဲထက်မှ ဖုန်းသံထွက်ပေါ်လာပြန်သည်။သူမ ခပ်သုတ်သုတ်လျှောက်သွားလျက်
"ဟယ်လို "
"အစ်မရေ မမေခလားရှင့်"
"ဟုတ်ပါတယ် ညီမလေး ပြောပါရှင်"
"အမ ပြတယ့်ပုံလေးကြည့်ပြီးပြီအမ။ နောက်ပြီး ညီမ မန္တလေးရုံးခွဲဘက်နဲ့ လှမ်းဆက်သွယ်လိုက်တာ အဲ့ဒီဝန်ထမ်းက အလုပ်ထွက်သွားပြီလို့သိရတယ်အမရဲ့။သူသွင်းခဲ့တယ့်စာရင်းထဲမှာတော့ တစ်သောင်းတစ်ထောင် (၁၁၀၀၀)ပဲဖြစ်နေတယ်။အဲ့ဒီအတွက် အခုငွေစာရင်းထဲမှာတော့ အဲ့ဒီတစ်စောင်စာ ပါဦးမှာမဟုတ်ဘူးအမ"
"ဟုတ်ပြီညီမလေး ဒါဆို အမတို့ကို ဘယ်တော့လောက်ထည့်ရှင်းဖြစ်မလဲ "
ဒေါသအချို့ကို ချုပ်ထိမ်းရင်းသူမ မေးသည့်အခါ
"ရက်တော့အတိအကျပြောလို့မရဘူးအမရဲ့ ညီမတို့က သူနဲ့အဆက်အသွယ်ရဖို့ကြိုးစားနေပါတယ် ခက်တာက ရုံးဧရိယာ ပြင်ပဖြစ်နေတော့ "
"အမတို့ ဘက်က စာရွက်စာတမ်းနဲ့အထောက်အထားကခိုင်လုံပေမယ့် ညီမတို့ဝန်ထမ်းက အလုပ်ကထွက်သွားလို့ မရှင်းပေးနိုင်သေးဘူးလို့ညီမ ပြောချင်တာလား"
ဒီတစ်ကြိမ်တွင်တော့ သူမ အသံက တင်းမာပြတ်သားလွန်းနေခဲ့ပြီ။ တစ်ဖက်ကလည်း မဖြေရှင်းပေးသေးပဲ အချိန်လင့်နေလေရာ
"ညီမမဆုံးဖြတ်ပေးနိုင်ဘူးဆိုရင် အမကို ရက်အတိအကျ သတ်မှတ်ပေးနိုင်တယ့် လူကြီးတစ်ယောက်ယောက်နဲ့ ပြောလို့ရအောင် ဖုန်းလွှဲပေးလိုက်ပါ ညီမလေး "
သူမ စကားအလွန်တတ်သည် ဟု သူစိတ်ထဲက ကျိတ်ချီးကျူးမိရသည်။ တောင်းဆိုသင့်ချိန်နှင့် လိုက်လျော နှိမ့်ချချိန်ကို တိပစွာ ခွဲခြားဆုံးဖြတ်နိုင်သည်လေ။
တစ်ဖက်က ဖုန်းအား လွှဲပေးပြီးနောက်ဖြစ်ပျက်ပုံအလုံးစုံအား
ပြန်ရှင်းပြရသည်။ နှစ်ခေါက်တိုင်ရှင်းပြရတော့ သူမ အတော်လည်း စိတ်ဆိုးနေပုံရလေသည်။
"ညီမတို့ အပိုင်းက လုပ်ပေးရမယ့်စာရွက်စာတမ်းအားလုံးကို
အတိအကျစစ်ဆေးပေးပြီးပြီ။တစ်ဖက်ကလည်း customer ကိုအတည်ပြုပေးပြီးပါပြီ။ဖြစ်နိုင်ရင် ဒီနေ့ငွေရှင်းရင်တစ်ပါတည်း ထည့်ပေးစေချင်တယ်"
"ခုကစာရင်းထုတ်ပြီးပြီပြောတယ်ညီမ နောက်တစ်ပတ်မှမရဖူးလား"
"မရနိုင်တာသေချာသလောက်ပဲအမရဲ့ သိတယ့်အတိုင်း finance ဌာနဆိုတာက ငွေစာရင်းလွဲတာမှန်သမျှခပ်မြန်မြန်အပ်စေချင်တာချည်းပဲလေအမ။ခုတောင် ညီမတို့က မနည်းတောင်းဆိုထားရတာပါ။ကိုယ်တွေက ဝန်ထမ်းတွေဖြစ်နေတော့ စိုက်အပ်စရာလည်းငွေပိုမရှိဘူးလေအမရဲ့"
သူမ စားပွဲမှာ ထိုင်လျက် အတည်ငြိမ်ဆုံးဖြေနေပေမယ့် အပြစ်မရှိသော ဘောပင်ခမျာ လက်ထဲမှာ လှည့်ရင်းမူးနေလောက်ရှာပြီ။
"ညီမတို့အခက်အခဲကို နားလည်ပါတယ် အမတို့ဘက်မှာကလည်း ဝန်ထမ်းက ကိုယ့်လူမဟုတ်တော့ဘူးလေကွာ အဲ့ဒီတော့ အချိန်နည်းနည်းယူရဖို့ဖြစ်နေလို့ပါ"
သူမ ရယ်သည်။ လှောင်ရယ်ခြင်းမျိုးမဟုတ်ပဲ တစ်စုံတစ်ခုကို နှစ်သက်လွန်းစွာရယ်ခြင်းမျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနိုင်သည်။ဒေါသ မျက်နှာ အတွင်းမှ လှစ်ခနဲထွက်လာသော ကလေးတစ်ယောက်ရဲ့ အပြုံးမျိုး။သူ မေ့မေ့လျော့လျော့ ငေးမိသည်။
