book

Index 8

Part-8

Nephew-8


@@@@@


'မင်းထင်တဲ့အတိုင်းပဲ'


ဒါက ကျွန်တော်ရွဲ့ဖြေလိုက်တာ မဟုတ်ဘူး။ ဘယ်သူမဆို စိတ်ထဲက ဒါမှန်တယ်လို့ ယူဆထားပြီးတဲ့ အကြောင်းအရာကို စကားတစ်ခွန်းတည်းနဲ့ မခြေဖျက်လိုက်နိုင်ဘူး။ ကျွန်တော် ပြောလိုက်တော့ရော လက်ခံထားတာကို ပြောင်းလဲပစ်လိုက်မှာတဲ့လား၊ ဖြစ်မှမဖြစ်နိုင်တာပဲလေ။ ဘာလို့ သူ့အတွက် အဖြေနှစ်ခု ဖြစ်စေအုံးမှာလဲ။ မမကတော့ မင်းတို့တွေ ပြောကြ ဆိုတဲ့သဘောနဲ့ ဆိုဖာမှာ ခြေချိတ်ပြီး ထိုင်တယ်။ ကျွန်တော်ကတော့ လက်ထဲက ဖုန်းကို စားပွဲပေါ် အသာအယာ လှမ်းတင်လိုက်တယ်။ 


'ခင်ဗျားကို ကျွန်တော် ရွံတယ်'


သူ့ထံမှ ထိုစကားအတွက် ကျွန်တော် လက်သီးဖွဖွ ဆုပ်မိတယ်။ နာကျင်ခံခက်လွန်းလို့ ထိုးနှက်ပစ်ဖို့ မဟုတ်ဘူး။ ဒီစကားလုံးအတွက် အားတင်းထားဖို့ လိုအပ်နေလို့ သက်သက်သာ၊ လက်ရှိအချိန်မှာ ကျွန်တော်လိုချင်တာက သူ့ဆီက ရွံရှာခြင်းအတွက် ဖြေဆေးမဟုတ်ဘူး။ ကျွန်တော့်ကို သူ ဒီလို ဆက်ဆံမိလို့ နောက်တစ်ချိန်မှာ သူ နောင်တမရစေဖို့၊ သူ့ဆီကနေ အဲ့လို တုန့်ပြန်မှုကို ဘယ်တုန်းကမှ ရရှိမယ်လို့ ကျွန်တော် မတွေးထားဘူး၊ အဲ့ဒီအထိ ကျွန်တော့်မေတ္တာတွေက ဖြူစင်တယ်ဆိုတာ ကျွန်တော် နားလည်လို့၊ 


ရယူလိုခြင်း ဒါမှမဟုတ် တခြားတစ်ပါးသော အရောင်ဆိုးနေနိုင်တဲ့ ခံစားချက်တွေ တစ်ခုမှ မပါပဲနဲ့ ကျွန်တော် လိုလားခဲ့တာက သူ့ကို ဆက်ပြီး ကြည့်နေခွင့်လေး တစ်ခုတည်း၊ ဒါဟာ လောဘတစ်ခု ဖြစ်မယ် ဆိုရင် ကျွန်တော်ဟာ လောဘကြီးလွန်းသူ ဖြစ်နေနိုင်တယ်။ လက်တစ်ဖဝါးစာ ကာကွယ်နိုင်အုံးမယ် ဆိုရင်တောင်မှ ကျွန်တော်က သူ့ကို ကာကွယ်အုံးမယ် ဆိုတာကို သူသိသွားဖို့ မလိုပါပဲနဲ့၊ သူ့ကို ကြည့်နေနိုင်ခွင့်လေးတင် လိုလားခဲ့တာ ကျွန်တော်မှားယွင်းခဲ့တာ မဟုတ်ဘူးလို့ ကျွန်တော် ကျိန်ဆိုလိုက်ချင်တယ်။ ကျွန်တော် တစ်သက်လုံး ပြုစုစောင့်ရှောက်ခဲ့တဲ့ သူ့ကို ကျွန်တော် ကြည့်နေခွင့်တော့ ရသင့်တယ်။ 


သိပ်မကြာခင်မှာ သူ့ဇနီးဖြစ်လာမယ့် မိန်းကလေး တစ်ဖြစ်လဲ မီမီဒီပါက သူ့လက်ကို လက်မောင်းရင်းကနေ တွဲကိုင်ထားတယ်။ သူ့မျက်ဝန်းက ရဲရဲနီနေပြီးတော့ မခံမရပ်နိုင် ဖြစ်နေခြင်းကြောင့် သူက အသက်ရှုနှုန်းမြန်နေတယ်။ သူက ငယ်ကတည်းက နှလုံးအား မကောင်းဘူး။ ဒါပေမယ့် ဒီလပိုင်းတွေမှာ ပိုဆိုးနေတာ၊ သတိပေး ပြောကြားဖို့ ခြေလှမ်းတစ်လှမ်းစာ ရှေ့တိုးမိတော့ သူက နောက်ဆုတ်တယ်။ ကျွန်တော့်ခြေလှမ်းတွေ တုန့်ခနဲ ဆိုင်းသွားတယ်။ 


'ဂျီဂျီ ဆေးပါလား'


ကျွန်တော့်အမေးစကားကို သူက လက်ကာတားရင်း မချိမဆန့်လေသံနဲ့ ဆိုတယ်။ 


'ခင်ဗျား ကျွန်တော့်အနား မကပ်နဲ့ ခင်ဗျားတစ်ချိန်လုံး ကျွန်တော့်ကို အသားယူနေခဲ့တာ မတော်သေးဘူးလား'


သူ့ဆေးဘူး ထားတတ်တဲ့နေရာဆီ ပြေးဖို့ ခြေလှမ်းတို့က တုန့်ခနဲ ရပ်သွားမိတယ်။ မမက ရုတ်ချည်းထရပ်ပစ်လိုက်ပြီးမှ ဂျီဂျီကို လွဲရိုက်လိုက်တာကို မြင်တယ်။ မြန်မြန်ဆန်ဆန်ပဲ မမအနားကို ကျွန်တော်ပြေးသွားပြီးမှ မမလက်ကို ဆတ်ခနဲ ဖမ်းပစ်လိုက်တော့ မမက မျက်ရည်ဝိုင်းတဲ့ အကြည့်နဲ့ သူမသားကို မယုံနိုင်သလို ကြည့်တယ်။ ပြီးတော့ ဒေါသတကြီးနဲ့ လက်ညိုးထိုးပြီး ပြောတယ်။ 


'ဂျီဂျီ မင်း ငါ့သားမှ ဟုတ်ရဲ့လား၊ မင်းငါ့ကို စော်ကားလို့ ရတယ်၊ ငါနားလည်နိုင်တယ်၊ ငါတစ်ချိန်လုံး အလုပ်ကိုပဲ ဦးစားပေးနေခဲ့လို့ မင်းငါ့ကို မကျေမနပ်ဖြစ်မယ် ဆိုရင် ဖြစ်သင့်တယ်လို့ ငါတွေးပေးနိုင်တယ်၊ ဒါပေမယ့် မင်းရဲ့လေးငယ်ကိုတော့ မရဘူး ဂျီဂျီ၊ သူ ဒီအသက်ဒီအရွယ်အထိ ဘယ်လို ရှင်သန်နေခဲ့တာလဲ ဆိုတာကို မင်းမမြင်ဘူး ငါမြင်တယ်၊ ငါတွေ့တယ်!! အဲ့ဒါကြောင့်!!.. မင်းလေးငယ်ကို မင်း စော်ကားလို့ မရဘူး'


ဟုတ်သားပဲ၊ ဒီအသက်အရွယ်ထိ ကျွန်တော် ဘယ်လို ရှင်သန်နေခဲ့တာလဲ၊ ကျွန်တော်တစ်လျှောက်လုံး သူ့ရဲ့ ရှင်သန်မှု ကြီးထွားမှု ပြောင်းလဲလာမှု တစ်စတစ်စ ရင့်ကျက်လာမှု ဒါတွေပဲ ကျွန်တော် ကြည့်နေခဲ့တာ ကျွန်တော်ဘယ်လို ရှင်သန်လာသလဲ ဆိုတာကို မေ့နေခဲ့တဲ့အထိ၊ ဒီအချစ်မှာ ဖြူစင်ခြင်း မဖြူစင်ခြင်း၊ ဒါမှမဟုတ် အရောင်ပါလား မပါဘူးလား ဆိုတာကို ကျွန်တော် မသေချာဘူး၊ ကျွန်တော် သိတာဆိုလို့ အော်.. ဒီဟာလေး ကောင်းကောင်း ရှင်သန်နေတာပဲ၊ ဆိုတဲ့ မှတ်ချက် တစ်ခုတည်းနဲ့ ကျေနပ်ရတဲ့ အခိုက်အတန့်များစွာ။ ငါသူ့ကို ကောင်းကောင်း ကာကွယ်ထားနိုင်သေးတာပဲ ဆိုတဲ့ အခိုက်အတန့်များစွာ။ 


အခုချိန်မှာ မမ ပြောသလို ကျွန်တော် ဘယ်လို ရှင်သန်လာတာလဲလို့ တစ်ယောက်ယောက်ကများ မေးလာခဲ့ရင် ကျွန်တော် မသိဘူး၊ ကျွန်တော့်မှာ အဖြေမရှိဘူး။ မမက ဆက်ပြောပါတယ်။ 


'မိုးသားကြည်စင် မင်းမသိဘူး မဟုတ်လား၊ မင်းရဲ့လေးငယ် ဘယ်လိုရှင်သန်လာတာလဲ ဆိုတာကို မင်းနားမလည်ဘူး မဟုတ်လား၊ သေချာနားထောင် မင်းရဲ့တစ်မျက်နှာ မင်းရဲ့အပြုံးအရယ်တွေကပဲ မင်းလေးငယ်အတွက် တစ်ဘဝစာ ဖြစ်နေခဲ့တာ မင်းသိလား၊ မင်းကများ ရာရာစစ သူ့ကို ရွံတယ် ဟုတ်လား ငါ မင်းကို ပိုရွံတယ်!၊ ငါ မင်းကို ပိုပြီးတော့ ရွံတယ် သိလား! မိုးသားကြည်စင်'


သူ့အမေ မျက်နှာကို ပြူးကြောင်ကြောင် ကြည့်နေရင်းက သူ့မျက်နှာတစ်ခုလုံး ရဲတက်လာပြီး သွေးကြောစတို့ ဖောင်းလာတာကြောင့် ကျွန်တော် မမလက်ကို ဆုပ်ကိုင်ထားရာက လွတ်ပေးလိုက်မိတယ်။ ဆေးပုလင်း ထားရာသို့ ပြေးသွားပြီး ထုတ်ယူလိုက်ကာ အရင်လို ပါးစပ်ထဲ ဝင်အောင် တိုက်ဖို့ ပြင်လိုက်ပေမယ့် မဝံ့မရဲ ဖြစ်မိတာကြောင့် ဆေးပုလင်းကို သူ့ဘေးနားက မိန်းကလေးကိုပဲ ကမ်းပေးလိုက်တယ်။ 


'ဆေးသောက်ဖို့ လိုတယ်'


'ထွက်သွား!! မီမီဒီပါ ဆိုတဲ့ မိန်းကလေးကိုမှ မင်းလက်ထပ်မယ် ဆိုရင် မင်း ထိပ်ထားကြည်စင်ရဲ့သား မလုပ်နဲ့တော့ ငါ့မိသားစုကို လာပြီး ထိပါးစေတဲ့လူကို ငါက မိသားစုဝင်လို့ သတ်မှတ်နေရမှာလား၊ မင်း သူမှ ဖြစ်မယ် ဆိုရင် မင်းလည်း ငါ့မိသားစုဝင် အဖြစ်ကနေ နှုတ်ထွက်လိုက်တော့'


'မမ ဒီအခြေအနေက မီမီဒီပါနဲ့ သဘောမတူဘူးလို့ ပြောရမှာ မဟုတ်ဘူးလေ'


