book

Index 7

Part-7

Nephew-7


@@@@@


ကျွန်တော် သူ့ကို အသေအချာ ကျောခိုင်း ပစ်လိုက်တယ်။ မဟုတ်ရင် ဒီဟာလေးက ပြီးမှာ မဟုတ်ဘူး။ ကျွန်တော် စိတ်ထဲက အဆင်မပြေရင်တောင်မှ သူ့ကို ဒီအတိုင်း ပစ်ထားဖို့တော့ မတတ်နိုင်ဘူး။ မမနဲ့ သူနဲ့ ကြားက တိုက်ပွဲကို ကျွန်တော် ဝင်မပါဖို့ ဆုံးဖြတ်လိုက်တာက ဂျီဂျီကို ရင့်ကျက်သွားပြီလို့ လက်ခံပေးလိုက်ခြင်း သက်သက်ပဲ၊ 


သူက နားလည်မလား နားမလည်ဘူးလား ဆိုတာ ကျွန်တော် မသေချာပေမယ့် သူ့ကို ရင့်ကျက်ခွင့်တော့ ပေးမှရမယ်။ သူ တစ်သက်လုံး မမရဲ့ အမိန့်တွေ ကြားထဲမှာ အကျိုးအကြောင်းမဲ့ ရှင်သန်နေလို့ မရဘူး။ သူက သန်မာတဲ့ လူတစ်ယောက် ဖြစ်လာဖို့ လိုသေးတယ်။ 


သန်မာဖို့ လိုလို့ သူ့တို့ သားအမိကြားကို ဝင်မပါပေမယ့် သူ့ရဲ့ ဝေယျာဝိစ္စတွေ လုပ်ဖို့ကိုတော့ လွတ်ထားလို့ မရတာကြောင့် တစ်ပတ်ပြီးတော့ ဂျီဂျီရဲ့အိမ်ကို ရောက်ဖြစ်တယ်။ အိမ်တံခါးက ပက်ပေါ့ မပြောင်းသေးတာကြောင့် အသာအယာ ဝင်လိုက်တာနဲ့ ရှုပ်ထွေးနေတဲ့ အိမ်ထဲကို ရောက်လာခဲ့တယ်။ တစ်ပတ်ကျော်လောက် ပစ်ထားလိုက်ရုံလေးနဲ့ ဒီဟာလေးရဲ့ အိမ်က အမှိုက်ပုံ ဖြစ်သွားတာလား။ 


အိမ်ထဲကို ဝင်လာပြီးမှ အပေါ်ဝတ်ကို ဆိုဖာပေါ် ပစ်တင်လိုက်ပြီးမှ ဆေးရမယ့် ပန်းကန်တွေကို နေရာအရင်ရွေ့လိုက်တယ်။ သန်ရှင်းရေး လုပ်ပြီးပြီ ဆိုမှ အိပ်ခန်းထဲကို ဝင်လာတော့ အဝတ်ဗီရိုက သေသပ်မှု ကင်းမဲ့စွာနဲ့၊ ရှပ်အကျႌတွေကို ထုံးစံအတိုင်း ရေအရင်စိမ်လိုက်တယ်။ ပြီးမှ တခြားအကျႌတွေကို လျှော်စက်ထဲ ထည့်ပြီး လည်လိုက်တယ်။ တစ်အိမ်လုံးက လိုက်ကာတွေကို တစ်ခုမှမကျန်အောင် လိုက်ဖွင့်လိုက်ပြီးမှ နေရောင်ဝင်အောင် လုပ်ရတယ်။ အားလုံး ရှင်းသွားပြီ ဆိုမှ မလုပ်ချင်တဲ့ ပန်းကန်ဆေးခြင်းကို စတယ်။ 


အင်း ဟုတ်သားပဲ။ ကျွန်တော် ပန်းကန်ဆေးရတာ တကယ် မကြိုက်ဘူး။ ဒါပေမယ့် မလုပ်ချင်ဘူးဆို တစ်အိမ်လုံးက ရှင်းပြီး မီးဖိုချောင်တစ်ခုတည်း ပေပွလို့ ကျန်နေခဲ့တာမျိုးကျ တကယ် ကြည့်ရဆိုးတယ်လေ။ ပန်းကန်တွေ ဆေးပြီးသွားတော့ စာကြည့်ခန်းထဲကနေ ဖွာလန်ကျဲနေတဲ့ စာအုပ်တွေကို သေချာ ပြန်စီရတယ်။ ဂျီဂျီ ဖတ်တတ်တဲ့ ရသစာအုပ်မျိုးလေးတွေကို လက်လှမ်းမှီတဲ့နေရာမှာ ထားရတယ်။ စိတ်ပညာနဲ့ ဆိုင်တာ ဒါမှမဟုတ်ရင် စီးပွားရေး အတွေးအခေါ် ဆိုင်ရာတွေက တော်တော်တန်တန် လှမ်းမမှီတဲ့ အမြင့်မှာ ထားတာ ပိုကောင်းတယ်။ ဒါတွေက ဂျီဂျီ သိပ်ဖတ်လေ့ မရှိတာမျိုး၊ စာကြည့်ခန်းထဲက စာထိုင်ဖတ်တဲ့ ထိုင်ခုံကို သေချာ သုတ်ပြီးမှ ပြန်ထွက်လာတော့ မမျှော်လင့်ထားမိတာနဲ့ တိုးတယ်။ 


ဂျီဂျီရယ်၊ မီမီဒီပါရဲ့ လက်ကို ဆွဲပြီးတော့ ဝင်လာနေတာ၊ စာကြည့်ခန်းတံခါးကို အသာအယာ ပိတ်လိုက်ပြီးမှ ကျွန်တော် ဂျီဂျီကို သေချာ ကြည့်မိတယ်။ ဆံပင်တွေကလည်း သေချာ မဖြီးထားဘူး။ မျက်ကွင်းက ညိုနေတယ်။ ဒီဟာလေး အိပ်မပျော်ဖြစ်ပြန်တာလား၊ 


'ညညဆို အိပ်မပျော်တာလား'


ကျွန်တော်က သူနဲ့ပဲ ယှဉ်ယှဉ်၊ မီမီဒီပါနဲ့ပဲ ယှဉ်ယှဉ် လူကြီး ဆိုတဲ့ နေရာမှာ ရှိနေတာဖြစ်တယ်။ ကလေးတွေနဲ့ အပြိုင် ကပ်တွက်နေဖို့ ဆန္ဒလည်း ကျွန်တော့်မှာ မရှိဘူး။ 


'လေးငယ်'


သူ ခေါ်လိုက်တာနဲ့ ကျွန်တော် သူ့ကို မျက်ခုံးပင့်ပြမိတယ်။ လိုတာပြော လုပ်ပေးမယ် ဆိုတဲ့ အဓိပ္ပါယ်ဆောင်မှန်း ကျွန်တော် မရှင်းပြလည်း သူသိတယ်။ 


'ဟိုနေ့က ကိစ္စ ဂျီဂျီ လွန်သွားတယ်၊ မာမီနဲ့ အဆင်မပြေတာကို လေးငယ်ကို ဆွဲထည့်မိတာ ဂျီဂျီ မှားပါတယ်'


ကျွန်တော် အသာအယာ ပြုံးမိတယ်။ ဒီဟာလေး အဲ့လိုပဲ သူမှားမှန်း သိတာနဲ့ တောင်းပန်ဖို့ တွန့်ဆုတ်မနေတတ်တဲ့ အကျင့်ကောင်းလေးလည်း ရှိသေးတယ်။ 


'အခု မမနဲ့ အဆင်ပြေပြီလား'


'အင်း မာမီက သိပ်သဘောမကျပေမယ့် လက်ခံတယ်'


'မမနဲ့ ပြေလည်အောင် ညှိပါ မမမှာ မင်းတစ်ယောက်ပဲ ရှိတာ မင်းမှာလည်း မမက အစားထိုးလို့ ရနိုင်တာမျိုး မဟုတ်ဘူး'


'ဂျီဂျီ သိပါတယ်'


သူ့နှုတ်ခမ်းကနေ သူ့ကိုယ်သူ ဂျီဂျီ ဆိုတာလေး ပြန်ထွက်လာတော့ ကျွန်တော် အသာအယာ ပြုံးမိတယ်။ နာကျင်မှုတွေ ချက်ချင်း ပျောက်သွားတယ်လို့ နှိုင်းရအောင်တော့ မဟုတ်သေးဘူး။ ဂျီဂျီနဲ့ ပတ်သတ်လာရင် ကျွန်တော်က နာကျင်ဖူးတယ် ဆိုတာကို မရှိဖူးတာလေ။ သူနဲ့ ပတ်သတ်လာတိုင်းမှာ ကျွန်တော့်အတွက် နာကျင်မှုဆိုတဲ့ ဝေါဟာရက ကင်းတယ်။ 


ကျွန်တော်ဟာ လေယူရာတိမ်းတဲ့ ပန်းလို သူဆောင်ရာကို ယိမ်းတယ်။ သူ မထောင်တဲ့ သူ့ကျော့ကွင်းမှာ နှစ်လိုစွာ သက်ဆင်းတယ်။ သူ မဖန်တီးတဲ့ သူ့နွံမှာ ကျေနပ်စွာ နစ်မွန်းတယ်။ ထောင်ချောက်မဟုတ်တဲ့ ထောင်ချောက်က သူဖြစ်နေတဲ့နောက် ရုန်းကန်ဖို့ ခွန်အားဟာ အကြိမ်ကြိမ် ကင်းမဲ့တယ်။ 


ကျွန်တော် သူ့အပေါ် တိမ်းတာဟာ ကျွန်တော့်အမှားပါ ဆိုရင် ကျွန်တော်တိမ်းအောင် ဆောင်ယူမှုအတွက် သူ့အပြစ်ကလည်း ကင်းချင်မှ ကင်းမယ်လို့ တခြားလူတွေက ထင်ကြလိမ့်မယ်။ တကယ်တမ်းကျတော့ ကျွန်တော့်ရဲ့ တိမ်းခြင်း ယိမ်းခြင်းကိုက အဖြူရောင် နယ်ခြားစည်းလေး တည့်တည့်ပေါ်မှာပဲ၊ အရှေ့ကို ကျူးဖို့ မလိုသလို နောက်ပြန်ဆုတ်ဖို့လည်း မလိုတဲ့ အခြေအနေမျိုးနဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်း မေတ္တာဟာ သူ့အတွက်တော့ အပူရော အအေးပါ ပေးနိုင်လိုခြင်း သက်သက်ပဲ၊ 


ပေးဆပ်ခြင်း၊ ဟုတ်သားပဲ၊ အဲ့ဒါကို ပေးဆပ်ခြင်းလို့ ကျွန်တော် သမုတ်မှာ မဟုတ်ဘူး။ ပေးဆပ်ခြင်း ဆိုတဲ့ ဝေါဟာရက နာကျင်မှုနဲ့ ယှဉ်တွဲနေလေ့ ရှိတယ်။ ကျွနတော် သူ့အပေါ် ထားတဲ့ ချစ်ခြင်းတရားက ဖြူချင်မှဖြူလိမ့်မယ်။ ဒါပေမယ့် သူရော ကျွန်တော်အတွက်ပါ နာကျင်မှုတော့ အလျဉ်းကင်းတယ်။ သူရ သွားတာက တစ်ဘဝစာ အန္တာရာယ်ကင်းမှုနဲ့ သီးသန့် တစ်ဦးတည်း မားမားမတ်မတ် ရပ်တည် တည်ရှိ နေနိုင်မှု၊ ကျွန်တော် ပြန်ရမှာကလည်း သူရဲ့ဖြစ်တည်မှု အလုံးစုံကို ပိုင်ဆိုင်လိုခြင်း ကင်းကင်းနဲ့ ကြည့်နေနိုင်ခွင့် တစ်ခုလေးတည်။ အရမ်းကို ရိုးရှင်းပြီးတော့ အပြစ်ကင်းမဲ့တဲ့ ကျွန်တော့်တို့ကြားက ပတ်သတ်မှု မဟုတ်တဲ့ ဆက်စပ်နေမှု၊ အဲ့ဒါဟာ ကျွန်တော် တစ်ဘဝစာမှာ တန်ဖိုးအထားဆုံးသော အရာနဲ့ အထိပါး မခံနိုင်ဆုံးအရာ၊ 


'သွားတော့မယ်'


သွားတော့မယ်လို့ နှုတ်ဆက်တော့ ဂျီဂျီက အနောက်ကနေ လိုက်လာတယ်။ ကျွန်တော့်လက်ကို လှမ်းဆွဲပြီးမှ မေးတယ်။ 


'လေးငယ် ဂျီဂျီ့ကို ခွင့်လွတ်တယ်လို့ မပြောရသေးဘူး၊ ဂျီဂျီ မှားတယ်လို့ ပြောပြီးပြီလေ'


သူကိုင်ထားတဲ့ ကျွန်တော့် လက်ကောက်ဝတ်ကို တခြားလက်တစ်ဖက်နဲ့ အသာအယာ ဖြည်ချလိုက်တော့ ဂျီဂျီ့လက်တို့က ပိုပြီးတော့ တင်းကျပ်သွားတယ်။ ဒါက ကျွန်တော်နဲ့ သူနဲ့ ကြားက ပုံမှန် ရှိနေကျ အဖြစ်အပျက်မျိုးပါပဲ၊ သူက အမှားလုပ်တယ်၊ ပြီးရင် တရားဝင် တောင်းပန်တယ်။ ခွင့်လွတ်ပါတယ် ဆိုတာကို မကြားရမချင်း ဒါကို ကြားခွင့်ရဖို့ ကလေးလေးလို တောင်းဆိုနေကျ၊ 


'မိုးကလည်း မိုးတို့ တူးဝရီးကြားမှာ တောင်းပန်တယ် ဆိုတာ လိုသေးလို့လား ဒီလောက် ရင်းနှီးနေကြတာကို'


ကျွန်တော် ဘာမှမပြောလိုက်ရသေးခင် မီမီဒီပါက ဝင်ပြောတယ်။ ကျွန်တော် ခပ်ဖွဖွလေး ပြုံးလိုက်မိတယ်။ 


'ဟုတ်သားပဲ လိုမှ မလိုတာ ဂျီဂျီ မင်း သွေးပူနေတုန်းက ကိစ္စကို ငါသိပါတယ် သွားတော့မယ်'