"အမရယ် စိတ်ထဲတစ်မျိုးမထင်ပါနဲ့ ခုဏကလည်း အဲ့ဒီစကားကို ညီမ ကြားပြီးပါပြီ။တကယ်တော့လေ ညီမတို့က အမတို့အခက်အခဲကို နားမလည်လို့ ခုလိုအတင်းအကြပ်ပြောတာမဟုတ်ဘူးသိလား အမ။ ညီမလည်း ဝန်ထမ်းအချင်းချင်း ကိုယ်ချင်းစာပါတယ်။တစ်ခုပြောစရာရှိတာက ညီမတို့အနေနဲ့က အမတို့ရဲ့ အဖွဲ့ အစည်းကို ကုမ္ပဏီ ကို ယုံကြည်စိတ်ချလို့ အခုလောက်အကြာကြီးလက်တွဲလာတာလေအမ။စပြီးလက်တွဲထဲက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို စွဲပြီး ယုံပြီး အလုပ်လုပ်နေတာမှမဟုတ်တာ။သူမရှိတော့လို့ တာဝန်ယူဆောင်ရွက်ပေးဖို့ ခက်ခဲတယ် ကြာဦးမယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်သင့်ဘူးလေအမရယ် နော် ညီမတို့ကိုဒီနေ့ပဲရှင်းပေးလိုက်ပါ။တကယ်ဆို ပစ္စည်းစငွေရှင်းထဲကအခုထိဆို လုပ်ထုံးလုပ်နည်းအရကြာချိန်ပါထည့်ပေါင်းရင် တစ်လခွဲကျော်နေပြီလေအမရဲ့"
"ညီမလေးရေ အမတကယ်ခေါင်းကိုက်လာပြီ"
"လုပ်ပါအမရယ် အမက ဒီကိစ္စလောက်ကိုအလွယ်တကူဖြေရှင်းနိုင်ပါတယ်နော် "
တစ်ဖက်ကိုချော့မော့အရေးပေးရင်း သူမလိုရာ သိမ်းသွင်းပြောဆိုတတ်တယ်ပေါ့လေ။မဆိုးပါဘူး။ကိုယ့်တာဝန်ကိုယ်ယူသား။တကယ် အောင်မြင်မှုရမရ ကတော့ ငွေရပြီးမှသိမည်သာ။
"ညီရေ တေဇ အကိုခဏနေ အစည်းအဝေးသွားရမယ်။တကယ်လို့ဖုန်းလာခဲ့ရင် ကိုင်ထားပေးဦးကွ"
"ဟုတ်ကဲ့ ကိုခန့် ကျွန်တော်ကြည့်ထားလိုက်ပါ့မယ်"
ကိုခန့်နိုင်က ဖိုင်နှင့် သူ့၏laptop ယူကာ အခန်းထဲက အထွက်မှာပဲ သူမဆီကဖုန်းကထဝ်မြည်လာပြန်သည်။ ဒီတစ်ခါတော့ စိတ်တိုင်းကျသွားရော့ထင့်။အပြုံးတဝေဝေ နှင့်ကျေးဇူးစကားဆိုရင်း ဖုန်းကိုချပြီးနောက် အခန်းထဲက ထွက်လုလု ဖြစ်နေသော ကိုခန့်ကိုလှမ်းခေါ်သည်။
"အကိုကြီး ခဏ"
ကိုခန့်ကအခန်းဝနားမှလှည့်ကြည့်ရင်းထူးသော်
"Delivery က ငွေသွားထုတ်လို့ရပြီတယ့် ။ပြီးတော့ ဟိုစာရင်းအတွက်ပါ ငွေထည့်ရှင်းပေးထားတယ်"
သူ့ဘက်ကိုပါလှည့်ကြည့်ရင်းသူမက ပြောသည့်အခါ ခေါင်းညိတ်၍ သူအသိမှတ်ပြုရသည်။
"များလားညီမလေး "
"ဟုတ် သုံးဆယ့်ငါးသိန်းကျော်အကိုကြီး"
ကိုခန့်တွေးတွေးဆဆ ခဏမျှစဥ်းစားနေကာ
"ဒါဖြင့် ဒီလိုလုပ် ညီမလေးက အခု out pass card သွားထုတ်နှင့် အကိုကြီးကားစီစဥ်ပေးထားမယ်။ငွေကိုသေချာစစ်ယူခဲ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့"
သူမထွက်သွားတော့ ကိုခန့်မှာ adminကိုဖုန်းဆက်၍ကားစီစဥ်ရသည်။ကားကတော့ရှိသည်။သို့သော် ခရီးကြောင်းမောင်းသူမို့ ရုံးမှာ အရောင်းရပ်နားချိန်
ကားဆရာကခွင့်ယူထားသည်လေ။
"တေဇရေ ညီ့ကိုပဲ ပို့ခိုင်းရတော့မယ်ထင်တယ်"
"ကားဆရာ အဆင်မပြေဘူးလားကိုခန့်"
အလိုက်တသိသူမေးတော့ ခေါင်းညိတ်ပြလာသည်။
"အောက်မှာ probox ကရှိတယ် မောင်းပေးမယ့်လူ မရှိတာကွာ။အဲ့တော့ ညီက လိုက်ပို့ရင်းငွေလည်းကူစစ်ပေးခဲ့လိုက်ပေါ့ ဘယ်လိုလဲ"
