book

Index 1

သမီးလေးရဲ့ခွန်းတုံ့လေးများ

သမီးလေး  - သမီးကဖွားဖွားကိုလည်းချစ်တယ်

မေမေ့ကိုလည်းချစ်တယ်

ဖွားဖွားကြီး -  ကြည့်... ငါ့မြေးလေးကဘယ်လောက်လိမ္မာလဲ တွေ့ပြီမို့လား

မေမေ  -  မေမေကလည်းသမီးလေးကိုချစ်ပါတယ် သမီးရယ်

သမီးလေး  -  ထိုင်ခုံကိုလည်းချစ်တယ် နာရီကိုလည်းချစ်တယ်

🙄😂


မေမေ - သမီးရေ ဒီနားက jelly ၁ထုပ်ဘယ်ရောက်သွားလဲ မေမေရှာနေတာမတွေ့လို့

သမီးလေး - ဟီးဟီး    သမီးပုန်းထားတာ  ဟော  ဒီမှာ

ဆိုပြီး ခစ်ခစ်ခစ်နဲ့ရယ်ရော

😍😂


ဖွားဖွားကြီး   -  မြေးလေးက ကလေးလေးလည်းမဟုတ်တော့ဘူး ချိုချိုမစို့နဲ့တော့ ဖွားဖွားမုန့်တွေအများကြီးကျွေးမယ် လာခဲ့

သမီးလေး - သမီးက မေမေ့ကလေးလေး 

😂


မေမေ  -  သမီးလေးရေ ရေချိုးရအောင် လာခဲ့တော့လေ

သမီးလေး  -   No more ရေချိုး jumping on the bed

🙄😂


သမီးလေး  -  သမီးကြီးလာရင် မေမေ့ကိုလိုက်ကာပိတ်ပေးမယ်

မေမေ   -  ဟေ  ဘာလို့လိုက်ကာပိတ်ပေးမှာလဲ

သမီးလေး  -   air-con ဖွင့်ပေးမို့

😂


မေမေ  -  သမီးရေဗူးထဲမှာရေရှိသေးရဲ့လား

သမီးလေး -  ရှိရဲ့တယ်

😂


သမီးလေး - မေမေ 

မေမေ - ဟေ ပြောလေသမီးလေး

သမီးလေး - ပက်လက်မှောက်ပေးပါ

🙄😂


ငှက်ပျောသီးကြွက်ကိုက်




အိပ်ခါနီးတိုင်း မေမေက ဩကာသ တိုင်ပေး သမီးလေးကလိုက်ဆိုနေကျပေါ့လေ၊

ဒီနေ့တော့ နှာစီးပျောက်ဆေးတိုက်ထားတော့ အိပ်ငိုက်နေလို့လားမသိ

ရပါလို၏အရှင်ဘုရားလို့တိုင်ပေးတာ

ရပါလို၏ချိုချို တဲ့လေ

😂


စာအုပ်ဖတ်ပြရင်း ဦးထုပ်လေးပြတာ ဟုတ်ဘူးတဲ့  ဖိနပ်ကထီးဆောင်းထားတာတဲ့ 😀



မေမေ - သမီးရေ ဒီမှာမုန့်တစ်ထုပ် ကျန်သေးတယ် အခုစားတော့မလား

သမီးလေး - စားသေးဘူး မနက်ဖြန်တုန်းကမှစားတော့မယ် ခု jellyပဲစားမယ်

😂


သမီးလေးကိုထမင်းကျွေးပြီးချိန်မှာဧည့်သည်ရောက်လာ၏။  ဧည့်သည်က အဖွားအတွက်မုန့်တွေဝယ်လာ၏။ သမီးလေးအတွက်လည်းပူတင်းပါတယ်နော်ဟုပြော၏။  ထုံးစံအတိုင်း ဧည့်သည်လာရင် အီကိုလေးတစ်ယောက် ဧည့်သည်နားကမခွာ စကားပြောတာတွေနားထောင်နေ၏။ ခဏနေတော့

သမီးလေး - မေမေ သမီးဗိုက်ဆာတယ်

မေမေ - ဟင် ခုပဲထမင်းစားပြီးတာလေ😳

ဧည့်သည် - ပူတင်းပါတယ်သမီး စားနော်

သမီးလေး - ခေါင်းတွေဆက်တိုက်ညိမ့် 😂

မေမေ - အဖုံးဖွင့် ဇွန်းတပ်ပေးလိုက်ရ😁

သမီးလေး -  ၃ဇွန်းလောက်စားပြီးတော့ ဝပြီးမေမေ

မေမေ - ထမင်းစားထားမှတော့ ဘယ်စားနိုင်တော့မလဲ သမီးရယ် 

မေမေပြောသားပဲ မေမေသိမ်းလိုက်တော့မယ်နော်

သမီးလေး - မေမေ

မေမေ - ဘာလဲသမီးပြောလေ

သမီးလေး - ဗိုက်ဆာသေးတယ်

မေမေ - ဘာ... သမီးပဲပြောတော့ဝပြီဆို😬

သမီးလေး - ဒီပေါင်မုန့်ဆာသေးတာ (ဧည့်သည်ပါလာတဲ့ပေါင်မုန့်ကို လက်ညှိုးကြီးထိုးလို့)

🙄😂


ဘောလုံးပွဲကြည့်ရင်း

ဖိုးဖိုးထူး - ကလေးလေး အပြာ နဲ့ ပန်းရောင် ဘယ်သူနိုင်မယ်ထင်လဲ

သမီးလေး - အစိမ်းနိုင်မယ်

😂


သမီးလေးကို ဒီPreweddingပုံလေးပြတော့ ဘာပြောလဲဆိုရင်

အိမ့်ဖူးလေးက အိမ်ထဲမှာရှိတယ် တဲ့

(သူပြောမှကိုယ်လည်း အနောက်ကအိမ်မှန်းသေချာကြည့်မိတယ် 😁)

ဟယ်...ဟုတ်လား အထဲမှာဘာလုပ်နေတာလဲလို့ မေးတော့

အိပ်ပျော်နေတာ မိုမိုကြီးနဲ့အတူတူအိပ်ပျော်နေတာ တဲ့

😂




သမီးလေး  - အိမ့်ဖူးလေးအရုပ်တွေသိမ်းပြီးပြီမေမေရဲ့

မေမေ  - ဟုတ်လား လိမ္မာလိုက်တာသမီးရယ် မေမေလိုက်ကြည့်အုံးမယ်

သမီးလေး  -  ဟော ဟိုမှာ

🙄😂




သမီးလေးလက်မှာ ခြင်ကိုက်ဖုတွေ့လို့ ဆေးလိမ်းပေးနေတုန်း 

ခေးဖေ - အဲ့ဒါ ဘာဆေးလဲ

မေမေ့ထက်အရင် သမီးလေးကဖြေလိုက်တယ်

သမီးလေး - ကလမင်းလိုးရှင်း.....