'ငါ မင်းကို ပြောဖူးတယ် ဖီးလက်စ်၊ ငါ ဘယ်လို မြင့်မြတ်တဲ့ သတို့သမီးကို လိုလားတယ် ဆိုတာမျိုး မရှိဘူး၊ ဘယ်လို တော်တဲ့ ဘယ်လို ထက်တဲ့ ဘယ်လို စိတ်ရင်းကောင်းတဲ့ မိန်းကလေးကိုမှ ငါမလိုချင်ဘူး၊ ငါ့သားကို တန်ဖိုးထားပေးမယ့်လူ တစ်ယောက်ပဲ ငါလိုချင်ခဲ့တာ၊ ငါ့ရဲ့ ဒီလောက်ရိုးရှင်းတဲ့ ဆန္ဒမှာ မင်းတူက ဘယ်က အပုပ်အစပ်မှန်းမသိပဲနဲ့ သွားရှာလာခဲ့တာ၊ အဲ့ဒီတော့ ငါလုပ်ပေးနိုင်တာက သူတို့တွေကို ပေါင်းစည်းပေးဖို့ ဆိုရင် မင်းကိုတော့ ဘယ်သူမှ စော်ကားခွင့် မရှိရဘူး'


'ဒါပေမယ့် ဂျီဂျီ တန်ဖိုးထားတဲ့သူ'


အဲ့ဒီစကားကိုတော့ တိုးနိုင်သမျှ အတိုးဆုံး ပြောမိတယ်။ 


'သူတန်ဖိုးထားတဲ့သူကို သူ တန်ဖိုးထားလေ ငါတန်ဖိုးထားတဲ့သူကိုလည်း ငါကာကွယ်ရအုံးမယ်၊ အဲ့ဒီလူတွေ ထဲမှာ မင်း ထွက်သွားလို့ ရပြီ မိုးသားကြည်စင်'


မမ ပြောနေတာကို ကြားနေရပေမယ့် ကျွန်တော် သူ့ကို သေချာအကဲခတ်နေမိတယ်။ သူ့လက်တွေက တဖြည်းဖြည်း ရင်ဘတ်ကို ဆုပ်ကိုင်လိုက်တာကြောင့် မမစကားတွေကို သူ ထိရှမှန်း သိလိုက်တယ်။ 


'မမ တော်ပြီ မပြောနဲ့တော့'


'ဘာလဲ!!'


မမက ကျွန်တော့်ကို အားမလိုအားမရဟန်နဲ့ အော်တယ်။ ကျွန်တော် ခပ်တိုးတိုးလေး အယူခံဝင်မိတယ်။ 


'ဒီလတွေမှာ ဂျီဂျီ နှလုံးအားနည်းနေလို့ အရမ်းမပြောပါနဲ့'


'ငါက မပြောရဘူးလား ဟမ် ငါက သူ့ကို မွေးထားတာ ပြီးတော့ အခုထိ သူ့လုပ်ငန်းပေါက်စ တစ်ပဲခြောက်ပြားတန်ကို လာမပြောနဲ့ ဒီနေ့ဒီအချိန်ထိ ငါပေးတာယူ ငါကျွေးတာစား နေပြီးတော့ ငါ့မောင်ကိုများ အရိပ်နေနေ အခက်ချိုးချိုး မင်းက ခန့်ညားရဲ့မေတ္တာစူးမှာ လာ သွားမယ် ခန့်ညား'


မမက ကျွန်တော့်လက်ကို ဆွဲခေါ်လာတော့ ကားပါကင်အထိ တောက်လျှောက် လိုက်လာရတယ်။ မမရဲ့ကိုယ်ရံတော်တွေ တစ်ယောက်မှ မရှိတော့ပဲနဲ့ ခန်းမကို မသွားလိုက်ခင်က ကျန်နေခဲ့တဲ့ ကျွန်တော့်ကားတစ်စီးတည်း ကျန်နေခဲ့တယ်။ ကားထဲမှာ ဝင်ထိုင်ပြီးတော့မှ မမက အတန်ကြာတဲ့အထိ တိတ်ဆိတ်နေပေးတယ်။ နောက်တော့ တိတ်ဆိတ်မှုကို အောင့်မခံနိုင်ဟန်နဲ့ စကားစတယ်။ 


'ဘာလဲ ငါ့သားကို မင်းကြိုက်နေလည်း မင်း ငါ့ကို ပြောသင့်တာ ဖီးလက်စ်'


'မဟုတ်ဘူး ကြိုက်နေတာမျိုး မဟုတ်ဘူး ဒီတိုင်း'


'ဒီကောင်လေး မင်းကို ဘယ်လိုတောင် ပြောရက်တာလဲ လွန်လွန်းတယ်'


'သူက ငယ်သေးလို့ပါ'


မမက ကျွန်တော့်ကို မျက်စောင်းထိုးပါတယ်။ ဒါတောင်အခုထိ ကာဗာပေးချင်နေတုန်း ဆိုသည့် အဓိပ္ပါယ်ပါဝင်သော မျက်စောင်းအောက်မှာ ကျွန်တော် ပြုံးမိတယ်။ 


'မင်းသူ့ကို အလိုလိုက်လွန်းလို့ ဖြစ်တာ လေးစားရကောင်းမှန်းမသိ၊ တန်ဖိုးထားရမှန်းမသိ၊ အစတည်းက ငါပြောတယ် မင်း သူ့ကို ဒီလောက်ထိ အလိုမလိုက်ပါနဲ့ ဆိုတာ'


'မမ သူ့ကို ထပ်သွား မဆူပါနဲ့တော့'


'ငါက ဘာလို့ ခဏခဏ သွားဆူနေမှာလဲ ငါက အားနေလို့လား၊ ဒါပေမယ့် အဲ့ဒီ ဒီပါမျိုးနွယ်တွေ ဘာလုပ်တာလဲ ဆိုတာကို ငါသိချင်လာတာ'


'အင်း ကျွန်တော့်ကို ဘာလို့ ထိခိုက်ရတာလဲ ဆိုတာကို ကျွန်တော်လည်း သိချင်လာတာ'


'မင်းမပူပါနဲ့ ဒီကောင်လေး မင်းနဲ့ဝေးပြီး နေနိုင်ရင် တစ်လပေါ့'


'တကယ်လို့ တစ်သက်လုံး နေနိုင်သွားမယ် ဆိုရင်ကော'


'အဲ့ဒီတော့ ငါက ဘာလုပ်ပေးရမှာလဲ၊ မင်းတို့ နှစ်ယောက်ကြားမှာ ညှိနှိုင်းရေး တာဝန်ခံတွေ ထားပေးရအုံးမှာလား'


'ဟာဗျာ.. မမကလည်း'


မမက ဟိုးအရင် မောင်နှမတွေ ငယ်တုန်းက စနောက်တဲ့အတိုင်း စပြီးတော့ တစ်ခစ်ခစ် ရယ်တယ်။ မမနဲ့ ဒီလို မစမနောက်ရတာ ဘယ်လောက်ကြာပြီလဲ၊ 


'အမှန်အတိုင်းပြောတာ ငါက မင်းနဲ့ဆိုရင် ဂျီဂျီကို စိတ်ချတယ်၊ ငါနဲ့နေတာထက်ကို စိတ်ချတယ်၊ မင်းထက်ပိုပြီး စိတ်ချရတဲ့လူ ရှိလာမှာ မဟုတ်ဘူးလို့လည်း ထင်တယ်၊ ဘယ်ကတည်းကလဲ ဆိုရင် ဂျီဂျီ အထက်တန်းတုန်းက ဘောလုံးကန်ပြီး ချွေးအအေးပတ်တာ'


သူများမြို့လည်းဖြစ်ပြီးတော့ တည်းရတာကလည်း ကျောင်းဝန်းထဲမှာ ဆေးရုံထိ ရောက်အောင် ကားကို ဘယ်လိုငှားရမလဲ မသိတဲ့ အခြေအနေမျိုးမှာ ဂျီဂျီကို ကျောမှာပိုးပြီး တောင်တက်တောင်ဆင်းလမ်းမှာ ဆေးရုံထိ ပြေးသွားခဲ့တာကို အမှတ်ရမိတယ်။ ဖိနပ်တစ်ဖက်ကမပါပဲနဲ့ လူပါ ပိုးထားရတော့ ခြေထောက်က ဆေးရုံအရောက်မှာ ပွန်းပဲ့ပြီး သွေးစတို့ပင် စို့နေတာကို မမတို့ ရောက်လာမှ ဆေးထည့်ဖို့ သတိရမိခဲ့တဲ့အဖြစ်။ 


'ခန့်ညား မင်းငါ့ကို လောဘကြီးတဲ့အမေအဖြစ် သတ်မှတ်လို့လည်း ရတယ် မင်းရဲ့အနာဂတ်ကို ထိခိုက်စေတာမျိုး ဖြစ်သွားတာလည်း ဖြစ်နိုင်တယ် မင်း ဂျီဂျီကို တစ်သက်လုံး ဒီလိုပုံစံအတိုင်းပဲ စောင့်ရှောက်ပေးမယ် မဟုတ်လား ငါက သူများနဲ့ဆိုရင် စိတ်မချရနိုင်ဘူးလို့ ထင်တယ်'


မတတ်နိုင်ဘူး ဆိုတာကို ဘယ်လိုစကားနဲ့မှ မပြောနိုင်ဘူး။ ဒါပေမယ့် သူက လက်ခံအုံးမှ၊ 


'ကျွန်တော် ဂျီဂျီ စိတ်ညစ်သွားမယ် ဆိုရင်'


မမက ကားစက်ကို နိုးလိုက်ပြီးမှ မကျေမချမ်း မျက်နှာလွဲတယ်။ 


'ဟာ အဲ့ဒီ ကျေးဇူးကန်းတဲ့ ကောင်လေးလား တစ်လလောက် ပစ်ထားလိုက်၊ လေးငယ်ရေ ဆိုပြီး ပြန်မလာရင် ငါ့ကို ကြိုက်သလိုပြော'


'မမ ဘာလုပ်မလို့လဲ'


'သူ့ဝင်ငွေတွေ အကုန်လုံးကို ထိန်းချုပ်ရမယ် သူ့ကတ်တွေ အကုန်ပိတ်လိုက်၊ ပြီးတော့ သူ့ကို အမွေဖြတ်တယ်လို့ ကြေငြာရမယ်'


'အဲ့လို လုပ်တာက သူ့စိတ်ကို တွန်းအားဖြစ်သွားစေမယ် ဆိုရင်ကော'


'ဒီပါဂရုက လူတွေက မင်းကို တိုက်ခိုက်ပြီး သူ့ကို ပစားပေးလိုက်တာကို သူက အဟုတ်မှတ်နေတာ၊ ဒီပါအုပ်စုဝင်တွေ အားလုံးက တရားဝင် ဆက်ခံသူကို လိုက်ရှာနေတယ်လို့ ကြားတယ်၊ ဒါပေမယ့် ခန့်ညား မင်းစောင့်ကြည့်ထားလိုက် ဂျီဂျီသာ ကြည်စင်လုပ်ငန်းစုရဲ့ တရားဝင် ဆက်ခံသူ အဖြစ်ကနေ နေရာရွေ့သွားပြီ ဆိုတာနဲ့ မီမီဒီပါက သူ့ကို လိုချင်အုံးမလား ဆိုတာ၊ ငါတော့ မယုံဘူး၊ ဒီကောင်မလေးတွေ အကွက်ရွေ့တာလောက်တော့ ထိပ်ထားတို့ ကျားခုံမှာ ငြိမ်ငြိမ်လေး ထိုင်နေသလောက် ရှိတာ'


'မမ ဘာလုပ်လုပ်ပါ ဂျီဂျီကို အရမ်းမထိခိုက်စေချင်ဘူး'


'ဆင်းတော့!!'