သူ လက်ကနာရီကိုကြည့်တော့ဆယ့်နှစ်နာရီဖြစ်နေပြီမို့
"ထမင်းစားချိန်ရောက်နေပြီဆိုတော့ ရုံးမှာ နေ့လည်စာ စားပြီးတာနဲ့တန်းထွက်လိုက်မယ်လေ ကိုခန့်"
"ကောင်းသားပဲ ဒါဆို အကိုသွားပြီ တစ်ခုခုဆို အကိုmeeting room မှာရှိတယ် ကလေးတွေကိုလည်းမှာစရာရှိတာ မှာခဲ့လိုက်လေ"
သူခေါင်းညိတ်ပြပြီးနောက် ကိုခန့်က အခန်းထဲမှထွက်သွားလေသည်။အပြင်သို့သူပါလိုက်ထွက်ခဲ့ရင်း ထမင်းစားဆင်းရန်ပြင်နေသော မူမူနှင့်တိုးမောင်က သူထွက်လာတာမြင်တော့ မသွားကြသေးပဲရပ်တန့်နေကြသည်။
"တိုးမောင် ရော မူမူရော အကိုနဲ့မမေခ ငွေသွားသိမ်းဖို့ရှိတယ်။ကိုခန့်ကတော့ အစည်းအဝေးခန်းမှာရှိမယ် အရေးအကြောင်းကိစ္စထူးရှိရင် ဖုန်းဆက်ဖို့မမေ့နဲ့ဦး"
"ဟုတ်ကဲ့ အကိုတေဇ"
သူမှာပြီးကာရှိသေး သူမက out pass card နှင့်ပြန်ရောက်လာသည်။
"မမေခ ထမင်းစားပြီးမှသွားကြမယ် ကားဆရာတော့မရှိဘူး။ကျွန်တော်လိုက်ပို့မှာ လိုအပ်တာတွေအကုန် စစ်ယူခဲ့ဗျာ "
မျက်နှာသိသိသာသာမှုန်မှိုင်းသွားသော်လည်း ဟုတ်ကဲ့ ဟုသာဖြေ၏။
ဒါက ဘာသဘောပါလိမ့်
"ကျွန်တော်ရုံးရှေ့က ထမင်းဆိုင်မှာရှိမယ် မမေခ စားပြီးရင်ထွက်လာခဲ့လေ"
သူမပြန်ဖြေတာမစောင့်တော့ပဲသူ အခန်းထဲကထွက်လာခဲ့တော့သည်။တီကို ဆားပက်သလို တွန့်လိမ်သွားသည့်မျက်နှာထားက သူကပဲ တစ်ခုခုဖြစ်နေသလိုလို။စိတ်တိုင်းမကျမှုနှင့်အတူ လေပူတစ်ချက်မှုတ်ထုတ်မိသည်။ အောက်ထပ်ရောက်တော့ အပြင်မထွက်ခင် အကျင့်လိုဖြစ်နေတာကြောင့် အပေါ့အပါးသွားရန် အမျိုးသားအိမ်သာ ဘက်ဆီသူလျောက်ခဲ့သည်။ကိစ္စပြီးတော့ ဘေစင်ရှေ့တွင် လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောရင်း မှန်ထဲက ကိုယ့် မျက်နှာကို ကိုယ်ပြန်ကြည့်ဖြစ်ပြန်သည်။ ဖြူကော့နေသော စတစ်လက်ရှည် ကချင်ပုဆိုး နက်ပြာကွက် ဖြင့် ဆံပင်များကတော့ သပ်ရပ်စွာဖြီးထားလျက်သားပင်။မျက်နှာကြောတင်းနေတတ်တာတစ်ခုပဲ သူ အကျင့်ကြီးလိုဖြစ်နေတော့တာ။
စက်ရုံဝင်းထဲက မဖြတ်ပဲ ဘေးလမ်းဘက်မှသူအပြင်ထွက်လာခဲ့ရာ ထမင်းစားခန်းနားအရောက် အသံစူးစူးတစ်ခုကြောင့် ခြေလှမ်းတွေတန့်ကုန်သည်။
"မေခ" လို့အော်လိုက်တာ။ဟုတ်တယ် သူနားကြားမမှား
"ကျွန်မ နဲ့အစ်မ နဲ့ အဲ့လောက်မဝေးဘူးအမ စကားကိုတိုးတိုးပြောပါ။ခုဏ အမ အဲ့လောက်မကျယ်ဘူးနော်"
သူအမြန်လျောက်ရင်း ပြတင်းအပြင်မှလှမ်းကြည့်မိတော့ အော်သူက မပွင့်။နှစ်ယောက်သား ဘာဖြစ်ကြပါလိမ့်။သူမကတော့ ထမင်းစားစားပွဲမှာ ထိုင်နေရက်သားဖြင့် လည်ပြန်လှည့်စကားပြောနေတာ။မပွင့်ကတော့ ကျောချင်းကပ်စားပွဲမှာ ထိုင်ရာမှထရပ် ပြောနေခဲ့ပုံပင်။
"နင်ခုဏ က ဘာစကားပြောတာလဲ မေခ"
"အမ ဘာကိုမေးတာလဲ မူမူနဲ့ကျွန်မက ပြောနေကြတာအများကြီး"
"နင် မလိမ်နဲ့ နင်ငါ့ကို ခုဏ က ပြောလိုက်တာငါသိတယ်"
"ဒါဖြင့် ဘာပြောလဲအမ သိလား မဟုတ်တာမစွပ်စွဲပါနဲ့"