အဲ့ဒါနဲ့မရပ်သေးဘူး ဆက်ပြောသေးတယ်  ငါ့သမီးလေးကပြောတတ်နေပြီပဲ....တဲ့လေ

🙄😂


သမီးလေး - မေမေ မေမေ 

မေမေ - ဘာလဲ သမီးလေးရဲ့

သမီးလေး - ဒီနားမှာ သမီးထားထားတဲ့ ဝက်ဝံလေးနဲ့ ဗူးလေး မရှိတော့ဘူး

မေမေ - ဘယ်တုန်းကထားထားတာလဲ

သမီးလေး - morning က

မေမေ - ဟုတ်လားသမီး အံဆွဲထဲပြန်သိမ်းထားတာနေမှာ ဟော ဒီမှာရှိတယ် ရော့

သမီးလေး - သမီးက သမီးထားထားတာကို ဘယ်သူက သိမ်းလိုက်တာလဲသိချင်တာ ပြီးတော့ ဘာလို့ရွှေ့လိုက်ရတာလဲ

🙄😂


မေမေဆိုပြတာက abcdefg hijklmnop qrstuv wx yandz now I know my abc next time won't you sing with me

သမီးလေးပြန်ဆိုတာက abcdအုန်းသီးပင် hijkအုန်းသီးပင် qrsအုန်းသီးပင် wxအုန်းသီးပင် now I know myအုန်းသီးပင် next time won't youအုန်းသီးပင်

အုန်းသီးပင်ပြီးတော့ ထန်းပင် သရက်ပင် ပိတောက်ပင် ပိန္နဲပင်

(စက်ဘီးထွက်စီးရင်းလမ်းမှာတွေ့တဲ့အပင်တွေကိုဆိုပြနေတာ)

🙄😂


ဆေးရောင်ခြယ်နေတဲ့မြေးလေးကိုမြင်တော့ အဖွားက

ဟာ...ပန်းချီဆရာမကြီးပါလားလို့ပြောတော့ 

မြေးလေးကဘာပြန်ပြောလဲဆို

No ပန်းချီဆရာမ မဟုတ်ဘူး အိမ့်ဖူးလေးကအိမ့်ဖူးလေးပဲ တဲ့လေ

🙄😂


သမီးလေး   -   ဗြဲ.... မေမေ... ဟင့်

မေမေ   -   သမီးလေးဘာဖြစ်လို့ငိုတာလဲ

သမီးလေးက သူ့လက်ကိုပြတယ်

မေမေ   -   လက်နာသွားတာလားသမီးလေး ဘယ်နားလဲ

သမီးလေး   -   Daddy finger ဒေါက်တိုလေးနာသွားတာ ဆိုပြီးလက်မလေးထောင်ပြတယ် 😄 

(ဒေါက်တို ရန်လို သူ့ထက်ကဲ ရွှေပြည်စိုး လူပုလေးတို့

Daddy,Mommy,Brother,Sister,Baby fingerတို့ကိုသူကကောင်းကောင်းသိနေပြီ)

မနေ့က သူ့ကိုအသစ်ပြောပြမယ်ဆိုပြီး

မမ ညှိုးမနေနဲ့ လည်လည်သွားမယ် ကြွယ်ကြွယ်တို့အိမ်ကို သန်းသန်းလည်းလိုက်မယ်လို့ ဆိုပြရင်း

မမ ဆိုတော့ သူ့လက်မကိုထိုးပြတာ မဟုတ်ဘူးတဲ့ အဲ့ဒါ Daddyတဲ့ မမက sister finger ဆိုပြီး လက်သူကြွယ်​ကိုပြန်ထိုးပြတယ်

😂(မမဆိုတာ လက်မကိုပြောတာဆိုတာကိုလုံးဝလက်မခံဘူး ဖေဖေက မမ မဟုတ်ဘူးတဲ့😂)


သမီးလေးနဲ့ အပြင်ကပြန်လာရင်း အိမ်နားကလမ်းကိုရောက်တော့

မေမေရေ အိမ်ပြန်ဘူး ကကျားကွင်းပြန်မယ်တဲ့

😂


သမီးလေးကိုထမင်းကျွေးနေတုန်းသူလေးကဘာပြောလဲဆိုရင်

မေမေဗိုက်တင်းပြီတဲ့

​​သြော် ဒါဆိုသိမ်းလိုက်တော့မယ်နော်ဆိုတော့

ထမင်းဗိုက်တင်းပြီ၊ ဟင်းဗိုက်တင်းသေးဘူးတဲ့

😂


မီးရှူးမီးပန်းကို စကားမပီသေးတော့ မီဖူးချီးပန်းတဲ့

😂


သူ့ Spiderman ကိုဟင်းချက်ကျွေးနေတာ😃

သူအပြင်သွားရင်လည်း spiderman ကို TVရှေ့မှာထားခဲ့တာ 

ဘာဖြစ်လို့ထားတာလဲလို့မေးတော့

spiderman အကြီးက အပြင်သွားမှာမို့ spidermanလေးကို TVပြပြီးထားခဲ့မလို့တဲ့ 

😂




သမီးလေးကို အရေအတွက်တစ်ခုခုမေးတိုင်း ၄ခု၊ ၄ကောင်၊ ၄ယောက်စသည်ဖြင့် ၄ပဲ အမြဲပြန်ဖြေလေ့ရှိတယ်၊ နံပါတ်စဉ်ဆိုရင်လည်း ၁၂၃၄ မရေဘူး ၄၆၇၈လို့စရေတယ်လို့ သူ့ဘကြီးကိုပြောပြတော့

သူ့ဘကြီးက ဟုတ်လား အဲ့ဒါဆို မေးကြည့်အုံးမယ် တဲ့

ဘဘကြီး - သမီးလေးက အသက်ဘယ်နှနှစ်ရှိပြီလဲ

သမီးလေး - ၄နှစ်

ဘဘကြီး - သမီးလေးမှာဖေဖေဘယ်နှယောက်ရှိလဲ

သမီးလေး - ၄ယောက်

🙄😂


ဒီဝက်ဝံလေးကပန်းချီဆွဲတာဝါသနာပါတယ်

မျောက်ကလေးက ကတာဝါသနာပါတယ်

သမီးလေးကရောဘာဝါသနာပါလဲလို့ မေးကြည့်တော့

ဖေဖေ့ကိုရေနွေးကြမ်းတိုက်တာဝါသနာပါတယ် တဲ့လေ

😂


ပုံပြင်ပြောပြမယ်တဲ့

အေးအေးပြော မေမေနားထောင်နေတယ်ဆိုတော့

ဟိုးရှေးရှေးတုန်းက မေမေတစ်ကောင်ရှိတယ် တဲ့

😬😂


မေမေ     - သမီးလေးရေ ကြက်တူရွေးကို ဖဲရော့လို့ခေါ်တယ်

သမီးလေး - အင်း ....ခဲရော့လို့လည်းခေါ်တယ် ဥနီလို့လည်းခေါ်တယ် အာခေါင်နီလို့လည်းခေါ်တယ်