'ဗျာ'


ရုတ်တရက်ကြီး ကားစက်နိုးထားတဲ့ဆီကနေ ဆင်းတော့ ဆိုတော့ ကျွန်တော် ယောင်အအ ဖြစ်သွားရတယ်။ ဒါပေမယ့် မမရဲ့ နှုတ်ထွက်စကားမှန်သမျှက အတည်၊ 


'မင်းဖာသာ ဆင်းမလား ကန်ချရမလား'


ဒီလိုစကားအသုံးအနှုန်းတွေကို မသုံးတာကြာပြီမို့ ကျွန်တော် ယောင်အအနဲ့ ကားပေါ်ကနေ ဆင်းရတယ်။ မမက ကားကိုကိုယ်တိုင် မောင်းခဲပေမယ့် မောင်းပြီ ဆိုလည်း လေယာဉ်ပျံနဲ့ မှားမောင်းသလားမှတ်ရ၊ ကားကို မမက မောင်းယူသွားပြီမို့ အိမ်ပြန်ဖို့က ကိုယ့်ခြေထောက် ကိုယ်သုံးရုံမှအပ၊ အခါတိုင်း ဖုန်းကို လက်ကမချတမ်း ကိုင်လာတတ်ပေမယ့် မမက ဆွဲခေါ်လာတာကြောင့် ဖုန်းကတော့ ကျန်နေခဲ့ပြီ။ 


မမ ပြောသလို သူ့ကို တစ်လလောက် ပစ်ထားလိုက်ဖို့ တွေးမိတော့ ရင်မောစွာ သက်ပြင်းပူပူ ချမိတယ်။ ဒီဟာလေး အဆင်ပြေပါ့မလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုပြီး အနားသွားဖို့ တွေးပေမယ့် ရွံတယ် ဆိုတာကို ထပ်ခါထပ်ခါ ကြားမိတော့ ကျွန်တော့်မျက်နှာကို သူမြင်ရင် အမှားတွေ ထပ်လုပ်မှာကို စိုးမိတယ်။ ကျွန်တော် ခံစားလိုက်ရတာက သူ့မျက်နှာကို ကြည့်နေရုံနဲ့ ဖြေသာပေမယ့် သူ နောင်တရသွားရင် ဆိုတဲ့အတွေးမှာ တစ်လလောက် ထားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ရတော့တယ်။ တစ်ရက်တော့ ကိုယ်တို့ နီးကြတာပေါ့ ဂျီဂျီ၊ 


ဂျီဂျီအပေါ်မှာ ထားတဲ့ မေတ္တာဟာ တူလေးအပေါ် ထားတဲ့ သဘာဝထက် ပိုတယ် ဆိုတာကို သိသိချင်းမှာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ဆန်းစစ်ပြီးသားမို့ ကျွန်တော့်ဘက်က သေချာတယ်။ ကျွန်တော် ယောကျာ်းလေး အချင်းချင်း မေတ္တာသက်ဝင်တတ်တဲ့ သဘောသဘာဝမျိုး ရှိတာ မဟုတ်ဘူးမှန်း ကျွန်တော် သေချာတယ်။ ဂျီဂျီမို့လို့ သူမို့လို့ တစ်သက်လုံးအတွက် ကြည့်နေချင်လို့၊ 


ကားမှတ်တိုင်မှာ စောင့်နေရင်းက ဘေးနားမှာ ဖုန်းပြောနေတဲ့ ကလေးမခပ်ငယ်ငယ်ဆီကနေ ဖုန်းတစ်ကောလ် ငှားဆက်ပြီးတော့ အောင်ခန့်ကို လာကြိုပေးဖို့ ခေါ်လိုက်တယ်။ အောင်ခန့်က သိပ်မစောင့်လိုက်ရပါပဲနဲ့ ရောက်လာပြီး ကျွန်တော့်ပုံစံ ဖြစ်နေတာကို သေချာကြည့်ပြီး ဘာမှမမေးပဲနဲ့ အိမ်ကို ပို့ပေးတယ်။ 


အိမ်ရောက်တော့မှ ဖုန်းတက်ယူလိုက်ရင် အကောင်းသားလို့ တွေးမိပြန်တယ်။ ဒါဆို သူ့ပုံတွေကို ဖုန်းကနေ ကြည့်နေခွင့်ရအုံးမယ်။ 


@@@@@@@@@@


သူမပါပဲ သူ့အကြောင်းတွေကို အောင်ခန့် ပြောပြသမျှ မှတ်သားပြီး အိမ်မှာပဲ အချိန်တွေ ကုန်ဆုံးမိတယ်။ သရဲဘောကြောင်တယ် ဆိုဆို ဘာဆိုဆို ကျွန်တော် အိမ်ထဲမှာပဲ ပုန်းနေမိတယ်။ တစ်သက်လုံး သူ့အတွက် ဆိုတာကို နေ့စဉ်ရက်ဆက် တွေးနေပြီး နေလာခဲ့တာကြောင့် သူ့ကို လျစ်လျူရှုထားရမယ့် တစ်လတာဟာ နေသားမကျဘူး။ 


ယောင်ချာချာနိုင်ပြီးတော့ အဓိပ္ပါယ်လဲ မရှိဘူး။ မမက ဒီကြားရက်တွေမှာ ဖုန်းဆက်တယ်။ ပြီးတော့ မမရဲ့အတွင်းရေးမှုးမလေးက သတင်းစာနဲ့ စာစောင်တွေကို ယူလာပေးတယ်။ အားလုံးဟာ ကြည်စင်လုပ်ငန်းစုကနေ မိုးသားကြည်စင်ကို ဆက်ခံသူ အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ပြီ ဆိုတာ ဖြစ်တယ်။ တရားဝင်ဆက်ခံသူ အဖြစ်ကနေ ဖယ်ရှားလိုက်ပြီ ဆိုတာက ဂျီဂျီရဲ့ ရပ်တည်မှုကို ထိခိုက်စေနိုင်တယ်။ မမက တကယ်ကြီး လုပ်ပစ်လိုက်တာပဲ၊ 


တစ်ဖက်က မမ ကျွန်တော့်ဘက်မှာ ရှိနေလို့ ဝမ်းသာပေမယ့် တစ်ဖက်မှာ ဂျီဂျီကို ပစ်ထားသလို ဖြစ်သွားတာကို စိုးရိမ်မိတယ်။ အောင်ခန့်ကတော့ စားမကောင်းတာတွေ ချက်ကျွေးလေရဲ့၊ ဒီအစား သူ့လက်ရာကို တမ်းတမိတယ်။ လူအချင်းချင်းတောင် အဆင်မပြေတာမျာ သူ့လက်ရာကို စားချင်နေသေးတဲ့ ကိုယ့်စိတ်နဲ့ကိုယ်လည်း လှောင်မိပါရဲ့၊ 


ဂျီဂျီနဲ့ တွဲပြီး လုပ်ထားတဲ့ လုပ်ငန်းတွေက ဂျီဂျီကို ကြည်စင်လုပ်ငန်းစုကနေ ဖယ်ရှားလိုက်တာနဲ့ ကတောက်ကဆ ဖြစ်ကြတယ် ဆိုတာလည်း ကြားတယ်။ ဒါက လူသဘာဝပေမယ့် ဂျီဂျီ ခံနိုင်ရည် ရှိပါ့မလားလို့ တွေးပူမိတယ်။ ဒါပေမယ့် ဂျီဂျီကို လူ့မနောကို ကြေနေအောင် လေ့ကျင့်ထားပြီးသားမို့ အဆင်ပြေသွားမှာပါလို့ တွေးမိပြန်တယ်။ 


'ဆရာ မမကြီးဆီက ဖုန်းလာတယ်'


အောင်ခန့်က သူ့လက်ထဲကနေ ဖုန်းလေး ထိုးပေးတယ်။ ဟုတ်တယ်၊ ကျွန်တော့်ဖုန်း ဂျီဂျီဆီမှာ ကျန်နေခဲ့ကတည်းက ကျွန်တော် ဖုန်းပြန်မဝယ်မိဘူး၊ ဖုန်းဝယ်မိရင် ဆက်ချင်နေအုံးမှာ ထမင်းသေချာစားလား၊ ဆရာဝန်နဲ့ တွေ့ဖြစ်လား၊ အိပ်ကော ပျော်ရဲ့လား၊ အားကစားပုံမှန် လုပ်သလားကအစ ပျော်နေရဲ့လား၊ ဝမ်းနည်းနေလား၊ နောင်တတွေနဲ့ မဝံ့မရဲ ဖြစ်နေလားအဆုံး အကုန်လုံး သိချင်နေအုံးမှာ၊ 


'မမ'


ဖုန်းထူးလိုက်တာနဲ့ မမက ခပ်မြန်မြန် ပြောလာတယ်။ 


'အခု သုသုကို မင်းဆီ လွှတ်လိုက်တယ်၊ မင်းရဲ့ ဆံပင် နည်းနည်း၊ ခြေသည်းလက်သည်းနဲ့ သုံးပြီးသား သွားတိုက်တံရယ် ထည့်ပေးလိုက်'


'မမ ဘာလုပ်မလို့လဲ DNA စစ်ချင်တာလား'


'ပြီးရင် ပြောပြမယ်'


ဖုန်းချလိုက်ပြီး သိပ်မကြာမှီမှာပဲ မမရဲ့အတွင်းရေးမှုးလေးက အိမ်ကို ရောက်လာတာမို့ မမတောင်းထားသမျှ ပေးလိုက်ရတယ်။ သုသုက ကျွန်တော့်ကို တလေးတစားနဲ့ ဆက်ဆံနေတာကြောင့် အရင်ကထက် လွန်ကဲမှုကို နေရခက်မိသေးတယ်။ 


တစ်လက ခပ်စောစောပဲ ကုန်ဆုံးသွားတယ်။ တစ်လအတွင်း မဖြစ်မနေ လက်ထပ်ပါ့မယ် ဆိုပြီးတော့ သူ့ရဲ့မင်္ဂလာသတင်းကို မကြားရတာ တော်သေးတယ်။ ဂျီဂျီကို မမတကယ်ပဲ စွန့်ပစ်လိုက်ပြီလို့ တွေးထင်နေကြတယ်။ ကြည်စင်လုပ်ငန်းစုရဲ့ ဆက်ခံသူ နေရာမှာ ခန့်ညားကြည်စင်လို့ ပြောင်းလိုက်တဲ့အပေါ်မှာ မဟုတ်က ဟုတ်က သတင်းတွေတောင် တက်လာသေးတယ်။ 


သားအရင်းကို ပစ်ပြီး မွေးစားမောင်ကို ပစားပေးတယ် ဆိုပြီး မမရဲ့သိက္ခာကို ချတဲ့ သတင်းတချို့အတွက် မမရဲ့တုန့်ပြန်ချက်က လျစ်လျူရှုခြင်းပဲ ဖြစ်တယ်။ မမက တကယ်ကို သွေးအေးတာ။ တစ်လလုံးလုံး မတွေ့ရတာကြောင့် ကျွန်တော် နောက်တစ်လအတွက် ပထမဆုံးရက်မှာပဲ ခပ်စောစောထပြီး သူ့အိမ်ကို ရောက်လာခဲ့တယ်။ 


လူခေါ်ဘဲလ်ကို နှိပ်ရမလား၊ တံခါးပဲ ဖွင့်လိုက်ရမလား ချီတုန်ချတုန် ဖြစ်နေတုန်းမှာပဲ အခန်းတံခါးက ပွင့်သွားတော့ ကျွန်တော့လက်တွေ လေထဲမှာ တန့်နေဆဲ၊ သူကလည်း ကျွန်တော့်ကို မြင်မြင်ချင်းမှာပဲ မှင်တက်နေပြီးတော့ အထဲဝင်ဖို့ ကိုယ်ကို တိမ်းပေးတယ်။ ကျွန်တော် အထဲထိ ဝင်လာပြီးမှ သူက တံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ မေးတယ်။ 


'ဘာလာ လုပ်တာလဲ'


သူမေးလိုက်တာကို ကြားတယ်။ ဒါပေမယ့် သူ့ကို သေချာကြည့်နေတုန်းမို့ ပြန်မဖြေအားနိုင်ဘူး။ တစ်လအတွင်း ဒီလို ပိန်ကျသွားတာ၊ ပြီးတော့ အခန်းတစ်ခုလုံးက ညှင်းသိုးသိုးနဲ့၊ ဆံပင်ညိုညိုတို့က ဖြီးခြင်းသင်ခြင်းမရှိ၊ ပွယောင်းယောင်းနဲ့၊ သူစီးထားတဲ့ အိမ်နေရင်းဖိနပ်က ကျွဲတစ်ဖက် နွားတစ်ဖက်၊ တစ်ရောင်စီ။ မျက်ကွင်းညိုညိုတို့က သေချာအိပ်မပျော်မှန်း သိသာနေတယ်။ ကပိုကရို မညီမညာ ဖြစ်နေတဲ့ အကျႌတို့က တွန့်ကြေနေပြီးတော့၊ နှုတ်ခမ်းတွေက ဖြူဖြူဖျော့ဖျော့၊ 