သွားတော့မယ် ဆိုတဲ့ ခြေလှမ်းတို့က ဂျီဂျီ အိတ်ကပ်ထဲက ဆေးစာရွက်လေး တစ်ခုကို လှမ်းမြင်လိုက်ပြီး ရပ်တန့်သွားတယ်။ ဆတ်ခနဲ လှည့်လိုက်ခြင်းနဲ့အတူ ဆေးစာရွက်လေးကို လှမ်းယူလိုက်တော့ ဂျီဂျီက ကမန်းကတမ်း လိုက်ဖမ်းတယ်။ ဆေးစာရွက်လေးကို ဖတ်လိုက်ပြီးမှ 


'မင်း ပြန်ဖြစ်နေတာလား၊ ဘာလို့ ငါ့ကို မပြောတာလဲ'


ဂျီဂျီ ငယ်တုန်းက နှလုံး အားနည်းဖူးတယ်။ ဆေးသောက်ပြီး စိတ်လေ့ကျင့်ခန်းတွေ လုပ်ပေးပြီးမှ သာမာန်လူလို ထိန်းသိမ်းတတ်သွားလို့ ဆေးပြန်ဖြတ်လိုက်လို့ ရသွားတာ။ မစိုးရိမ်ရဘူး ဆိုရင်တောင်မှ နှလုံးဆိုတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဟာ မပေါ့ဆသင့်တဲ့ နေရာ၊ 


'လေးငယ် စိတ်ပူနေမှာ စိုးလို့'


ဒီစကားက သူကပါ ကျွန်တော့်ကို သူ့ရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်နဲ့လို့ ပြောလိုက်သလိုပဲ၊ 


'ငါက မင်းကို တရားဝင် အုပ်ထိန်းခွင့် လွဲပြောင်းပေးလိုက်ရတာ မှန်ပါတယ်၊ ဒါပေမယ့် မင်းကိုငါ အများကြီး အကူညီပေးနိုင်အုံးမယ် ထင်ထားတာ ကြည့်ရတာ'


သူက ကျွန်တော့်စကားကို ဖြတ်ပြောတယ်။ 


'မဟုတ်ဘူး ဂျီဂျီ အခုမှ ဆေးခန်းက ပြန်လာလို့ မပြောဖြစ်သေးတာပါ'


'ကျန်းမာရေး ဆိုတာက ကိုယ်တိုင်မှ ဂရုမစိုက်နိုင်ရင် အဆင်ပြေမှာ မဟုတ်ဘူးလေ ပြီးတော့ လေးငယ်ကို အချိန်တိုင်း အားကိုးလို့ ရတာမဟုတ်ဘူးလို့ မီမီက ပြောပြထားလို့ပါ'


ဂျီဂျီရဲ့ ဆင်ခြေနောက်မှာ မီမီဒီပါက စကားဝင်ထောက်တယ်။ တကယ်က သူတို့ အခုလို ငြင်းဆိုနေဖို့မှ မလိုအပ်ပဲ၊ ကျွန်တော် ပြောချင်တာလေးတော့ ဆုံးအောင် ပြောအုံးမှပါ။ 


'မင်း ပိုပြီးတော့ ရင့်ကျက်လာပြီပဲ ဂျီဂျီ'


ကျွန်တော့်စကားနောက်ကွယ်က အဓိပ္ပါယ်တွေကို ဂျီဂျီ နားလည်မလား နားမလည်ဘူးလား ဆိုတာကို ကျွန်တော် မသေချာဘူး၊ ဒါပေမယ့် ကျွန်တော့် တာဝန်က ဂျီဂျီ ဘာပဲလုပ်လုပ် သူလုပ်တာက အဓိပ္ပါယ်တစ်ခုခု ရှိပြီးသား ဆိုတာကို အသိအမှတ်ပြုပေးဖို့ပဲ၊ ဂျီဂျီရဲ့ ရှင်သန်လာမှု ပုံစံက အဲ့လိုမျိုးပဲ၊ တင်းကျပ်လိုက်တာထက် အသိအမှတ်ပြုပေးလိုက်တာက ပိုပြီး ထိရောက်တယ်။ 


'နောက်ကျရင် မင်း ဒီထက် ပိုပြီး ရင့်ကျက်လာမှာကို လေးငယ် သိပါတယ်'


အဲ့ဒီအချိန်ကျရင် မင်း လေးငယ်ကို လိုအပ်တော့မှာ မဟုတ်ဘူး၊ ဆိုတဲ့ စကားကိုတော့ ကျွန်တော် မပြောဖြစ်လိုက်ဘူး။ နောက်ရက်တွေမှာလည်း လုပ်ဖို့ ရှိတာကို သွားလုပ်ပေးဖြစ်တယ်။ သူ့ဆီမှာ အိပ်ပါလို့ သူက မပြောတော့ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ ကျွန်တော့်အိမ်မှာပဲ ပြန်အိပ်ဖြစ်တယ်။ တစ်ရက်တော့ မီမီဒီပါကလည်း အိမ်မှာ ရှိနေတယ်။ ကျွန်တော်ကလည်း လုပ်ပေးဖို့ ရှိတာတွေကို လုပ်ပေးဖို့သွားတော့ ဂျီဂျီက ဟင်းချက်နေတယ်။ 


ဂျီဂျီ ဟင်းချက်နေတာကို မမြင်ရတာ ကြာပြီမို့ ကျွန်တော် လှန်းလက်စ အဝတ်ကို ရပ်လိုက်ပြီးမှ တံခါးဝနားမှာတင် ခဏလောက် ရပ်ကြည့်နေလိုက်မိတယ်။ မြင်နေရဲ့နဲ့ လွမ်းရတယ် ဆိုတဲ့ ခံစားချက်မျိုးက နာကျင်တာ မဟုတ်ပေမယ့် ရင်ဘတ်မှာ တစ်ခုခုနဲ့ တစ်ဆို့နေသလိုမျိုး ခံရခက်တယ်။ 


'လေးငယ် အမဲသားစတိတ်စားမလား'


ကျွန်တော် ပြန်ဖြေဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ထက်အရင်၊ 


'မိုးကလည်း အမဲသားက ညီတယ်၊ မစားပါနဲ့ မိုးက ကြိုက်တာလည်း မဟုတ်ပဲနဲ့'


ဂျီဂျီက ကျွန်တော့်ကို လှမ်းကြည့်နေဆဲ၊ သေချာတာပေါ့၊ ကျွန်တော်က ဂျီဂျီ မျက်နှာပျက်အောင် ဒါမှမဟုတ် ခက်ခဲအောင် လုပ်နိုင်တဲ့ စွမ်းရည် မရှိဘူး ဆိုတာ၊ 


'မစားတော့ဘူး၊ မင်းချက်ထားတာတွေ ဒီလောက်များတာ ထမင်းပဲ စားကြမယ်'


ကျွန်တော် အတည်ပြုလိုက်တော့မှ ဂျီဂျီက ချက်လက်စကို ပြန်လှမ်းတယ်။ ကျွန်တော်လည်း အဲ့နေရာကနေ လှည့်ထွက်လာခဲ့တယ်။ 


'မိုးကလည်း မီမီ အသားညီနံ့တွေ မကြိုက်တာ သိရဲ့သားနဲ့ မေးနေတယ်'


မီမီဒီပါရဲ့ ခပ်တိုးတိုး အပြစ်တင်သံကို ကြားဖြစ်အောင် ကြားလိုက်ရတယ်။ 


'လေးငယ်က အစားအသောက်ရွေးတယ် မီရဲ့၊ မီမသိလို့ ပုံစံကြည့်ရင် မထင်ရဘူး၊ မကြိုက်ဘူးဆို လုံးဝ မထိတော့တာမျိုး'


ဂျီဂျီရဲ့ ခပ်တိုးတိုး ရှင်းပြနေသံကိုလည်း ကြားရတယ်။ 


'မီတော့ မကြိုက်ပါဘူး၊ မိုးရဲ့ ဦးလေးအရင်းလည်း မဟုတ်ပဲနဲ့ မိုးကို အရမ်းချုပ်ချယ်သလို ခံစားရတယ်၊ ပြီးတော့ တရားလွန်ကြီးလို့ မိုး မခံစားမိဘူးလား'


ဂျီဂျီ၊ မင်းရဲ့မီမီနဲ့ မင်းမာမီကြားကိုတော့ ငါက သွေးမထိုးဘူး၊ ဒါပေမယ့် မင်းနဲ့ ငါ့ကြားကို သွေးထိုးနေပြီ၊ မင်း ဘယ်လို လုပ်မှာလဲ၊ 


လူတစ်ယောက်ကို တစ်သက်လုံး ကြည့်နေခွင့် ဆိုတာလေးကတောင် တော်တော် ခက်ခဲပါလားလို့ ကျွန်တော် ခံစားမိလာတယ်။ မီမီဒီပါနဲ့ ကျွန်တော် ဆုံတိုင်းမှာ ဂျီဂျီက မျက်နှာပျက်နေရတယ်။ တကယ်တမ်း ဂျီဂျီ မျက်နှာပျက်တာကို မကြိုက်တတ်တဲ့ ကျွန်တော်ကပဲ မီမီဒီပါကို တိမ်းရှောင်ဖို့ ဆုံးဖြတ်ရတယ်။ ဂျီဂျီကတော့ သူ့ချစ်သူ မျက်နှာပျက်သွားမှာကို စိုးရိမ်နေမှန်း သိသာလေရဲ့၊ 


ဂျီဂျီနဲ့မီမီဒီပါနဲ့ ရှိနေနိုင်တဲ့ အချိန်တွေကို ရှောင်ပြီးမှပဲ ဂျီဂျီ အိမ်ကို သွားရတယ်။ သူတို့ မပြန်လာနိုင်ခင်မှာ ကျွန်တော် ပြန်ဖို့ ကြိုးစားရတယ်။ သိမ်ငယ်မှု၊ အင်း ပြောရရင် ကျွန်တော်က သိမ်ငယ်တတ်တဲ့လူ မဟုတ်တော့ သိမ်ငယ်တယ် ဆိုတာ ဘာမှန်းမသိဘူး။ ဂျီဂျီက ကျွန်တော့်အပေါ်မှာ စတင်ပြီး သိုဝှက်တတ်လာတယ်။ သူဘာဖြစ်နေတယ် ဆိုတာကို သူ့ဆီကနေ မသိရတော့ဘူး၊ အုပ်ထိန်းခွင့် အာဏာကလည်း လွဲပြောင်းလိုက်ရတော့ ကျွန်တော်က သူ့အကြောင်းကို တရားဝင် သိနိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူး။ 


ကျွန်တော် သူ ဘာဖြစ်နေတာလဲ၊ ဘယ်လိုတွေ ခံစားနေရပါတယ် ဆိုတာကို သိချင်တယ်၊ ကျွန်တော် တတ်နိုင်သလောက် သူ့ကို ကာကွယ်ပေးချင်တယ်။ အားလုံးအတွက် ကျွန်တော့်ရဲ့လောဘက သူ့ကို သိရှိနေခွင့် ကြည့်နေခွင့်လေးတင်၊ ဒါပေမယ့် ဒီအနေအထားက ထင်ထားတာထက် ပိုပြီး ခက်ခဲလာတယ်။ သူ့ရောဂါကို သိချင်ရင် ဆရာဝန်တွေနဲ့ ဆက်သွယ်ရတယ်။ သူ့အကြောင်းသိချင်ရင် သူမဟုတ်ပဲ တခြားတစ်ယောက်ကို မေးမြန်းရတယ်။ 


မမက မီမီဒီပါနဲ့ လုံးဝ သဘောမတူဘူးလို့ ကြေငြာချက် ထုတ်တယ်။ အဲ့ဒီကြေငြာချက်အတွက် မီမီဒီပါက ကျွန်တော့်ကို ဂျီဂျီမပါပဲနဲ့ တွေ့ဆုံဖို့ ခေါ်တယ်။ အစကတော့ ကျွန်တော် ငြင်းလိုက်ဖို့ တွေးမိပေမယ့် မီမီဒီပါနဲ့ တွေ့ဖို့ကို ကျွန်တော် လက်သင့်ခံလိုက်တယ်။ ကျွန်တော်တို့ တွေ့ဆုံမှုက အသံတိတ်တဲ့ ကော်ဖီဆိုင်လေး တစ်ခုထဲမှာ ဖြစ်တယ်။ 


'မိုးရဲ့မာမီက လုံးဝ သဘောမတူဘူးလို့ ပြောတာနဲ့ ပတ်သတ်ပြီး ဦးခန့်ညားဘက်က ပြောချင်တာ ဘာရှိသေးလဲ'


'မရှိဘူး'


ဟုတ်တယ်၊ ကျွန်တော့်မှာ တကယ် ဘာမှမရှိဘူး။ မမရော ဂျီဂျီရောက ကျွန်တော် တန်ဖိုးထားရတဲ့လူတွေ၊ နှစ်ယောက်လုံး ထိခိုက်ဖို့ကို ကျွန်တော် ခွင့်မပြုနိုင်ဘူး၊ ဂျီဂျီ စိတ်ဆင်းရဲသွားဖို့ကို ကျွန်တော် လက်သင့်မခံနိုင်သလို မမကိုလည်း ကျွန်တော် သိရှိနားလည်ထားပြီးတဲ့လူ။ မမက အကျိုးအကြောင်း မခိုင်လုံပဲနဲ့ ကိစ္စတစ်ခုကို တားဆီးလေ့ မရှိဘူး။ 


'ဒါဆို မီမီနဲ့ ပတ်သတ်ပြီး ဦးခန့်ညားဘက်က ကြားကောင်းတာ တစ်ခုခု ပြောပေးဖို့ မရှိဘူးပေါ့'


'ကိုယ်တစ်ခုခု ပြောလိုက်လို့ လက်သင့်ခံသွားမယ့်လူတွေထဲမှာ ထိပ်ထားကြည်စင် မပါဘူးလေ'


အဲ့ဒါလည်း အမှန်ပဲ၊ ကျွန်တော် ကျော်လွှားနိုင်တဲ့ အရာတွေထဲမှာ ထိပ်ထားကြည်စင် မပါဘူး၊ 


'မီမီ့အထင်ကတော့ ဦးခန့်ညားသာ ဆိုးဝါးတာ တစ်ခုခု မပြောထားဘူး ဆိုရင် မိုးရဲ့မာမီက အခုလို ဖြစ်စရာ လိုလို့လား'