🙄😂


မေမေဈေးသွားလို့ ဖွားဖွားကြီးနဲ့ကစားနေတုန်း

သမီးလေး - မိုးတွေရွာလာပြီ ဖွားဖွားရယ်

ဖွားဖွားကြီး - အင်း ဘာဖြစ်လို့လဲမြေးလေး မကြောက်နဲ့ ဖွားဖွားရှိတယ်

သမီးလေး - မေမေ မိုးစိုကုန်တော့မှာပဲ

😍


သမီးလေး - ဖွားဖွား သမီးအီးပေါက်လိုက်ပြီ 

ဖွားဖွားကြီး - ပေါက် ပေါက် ငါ့မြေးအီးက မွှေးတယ် မွှေးတယ်

သမီးလေး - ဖွားဖွားကမွှေးတယ်ဆိုပြီး ဘာလို့ မျက်နှာကမဲ့နေတာလဲ

😂


သမီးလေး - မေမေ မေမေ ဒီမှာကြည့်

မေမေ - ဪ ဒါလက်သည်းအစလေးထွက်နေတာ ဘာမှမဖြစ်ဘူး မေမေညှပ်ပေးမယ်

သမီးလေး - Spiderman လို အမျှင်ထွက်လာတော့မှာထင်တယ်

😂


စိတ်ဆိုးလို့ဆဲကြတာပဲဖြစ်ဖြစ်

ချစ်ခင်လွန်းလို့ စနောက်ပြီး ဆဲကြတာပဲဖြစ်ဖြစ်

လန့်လို့ယောင်ပြီးဆဲမိကြတာပဲဖြစ်ဖြစ်

ဘယ်လိုပဲဆဲဆဲ ဆဲသံကိုကြားမိလိုက်တာဖြစ်ဖြစ်

Commentတွေထဲမှာဆဲကြတာတွေ့ရင်ပဲဖြစ်ဖြစ် 

တစ်စက်ကလေးမှကိုမကြိုက်ပါဘူးဆိုမှ

ချစ်သမီးလေးက Spidermanတို့ Ironman တို့ကျ စကားပီပြီး

Flashကျတော့မပီဘဲ ဖက် ဖက် နဲ့ပြောပြောနေတော့ မေမေနားမချမ်းသာဖြစ်နေရပါတယ်နော်

🙄😂


မေမေ - သမီးနော် ကြမ်းမှာလက်မထောက်နဲ့လို့ပြောထားတယ်လေ သူများတွေဖိနပ်နဲ့နင်းထားတာ ရွံစရာကြီး

သမီးလေး - သမီးကသတ္တိရှိတယ် မရွံဘူး

😂


ဖေဖေနဲ့သမီးလေး video call ပြောကြရာ

ဖေဖေ - သမီးလေးရေ ဒီမှာရေတွေတွေ့လား  ငါးတွေလည်းရှိတယ်

သမီးလေး - ငါးမြားတံသွားယူလာပြီး ငါးမြားသလိုလုပ်ပြတယ်

ဖေဖေ - ဟာ သမီးကငါးမြားတော့မယ်ပေါ့ ဟုတ်လား 

(အတိုင်အဖောက်တွေညီပြီး သူ့အဖေက ပီတိတွေဖြာနေတုန်း)

သမီးလေး - ဟုတ်ဘူး ဖေဖေ့ကိုမြားမလို့ 

😂




သမီးလေး - ဖွားဖွား

ဖွားဖွားကြီး  - ဟေ မြေးလေး ပြော

သမီးလေး - ဖွားဖွား လက်နာတာသက်သာသွားပြီလား 

ဖွားဖွားကြီး - ဒီမှာကြည့်ကြပါဦး ငါ့မြေးလေးတစ်ယောက်ပဲငါ့ကိုစိတ်ပူဖော်ရတယ် တွေ့လား 😘 သက်သာသွားပါပြီမြေးလေးရယ် ချစ်လိုက်တာနော်

သမီးလေး - ဒါဆို သမီးနဲ့ကစားပါ

😂


အဖွားကဒီမှာငါ့မြေးလေးရဲ့ဟင်းချက်တဲ့ခွက်လေး (ကစားစရာ) ကျနေတယ်သိမ်းလိုက်အုံးဆိုလို့  ကောက်ယူပြီး ကစားစရာထည့်တဲ့ အံဆွဲ ၅ခုပါတဲ့ထဲက ဆွဲမိဆွဲရာ ဒုတိယအံဆွဲကိုဖွင့်ပြီးအဲ့ထဲပစ်ထည့်လိုက်မိတယ်

ဒေါ်အိမ့်ဖူးလေးကချက်ချင်းအနားရောက်လာပြီး ဘာပြောလဲဆို

(ခါးလေးထောက်ပြီး)မေးမေ ဟင်းချက်တဲ့ခွက်က ကောင်ကောင်လား ဘယ်လိုဖြစ်တာလဲ တဲ့ 😂

အဲ့ကျမှ သေချာကြည့်တော့ ခွက်ကိုဟင်းချက်စရာတွေထည့်တဲ့အံဆွဲထဲမထည့်ဘဲ တိရိစ္ဆာန်လေးတွေထည့်တဲ့ အံဆွဲထဲမှာ ထည့်မိသွားမှန်းသိတော့တယ်

😂


မေမေ စျေးသွားတုန်း သမီးလေးကို TV နဲ့ YouTube ကနေ Baby Bus ဖွင့်ပြခဲ့ပြီး အဖွားနဲ့ထားခဲ့တယ်၊ အဲ့အချိန် အဒေါ်လုပ်သူက ပလာတာ နဲ့ ပဲဟင်း လုပ်နေတယ်

အဒေါ်   -  ပလာတာရပြီဟေ့ လာစားလို့ရပြီ

သမီးလေး - ဖွားဖွားရေ မေမေမလာခင် မြန်မြန်သွားစားရအောင် သမီးကသကြားနဲ့စားမယ် မေမေကသကြားစားရင်မကြိုက်ဘူး 

အဖွား - အေးပါကွယ် လာသွားကြမယ်

သမီးလေး - ဖွားဖွား TV ပိတ်ခဲ့ပေးအုံးနော် မီတာတက်မယ်လို့ မေမေကပြောတယ်

(ကိုယ့်မှာ ကိုယ်မလာခင် သကြားတွေစားထားလို့ပဲစိတ်ဆိုးရမလိုလို ကိုယ့်စကားနားထောင်ပြီးမီတာမတက်အောင်TV ပိတ်ထားလို့ပဲဝမ်းသာရမလိုလို😬😂)


