တစ်မနက်ခင်းလုံး နှုတ်ဆိတ်နေလျက် သူလုပ်ခိုင်းထားသော report ကိုသာထိုင်ရိုက်နေသောသူမ။ကိုခန့်က နေ့လည် တွင် GM နှင့်အတူ နေပြည်တော်သို့ အစည်းအဝေးတက်ရန် ခရီးထွက်ရမည်ဖြစ်သည်။သူကတော့ ခရီးကြောင်းမလိုက်တော့ရန် ဆုံးဖြတ်ထားသည်။သူမရှိလျှင် သူမက ပိုထင်ရာစိုင်းနိုင်သည်ဟု သူယူဆမိသည်ကိုး။
နှစ်ပတ်စာ စာရင်းအဝင်အထွက်များကို စစ်ဆေးလက်မှတ်ထိုးပြီးချိန် နာရီကို ကြည့်မိတော့ ထမင်းစားချိန်ရောက်နေခဲ့ပြီ။
"နေ့လည်စာ သွားစားကြရအောင်"
စားပွဲမှထရပ်ရင်း သူပြောသည့်အခါ သူမက စူးစမ်းသလို တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် စာကိုသာ တွင်တွင်ဆက်ရိုက်နေဆဲမို့
"မမေခ နေ့လည်စာ သွားစားရအောင် လက်စသတ်လိုက်တော့"
"ရပါတယ် ဒါလေးပြီးမှ ထမင်းစားလိုက်မယ်"
သူမ စားပွဲရှေ့တွင် ရပ်ပြီးပြောနေသည့်တိုင် တစ်ချက်မျှမကြည့်။သူမ စားပွဲကို လက်နှစ်ဖက်ထောက်လျက် သူမ မျက်နှာလေးနားထိကပ်လုမျှ ငုံကိုင်းလိုက်ရင်းသူထပ်မေးမိ၏။
"ကောင်းကောင်းခေါ်နေတာ လိုက်မှာလား။မလိုက်ဘူးလား"
ခပ်ကျယ်ကျယ် ထွက်လာသည့်သူ့အသံကြောင့် လန့်သွားသလို မော့အကြည့်မှာ ရုတ်တရက်ကြီး နီးကပ်လွန်းနေသော သူ့မျက်နှာကြောင့်လည်း မျက်ဝန်းအစုံပြူးကျယ်သွားသောသူမ။ ကိုယ်လေးနောက်ကို အလိုလိုရို့သွားတာမြင်တော့ ရယ်ချင်မိသည့်စိတ်ကို မနည်းကြီးဘရိတ်အုပ်လိုက်ရ၏။
"အင်း အင်း လိုက်မယ်"
အနည်းငယ် စူစူဆောင့်နိုင်စွာပြန်ဖြေရင်း သူမ computer ကို ပိတ်သည်။ ဒီတော့မှ သူလည်း စားပွဲနားမှ ခွာကာ အခန်းအပြင်သို့ထွက်လာခဲ့တော့သည်။အပြင်သို့ထွက်ရန် ပြင်ဆင်နေကြသော မူမူတို့က သူ့ကိုမြင်တော့ ခဏမျှငြိမ်ကျသွား၏။
"ဒီနေ့ တို့တွေ လမ်းထိပ်မှာ နေ့လည်စာသွားစားကြရအောင်။လိုက်ကြမလားကလေးတို့"
"ဟေးးး လိုက်မယ် "
တိုးမောင်က အရင် ကျုံးအော်လေသော် ကျန်သူများကပါလက်ညှိုးလေးများထောင်လျက် သမီးတို့လည်းပါမယ် ဖြစ်ကုန်ကြသည်။မေခက ထမင်းချိုင့်လေးဆွဲလျက်ထွက်လာပြီး
"ချိုင့်ထဲမှာလည်း ဟင်းတွေနဲ့မို့ အစ်မတော့မလိုက်တော့ဘူးနော်"
ဟုပြောလေသော် သူက ဘာမှမပြောပဲနေလိုက်၏။မနေသူများက သူမ၏တပည့်များ။
