book

Index 9

Part-9

Nephew-9


@@@@@


သူ့အိမ်ကနေ ပြန်ရောက်ရောက်ချင်း မမက အိမ်မှာ ရောက်နေတယ်။ ကျွန်တော် အိမ်ထဲ ဝင်လာတော့ အပြစ်တင်ချင်တဲ့ မျက်ဝန်းက တစ်ချက်ဝင့်လာတယ်။ 


'ဒီလောက်လေးတောင် မနေနိုင်ဘူးလား၊ မင်းကို သူ တစ်သက်လုံး နိုင်စားလိမ့်မယ်'


ကျွန်တော် မမပြောတာကို ငြိမ်ပြီးပဲ နားထောင်နေလိုက်တယ်။ တစ်သက်လုံး နိုင်စားစေချင်လွန်းပါတယ် ဆိုရင်တောင် ကာယကံရှင်က နိုင်စားချင်အုံးမှ၊


'ဒီပါမိသားစုက ရှုပ်ထွေးတာ မင်းလည်း သိတယ်မဟုတ်လား ခန့်ညား'


မမက စားပွဲပေါ်ကို ဓာတ်ပုံငယ်လေး ချပေးလာတယ်။ သူငယ်ငယ်တုန်းကပုံလေး၊ 


'ဒီကလေးက ဦးဖြိုးဒီပါရဲ့ တရားဝင်သားကြီး လက်ရှိဒီပါလုပ်ငန်းစုရဲ့ ဆက်ခံသူ ဖြစ်လာမယ့်လူ ရိုးသားဒီပါ'


'မမ ဒါက ဘယ်လို'


'မြတ်နိုးဒီပါနဲ့ မီမီဒီပါက မင်းကို ဘာလို့ တိုက်ခိုက်နေတာလဲ ဆိုတာကို ငါက သိချင်လို့ စုံစမ်းတာ ဦးဖြိုးဒီပါက ဒီပါစံအိမ်ထဲမှာ ဝှီးချဲလ်နဲ့ရှင်သန်နေရတာ၊ ဒုတိယဇနီး ဒေါ်မြတ်နိုးသွင်က မြတ်နိုးဒီပါရဲ့ အမေ၊ မီမီဒီပါကတော့ ဦးဖြိုးဒီပါရဲ့ညီမရဲ့သမီးပဲ ဒါပေမယ့် သူတို့အိမ်မှာက တရားဝင် ဆက်ခံသူက ပျောက်နေခဲ့တာ နှစ်သုံးဆယ် နီးပါး'


'မမအခု ပြောနေတာက'


'မြတ်နိုးဒီပါနဲ့ မင်းက မောင်နှမတော်ပေမယ့် သိင်္ဂီဒီပါနဲ့က ဘာမှမတော်ဘူး သိင်္ဂီဒီပါက ဒေါ်မြတ်နိုးသွင်ရဲ့တူမ သူ့ကို ဦးဖြိုးဒီပါက မွေးစားထားလိုက်တာ'


'အဖြေက'


'မင်းက ဒီပါလုပ်ငန်းစုတွေရဲ့ ဆက်ခံသူ ဖြစ်နေလို့ပဲ'


'ကျွန်တော် စိတ်မဝင်စားဘူး'


'သိတယ် မင်း ဒီလို ပြောလာမယ် ဆိုတာကို ဦးဖြိုးဒီပါအနားက သူနာပြုက ငါ့လူလေ အဲ့ဒါကနေ မင်းနဲ့ တော်စပ်ပုံကို သေချာချင်လို့ ငါ DNA စစ်ခိုင်းလိုက်တာ၊ အဖြေက 99.9ပါဆန့် သားအဖ တော်စပ်နိုင်ချေ ရှိတယ်တဲ့'


'အဲ့ဒါဆို ကျွန်တော်က ဘာလို့ မိဘမဲ့ဂေဟာကို ရောက်သွားရတာလဲ'


'မင်းသိချင်ရင် ဆက်စုံစမ်းလေ ငါက မင်းကို ဒါတွေပဲ လာပေးတာ၊ ဒါနဲ့ ဂျီဂျီ ဘယ်လိုနေလဲ'


'တော်သင့်ပြီ ထင်တာပဲ'


'ထင်တာပဲ ဆိုရင်တော့ ဆက်ထားလိုက်အုံးမယ်'


ပြောရင်း မမက ထရပ်တော့ ကျွန်တော်ပါ ကမန်းကတမ်း ထရပ်ပြီး ဆိုမိတယ်။ 


'မမ တော်ရအောင် ဒီလိုနဲ့ ဂျီဂျီ နေမကောင်း ဖြစ်သွားမယ်'


'သူ့အသက်က ဒီလောက်ငယ်သေးလို့လား ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်လောက်အောင်'


'ဒါပေမယ့်'


'မင်းကိစ္စကို အရင်ရှင်းအုံး မင်းသိချင်တာ ရှိတယ် ဆိုရင်'


'ကျွန်တော် ဒီပါစံအိမ်ထဲကို သွားကြည့်မယ်၊ တကယ်လို့ ကျွန်တော့်ကို လိုလားတဲ့လူ တစ်ယောက်မှ မရှိဘူး ဆိုရင် နေပါစေတော့'


'ဦးဖြိုးဒီပါကတော့ မင်းကို မျှော်လင့်နေမှာပဲ'


'ကျွန်တော့်ကို ဘာလို့ ပစ်ထားခဲ့တာလဲ ဆိုတာပဲ မေးချင်တာပါ'


'အဲ့ဒါဆိုလည်း မင်းကိစ္စကို မင်းဖာသာ လုပ်တော့ ဒါနဲ့ မင်း ဂျီဂျီဆီ မသွားနဲ့အုံး သူ့ဖာသာ လာခဲ့ပါစေ၊ တစ်သက်လုံး အလျော့ပေးမယ့်အတူတူ တစ်ကြိမ်လောက်တော့ ငါနဲ့ပေါင်းပြီး ဒီကောင်လေးကို ပညာပေးကြည့်စမ်းပါ၊ မင်းဒီပါစံအိမ်ကို သွားမယ့်ရက်ကျ ဖုန်းဆက်ခဲ့အုံး'