သမီးလေးကသူကြိုက်တဲ့မုန့်စားနေစဥ်

ဖိုးဖိုးထူး - ဖိုးဖိုးကို တစ်ခုကျွေးပါအုံး

သမီးလေး - အင်း ဆိုပြီး မုန့်တစ်ခုပေးလိုက်တယ်

ဖိုးဖိုးထူး - ဟယ်... ကလေးက သဒ္ဒါတရားကောင်းလိုက်တာ သူများကိုကျွေးချင်စိတ်ရှိတယ်

သမီးလေး -  သမီးကဖိုးဖိုးကိုမုန့်ပေးပေမဲ့ မကျွေးချင်ဘူး

🙄😂


သမီးလေးတစ်ယောက် ရေခဲသေတ္တာဖွင့်တာတောင် spidermanရေခဲသေတ္တာဖွင့်ပြန်ပြီဆိုပြီးကြိုပြောပြီးမှဖွင့်😃

သူ့ကိုယ်သူလည်း spidermanက spidermanကဆိုပြီးနာမ်စားသုံးတယ်၊ ကြားပါများတော့သူ့အဖိုးကကြည့်မရတော့ဘူ၊း စချင်လာရော

ဖိုးဖိုးထူး - အငယ်မရေ spiderman တွေ့ရင်ပြောပါဦး

မေမေ - ဘာလို့လဲ

ဖိုးဖိုးထူး - လေးခွနဲ့ပစ်မလို့😁

အဲ့လိုလည်းကြားရော သမီးလေးကချက်ချင်းပဲ ဘာပြန်ပြောလဲဆိုတော့

သမီးလေး - spiderman ကလည်း လူ့lollipop နဲ့ပြန်ပစ်မှာပဲ

😂


သမီးလေးက ပြောင်းဖူးကြော်ဖို့ ပြောင်းဖူးခြစ်နေစဉ်

မေမေ - သမီးလေးရေ လက်ရှမယ်နော် သတိထားခြစ်အုံး

သမီးလေး - ကစားစရာကြီးကို

မေမေ - သြော် ဟုတ်သားပဲ ကစားစရာကမရှအောင်လုပ်ထားတာ 

သမီးလေး - ခြစ်ပြီးပြီ

မေမေ - အဲ့ဒါဆို အလယ်ရိုးပဲကျန်တာပေါ့ မေမေ့ကိုပေး မေမေပစ်လိုက်မယ်ဆိုပြီး လှမ်းယူပြီး ဘေးနားမှချထားလိုက်တယ်

သမီးလေး - (အာမေဋိတ် အသံကြီးနဲ့အော်ပြောတယ် )မေမေ ဒီမှာမပစ်ရဘူး အမှိုက်တောင်းထဲမှာပစ်ရတာတဲ့

မေမေ - သြော် ဟုတ်သားပဲ မေမေအမှိုက်တောင်းထဲမှာပစ်ပေးမယ်နော် သမီးမှန်တယ် သမီးတော်တယ် (စိတ်ထဲမှာတော့ ကစားစရာကြီးကိုလို့ ပြန်ပြောပလိုက်တယ်😂)


သမီးလေးကို ဟင်းချိုတိုက်နေရင်း နှုတ်ခမ်းမှာစီးကျလာတော့ သူကဘာပြောလဲဆိုရင်

Help me လက်သုတ်ပုဝါ တဲ့ 😂


Me >>>

ဒီမောင်လေးကို သူအရမ်းချစ်တာသိလား

မနက်ဆို သွားတိုက်ပေးရတာနဲ့ နို့ဗူးတိုက်ရတာနဲ့ အစာကျွေးရတာနဲ့ ဘွတ်ဘွတ်တည်ရတာနဲ့ ရေချိုးပေးရတာနဲ့ အကျီလဲပေးရတာနဲ့

(original ပါတဲ့အကျီကိုး မဝတ်ရဘူး😂 ကျွတ်ကျွတ်အိတ်အကျီတွေပဲဝတ်ရ)

ပုံပြင်တွေပြောပြပြီးလည်းသိပ်သေးတယ် သူ့မောင်လေးကိုသိပ်ထားချိန်ဆို ငါလည်း စကားမပြောရဘူး ပြောရင်လည်း😦 လေသံလောက်ပဲပြောရတယ် သီချင်း TV ဘာမှမဖွင့်ရဘူး ခြေကိုဖွဖွလျှောက်ရတယ်

မောင်လေး နေမကောင်းရင်လည်း ဆေးခန်းပြဖို့ ဆရာဝန်ဘယ်ချိန်ထိုင်လဲရှာဖတ်ရတာနဲ့ bookingလုပ်ရတာနဲ့ ဆေးခန်းပြပြီးပြန်လာရင်ဆေးတိုက်ရတာနဲ့ အဖျားကျအောင်နဖူးပေါ် ရေအေးဝတ်ကပ်ရတာနဲ့ ချီသိပ်ရတာနဲ့ 

ကိုယ့်ထက်တောင်အလုပ်ရှုပ်သေး😂

အဲ့လောက်ကို ကလေးချစ်တာပါဆို😍

My friend >>>

ဟာ ဒါဆို နင်နောက်တစ်ယောက်မွေးလို့ရပြီ နင့်သမီးလေးကအားကိုးရမှာ နင်တော့ကံကောင်းတာပဲ

Me >>> ဒါမဲ့ သူ့မောင်လေးအရုပ်လေးကို ငါချီရင်လုံးဝမကြိုက်ဘူးဟ ပစ်ပေါက်လိုက်ရော😱သူများချီရင်တော့ရတယ်




မေမေ - သမီးရေ ဟိုးမှာတွေ့လား အဲ့တာမီးပုံးပျံတွေလွှတ်ထားတာ ဘယ်လိုလွှတ်တင်ရလဲသမီးမမြင်ဖူးသေးဘူးနော် နောက်ခါကျရင်မေမေတို့လွှတ်ကြမယ် 

သမီးလေး - သမီးသိတယ် အဲ့ဒါ remoteနဲ့ လွှတ်တာ

😂


မေမေ - သမီးရေ မေမေပြောပြတဲ့ပုံပြင်ထဲမှာ မင်းသမီးလေးက သူ့ဖေဖေဘုရင်ကြီးကိုဘယ်လိုခေါ်လဲ

သမီးလေး - ခမည်းတော်လို့ခေါ်တယ် သမီးတို့ရိုးရိုးလူတွေက ဖေဖေလို့ပဲခေါ်တယ်

မေမေ - ဟုတ်တယ် ​မေမေ့သမီးလေးကတော်လိုက်တာ

မင်းသမီးလေးက သူ့မေမေကိုရော ဘယ်လိုခေါ်ရလဲ

သမီးလေး - ရန်သူမျိုး၅ပါး

မေမေ - ဘာ😳

(ကြားကြားချင်း shockရတော့မလို့နော် နောက်မှစိတ်လျှော့ပြီး ရန်သူမျိုး ၅ပါးမှာ ဘာတွေပါလဲရှင်းပြလိုက်ရတယ် မေမေမပါကြောင်း သဘောတူသွားလို့တော်သေး)