'အဲ့အကြောင်းတော့ ကိုယ်မသိဘူး၊ မမက ကိုယ့်ကို ဖြစ်စေ ဂျီဂျီ့ကို ဖြစ်စေ မလိုအပ်ဘူး ဆိုရင် အချိန် တစ်နာရီတောင် ပေးနိုင်တဲ့လူမျိုး မဟုတ်ဘူး၊ မိသားစုထမင်းဝိုင်း ဆိုတာမျိုးတောင် ကိုယ်တို့ မိသားစုမှာ မရှိဘူး'


'မိသားစု ဟုတ်လား'


မီမီဒီပါက ဟွန့်ခနဲ မဲ့တယ်။ အောက်နှုတ်ခမ်းလေးချည်းကို မဲ့ပစ်ခြင်းက ထိပ်ထားကြည်စင်မှသာ လှနိုင်တာမျိုး၊ အဲ့ဒါ အမှန်တရားပဲ၊ မီမီဒီပါ မဲ့ပစ်လိုက်တာက ဂျီဂျီသာ ငယ်သေးတဲ့ အနေအထားနဲ့ မြင်လိုက်ရင် စနှိုးဝှိုက်ဇာတ်လမ်းထဲက စုန်းမကြီးပါလို့ ထပြောချင် ပြောမှာ၊ ဒါပေမယ့် ကျွန်တော် မထင်ထားလိုက်တဲ့ အချိန်မှာပဲ ဂျီဂျီက ကျွန်တော် သတ်မှတ်ထားတာထက် ပိုပြီးတော့ ရင့်ကျက်သွားပြီ။ 


'မီကတော့လေ အမှန်အတိုင်း ရရင် ဦးခန့်ညားက ဂျီဂျီကို မရိုးသားဘူးလို့ပဲ ထင်တယ်၊ ဦးလေးနဲ့တူ ဆိုပြီး ပြောနေပေမယ့် ဦးခန့်ညားရဲ့ အပြုအမူတွေက ရိုးမှမရိုးရှင်းပဲ'


ဟင့်အင်း၊ ဘယ်သူတော့ မသိစေ၊ ဘယ်သူတော့ သိစေ ဆိုပြီး ကျွန်တော် သိုဝှက်ထားတာမျိုး မရှိသလို၊ ဂျီဂျီတော့ သိပါစေ ဆိုပြီး ချပြခဲ့ဖူးတာလည်း မရှိဖူးဘူး။ ကျွန်တော် တတ်နိုင်တာကို ပေးမယ်။ ကျွန်တော် မတတ်နိုင်တာကို မပေးဘူး။ ကျွန်တော် ကာကွယ် ပေးနိုင်တာက လက်တစ်ဝါးစာ ဆိုရင်တောင် အဲ့ဒီလက်တစ်ဝါးစာနဲ့ ရအောင် ကာကွယ်ပေးဖို့ ဆန္ဒရှိတယ်။ ဒီမိန်းကလေး ပြောရဲလိုက်တာလို့ ကျွန်တော် ခွန်းတုန့်ပြန်မယ့်လူလည်း မဟုတ်ဘူး။ ကျွန်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဖြူစင်သလား မဖြူစင်ဘူးလား ဆိုပြီး အစမ်းသပ်ခံဖို့လည်း မလိုဘူး။ 


ဂျီဂျီ သိသွားသည် ဖြစ်စေ တစ်သက်လုံး မသိနားမလည်ဘူး ဖြစ်စေ ကျွန်တော် ပေးနိုင်သမျှကို ပေးရင်းနဲ့ ကျွန်တော် ကာကွယ်နိုင်သလောက် ကာကွယ်ရင်းနဲ့ ဂျီဂျီရဲ့ ဖြစ်တည်မှု အားလုံးကို အလေးထား တန်ဖိုးထားပြီးတော့ သူ့ကို ဒီအတိုင်းလေး ကြည့်နေချင်ရုံလေးတင်။ အဲ့လိုမှ မဟုတ်ပဲနဲ့ တစ်စုံတစ်ဦး တစ်ယောက်က မေးများ မေးလာခဲ့ရင်၊ 


သေချာတာပေါ့၊ ကျွန်တော် မဝံ့မရဲ ရှက်ရွံ့ ကြောက်လန့်ပြီး ညာပစ်လိုက်ဖို့မှ မရှိတာ။ ဒါပေမယ့် ဝန်ခံလိုက်ဖို့ထိ လိုချင်မှ လိုမှာလေ။ 


'ဘယ်လို အပြုအမူတွေကလဲ'


'ဒါကတော့ ဘေးလူမှ မြင်နိုင်တာမျိုးပါ'


'ဒါဆို မင်းကိုယ်မင်း ဘေးလူလို့ သတ်မှတ်ထားတာလား ဂျီဂျီ့အနားမှာ နေနေပြီးတော့လေ'


'မီက ဘေးလူလို့ မသတ်မှတ်ချင်ပါဘူး၊ ဒါပေမယ့် ဦးခန့်ညားနဲ့ ယှဉ်လိုက်တိုင်း မီက ဘေးကိုပဲ ရောက်ရောက်သွားတတ်လွန်းလို့'


ကျွန်တော် ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးမှ တွန့်ခနဲ ပြုံးမိတယ်။ အပိုင်ရဖို့ သေချာနေတဲ့လူက ဘေးကို ရောက်ရောက်သွားတတ် လွန်းလို့ ဆိုတော့ ကျွန်တော်က ဘာများ ဖြေသိမ့်ပေးရမလဲ ဆိုတာကို တွေးမိတယ်။ နောက်ဆုံးမှာ ကျွန်တော် ကော်ဖီခွက်ကို ပြန်ချလိုက်ပြီးမှ ခပ်တိုးတိုး ရယ်မိတယ်။ 


'ဂျီဂျီ ဘာအရောင် ကြိုက်တတ်လဲ မင်းသိလား'


မီမီဒီပါက ကျွန်တော့်ကို မျက်မှောင်ကုတ်ရင်း ကြည့်လေတယ်။ သူမက ဖြေဖို့ အဖြေရှာနေသလိုနဲ့ တူတယ်။ 


'သူက အစိမ်းနုရောင်ကို ကြိုက်တယ်၊ ဒါပေမယ့် အဲ့အရောင်က မိန်းကလေးဆန်တယ် ဆိုပြီး သူသိပ်မသုံးဘူး၊ အပြာနုရောင်ကို အစားထိုးပြီး သူသုံးတယ်'


'ဒါကတော့'


'မင်း ဂျီဂျီကို စိတ်ပါဝင်စားမှု နည်းရင် သိမှာ မဟုတ်ဘူး၊ ဘာလို့လဲ ဆိုတော့ ဂျီဂျီက မပြောပြတတ်ဘူး၊ သူ့ကို အကဲခတ်ရတာ'


မီမီဒီပါက အောင်နိုင်သူ အပြုံးမျိုးနဲ့ ကောက်ချက်ချတယ်။ 


'နှမြောနေတာ မဟုတ်လား'


'အင်း ဟုတ်တယ်၊ သူ့ကို မချစ်တဲ့ မိန်းကလေး လက်ထဲကို ထည့်ရမှာတော့ ကိုယ်တကယ်ပဲ နှမြောတယ် မဖြစ်နိုင်မှန်းသိပေမယ့် မင်းသူ့ကို စိတ်ရင်းနဲ့ ချစ်ပေးနိုင်မလားဆိုတာမျိုးလည်း မျှော်လင့်မိတယ်၊ ဖြစ်မှမဖြစ်နိုင်တာကို'


မကျေမနပ်တဲ့ လေသံ အနည်းငယ်လေးတောင်မှ မပါဝင်ပါစေပဲနဲ့ ကျွန်တော် တိုးတိုး ပြောမိတယ်။ တိုက်တွန်းတာမျိုး မဟုတ်ရင်တောင်မှ ကျွန်တော် ဂျီဂျီရဲ့အနာဂတ်သက်ဆိုင်သူ ဖြစ်လာမယ့် မိန်းကလေးကို ဒီလောက်တော့ ပြောပြချင်တယ်။ ဒါပေမယ့် ကျွန်တော် ပြန်ရလိုက်တာက ကျွန်တော့်ကို ခနဲ့ခြင်း သက်သက်ပဲ။ 


'ဘယ်လိုပဲ ပြောပြော ဂျီဂျီက မီ့ကို ယူဖို့က သေချာတယ်၊ သူ မီ့ကို ချစ်တယ်'


ဒီမိန်းကလေးက သူ ဂျီဂျီ့ကို ချစ်ချစ် မချစ်ချစ် ဂျီဂျီ့ကို ပိုင်ဆိုင်ဖို့ ကြိုးစားအုံးမှာပဲလို့ ကြေငြာနေတာနဲ့ တူတယ်။ မမ လိုချင်တာက ဒီလိုမျိုး ချွေးမ မဟုတ်ဘူး ဆိုတာကို ကျွန်တော် ပြောပြလိုသေးတယ်။ အကြောင်းပြချက်က ဂျီဂျီက ဒီမိန်းကလေးကို အလေးထားလို့၊ 


'မမကပြောတယ်၊ ဂျီဂျီအနားက လက်တွဲဖော်က ငွေမလိုဘူး၊ အိမ်မှုကိစ္စ လုပ်တတ်တာ ဘာညာ ဆိုတာမျိုးနဲ့ တိုင်းတာမထားဘူး၊ စိတ်ရင်းကောင်းရမယ် ဆိုတာကိုတောင် မမ ပယ်ချထားပေးနိုင်တယ်၊ မမလိုချင်တာ တစ်ခုတည်း ဂျီဂျီ့ကို စိတ်ရင်းအမှန်နဲ့ မြတ်နိုးပြီး တန်ဖိုးထားပေးဖို့'


သူမက နောက်ထပ်တစ်ကြိမ် မဲ့ပါတယ်။ 


'ဂျီဂျီက မီ့ကို ချစ်နေတာနဲ့ပဲ ပြည့်စုံပြီ မဟုတ်ဘူးလား'


'ဟုတ်တယ်၊ သူ မင်းကို ချစ်တယ်၊ ဒါပေမယ့် မင်း မမေ့သင့်တာက ကိုယ်က အရင်လူ သူဘယ်လို နေထိုင်ခဲ့တယ်၊ ဘာလိုအပ်တယ် ဆိုတာကို အစအဆုံး ကြည့်လာခဲ့တဲ့လူ၊ တစ်ခဏသာ စိတ်ဝင်စားမှုမျိုးနဲ့ မင်း ဂျီဂျီကို အကြာကြီး မဆွဲထားနိုင်ဘူး၊ မင်းသူ့ကို သိနားလည်ဖို့ မကြိုးစားပဲနဲ့ သူ့အနားမှာ အကြာကြီး နေနိုင်မှာ မဟုတ်ဘူး၊ အဲ့လိုနေ့ ရောက်လာခဲ့ရင် နာကျင်မယ့်သူက ဂျီဂျီ၊ ခံပြင်းမယ့်သူက မင်း၊ နှစ်ယောက်လုံး ကောင်းတာ မရှိဘူး၊ ဒါတောင် မင်း ရှေ့ဆက်တိုးမှ ဖြစ်မှာလား'


'ရှင် စိုးရိမ်နေတာက ရှင့်လက်ထဲကနေ ကျွန်မက လုယူသွားမှာကိုလား၊ အဲ့ဒါကို ခွင့်မပြုနိုင်တာ မဟုတ်လား'


'ခွင့်မပြုနိုင်တာ မဟုတ်ဘူး၊ ခွင့်မပြုပေးချင်တာပါ၊ မင်းလို တန်ဖိုးမထားတတ်တဲ့ မိန်းကလေးမျိုးကို ငါ တန်ဖိုးအထားဆုံးအရာ ပေးဖို့က မလွယ်ဘူး မဟုတ်လား'


'ရှင် ဂျီဂျီ့ကို ဆုံးရှုံးရမှာ ကြောက်နေတာ မဟုတ်လား'


'ငါ သူ့ကို ချစ်တဲ့အချစ်က မင်းထင်နေသလို မဖြူစင်ဘူး ဆိုရင်တောင် ဆုံးရှုံးရမှာကိုတော့ ကြောက်ဖို့မလိုဘူး၊ စစ်မှန်တာမို့''


'ရွံလိုက်တာ ရှင်က တူလေး တူလေး ဆိုပြီးတော့'


'ဂျီဂျီ ဒီရက်ပိုင်း နေမကောင်းဘူး၊ ဆရာဝန်တွေဆီ သွားတာလည်း စိပ်တယ်၊ အိပ်လည်း မပျော်ဘူး'


'အဲ့ဒါတွေ ဘာလို့ လာပြောနေရတာလဲ'


'မင်းပဲ ဂျီဂျီကို ယူမယ်ဆို၊ ဒီလောက်ကတော့ လူချင်းအတူတူတောင်မှ ဂရုစိုက်ပေးနိုင်တာမျိုးတွေပါ'


'ရှင်!!'


'မင်းရဲ့မိဘတွေကြောင့်မို့ မင်း ဂျီဂျီ့အနား ရောက်လာတာပဲ ဖြစ်ဖြစ်၊ မင်းတို့ ဂျီဂျီဆီကနေ ထိပ်ထားကြည်စင်ရဲ့သား ဆိုတာကို မက်မောတာပဲ ဖြစ်ဖြစ် ငါ ထားလိုက်လို့ ရတယ်၊ ဒါပေမယ့် ဂျီဂျီ့ကို ဂရုစိုက်ပေး၊ မင်းတို့ ငွေမက်တာကို ငါက ဘာမှမပြောလိုဘူး'


'ရှင် စကားပြောတာ အရမ်းတရားလွန်နေပြီ'


အဲ့ဒီစကားရဲ့ အရောက်မှာ ကော်ဖီခွက်ထဲက ကော်ဖီတချို့က ပျံတက်လာတယ်။ ကျွန်တော် ဝတ်ထားတာ ရှပ်အကျႌ အဖြူစင်းနဲ့ ကော်ဖီတွေ ပေကျံသွားလို့ မဖြစ်ဘူး။ ကျွန်တော်လည်း အသန့်ကြိုက်သေးတယ်။ ကျွန်တော် ရှောင်ပစ်လိုက်တော့ သူမက ထရပ်ပြီးမှ တစ်ခွန်းချင်း မေးတယ်။ 


'တိတိကျကျ ဖြေ၊ ရှင် ဂျီဂျီကို ဦးလေး တစ်ယောက်ထက် ပိုပြီးတော့ ချစ်လား မချစ်ဘူးလား'


'ဖြေမှဖြစ်မှာလား'


'ဂျီဂျီကြောင့်မို့ နောင်တမရချင်ဘူး ဆိုရင်တော့ ဖြေ'


'ငါ့တစ်ဘဝလုံးမှာ ဂျီဂျီ့ကြောင့်မို့ ဆိုပြီးတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး၊ ငါ့မေတ္တာစူးမှာ စိုးလို့'


'တောက်!!'