"ဟာ မမမေကလည်း သမီးတို့လည်း ချိုင့်ပါတာပဲ ဟိုကြမှ အတူစားမှာပေါ့ အားလုံးအတူတူသွားကြရအောင်နော် "
"နင်တို့ဘာသာ သွားပါ။နင်တို့က စကားများလို့မလိုက်တာနေမှာ။ကျွန်တော်က စကားမများဘူး ဒီတော့ မောင်လေးနဲ့အတူလိုက်မှာမို့လား "
မေခ အားထမင်းချိုင့်ကူဆွဲ လက်ဆွဲခေါ်သူက ခေါ်။သူပင် အာဏာမပြရတော့ချေ။လိုက်ခဲ့ကြဟေ့ ဟု ဆိုလျက် ရှေ့မှဦးဆောင် ဆင်းခဲ့ရာ နောက်မှ တစ်ဖွဲ့လုံးပါလာကြတော့သည်။
လမ်းထိပ်သို့ ဆိုင်ကယ် ကယ်ရီငှားသူကငှား ဝန်ထမ်းအချင်းချင်း ဆိုင်ကယ်ငှားစီးသူကစီး ဖြင့် ကျန်သူငါးဦးစလုံး ဆိုင်ကယ်ဖြင့်အလျိုလျိုထွက်သွားကြချိန် ကယ်ရီစောင့်ရင်း ကျန်ခဲ့တာက သူ နဲ့ သူမသာ။
"ကလေးတွေက သွားနှင့်ကုန်ပြီ။ကျွန်တော် ဆိုင်ကယ်သွားငှားကြည့်ဦးမယ်။ဒီမှာ ခဏစောင့်ဦးနော်"
"အင်း"
ရုံးရှေ့ထမင်းဆိုင်ကို လှမ်းကြည့်တော့ marketing မှ ဝေလွင့် ကိုလှမ်း၍မြင်သည်မို့သူလက်ပြကာ ခေါ်လိုက်၏။အရိပ်အကဲနားလည်ပုံရသော မောင်မင်းကြီးသားက ဆိုင်ကယ်ကြီးဝေါခနဲမောင်းချလာပြီး
"သားပို့ပေးရမလား အကိုတေဇ"
"အေး လမ်းထိပ်ကို မင်းရော အတူလိုက်စားပါလား"
"ဟားး ရှယ်ပဲ ဘိုင်ပြတ်နေတာ တကယ်စားမှာနော်"
"ဟ နောက်စရာလား လာ သွားမယ်"
သူက ဝေလွင့်နောက်ပါးမှ ခွထိုင်လျက် မေခ လက်ထဲက ဆွဲခြင်းကို ဆိုင်ကယ်ခြင်းထဲထည့်စေလိုက်သည်။
"တက် မမေခ"
"ဘယ်လိုလုပ် တက်လို့ရမှာလဲ "
သူမက မှုန်တေတေကြည့်ပြီး အငေါ်တူးသည်။
ဒီတော့မှနောက်သို့ငဲ့ကြည့်တော့ ထိုင်ခုံလေးက လက်တစ်ထွာသာသာကျန်တော့တာရယ်။
"ဟာဟုတ်သားပဲ ဝေလွင် မင်းရှေ့နည်းနည်းတိုးဦး"
"ရပြီလား"
ရှေ့လေးရွေ့သည်ဆိုရုံ ဖင်တွန်းထိုင်တော့ သူလည်းရသလောက်ရွေ့ရင်း ဖယ်ရသည်ပေါ့။
"နေပါစေ တခြားဆိုင်ကယ်နဲ့လိုက်ခဲ့မယ် သွားနှင့်ကြပါ"
သူဘာပြန်ပြောရမည်မသိ အကြပ်ရိုက်သွားစဥ် ဝေလွင်က ထပြောသည်။
"ဟာ အကိုတေဇကလည်း အရင်လည်း စီးနေကြဟာကို။မမမေကိုအလယ်မှာ အရင်ပေးထိုင်လိုက်လေ။ကိုကြီးက ကျားကျားလျားလျား နောက်ကထိုင်ပေါ့။ထ ထ ဖယ်ပေးလိုက်"
"မဟုတ်တာ နေပါစေ မကြီးလိုက်ခဲ့မယ်တော်ကြာလမ်းကြမှ ပြုတ်ကျကုန်မယ် "