😂


မေမေ - အဖွားရော အပြင်လိုက်သွားမှာလား

ဖွားဖွားကြီး - ငါ့ခြေထောက်နာနေသေးတယ် မလိုက်တော့ဘူး

မေမေ - တုတ်နဲ့လျှောက်ရင်ရော  တွဲပေးမှာပေါ့

သမီးလေး - သမီးခြေထောက်ယူသွား ဖွားဖွား

😘😂


သမီးလေးတစ်ယောက် ရွှေဖရုံသီးမြင်တော့ မေမေမေမေ အဲ့ဒါ ဟောင်းလောင်းဝင် လို့ ထအော် 😂

လူကြားထဲမို့ မေမေ့မှာမြန်မြန်ဘရိတ်လိုက်အုပ်​ပြီး အသံထွက်အမှန်သင်ပေးရ

😂


မေမေက ခေါင်းမော့ပါအုံးသမီးရေ လို့ပြောတာ ဟုတ်ဘူး မှားတယ်တဲ့

ဘာမှားတာလဲလို့မေးတော့ လည်ပင်းဟ လို့ ပြောရမှာတဲ့

😂


ခြင်ကိုက်ခံရရင်မေမေ့ကိုပြောနော်ဆိုလို့

လက်မှာ ခြင်ကိုက်ခံနေရတာတောင် ခြင်ကိုမခါဘဲ  ခြင်ကိုမပျံသွားအောင် အသာလေးသယ်လာပြီး သူ့ကိုကိုက်နေတဲ့ခြင်ကို မေမေ့ဆီလာပြတယ်လေ

😂


မေမေ - သမီးကို အဲ့လိုမလုပ်ပါနဲ့လို့ အဲ့ဒါကိုမကိုင်ပါနဲ့လို့

အတန်တန်ပြောထားတယ် အကြိမ်ကြိမ်အခါခါပြောထားတယ်

ဘာလို့လုပ်တာလဲ

သမီးလေး - ချစ်လို့စတာပါ🙄😂

(Reasonပေါင်းသောင်းခြောက်ထောင်နဲ့ responseကလည်းမြန်ပ 😂)


အမေမနိုင်သမီးလေးဖြစ်နေတဲ့အချိန်မှာ ခေးဖေအိမ်ပြန်လာတော့ စစ်ကူရလို့ပျော်သွား

မေမေ - ဖေ့သမီးကိုပြောအုံး မေပြောတာနားမထောင်ဘူး 

ဖေဖေ - မေစိတ်ပူနဲ့တော့ ဖေ့သမီးကဖေပြောရင်နားထောင်တယ်

လာပါဦးဖေ့သမီးလေး မေမေပြောတာနားမထောင်ဘူးဆို အဲ့လိုမလုပ်ရဘူးနော် (မေမေကသမီးအန္တရာယ်ဖြစ်မှာစိုးလို့ပြောတာ)

သမီးလေး -  လုပ်မယ်

ဖေဖေ - သမီးပဲ လိမ္မာတဲ့ကလေးလေးဖြစ်ချင်တယ်ဆို သမီးသီချင်းဆိုတာဖေဖေကြားပါတယ် အဖေအမေရဲ့စကားနားထောင်မယ်ဆို 

ပြောရင်းဆိုရင်းအဲ့သီချင်းလေးဖွင့်ပြတော့ ခဏငြိမ်သွား သီချင်းလည်းပြီးရော မီးခလုတ်တွေကိုဖွင့်လိုက်ပိတ်လိုက်လုပ်ပြန်ရော

ဖေဖေ - သမီး ဓါတ်လိုက်တတ်တယ် အဲ့လိုမဆော့ရဘူး

သမီးလေး - ဆော့မယ်

ဖေဖေ - သမီးနော် ဖေဖေပြောနေတယ်လေ မလုပ်ပါနဲ့လို့ 

သမီးလေး - ဆက်လုပ်နေရော

မေမေ - အဲ့ဒါကြောင့်ပြောတာပေါ့ ဘယ်လိုမှနားမထောင်ပါဘူးဆို ဘယ်လိုကလေးလေးမှန်းမသိဘူး

သမီးလေး - သမီးက ဖေဖေငယ်ငယ်ကနဲ့တူတာ😂

မေမေ - ကဲ ဖေနဲ့တူလို့တဲ့နော် ဖေပဲထိန်းနည်းသိမှာဆိုတော့ ဆက်ထိန်းလိုက်တော့ ရအောင်ထိန်းနော်😁

ရသွားရင်လှမ်းခေါ်လိုက်

😂


သမီးလေးနောက်တတ်ပုံများ

Blueကို ဗြူး

Blackကို ဗြက်

Brownကို ဗြောင်း တဲ့

😂


ဦးလေးငယ် - အိမ့်ဖူးလေး ဂါဝန်ကလှလိုက်တာ ဘယ်သူဝယ်ပေးထါးတာလဲ

အိမ့်ဖူးလေး - ဘယ်သူမှမဝယ်ပေးဘူး သူ့သူအစတည်းကရှိတာ

ဦးလေးငယ် - သြော်... မွေးတည်းကပါလာတာလား

အိမ့်ဖူးလေး - ဟုတ်တယ် 😂

(တူရီး၂ယောက်လိုက်တယ်နော်)


သမီးလေး - မေမေ မေမေ ဒီမှာလာကြည့်အုံး

မေမေ - ဘာပြမလို့လဲ မေမေ့ကိုစမလို့မို့လား ခုမေမေ မအားသေးဘူး စချင်ရင်နောက်မှစ 

သမီးလေး - စတာမဟုတ်ဘူး

မေမေ - ဟေ...အာ့ဆိုလာခဲ့မယ် ခဏလေးစောင့်

သမီးလေး - စတာမဟုတ်ဘူး တကယ်နောက်တာ

😂


သမီးလေး - ဖေဖေ ကစားကွင်းသွားချင်တယ်

ဖေဖေ - ဖေဖေ ဒီနေ့မအားဘူး အားရင်ပို့ပေးမယ်နော် 

သမီးအမေလည်းမအားဘူး

သမီးလေး - ရတယ် ကိုယ့်ကိုယ်သွားလိုက်တော့မယ် 

ပြီးတော့ ဖေဖေနဲ့မေမေက ပြောမယ်ရှိသေး သူကအရင် အောင်မယ်...လို့ပြောပြီးတံခါးဆီသွား😂

ဘယ်သူမှမတားတော့ပြန်ဝင်လာ 😂


ဖေဖေ - မေမေရေ အားလုံးအဆင်သင့်ပြင်ပြီးပြီ ကြော်လို့ရပြီ

မေမေ - အင်းအင်း လာပြီ လာပြီ

သမီးလေး - မေမေ မသွားနဲ့ သမီးနဲ့ဆော့အုံးပါ

မေမေ - သမီးက မရဘူးဖြစ်နေတယ် သူနဲ့ပဲဆော့တဲ့ 

ဖေဖေ - ဖေဖေကြော်ရင်တူးမှာစိုးလို့ မေမေပဲကြော်လိုက်ပါ

သမီးလေး - Nooooooooo

ဖေဖေ - ဘာလဲ သမီးက မေမေပင်ပမ်းမှာစိုးလို့လား လာ ဖေဖေနဲ့ဆော့ကြရအောင် မေချစ်လေး မေပဲကပ်နေတယ်