မေခက လေသံမာသည်။မပွင့်ကလည်း ဆွေ့ဆွေ့ခုန်နေဆဲ
"ငါ့ကိုနင် ချေးနဲ့နှိုင်းလိုက်တယ်လေ ဘာဗြောင်လိမ်နေတာလဲ"
အခန်းထဲက လူအားလုံးငြိမ်သက်လျက် ရန်ပွဲကိုတစေ့တစောင်းအကဲခတ်နေကြသည်။
တစ်ဖက်ကစကားကြားတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်ကာမပွင့်ဘက်ကို ထရပ်၍လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း
"ဒါဆိုရင်တော့ အမ အထင်လွဲနေတာထင်တယ်။ကျွန်မက မူမူ့ကိုပြောပြနေတာ ကျွန်မ မလုပ်တတ်တယ့်အကျင့်တွေသူ့ကိုသိအောင်ပြောပြတာ။ ဟုတ်တယ်လေ ခွေးချေးပဲဖြစ်ဖြစ် ဘာချေးပဲဖြစ်ဖြစ် မထိမိ မနင်းမိအောင် ရှောင်တယ်။အဲ့ဒါကြောက်လို့မှမဟုတ်ပဲ။
ရွံ တာ။ရွံ လို့ အနားကပ်မိမှာစိုးလို့ရှောင်တာ အဲ့ဒါပြောနေတာပါ။ အမ အကြောင်းတစ်ခုမှမပြောမိဘူး"
"အဲ့ဒါ နင် သက်သက်မဲ့ စောင်းပြောနေတာလေ ငါမသိဖူးမှတ်နေလား"
"ကျွန်မက စောင်းပြောလေ့မရှိပါဘူးအမ မကျေနပ်ရင် ချက်ချင်းပြောတယ်။ အမလည်း ကျွန်မအကြောင်း သွားပုတ်လေလွင့်ပြောနေတာတွေ ရပ်တန်းက ရပ်ပါနော်။ကျွန်မအကုန်ပြန်ကြားနေရပါတယ်"
သူအခြေအနေ ဒီထက်မဆိုးခင် စက်ရုံအတွင်းသို့ပတ်ဝင်လာခဲ့သည်။မပွင့်ကတော့ ခုထိ သွေးဆူနေတုန်းပဲရှိသည်။
"အနာရှိလို့စပ်တာနေမှာ။ငါက မဟုတ်မမှန်လီဆယ်ပြောနေတာမှမဟုတ်တာ။ခုမှဝင်တာ မကြာသေးဘူး နည်းနည်းလေး အရေးပေးတာနဲ့မာန်တက်မနေစမ်းပါနဲ့"
"အမအစားမောလိုက်တာ။အမ တစ်နေ့ တစ်နေ့ကျွန်မအကြောင်းပဲတွေးပူနေမှာပဲနော်။ကျွန်မဘယ်လိုလူဆိုတာ အမမပြောလဲ ကျွန်မကိုယ် ကျွန်မသိတယ်။ကျွန်မအကြောင်းပဲ ကျွန်မစိတ်ဝင်စားတယ် အခုအမ ပြောနေတာ အလကားအရေမရ အဖတ်မရ အဓိပ္ပါယ် မရှိတာတွေဖြစ်နေတယ်။စိတ်တော့မရှိနဲ့နော် ကျွန်မ ပြိုင်မပြောအားလို့ပါ"
သူမက စကားအနိုင်ပိုင်းလျက် ထမင်းစားပွဲမှာပြန်ထိုင်ရင်း စားနေသည့်အခါ အားလုံးအလျိုအလျို ထမင်းပြန်စားရင်း ကွက်ကြည့် ကွက်ကြည့်လုပ်နေကြတော့သည်။ မပြီးစီးနိုင်ဟန် ရူးရူးရှားရှား ဖြစ်နေသူက မပွင့်။လူစုခွဲရန် အခန်းထဲသူဝင်လာလိုက်ချိန်မှာပဲ ဘယ်သူမှထင်မထားသော အဖြစ်တစ်ခုက ရုတ်ချည်းဖြစ်လာသည်။
မပွင့် တစ်ယောက် သူမ စားလက်စ ထမင်းချိုင့်ကိုကောက်မလိုက်တာဖြစ်သည်။
"ဟိတ် မလုပ်နဲ့"
ကမန်းကတမ်း မပွင့် ရဲ့လက်တစ်ဖက်ကို သူအပြေးလှမ်းဖမ်းပေမယ့် ချိုင့်ထဲက စားလက်စထမင်းတွေက တော့ ခုန်ထွက်ကုန်ခဲ့ပြီ။
ခေါင်းပေါ်ကြံရွယ်လောင်းချပေမယ့် သူတားလိုက်သည်မို့ ဘယ်ဘက် ပုခုံးစွန်းနှင့်လက်မောင်းတွေပေါ်မှာ ထမင်းစေ့တို့ဖိတ်ကျကုန်သည်။သူ့အားစိုက်မှုတို့ အချည်းနှီးဖြစ်သွားရသည်ကို စိတ်ပျက်မိရသလို မပွင့်၏လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားရာက လွှတ်ပေးလိုက်သည်။ ထမင်းစေ့တွေက ဘေးမှာထိုင်နေသော မူမူ့ခေါင်းနှင့် ကိုယ်ပေါ်မှာလည်း ပြန့်ကျဲလို့...