'ဘာမှလုပ်ဖို့ မရှိပဲနဲ့လား'


သူက ထပ်မေးပြန်တယ်။ ကျွန်တော် တစ်လတာလောက်လေး လျစ်လျူရှုထားလိုက်တာ ဒီလိုပုံစံ ဖြစ်သွားရလား၊ အခါတိုင်းဆို ဆူမိပြောမိနေအုံးမှာ ပေမယ့် ကျွန်တော် ရှုပ်ပွပေတူးလန်နေတဲ့ သူ့အိမ်ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိတဲ့ အသင့်စားအစားအစာ အခွံတွေကို ကြည့်ပြီး သူ့ကို သေချာပြန်ကြည့်မိတယ်။ 


'ဖုန်းလာယူတာ'


ကျွန်တော် ပြောလိုက်တဲ့ စကားနောက်မှာ သူ့မျက်ဝန်းတွေ မျက်ရည်စတွေ ခိုတွဲသွားသလိုပဲ၊ ဒီနည်းအတိုင်းဆို မမလုပ်နေတာ မပြီးသေးခင် ကျွန်တော် သူ့ကို ခပ်မြန်မြန်ပဲ ပွေ့ဖက်မိလိမ့်မယ်။ ဒီပုံစံတွေနဲ့ဆို သူ့ကို သနားလွန်းလို့ ကျွန်တော် အသက်ရှုတောင်ကျပ်လာပြီ။ တော်ပြီ ဒီလိုမနေနဲ့တော့၊ မင်းကို ငါတို့က နားလည်လာအောင် လုပ်နေတာ ဆိုတာမျိုး တစ်ခုခု ပြောမိတော့မှာ၊ မွန်းကျပ်လာလို့ ကျွန်တော် ကိုယ့်လည်ပင်းကိုယ် ပွတ်သပ်မိတယ်။ 


'အဲ့ဒီနေ့က ဖုန်းကျန်နေခဲ့တာ'


သူ့လက်ချောင်းလေးတွေ အဓိပ္ပါယ်မဲ့ တုန်ခါနေတယ်။ ပြီးတော့ သူဝတ်ထားတဲ့ ဘောင်းဘီအိတ်လေးကနေ ကျွန်တော့်ဖုန်းလေးကို ဖြည်းဖြည်းလေး ထုတ်ယူလာတယ်။ ပြီးတော့မှ မျက်နှာလွဲရင်း ကမ်းပေးတယ်။ 


'ဖုန်းရဲ့ ပတ်ပေါ့က တစ်ထောင်ကိုးရာကိုးဆယ့်သုံး ရှစ်လပိုင်း နှစ်ဆယ့်လေးရက်လား၊ ဖွင့်ကြည့်ထားတယ်'


ဟုတ်တာပေါ့၊ ဒါက သူ့မွေးနေ့လေ၊ ကျွန်တော့်ရဲ့ ပက်ပေါ့မှန်သမျှ သူ့မွေးနေ့ပဲ၊ သူပေးလာတဲ့အတိုင်း လှမ်းယူပြီး လှည့်ထွက်ဖို့ ပြင်တော့ သူက အရှေ့ကို ရောက်လာတယ်။ ပြီးတော့ ခပ်တိုးတိုးလေး မေးတယ်။ 


'ဟင်းချက်ထားတယ်၊ ဝိုင်သောက်မလား'


မေးပြီးတော့ ကျွန်တော်ဘာဖြေလာမလဲ ဆိုတာကို သူက အကြာကြီး မျက်လုံးချင်းဆုံအောင် ကြည့်နေတယ်။ 


'အင်း'


မီးဖိုခန်းထဲ နှစ်ယောက်လုံး ဝင်လာတော့ အမဲသားစတိတ် ပန်းကန်တွေကို တွေ့ရတယ်။ တစ်ပန်းကန်တည်း မဟုတ်ဘူး။ တစ်ပန်းကန်ပြီး တစ်ပန်းကန် ထည့်ထားတာ ဖြစ်ပုံရတယ်။ ပြီးတော့ ချက်ထားတဲ့ ရက်တွေက မတူဘူး ထင်တယ်။ တချို့ဆို ပုတ်နေပြီ။ သူက ကျွန်တော် အနောက်ကနေ လိုက်လာတော့ အဲ့ဒီမကောင်းတော့ပုံ ရတဲ့ အမဲသားစတိတ်ပန်းကန်တွေကို ပန်းကန်လိုက် အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ သူ ဘာတွေ လုပ်ထားတာလဲ ဆိုတာကို တွေ့မြင်ရတာ ကျွန်တော် ဒီထက်ပိုပြီး တောင့်ခံနိုင်ဖို့ ခက်နေပြီ။ ဖြစ်နိုင်တာက တစ်ရက်ပြီး တစ်ရက် ကျွန်တော်လာဖို့ စောင့်နေတယ် ဆိုတဲ့အခြေအနေကို ကျွန်တော် မြင်နိုင်တယ်။ 


ဒီဟာလေး လေးငယ်ရေ လို့ လှမ်းခေါ်ဖို့ကို တင်းထားသေးတယ်။ စိတ်ဆင်းရဲခံပြီးတော့၊ လေးငယ်ရေလို့သာ ခေါ်လိုက်ရင် ကျွန်တော်ဟာ ငရဲပြည်အထိ မရမက ဆင်းပေးမယ်မှန်း သိသိနဲ့ သူက တင်းခံနေသေးတာလား၊ ဒါမှမဟုတ် သူ့ဖာသာသူ နေသားကျသွားဖို့ကို သူတောင့်ခံနေတာလား။ ဘယ်တစ်ခုက အမှန်မှန်း မသေချာဘူး။ 


ကျွန်တော် စားနေတာကို သူက ငေးကြည့်နေရင်းနဲ့ မျက်ရည်ဥတွေ တွဲခိုလာတယ်။ ကျွန်တော် ဘယ်လိုစိတ်မျိုးနဲ့ ဆက်စားရမလဲ၊ မျိုလို့တောင် မကျတော့ဘူး။ တောင်းပန်ဖို့ ဒီလောက်တောင် ခက်တာလား၊ ဂျီဂျီ မှားပါတယ်လို့ ပြောနေကျ စိတ်ထားလေး ဘယ်ရောက်သွားလဲ၊ 


'မင်္ဂလာပွဲ အခြေအနေ ဘယ်လို ရှိလဲ'


နှစ်ယောက်လုံးက စကားစပြောဖို့ ခက်နေတာကြောင့် လူကြီးဖြစ်တဲ့ ကျွန်တော်က စတင်ပြီး စကားပြောလိုက်တာမှာ အပြောမတတ်တော့ ဆဲသလို ဆိုသလိုမျိုး ရွေးချယ်လိုက်တဲ့ စကားက မှားသွားဟန်တူတယ်။ သူက ကျွန်တော့်ကို ငေးနေရင်းက ဖြေတယ်။ 


'မာမီက ကျွန်တော့်ကို စွန့်ပစ်လိုက်တယ် ဆိုတာကို ဂျာနယ်တွေ စာစောင်တွေ သတင်းစာတွေမှာ တိုင်းသိပြည်သိ ကြေငြာလိုက်တော့ သူတို့ဘက်က မင်္ဂလာရက်ကို နောက်ဆုတ်လိုက်တယ်'


အော် အဲ့ဒါကြောင့် သူက စိတ်ဆင်းရဲနေတာကိုး၊ 


'ကိုယ့်ကိုယ်ကို ယုံပါ၊ မိန်းကလေး တစ်ယောက်ကို တာဝန်ယူဖု့ိက မခက်ခဲပါဘူး'


'ရှီးတော့..'


ဘာပြောလိုက်တာလဲ၊ လုပ်ပြန်ပြီ ဒီဟာလေး တခြားမသိတဲ့ ဘာသာစကားနဲ့ မသိအောင် ပြောပြန်ပြီ။ ကျွန်တော် ဆက်စားလို့ မရမယ့်အတူတူ ထိုင်နေရာကနေ ထရပ်လိုက်တော့ သူပါ ထရပ်လာတယ်။ 


'ဖုန်းကို ကြည့်ထားတယ်၊ ပြန်မစစ်တော့ဘူးလား'


ဖုန်းထဲမှာ ရှိရှိသမျှ မန်မိုရီ အားလုံးဟာ သူပဲမို့ သူကဖွင့်ကြည့်ထားတယ် ဆိုရင် မသတီစွာနဲ့ ဖျက်ပစ်ရုံပဲ ရှိတာ၊ 


'မစစ်တော့ဘူး၊ ပြန်တော့မယ်'


သူ့ရှေ့မှာ ဆက်နေရင် ကျွန်တော်တင်းထားသမျှ ပြိုကျပြီး မမလုပ်နေသမျှကို ဖော်ထုတ်မိမှာ စိုးတာကြောင့် ခပ်မြန်မြန်ပဲ သူ့အိမ်ကနေ ထွက်လာခဲ့မိတယ်။ 


@@@@@@@@@@


ဆက်ရန်---


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


စွဲညို့



Zawgyi


Nephew-8


@@@@@


'မင္းထင္တဲ့အတုိင္းပဲ'


ဒါက ကၽြန္ေတာ္ရြဲ႕ေျဖလုိက္တာ မဟုတ္ဘူး။ ဘယ္သူမဆို စိတ္ထဲက ဒါမွန္တယ္လို႔ ယူဆထားျပီးတဲ့ အေၾကာင္းအရာကို စကားတစ္ခြန္းတည္းနဲ႔ မေျခဖ်က္လိုက္ႏုိင္ဘူး။ ကၽြန္ေတာ္ ေျပာလုိက္ေတာ့ေရာ လက္ခံထားတာကို ေျပာင္းလဲပစ္လိုက္မွာတဲ့လား၊ ျဖစ္မွမျဖစ္ႏုိင္တာပဲေလ။ ဘာလို႔ သူ႔အတြက္ အေျဖႏွစ္ခု ျဖစ္ေစအံုးမွာလဲ။ မမကေတာ့ မင္းတို႔ေတြ ေျပာၾက ဆိုတဲ့သေဘာနဲ႔ ဆိုဖာမွာ ေျခခ်ိတ္ျပီး ထိုင္တယ္။ ကၽြန္ေတာ္ကေတာ့ လက္ထဲက ဖုန္းကို စားပြဲေပၚ အသာအယာ လွမ္းတင္လို္က္တယ္။ 


'ခင္ဗ်ားကို ကၽြန္ေတာ္ ရြံတယ္'


သူ႔ထံမွ ထိုစကားအတြက္ ကၽြန္ေတာ္ လက္သီးဖြဖြ ဆုပ္မိတယ္။ နာက်င္ခံခက္လြန္းလို႔ ထိုးႏွက္ပစ္ဖို႔ မဟုတ္ဘူး။ ဒီစကားလံုးအတြက္ အားတင္းထားဖုိ႔ လိုအပ္ေနလို႔ သက္သက္သာ၊ လက္ရွိအခ်ိန္မွာ ကၽြန္ေတာ္လိုခ်င္တာက သူ႔ဆီက ရြံရွာျခင္းအတြက္ ေျဖေဆးမဟုတ္ဘူး။ ကၽြန္ေတာ့္ကို သူ ဒီလုိ ဆက္ဆံမိလို႔ ေနာက္တစ္ခ်ိန္မွာ သူ ေနာင္တမရေစဖို႔၊ သူ႔ဆီကေန အဲ့လို တုန္႔ျပန္မႈကို ဘယ္တုန္းကမွ ရရွိမယ္လို႔ ကၽြန္ေတာ္ မေတြးထားဘူး၊ အဲ့ဒီအထိ ကၽြန္ေတာ့္ေမတၱာေတြက ျဖဴစင္တယ္ဆိုတာ ကၽြန္ေတာ္ နားလည္လို႔၊ 