မေမေ - အဲ့ဒါပြောတာပေါ့ တစ်ချိန်လုံးကပ်နေတာ

သမီးလေး - ဟိုတစ်ခါ ဖေဖေကြော်တာပိုစားကောင်းလို့ပါ ဖေဖေကြော်တာကြွပ်ကြွပ်လေး မေမေကမာတယ်

🙄😂


သမီးလေးကိုသိပ်နေရင်း

မေမေ - အိပ်တော့နော်သမီးလေး

သမီးလေး - မေမေ 

မေမေ - ဘာလဲသမီးလေး 

သမီးလေး - မစ်

မေမေ - ဘာပြောလိုက်တယ်

သမီးလေး - မေမေဆိုနေ​ကျလေ အဲ့တာဆိုတော့ဘူးလား

မေမေ - ဘယ်ဟာလဲ သမီးလေးရဲ့

သမီးလေး - မေတ္တာသတ်တယ် ကိုပြောတာ 😂

(နောက်ခါ ပီပီသသ ဆိုပါ့မယ်ဘုရား 🙏)မေတ္တသုတ်တော် 


သမီးလေးပြောတဲ့ ​လက်ဝါးပိတ်ပါ ဆိုတာ

လက်သီးဆုပ်ခိုင်းတာ😂

သမီးလေးပြောတဲ့ လက်ဝါးဖွင့်ပါ ဆိုတာ

လက်ဝါးဖြန့်ခိုင်းတာ😂


မေမေ - ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးရှိတယ်၊ အဲ့ဘုရင်ကြီးမှာ အရမ်းကိုလိမ္မာတဲ့

သမီးတော်လေးတစ်ပါးရှိတယ်

သမီးလေး - အဲ့ဒါ သမီးလား 

🙄😂


မေမေ - သမီးရေ ဟိုးမှာ လကို တွေ့လား

မျက်ခုံးမွှေးပုံစံပဲရှိသေးတယ် တဖြေးဖြေးနဲ့မှ......

သမီးလေး - လက သမီးမွေးနေ့ကျမှ ဝိုင်းသွားမှာ 😂

(သူ့မွေးနေ့တုန်းက လပြည့်နေ့ကိုး)


သမီးလေး - မေမေက ဘယ်သူ့ဗိုက်ထဲကထွက်လာတာလဲ

မေမေ - မေမေ့မေမေ သမီးရဲ့ဖွားဖွား ဗိုက်ထဲကထွက်လာတာ

သမီးလေး - ဟုတ်လား သမီးက မေမေ့ဗိုက်ထဲကထွက်လာတာ

မေမေ - သိပါတယ်နော် 🙄😂

သမီးလေး - ဖေဖေကရော ဘယ်သူ့ဗိုက်ထဲကထွက်လာတာလဲ သိလား

မေမေ - ဖေဖေ့မေမေ သမီးရဲ့ဖွားဖွားဗိုက်ထဲကပေါ့ 

သမီးလေး - မှန်တယ် 

မေမေ - ဟုတ်ပါပြီ 😂 (သူပြောမှကိုယ်သိသလိုဖြစ်သွား)

သမီးလေး - ဦးငယ်ကရော ဘယ်သူ့ဗိုက်ထဲကထွက်လာတာလဲသိလား

မေမေ - မေမေ့ရဲ့အစ်ကိုငယ် ဆိုတော့ 

သမီးရဲ့ဖွားဖွား ဗိုက်ထဲကပေါ့ သမီးလေးရဲ့

သမီးလေး - မှားတယ် မေမေ့ မေမေဗိုက်ထဲကပဲ ထွက်လာတာ

😂


ဖိုးဖိုးထူးတစ်ယောက် အိမ်မှာ ဧည့်သည်နှင့်အလုပ်ကိစ္စဆွေးနွေးနေစဥ်

ဖိုးဖိုးထူး - warranty ပေးလား

ဧည့်သည် - ဟုတ်...................

ခဏနေတော့ သမီးလေးတစ်ယောက် မေမေ့နားကပ်လာပြီး

သမီးလေး - မေမေ

မေမေ - ဘာလဲ

သမီးလေး - ဖိုးဖိုးထူးက မေမေ့ခွေးလေးပေးလားလို့မေးတာ 

သမီးကြားလိုက်တယ် ဘာဖြစ်လို့လဲ

မေမေ - မေမေ့ခွေး နဲ့ဘာဆိုင်လို့လဲ မမေးလောက်ပါဘူး သမီးရဲ့

သမီးလေး - အရင်တုန်းက မေမေငယ်ငယ်တုန်းကခွေးလေးကိုတောင်းတာ 

မေမေ - ဘယ်လို ဘယ်လိုပြောလို့လဲ

သမီးလေး - ဘရန်ကီ ပေးမလားလို့မေးတာ

😂😂😂( ဝရန်တီ ကို သူက ဘရန်ကီ လို့ထင်သွားတာကိုး)


မိတ်ဆွေအစ်မတစ်ယောက်  - သမီးလေးက ညဘက်ရော

diaper လွတ်သွားပြီလားညီမ

Me - လွတ်သွားပြီအမ မဝယ်ရတာကြာပြီ ဝယ်ထားတာတောင် တစ်ဝက်ပိုနေသေးတယ်

သမီးလေး - မေမေကတော့ diaper ဝတ်သေးတယ်

အစ်မ - ဟင် မေမေက diaper ဝတ်တယ် 😯

သမီးလေး - သမီးရဲ့ diaper မဟုတ်ဘူး မေမေ့ရဲ့diaperကိုပြောတာ😂

Me - အီဗာကိုစမြင်တည်းက ဘာလဲလို့မမေးဘူး သူ့ဖာသာသူ

မေမေ့ diaper လို့နာမည်တပ်လိုက်တာပဲအမရယ်

😂


သမီးလေး အသက် ၁ နှစ်ကျော်လောက်ကပေါ့ 

အပြင်သွားရင်း ဒီခွက်လေးကိုမြင်တော့ ကိုင်းလေး ၂ ဖက်ပါလို့ သမီးလေးအတွက်ဝယ်လာခဲ့တယ်

(ကိုင်း ၂ ဖက်ကို သူ့လက်၂ဖက်နဲ့ကိုင်သောက်ရရင် သူလေးပျော်သွားမယ်လို့တွေးထားခဲ့တာ)