မေခသည် လက်သီးကျစ်ကျစ်ဆုပ်၍ ထိုင်နေရာက ထရပ်ကာ သူတို့ဘက်ကို မျက်နှာချင်းဆိုင်ကြည့်လာသည်။သူမ အကြည့်က မပွင့်ကို အံသြရွံရှာစွာ ကြည့်ခြင်းမျိုး။ပြီးတော့ တစ်ခွန်းပဲ ပြောလာသည်
"အရမ်းမိုက်ရိုင်းတယ် ဘဝမှာ တစ်ခါမှကို မကြုံခဲ့ဖူးဘူး"
"နှစ်ယောက်စလုံး တော်ကြစမ်း။အငယ်တွေရှေ့မှာ မင်းတို့ မရှက်တတ်ကြဘူးလား"
မပွင့် ဘက်မှ စကားထပ်စမလာခင် သူမာထန်စွာ ပြောလိုက်သည့်အခါ သူမ ဆီက အကြည့်က စိမ်းကားတင်းမာစွာရောက်လာသည်။ပြီးနောက် ခန့်မှန်းရခက်လွန်းသော မဲ့ပြုံးတစ်ချက်နှင့် မျက်နှာကိုချက်ချင်းလွှဲဖယ်လိုက်လေသည်။တစ်ဝိုင်းထဲ အတူတူထိုင်စားနေကြသော တိုးမောင် က ထရပ်ကာ
"အကိုတေဇ မမမေ အမှားမဟုတ်ဘူး သူအရင်ရန်စတာ ကျွန်တော်တို့အားလုံးကြားတယ်"
"ဟုတ်တယ် အကိုတေဇ"
ဘေးနားက သံယောင်လိုက်ကြသော ဝန်ထမ်းသစ်လေးတွေကိုပါ သူ ခပ်တင်းတင်းကြည့်လိုက်ပြီး
"ဘယ်သူမှားတယ် မှန်တယ်ဆိုတာ မင်းတို့ဆုံးဖြတ်ပေးဖို့မဟုတ်ဘူး တိုးမောင်။အခုလို အကျယ်အကျယ် မဖြစ်ခင်ထဲက မင်းတို့အားလုံး ဝိုင်းဝန်းတားဆီးရမှာ အခုတော့ အကုန်လုံးက ဘယ်သူက ဘယ်သူ့ကို အနိုင်ပိုင်းမလဲဆိုတာ ဝိုင်းကြည့်နေကြတာ မင်းတို့အားလုံး ရန်ပွဲကို အားပေး အားမြှောက်လုပ်နေကြတာ "
တစ်ခန်းလုံးသိမ်းကျုံးကြည့်ရင်း ရှည်လျားစွာသူပြောတော့ အားလုံးငြိမ်နေကြသည်။
" အားလုံး စားစရာရှိတာ ဆက်စားကြပါ။ ရန်ပွဲမရှိတော့ဘူး "
တစ်ဆက်တည်း မေခကိုလည်းအခန်းထဲမှ ခေါ်လိုက်သည်။
"မမေခ အခုပဲ ကျွန်တော်နဲ့လိုက်ခဲ့ပါ။မူမူ ညည်းမကြီး ပစ္စည်းတွေ သိမ်းထားပေးလိုက်"
သူမ မည်သည့်စကားမျှ ထပ်ကွန့်မဆို။တစ်ဆက်တည်း ယူလာပုံရသော ငွေသိမ်းရန်အိတ်ကို ကောက်လွယ်၍ သူ့နောက်က လိုက်ပါလာလျက်။ သူလည်း ထမင်းစားမသွားဖြစ်တော့ပဲ စက်ရုံကားပါကင်ဝင်းထဲသို့ တန်းမတ်စွာလျောက်လာဖြစ်သည်။ သူကားစက်နှိုးသည့်အခါမှ သူမက နောက်ခန်းတံခါးကိုဖွင့်ပြီးဝင်လာသည်။ သို့ပေမယ့် သူ့ဘက်ကို တစ်ချက်ကလေးမှ မကြည့်ပါချေ။ ကားကို စက်ရုံဝင်းအတွင်းမှ ထွက်လိုက်ရုံရှိသေး သူ့ဖုန်းက ထမြည်လာသည်။ဆက်သူက Admin မန်နေဂျာ။ နားကြပ်ကိုဖွင့်၍ သူဖုန်းနားထောင်လိုက်သည်။
"ဟုတ်အကို တေဇပြောနေတာပါ"
"ညီရေ မင်းတို့ မြို့ထဲတက်ဖို့ရှိတယ်ဆိုလို့လေ တို့ လက်သမားဆရာတွေက ရွှေပြည်သာဘက်သွားဖို့ရှိလို့။လမ်းကြုံလိုက်ပို့ပေးနိုင်မလားလို့ပါ"
"ပို့ရမှာ အရမ်းဝေးလား အကို။ကျွန်တော်တို့က ငွေသွားသိမ်းရမှာမို့ပါ။ကားကြပ်ရင်မမှီမှာစိုးလို့ဗျ"