"ရပါတယ်မမမေရ သားကလမ်းကျွမ်းတယ် တော်ကြာဆိုင်ကြ စောင့်ရဦးမှာ ထမင်းစားချိန်အမှီရုံးပြန်မရောက်မှ admin မှာ လက်မှတ်ထိုးနေရဦးမယ်"
ဝေလွင် ပြောနေတာလည်း ယုတ္တိရှိ နေလေတော့ သူမမငြင်းသာတော့။သူလည်း ထိုင်ရာက ဖယ်ထပေးလိုက်ပြီး ဝေလွင့်နောက်မှာ သူမကို အရင် ထိုင်စေလိုက်သည်။မျက်နှာလေးပျက်လျက် သူမ ထိုင်ခါနီးကြမှ သကောင့်သားက ခုံကို ရှေ့သို့တိုးပေးလိုက်သည်ကို သူမြင်ဖြစ်အောင် မြင်လိုက်လေသည်။သို့ပေမယ့် သူမက မျက်နှာပူစွာ လမ်းမဘက်အကြည့်ပို့လိုက်သဖြင့် အခြေအနေကို မရိပ်မိလိုက်ချေ။
သူလည်း မျက်နှာလေးလွှဲထားဆဲ ကမန်းကတန်းဝင်ထိုင်လိုက်ပြီးနောက် ဆော်သြလိုက်၏။
"ရပြီ ဝေလွင်ရေ"
"ဝူးး ဝရူးး"
ဆိုင်ကယ်ထွက်သည်နှင့် တရကြမ်းမောင်းသည့်ငတိ။သက်သက်အကြံအဖန်လုပ်တာ သိသာလွန်းနေပြီလား လို့တွေးရင်း သူမကို မျက်နှာမပြရဲသလိုသူခံစားလိုက်ရသည်။လေတိုးတော့ သနပ်ခါး ရနံ့တွေက ဆံနွယ်ပျော့တို့နှင့်အတူ တိုး၍ တိုး၍ မျက်နှာအနှံ့နေရာယူသည်။ ဝေလွင့် ပုခုံးကိုညာလက်ဖြင့်လှမ်းကိုင်ထားသည်မို့ သူမက ကျွန်တော့်

ရင်ခွင်ထဲ ရောက်မှန်းမသိ ရောက်နေခဲ့ပြီလေ။ဘေးတိုက်ဖြင့်မြင်နေရသော မျက်နှာလေးက နှစ်လိုဖွယ်ကောင်းလေစွ။နှာတံလုံးလုံးလေးက ထင်းလင်းစွာမြင်နေရသလို သူ့စိတ်တွေကို ရိုင်းစိုင်းစေခဲ့သော နှုတ်ခမ်းဖူးလေးကလည်း တကယ့်ကို နီးနီးလေးမှာ။အကာအကွယ်မပါသော ကြောင့် နေ့လည်ခင်းနေပူပူအောက်မှာ မျက်မှောင်လေးကျုံ့ကာထိုင်လိုက်လာပါသော သူမ။ဆိုင်ကယ်နောက်မြီးကို ကိုင်ထားဆဲလက်ကို လွှတ်လျက် သူမ မျက်နှာလေးထက်မှာ လက်ဖဝါးဖြင့်အုပ်ကာပေးမိသည်။ဘာများပါလိမ့်ဟူသော စူးစမ်းသည့် အကြည့်ဖြင့် သူမက မော့ကြည့်လာသည်။
နေပူကာပေးထားသော သူ့လက်ဖဝါးအောက်မှ အလင်းရောင်တချို့က လျှံကျ၍ သူမမျက်နှာထက်မှာ နေရောင်ကျဲကျဲဖြင့် လက်ဖြာနေသည်။
ရုတ်တရက်ကြီး ရင်ဘတ်ထဲမှ ဆောင့်တွန်းခံရသလို ထိတ်ခနဲသူ့ရင်တွေခုန်လာသည်။ အစိမ်းသက်သက်အကြည့်တွေ က သူမခံစားနိုင်လောက်အောင် နာကျင်လာရစေသည်။
မေ့မေ့လျော့လျော့ သူ့ကိုမော့ကြည့်နေတယ့် သူမမျက်နှာလေးကို သူအကြည့်မလွှဲနိုင်ခဲ့။ဒီရက်ထဲ သူခံစားနေရတယ့် လစ်ဟာမှုတွေအတွက် ဒီမိန်းကလေးက အခရာ ဖြစ်နေပါပေါ့လား။