သမီးလေးက အဲ့အချိန်ထဲကနေအခုထိ ဒီခွက်နဲ့ရေသောက်တဲ့အခါတိုင်း ပုံထဲကလိုပဲကိုင်သောက်တယ်လေ 🙄😂




မေမေ - သမီးလေး မေမေ့ဗိုက်ထဲမှာနေတုန်းက မေမေဘာစားစားသမီးပါစားရတယ်၊ မေမေခေါက်ဆွဲစားလည်း သမီးပါခေါက်ဆွဲလိုက်စားတယ်

သမီးလေး - ဟုတ်လား

မေမေ - မေမေမုန့်ဟင်းခါးစားလည်း သမီးပါလိုက်စားတယ်

သမီးလေး - ဟုတ်လား

မေမေ - မေမေငရုပ်သီးစားလည်း သမီးပါလိုက်စားရတယ် 

သမီးလေး - ဟုတ်လား

မေမေ - ဟုတ်တယ် ဒါကြောင့် သမီးလေးစပ်မှာစိုးလို့မေမေက ငရုပ်သီးတွေမစားဘူး

မေမေ coffee သောက်လည်း သမီးပါလိုက်သောက်ရတယ်

သမီးလေး - ဟုတ်လား

မေမေ - ဟုတ်တယ် ဒါ့ကြောင့်သမီးလေးအိပ်မပျော် ရင်တုန်မှာစိုးလို့ မေ​မေက coffeeပါ ရှောင်ရတယ် မသောက်ဘူး

သမီးလေး - မေမေ

မေမေ - ဟင် ဘာလဲသမီးလေး

သမီးလေး - မေမေရေချိုးရင်ရော သမီးပါလိုက်ချိုးရတာလား

🙄😂


သမီးလေးနဲ့TVကြည့်နေရင်း Panda လေးတွေဆော့တဲ့အခန်းလာတော့

မေမေ - သမီးလေး အဲ့ဒါ ဘာကောင်လဲ

သမီးလေး - ပန်ဒါ

မေမေ - သူတို့ဆော့နေတာ အရမ်းချစ်ဖို့ကောင်းတယ်နော်

သမီးလေး - အင်း.... ချစ်စရာလေး ပန်ဒါရှုံးတွေ

မေမေ - ဘာ ဘယ်လို  ပန်ဒါရှုံး ဟုတ်လား 😂ဘာလို့အဲ့လိုခေါ်တာလဲ

သမီးလေး - အငြိမ်မနေဘဲ တစ်ချိန်လုံးဆော့နေလို့

😂


မေမေ - ဖွထားပြန်ပြီလား ဘယ်နှခါပြောရမလဲ ပြန်သိမ်းတော့

သမီးလေး - အဲ့လိုမပြောနဲ့ သမီးလေးဖွထားတာလား ပြန်သိမ်းတော့နော် အဲ့လို့ပြောပါ ဗြဲ

မေမေ - အဲ့ထဲမဝင်ပါနဲ့ဆို ဝင်ပြန်ပြီလား ဘယ်လိုဖြစ်နေတာလဲ

သမီးလေး - ဘယ်လိုဖြစ်နေတာလဲလို့မပြောပါနဲ့ သမီးလေး အဲ့ထဲမဝင်နဲ့နော် အဲ့လို့ပြောပါ ဗြဲ

မေမေ - သွားတော့မယ် လာခဲ့တော့လို့ပြောနေတယ်လေ

အမြန်လာခဲ့

သမီးလေး - အဲ့လိုမပြောနဲ့ သမီးလေး သွားရအောင် အမြန်လာခဲ့ပါ အဲ့လို့ပြောပါ ဗြဲ

ကိုယ်ကသူ့ကိုဆူရင် သူကကိုယ့်ကိုပြန်ဆုံးမပါတယ်နော် ဗြဲ...

🙄😂


မေမေ - သမီးနော် ရေနွေးစပ်ပေးထါးတာပဲ ချိုးပါဆိုနေ

ဒီဘက်ကရေအေးကိုလာလာမခပ်နဲ့

သမီးလေး - ဒီဘက်ရော ဟိုဘက်ရော ချိုးချင်လို့

မေမေ - ဒီရေက အရမ်းအေးနေတာ သမီးရဲ့ 

သမီးတို့လို့ကလေးလေးတွေနဲ့ ဖွားဖွားကြီးတို့လိုအရွယ်တွေက ရေအေးအေးကြီးမချိုးရဘူ၊း ရေနွေးလေးစပ်ချိုးရတယ်၊ သတင်းစာထဲမှာလည်း သတိထားဖို့ပြောထားတယ်

သမီးလေး - မပြောဘူး

မေမေ - သမီးကမဖတ်တတ်သေးလို့ မသိတာ

သမီးလေး - သတင်းစာက မပြောတတ်ဘူး ပါးစပ်မပါဘူး 😂

မေမေ - ရေးထားတာအေ ရေးထားတာ

🙄😂


သမီးလေးက ငယ်ငယ်တည်းက အအိပ်နည်းတယ်၊ အအိပ်ဆတ်တယ်၊  နေ့လည်နေ့ခင်း နာရီဝက်လောက်ပဲကောင်းကောင်းအိပ်တယ်၊ တစ်ခါတစ်လေ အကြားကြီးအိပ်တယ်ဆိုတာ ၁နာရီလောက်ပဲ ညလည်းခဏခဏနိုးတတ်တယ် 

Me - သမီးငယ်ငယ်ကရော သမီးလေးလိုပဲ အအိပ်ဆတ်လားအဖွား

ဖွားဖွားကြီး - နင်လား အိပ်ပါတယ် နင့်သမီးလိုမဟုတ်ဘူ၊း ကလေးကသူ့အဖေနဲ့တူတာလားမသိဘူ၊း နင့်ယောက္ခမကို မေးကြည့်ပါလား သူ့အဖေငယ်ငယ်က အအိပ်အနေနဲလားလို့

Me - မေးပြီးပြီအဖွား 

ဖွားဖွားကြီး - ဟုတ်တယ်မို့လား

Me - သူ့အဖေငယ်ငယ်က အသက်တောင်ရှူသေးရဲ့လားလို့ သွားသွားစမ်းရတယ်တဲ့ 😂 (အိပ်တာကြာလွန်းလို့)


သမီးလေးတစ်ယောက် ဆရာဝန်လုပ်တမ်းကစားနေစဥ် ဆေးခန်းစာအုပ်မှာ ဝလုံးတွေရေးပြီး ဒါလေးကတစ်လုံးပဲသောက်ရမယ်၊ ဒါကနှစ်လုံးသောက်မှရမယ်လို့ရွတ်နေတော့