ရယူလိုျခင္း ဒါမွမဟုတ္ တျခားတစ္ပါးေသာ အေရာင္ဆိုးေနႏုိင္တဲ့ ခံစားခ်က္ေတြ တစ္ခုမွ မပါပဲနဲ႔ ကၽြန္ေတာ္ လုိလားခဲ့တာက သူ႔ကို ဆက္ျပီး ၾကည့္ေနခြင့္ေလး တစ္ခုတည္း၊ ဒါဟာ ေလာဘတစ္ခု ျဖစ္မယ္ ဆိုရင္ ကၽြန္ေတာ္ဟာ ေလာဘၾကီးလြန္းသူ ျဖစ္ေနႏုိင္တယ္။ လက္တစ္ဖဝါးစာ ကာကြယ္ႏုိင္အံုးမယ္ ဆိုရင္ေတာင္မွ ကၽြန္ေတာ္က သူ႔ကို ကာကြယ္အံုးမယ္ ဆုိတာကို သူသိသြားဖို႔ မလိုပါပဲနဲ႔၊ သူ႔ကို ၾကည့္ေနႏုိင္ခြင့္ေလးတင္ လိုလားခဲ့တာ ကၽြန္ေတာ္မွားယြင္းခဲ့တာ မဟုတ္ဘူးလို႔ ကၽြန္ေတာ္ က်ိန္ဆိုလိုက္ခ်င္တယ္။ ကၽြန္ေတာ္ တစ္သက္လံုး ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ သူ႔ကို ကၽြန္ေတာ္ ၾကည့္ေနခြင့္ေတာ့ ရသင့္တယ္။ 


သိပ္မၾကာခင္မွာ သူ႔ဇနီးျဖစ္လာမယ့္ မိန္းကေလး တစ္ျဖစ္လဲ မီမီဒီပါက သူ႔လက္ကို လက္ေမာင္းရင္းကေန တြဲကိုင္ထားတယ္။ သူ႔မ်က္ဝန္းက ရဲရဲနီေနျပီးေတာ့ မခံမရပ္ႏုိင္ ျဖစ္ေနျခင္းေၾကာင့္ သူက အသက္ရႈႏႈန္းျမန္ေနတယ္။ သူက ငယ္ကတည္းက ႏွလံုးအား မေကာင္းဘူး။ ဒါေပမယ့္ ဒီလပိုင္းေတြမွာ ပိုဆိုးေနတာ၊ သတိေပး ေျပာၾကားဖုိ႔ ေျခလွမ္းတစ္လွမ္းစာ ေရွ႕တိုးမိေတာ့ သူက ေနာက္ဆုတ္တယ္။ ကၽြန္ေတာ့္ေျခလွမ္းေတြ တုန္႔ခနဲ ဆိုင္းသြားတယ္။ 


'ဂ်ီဂ်ီ ေဆးပါလား'


ကၽြန္ေတာ့္အေမးစကားကို သူက လက္ကာတားရင္း မခ်ိမဆန္႔ေလသံနဲ႔ ဆိုတယ္။ 


'ခင္ဗ်ား ကၽြန္ေတာ့္အနား မကပ္နဲ႔ ခင္ဗ်ားတစ္ခ်ိန္လံုး ကၽြန္ေတာ့္ကို အသားယူေနခဲ့တာ မေတာ္ေသးဘူးလား'


သူ႔ေဆးဘူး ထားတတ္တဲ့ေနရာဆီ ေျပးဖို႔ ေျခလွမ္းတို႔က တုန္႔ခနဲ ရပ္သြားမိတယ္။ မမက ရုတ္ခ်ည္းထရပ္ပစ္လုိက္ျပီးမွ ဂ်ီဂ်ီကို လြဲရိုက္လိုက္တာကို ျမင္တယ္။ ျမန္ျမန္ဆန္ဆန္ပဲ မမအနားကို ကၽြန္ေတာ္ေျပးသြားျပီးမွ မမလက္ကို ဆတ္ခနဲ ဖမ္းပစ္လိုက္ေတာ့ မမက မ်က္ရည္ဝိုင္းတဲ့ အၾကည့္နဲ႔ သူမသားကို မယံုႏုိင္သလို ၾကည့္တယ္။ ျပီးေတာ့ ေဒါသတၾကီးနဲ႔ လက္ညိဳးထိုးျပီး ေျပာတယ္။ 


'ဂ်ီဂ်ီ မင္း ငါ့သားမွ ဟုတ္ရဲ႕လား၊ မင္းငါ့ကို ေစာ္ကားလို႔ ရတယ္၊ ငါနားလည္ႏုိင္တယ္၊ ငါတစ္ခ်ိန္လံုး အလုပ္ကိုပဲ ဦးစားေပးေနခဲ့လို႔ မင္းငါ့ကို မေက်မနပ္ျဖစ္မယ္ ဆိုရင္ ျဖစ္သင့္တယ္လို႔ ငါေတြးေပးႏုိင္တယ္၊ ဒါေပမယ့္ မင္းရဲ႕ေလးငယ္ကိုေတာ့ မရဘူး ဂ်ီဂ်ီ၊ သူ ဒီအသက္ဒီအရြယ္အထိ ဘယ္လို ရွင္သန္ေနခဲ့တာလဲ ဆုိတာကို မင္းမျမင္ဘူး ငါျမင္တယ္၊ ငါေတြ႔တယ္!! အဲ့ဒါေၾကာင့္!!.. မင္းေလးငယ္ကို မင္း ေစာ္ကားလို႔ မရဘူး'


ဟုတ္သားပဲ၊ ဒီအသက္အရြယ္ထိ ကၽြန္ေတာ္ ဘယ္လို ရွင္သန္ေနခဲ့တာလဲ၊ ကၽြန္ေတာ္တစ္ေလွ်ာက္လံုး သူ႔ရဲ႕ ရွင္သန္မႈ ၾကီးထြားမႈ ေျပာင္းလဲလာမႈ တစ္စတစ္စ ရင့္က်က္လာမႈ ဒါေတြပဲ ကၽြန္ေတာ္ ၾကည့္ေနခဲ့တာ ကၽြန္ေတာ္ဘယ္လို ရွင္သန္လာသလဲ ဆုိတာကို ေမ့ေနခဲ့တဲ့အထိ၊ ဒီအခ်စ္မွာ ျဖဴစင္ျခင္း မျဖဴစင္ျခင္း၊ ဒါမွမဟုတ္ အေရာင္ပါလား မပါဘူးလား ဆိုတာကို ကၽြန္ေတာ္ မေသခ်ာဘူး၊ ကၽြန္ေတာ္ သိတာဆိုလို႔ ေအာ္.. ဒီဟာေလး ေကာင္းေကာင္း ရွင္သန္ေနတာပဲ၊ ဆိုတဲ့ မွတ္ခ်က္ တစ္ခုတည္းနဲ႔ ေက်နပ္ရတဲ့ အခိုက္အတန္႔မ်ားစြာ။ ငါသူ႔ကို ေကာင္းေကာင္း ကာကြယ္ထားႏုိင္ေသးတာပဲ ဆိုတဲ့ အခိုက္အတန္႔မ်ားစြာ။ 


အခုခ်ိန္မွာ မမ ေျပာသလို ကၽြန္ေတာ္ ဘယ္လို ရွင္သန္လာတာလဲလို႔ တစ္ေယာက္ေယာက္ကမ်ား ေမးလာခဲ့ရင္ ကၽြန္ေတာ္ မသိဘူး၊ ကၽြန္ေတာ့္မွာ အေျဖမရွိဘူး။ မမက ဆက္ေျပာပါတယ္။ 


'မိုးသားၾကည္စင္ မင္းမသိဘူး မဟုတ္လား၊ မင္းရဲ႕ေလးငယ္ ဘယ္လုိရွင္သန္လာတာလဲ ဆုိတာကို မင္းနားမလည္ဘူး မဟုတ္လား၊ ေသခ်ာနားေထာင္ မင္းရဲ႕တစ္မ်က္ႏွာ မင္းရဲ႕အျပံဳးအရယ္ေတြကပဲ မင္းေလးငယ္အတြက္ တစ္ဘဝစာ ျဖစ္ေနခဲ့တာ မင္းသိလား၊ မင္းကမ်ား ရာရာစစ သူ႔ကို ရြံတယ္ ဟုတ္လား ငါ မင္းကို ပိုရြံတယ္!၊ ငါ မင္းကို ပိုျပီးေတာ့ ရြံတယ္ သိလား! မိုးသားၾကည္စင္'


သူ႔အေမ မ်က္ႏွာကို ျပဴးေၾကာင္ေၾကာင္ ၾကည့္ေနရင္းက သူ႔မ်က္ႏွာတစ္ခုလံုး ရဲတက္လာျပီး ေသြးေၾကာစတို႔ ေဖာင္းလာတာေၾကာင့္ ကၽြန္ေတာ္ မမလက္ကို ဆုပ္ကိုင္ထားရာက လြတ္ေပးလိုက္မိတယ္။ ေဆးပုလင္း ထားရာသို႔ ေျပးသြားျပီး ထုတ္ယူလုိက္ကာ အရင္လို ပါးစပ္ထဲ ဝင္ေအာင္ တိုက္ဖို႔ ျပင္လိုက္ေပမယ့္ မဝံ့မရဲ ျဖစ္မိတာေၾကာင့္ ေဆးပုလင္းကို သူ႔ေဘးနားက မိန္းကေလးကိုပဲ ကမ္းေပးလိုက္တယ္။ 


'ေဆးေသာက္ဖို႔ လိုတယ္'


'ထြက္သြား!! မီမီဒီပါ ဆိုတဲ့ မိန္းကေလးကိုမွ မင္းလက္ထပ္မယ္ ဆိုရင္ မင္း ထိပ္ထားၾကည္စင္ရဲ႕သား မလုပ္နဲ႔ေတာ့ ငါ့မိသားစုကို လာျပီး ထိပါးေစတဲ့လူကို ငါက မိသားစုဝင္လို႔ သတ္မွတ္ေနရမွာလား၊ မင္း သူမွ ျဖစ္မယ္ ဆိုရင္ မင္းလည္း ငါ့မိသားစုဝင္ အျဖစ္ကေန ႏႈတ္ထြက္လိုက္ေတာ့'


'မမ ဒီအေျခအေနက မီမီဒီပါနဲ႔ သေဘာမတူဘူးလို႔ ေျပာရမွာ မဟုတ္ဘူးေလ'


'ငါ မင္းကို ေျပာဖူးတယ္ ဖီးလက္စ္၊ ငါ ဘယ္လို ျမင့္ျမတ္တဲ့ သတို႔သမီးကို လိုလားတယ္ ဆိုတာမ်ိဳး မရွိဘူး၊ ဘယ္လို ေတာ္တဲ့ ဘယ္လို ထက္တဲ့ ဘယ္လို စိတ္ရင္းေကာင္းတဲ့ မိန္းကေလးကိုမွ ငါမလိုခ်င္ဘူး၊ ငါ့သားကို တန္ဖိုးထားေပးမယ့္လူ တစ္ေယာက္ပဲ ငါလိုခ်င္ခဲ့တာ၊ ငါ့ရဲ႕ ဒီေလာက္ရိုးရွင္းတဲ့ ဆႏၵမွာ မင္းတူက ဘယ္က အပုပ္အစပ္မွန္းမသိပဲနဲ႔ သြားရွာလာခဲ့တာ၊ အဲ့ဒီေတာ့ ငါလုပ္ေပးႏုိင္တာက သူတို႔ေတြကို ေပါင္းစည္းေပးဖုိ႔ ဆိုရင္ မင္းကိုေတာ့ ဘယ္သူမွ ေစာ္ကားခြင့္ မရွိရဘူး'


'ဒါေပမယ့္ ဂ်ီဂ်ီ တန္ဖိုးထားတဲ့သူ'


အဲ့ဒီစကားကိုေတာ့ တိုးႏိုင္သမွ် အတိုးဆံုး ေျပာမိတယ္။ 


'သူတန္ဖိုးထားတဲ့သူကို သူ တန္ဖိုးထားေလ ငါတန္ဖိုးထားတဲ့သူကိုလည္း ငါကာကြယ္ရအံုးမယ္၊ အဲ့ဒီလူေတြ ထဲမွာ မင္း ထြက္သြားလို႔ ရျပီ မိုးသားၾကည္စင္'


မမ ေျပာေနတာကို ၾကားေနရေပမယ့္ ကၽြန္ေတာ္ သူ႔ကို ေသခ်ာအကဲခတ္ေနမိတယ္။ သူ႔လက္ေတြက တျဖည္းျဖည္း ရင္ဘတ္ကို ဆုပ္ကိုင္လိုက္တာေၾကာင့္ မမစကားေတြကို သူ ထိရွမွန္း သိလိုက္တယ္။ 


'မမ ေတာ္ျပီ မေျပာနဲ႔ေတာ့'


'ဘာလဲ!!'