သူ့အကြည့်တွေကြောင့် နေရခက်သည့်နှယ် မျက်လွှာချကာ ချက်ချင်းလိုလိုပင် ပါးမို့လေးများ ရဲလာသည့်သူမ။နဖူးဆံစ နှင့် နားသယ်စပ်တို့မှာပါ ဇောချွေးများစို့လာသည်ကိုမြင်နေသည့်အခါ သူစိတ်မကောင်းနိုင်တော့။ မနမ်းရက် နမ်းရက်စရာ မျက်နှာလေးကို အကြည့်လွှဲကာ သက်ပြင်းမောတစ်ခုကို ခိုးချမိရသည်။
လွမ်းဆွတ်မှုတွေရဲ့အဖြေကို ရှာတွေ့ပါမှ နှစ်သိမ့်စရာအနမ်းတွေခြွေချခွင့် မရှိသူဟာ သူကိုယ်တိုင်သာ ဖြစ်နေတော့တာ။
ကိုယ့်အနမ်းတွေကို မှ အကြောက်အကန်ငြင်းဆန်တတ်သူ။သူမ ရွံမုန်းမှာကိုသူစိုးရွံမိနေသည်။ ချစ်ခွင့်မပိုင်သေးသောအဖြစ်မှာ နမ်းခွင့်လည်း မဆိုင်တတ်သေး။သတိလက်လွတ် သူနမ်းလိုက်လျှင် သူမ သူ့ကိုဘယ်လောက်တောင် စက်ဆုပ်နေလေမလဲ။ပိုင်ရှင်မဲ့ အနမ်းတွေကို ရင်နင့်စွာသူသိမ်းဆည်းထားလိုက်သည်။
"ကိုယ် ချစ်တယ့် လူတစ်ယောက်ကို ချစ်တယ်လို့ ပြောခွင့်မရှိတယ့်သူ။ကိုယ်မြတ်နိုးရသူကို ကြင်နာခွင့်မရှိတယ့် သူလောက် လူဖြစ်ရှူံးရတယ့်အဖြစ် ကမ္ဘာမှာ မရှိနိုင်ဘူးထင်ပါရဲ့"
လို့ စိတ်ထဲမှ မြည်တမ်းလိုက်မိရုံမှတစ်ပါး ဘာများ တတ်နိုင်ဦးမှာလဲလေ။
°º¤ø,¸¸,ø¤º°`°º¤ø,¸,°º¤ø,¸¸,ø¤º°`°º¤ø,¸,
"တိုးမောင်ရေ "
"ဗျာ"
"မင်းဆင်းခဲ့။မင်းမကြီးကို အရင်ပေးသွားလိုက်"
"ဟုတ်"
တိုးမောင် အူလည်လည်နှင့် ဆိုင်ကယ်ပေါ်ကပြန်ဆင်းပေးသည်နှင့် သူမဘက်ကိုလှည့်၍သူပြောလိုက်၏။
"မမေခ အရင်သွားနှင့်လေ "
"အင်း ဟုတ်ကဲ့"
ဆိုင်ကယ်စက်နိုးနေသော ဝေလွင်က နားမလည်သလိုကြည့်နေသည်ကို သူမသိကျိုးကျွံနေလိုက်သည်။သူမ ဆိုင်ကယ်ထွက်ခွါသွားတော့မှ ဝေလွင့်ဆိုင်ကယ်ဘက်သူလျောက်လာပြီး တိုးမောင်ကိုပါလက်ပြခေါ်လိုက်သည်။
သုံးဦးသားဆိုင်ကယ်စီးရင်း အရှေ့မှသွားနေသော ဆိုင်ကယ်များနှင့် မလှမ်းမကမ်း မှမောင်းရင်းလိုက်လာခဲ့ကြသည်။စက်ရုံဝင်းထဲရောက်တော့ ဆိုင်ကယ်ကို ပါကင်ထိုးပြီးသူ့နောက်က နှစ်ဦးစလုံးလိုက်ပါလာကြသည်။တအောင့်မျှကြာတော့ ဝေလွင့် ထံမှ အမေးစကားတစ်ခွန်းကထွက်လာသည်။
"ဘာလို့အရင်သွားခိုင်းတာလဲ ကိုကြီး"
"သူလွတ်လွတ်လပ်လပ်စီးရအောင်လို့"
"ကိုကြီးကလည်း ဘာမှန်းမသိပါဘူးဗျာ "