@@@@@@@@@


ဒီပါစံအိတ်ထိ ကျွန်တော် ရောက်သွားတော့ အားလုံးသော မျက်ဝန်းတို့က ထိတ်ထိတ်ပျာပျာနှင့် ကျွန်တော့ကို ဦးဖြိုးဒီပါက ငေးကြည့်နေတယ်။ ဘာတွေးနေတယ် ဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး။ ကျွန်တော် အိမ်ကနေ အသင့်ယူလာတဲ့ ငယ်တုန်းက ဓာတ်ပုံတွေနဲ့ DNA စာရွက်ရယ် မမယူလာတဲ့ ငယ်တုန်းက ဓာတ်ပုံတစ်ပုံရယ်ကို ချပြလိုက်တော့ ဦးဖြိုးဒီပါက ဘာကို ဆိုလိုမှန်း မသိပါပဲနှင့် မျက်ရည်တို့ ရစ်သိုင်းပြီး လက်ချောင်းတွေ တုန်နေတယ်။ 


'ကျွန်တော်က ရိုးသားဒီပါလို့ ဆိုလိုချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော် သိချင်တာ တစ်ခု ရှိလို့ ရောက်လာတာပါ'


'အိုး အစ်ကိုကြီး'


ဒေါ်မြတ်နိုးသွင်က အနားကပ်ထိုင်ပြီး အော်တယ်။ ဦးဖြိုးဒီပါက ကျွန်တော့်ကိုပဲ အားယူပြီး ကြည့်နေရာကနေ၊


'ဘာသိချင်တာလဲ မင်းက ရိုးသားဒီပါပါလို့ လာပြောနေပြီးတော့ မင်း ဘာကို သိချင်တာလဲ'


'ကျွန်တော့်ကို ဘာလို့ စွန့်ပစ်ခဲ့တာလဲ အကြောင်းပြချက်က ဘာလဲ'


ဦးဖြိုးဒီပါက မျက်ရည်တို့ သိုင်းနေသော မျက်ဝန်းတို့ဖြင့် ကျွန်တော့်ကို ကြည့်နေရာကနေ ခေါင်းယမ်းတယ်။ 


'မင်းကို ငါ ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဘူး'


'ကျွန်တော် အသက်အရမ်းငယ်သေးတာ မှန်ပေမယ့် တစ်ခုတော့ မှတ်မိတယ်၊ ကျွန်တော့်ကို ကားနဲ့ခေါ်လာပြီးတော့ မိဘမဲ့ဂေဟာရှေ့မှာ ဆင်းခဲ့ခိုင်းတာ'


'ငါဘယ်တုန်းကမှ အဲ့လို မလုပ်ခဲ့ဘူး ဘယ်တုန်းကမှ'


'ကျွန်တော် ရိုးသားဒီပါ ဖြစ်ချင်လို့ လာတာ မဟုတ်ဘူး၊ ကျွန်တော့်နာမည်က ခန့်ညားကြည်စင် မမတို့မိသားစုက ကျွန်တော့်ကို နွေးထွေးပြီးတော့ အဆင်ပြေတဲ့ ဘဝတစ်ခုကို ပေးထားပြီးသားမို့ ဒီပါမိသားစုဝင်အဖြစ် မနေရလည်း ကျွန်တော် အဆင်ပြေတယ် ဆိုတာကို လာပြောတာပါ'


'မဟုတ်ဘူး၊ မင်း အထင်လွဲနေတာ မင်း.. အဟွတ် ဟွတ်'


မြင်တာနဲ့ အဖေလို့ တန်းခေါ်ရလောက်အောင် ကျွန်တော့်အသိဉာဏ်က ရုပ်ရှင်မဆန်ဘူး။ ဝမ်းသာအားရ မဖြစ်သလို၊ ဝမ်းနည်းခြင်းလည်း မရှိပေ။ 


'ပြီးတော့ ဘယ်လို အကြောင်းရင်းကြောင့်ပဲ ဖြစ်ဖြစ် ကြည်စင် မိသားစုကို လာပြီး မထိမိပါစေနဲ့၊ ကျွန်တော် ခေါက်ရိုးကျိုး သည်းခံတတ်တဲ့အထဲမှာ မမရယ် ဂျီဂျီရယ်ပဲ ရှိတယ်၊ တခြားလူ မပါဘူးမို့ ဒါဆို သွားခွင့်ပြုပါအုံး'


ပြောချင်တာပြောပြီးမှ လှည့်ထွက်လာခဲ့တော့ စိတ်ထဲမှာ ရှင်းသွားတယ်။ မမက တားဆီးထားပေမယ့် မဖြစ်မနေတော့ ဒီဟာလေးဆီကို သွားရအုံးမှာပါ။ ကားကို ခြံဝမှာ ရပ်ထားခဲ့တာကြောင့် ခြံဝထိ လမ်းလျှောက်ထွက်လာတော့ ခြံဝမှာ ဂျီဂျီက အငိုမျက်နှာနှင့် စောင့်နေလေတယ်။ ဘာဖြစ်လာတာလဲ ဒီဟာလေး၊ 


ကျွန်တော် ခြေလှမ်းတွေကို ရပ်လိုက်မိတယ်။ သူက မီမီဒီပါကို စိတ်မပြတ်နိုင်သေးဘူးလား။ အတွေးက နည်းနည်းတော့ နာကျင်ဖို့ ကောင်းတယ်။ ဂျီဂျီရောက်နေတယ် ဆိုတော့ တစ်ယောက်ယောက်များ ထွက်လာမလား ဆိုတဲ့အတွေးနဲ့ ခြံဝန်းထဲကို လှည့်ကြည့်မိတယ်။ လှည့်လိုက်ရုံတင် ရှိသေး၊ အနောက်ကနေ ပြေးဖက်လိုက်တဲ့သူ၊ 


'ဟာ'


'အွတ်'


သူပြေးဖက်တာ ဘယ်လောက်တောင် အရှိန်ပြင်းတာလဲ ဆိုရင် သူ့ဖာသာ ပြေးဖက်တာမှာ အွတ်ခနဲ သူ့ဖာသာ အသံထွက်လာတယ်။ နာသွားသေးလား ဆိုတာကို သိချင်လို့ လှည့်ကြည့်မလို့မှာ အတင်းမရမကက လည်ကုတ်မှာ မျက်နှာအပ်ပြီး ကျွန်တော့်တစ်ကိုယ်လုံးကို အားထည့်ပြီး ဖက်ထားတယ်။ 


'ခဏနေအုံး ဂျီဂျီ ဘာဖြစ်လာတာလဲ'


'လေးငယ် ဂျီဂျီကို မတွေ့ချင်တော့ဘူးလား ဂျီဂျီ မှားပါတယ် ဂျီဂျီ တောင်းပန်ပါတယ်'


ဟော့ဗျာ၊ ဘာတွေ ဖြစ်ကုန်ရတာလဲ၊ 


'ဘာလို့ မတွေ့ချင်ရမှာလဲ ဘာဖြစ်လာတာလဲ ဆိုတာကို အရင်ပြော'