မီမီဒီပါနဲ့ ကျွန်တော် ပြေလည်ဖို့ ကြိုးစားတယ် ဆိုတာက ဂျီဂျီရှေ့မှာပဲ တတ်နိုင်တယ်။ ကျွန်တော်ကလည်း လျာစောင်းထက်တဲ့ လူတစ်ယောက်ပဲ၊ တစ်ခုခု ပြောလိုက်လို့ ငြိမ်ခံနေမယ့်အထဲမှာ ကျွန်တော်မပါဘူး။


ဒါပေမယ့် မမကိုတော့ မရအရ သွားတွေ့ပြီး ပြောပြဖြစ်တယ်။ ဂျီဂျီက မီမီဒီပါ ဆိုတဲ့ မိန်းကလေးကို မေတ္တာသက်ဝင်နေပါတယ် ဆိုတဲ့အကြောင်း၊ မမက ငြင်းပေမယ့် စေ့စပ်ပေးဖို့ထိ လက်ခံပေးခဲ့တယ်။ စေ့စပ်ပွဲကို အတတ်နိုင်ဆုံး အကျဉ်းချုံ့ဖို့ မမက စီစဉ်စေတယ်။ တကယ်လည်း လူအင်အားနည်းပါးစွာနဲ့ စေ့စပ်ပွဲကို ပြင်ဆင်ခဲ့တယ်။ 


ကျွန်တော်တို့ ဘက်က လူအင်အားနည်းပါးစွာ ဆိုပေမယ့် မီမီဒီပါတို့ ဘက်ကတော့ ထိုသို့ မဟုတ်ခဲ့ပါပဲနဲ့ လူတွေ အများအပြားကို ဖိတ်ကြားလိုက်လေတယ်။ ဂျီဂျီက အဲ့ဒီအတွက် မျက်နှာပျက်နေပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှတော့ မမလောက် မျက်နှာမမာလေဘူး။ မမဟာ အလိုမကျခြင်း ကြီးစွာနဲ့ မျက်နှာက တင်းပြတ်နေတယ်။ 


ကျွန်တော် ဂျီဂျီ့မျက်နှာကို လိုက်ကြည့်ပြီးမှ မနေ့ညတုန်းက အိပ်ရေးပျက်ခဲ့တယ် ဆိုတာကို အတိကျ ပြောနိုင်တယ်။ မေးဖို့ ကြိုးစားလိုက်ပေမယ့် မီမီဒီပါရဲ့ ဆွဲခေါ်သွားခြင်းမှာ ကျွန်တော် မေးဖို့ အချိန်မရလိုက်လေဘူး။ စေ့စပ်ပွဲကို အကျဉ်းချုံ့ပါမယ် ဆိုမှ ဘယ်ကနေ ဘယ်လို သတင်းကြားမှန်း မသိပါပဲနဲ့ မီဒီယာတွေက ရောက်ချလာတယ်။ မမကို စီးပွားရေး ဂျာနယ်တွေ စိတ်ပါဝင်စားကြမှန်း သိပေမယ့် အခုလောက်ထိလို့ မထင်ထားတာကြောင့် ကျွန်တော် ဘာလုပ်ပေးရမလဲ ဆိုတာကို တွေးပူမိပေမယ့် မမက ကျွန်တော့်ထက် ပိုပြီး ကြိုတွေးမိထားဟန် တူတယ်။ 


မမနဲ့ကျွန်တော် အနားမှာ ဝိုင်းရံပေးလိုက်တဲ့ လူတွေ ပေါ်လာခဲ့တယ်။ သတင်းထောက် တစ်ဦးက အသံကျယ်ကျယ်နဲ့ မေးခွန်း တစ်ခုကို လှမ်းမေးလာတယ်။ 


'ရှေ့နေ ဦးခန့်ညားကြည်စင်က မိုးသားကြည်စင်ရဲ့ ချစ်သူ မီမီဒီပါကို အပြင်မှာ ချိန်းဆိုပြီး မလိုလားတဲ့အကြောင်းတွေ ပြောခဲ့တယ်ဆို အဲ့ဒါ ဟုတ်ပါသလား'


မမက စကားတစ်ခွန်းကို ထမေးလိုက်တယ်။ 


'အဲ့ဒီမေးခွန်းက အခုလို နှစ်ဖက်ဆွေမျိုးမိဘတွေ စုံညီနေတဲ့ စေ့စပ်ပွဲမှာ မေးရမယ့် မေးခွန်းလို့ မင်းထင်နေတာလား၊ ဒါမှမဟုတ် မင်းက ပေါ်တင် ရန်တိုက်ပေးနေတာလား'


သတင်းထောက်တွေ ရုတ်တရက် ဆွံ့အသွားအောင် မမက ပြောလိုက်နိုင်တယ်။ ဒါပေမယ့် အစတည်းက စီစဉ်ထားပုံရတဲ့ သတင်းသမားတွေက ဒီလောက်နဲ့ ရပ်သွားဖို့ ဆန္ဒမရှိဟန်ပါပဲ၊ 


'ဦးခန့်ညားကြည်စင်က မိုးသားကြည်စင် အပေါ်မှာ မိသားစုထက် ကျော်လွန်ပြီးတော့ စိတ်ခံစားချက် ရှိတယ် ဆိုတာ အမှန်ပဲလား'


ဒီလို မေးခွန်းမှာတော့ ကျွန်တော်က မီမီဒီပါဆီကိုသာ လှမ်းကြည့်လိုက်မိတယ်။ မီမီဒီပါက ကျွန်တော့်ကို ဟန်ပါပါ ပြုံးပြလေရဲ့၊ သိပ်မကြာခင်မှာပဲ သီချင်းဖွင့်တဲ့ ဖန်သားပြင်ထက်မှာ မီမီဒီပါနဲ့ ကျွန်တော် တွေ့ဆုံတုန်းက အကြောင်း မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေက ပေါ်လာတယ်။ ကျွန်တော် အဲ့နေ့တုန်းက စိတ်လိုလက်ရနဲ့ အားလုံးကို ဝန်ခံထားခဲ့တာ။ ကျွန်တော် ရုတ်တရက် ဘာလုပ်ရမယ် ဆိုတာကို မေ့လျော့သွားမိတယ်။ ကျွန်တော့်ကို ခန်းမရဲ့ ဗီဗီအိုင်ပီအခန်းထဲထိ ဘယ်သူက လာပြီး ဆွဲခေါ်သွားတယ် ဆိုတာပါ ကျွန်တော် မသိနိုင်တော့ဘူး။ 


ဗီဗီအိုင်ပီ ခန်းမအသေးလေး ထဲကို ရောက်မှ ကျွန်တော် အသိပြန်ဝင်လာတယ်။ ပထမဆုံး လိုက်ရှာမိတာက ဂျီဂျီပဲ၊ မမက ကျွန်တော့်ကို မျက်မှောင်ကုတ်ပြီး ကြည့်နေတယ်။ ဒါပေမယ့် ဂျီဂျီရဲ့အိမ်အထိကို ဘာမှမပြောမဆိုသေးပဲနဲ့ ကားလမ်းကြောင်းကို ဦးတည်စေတယ်။ ဂျီဂျီ့အနားမှာ မီမီဒီပါနဲ့ သူ့အစ်မဝမ်းကွဲ တစ်ဦးက လိုက်ပါလာတယ်။ မမက ဂျီဂျီအိမ်ထဲထိ ကျွန်တော့်ကို ဆွဲခေါ်သွားပြီးမှ မေးတယ်။ 


'ခန့်ညား အဲ့ဒါ ဘယ်လို ဖြစ်တာလဲ'


ကျွန်တော် ဖြေဖို့ စကားမရှိဘူး၊ ကျွန်တော့်လိုအပ်ချက်ပဲ၊ တကယ်က ကျွန်တော် ဒီလို ဖြစ်လာနိုင်တယ် ဆိုတာကို မေ့လျော့သွားမိတာ။ 


'ကျွန်တော်'


ကျွန်တော် စကားစလိုက်တာနဲ့ အားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီမှာ၊ 


'တောင်းပန်ပါတယ်'


'လူတစ်ယောက်က မင်းကို ကင်မရာနဲ့ ရိုက်ယူထားနိုင်လောက်အောင် မင်းညံ့သွားပြီလား ဖီးလက်စ်'


တော်သေးရဲ့၊ ဖီးလက်စ် ဆိုတဲ့ နာမည်လေး မမဆီကနေ ပေါ်လာသေးလို့၊ 


'မိုးကို မီပြောသားပဲ မိုးရဲ့လေးငယ်က မိုးကို မူမမှန်ဘူး ဆိုတာ'


ဂျီဂျီကို လှမ်းကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို ကြုံတွေ့နေရတာထက် လွန်ကဲတဲ့ အပြုအမူတွေနဲ့ ဖြစ်လေတယ်။ 


'လေးငယ် မဟုတ်ဘူး ဦးခန့်ညားကြည်စင်'


ဂျီဂျီ့ဆီကနေ ဦးခန့်ညားကြည်စင်ဆိုတဲ့ နာမည်ကို ကြားလိုက်ရတာက နားထဲကို ရေအေးတွေ လောင်းချခံလိုက်ရသလိုပဲ၊ အေးစိမ့်ပြီးတော့ ခါးသက်လွန်းတယ်။ ဂျီဂျီက ဆက်ပြောတယ်။ 


'ခင်ဗျားကျွန်တော့်အပေါ်မှာ ရိုးသားရဲ့လား၊ မူမှန်ရဲ့လား'


အဖြေရခက်ဆုံးသော မေးခွန်းကို ဂျီဂျီက ရွေးပြီး မေးတတ်တယ်။ ကျွန်တော် တစ်သက်လုံး မူမှန်တယ်လို့ ယူဆလာခဲ့တဲ့ အကြောင်းအရင်းက ဂျီဂျီ့အတွက် မူမမှန်ဘူးလား။ ကျွန်တော် ကြောင်အစွာ ငေးနေမိတယ်။ ပြီးမှ ဆတ်ခနဲ ခေါင်းညိတ်ပစ်လိုက်တယ်။ 


'မင်းထင်တဲ့အတိုင်းပဲ'


@@@@@@@@@


ဆက်ရန်---


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။


စွဲညို့


Zawgyi


Nephew-7


@@@@@


ကၽြန္ေတာ္ သူ႔ကို အေသအခ်ာ ေက်ာခိုင္း ပစ္လိုက္တယ္။ မဟုတ္ရင္ ဒီဟာေလးက ျပီးမွာ မဟုတ္ဘူး။ ကၽြန္ေတာ္ စိတ္ထဲက အဆင္မေျပရင္ေတာင္မွ သူ႔ကို ဒီအတိုင္း ပစ္ထားဖို႔ေတာ့ မတတ္ႏုိင္ဘူး။ မမနဲ႔ သူနဲ႔ ၾကားက တိုက္ပြဲကို ကၽြန္ေတာ္ ဝင္မပါဖို႔ ဆံုးျဖတ္လိုက္တာက ဂ်ီဂ်ီကို ရင့္က်က္သြားျပီလို႔ လက္ခံေပးလုိက္ျခင္း သက္သက္ပဲ၊ 


သူက နားလည္မလား နားမလည္ဘူးလား ဆိုတာ ကၽြန္ေတာ္ မေသခ်ာေပမယ့္ သူ႔ကို ရင့္က်က္ခြင့္ေတာ့ ေပးမွရမယ္။ သူ တစ္သက္လံုး မမရဲ႕ အမိန္႔ေတြ ၾကားထဲမွာ အက်ိဳးအေၾကာင္းမဲ့ ရွင္သန္ေနလို႔ မရဘူး။ သူက သန္မာတဲ့ လူတစ္ေယာက္ ျဖစ္လာဖို႔ လိုေသးတယ္။ 


သန္မာဖို႔ လိုလို႔ သူ႔တို႔ သားအမိၾကားကို ဝင္မပါေပမယ့္ သူ႔ရဲ႕ ေဝယ်ာဝိစၥေတြ လုပ္ဖို႔ကိုေတာ့ လြတ္ထားလို႔ မရတာေၾကာင့္ တစ္ပတ္ျပီးေတာ့ ဂ်ီဂ်ီရဲ႕အိမ္ကို ေရာက္ျဖစ္တယ္။ အိမ္တံခါးက ပက္ေပါ့ မေျပာင္းေသးတာေၾကာင့္ အသာအယာ ဝင္လိုက္တာနဲ႔ ရႈပ္ေထြးေနတဲ့ အိမ္ထဲကို ေရာက္လာခဲ့တယ္။ တစ္ပတ္ေက်ာ္ေလာက္ ပစ္ထားလုိက္ရံုေလးနဲ႔ ဒီဟာေလးရဲ႕ အိမ္က အမႈိက္ပံု ျဖစ္သြားတာလား။ 


အိမ္ထဲကို ဝင္လာျပီးမွ အေပၚဝတ္ကို ဆိုဖာေပၚ ပစ္တင္လိုက္ျပီးမွ ေဆးရမယ့္ ပန္းကန္ေတြကို ေနရာအရင္ေရြ႕လိုက္တယ္။ သန္ရွင္းေရး လုပ္ျပီးျပီ ဆိုမွ အိပ္ခန္းထဲကို ဝင္လာေတာ့ အဝတ္ဗီရိုက ေသသပ္မႈ ကင္းမဲ့စြာနဲ႔၊ ရွပ္အက်ႌေတြကို ထံုးစံအတိုင္း ေရအရင္စိမ္လိုက္တယ္။ ျပီးမွ တျခားအက်ႌေတြကို ေလွ်ာ္စက္ထဲ ထည့္ျပီး လည္လိုက္တယ္။ တစ္အိမ္လံုးက လိုက္ကာေတြကို တစ္ခုမွမက်န္ေအာင္ လိုက္ဖြင့္လုိက္ျပီးမွ ေနေရာင္ဝင္ေအာင္ လုပ္ရတယ္။ အားလံုး ရွင္းသြားျပီ ဆိုမွ မလုပ္ခ်င္တဲ့ ပန္းကန္ေဆးျခင္းကို စတယ္။ 