"နီးတယ်ညီ ဒညင်းကုန်းပွိုင့် အလွန်လေးတင်ပဲ။ညီတို့ အဆင်ပြေရင် အကိုထည့်ပေးလိုက်မယ်"
"ဒါဆိုပို့ပေးမယ်လေအကို လူများလား"
"နှစ်ယောက်ပဲ ညီ ဒါဆိုအကိုလွှတ်လိုက်မယ်"
"အိုကေ အကို ကျွန်တော် စက်ရုံဝင်းအပြင်မှာ စောင့်နေမယ် "
"Thank you ညီ အကိုလွှတ်လိုက်ပြီ"
လမ်းဘေးကပ်ကာ ကားကို ရပ်လိုက်ပေမယ့် စက်မသတ်ပဲ သူစောင့်နေလိုက်သည်။သူမကိုလည်း နောက်ကြည့်မှန်မှတစ်ဆင့် ကြည့်လိုက်ပြီး
"မမေခ အရှေ့ခုံမှာ လာထိုင်လိုက်ပါ။ကားကြုံပို့ပေးဖို့ နောက်ထပ်နှစ်ယောက်လာဖို့ရှိတယ်"
သူမကမကြည့် တုပ်တုပ်မျှမလှုပ်ပါပဲနဲ့
"ရပါတယ်နောက်ခန်းမှာပဲထိုင်လိုက်ပါ့မယ်"
သူစိတ်မရှည်ပဲ
"ဘာရပါတယ်လဲ မိန်းကလေးလာမှာ မဟုတ်ဘူး။နောက်ခန်းမှာ စိတ်ကြပ်လိမ့်မယ်။ လာခဲ့ အရှေ့ကို"
နဂိုအခံကမှ သူ့အပေါ်မကြည်သာသူမို့ ရှေ့ခန်းကိုလာရတာကိုပဲ ငရဲပြည်ဝင်ရသလိုမျက်နှာထား။
သူမ နေရာလဲပြီးမကြာလိုက် ခပ်သုတ်သုတ် လျောက်လာသော လက်သမားဆရာတို့ကနောက်ခန်းတွင် ဝင်ထိုင်လိုက်လေသည်။ ကားကိုထွက်လိုက်ရင်း ပို့ပေးရမည့်လိပ်စာအတိအကျမေးလိုက်သည်။ ရှေ့ခန်းမှာ သူတို့နှစ်ယောက်တိတ်ဆိတ်နေပေမယ့် နောက်ခန်းက လက်သမားဆရာကြီးနှစ်ဦးကတော့ သူတို့ဘာသာ စကားဖောင်ဖွဲ့နေကြသဖြင့် တင်းမာနေသည့်အခြေအနေက တနည်းတော့ သက်သာရာရနေသလိုလိုပါ။
ဒညင်းကုန်းမီးပွိုင့်အလွန် ရွှေပြည်သာ စက်မှုဇုံဝင်းအတွင်းမှာ လက်သမားဆရာနှစ်ဦးကို ချပေးခဲ့ပြီ မာန်တက်မနေစမ်းပါနဲ့"

ဒညင်းကုန်းမီးပွိုင့်အလွန် ရွှေပြည်သာ စက်မှုဇုံဝင်းအတွင်းမှာ လက်သမားဆရာနှစ်ဦးကို ချပေးခဲ့ပြီး မာန်တက်မနေစမ်းပါနဲ့"

ဒညင်းကုန်းမီးပွိုင့်အလွန် ရွှေပြည်သာ စက်မှုဇုံဝင်းအတွင်းမှာ လက်သမားဆရာနှစ်ဦးကို ချပေးခဲ့ပြီး ဒညင်းကုန်းစျေးဘက်အတိုင်းသူမောင်းလာခဲ့သည်။ စျေးအနီး မီးပွိုင့်တွင်ရပ်ထားရစဥ် သူမကို စောင်းငဲ့ကြည့်မိတော့ ထမင်းများမှောက်ချခံထားရသည့် အပေါ်ဝတ်အကျီ ကိုပဲ ဝတ်ထားရက်သားဖြစ်နေသည်နှင့်
"မမေခ အနွေးထည်ကို မဝတ်တော့ရင် ပိုကောင်းမယ်ထင်တယ်။ဟင်းနံ့တွေစွဲနေလိမ့်မယ်"
"ဟုတ်ကဲ့"
အစကတော့ ဘာမှ မကြားသလို မတုန်မလှုပ်ရှိနေရာက သူ့စကားလည်းဆုံးရော တုံးတိတိ ပြန်ဖြေကာ အကျီကို ချွတ်ရင်း လက်ထဲမှာ လုံးဆုပ်ထားလေသည်။ မီးပွိုင့်လွတ်တော့ ဆက်မောင်း လာခဲ့ရင်း တစ်ဖက်လမ်းမှာ အတော်လေး ကားရှင်းသွားသည့်အခါ သူမက ကားမှန်ချနေသည်မို့ ကားအံဝှက်ထဲမှ ရှုဆေးဘူးကို လှမ်းယူကာ သူမကို လှည့်ပေးလိုက်မိသည်။ သူ ထင်လိုက်တာက သူမ ကားမူးနေပြီထင်လိုက်တာ.