'မာမီက ဖုန်းဆက်ပြီး ပြောတယ်၊ လေးငယ်က ဒီပါမိသားစုက ဆက်ခံသူတဲ့၊ လေးငယ် ဒီပါမိသားစုကို သွားပြီတဲ့'


သိလိုက်ပါပြီ၊ မမက ဒီဟာလေးကို ဂျင်းကျွေးလိုက်မှန်း၊ မမက တကယ့်ကို တော်လွန်းတာ၊ အေးပေါ့လေ ထိပ်ထားကြည်စင် ဆိုတာက စီးပွားရေးလောကထဲမှာ နာမည်တစ်လုံးနဲ့ နေနေတာ အချဉ်မှမဟုတ်ပဲ၊ 


'အဲ့ဒီတော့'


'အဲ့ဒါ ဂျီဂျီ ဒီကို လာကြည့်တော့ လေးငယ်ရဲ့ကားက ဒီမှာ ရပ်ထားတာ၊ ပြီးတော့ လေးငယ် ပြန်ထွက်လာတာ ဂျီဂျီကို မြင်တော့ ပြန်လှည့်ဝင်ဖို့ လုပ်တာ'


'ဘယ်သူက ပြန်လှည့်ဝင်မလို့လဲ မဝင်ဘူး၊ မင်းဘယ်သူ့ကို စောင့်နေတာလဲ လှည့်ကြည့်တာ မီမီဒီပါများ ဆင်းလာမလားလို့'


'မလိုချင်ဘူး၊ လေးငယ်ကိုပဲ ပြန်လိုချင်တယ်'


အခုလိုလေး ဝန်ခံလာတော့ သနားစရာ၊ အဲ့ဒီအချိန်မှာ ရွံတယ် ဘာညာ ပြောထားတာကို စကားနားမထိုးချင်၊ 


'ဂျီဂျီ တောင်းပန်ပါတယ်၊ ဂျီဂျီကို မထားခဲ့ပါနဲ့'


'ငါက မင်းကို ထားခဲ့မယ်လို့ မပြောပါဘူး သွေးပူနေမှန်းသိလို့ အချိန်ပေးထားတာပါ'


'အချိန်ပေးထားတာကလည်း ပစ်ထားတာ အကြာကြီးပဲ'


'ဘယ်တုန်းက ငိုတတ်သွားတာလဲ'


မေးတော့ ချက်ချင်း ဣနြေ္ဒမရမကဆယ်ပြီး မျက်နှာကို ခပ်တည်တည်လေး လုပ်နေတယ်။ ကျွန်တော် အခုနေ ရယ်လိုက်ရင် ရှက်သွားမှာမို့ မရယ်မိအောင် နေနေပြီးမှ ဆူလိုက်တယ်။ 


'အခု အပြင်ထွက်လာတာ ဘယ်လိုပုံစံကြီးနဲ့လဲ၊ ခေါင်းကလည်း ညစ်ပတ်နေတာပဲ၊ ပြီးတော့ တစ်ကိုယ်လုံးလည်း ဘာတွေ ဘယ်လို ဖြစ်နေတာလဲ ဖိနပ်ကလည်း ဘာတွေ စီးလာတာလဲ၊ ဒီအတိုင်းကြီး ဒီမှာ ဘယ်လောက်ကြာကြာ ရပ်နေခဲ့တာလဲ'


ကျွန်တော် ဆူလိုက်တော့ သူက ကျွန်တော့်ကို မော့ကြည့်လာတယ်။


'အီး ဟီး ဟီး'


ရုတ်တရက် ငိုချပစ်တော့ ကျွန်တော့်ခဗျာ အံပင်တင်းတင်း မကြိတ်နိုင်ပဲနဲ့ ကားထဲကို ဆွဲသွင်းရတယ်။ ကိုယ်တော်ချောက ဘယ်ကတည်းက ငိုချင်နေမှန်းမသိ အားတင်းပြီး မငိုဖို့ လုပ်လိုက် အသံမထွက်အောင် ရှိုက်လိုက်နဲ့ သူ့ဖာသာ အလုပ်ရှုပ်နေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမိတော့ ကျွန်တော့်ကို ကြည့်ပြီး အက်ရှရှလေသံနဲ့ ပြောလာတယ်။


'လေးငယ်က ဒီပါစံအိမ်ကို နေဖို့ သွားလိုက်ပြီ ဆိုတော့ ဂျီဂျီက ပြေးလာခဲ့ရတာ၊ ဘယ်သူက ရေချိုးဖို့ သတိရမှာလဲ'


'အေးပါ အေးပါ'


'ဘာကို အေးပါ အေးပါလဲ ဟိုအရင်တစ်ပတ်ကတည်းက ဖုန်းကို ကြည့်ခိုင်းတာ ဘယ်သူက မကြည့်တာလဲ'


ကျွန်တော် အီလည်လည်နဲ့ တံထွေးမျိုချမိတယ်။ ဘယ်တုန်းက ဒီလောက်စွာသွားရတာလဲ၊ ဖုန်းကို အခုထိ မကြည့်ရဲလို့ကို မကြည့်မိတာ၊ တော်ကြာ ဒီထဲက သူနဲ့ပတ်သတ်သမျှကို သူက ဖျက်ထားသည် ဆိုပါလျှင် ကျွန်တော် ခံစားနိုင်ဖို့ မလွယ်တာကြောင့်၊ 


'အခုကြည့်'


'အော် အေအေ'


ကားထဲက ဘောက်ထဲမှာ ထည့်ထားမိတဲ့ ဖုန်းကို ပြန်ထုတ်ယူလိုက်ပြီးမှ ပက်ပေါ့ဖွင့်လိုက်တော့ ပေါ်နေသော မစ်ကောများက အခါပေါင်း မြောက်များစွာ၊ မက်ဆေ့တွေပါ ဝင်နေပြီး ထိုအရာအားလုံးသည် Only One ဆိုသည့် ကွန်းတက်လေး တစ်ခုတည်းက ဖြစ်လေတယ်။ တစ်ဦးတည်းသော၊ နှစ်ယောက်မရှိနိုင်တဲ့ ဒီလူသားငယ်လေးက အရပ်ကြီးက ခြောက်ပေရှိပြီး ဒီလို ငိုတတ်တယ်လို့ ကျွန်တော်ဖြင့် တစ်ခါမှ မတွေးထားမိခဲ့ပါပဲနှင့်၊ 