အင္း ဟုတ္သားပဲ။ ကၽြန္ေတာ္ ပန္းကန္ေဆးရတာ တကယ္ မၾကိဳက္ဘူး။ ဒါေပမယ့္ မလုပ္ခ်င္ဘူးဆို တစ္အိမ္လံုးက ရွင္းျပီး မီးဖုိေခ်ာင္တစ္ခုတည္း ေပပြလို႔ က်န္ေနခဲ့တာမ်ိဳးက် တကယ္ ၾကည့္ရဆိုးတယ္ေလ။ ပန္းကန္ေတြ ေဆးျပီးသြားေတာ့ စာၾကည့္ခန္းထဲကေန ဖြာလန္က်ဲေနတဲ့ စာအုပ္ေတြကို ေသခ်ာ ျပန္စီရတယ္။ ဂ်ီဂ်ီ ဖတ္တတ္တဲ့ ရသစာအုပ္မ်ိဳးေလးေတြကို လက္လွမ္းမွီတဲ့ေနရာမွာ ထားရတယ္။ စိတ္ပညာနဲ႔ ဆုိင္တာ ဒါမွမဟုတ္ရင္ စီးပြားေရး အေတြးအေခၚ ဆိုင္ရာေတြက ေတာ္ေတာ္တန္တန္ လွမ္းမမွီတဲ့ အျမင့္မွာ ထားတာ ပိုေကာင္းတယ္။ ဒါေတြက ဂ်ီဂ်ီ သိပ္ဖတ္ေလ့ မရွိတာမ်ိဳး၊ စာၾကည့္ခန္းထဲက စာထိုင္ဖတ္တဲ့ ထိုင္ခံုကို ေသခ်ာ သုတ္ျပီးမွ ျပန္ထြက္လာေတာ့ မေမွ်ာ္လင့္ထားမိတာနဲ႔ တိုးတယ္။ 


ဂ်ီဂ်ီရယ္၊ မီမီဒီပါရဲ႕ လက္ကို ဆြဲျပီးေတာ့ ဝင္လာေနတာ၊ စာၾကည့္ခန္းတံခါးကို အသာအယာ ပိတ္လိုက္ျပီးမွ ကၽြန္ေတာ္ ဂ်ီဂ်ီကို ေသခ်ာ ၾကည့္မိတယ္။ ဆံပင္ေတြကလည္း ေသခ်ာ မျဖီးထားဘူး။ မ်က္ကြင္းက ညိဳေနတယ္။ ဒီဟာေလး အိပ္မေပ်ာ္ျဖစ္ျပန္တာလား၊ 


'ညညဆို အိပ္မေပ်ာ္တာလား'


ကၽြန္ေတာ္က သူနဲ႔ပဲ ယွဥ္ယွဥ္၊ မီမီဒီပါနဲ႔ပဲ ယွဥ္ယွဥ္ လူၾကီး ဆိုတဲ့ ေနရာမွာ ရွိေနတာျဖစ္တယ္။ ကေလးေတြနဲ႔ အျပိဳင္ ကပ္တြက္ေနဖို႔ ဆႏၵလည္း ကၽြန္ေတာ့္မွာ မရွိဘူး။ 


'ေလးငယ္'


သူ ေခၚလိုက္တာနဲ႔ ကၽြန္ေတာ္ သူ႔ကို မ်က္ခံုးပင့္ျပမိတယ္။ လိုတာေျပာ လုပ္ေပးမယ္ ဆိုတဲ့ အဓိပၸါယ္ေဆာင္မွန္း ကၽြန္ေတာ္ မရွင္းျပလည္း သူသိတယ္။ 


'ဟိုေန႔က ကိစၥ ဂ်ီဂ်ီ လြန္သြားတယ္၊ မာမီနဲ႔ အဆင္မေျပတာကို ေလးငယ္ကို ဆြဲထည့္မိတာ ဂ်ီဂ်ီ မွားပါတယ္'


ကၽြန္ေတာ္ အသာအယာ ျပံဳးမိတယ္။ ဒီဟာေလး အဲ့လိုပဲ သူမွားမွန္း သိတာနဲ႔ ေတာင္းပန္ဖို႔ တြန္႔ဆုတ္မေနတတ္တဲ့ အက်င့္ေကာင္းေလးလည္း ရွိေသးတယ္။ 


'အခု မမနဲ႔ အဆင္ေျပျပီလား'


'အင္း မာမီက သိပ္သေဘာမက်ေပမယ့္ လက္ခံတယ္'


'မမနဲ႔ ေျပလည္ေအာင္ ညွိပါ မမမွာ မင္းတစ္ေယာက္ပဲ ရွိတာ မင္းမွာလည္း မမက အစားထိုးလို႔ ရႏုိင္တာမ်ိဳး မဟုတ္ဘူး'


'ဂ်ီဂ်ီ သိပါတယ္'


သူ႔ႏႈတ္ခမ္းကေန သူ႔ကိုယ္သူ ဂ်ီဂ်ီ ဆိုတာေလး ျပန္ထြက္လာေတာ့ ကၽြန္ေတာ္ အသာအယာ ျပံဳးမိတယ္။ နာက်င္မႈေတြ ခ်က္ခ်င္း ေပ်ာက္သြားတယ္လို႔ ႏႈိင္းရေအာင္ေတာ့ မဟုတ္ေသးဘူး။ ဂ်ီဂ်ီနဲ႔ ပတ္သတ္လာရင္ ကၽြန္ေတာ္က နာက်င္ဖူးတယ္ ဆိုတာကို မရွိဖူးတာေလ။ သူနဲ႔ ပတ္သတ္လာတုိင္းမွာ ကၽြန္ေတာ့္အတြက္ နာက်င္မႈဆိုတဲ့ ေဝါဟာရက ကင္းတယ္။ 


ကၽြန္ေတာ္ဟာ ေလယူရာတိမ္းတဲ့ ပန္းလို သူေဆာင္ရာကို ယိမ္းတယ္။ သူ မေထာင္တဲ့ သူ႔ေက်ာ့ကြင္းမွာ ႏွစ္လိုစြာ သက္ဆင္းတယ္။ သူ မဖန္တီးတဲ့ သူ႔ႏြံမွာ ေက်နပ္စြာ နစ္မြန္းတယ္။ ေထာင္ေခ်ာက္မဟုတ္တဲ့ ေထာင္ေခ်ာက္က သူျဖစ္ေနတဲ့ေနာက္ ရုန္းကန္ဖို႔ ခြန္အားဟာ အၾကိမ္ၾကိမ္ ကင္းမဲ့တယ္။ 


ကၽြန္ေတာ္ သူ႔အေပၚ တိမ္းတာဟာ ကၽြန္ေတာ့္အမွားပါ ဆိုရင္ ကၽြန္ေတာ္တိမ္းေအာင္ ေဆာင္ယူမႈအတြက္ သူ႔အျပစ္ကလည္း ကင္းခ်င္မွ ကင္းမယ္လို႔ တျခားလူေတြက ထင္ၾကလိမ့္မယ္။ တကယ္တမ္းက်ေတာ့ ကၽြန္ေတာ့္ရဲ႕ တိမ္းျခင္း ယိမ္းျခင္းကိုက အျဖဴေရာင္ နယ္ျခားစည္းေလး တည့္တည့္ေပၚမွာပဲ၊ အေရွ႕ကို က်ဴးဖို႔ မလိုသလို ေနာက္ျပန္ဆုတ္ဖို႔လည္း မလိုတဲ့ အေျခအေနမ်ိဳးနဲ႔ ကၽြန္ေတာ့္ရဲ႕ ခ်စ္ျခင္း ေမတၱာဟာ သူ႔အတြက္ေတာ့ အပူေရာ အေအးပါ ေပးႏုိင္လိုျခင္း သက္သက္ပဲ၊ 


ေပးဆပ္ျခင္း၊ ဟုတ္သားပဲ၊ အဲ့ဒါကို ေပးဆပ္ျခင္းလို႔ ကၽြန္ေတာ္ သမုတ္မွာ မဟုတ္ဘူး။ ေပးဆပ္ျခင္း ဆိုတဲ့ ေဝါဟာရက နာက်င္မႈနဲ႔ ယွဥ္တြဲေနေလ့ ရွိတယ္။ ကၽြနေတာ္ သူ႔အေပၚ ထားတဲ့ ခ်စ္ျခင္းတရားက ျဖဴခ်င္မွျဖဴလိမ့္မယ္။ ဒါေပမယ့္ သူေရာ ကၽြန္ေတာ္အတြက္ပါ နာက်င္မႈေတာ့ အလ်ဥ္းကင္းတယ္။ သူရ သြားတာက တစ္ဘဝစာ အႏၱာရာယ္ကင္းမႈနဲ႔ သီးသန္႔ တစ္ဦးတည္း မားမားမတ္မတ္ ရပ္တည္ တည္ရွိ ေနႏိုင္မႈ၊ ကၽြန္ေတာ္ ျပန္ရမွာကလည္း သူရဲ႕ျဖစ္တည္မႈ အလံုးစံုကို ပိုင္ဆိုင္လိုျခင္း ကင္းကင္းနဲ႔ ၾကည့္ေနႏုိင္ခြင့္ တစ္ခုေလးတည္။ အရမ္းကို ရိုးရွင္းျပီးေတာ့ အျပစ္ကင္းမဲ့တဲ့ ကၽြန္ေတာ့္တို႔ၾကားက ပတ္သတ္မႈ မဟုတ္တဲ့ ဆက္စပ္ေနမႈ၊ အဲ့ဒါဟာ ကၽြန္ေတာ္ တစ္ဘဝစာမွာ တန္ဖိုးအထားဆံုးေသာ အရာနဲ႔ အထိပါး မခံႏုိင္ဆံုးအရာ၊ 


'သြားေတာ့မယ္'


သြားေတာ့မယ္လို႔ ႏႈတ္ဆက္ေတာ့ ဂ်ီဂ်ီက အေနာက္ကေန လိုက္လာတယ္။ ကၽြန္ေတာ့္လက္ကို လွမ္းဆြဲျပီးမွ ေမးတယ္။ 


'ေလးငယ္ ဂ်ီဂ်ီ႕ကို ခြင့္လြတ္တယ္လို႔ မေျပာရေသးဘူး၊ ဂ်ီဂ်ီ မွားတယ္လို႔ ေျပာျပီးျပီေလ'


သူကိုင္ထားတဲ့ ကၽြန္ေတာ့္ လက္ေကာက္ဝတ္ကို တျခားလက္တစ္ဖက္နဲ႔ အသာအယာ ျဖည္ခ်လိုက္ေတာ့ ဂ်ီဂ်ီ႕လက္တို႔က ပိုျပီးေတာ့ တင္းက်ပ္သြားတယ္။ ဒါက ကၽြန္ေတာ္နဲ႔ သူနဲ႔ ၾကားက ပံုမွန္ ရွိေနက် အျဖစ္အပ်က္မ်ိဳးပါပဲ၊ သူက အမွားလုပ္တယ္၊ ျပီးရင္ တရားဝင္ ေတာင္းပန္တယ္။ ခြင့္လြတ္ပါတယ္ ဆုိတာကို မၾကားရမခ်င္း ဒါကို ၾကားခြင့္ရဖို႔ ကေလးေလးလို ေတာင္းဆိုေနက်၊ 


'မိုးကလည္း မိုးတို႔ တူးဝရီးၾကားမွာ ေတာင္းပန္တယ္ ဆုိတာ လိုေသးလို႔လား ဒီေလာက္ ရင္းႏွီးေနၾကတာကို'


ကၽြန္ေတာ္ ဘာမွမေျပာလုိက္ရေသးခင္ မီမီဒီပါက ဝင္ေျပာတယ္။ ကၽြန္ေတာ္ ခပ္ဖြဖြေလး ျပံဳးလိုက္မိတယ္။ 


'ဟုတ္သားပဲ လိုမွ မလိုတာ ဂ်ီဂ်ီ မင္း ေသြးပူေနတုန္းက ကိစၥကို ငါသိပါတယ္ သြားေတာ့မယ္'


သြားေတာ့မယ္ ဆိုတဲ့ ေျခလွမ္းတို႔က ဂ်ီဂ်ီ အိတ္ကပ္ထဲက ေဆးစာရြက္ေလး တစ္ခုကို လွမ္းျမင္လုိက္ျပီး ရပ္တန္႔သြားတယ္။ ဆတ္ခနဲ လွည့္လုိက္ျခင္းနဲ႔အတူ ေဆးစာရြက္ေလးကို လွမ္းယူလုိက္ေတာ့ ဂ်ီဂ်ီက ကမန္းကတမ္း လုိက္ဖမ္းတယ္။ ေဆးစာရြက္ေလးကို ဖတ္လိုက္ျပီးမွ 


'မင္း ျပန္ျဖစ္ေနတာလား၊ ဘာလို႔ ငါ့ကို မေျပာတာလဲ'


ဂ်ီဂ်ီ ငယ္တုန္းက ႏွလံုး အားနည္းဖူးတယ္။ ေဆးေသာက္ျပီး စိတ္ေလ့က်င့္ခန္းေတြ လုပ္ေပးျပီးမွ သာမာန္လူလို ထိန္းသိမ္းတတ္သြားလို႔ ေဆးျပန္ျဖတ္လုိက္လို႔ ရသြားတာ။ မစိုးရိမ္ရဘူး ဆိုရင္ေတာင္မွ ႏွလံုးဆိုတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းဟာ မေပါ့ဆသင့္တဲ့ ေနရာ၊ 


'ေလးငယ္ စိတ္ပူေနမွာ စိုးလို႔'


ဒီစကားက သူကပါ ကၽြန္ေတာ့္ကို သူ႔ရဲ႕ကိစၥေတြမွာ ဝင္မစြက္ဖက္နဲ႔လို႔ ေျပာလုိက္သလိုပဲ၊ 


'ငါက မင္းကို တရားဝင္ အုပ္ထိန္းခြင့္ လြဲေျပာင္းေပးလုိက္ရတာ မွန္ပါတယ္၊ ဒါေပမယ့္ မင္းကိုငါ အမ်ားၾကီး အကူညီေပးႏုိင္အံုးမယ္ ထင္ထားတာ ၾကည့္ရတာ'