မမက ကၽြန္ေတာ့္ကို အားမလိုအားမရဟန္နဲ႔ ေအာ္တယ္။ ကၽြန္ေတာ္ ခပ္တိုးတိုးေလး အယူခံဝင္မိတယ္။ 


'ဒီလေတြမွာ ဂ်ီဂ်ီ ႏွလံုးအားနည္းေနလို႔ အရမ္းမေျပာပါနဲ႔'


'ငါက မေျပာရဘူးလား ဟမ္ ငါက သူ႔ကို ေမြးထားတာ ျပီးေတာ့ အခုထိ သူ႔လုပ္ငန္းေပါက္စ တစ္ပဲေျခာက္ျပားတန္ကို လာမေျပာနဲ႔ ဒီေန႔ဒီအခ်ိန္ထိ ငါေပးတာယူ ငါေကၽြးတာစား ေနျပီးေတာ့ ငါ့ေမာင္ကိုမ်ား အရိပ္ေနေန အခက္ခ်ိဳးခ်ိဳး မင္းက ခန္႔ညားရဲ႕ေမတၱာစူးမွာ လာ သြားမယ္ ခန္႔ညား'


မမက ကၽြန္ေတာ့္လက္ကို ဆြဲေခၚလာေတာ့ ကားပါကင္အထိ ေတာက္ေလွ်ာက္ လိုက္လာရတယ္။ မမရဲ႕ကိုယ္ရံေတာ္ေတြ တစ္ေယာက္မွ မရွိေတာ့ပဲနဲ႔ ခန္းမကို မသြားလိုက္ခင္က က်န္ေနခဲ့တဲ့ ကၽြန္ေတာ့္ကားတစ္စီးတည္း က်န္ေနခဲ့တယ္။ ကားထဲမွာ ဝင္ထိုင္ျပီးေတာ့မွ မမက အတန္ၾကာတဲ့အထိ တိတ္ဆိတ္ေနေပးတယ္။ ေနာက္ေတာ့ တိတ္ဆိတ္မႈကို ေအာင့္မခံႏုိင္ဟန္နဲ႔႔ စကားစတယ္။ 


'ဘာလဲ ငါ့သားကို မင္းၾကိဳက္ေနလည္း မင္း ငါ့ကို ေျပာသင့္တာ ဖီးလက္စ္'


'မဟုတ္ဘူး ၾကိဳက္ေနတာမ်ိဳး မဟုတ္ဘူး ဒီတုိင္း'


'ဒီေကာင္ေလး မင္းကို ဘယ္လိုေတာင္ ေျပာရက္တာလဲ လြန္လြန္းတယ္'


'သူက ငယ္ေသးလို႔ပါ'


မမက ကၽြန္ေတာ့္ကို မ်က္ေစာင္းထိုးပါတယ္။ ဒါေတာင္အခုထိ ကာဗာေပးခ်င္ေနတုန္း ဆိုသည့္ အဓိပၸါယ္ပါဝင္ေသာ မ်က္ေစာင္းေအာက္မွာ ကၽြန္ေတာ္ ျပံဳးမိတယ္။ 


'မင္းသူ႔ကို အလိုလိုက္လြန္းလို႔ ျဖစ္တာ ေလးစားရေကာင္းမွန္းမသိ၊ တန္ဖိုးထားရမွန္းမသိ၊ အစတည္းက ငါေျပာတယ္ မင္း သူ႔ကို ဒီေလာက္ထိ အလိုမလိုက္ပါနဲ႔ ဆိုတာ'


'မမ သူ႔ကို ထပ္သြား မဆူပါနဲ႔ေတာ့'


'ငါက ဘာလို႔ ခဏခဏ သြားဆူေနမွာလဲ ငါက အားေနလို႔လား၊ ဒါေပမယ့္ အဲ့ဒီ ဒီပါမ်ိဳးႏြယ္ေတြ ဘာလုပ္တာလဲ ဆိုတာကို ငါသိခ်င္လာတာ'


'အင္း ကၽြန္ေတာ့္ကို ဘာလို႔ ထိခိုက္ရတာလဲ ဆုိတာကို ကၽြန္ေတာ္လည္း သိခ်င္လာတာ'


'မင္းမပူပါနဲ႔ ဒီေကာင္ေလး မင္းနဲ႔ေဝးျပီး ေနႏုိင္ရင္ တစ္လေပါ့'


'တကယ္လုိ႔ တစ္သက္လံုး ေနႏိုင္သြားမယ္ ဆိုရင္ေကာ'


'အဲ့ဒီေတာ့ ငါက ဘာလုပ္ေပးရမွာလဲ၊ မင္းတို႔ ႏွစ္ေယာက္ၾကားမွာ ညွိႏိႈင္းေရး တာဝန္ခံေတြ ထားေပးရအံုးမွာလား'


'ဟာဗ်ာ.. မမကလည္း'


မမက ဟိုးအရင္ ေမာင္ႏွမေတြ ငယ္တုန္းက စေနာက္တဲ့အတိုင္း စျပီးေတာ့ တစ္ခစ္ခစ္ ရယ္တယ္။ မမနဲ႔ ဒီလို မစမေနာက္ရတာ ဘယ္ေလာက္ၾကာျပီလဲ၊ 


'အမွန္အတိုင္းေျပာတာ ငါက မင္းနဲ႔ဆိုရင္ ဂ်ီဂ်ီကို စိတ္ခ်တယ္၊ ငါနဲ႔ေနတာထက္ကို စိတ္ခ်တယ္၊ မင္းထက္ပိုျပီး စိတ္ခ်ရတဲ့လူ ရွိလာမွာ မဟုတ္ဘူးလို႔လည္း ထင္တယ္၊ ဘယ္ကတည္းကလဲ ဆိုရင္ ဂ်ီဂ်ီ အထက္တန္းတုန္းက ေဘာလံုးကန္ျပီး ေခၽြးအေအးပတ္တာ'


သူမ်ားျမိဳ႕လည္းျဖစ္ျပီးေတာ့ တည္းရတာကလည္း ေက်ာင္းဝန္းထဲမွာ ေဆးရံုထိ ေရာက္ေအာင္ ကားကို ဘယ္လိုငွားရမလဲ မသိတဲ့ အေျခအေနမ်ိဳးမွာ ဂ်ီဂ်ီကို ေက်ာမွာပိုးျပီး ေတာင္တက္ေတာင္ဆင္းလမ္းမွာ ေဆးရံုထိ ေျပးသြားခဲ့တာကို အမွတ္ရမိတယ္။ ဖိနပ္တစ္ဖက္ကမပါပဲနဲ႔ လူပါ ပိုးထားရေတာ့ ေျခေထာက္က ေဆးရံုအေရာက္မွာ ပြန္းပဲ့ျပီး ေသြးစတို႔ပင္ စို႔ေနတာကို မမတို႔ ေရာက္လာမွ ေဆးထည့္ဖို႔ သတိရမိခဲ့တဲ့အျဖစ္။ 


'ခန္႔ညား မင္းငါ့ကို ေလာဘၾကီးတဲ့အေမအျဖစ္ သတ္မွတ္လို႔လည္း ရတယ္ မင္းရဲ႕အနာဂတ္ကို ထိခိုက္ေစတာမ်ိဳး ျဖစ္သြားတာလည္း ျဖစ္ႏုိင္တယ္ မင္း ဂ်ီဂ်ီကို တစ္သက္လံုး ဒီလိုပံုစံအတိုင္းပဲ ေစာင့္ေရွာက္ေပးမယ္ မဟုတ္လား ငါက သူမ်ားနဲ႔ဆိုရင္ စိတ္မခ်ရႏုိင္ဘူးလို႔ ထင္တယ္'


မတတ္ႏိုင္ဘူး ဆုိတာကို ဘယ္လုိစကားနဲ႔မွ မေျပာႏုိင္ဘူး။ ဒါေပမယ့္ သူက လက္ခံအံုးမွ၊ 


'ကၽြန္ေတာ္ ဂ်ီဂ်ီ စိတ္ညစ္သြားမယ္ ဆိုရင္'


မမက ကားစက္ကို ႏိုးလုိက္ျပီးမွ မေက်မခ်မ္း မ်က္ႏွာလြဲတယ္။ 


'ဟာ အဲ့ဒီ ေက်းဇူးကန္းတဲ့ ေကာင္ေလးလား တစ္လေလာက္ ပစ္ထားလိုက္၊ ေလးငယ္ေရ ဆိုျပီး ျပန္မလာရင္ ငါ့ကို ၾကိဳက္သလိုေျပာ'


'မမ ဘာလုပ္မလို႔လဲ'


'သူ႔ဝင္ေငြေတြ အကုန္လံုးကို ထိန္းခ်ဳပ္ရမယ္ သူ႔ကတ္ေတြ အကုန္ပိတ္လုိက္၊ ျပီးေတာ့ သူ႔ကို အေမြျဖတ္တယ္လို႔ ေၾကျငာရမယ္'


'အဲ့လို လုပ္တာက သူ႔စိတ္ကို တြန္းအားျဖစ္သြားေစမယ္ ဆိုရင္ေကာ'


'ဒီပါဂရုက လူေတြက မင္းကို တိုက္ခိုက္ျပီး သူ႔ကို ပစားေပးလိုက္တာကို သူက အဟုတ္မွတ္ေနတာ၊ ဒီပါအုပ္စုဝင္ေတြ အားလံုးက တရားဝင္ ဆက္ခံသူကို လုိက္ရွာေနတယ္လို႔ ၾကားတယ္၊ ဒါေပမယ့္ ခန္႔ညား မင္းေစာင့္ၾကည့္ထားလိုက္ ဂ်ီဂ်ီသာ ၾကည္စင္လုပ္ငန္းစုရဲ႕ တရားဝင္ ဆက္ခံသူ အျဖစ္ကေန ေနရာေရြ႕သြားျပီ ဆုိတာနဲ႔ မီမီဒီပါက သူ႔ကို လိုခ်င္အံုးမလား ဆိုတာ၊ ငါေတာ့ မယံုဘူး၊ ဒီေကာင္မေလးေတြ အကြက္ေရြ႕တာေလာက္ေတာ့ ထိပ္ထားတို႔ က်ားခံုမွာ ျငိမ္ျငိမ္ေလး ထိုင္ေနသေလာက္ ရွိတာ'


'မမ ဘာလုပ္လုပ္ပါ ဂ်ီဂ်ီကို အရမ္းမထိခိုက္ေစခ်င္ဘူး'


'ဆင္းေတာ့!!'