'ဂျီဂျီ မတောင်းပန်ပဲနဲ့ လေးငယ်အနား ပြန်လာလို့ မရဘူးလား၊ ဂျီဂျီကို ဒီအတိုင်း ခွင့်လွတ်လိုက်လို့ မရဘူးလား၊ ဂျီဂျီကို လေးငယ် ဒီအတိုင်း ခွင့်လွတ်မယ်လို့ ထင်ထားတာ၊ လေးငယ် တစ်ကယ် စိတ်ဆိုးသွားမယ်လို့ မထင်ထားခဲ့တာ'


ဘယ်မှာ စိတ်ဆိုးနိုင်ခဲ့လို့လဲ၊ ဒီဟာလေးတော့ ထင်တာတွေ ဇွတ်ပြောနေတာပဲ၊ 


'ဘယ်သူက စိတ်ဆိုးနေလို့လဲ၊ စိတ်မဆိုးပါဘူး၊ ဒါပေမယ့် ဒီတစ်ကြိမ် ငါနဲ့မင်း ပြေလည်ရင် ငါက မင်းဦးလေး အဖြစ်ကနေ နှုတ်ထွက်တော့မှာ ဆိုတော့ ဘယ်လို ရီလေးရှင်းရှစ်နဲ့ ပြန်စရမယ်မှန်း မသေချာလို့ အရှိန်ယူနေတာ'


'လေးငယ် ဂျီဂျီရဲ့ ယောက်ျားလုပ်လေ'


ပြောလိုက်ရင် ဒုတ်ထိုးအိုးပေါက်၊ ကျွန်တော့်မှာ ကိုယ့်ဖာသာကိုယ် ရေမသောက်ပါပဲနှင့် တံထွေးတွေ သီးကုန်ရော၊ ဒီသားနဲ့ ဒီအမေ တကယ်တူတာပါ။ 


'တော်သေးတယ် လေးငယ် သူများယောကျာ်း မဖြစ်သွားလို့'


မပြီးနိုင်သေးဘူး ဒီဟာလေး၊ နည်းနည်းလေး အလျော့ပေးလိုက်ရင် ကမ်းတက်မယ် ဆိုတာက အရင်၊ 


'မဟုတ်ရင် ဂျီဂျီ သူများယောကျ်ားကို ခြံခုန်ခိုင်းရတော့မှာ အဲ့ဒါဆို လေးငယ်က နွားဖြစ်ရအုံးမယ်'


'ဂျီဂျီ မင်းတော်မှာလား မတော်ဘူးလား'


'မတော်ဘူး၊ လေးငယ်ပဲ ဂျီဂျီရဲ့ဦးလေး မလုပ်တော့ဘူးဆို'


'အိမ်ပြန်စို့'


ကားစမောင်းကတည်းက ဂျီဂျီတို့ ငိုနေတာတွေ အကုန်ရပ်ကာ ရွှင်ရွှင်လန်းလန်းလေး ဖြစ်လာတယ်။ သူ့ဖုန်းနဲ့သူ ပြန်ဖွင့်ကြည့်ပြီးမှ ကားမောင်းနေတဲ့ ကျွန်တော့်ရှေ့ကို ထိုးပြလာတယ်။ ဘာတွေလား၊ 


'ဂျီဂျီကို အပေါ်မှာ ပေးနေ'


ပြီးတော့မှ ပြန်ပြီး သူ့ဖာသာသူ ရေရွတ်ပြန်တယ်။ 


'တစ်ယောက်တစ်လှည့်လည်း ဘာဖြစ်လဲ'


တကယ်ပါ ဘုရားစူး၊ သူနဲ့ပတ်သတ်သမျှ အဲ့လိုတွေ အတွေးထဲတောင် မပေါ်ဖူးပါပဲနှင့်၊ သူ့အလှည့်ကျမှ၊ ဘာတွေ တွေးမိနေမှန်းမသိ။ 


'လေးငယ် ဒီလိုပိုစရှင်လေး မဆိုးဘူး၊ လေးငယ် အားရှိလား'


ပြောပဲ ပြောတာ မဟုတ်ဘူး၊ သူ့လက်တွေက ကားမောင်းနေတဲ့ ကျွန်တော့်ရဲ့ လက်မောင်းကို လာကိုင်ကြည့်သေးတယ်။


'ဂျီဂျီ မင်းအခု အဲ့ဒါပြောနေတာ မရပ်ရင် ငါတို့ ကားမှောက်ပြီး သေတော့မယ်'


ပြောလိုက်တော့ ကိုယ်တော်ချောက ခေါင်းလေးငုံ့သွားတယ်၊ ဖုန်းကိုလည်း သိမ်းလိုက်တယ်။ 


'အခုနေ ကားမှောက်သေလို့တော့ မဖြစ်သေးဘူး၊ ဂျီဂျီ လေးငယ်ကို ဘာမှမလုပ်ရသေးဘူး' တဲ့လေ။ အဲ့ဒီဟာလေး တစ်သက်လုံး ဒီပုံစံအတိုင်း ဖြစ်တော့မှာလား၊ 


@@@@@@@@@


ပြီးပါပြီ 


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


စွဲညို့



Zawgyi


Nephew-9


@@@@@


သူ႔အိမ္ကေန ျပန္ေရာက္ေရာက္ခ်င္း မမက အိမ္မွာ ေရာက္ေနတယ္။ ကၽြန္ေတာ္ အိမ္ထဲ ဝင္လာေတာ့ အျပစ္တင္ခ်င္တဲ့ မ်က္ဝန္းက တစ္ခ်က္ဝင့္လာတယ္။ 


'ဒီေလာက္ေလးေတာင္ မေနႏုိင္ဘူးလား၊ မင္းကို သူ တစ္သက္လံုး ႏိုင္စားလိမ့္မယ္'


ကၽြန္ေတာ္ မမေျပာတာကို ျငိမ္ျပီးပဲ နားေထာင္ေနလိုက္တယ္။ တစ္သက္လံုး ႏုိင္စားေစခ်င္လြန္းပါတယ္ ဆုိရင္ေတာင္ ကာယကံရွင္က ႏုိင္စားခ်င္အံုးမွ၊


'ဒီပါမိသားစုက ရႈပ္ေထြးတာ မင္းလည္း သိတယ္မဟုတ္လား ခန္႔ညား'


မမက စားပြဲေပၚကို ဓာတ္ပံုငယ္ေလး ခ်ေပးလာတယ္။ သူငယ္ငယ္တုန္းကပံုေလး၊ 


'ဒီကေလးက ဦးျဖိဳးဒီပါရဲ႕ တရားဝင္သားၾကီး လက္ရွိဒီပါလုပ္ငန္းစုရဲ႕ ဆက္ခံသူ ျဖစ္လာမယ့္လူ ရိုးသားဒီပါ'


'မမ ဒါက ဘယ္လို'