သူက ကၽြန္ေတာ့္စကားကို ျဖတ္ေျပာတယ္။ 


'မဟုတ္ဘူး ဂ်ီဂ်ီ အခုမွ ေဆးခန္းက ျပန္လာလို႔ မေျပာျဖစ္ေသးတာပါ'


'က်န္းမာေရး ဆိုတာက ကိုယ္တိုင္မွ ဂရုမစိုက္ႏုိင္ရင္ အဆင္ေျပမွာ မဟုတ္ဘူးေလ ျပီးေတာ့ ေလးငယ္ကို အခ်ိန္တုိင္း အားကိုးလို႔ ရတာမဟုတ္ဘူးလို႔ မီမီက ေျပာျပထားလို႔ပါ'


ဂ်ီဂ်ီရဲ႕ ဆင္ေျခေနာက္မွာ မီမီဒီပါက စကားဝင္ေထာက္တယ္။ တကယ္က သူတို႔ အခုလို ျငင္းဆိုေနဖို႔မွ မလိုအပ္ပဲ၊ ကၽြန္ေတာ္ ေျပာခ်င္တာေလးေတာ့ ဆံုးေအာင္ ေျပာအံုးမွပါ။ 


'မင္း ပိုျပီးေတာ့ ရင့္က်က္လာျပီပဲ ဂ်ီဂ်ီ'


ကၽြန္ေတာ့္စကားေနာက္ကြယ္က အဓိပၸါယ္ေတြကို ဂ်ီဂ်ီ နားလည္မလား နားမလည္ဘူးလား ဆုိတာကို ကၽြန္ေတာ္ မေသခ်ာဘူး၊ ဒါေပမယ့္ ကၽြန္ေတာ့္ တာဝန္က ဂ်ီဂ်ီ ဘာပဲလုပ္လုပ္ သူလုပ္တာက အဓိပၸါယ္တစ္ခုခု ရွိျပီးသား ဆိုတာကို အသိအမွတ္ျပဳေပးဖို႔ပဲ၊ ဂ်ီဂ်ီရဲ႕ ရွင္သန္လာမႈ ပံုစံက အဲ့လိုမ်ိဳးပဲ၊ တင္းက်ပ္လုိက္တာထက္ အသိအမွတ္ျပဳေပးလုိက္တာက ပိုျပီး ထိေရာက္တယ္။ 


'ေနာက္က်ရင္ မင္း ဒီထက္ ပိုျပီး ရင့္က်က္လာမွာကို ေလးငယ္ သိပါတယ္'


အဲ့ဒီအခ်ိန္က်ရင္ မင္း ေလးငယ္ကို လိုအပ္ေတာ့မွာ မဟုတ္ဘူး၊ ဆိုတဲ့ စကားကိုေတာ့ ကၽြန္ေတာ္ မေျပာျဖစ္လုိက္ဘူး။ ေနာက္ရက္ေတြမွာလည္း လုပ္ဖို႔ ရွိတာကို သြားလုပ္ေပးျဖစ္တယ္။ သူ႔ဆီမွာ အိပ္ပါလို႔ သူက မေျပာေတာ့ အေႏွာင့္အယွက္ ျဖစ္မွာ စိုးလို႔ ကၽြန္ေတာ့္အိမ္မွာပဲ ျပန္အိပ္ျဖစ္တယ္။ တစ္ရက္ေတာ့ မီမီဒီပါကလည္း အိမ္မွာ ရွိေနတယ္။ ကၽြန္ေတာ္ကလည္း လုပ္ေပးဖို႔ ရွိတာေတြကို လုပ္ေပးဖို႔သြားေတာ့ ဂ်ီဂ်ီက ဟင္းခ်က္ေနတယ္။ 


ဂ်ီဂ်ီ ဟင္းခ်က္ေနတာကို မျမင္ရတာ ၾကာျပီမို႔ ကၽြန္ေတာ္ လွန္းလက္စ အဝတ္ကို ရပ္လုိက္ျပီးမွ တံခါးဝနားမွာတင္ ခဏေလာက္ ရပ္ၾကည့္ေနလိုက္မိတယ္။ ျမင္ေနရဲ႕နဲ႔ လြမ္းရတယ္ ဆိုတဲ့ ခံစားခ်က္မ်ိဳးက နာက်င္တာ မဟုတ္ေပမယ့္ ရင္ဘတ္မွာ တစ္ခုခုနဲ႔ တစ္ဆို႔ေနသလိုမ်ိဳး ခံရခက္တယ္။ 


'ေလးငယ္ အမဲသားစတိတ္စားမလား'


ကၽြန္ေတာ္ ျပန္ေျဖဖို႔ ၾကိဳးစားလုိက္တယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ထက္အရင္၊ 


'မိုးကလည္း အမဲသားက ညီတယ္၊ မစားပါနဲ႔ မိုးက ၾကိဳက္တာလည္း မဟုတ္ပဲနဲ႔'


ဂ်ီဂ်ီက ကၽြန္ေတာ့္ကို လွမ္းၾကည့္ေနဆဲ၊ ေသခ်ာတာေပါ့၊ ကၽြန္ေတာ္က ဂ်ီဂ်ီ မ်က္ႏွာပ်က္ေအာင္ ဒါမွမဟုတ္ ခက္ခဲေအာင္ လုပ္ႏုိင္တဲ့ စြမ္းရည္ မရွိဘူး ဆိုတာ၊ 


'မစားေတာ့ဘူး၊ မင္းခ်က္ထားတာေတြ ဒီေလာက္မ်ားတာ ထမင္းပဲ စားၾကမယ္'


ကၽြန္ေတာ္ အတည္ျပဳလုိက္ေတာ့မွ ဂ်ီဂ်ီက ခ်က္လက္စကို ျပန္လွမ္းတယ္။ ကၽြန္ေတာ္လည္း အဲ့ေနရာကေန လွည့္ထြက္လာခဲ့တယ္။ 


'မိုးကလည္း မီမီ အသားညီနံ႔ေတြ မၾကိဳက္တာ သိရဲ႕သားနဲ႔ ေမးေနတယ္'


မီမီဒီပါရဲ႕ ခပ္တိုးတိုး အျပစ္တင္သံကို ၾကားျဖစ္ေအာင္ ၾကားလိုက္ရတယ္။ 


'ေလးငယ္က အစားအေသာက္ေရြးတယ္ မီရဲ႕၊ မီမသိလို႔ ပံုစံၾကည့္ရင္ မထင္ရဘူး၊ မၾကိဳက္ဘူးဆို လံုးဝ မထိေတာ့တာမ်ိဳး'


ဂ်ီဂ်ီရဲ႕ ခပ္တိုးတိုး ရွင္းျပေနသံကိုလည္း ၾကားရတယ္။ 


'မီေတာ့ မၾကိဳက္ပါဘူး၊ မိုးရဲ႕ ဦးေလးအရင္းလည္း မဟုတ္ပဲနဲ႔ မိုးကို အရမ္းခ်ဳပ္ခ်ယ္သလို ခံစားရတယ္၊ ျပီးေတာ့ တရားလြန္ၾကီးလို႔ မိုး မခံစားမိဘူးလား'


ဂ်ီဂ်ီ၊ မင္းရဲ႕မီမီနဲ႔ မင္းမာမီၾကားကိုေတာ့ ငါက ေသြးမထိုးဘူး၊ ဒါေပမယ့္ မင္းနဲ႔ ငါ့ၾကားကို ေသြးထိုးေနျပီ၊ မင္း ဘယ္လို လုပ္မွာလဲ၊ 


လူတစ္ေယာက္ကို တစ္သက္လံုး ၾကည့္ေနခြင့္ ဆိုတာေလးကေတာင္ ေတာ္ေတာ္ ခက္ခဲပါလားလို႔ ကၽြန္ေတာ္ ခံစားမိလာတယ္။ မီမီဒီပါနဲ႔ ကၽြန္ေတာ္ ဆံုတိုင္းမွာ ဂ်ီဂ်ီက မ်က္ႏွာပ်က္ေနရတယ္။ တကယ္တမ္း ဂ်ီဂ်ီ မ်က္ႏွာပ်က္တာကို မၾကိဳက္တတ္တဲ့ ကၽြန္ေတာ္ကပဲ မီမီဒီပါကို တိမ္းေရွာင္ဖို႔ ဆံုးျဖတ္ရတယ္။ ဂ်ီဂ်ီကေတာ့ သူ႔ခ်စ္သူ မ်က္ႏွာပ်က္သြားမွာကို စိုးရိမ္ေနမွန္း သိသာေလရဲ႕၊ 


ဂ်ီဂ်ီနဲ႔မီမီဒီပါနဲ႔ ရွိေနႏိုင္တဲ့ အခ်ိန္ေတြကို ေရွာင္ျပီးမွပဲ ဂ်ီဂ်ီ အိမ္ကို သြားရတယ္။ သူတို႔ မျပန္လာႏုိင္ခင္မွာ ကၽြန္ေတာ္ ျပန္ဖို႔ ၾကိဳးစားရတယ္။ သိမ္ငယ္မႈ၊ အင္း ေျပာရရင္ ကၽြန္ေတာ္က သိမ္ငယ္တတ္တဲ့လူ မဟုတ္ေတာ့ သိမ္ငယ္တယ္ ဆုိတာ ဘာမွန္းမသိဘူး။ ဂ်ီဂ်ီက ကၽြန္ေတာ့္အေပၚမွာ စတင္ျပီး သိုဝွက္တတ္လာတယ္။ သူဘာျဖစ္ေနတယ္ ဆုိတာကို သူ႔ဆီကေန မသိရေတာ့ဘူး၊ အုပ္ထိန္းခြင့္ အာဏာကလည္း လြဲေျပာင္းလုိက္ရေတာ့ ကၽြန္ေတာ္က သူ႔အေၾကာင္းကို တရားဝင္ သိႏုိင္တဲ့ အေျခအေနမွာ မရွိေတာ့ဘူး။ 


ကၽြန္ေတာ္ သူ ဘာျဖစ္ေနတာလဲ၊ ဘယ္လိုေတြ ခံစားေနရပါတယ္ ဆုိတာကို သိခ်င္တယ္၊ ကၽြန္ေတာ္ တတ္ႏုိင္သေလာက္ သူ႔ကို ကာကြယ္ေပးခ်င္တယ္။ အားလံုးအတြက္ ကၽြန္ေတာ့္ရဲ႕ေလာဘက သူ႔ကို သိရွိေနခြင့္ ၾကည့္ေနခြင့္ေလးတင္၊ ဒါေပမယ့္ ဒီအေနအထားက ထင္ထားတာထက္ ပိုျပီး ခက္ခဲလာတယ္။ သူ႔ေရာဂါကို သိခ်င္ရင္ ဆရာဝန္ေတြနဲ႔ ဆက္သြယ္ရတယ္။ သူ႔အေၾကာင္းသိခ်င္ရင္ သူမဟုတ္ပဲ တျခားတစ္ေယာက္ကို ေမးျမန္းရတယ္။ 


မမက မီမီဒီပါနဲ႔ လံုးဝ သေဘာမတူဘူးလို႔ ေၾကျငာခ်က္ ထုတ္တယ္။ အဲ့ဒီေၾကျငာခ်က္အတြက္ မီမီဒီပါက ကၽြန္ေတာ့္ကို ဂ်ီဂ်ီမပါပဲနဲ႔ ေတြ႔ဆံုဖို႔ ေခၚတယ္။ အစကေတာ့ ကၽြန္ေတာ္ ျငင္းလုိက္ဖို႔ ေတြးမိေပမယ့္ မီမီဒီပါနဲ႔ ေတြ႔ဖို႔ကို ကၽြန္ေတာ္ လက္သင့္ခံလုိက္တယ္။ ကၽြန္ေတာ္တို႔ ေတြ႔ဆံုမႈက အသံတိတ္တဲ့ ေကာ္ဖီဆုိင္ေလး တစ္ခုထဲမွာ ျဖစ္တယ္။ 


'မိုးရဲ႕မာမီက လံုးဝ သေဘာမတူဘူးလို႔ ေျပာတာနဲ႔ ပတ္သတ္ျပီး ဦးခန္႔ညားဘက္က ေျပာခ်င္တာ ဘာရွိေသးလဲ'


'မရွိဘူး'


ဟုတ္တယ္၊ ကၽြန္ေတာ့္မွာ တကယ္ ဘာမွမရွိဘူး။ မမေရာ ဂ်ီဂ်ီေရာက ကၽြန္ေတာ္ တန္ဖိုးထားရတဲ့လူေတြ၊ ႏွစ္ေယာက္လံုး ထိခိုက္ဖို႔ကို ကၽြန္ေတာ္ ခြင့္မျပဳႏိုင္ဘူး၊ ဂ်ီဂ်ီ စိတ္ဆင္းရဲသြားဖုိ႔ကို ကၽြန္ေတာ္ လက္သင့္မခံႏုိင္သလို မမကိုလည္း ကၽြန္ေတာ္ သိရွိနားလည္ထားျပီးတဲ့လူ။ မမက အက်ိဳးအေၾကာင္း မခိုင္လံုပဲနဲ႔ ကိစၥတစ္ခုကို တားဆီးေလ့ မရွိဘူး။ 


'ဒါဆို မီမီနဲ႔ ပတ္သတ္ျပီး ဦးခန္႔ညားဘက္က ၾကားေကာင္းတာ တစ္ခုခု ေျပာေပးဖို႔ မရွိဘူးေပါ့'


'ကိုယ္တစ္ခုခု ေျပာလုိက္လို႔ လက္သင့္ခံသြားမယ့္လူေတြထဲမွာ ထိပ္ထားၾကည္စင္ မပါဘူးေလ'


အဲ့ဒါလည္း အမွန္ပဲ၊ ကၽြန္ေတာ္ ေက်ာ္လႊားႏုိင္တဲ့ အရာေတြထဲမွာ ထိပ္ထားၾကည္စင္ မပါဘူး၊ 


'မီမီ့အထင္ကေတာ့ ဦးခန္႔ညားသာ ဆိုးဝါးတာ တစ္ခုခု မေျပာထားဘူး ဆိုရင္ မိုးရဲ႕မာမီက အခုလို ျဖစ္စရာ လိုလို႔လား'