တကယ်တမ်း သူမ က အနွေးထည်ကို အားဖြင့် လုံးထွေးလွှင့်ပစ်လိုက်တာဖြစ်နေသည်။
"ဟာ မေခ"
တအံတသြ ရေရွတ်လိုက်မိချိန် အနွေးထည်လေးက အရှိန်ဖြင့် လွင့်ပါကာ အဝေးဆီကျန်ခဲ့လေပြီ။ သူမ အပေါ် ထားမိရတယ့် ဂရုစိုက်မှု၊ စေတနာထားစိတ်လေးတွေက တဟုန်တည်း ဒေါသ အမျက်ချောင်းချောင်းထွက်သွားစေသည်။ ကားကို လမ်းဘေးဆီ တရှိန်ထိုး ကပ်ရပ်လိုက်သည့်အခါ ခါးပတ်မပတ်ထားသော သူမဟာ ယိမ်းခါသွားတော့သည်။
သူ့ကို ထိတ်လန့်စွာလှမ်းကြည့်လာပေမယ့် ဘာစကားမျှမဆို။
"မင်း ခုဏ ဘာလုပ်လိုက်တာလဲ မေခ"
အကြည့်ကို အမေးနဲ့ တုန့်ပြန်သည့်အခါ သူမကလည်း စူးစူးရဲရဲ ပြန်ကြည့်ကာ ဖြေ၏။
"အနွေးထည် လွှင့်ပစ်လိုက်တာ"
"အဲ့ဒါတော့ သိတာပေါ့ ဘာကြောင့်လွှင့်ပစ်ရတာလဲလို့ ကျွန်တော်သိချင်တာ"
"ဟင်းစော်နံတယ်လေ။ကားထဲ အဲကွန်းဖွင့်ထားတော့ ကျန်တယ့်သူလည်း နံကုန်မှာစိုးလို့"
မထုံတက်ထေး အမူအယာနဲ့ လက်ကလေးပိုက်ရင်း သူမဖြေ၏။
"ခင်ဗျားကို ကျွန်တော်က နံတယ်လို့ ပြောမိလို့လား "
"ခုဏ အနံစွဲလိမ့်မယ်ပြောတာဘယ်သူလဲ။ကိုတေဇ အသန့်ကြိုက်တတ်တာ သိရက် ဝတ်ထားမိလို့။ကိုယ့်ကြောင့် သူများ စိတ်အနှောင့်အယှက်ဖြစ်ရမှာစိုးလို့ လွှင့်ပစ်လိုက်တာ"
"စကားကို ကပ်သပ်မပြောနဲ့ မေခ။စေတနာနဲ့ ခင်ဗျားကို သတိပေးလိုက်တာ။ကျွန်တော် က အဲ့ဒီဟင်းနံ့ နံတာလောက်ကို ခေါင်းထဲထည့်နေမယ်များထင်နေလို့လား"
သူ ဒေါသထွက်စွာ သူမ လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲလှုပ်ရမ်းရင်း အော်မိသည်။
"အဲ့ဒါတော့ ကျွန်မ မသိဖူး။ ကျွန်မတောင် ပေရေနံစော်နေရက် လိုက်လာခဲ့သေးတာပဲ။ဘယ်သူက အရင် သည်းမခံနိုင်လို့ ခုလိုပြောနေရတာလဲ"
သူမ အသံစူးစူးနဲ့ ပြန်ခံပြောနေတာက သူကပဲ အမှားလုပ်ထားမိသူလိုလို။လက်ပိုက်မပျက် ခပ်စိမ်းစိမ်းစိုက်ကြည့်နေသောသူမ။
လက်မောင်း နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ အံကျိတ်ရင်း အေးစက်စက် သူပြောလိုက်သည်။
"မသိရင် သိအောင်လုပ်ပြရမှာပေါ့"