'ျမတ္ႏိုးဒီပါနဲ႔ မီမီဒီပါက မင္းကို ဘာလို႔ တိုက္ခိုက္ေနတာလဲ ဆိုတာကို ငါက သိခ်င္လို႔ စံုစမ္းတာ ဦးျဖိဳးဒီပါက ဒီပါစံအိမ္ထဲမွာ ဝွီးခ်ဲလ္နဲ႔ရွင္သန္ေနရတာ၊ ဒုတိယဇနီး ေဒၚျမတ္ႏိုးသြင္က ျမတ္ႏိုးဒီပါရဲ႕ အေမ၊ မီမီဒီပါကေတာ့ ဦးျဖိဳးဒီပါရဲ႕ညီမရဲ႕သမီးပဲ ဒါေပမယ့္ သူတို႔အိမ္မွာက တရားဝင္ ဆက္ခံသူက ေပ်ာက္ေနခဲ့တာ ႏွစ္သံုးဆယ္ နီးပါး'


'မမအခု ေျပာေနတာက'


'ျမတ္ႏိုးဒီပါနဲ႔ မင္းက ေမာင္ႏွမေတာ္ေပမယ့္ သိဂႌဒီပါနဲ႔က ဘာမွမေတာ္ဘူး သိဂႌဒီပါက ေဒၚျမတ္ႏိုးသြင္ရဲ႕တူမ သူ႔ကို ဦးျဖိဳးဒီပါက ေမြးစားထားလုိက္တာ'


'အေျဖက'


'မင္းက ဒီပါလုပ္ငန္းစုေတြရဲ႕ ဆက္ခံသူ ျဖစ္ေနလို႔ပဲ'


'ကၽြန္ေတာ္ စိတ္မဝင္စားဘူး'


'သိတယ္ မင္း ဒီလို ေျပာလာမယ္ ဆိုတာကို ဦးျဖိဳးဒီပါအနားက သူနာျပဳက ငါ့လူေလ အဲ့ဒါကေန မင္းနဲ႔ ေတာ္စပ္ပံုကို ေသခ်ာခ်င္လို႔ ငါ DNA စစ္ခိုင္းလုိက္တာ၊ အေျဖက 99.9ပါဆန္႔ သားအဖ ေတာ္စပ္ႏုိင္ေခ် ရွိတယ္တဲ့'


'အဲ့ဒါဆို ကၽြန္ေတာ္က ဘာလို႔ မိဘမဲ့ေဂဟာကို ေရာက္သြားရတာလဲ'


'မင္းသိခ်င္ရင္ ဆက္စံုစမ္းေလ ငါက မင္းကို ဒါေတြပဲ လာေပးတာ၊ ဒါနဲ႔ ဂ်ီဂ်ီ ဘယ္လိုေနလဲ'


'ေတာ္သင့္ျပီ ထင္တာပဲ'


'ထင္တာပဲ ဆုိရင္ေတာ့ ဆက္ထားလိုက္အံုးမယ္'


ေျပာရင္း မမက ထရပ္ေတာ့ ကၽြန္ေတာ္ပါ ကမန္းကတမ္း ထရပ္ျပီး ဆိုမိတယ္။ 


'မမ ေတာ္ရေအာင္ ဒီလိုနဲ႔ ဂ်ီဂ်ီ ေနမေကာင္း ျဖစ္သြားမယ္'


'သူ႔အသက္က ဒီေလာက္ငယ္ေသးလုိ႔လား ကိုယ့္ကိုယ္ကုိ ဂရုမစိုက္ႏုိင္ေလာက္ေအာင္'


'ဒါေပမယ့္'


'မင္းကိစၥကို အရင္ရွင္းအံုး မင္းသိခ်င္တာ ရွိတယ္ ဆိုရင္'


'ကၽြန္ေတာ္ ဒီပါစံအိမ္ထဲကို သြားၾကည့္မယ္၊ တကယ္လို႔ ကၽြန္ေတာ့္ကို လိုလားတဲ့လူ တစ္ေယာက္မွ မရွိဘူး ဆိုရင္ ေနပါေစေတာ့'


'ဦးျဖိဳးဒီပါကေတာ့ မင္းကို ေမွ်ာ္လင့္ေနမွာပဲ'


'ကၽြန္ေတာ့္ကို ဘာလို႔ ပစ္ထားခဲ့တာလဲ ဆုိတာပဲ ေမးခ်င္တာပါ'


'အဲ့ဒါဆိုလည္း မင္းကိစၥကို မင္းဖာသာ လုပ္ေတာ့ ဒါနဲ႔ မင္း ဂ်ီဂ်ီဆီ မသြားနဲ႔အံုး သူ႔ဖာသာ လာခဲ့ပါေစ၊ တစ္သက္လံုး အေလ်ာ့ေပးမယ့္အတူတူ တစ္ၾကိမ္ေလာက္ေတာ့ ငါနဲ႔ေပါင္းျပီး ဒီေကာင္ေလးကို ပညာေပးၾကည့္စမ္းပါ၊ မင္းဒီပါစံအိမ္ကို သြားမယ့္ရက္က် ဖုန္းဆက္ခဲ့အံုး'


@@@@@@@@@


ဒီပါစံအိတ္ထိ ကၽြန္ေတာ္ ေရာက္သြားေတာ့ အားလံုးေသာ မ်က္ဝန္းတို႔က ထိတ္ထိတ္ပ်ာပ်ာႏွင့္ ကၽြန္ေတာ့ကို ဦးျဖိဳးဒီပါက ေငးၾကည့္ေနတယ္။ ဘာေတြးေနတယ္ ဆုိတာေတာ့ ကၽြန္ေတာ္လည္း ေသခ်ာမသိဘူး။ ကၽြန္ေတာ္ အိမ္ကေန အသင့္ယူလာတဲ့ ငယ္တုန္းက ဓာတ္ပံုေတြနဲ႔ DNA စာရြက္ရယ္ မမယူလာတဲ့ ငယ္တုန္းက ဓာတ္ပံုတစ္ပံုရယ္ကို ခ်ျပလိုက္ေတာ့ ဦးျဖဳိးဒီပါက ဘာကို ဆိုလိုမွန္း မသိပါပဲႏွင့္ မ်က္ရည္တို႔ ရစ္သိုင္းျပီး လက္ေခ်ာင္းေတြ တုန္ေနတယ္။ 


'ကၽြန္ေတာ္က ရိုးသားဒီပါလို႔ ဆိုလိုခ်င္တာ မဟုတ္ဘူး၊ ဒါေပမယ့္ ကၽြန္ေတာ္ သိခ်င္တာ တစ္ခု ရွိလို႔ ေရာက္လာတာပါ'


'အိုး အစ္ကိုၾကီး'