'အဲ့အေၾကာင္းေတာ့ ကိုယ္မသိဘူး၊ မမက ကိုယ့္ကို ျဖစ္ေစ ဂ်ီဂ်ီ႕ကို ျဖစ္ေစ မလိုအပ္ဘူး ဆိုရင္ အခ်ိန္ တစ္နာရီေတာင္ ေပးႏုိင္တဲ့လူမ်ိဳး မဟုတ္ဘူး၊ မိသားစုထမင္းဝိုင္း ဆိုတာမ်ိဳးေတာင္ ကိုယ္တို႔ မိသားစုမွာ မရွိဘူး'


'မိသားစု ဟုတ္လား'


မီမီဒီပါက ဟြန္႔ခနဲ မဲ့တယ္။ ေအာက္ႏႈတ္ခမ္းေလးခ်ည္းကို မဲ့ပစ္ျခင္းက ထိပ္ထားၾကည္စင္မွသာ လွႏုိင္တာမ်ိဳး၊ အဲ့ဒါ အမွန္တရားပဲ၊ မီမီဒီပါ မဲ့ပစ္လိုက္တာက ဂ်ီဂ်ီသာ ငယ္ေသးတဲ့ အေနအထားနဲ႔ ျမင္လုိက္ရင္ စႏိႈးဝိႈက္ဇာတ္လမ္းထဲက စုန္းမၾကီးပါလို႔ ထေျပာခ်င္ ေျပာမွာ၊ ဒါေပမယ့္ ကၽြန္ေတာ္ မထင္ထားလိုက္တဲ့ အခ်ိန္မွာပဲ ဂ်ီဂ်ီက ကၽြန္ေတာ္ သတ္မွတ္ထားတာထက္ ပိုျပီးေတာ့ ရင့္က်က္သြားျပီ။ 


'မီကေတာ့ေလ အမွန္အတိုင္း ရရင္ ဦးခန္႔ညားက ဂ်ီဂ်ီကို မရိုးသားဘူးလို႔ပဲ ထင္တယ္၊ ဦးေလးနဲ႔တူ ဆိုျပီး ေျပာေနေပမယ့္ ဦးခန္႔ညားရဲ႕ အျပဳအမူေတြက ရိုးမွမရိုးရွင္းပဲ'


ဟင့္အင္း၊ ဘယ္သူေတာ့ မသိေစ၊ ဘယ္သူေတာ့ သိေစ ဆိုျပီး ကၽြန္ေတာ္ သိုဝွက္ထားတာမ်ိဳး မရွိသလို၊ ဂ်ီဂ်ီေတာ့ သိပါေစ ဆိုျပီး ခ်ျပခဲ့ဖူးတာလည္း မရွိဖူးဘူး။ ကၽြန္ေတာ္ တတ္ႏုိင္တာကို ေပးမယ္။ ကၽြန္ေတာ္ မတတ္ႏုိင္တာကို မေပးဘူး။ ကၽြန္ေတာ္ ကာကြယ္ ေပးႏိုင္တာက လက္တစ္ဝါးစာ ဆိုရင္ေတာင္ အဲ့ဒီလက္တစ္ဝါးစာနဲ႔ ရေအာင္ ကာကြယ္ေပးဖို႔ ဆႏၵရွိတယ္။ ဒီမိန္းကေလး ေျပာရဲလုိက္တာလို႔ ကၽြန္ေတာ္ ခြန္းတုန္႔ျပန္မယ့္လူလည္း မဟုတ္ဘူး။ ကၽြန္ေတာ္ရဲ႕ ခ်စ္ျခင္းေမတၱာဟာ ျဖဴစင္သလား မျဖဴစင္ဘူးလား ဆိုျပီး အစမ္းသပ္ခံဖို႔လည္း မလိုဘူး။ 


ဂ်ီဂ်ီ သိသြားသည္ ျဖစ္ေစ တစ္သက္လံုး မသိနားမလည္ဘူး ျဖစ္ေစ ကၽြန္ေတာ္ ေပးႏိုင္သမွ်ကို ေပးရင္းနဲ႔ ကၽြန္ေတာ္ ကာကြယ္ႏုိင္သေလာက္ ကာကြယ္ရင္းနဲ႔ ဂ်ီဂ်ီရဲ႕ ျဖစ္တည္မႈ အားလံုးကို အေလးထား တန္ဖိုးထားျပီးေတာ့ သူ႔ကို ဒီအတိုင္းေလး ၾကည့္ေနခ်င္ရံုေလးတင္။ အဲ့လိုမွ မဟုတ္ပဲနဲ႔ တစ္စံုတစ္ဦး တစ္ေယာက္က ေမးမ်ား ေမးလာခဲ့ရင္၊ 


ေသခ်ာတာေပါ့၊ ကၽြန္ေတာ္ မဝံ့မရဲ ရွက္ရြံ႕ ေၾကာက္လန္႔ျပီး ညာပစ္လိုက္ဖို႔မွ မရွိတာ။ ဒါေပမယ့္ ဝန္ခံလုိက္ဖို႔ထိ လိုခ်င္မွ လိုမွာေလ။ 


'ဘယ္လို အျပဳအမူေတြကလဲ'


'ဒါကေတာ့ ေဘးလူမွ ျမင္ႏုိင္တာမ်ိဳးပါ'


'ဒါဆို မင္းကိုယ္မင္း ေဘးလူလို႔ သတ္မွတ္ထားတာလား ဂ်ီဂ်ီ႕အနားမွာ ေနေနျပီးေတာ့ေလ'


'မီက ေဘးလူလို႔ မသတ္မွတ္ခ်င္ပါဘူး၊ ဒါေပမယ့္ ဦးခန္႔ညားနဲ႔ ယွဥ္လုိက္တုိင္း မီက ေဘးကိုပဲ ေရာက္ေရာက္သြားတတ္လြန္းလုိ႔'


ကၽြန္ေတာ္ ေကာ္ဖီကို တစ္ငံုေသာက္လုိက္ျပီးမွ တြန္႔ခနဲ ျပံဳးမိတယ္။ အပိုင္ရဖို႔ ေသခ်ာေနတဲ့လူက ေဘးကို ေရာက္ေရာက္သြားတတ္ လြန္းလို႔ ဆုိေတာ့ ကၽြန္ေတာ္က ဘာမ်ား ေျဖသိမ့္ေပးရမလဲ ဆုိတာကို ေတြးမိတယ္။ ေနာက္ဆံုးမွာ ကၽြန္ေတာ္ ေကာ္ဖီခြက္ကို ျပန္ခ်လိုက္ျပီးမွ ခပ္တိုးတိုး ရယ္မိတယ္။ 


'ဂ်ီဂ်ီ ဘာအေရာင္ ၾကိဳက္တတ္လဲ မင္းသိလား'


မီမီဒီပါက ကၽြန္ေတာ့္ကို မ်က္ေမွာင္ကုတ္ရင္း ၾကည့္ေလတယ္။ သူမက ေျဖဖို႔ အေျဖရွာေနသလိုနဲ႔ တူတယ္။ 


'သူက အစိမ္းႏုေရာင္ကို ၾကိဳက္တယ္၊ ဒါေပမယ့္ အဲ့အေရာင္က မိန္းကေလးဆန္တယ္ ဆိုျပီး သူသိပ္မသံုးဘူး၊ အျပာႏုေရာင္ကို အစားထိုးျပီး သူသံုးတယ္'


'ဒါကေတာ့'


'မင္း ဂ်ီဂ်ီကို စိတ္ပါဝင္စားမႈ နည္းရင္ သိမွာ မဟုတ္ဘူး၊ ဘာလို႔လဲ ဆုိေတာ့ ဂ်ီဂ်ီက မေျပာျပတတ္ဘူး၊ သူ႔ကို အကဲခတ္ရတာ'


မီမီဒီပါက ေအာင္ႏုိင္သူ အျပံဳးမ်ိဳးနဲ႔ ေကာက္ခ်က္ခ်တယ္။ 


'ႏွေျမာေနတာ မဟုတ္လား'


'အင္း ဟုတ္တယ္၊ သူ႔ကို မခ်စ္တဲ့ မိန္းကေလး လက္ထဲကို ထည့္ရမွာေတာ့ ကိုယ္တကယ္ပဲ ႏွေျမာတယ္ မျဖစ္ႏုိင္မွန္းသိေပမယ့္ မင္းသူ႔ကို စိတ္ရင္းနဲ႔ ခ်စ္ေပးႏုိင္မလားဆိုတာမ်ိဳးလည္း ေမွ်ာ္လင့္မိတယ္၊ ျဖစ္မွမျဖစ္ႏိုင္တာကို'


မေက်မနပ္တဲ့ ေလသံ အနည္းငယ္ေလးေတာင္မွ မပါဝင္ပါေစပဲနဲ႔ ကၽြန္ေတာ္ တိုးတိုး ေျပာမိတယ္။ တိုက္တြန္းတာမ်ိဳး မဟုတ္ရင္ေတာင္မွ ကၽြန္ေတာ္ ဂ်ီဂ်ီရဲ႕အနာဂတ္သက္ဆိုင္သူ ျဖစ္လာမယ့္ မိန္းကေလးကို ဒီေလာက္ေတာ့ ေျပာျပခ်င္တယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ျပန္ရလိုက္တာက ကၽြန္ေတာ့္ကို ခနဲ႔ျခင္း သက္သက္ပဲ။ 


'ဘယ္လိုပဲ ေျပာေျပာ ဂ်ီဂ်ီက မီ့ကို ယူဖို႔က ေသခ်ာတယ္၊ သူ မီ့ကို ခ်စ္တယ္'


ဒီမိန္းကေလးက သူ ဂ်ီဂ်ီ႕ကို ခ်စ္ခ်စ္ မခ်စ္ခ်စ္ ဂ်ီဂ်ီ႕ကို ပိုင္ဆိုင္ဖို႔ ၾကိဳးစားအံုးမွာပဲလို႔ ေၾကျငာေနတာနဲ႔ တူတယ္။ မမ လိုခ်င္တာက ဒီလိုမ်ိဳး ေခၽြးမ မဟုတ္ဘူး ဆိုတာကို ကၽြန္ေတာ္ ေျပာျပလိုေသးတယ္။ အေၾကာင္းျပခ်က္က ဂ်ီဂ်ီက ဒီမိန္းကေလးကို အေလးထားလို႔၊ 


'မမကေျပာတယ္၊ ဂ်ီဂ်ီအနားက လက္တြဲေဖာ္က ေငြမလိုဘူး၊ အိမ္မႈကိစၥ လုပ္တတ္တာ ဘာညာ ဆိုတာမ်ိဳးနဲ႔ တိုင္းတာမထားဘူး၊ စိတ္ရင္းေကာင္းရမယ္ ဆိုတာကိုေတာင္ မမ ပယ္ခ်ထားေပးႏုိင္တယ္၊ မမလိုခ်င္တာ တစ္ခုတည္း ဂ်ီဂ်ီ႕ကို စိတ္ရင္းအမွန္နဲ႔ ျမတ္ႏိုးျပီး တန္ဖိုးထားေပးဖို႔'


သူမက ေနာက္ထပ္တစ္ၾကိမ္ မဲ့ပါတယ္။ 


'ဂ်ီဂ်ီက မီ့ကို ခ်စ္ေနတာနဲ႔ပဲ ျပည့္စံုျပီ မဟုတ္ဘူးလား'


'ဟုတ္တယ္၊ သူ မင္းကို ခ်စ္တယ္၊ ဒါေပမယ့္ မင္း မေမ့သင့္တာက ကိုယ္က အရင္လူ သူဘယ္လို ေနထိုင္ခဲ့တယ္၊ ဘာလိုအပ္တယ္ ဆုိတာကို အစအဆံုး ၾကည့္လာခဲ့တဲ့လူ၊ တစ္ခဏသာ စိတ္ဝင္စားမႈမ်ိဳးနဲ႔ မင္း ဂ်ီဂ်ီကို အၾကာၾကီး မဆြဲထားႏုိင္ဘူး၊ မင္းသူ႔ကို သိနားလည္ဖို႔ မၾကိဳးစားပဲနဲ႔ သူ႔အနားမွာ အၾကာၾကီး ေနႏုိင္မွာ မဟုတ္ဘူး၊ အဲ့လိုေန႔ ေရာက္လာခဲ့ရင္ နာက်င္မယ့္သူက ဂ်ီဂ်ီ၊ ခံျပင္းမယ့္သူက မင္း၊ ႏွစ္ေယာက္လံုး ေကာင္းတာ မရွိဘူး၊ ဒါေတာင္ မင္း ေရွ႕ဆက္တိုးမွ ျဖစ္မွာလား'


'ရွင္ စိုးရိမ္ေနတာက ရွင့္လက္ထဲကေန ကၽြန္မက လုယူသြားမွာကိုလား၊ အဲ့ဒါကို ခြင့္မျပဳႏိုင္တာ မဟုတ္လား'


'ခြင့္မျပဳႏိုင္တာ မဟုတ္ဘူး၊ ခြင့္မျပဳေပးခ်င္တာပါ၊ မင္းလို တန္ဖိုးမထားတတ္တဲ့ မိန္းကေလးမ်ိဳးကို ငါ တန္ဖိုးအထားဆံုးအရာ ေပးဖို႔က မလြယ္ဘူး မဟုတ္လား'


'ရွင္ ဂ်ီဂ်ီ႕ကို ဆံုးရံႈးရမွာ ေၾကာက္ေနတာ မဟုတ္လား'


'ငါ သူ႔ကို ခ်စ္တဲ့အခ်စ္က မင္းထင္ေနသလို မျဖဴစင္ဘူး ဆိုရင္ေတာင္ ဆံုးရံႈးရမွာကိုေတာ့ ေၾကာက္ဖို႔မလိုဘူး၊ စစ္မွန္တာမို႔''


'ရြံလိုက္တာ ရွင္က တူေလး တူေလး ဆိုျပီးေတာ့'


'ဂ်ီဂ်ီ ဒီရက္ပိုင္း ေနမေကာင္းဘူး၊ ဆရာဝန္ေတြဆီ သြားတာလည္း စိပ္တယ္၊ အိပ္လည္း မေပ်ာ္ဘူး'


'အဲ့ဒါေတြ ဘာလို႔ လာေျပာေနရတာလဲ'


'မင္းပဲ ဂ်ီဂ်ီကို ယူမယ္ဆို၊ ဒီေလာက္ကေတာ့ လူခ်င္းအတူတူေတာင္မွ ဂရုစိုက္ေပးႏုိင္တာမ်ိဳးေတြပါ'


'ရွင္!!'