'ဗ်ာ'


ရုတ္တရက္ၾကီး ကားစက္ႏိုးထားတဲ့ဆီကေန ဆင္းေတာ့ ဆိုေတာ့ ကၽြန္ေတာ္ ေယာင္အအ ျဖစ္သြားရတယ္။ ဒါေပမယ့္ မမရဲ႕ ႏႈတ္ထြက္စကားမွန္သမွ်က အတည္၊ 


'မင္းဖာသာ ဆင္းမလား ကန္ခ်ရမလား'


ဒီလိုစကားအသံုးအႏႈန္းေတြကို မသံုးတာၾကာျပီမို႔ ကၽြန္ေတာ္ ေယာင္အအနဲ႔ ကားေပၚကေန ဆင္းရတယ္။ မမက ကားကိုကုိယ္တုိင္ ေမာင္းခဲေပမယ့္ ေမာင္းျပီ ဆိုလည္း ေလယာဥ္ပ်ံနဲ႔ မွားေမာင္းသလားမွတ္ရ၊ ကားကို မမက ေမာင္းယူသြားျပီမို႔ အိမ္ျပန္ဖို႔က ကိုယ့္ေျခေထာက္ ကိုယ္သံုးရံုမွအပ၊ အခါတိုင္း ဖုန္းကို လက္ကမခ်တမ္း ကိုင္လာတတ္ေပမယ့္ မမက ဆြဲေခၚလာတာေၾကာင့္ ဖုန္းကေတာ့ က်န္ေနခဲ့ျပီ။ 


မမ ေျပာသလို သူ႔ကို တစ္လေလာက္ ပစ္ထားလိုက္ဖို႔ ေတြးမိေတာ့ ရင္ေမာစြာ သက္ျပင္းပူပူ ခ်မိတယ္။ ဒီဟာေလး အဆင္ေျပပါ့မလား၊ ဘယ္လိုပဲ ျဖစ္ျဖစ္ ဆိုျပီး အနားသြားဖို႔ ေတြးေပမယ့္ ရြံတယ္ ဆိုတာကို ထပ္ခါထပ္ခါ ၾကားမိေတာ့ ကၽြန္ေတာ့္မ်က္ႏွာကို သူျမင္ရင္ အမွားေတြ ထပ္လုပ္မွာကို စိုးမိတယ္။ ကၽြန္ေတာ္ ခံစားလုိက္ရတာက သူ႔မ်က္ႏွာကို ၾကည့္ေနရံုနဲ႔ ေျဖသာေပမယ့္ သူ ေနာင္တရသြားရင္ ဆိုတဲ့အေတြးမွာ တစ္လေလာက္ ထားလိုက္ဖို႔ပဲ ဆံုးျဖတ္လုိက္ရေတာ့တယ္။ တစ္ရက္ေတာ့ ကိုယ္တို႔ နီးၾကတာေပါ့ ဂ်ီဂ်ီ၊ 


ဂ်ီဂ်ီအေပၚမွာ ထားတဲ့ ေမတၱာဟာ တူေလးအေပၚ ထားတဲ့ သဘာဝထက္ ပိုတယ္ ဆုိတာကို သိသိခ်င္းမွာ ကိုယ့္ကိုယ္ကို အၾကိမ္ၾကိမ္ ဆန္းစစ္ျပီးသားမို႔ ကၽြန္ေတာ့္ဘက္က ေသခ်ာတယ္။ ကၽြန္ေတာ္ ေယာက်ာ္းေလး အခ်င္းခ်င္း ေမတၱာသက္ဝင္တတ္တဲ့ သေဘာသဘာဝမ်ိဳး ရွိတာ မဟုတ္ဘူးမွန္း ကၽြန္ေတာ္ ေသခ်ာတယ္။ ဂ်ီဂ်ီမို႔လို႔ သူမို႔လို႔ တစ္သက္လံုးအတြက္ ၾကည့္ေနခ်င္လို႔၊ 


ကားမွတ္တိုင္မွာ ေစာင့္ေနရင္းက ေဘးနားမွာ ဖုန္းေျပာေနတဲ့ ကေလးမခပ္ငယ္ငယ္ဆီကေန ဖုန္းတစ္ေကာလ္ ငွားဆက္ျပီးေတာ့ ေအာင္ခန္႔ကို လာၾကိဳေပးဖို႔ ေခၚလိုက္တယ္။ ေအာင္ခန္႔က သိပ္မေစာင့္လုိက္ရပါပဲနဲ႔ ေရာက္လာျပီး ကၽြန္ေတာ့္ပံုစံ ျဖစ္ေနတာကို ေသခ်ာၾကည့္ျပီး ဘာမွမေမးပဲနဲ႔ အိမ္ကို ပို႔ေပးတယ္။ 


အိမ္ေရာက္ေတာ့မွ ဖုန္းတက္ယူလုိက္ရင္ အေကာင္းသားလို႔ ေတြးမိျပန္တယ္။ ဒါဆို သူ႔ပံုေတြကို ဖုန္းကေန ၾကည့္ေနခြင့္ရအံုးမယ္။ 


@@@@@@@@@@


သူမပါပဲ သူ႔အေၾကာင္းေတြကို ေအာင္ခန္႔ ေျပာျပသမွ် မွတ္သားျပီး အိမ္မွာပဲ အခ်ိန္ေတြ ကုန္ဆံုးမိတယ္။ သရဲေဘာေၾကာင္တယ္ ဆိုဆို ဘာဆိုဆို ကၽြန္ေတာ္ အိမ္ထဲမွာပဲ ပုန္းေနမိတယ္။ တစ္သက္လံုး သူ႔အတြက္ ဆိုတာကို ေန႔စဥ္ရက္ဆက္ ေတြးေနျပီး ေနလာခဲ့တာေၾကာင့္ သူ႔ကို လ်စ္လ်ဴရႈထားရမယ့္ တစ္လတာဟာ ေနသားမက်ဘူး။ 


ေယာင္ခ်ာခ်ာႏိုင္ျပီးေတာ့ အဓိပၸါယ္လဲ မရွိဘူး။ မမက ဒီၾကားရက္ေတြမွာ ဖုန္းဆက္တယ္။ ျပီးေတာ့ မမရဲ႕အတြင္းေရးမႈးမေလးက သတင္းစာနဲ႔ စာေစာင္ေတြကို ယူလာေပးတယ္။ အားလံုးဟာ ၾကည္စင္လုပ္ငန္းစုကေန မိုးသားၾကည္စင္ကို ဆက္ခံသူ အျဖစ္ကေန ဖယ္ရွားပစ္လိုက္ျပီ ဆိုတာ ျဖစ္တယ္။ တရားဝင္ဆက္ခံသူ အျဖစ္ကေန ဖယ္ရွားလုိက္ျပီ ဆိုတာက ဂ်ီဂ်ီရဲ႕ ရပ္တည္မႈကို ထိခိုက္ေစႏုိင္တယ္။ မမက တကယ္ၾကီး လုပ္ပစ္လိုက္တာပဲ၊ 


တစ္ဖက္က မမ ကၽြန္ေတာ့္ဘက္မွာ ရွိေနလို႔ ဝမ္းသာေပမယ့္ တစ္ဖက္မွာ ဂ်ီဂ်ီကို ပစ္ထားသလို ျဖစ္သြားတာကို စိုးရိမ္မိတယ္။ ေအာင္ခန္႔ကေတာ့ စားမေကာင္းတာေတြ ခ်က္ေကၽြးေလရဲ႕၊ ဒီအစား သူ႔လက္ရာကို တမ္းတမိတယ္။ လူအခ်င္းခ်င္းေတာင္ အဆင္မေျပတာမ်ာ သူ႔လက္ရာကို စားခ်င္ေနေသးတဲ့ ကိုယ့္စိတ္နဲ႔ကိုယ္လည္း ေလွာင္မိပါရဲ႕၊ 


ဂ်ီဂ်ီနဲ႔ တြဲျပီး လုပ္ထားတဲ့ လုပ္ငန္းေတြက ဂ်ီဂ်ီကို ၾကည္စင္လုပ္ငန္းစုကေန ဖယ္ရွားလိုက္တာနဲ႔ ကေတာက္ကဆ ျဖစ္ၾကတယ္ ဆိုတာလည္း ၾကားတယ္။ ဒါက လူသဘာဝေပမယ့္ ဂ်ီဂ်ီ ခံႏုိင္ရည္ ရွိပါ့မလားလို႔ ေတြးပူမိတယ္။ ဒါေပမယ့္ ဂ်ီဂ်ီကို လူ႔မေနာကို ေၾကေနေအာင္ ေလ့က်င့္ထားျပီးသားမို႔ အဆင္ေျပသြားမွာပါလို႔ ေတြးမိျပန္တယ္။ 


'ဆရာ မမၾကီးဆီက ဖုန္းလာတယ္'


ေအာင္ခန္႔က သူ႔လက္ထဲကေန ဖုန္းေလး ထိုးေပးတယ္။ ဟုတ္တယ္၊ ကၽြန္ေတာ့္ဖုန္း ဂ်ီဂ်ီဆီမွာ က်န္ေနခဲ့ကတည္းက ကၽြန္ေတာ္ ဖုန္းျပန္မဝယ္မိဘူး၊ ဖုန္းဝယ္မိရင္ ဆက္ခ်င္ေနအံုးမွာ ထမင္းေသခ်ာစားလား၊ ဆရာဝန္နဲ႔ ေတြ႔ျဖစ္လား၊ အိပ္ေကာ ေပ်ာ္ရဲ႕လား၊ အားကစားပံုမွန္ လုပ္သလားကအစ ေပ်ာ္ေနရဲ႕လား၊ ဝမ္းနည္းေနလား၊ ေနာင္တေတြနဲ႔ မဝံ့မရဲ ျဖစ္ေနလားအဆံုး အကုန္လံုး သိခ်င္ေနအံုးမွာ၊ 


'မမ'


ဖုန္းထူးလိုက္တာနဲ႔ မမက ခပ္ျမန္ျမန္ ေျပာလာတယ္။ 


'အခု သုသုကို မင္းဆီ လႊတ္လိုက္တယ္၊ မင္းရဲ႕ ဆံပင္ နည္းနည္း၊ ေျခသည္းလက္သည္းနဲ႔ သံုးျပီးသား သြားတုိက္တံရယ္ ထည့္ေပးလိုက္'


'မမ ဘာလုပ္မလို႔လဲ DNA စစ္ခ်င္တာလား'


'ျပီးရင္ ေျပာျပမယ္'


ဖုန္းခ်လိုက္ျပီး သိပ္မၾကာမွီမွာပဲ မမရဲ႕အတြင္းေရးမႈးေလးက အိမ္ကို ေရာက္လာတာမို႔ မမေတာင္းထားသမွ် ေပးလုိက္ရတယ္။ သုသုက ကၽြန္ေတာ့္ကို တေလးတစားနဲ႔ ဆက္ဆံေနတာေၾကာင့္ အရင္ကထက္ လြန္ကဲမႈကို ေနရခက္မိေသးတယ္။ 


တစ္လက ခပ္ေစာေစာပဲ ကုန္ဆံုးသြားတယ္။ တစ္လအတြင္း မျဖစ္မေန လက္ထပ္ပါ့မယ္ ဆိုျပီးေတာ့ သူ႔ရဲ႕မဂၤလာသတင္းကို မၾကားရတာ ေတာ္ေသးတယ္။ ဂ်ီဂ်ီကို မမတကယ္ပဲ စြန္႔ပစ္လိုက္ျပီလို႔ ေတြးထင္ေနၾကတယ္။ ၾကည္စင္လုပ္ငန္းစုရဲ႕ ဆက္ခံသူ ေနရာမွာ ခန္႔ညားၾကည္စင္လို႔ ေျပာင္းလိုက္တဲ့အေပၚမွာ မဟုတ္က ဟုတ္က သတင္းေတြေတာင္ တက္လာေသးတယ္။ 


သားအရင္းကို ပစ္ျပီး ေမြးစားေမာင္ကို ပစားေပးတယ္ ဆိုျပီး မမရဲ႕သိကၡာကို ခ်တဲ့ သတင္းတခ်ိဳ႕အတြက္ မမရဲ႕တုန္႔ျပန္ခ်က္က လ်စ္လ်ဴရႈျခင္းပဲ ျဖစ္တယ္။ မမက တကယ္ကို ေသြးေအးတာ။ တစ္လလံုးလံုး မေတြ႔ရတာေၾကာင့္ ကၽြန္ေတာ္ ေနာက္တစ္လအတြက္ ပထမဆံုးရက္မွာပဲ ခပ္ေစာေစာထျပီး သူ႔အိမ္ကို ေရာက္လာခဲ့တယ္။ 