ေဒၚျမတ္ႏိုးသြင္က အနားကပ္ထိုင္ျပီး ေအာ္တယ္။ ဦးျဖိဳးဒီပါက ကၽြန္ေတာ့္ကိုပဲ အားယူျပီး ၾကည့္ေနရာကေန၊


'ဘာသိခ်င္တာလဲ မင္းက ရိုးသားဒီပါပါလို႔ လာေျပာေနျပီးေတာ့ မင္း ဘာကို သိခ်င္တာလဲ'


'ကၽြန္ေတာ့္ကို ဘာလို႔ စြန္႔ပစ္ခဲ့တာလဲ အေၾကာင္းျပခ်က္က ဘာလဲ'


ဦးျဖိဳးဒီပါက မ်က္ရည္တို႔ သိုင္းေနေသာ မ်က္ဝန္းတို႔ျဖင့္ ကၽြန္ေတာ့္ကို ၾကည့္ေနရာကေန ေခါင္းယမ္းတယ္။ 


'မင္းကို ငါ ဘယ္တုန္းကမွ မစြန္႔ပစ္ခဲ့ဘူး'


'ကၽြန္ေတာ္ အသက္အရမ္းငယ္ေသးတာ မွန္ေပမယ့္ တစ္ခုေတာ့ မွတ္မိတယ္၊ ကၽြန္ေတာ့္ကို ကားနဲ႔ေခၚလာျပီးေတာ့ မိဘမဲ့ေဂဟာေရွ႕မွာ ဆင္းခဲ့ခိုင္းတာ'


'ငါဘယ္တုန္းကမွ အဲ့လို မလုပ္ခဲ့ဘူး ဘယ္တုန္းကမွ'


'ကၽြန္ေတာ္ ရိုးသားဒီပါ ျဖစ္ခ်င္လို႔ လာတာ မဟုတ္ဘူး၊ ကၽြန္ေတာ့္နာမည္က ခန္႔ညားၾကည္စင္ မမတို႔မိသားစုက ကၽြန္ေတာ့္ကို ေႏြးေထြးျပီးေတာ့ အဆင္ေျပတဲ့ ဘဝတစ္ခုကို ေပးထားျပီးသားမို႔ ဒီပါမိသားစုဝင္အျဖစ္ မေနရလည္း ကၽြန္ေတာ္ အဆင္ေျပတယ္ ဆိုတာကို လာေျပာတာပါ'


'မဟုတ္ဘူး၊ မင္း အထင္လြဲေနတာ မင္း.. အဟြတ္ ဟြတ္'


ျမင္တာနဲ႔ အေဖလို႔ တန္းေခၚရေလာက္ေအာင္ ကၽြန္ေတာ့္အသိဉာဏ္က ရုပ္ရွင္မဆန္ဘူး။ ဝမ္းသာအားရ မျဖစ္သလို၊ ဝမ္းနည္းျခင္းလည္း မရွိေပ။ 


'ျပီးေတာ့ ဘယ္လို အေၾကာင္းရင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ၾကည္စင္ မိသားစုကို လာျပီး မထိမိပါေစနဲ႔၊ ကၽြန္ေတာ္ ေခါက္ရိုးက်ိဳး သည္းခံတတ္တဲ့အထဲမွာ မမရယ္ ဂ်ီဂ်ီရယ္ပဲ ရွိတယ္၊ တျခားလူ မပါဘူးမို႔ ဒါဆို သြားခြင့္ျပဳပါအံုး'


ေျပာခ်င္တာေျပာျပီးမွ လွည့္ထြက္လာခဲ့ေတာ့ စိတ္ထဲမွာ ရွင္းသြားတယ္။ မမက တားဆီးထားေပမယ့္ မျဖစ္မေနေတာ့ ဒီဟာေလးဆီကို သြားရအံုးမွာပါ။ ကားကို ျခံဝမွာ ရပ္ထားခဲ့တာေၾကာင့္ ျခံဝထိ လမ္းေလွ်ာက္ထြက္လာေတာ့ ျခံဝမွာ ဂ်ီဂ်ီက အငိုမ်က္ႏွာႏွင့္ ေစာင့္ေနေလတယ္။ ဘာျဖစ္လာတာလဲ ဒီဟာေလး၊ 


ကၽြန္ေတာ္ ေျခလွမ္းေတြကို ရပ္လုိက္မိတယ္။ သူက မီမီဒီပါကို စိတ္မျပတ္ႏုိင္ေသးဘူးလား။ အေတြးက နည္းနည္းေတာ့ နာက်င္ဖုိ႔ ေကာင္းတယ္။ ဂ်ီဂ်ီေရာက္ေနတယ္ ဆုိေတာ့ တစ္ေယာက္ေယာက္မ်ား ထြက္လာမလား ဆိုတဲ့အေတြးနဲ႔ ျခံဝန္းထဲကို လွည့္ၾကည့္မိတယ္။ လွည့္လုိက္ရံုတင္ ရွိေသး၊ အေနာက္ကေန ေျပးဖက္လိုက္တဲ့သူ၊ 


'ဟာ'


'အြတ္'


သူေျပးဖက္တာ ဘယ္ေလာက္ေတာင္ အရွိန္ျပင္းတာလဲ ဆိုရင္ သူ႔ဖာသာ ေျပးဖက္တာမွာ အြတ္ခနဲ သူ႔ဖာသာ အသံထြက္လာတယ္။ နာသြားေသးလား ဆိုတာကို သိခ်င္လို႔ လွည့္ၾကည့္မလို႔မွာ အတင္းမရမကက လည္ကုတ္မွာ မ်က္ႏွာအပ္ျပီး ကၽြန္ေတာ့္တစ္ကုိယ္လံုးကို အားထည့္ျပီး ဖက္ထားတယ္။ 


'ခဏေနအုံး ဂ်ီဂ်ီ ဘာျဖစ္လာတာလဲ'


'ေလးငယ္ ဂ်ီဂ်ီကို မေတြ႔ခ်င္ေတာ့ဘူးလား ဂ်ီဂ်ီ မွားပါတယ္ ဂ်ီဂ်ီ ေတာင္းပန္ပါတယ္'


ေဟာ့ဗ်ာ၊ ဘာေတြ ျဖစ္ကုန္ရတာလဲ၊ 


'ဘာလို႔ မေတြ႔ခ်င္ရမွာလဲ ဘာျဖစ္လာတာလဲ ဆုိတာကို အရင္ေျပာ'


'မာမီက ဖုန္းဆက္ျပီး ေျပာတယ္၊ ေလးငယ္က ဒီပါမိသားစုက ဆက္ခံသူတဲ့၊ ေလးငယ္ ဒီပါမိသားစုကို သြားျပီတဲ့'