"မင်းလည်း ဘာမှနားမလည်ပါဘူးကွာ"
သူ ချစ်စနိုးဖြင့်ဝေလွင့်ခေါင်းကို သူဖွဖွပုတ်ရင်း ဆိုတော့ နှာခေါင်းရှုံ့ကာရပ်ကျန်ခဲ့သည်။အပေါ်ထပ်တက်ရန် လှေကားရင်းနားရောက်ခါမှ အသံပြဲကြီးဖြင့်လှမ်းခေါ်ပြန်သည်။
"ကိုကြီးရေ "
သူလှည့်ကြည့်တော့ ရင်ဘတ်ကိုလက်ဖြင့်ပုတ်ပြကာ
"သားက ကိုကြီးဘက်ကပဲနော်"
"အေးပါကွာ"
ရိုးသားဖော်ရွေတယ့်ချာတိတ်လေး။ပြီးတော့ သမီးရည်းစားကိစ္စဆို သိပ်ဆရာလုပ်ချင်လွန်းသူဆိုတာ ခရီးကြောင်းရက်ထဲမှာ သူသိလာခဲ့တာ။ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ရပါသည်။ဒီကောင်လေးကြောင့်သာ သူ့ရင်ခုန်သံကို ရှာတွေ့နိုင်ခဲ့တာလေ။
"ဘာတွေပြုံးနေတာလဲ ငါ့မောင်"
"ဗျာ မပြုံးရဘူးလား "
ဌာနဘက်သို့အကွေ့ admin ဘက်မှထွက်လာသော မညိုညိုသိန်း က သူ့ကိုလှမ်းမေးသည့်အခါ မျက်နှာတည်ကြီးနဲ့ပဲ တုန့်ပြန်မေးလိုက်၏။တိုးမောင်က ဆက်လျောက်သွားပေမယ့် သူကတော့ရပ်တန့်ရင်းစကားပြောမိရသည်။သူမက တစ်ချက်ရယ်လိုက်ကာ
"ပြုံးရပါတယ် တစ်ကိုယ်တည်းပျော်မယ့်အစား မျှဝေလို့ရတယ်ဆိုတာပြောမလို့ပါဟဲ့"
"အင်း မျှဝေချင်ပါတယ် ကိုယ့်အမရယ် ကျွန်တော်ကြိုးစားလိုက်ဦးမယ်။ခဏနေ software လာ run မယ်။စာရင်းသွင်းတယ့်ကိစ္စညှိပြီးရင် အမတို့ဘက်နဲ့ချိတ်ဖို့အတွက် ကျွန်တော်လာခဲ့ပါဦးမယ်"
"အေးအေး အလုပ်ကြီးပဲလုပ်မနေနဲ့ဦးသိလား အပူလေးဘာလေးရှာ"
"ဟားး ဟားး ရှာတာပေါ့ ရှာတာပေါ့"
မညိုညိုသိန်း ထွက်သွားတော့မှ သူလည်း ဌာနထဲသို့ လျောက်ဝင်ဖြစ်တော့သည်။သူဝင်လာတာမြင်တော့ မူမူက ပြုံးရယ်လျက်
"အကိုတေဇ နောက်လည်းအများကြီးဝယ်ကျွေးနိုင်ပါစေ။ကျေးဇူးတင်ပါတယ်နော်"
"အေးကွာ ပေးတယ့်ဆုနဲ့ပြည့်ပါစေ။ဘာဖြစ်ဖြစ်ပါ ညည်းတို့ပျော်ရင်ပြီးတာပဲ"
အခန်းထဲသူဝင်လာတော့ သူမက စာရိုက်နေလေသည်။
"ပြီးခါနီးပြီလား မမေခ"
"ဟုတ် စာစစ်ပြီးတာနဲ့ထုတ်ပေးပါ့မယ်"
တစ်ချက်မျှမော့ကြည့်ပြီးသည်နှင့် ခေါင်းကြီးငုံ့သွားပြန်သည်။သက်သက် သူ့ကို အကြည့်လွှဲတာ သူသိပါသည်လေ။
ထိုင်ခုံ မှာထိုင်ရုံရှိသေး ဖုန်းသံမြည်လာသည်။
"ဟယ်လို တေဇ ပြောနေတာပါခင်ဗျာ"
"... "
"ရောက်နေပြီလားကျွန်တော်တို့စောင့်နေတာပါခင်ဗျာ။လာခဲ့လိုက်ပါဗျ"