အိမ်လာတဲ့ ဧည့်သည်က လူနာအဖြစ်သရုပ်ဆောင်လိုက်ပြီး 

ဆရာမရေ ဒီဆေးကို ထမင်းစားပြီးသောက်ရမှာလား ထမင်းမစားခင်သောက်ရမှာလားမေးတော့ ဆရာမက ဘာပြန်ဖြေလည်းဆိုရင် 

စားပြီးလည်းမသောက်ရဘူး မစားခင်လည်းမသောက်ရဘူး ဒီဆေးကို ထမင်းရယ် ဟင်းရယ်နဲ့ ရောစားရမယ် တဲ့

😂




သမီး​လေး ပထမဆုံး ဆွဲတဲ့ Family photo လေးပါ

သမီးလေး - ဆွဲပြီးပြီ မေမေ

မေမေ - ဘာပုံဆွဲတာလဲ မေမေ့ကိုပြောပြပါအုံး

သမီးလေး - ဖေဖေရယ် မေမေရယ် သမီးလေးရယ် ဆွဲထားတာ

မေမေ - မိသားစုပေါ့

သမီးလေး - ဟုတ်တယ် finger family 😂

မေမေ - ဒီမှာကြည့်ပါအုံး ဖေရေ  ဖေဖေ့ကို ဗိုက်ပူပူကြီးလုပ်ပေး ထားတယ်၊ မေမေကတော့ဗိုက်ချပ်ချပ်လေး၊ သမီးလေးကတော်လိုက်တာ၊ ဆွဲတတ်လိုက်တာ 😘

သမီးလေး - မေမေ့ကို ဗိုက်စည်းပါစည်းပေးထားတယ်

😖😂




သမီးလေးမုန့်စားရင်းဖိတ်သွားတော့

မေမေ - ဟော မုန့်ဖိတ်သွားပြီသမီးရေ ပန်းကန်သေချာခံစား အောက်ကိုမဖိတ်စေနဲ့  ပုရွတ်ဆိတ်လာလိမ့်မယ် 

သမီးလေး - နဲနဲလေးပဲဖိတ်တာ မေမေ

မေမေ - နဲနဲ​လေးလည်း ပုရွတ်ဆိတ်တွေက လာမှာသမီးရဲ့ 

သူတို့က အမြဲအစာရှာထွက်ကြတယ် 

သူတို့က အရမ်း ဝီရိယကောင်းတာ အစာရဖို့ကြိုးစား​ကြတယ်

သူတို့က အစာတွေကို လိုက်စုဆောင်းနေတာ 

သူတို့က အရမ်းစည်းလုံးတာ ခဏနေ အတန်းလိုက်ကြီးရောက်လာလိမ့်မယ်

(ကြုံတုန်း ပုရွက်ဆိတ်တွေဆီက အတုယူစရာလေးတွေကို ပြောပြလိုက်ရလို့ ကျေနပ်နေတာပေါ့)

သမီးလေး - ဒါ​ပေမဲ့ မေမေက သူတို့ကို လှဲပလိုက်ရော

🙄😂


သမီးလေး အသက် ၂ နှစ်လောက်တုန်းက animal တွေကို english လိုရော မြန်မာလိုရော တွဲသိနေပြီ မကျက်ရဘဲ နေ့စဥ်မေမေနဲ့ဆော့ရင်းပြောပြရင်းနဲ့ မှတ်မိသွားတာ

(မေးရင်အကုန်နီးပါးဖြေနိုင်တဲ့ videoလေးကို ပို့စ်တင်ခဲ့ဖူးတယ်)

အဲ့နေ့တုန်းက မေမေမေးသမျှအကုန်ဖြေနိုင်လို့ ဒီမေမေပျော်နေတာပေါ့၊ 

နောက်နေ့ အဖွားတို့နဲ့ ဘုန်းကြီးကျောင်းလိုက်သွားတော့ ကျောင်းမှာ လူစုံချိန်ကျမှ ကြောင်တစ်ကောင်က အပေါ်ကနေဝုန်းဆိုခုန်ဆင်းလာတယ်၊ အားလုံးလန့်သွားကြတယ်၊

အဲ့ချိန်မှာ သမီးလေးက ကြောင်ကြီးကိုလက်ညှိုးထိုးပြီး

နွား နွား လို့အော်တော့ အားလုံးဝိုင်ရယ်ကြတော့တာပေါ့လေ

🙄😂


သမီးလေး - သမီးကျောင်းတက်တဲ့အခါ မေမေပါတူတူလိုက်တက်

မေမေ - မေမေက ကျောင်းကိုပဲလိုက်ပို့ပေးလို့ရတာ စာသင်ခန်းထဲဝင်လို့မရဘူး 

မေမေတို့လူကြီးတွေကို ပေးမဝင်ဘူး 

သမီးကိုပို့ပြီးရင် မေမေကပြန်ရမှာ ကျောင်းဆင်းရင်လာကြိုမှာပေါ့ 

ကဲ ကဲ အိပ်ချိန်ရောက်ပြီး သွားတိုက်ရအောင်

သမီးလေး -  ကိုယ့်ကိုယ်တိုက်မယ်ဆိုပြီး သွားတိုက်တံနဲ့သွားနဲ့ထိရုံတစ်ချက်လောက်တိုက်ပြပြီး ပြီးပြီတဲ့

မေမေ - သမီးနော် ဟိုတစ်ခါ သွားဆရာဝန်က ဘာမှာထားလဲ သွားကိုသေချာတိုက်ရမယ်၊ ခဏလေးမတိုက်ရဘူးလို့ပြောလိုက်​တယ်လေ၊ သမီးတိုက်တာမဟုတ်သေးဘူး...လာ...မေမေတိုက်ပေးမယ်

သမီးလေး - ရတယ် သမီးတိုက်တတ်တယ် ဒီလိုဒီလိုဆိုပြီး ဟိုထိုးဒီထိုးလုပ်

မေမေ - သမီးလေး ကျောင်းတက်ရင်လေ သွားဆရာဝန်ကြီး​တွေက ကျောင်းကိုလာပြီး သမီးတို့က​လေးတွေကို ဘယ်လိုတိုက်ရတယ်ဆိုတာ လာသင်ပြပေးလိမ့်မယ်သိလား၊ အခုတော့ မေမေတိုက်ပေးမယ်နော် ဒါမှမဟုတ် မေမေပြောသလိုတိုက် 

သမီးလေး - မေမေပြောတော့ ကျောင်းခန်းထဲ လူကြီးတွေမဝင်ရဘူးဆို

သွားဆရာဝန်က လူကြီးပဲမို့လား

😂


rate now:

1 Reviews
  • reader Tyfone 14.01.2020, 00:36 4.9

    Wow! Very cute!

    author အီကိုလေးမေ 14.01.2020, 07:05

    Thank you 😊