ရုတ်ချည်းပြောင်းလဲသွားတယ့် အမူအယာကြောင့် အန္တရာယ် ကို ရိပ်စားမိသွားတယ့် သူမဟာ သူ့လက်များ အကြားမှ ရုန်းထွက်ရန်ကြိုးစားလာသည်။ခွန်အားခြင်းလည်းမမျှသည်မို့ ရုန်းကန် နေမှုတို့က အရာမထင်။ ဆင်ခြင်တုံတရားတွေ ကကင်းကွာကုန်လျက် ဒေါသအဟုန်ကို ချုပ်တည်းနိုင်စွမ်း တွေပျောက်ဆုံးသွားရသည်။ သူ့ရင်ဘတ်တွေစိုစွတ်ကုန်လျက် ထွေးပိုက်ထားသော ကိုယ်လုံးလေး တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေတော့ သနားစိတ်ဝင်မိပြန်သည်။တင်းကြပ်အောင် ချုပ်ထားသော လက်အစုံကို ဖြေလျော့၍ လွှတ်လိုက်သည်နှင့် ရှိသမျှသော အားတို့နှင့် သူ့ရင်ဘတ်ကို တဗုန်းဗုန်းထုရိုက်သည်။ စိတ်ပြေစေတော့ရယ် နှင့် မတားပဲ သူငြိမ်ခံနေပြန်တော့ သူ့ ရင်ဘတ်ကို ဆောင့်တွန်းရင်း တစ်ဖက်ခုံမှာ ဒေါင့်လေးတိုးကပ်ရင်းထိုင်၏။မျက်နှာကို လက်နှစ်ဖက်အုပ်မိုးကာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေလေရာ ထိုဖြစ်အင် ကို ဆက်မကြည့်ရက်တော့ချေ။
"တိတ်တော့ မင်း ပင်ပန်းနေပြီ"
"အဲ့လိုဖြစ်အောင် လုပ်တာဘယ်သူလဲ။ ခုမှသူမဟုတ်သလို ပုံစံ လာမပြောပါနဲ့"
အငိုတိခနဲရပ်ကာ သူ့ကို လက်ညှိုးတထိုးထိုး ရန်တွေ့နေတာ မေခ မှ ဟုတ်ပါလေစ။
"ကျွန်တော့်ကို မထီမဲ့မြင်လုပ်တာ ဘယ်သူလဲပြော။ဒီကတော့ ကားမူးလို့ထင်ပြီး ရှုဆေးတောင် ရှာပေးရသေးတယ်။ မင်းလုပ်ပုံ ပြောပုံ အချိုးမကျလို့ ခုလိုဖြစ်ရတာပေါ့"
လေပြေအေးနှင့် ရှင်းပြသော်လည်း နားဝင်ပုံမရပါ။ ဆွေ့ဆွေ့ခုန်မျှ ဒေါသထွက်ကာ လက်သီးနှစ်ဖက် ကျစ်ကျစ်ဆုပ်ရင်း သူမ ကျူံးအော်သည်။
"အိုး ဘာဆိုင်လို့လဲ။ အဲ့လိုဆိုတိုင်း လုပ်စရာလား"
မျက်ရည်များကြောင့် သနပ်ခါးတွေ ပေလူးနေကာ ကြောင်ချီးရုပ်လေးဖြစ်နေသော သူမကို ကြည့်ပြီး ရယ်ဟဟ သူမေးလိုက်သည်။
"ကျွန်တော်က ဘာလုပ်မိလို့လဲ"
"ဘာ နင် နင်နော်"
မို့အစ်နေသော မျက်လုံးအစုံ ပြူးကျယ်လာရင်း ထစ်ထစ် ငေါ့ငေါ့နှင့်ပင်ဆက်မပြောရဲပဲ စကားစရပ်သွားသည်။ရှက်စိတ်ကြောင့်နေမည် ။သူမ ပါးအို့လေးတွေတောင် ရဲနေခဲ့ပြီ။ နည်းနည်းကလေးမှ မျက်နှာသာ ပေးလို့မရ။မချင့်မရဲ ပါးပြင်နှစ်ဖက်ကို လိမ်ဖျစ်မိတော့ မျက်နှာလေးရှုံ့မဲ့သွားပြီး
"အား.. နာတယ် လွှတ်ဆို"
သူ့လက်နှစ်ဖက်ကို အုပ်ကိုင်ကာ ဖယ်ပစ်ဖို့သူမ ကြိုးစားလာသည်။
မင်းမပြောသင့် တာတွေ ပြောနေပြန်ပြီ။
သူမ အမှားတွေလုပ်နေတာလား။
ဒါမှမဟုတ် သူကပဲ အမှားတွေ လုပ်ချင်သွားတာလားမစဥ်းစားတတ်တော့။ ဘာကြောင့်ဆို သူမ မျက်နှာလေးကို ဖေးမော့ထိမ်းယူရင်းအနမ်းတွေ တဖွဲဖွဲခြွေချမိသွားတာ သူ ရယ််််ပါ။
(⊙.⊙(☉_☉)⊙.⊙)