'မင္းရဲ႕မိဘေတြေၾကာင့္မို႔ မင္း ဂ်ီဂ်ီ႕အနား ေရာက္လာတာပဲ ျဖစ္ျဖစ္၊ မင္းတို႔ ဂ်ီဂ်ီဆီကေန ထိပ္ထားၾကည္စင္ရဲ႕သား ဆိုတာကို မက္ေမာတာပဲ ျဖစ္ျဖစ္ ငါ ထားလိုက္လို႔ ရတယ္၊ ဒါေပမယ့္ ဂ်ီဂ်ီ႕ကို ဂရုစိုက္ေပး၊ မင္းတို႔ ေငြမက္တာကို ငါက ဘာမွမေျပာလိုဘူး'


'ရွင္ စကားေျပာတာ အရမ္းတရားလြန္ေနျပီ'


အဲ့ဒီစကားရဲ႕ အေရာက္မွာ ေကာ္ဖီခြက္ထဲက ေကာ္ဖီတခ်ိဳ႕က ပ်ံတက္လာတယ္။ ကၽြန္ေတာ္ ဝတ္ထားတာ ရွပ္အက်ႌ အျဖဴစင္းနဲ႔ ေကာ္ဖီေတြ ေပက်ံသြားလို႔ မျဖစ္ဘူး။ ကၽြန္ေတာ္လည္း အသန္႔ၾကိဳက္ေသးတယ္။ ကၽြန္ေတာ္ ေရွာင္ပစ္လိုက္ေတာ့ သူမက ထရပ္ျပီးမွ တစ္ခြန္းခ်င္း ေမးတယ္။ 


'တိတိက်က် ေျဖ၊ ရွင္ ဂ်ီဂ်ီကို ဦးေလး တစ္ေယာက္ထက္ ပိုျပီးေတာ့ ခ်စ္လား မခ်စ္ဘူးလား'


'ေျဖမွျဖစ္မွာလား'


'ဂ်ီဂ်ီေၾကာင့္မို႔ ေနာင္တမရခ်င္ဘူး ဆိုရင္ေတာ့ ေျဖ'


'ငါ့တစ္ဘဝလံုးမွာ ဂ်ီဂ်ီ႕ေၾကာင့္မို႔ ဆိုျပီးေတာ့ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူး၊ ငါ့ေမတၱာစူးမွာ စိုးလုိ႔'


'ေတာက္!!'


မီမီဒီပါနဲ႔ ကၽြန္ေတာ္ ေျပလည္ဖို႔ ၾကိဳးစားတယ္ ဆိုတာက ဂ်ီဂ်ီေရွ႕မွာပဲ တတ္ႏိုင္တယ္။ ကၽြန္ေတာ္ကလည္း လ်ာေစာင္းထက္တဲ့ လူတစ္ေယာက္ပဲ၊ တစ္ခုခု ေျပာလိုက္လို႔ ျငိမ္ခံေနမယ့္အထဲမွာ ကၽြန္ေတာ္မပါဘူး။


ဒါေပမယ့္ မမကိုေတာ့ မရအရ သြားေတြ႔ျပီး ေျပာျပျဖစ္တယ္။ ဂ်ီဂ်ီက မီမီဒီပါ ဆိုတဲ့ မိန္းကေလးကို ေမတၱာသက္ဝင္ေနပါတယ္ ဆိုတဲ့အေၾကာင္း၊ မမက ျငင္းေပမယ့္ ေစ့စပ္ေပးဖုိ႔ထိ လက္ခံေပးခဲ့တယ္။ ေစ့စပ္ပြဲကို အတတ္ႏိုင္ဆံုး အက်ဥ္းခ်ံဳ႕ဖို႔ မမက စီစဥ္ေစတယ္။ တကယ္လည္း လူအင္အားနည္းပါးစြာနဲ႔ ေစ့စပ္ပြဲကို ျပင္ဆင္ခဲ့တယ္။ 


ကၽြန္ေတာ္တို႔ ဘက္က လူအင္အားနည္းပါးစြာ ဆိုေပမယ့္ မီမီဒီပါတို႔ ဘက္ကေတာ့ ထိုသို႔ မဟုတ္ခဲ့ပါပဲနဲ႔ လူေတြ အမ်ားအျပားကို ဖိတ္ၾကားလုိက္ေလတယ္။ ဂ်ီဂ်ီက အဲ့ဒီအတြက္ မ်က္ႏွာပ်က္ေနေပမယ့္ ဘယ္သူတစ္ဦးတစ္ေယာက္မွေတာ့ မမေလာက္ မ်က္ႏွာမမာေလဘူး။ မမဟာ အလိုမက်ျခင္း ၾကီးစြာနဲ႔ မ်က္ႏွာက တင္းျပတ္ေနတယ္။ 


ကၽြန္ေတာ္ ဂ်ီဂ်ီ႕မ်က္ႏွာကို လိုက္ၾကည့္ျပီးမွ မေန႔ညတုန္းက အိပ္ေရးပ်က္ခဲ့တယ္ ဆုိတာကို အတိက် ေျပာႏုိင္တယ္။ ေမးဖို႔ ၾကိဳးစားလိုက္ေပမယ့္ မီမီဒီပါရဲ႕ ဆြဲေခၚသြားျခင္းမွာ ကၽြန္ေတာ္ ေမးဖို႔ အခ်ိန္မရလိုက္ေလဘူး။ ေစ့စပ္ပြဲကို အက်ဥ္းခ်ဳံ႕ပါမယ္ ဆုိမွ ဘယ္ကေန ဘယ္လို သတင္းၾကားမွန္း မသိပါပဲနဲ႔ မီဒီယာေတြက ေရာက္ခ်လာတယ္။ မမကို စီးပြားေရး ဂ်ာနယ္ေတြ စိတ္ပါဝင္စားၾကမွန္း သိေပမယ့္ အခုေလာက္ထိလို႔ မထင္ထားတာေၾကာင့္ ကၽြန္ေတာ္ ဘာလုပ္ေပးရမလဲ ဆုိတာကို ေတြးပူမိေပမယ့္ မမက ကၽြန္ေတာ့္ထက္ ပိုျပီး ၾကိဳေတြးမိထားဟန္ တူတယ္။ 


မမနဲ႔ကၽြန္ေတာ္ အနားမွာ ဝိုင္းရံေပးလုိက္တဲ့ လူေတြ ေပၚလာခဲ့တယ္။ သတင္းေထာက္ တစ္ဦးက အသံက်ယ္က်ယ္နဲ႔ ေမးခြန္း တစ္ခုကို လွမ္းေမးလာတယ္။ 


'ေရွ႕ေန ဦးခန္႔ညားၾကည္စင္က မိုးသားၾကည္စင္ရဲ႕ ခ်စ္သူ မီမီဒီပါကို အျပင္မွာ ခ်ိန္းဆိုျပီး မလိုလားတဲ့အေၾကာင္းေတြ ေျပာခဲ့တယ္ဆို အဲ့ဒါ ဟုတ္ပါသလား'


မမက စကားတစ္ခြန္းကို ထေမးလုိက္တယ္။ 


'အဲ့ဒီေမးခြန္းက အခုလို ႏွစ္ဖက္ေဆြမ်ိဳးမိဘေတြ စံုညီေနတဲ့ ေစ့စပ္ပြဲမွာ ေမးရမယ့္ ေမးခြန္းလို႔ မင္းထင္ေနတာလား၊ ဒါမွမဟုတ္ မင္းက ေပၚတင္ ရန္တိုက္ေပးေနတာလား'


သတင္းေထာက္ေတြ ရုတ္တရက္ ဆြံ႔အသြားေအာင္ မမက ေျပာလိုက္ႏိုင္တယ္။ ဒါေပမယ့္ အစတည္းက စီစဥ္ထားပံုရတဲ့ သတင္းသမားေတြက ဒီေလာက္နဲ႔ ရပ္သြားဖို႔ ဆႏၵမရွိဟန္ပါပဲ၊ 


'ဦးခန္႔ညားၾကည္စင္က မိုးသားၾကည္စင္ အေပၚမွာ မိသားစုထက္ ေက်ာ္လြန္ျပီးေတာ့ စိတ္ခံစားခ်က္ ရွိတယ္ ဆိုတာ အမွန္ပဲလား'


ဒီလို ေမးခြန္းမွာေတာ့ ကၽြန္ေတာ္က မီမီဒီပါဆီကိုသာ လွမ္းၾကည့္လိုက္မိတယ္။ မီမီဒီပါက ကၽြန္ေတာ့္ကို ဟန္ပါပါ ျပံဳးျပေလရဲ႕၊ သိပ္မၾကာခင္မွာပဲ သီခ်င္းဖြင့္တဲ့ ဖန္သားျပင္ထက္မွာ မီမီဒီပါနဲ႔ ကၽြန္ေတာ္ ေတြ႔ဆံုတုန္းက အေၾကာင္း မွတ္တမ္းတင္ထားတဲ့ ပံုရိပ္ေတြက ေပၚလာတယ္။ ကၽြန္ေတာ္ အဲ့ေန႔တုန္းက စိတ္လိုလက္ရနဲ႔ အားလံုးကို ဝန္ခံထားခဲ့တာ။ ကၽြန္ေတာ္ ရုတ္တရက္ ဘာလုပ္ရမယ္ ဆုိတာကို ေမ့ေလ်ာ့သြားမိတယ္။ ကၽြန္ေတာ့္ကို ခန္းမရဲ႕ ဗီဗီအိုင္ပီအခန္းထဲထိ ဘယ္သူက လာျပီး ဆြဲေခၚသြားတယ္ ဆုိတာပါ ကၽြန္ေတာ္ မသိႏုိင္ေတာ့ဘူး။ 


ဗီဗီအိုင္ပီ ခန္းမအေသးေလး ထဲကို ေရာက္မွ ကၽြန္ေတာ္ အသိျပန္ဝင္လာတယ္။ ပထမဆံုး လုိက္ရွာမိတာက ဂ်ီဂ်ီပဲ၊ မမက ကၽြန္ေတာ့္ကို မ်က္ေမွာင္ကုတ္ျပီး ၾကည့္ေနတယ္။ ဒါေပမယ့္ ဂ်ီဂ်ီရဲ႕အိမ္အထိကို ဘာမွမေျပာမဆိုေသးပဲနဲ႔ ကားလမ္းေၾကာင္းကို ဦးတည္ေစတယ္။ ဂ်ီဂ်ီ႕အနားမွာ မီမီဒီပါနဲ႔ သူ႔အစ္မဝမ္းကြဲ တစ္ဦးက လိုက္ပါလာတယ္။ မမက ဂ်ီဂ်ီအိမ္ထဲထိ ကၽြန္ေတာ့္ကို ဆြဲေခၚသြားျပီးမွ ေမးတယ္။ 


'ခန္႔ညား အဲ့ဒါ ဘယ္လို ျဖစ္တာလဲ'


ကၽြန္ေတာ္ ေျဖဖို႔ စကားမရွိဘူး၊ ကၽြန္ေတာ့္လိုအပ္ခ်က္ပဲ၊ တကယ္က ကၽြန္ေတာ္ ဒီလို ျဖစ္လာႏုိင္တယ္ ဆုိတာကို ေမ့ေလ်ာ့သြားမိတာ။ 


'ကၽြန္ေတာ္'


ကၽြန္ေတာ္ စကားစလိုက္တာနဲ႔ အားလံုးရဲ႕ အၾကည့္ေတြက ကၽြန္ေတာ့္ဆီမွာ၊ 


'ေတာင္းပန္ပါတယ္'


'လူတစ္ေယာက္က မင္းကို ကင္မရာနဲ႔ ရိုက္ယူထားႏုိင္ေလာက္ေအာင္ မင္းညံ့သြားျပီလား ဖီးလက္စ္'


ေတာ္ေသးရဲ႕၊ ဖီးလက္စ္ ဆိုတဲ့ နာမည္ေလး မမဆီကေန ေပၚလာေသးလို႔၊ 


'မိုးကို မီေျပာသားပဲ မိုးရဲ႕ေလးငယ္က မိုးကို မူမမွန္ဘူး ဆုိတာ'


ဂ်ီဂ်ီကို လွမ္းၾကည့္လိုက္ေတာ့ မေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္ကို ၾကံဳေတြ႔ေနရတာထက္ လြန္ကဲတဲ့ အျပဳအမူေတြနဲ႔ ျဖစ္ေလတယ္။ 


'ေလးငယ္ မဟုတ္ဘူး ဦးခန္႔ညားၾကည္စင္'


ဂ်ီဂ်ီ႕ဆီကေန ဦးခန္႔ညားၾကည္စင္ဆုိတဲ့ နာမည္ကို ၾကားလိုက္ရတာက နားထဲကို ေရေအးေတြ ေလာင္းခ်ခံလိုက္ရသလိုပဲ၊ ေအးစိမ့္ျပီးေတာ့ ခါးသက္လြန္းတယ္။ ဂ်ီဂ်ီက ဆက္ေျပာတယ္။ 


'ခင္ဗ်ားကၽြန္ေတာ့္အေပၚမွာ ရိုးသားရဲ႕လား၊ မူမွန္ရဲ႕လား'


အေျဖရခက္ဆံုးေသာ ေမးခြန္းကို ဂ်ီဂ်ီက ေရြးျပီး ေမးတတ္တယ္။ ကၽြန္ေတာ္ တစ္သက္လံုး မူမွန္တယ္လို႔ ယူဆလာခဲ့တဲ့ အေၾကာင္းအရင္းက ဂ်ီဂ်ီ႕အတြက္ မူမမွန္ဘူးလား။ ကၽြန္ေတာ္ ေၾကာင္အစြာ ေငးေနမိတယ္။ ျပီးမွ ဆတ္ခနဲ ေခါင္းညိတ္ပစ္လိုက္တယ္။ 


'မင္းထင္တဲ့အတုိင္းပဲ'


@@@@@@@@@


ဆက္ရန္---


စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။


စြဲညိဳ႕



rate now:

2 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:15 5

    good

    reply

  • reader NangKhinWin 09.12.2019, 23:46 5

    good

    reply