သိလုိက္ပါျပီ၊ မမက ဒီဟာေလးကို ဂ်င္းေကၽြးလုိက္မွန္း၊ မမက တကယ့္ကို ေတာ္လြန္းတာ၊ ေအးေပါ့ေလ ထိပ္ထားၾကည္စင္ ဆိုတာက စီးပြားေရးေလာကထဲမွာ နာမည္တစ္လံုးနဲ႔ ေနေနတာ အခ်ဥ္မွမဟုတ္ပဲ၊ 


'အဲ့ဒီေတာ့'


'အဲ့ဒါ ဂ်ီဂ်ီ ဒီကို လာၾကည့္ေတာ့ ေလးငယ္ရဲ႕ကားက ဒီမွာ ရပ္ထားတာ၊ ျပီးေတာ့ ေလးငယ္ ျပန္ထြက္လာတာ ဂ်ီဂ်ီကို ျမင္ေတာ့ ျပန္လွည့္ဝင္ဖို႔ လုပ္တာ'


'ဘယ္သူက ျပန္လွည့္ဝင္မလို႔လဲ မဝင္ဘူး၊ မင္းဘယ္သူ႔ကို ေစာင့္ေနတာလဲ လွည့္ၾကည့္တာ မီမီဒီပါမ်ား ဆင္းလာမလားလို႔'


'မလိုခ်င္ဘူး၊ ေလးငယ္ကိုပဲ ျပန္လိုခ်င္တယ္'


အခုလုိေလး ဝန္ခံလာေတာ့ သနားစရာ၊ အဲ့ဒီအခ်ိန္မွာ ရြံတယ္ ဘာညာ ေျပာထားတာကို စကားနားမထိုးခ်င္၊ 


'ဂ်ီဂ်ီ ေတာင္းပန္ပါတယ္၊ ဂ်ီဂ်ီကို မထားခဲ့ပါနဲ႔'


'ငါက မင္းကို ထားခဲ့မယ္လို႔ မေျပာပါဘူး ေသြးပူေနမွန္းသိလို႔ အခ်ိန္ေပးထားတာပါ'


'အခ်ိန္ေပးထားတာကလည္း ပစ္ထားတာ အၾကာၾကီးပဲ'


'ဘယ္တုန္းက ငိုတတ္သြားတာလဲ'


ေမးေတာ့ ခ်က္ခ်င္း ဣေျႏၵမရမကဆယ္ျပီး မ်က္ႏွာကို ခပ္တည္တည္ေလး လုပ္ေနတယ္။ ကၽြန္ေတာ္ အခုေန ရယ္လိုက္ရင္ ရွက္သြားမွာမို႔ မရယ္မိေအာင္ ေနေနျပီးမွ ဆူလိုက္တယ္။ 


'အခု အျပင္ထြက္လာတာ ဘယ္လိုပံုစံၾကီးနဲ႔လဲ၊ ေခါင္းကလည္း ညစ္ပတ္ေနတာပဲ၊ ျပီးေတာ့ တစ္ကိုယ္လံုးလည္း ဘာေတြ ဘယ္လို ျဖစ္ေနတာလဲ ဖိနပ္ကလည္း ဘာေတြ စီးလာတာလဲ၊ ဒီအတုိင္းၾကီး ဒီမွာ ဘယ္ေလာက္ၾကာၾကာ ရပ္ေနခဲ့တာလဲ'


ကၽြန္ေတာ္ ဆူလုိက္ေတာ့ သူက ကၽြန္ေတာ့္ကို ေမာ့ၾကည့္လာတယ္။


'အီး ဟီး ဟီး'


ရုတ္တရက္ ငိုခ်ပစ္ေတာ့ ကၽြန္ေတာ့္ခဗ်ာ အံပင္တင္းတင္း မၾကိတ္ႏုိင္ပဲနဲ႔ ကားထဲကို ဆြဲသြင္းရတယ္။ ကိုယ္ေတာ္ေခ်ာက ဘယ္ကတည္းက ငိုခ်င္ေနမွန္းမသိ အားတင္းျပီး မငိုဖို႔ လုပ္လိုက္ အသံမထြက္ေအာင္ ရိႈက္လိုက္နဲ႔ သူ႔ဖာသာ အလုပ္ရႈပ္ေနတာကို ျငိမ္ျငိမ္ေလး ထုိင္ၾကည့္ေနမိေတာ့ ကၽြန္ေတာ့္ကို ၾကည့္ျပီး အက္ရွရွေလသံနဲ႔ ေျပာလာတယ္။


'ေလးငယ္က ဒီပါစံအိမ္ကို ေနဖို႔ သြားလုိက္ျပီ ဆိုေတာ့ ဂ်ီဂ်ီက ေျပးလာခဲ့ရတာ၊ ဘယ္သူက ေရခ်ိဳးဖို႔ သတိရမွာလဲ'


'ေအးပါ ေအးပါ'


'ဘာကို ေအးပါ ေအးပါလဲ ဟိုအရင္တစ္ပတ္ကတည္းက ဖုန္းကို ၾကည့္ခုိင္းတာ ဘယ္သူက မၾကည့္တာလဲ'


ကၽြန္ေတာ္ အီလည္လည္နဲ႔ တံေထြးမ်ိဳခ်မိတယ္။ ဘယ္တုန္းက ဒီေလာက္စြာသြားရတာလဲ၊ ဖုန္းကို အခုထိ မၾကည့္ရဲလို႔ကို မၾကည့္မိတာ၊ ေတာ္ၾကာ ဒီထဲက သူနဲ႔ပတ္သတ္သမွ်ကို သူက ဖ်က္ထားသည္ ဆိုပါလွ်င္ ကၽြန္ေတာ္ ခံစားႏိုင္ဖို႔ မလြယ္တာေၾကာင့္၊ 


'အခုၾကည့္'


'ေအာ္ ေအေအ'


ကားထဲက ေဘာက္ထဲမွာ ထည့္ထားမိတဲ့ ဖုန္းကို ျပန္ထုတ္ယူလိုက္ျပီးမွ ပက္ေပါ့ဖြင့္လိုက္ေတာ့ ေပၚေနေသာ မစ္ေကာမ်ားက အခါေပါင္း ေျမာက္မ်ားစြာ၊ မက္ေဆ့ေတြပါ ဝင္ေနျပီး ထိုအရာအားလံုးသည္ Only One ဆိုသည့္ ကြန္းတက္ေလး တစ္ခုတည္းက ျဖစ္ေလတယ္။ တစ္ဦးတည္းေသာ၊ ႏွစ္ေယာက္မရွိႏိုင္တဲ့ ဒီလူသားငယ္ေလးက အရပ္ၾကီးက ေျခာက္ေပရွိျပီး ဒီလို ငိုတတ္တယ္လို႔ ကၽြန္ေတာ္ျဖင့္ တစ္ခါမွ မေတြးထားမိခဲ့ပါပဲႏွင့္၊ 