လူေခၚဘဲလ္ကို ႏွိပ္ရမလား၊ တံခါးပဲ ဖြင့္လုိက္ရမလား ခ်ီတုန္ခ်တုန္ ျဖစ္ေနတုန္းမွာပဲ အခန္းတံခါးက ပြင့္သြားေတာ့ ကၽြန္ေတာ့လက္ေတြ ေလထဲမွာ တန္႔ေနဆဲ၊ သူကလည္း ကၽြန္ေတာ့္ကို ျမင္ျမင္ခ်င္းမွာပဲ မွင္တက္ေနျပီးေတာ့ အထဲဝင္ဖို႔ ကိုယ္ကို တိမ္းေပးတယ္။ ကၽြန္ေတာ္ အထဲထိ ဝင္လာျပီးမွ သူက တံခါးကို ပိတ္လိုက္တယ္။ ျပီးေတာ့ ေမးတယ္။ 


'ဘာလာ လုပ္တာလဲ'


သူေမးလိုက္တာကို ၾကားတယ္။ ဒါေပမယ့္ သူ႔ကို ေသခ်ာၾကည့္ေနတုန္းမို႔ ျပန္မေျဖအားႏုိင္ဘူး။ တစ္လအတြင္း ဒီလို ပိန္က်သြားတာ၊ ျပီးေတာ့ အခန္းတစ္ခုလံုးက ညွင္းသိုးသိုးနဲ႔၊ ဆံပင္ညိဳညိဳတို႔က ျဖီးျခင္းသင္ျခင္းမရွိ၊ ပြေယာင္းေယာင္းနဲ႔၊ သူစီးထားတဲ့ အိမ္ေနရင္းဖိနပ္က ကၽြဲတစ္ဖက္ ႏြားတစ္ဖက္၊ တစ္ေရာင္စီ။ မ်က္ကြင္းညိဳညိဳတို႔က ေသခ်ာအိပ္မေပ်ာ္မွန္း သိသာေနတယ္။ ကပိုကရို မညီမညာ ျဖစ္ေနတဲ့ အက်ႌတို႔က တြန္႔ေၾကေနျပီးေတာ့၊ ႏႈတ္ခမ္းေတြက ျဖဴျဖဴေဖ်ာ့ေဖ်ာ့၊ 


'ဘာမွလုပ္ဖို႔ မရွိပဲနဲ႔လား'


သူက ထပ္ေမးျပန္တယ္။ ကၽြန္ေတာ္ တစ္လတာေလာက္ေလး လ်စ္လ်ဴရႈထားလိုက္တာ ဒီလိုပံုစံ ျဖစ္သြားရလား၊ အခါတိုင္းဆို ဆူမိေျပာမိေနအံုးမွာ ေပမယ့္ ကၽြန္ေတာ္ ရႈပ္ပြေပတူးလန္ေနတဲ့ သူ႔အိမ္ဧည့္ခန္းထဲက စားပြဲေပၚမွာ ရွိတဲ့ အသင့္စားအစားအစာ အခြံေတြကို ၾကည့္ျပီး သူ႔ကို ေသခ်ာျပန္ၾကည့္မိတယ္။ 


'ဖုန္းလာယူတာ'


ကၽြန္ေတာ္ ေျပာလုိက္တဲ့ စကားေနာက္မွာ သူ႔မ်က္ဝန္းေတြ မ်က္ရည္စေတြ ခိုတြဲသြားသလိုပဲ၊ ဒီနည္းအတုိင္းဆို မမလုပ္ေနတာ မျပီးေသးခင္ ကၽြန္ေတာ္ သူ႔ကို ခပ္ျမန္ျမန္ပဲ ေပြ႔ဖက္မိလိမ့္မယ္။ ဒီပံုစံေတြနဲ႔ဆို သူ႔ကို သနားလြန္းလို႔ ကၽြန္ေတာ္ အသက္ရႈေတာင္က်ပ္လာျပီ။ ေတာ္ျပီ ဒီလိုမေနနဲ႔ေတာ့၊ မင္းကို ငါတို႔က နားလည္လာေအာင္ လုပ္ေနတာ ဆိုတာမ်ိဳး တစ္ခုခု ေျပာမိေတာ့မွာ၊ မြန္းက်ပ္လာလို႔ ကၽြန္ေတာ္ ကိုယ့္လည္ပင္းကိုယ္ ပြတ္သပ္မိတယ္။ 


'အဲ့ဒီေန႔က ဖုန္းက်န္ေနခဲ့တာ'


သူ႔လက္ေခ်ာင္းေလးေတြ အဓိပၸါယ္မဲ့ တုန္ခါေနတယ္။ ျပီးေတာ့ သူဝတ္ထားတဲ့ ေဘာင္းဘီအိတ္ေလးကေန ကၽြန္ေတာ့္ဖုန္းေလးကို ျဖည္းျဖည္းေလး ထုတ္ယူလာတယ္။ ျပီးေတာ့မွ မ်က္ႏွာလြဲရင္း ကမ္းေပးတယ္။ 


'ဖုန္းရဲ႕ ပတ္ေပါ့က တစ္ေထာင္ကိုးရာကိုးဆယ့္သံုး ရွစ္လပိုင္း ႏွစ္ဆယ့္ေလးရက္လား၊ ဖြင့္ၾကည့္ထားတယ္'


ဟုတ္တာေပါ့၊ ဒါက သူ႔ေမြးေန႔ေလ၊ ကၽြန္ေတာ့္ရဲ႕ ပက္ေပါ့မွန္သမွ် သူ႔ေမြးေန႔ပဲ၊ သူေပးလာတဲ့အတုိင္း လွမ္းယူျပီး လွည့္ထြက္ဖို႔ ျပင္ေတာ့ သူက အေရွ႕ကို ေရာက္လာတယ္။ ျပီးေတာ့ ခပ္တိုးတိုးေလး ေမးတယ္။ 


'ဟင္းခ်က္ထားတယ္၊ ဝိုင္ေသာက္မလား'


ေမးျပီးေတာ့ ကၽြန္ေတာ္ဘာေျဖလာမလဲ ဆုိတာကို သူက အၾကာၾကီး မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္ေနတယ္။ 


'အင္း'


မီးဖိုခန္းထဲ ႏွစ္ေယာက္လံုး ဝင္လာေတာ့ အမဲသားစတိတ္ ပန္းကန္ေတြကို ေတြ႔ရတယ္။ တစ္ပန္းကန္တည္း မဟုတ္ဘူး။ တစ္ပန္းကန္ျပီး တစ္ပန္းကန္ ထည့္ထားတာ ျဖစ္ပံုရတယ္။ ျပီးေတာ့ ခ်က္ထားတဲ့ ရက္ေတြက မတူဘူး ထင္တယ္။ တခ်ိဳ႕ဆို ပုတ္ေနျပီ။ သူက ကၽြန္ေတာ္ အေနာက္ကေန လိုက္လာေတာ့ အဲ့ဒီမေကာင္းေတာ့ပံု ရတဲ့ အမဲသားစတိတ္ပန္းကန္ေတြကို ပန္းကန္လိုက္ အမိႈက္ပံုးထဲ ပစ္ထည့္လုိက္တယ္။ သူ ဘာေတြ လုပ္ထားတာလဲ ဆုိတာကို ေတြ႔ျမင္ရတာ ကၽြန္ေတာ္ ဒီထက္ပိုျပီး ေတာင့္ခံႏုိင္ဖို႔ ခက္ေနျပီ။ ျဖစ္ႏုိင္တာက တစ္ရက္ျပီး တစ္ရက္ ကၽြန္ေတာ္လာဖို႔ ေစာင့္ေနတယ္ ဆိုတဲ့အေျခအေနကို ကၽြန္ေတာ္ ျမင္ႏိုင္တယ္။ 


ဒီဟာေလး ေလးငယ္ေရ လို႔ လွမ္းေခၚဖို႔ကို တင္းထားေသးတယ္။ စိတ္ဆင္းရဲခံျပီးေတာ့၊ ေလးငယ္ေရလို႔သာ ေခၚလုိက္ရင္ ကၽြန္ေတာ္ဟာ ငရဲဲျပည္အထိ မရမက ဆင္းေပးမယ္မွန္း သိသိနဲ႔ သူက တင္းခံေနေသးတာလား၊ ဒါမွမဟုတ္ သူ႔ဖာသာသူ ေနသားက်သြားဖို႔ကို သူေတာင့္ခံေနတာလား။ ဘယ္တစ္ခုက အမွန္မွန္း မေသခ်ာဘူး။ 


ကၽြန္ေတာ္ စားေနတာကို သူက ေငးၾကည့္ေနရင္းနဲ႔ မ်က္ရည္ဥေတြ တြဲခိုလာတယ္။ ကၽြန္ေတာ္ ဘယ္လိုစိတ္မ်ိဳးနဲ႔ ဆက္စားရမလဲ၊ မ်ိဳလို႔ေတာင္ မက်ေတာ့ဘူး။ ေတာင္းပန္ဖို႔ ဒီေလာက္ေတာင္ ခက္တာလား၊ ဂ်ီဂ်ီ မွားပါတယ္လို႔ ေျပာေနက် စိတ္ထားေလး ဘယ္ေရာက္သြားလဲ၊ 


'မဂၤလာပြဲ အေျခအေန ဘယ္လို ရွိလဲ'


ႏွစ္ေယာက္လံုးက စကားစေျပာဖို႔ ခက္ေနတာေၾကာင့္ လူၾကီးျဖစ္တဲ့ ကၽြန္ေတာ္က စတင္ျပီး စကားေျပာလိုက္တာမွာ အေျပာမတတ္ေတာ့ ဆဲသလို ဆိုသလိုမ်ိဳး ေရြးခ်ယ္လိုက္တဲ့ စကားက မွားသြားဟန္တူတယ္။ သူက ကၽြန္ေတာ့္ကို ေငးေနရင္းက ေျဖတယ္။ 


'မာမီက ကၽြန္ေတာ့္ကို စြန္႔ပစ္လိုက္တယ္ ဆုိတာကို ဂ်ာနယ္ေတြ စာေစာင္ေတြ သတင္းစာေတြမွာ တိုင္းသိျပည္သိ ေၾကျငာလုိက္ေတာ့ သူတုိ႔ဘက္က မဂၤလာရက္ကို ေနာက္ဆုတ္လိုက္တယ္'


ေအာ္ အဲ့ဒါေၾကာင့္ သူက စိတ္ဆင္းရဲေနတာကိုး၊ 


'ကိုယ့္ကိုယ္ကို ယံုပါ၊ မိန္းကေလး တစ္ေယာက္ကို တာဝန္ယူဖု႔ိက မခက္ခဲပါဘူး'


'ရွီးေတာ့..'


ဘာေျပာလိုက္တာလဲ၊ လုပ္ျပန္ျပီ ဒီဟာေလး တျခားမသိတဲ့ ဘာသာစကားနဲ႔ မသိေအာင္ ေျပာျပန္ျပီ။ ကၽြန္ေတာ္ ဆက္စားလို႔ မရမယ့္အတူတူ ထိုင္ေနရာကေန ထရပ္လိုက္ေတာ့ သူပါ ထရပ္လာတယ္။ 


'ဖုန္းကို ၾကည့္ထားတယ္၊ ျပန္မစစ္ေတာ့ဘူးလား'


ဖုန္းထဲမွာ ရွိရွိသမွ် မန္မိုရီ အားလံုးဟာ သူပဲမို႔ သူကဖြင့္ၾကည့္ထားတယ္ ဆုိရင္ မသတီစြာနဲ႔ ဖ်က္ပစ္ရံုပဲ ရွိတာ၊ 


'မစစ္ေတာ့ဘူး၊ ျပန္ေတာ့မယ္'


သူ႔ေရွ႕မွာ ဆက္ေနရင္ ကၽြန္ေတာ္တင္းထားသမွ် ျပိဳက်ျပီး မမလုပ္ေနသမွ်ကို ေဖာ္ထုတ္မိမွာ စိုးတာေၾကာင့္ ခပ္ျမန္ျမန္ပဲ သူ႔အိမ္ကေန ထြက္လာခဲ့မိတယ္။ 


@@@@@@@@@@


ဆက္ရန္---


စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။ 


စြဲညိဳ႕



rate now:

2 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:15 5

    good

    reply

  • reader NangKhinWin 10.12.2019, 00:04 5

    good

    reply