'ဂ်ီဂ်ီ မေတာင္းပန္ပဲနဲ႔ ေလးငယ္အနား ျပန္လာလို႔ မရဘူးလား၊ ဂ်ီဂ်ီကို ဒီအတိုင္း ခြင့္လြတ္လုိက္လို႔ မရဘူးလား၊ ဂ်ီဂ်ီကို ေလးငယ္ ဒီအတိုင္း ခြင့္လြတ္မယ္လို႔ ထင္ထားတာ၊ ေလးငယ္ တစ္ကယ္ စိတ္ဆိုးသြားမယ္လို႔ မထင္ထားခဲ့တာ'


ဘယ္မွာ စိတ္ဆိုးႏိုင္ခဲ့လို႔လဲ၊ ဒီဟာေလးေတာ့ ထင္တာေတြ ဇြတ္ေျပာေနတာပဲ၊ 


'ဘယ္သူက စိတ္ဆိုးေနလို႔လဲ၊ စိတ္မဆိုးပါဘူး၊ ဒါေပမယ့္ ဒီတစ္ၾကိမ္ ငါနဲ႔မင္း ေျပလည္ရင္ ငါက မင္းဦးေလး အျဖစ္ကေန ႏႈတ္ထြက္ေတာ့မွာ ဆိုေတာ့ ဘယ္လို ရီေလးရွင္းရွစ္နဲ႔ ျပန္စရမယ္မွန္း မေသခ်ာလို႔ အရွိန္ယူေနတာ'


'ေလးငယ္ ဂ်ီဂ်ီရဲ႕ ေယာက္်ားလုပ္ေလ'


ေျပာလိုက္ရင္ ဒုတ္ထိုးအိုးေပါက္၊ ကၽြန္ေတာ့္မွာ ကိုယ့္ဖာသာကိုယ္ ေရမေသာက္ပါပဲႏွင့္ တံေထြးေတြ သီးကုန္ေရာ၊ ဒီသားနဲ႔ ဒီအေမ တကယ္တူတာပါ။ 


'ေတာ္ေသးတယ္ ေလးငယ္ သူမ်ားေယာက်ာ္း မျဖစ္သြားလို႔'


မျပီးႏုိင္ေသးဘူး ဒီဟာေလး၊ နည္းနည္းေလး အေလ်ာ့ေပးလုိက္ရင္ ကမ္းတက္မယ္ ဆိုတာက အရင္၊ 


'မဟုတ္ရင္ ဂ်ီဂ်ီ သူမ်ားေယာက်္ားကို ျခံခုန္ခိုင္းရေတာ့မွာ အဲ့ဒါဆို ေလးငယ္က ႏြားျဖစ္ရအံုးမယ္'


'ဂ်ီဂ်ီ မင္းေတာ္မွာလား မေတာ္ဘူးလား'


'မေတာ္ဘူး၊ ေလးငယ္ပဲ ဂ်ီဂ်ီရဲ႕ဦးေလး မလုပ္ေတာ့ဘူးဆို'


'အိမ္ျပန္စို႔'


ကားစေမာင္းကတည္းက ဂ်ီဂ်ီတို႔ ငိုေနတာေတြ အကုန္ရပ္ကာ ရႊင္ရႊင္လန္းလန္းေလး ျဖစ္လာတယ္။ သူ႔ဖုန္းနဲ႔သူ ျပန္ဖြင့္ၾကည့္ျပီးမွ ကားေမာင္းေနတဲ့ ကၽြန္ေတာ့္ေရွ႕ကို ထိုးျပလာတယ္။ ဘာေတြလား၊ 


'ဂ်ီဂ်ီကို အေပၚမွာ ေပးေန'


ျပီးေတာ့မွ ျပန္ျပီး သူ႔ဖာသာသူ ေရရြတ္ျပန္တယ္။ 


'တစ္ေယာက္တစ္လွည့္လည္း ဘာျဖစ္လဲ'


တကယ္ပါ ဘုရားစူး၊ သူနဲ႔ပတ္သတ္သမွ် အဲ့လိုေတြ အေတြးထဲေတာင္ မေပၚဖူးပါပဲႏွင့္၊ သူ႔အလွည့္က်မွ၊ ဘာေတြ ေတြးမိေနမွန္းမသိ။ 


'ေလးငယ္ ဒီလိုပိုစရွင္ေလး မဆိုးဘူး၊ ေလးငယ္ အားရွိလား'


ေျပာပဲ ေျပာတာ မဟုတ္ဘူး၊ သူ႔လက္ေတြက ကားေမာင္းေနတဲ့ ကၽြန္ေတာ့္ရဲ႕ လက္ေမာင္းကို လာကိုင္ၾကည့္ေသးတယ္။


'ဂ်ီဂ်ီ မင္းအခု အဲ့ဒါေျပာေနတာ မရပ္ရင္ ငါတို႔ ကားေမွာက္ျပီး ေသေတာ့မယ္'


ေျပာလိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ေခါင္းေလးငံု႔သြားတယ္၊ ဖုန္းကိုလည္း သိမ္းလိုက္တယ္။ 


'အခုေန ကားေမွာက္ေသလို႔ေတာ့ မျဖစ္ေသးဘူး၊ ဂ်ီဂ်ီ ေလးငယ္ကို ဘာမွမလုပ္ရေသးဘူး' တဲ့ေလ။ အဲ့ဒီဟာေလး တစ္သက္လံုး ဒီပံုစံအတုိင္း ျဖစ္ေတာ့မွာလား၊ 


@@@@@@@@@


ျပီးပါျပီ 


စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။ 


စြဲညိဳ႕



rate now:

7 Reviews
  • reader MayHtetHtetAung 23.01.2020, 12:24 5

    အားစောင်ကိုက်နေရတယ်

    reply

  • reader MayHtetHtetAung 23.01.2020, 12:24 5

    အားစောင်ကိုက်နေရတယ်

    reply

  • reader NangKhinWin 20.01.2020, 15:08 5

    good

    reply

  • reader NangKhinWin 20.01.2020, 11:15 5

    good

    reply

  • reader NangKhinWin 20.01.2020, 11:14 5

    😙😙

    reply

  • reader NangKhinWin 20.01.2020, 11:14 5

    😙😙

    reply

  • reader MayMyatMoeMyint 12.12.2019, 04:15 5

    good

    reply