book

Index 6

Part-6

Nephew-6


@@@@@


နှစ်ဖက်ရှေ့နေ နှစ်ဦးက တရားရုံးအခန်းအတွင်းသို့ မဝင်သေးခင်မှာ လင်မယား နှစ်ယောက်ကို ပိုင်ဆိုင်မှုခွဲတမ်း ဝေမျှဖို့ ကြိုးစားကြတယ်။ နှစ်ယောက်က မျက်နှာချင်းမဆိုင်ချင်ဘူး ဆို၍ တစ်ကြိမ်တည်းနှင့် အပြီးလုပ်ရန်သာ ရှေ့နေနှစ်ဦးက ကြိုးစားကြရတာ ဖြစ်တယ်။ နှစ်ဦးသားက မျက်နှာချင်းမဆိုင်ဘူးဆို အမှန်တကယ်ကိုပဲ မျက်နှာချင်း မဆိုင်လိုကြတာ ဖြစ်နိုင်လေတယ်။ 


မျက်နှာချင်းဆိုင် ထိုင်ခုံတွေမှာ ထိုင်နေကြတာတောင်မှ တစ်ဦးနှင့်တစ်ဦး တစ်ကြိမ်မျှပင် မျက်လုံးချင်း မဆုံကြပေ။ ဟိုဘက်လွဲ ဒီဘက်လွဲ ခေါင်းငုံ့ အနေအထားအမျိုးမျိုးဖြင့် မျက်လုံးချင်း ဆုံဖို့ကို ရှောင်ကြတယ်။ ပြောရလျှင် အမျိုးသမီးဘက်ကဟု ဆိုရမည်။ အမျိုးသားကတော့ ထိုသို့ မဟုတ်ပဲနှင့် တစ်ချိန်လုံး သူ့အမျိုးသမီးကိုသာ လိုက်ကြည့်နေလေတယ်။ 


'ဒီ တောင်ကြီးက အိမ်နဲ့ခြံကိုရော'


'သူ့ကိုပေးလိုက်'


ပေးလိုက် ဆိုတာကလည်း ထွက်လာလိုက်တာ ပြိုင်တူ၊ ရှေ့နေ့ နှစ်ဦး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ကျီးကြည့် ကြောင်ကြည့်၊ 


'မန္တလေးက အိမ်နဲ့ခြံ၊ ပြီးတော့ ကားနဲ့ ဆိုင်ကယ် နှစ်စီး'


'အိမ်၊ ခြံနဲ့ ကားကို သူယူပါစေ ဆိုင်ကယ် နှစ်စီးတော့ ကျွန်တော်ယူမယ်'


အမျိုးသားအမှုသည်က ကျွန်တော့်လူမို့ သူလိုချင်တာကို မှတ်ထားပေးရမှာက ကျွန်တော့်တာဝန်၊ 


'အိုး ဆိုင်ကယ်နှစ်စီးတော့ သူ့ကို မပေးနိုင်ဘူး အိမ်၊ ခြံနဲ့ ကားကိုပဲ ပေးလိုက်ပါ၊ ဆိုင်ကယ်က ကျွန်မဟာ၊ လိုင်စင်ကအစ ကျွန်မနာမည်နဲ့'


နောက်ထပ်တစ်ကြိမ် ရှေ့နေ နှစ်ဦးသား မျက်လုံးချင်း စုံမိကြပြန်တယ်။ ဒီလင်မယားဟာ ဥစ္စာပစ္စည်းခွဲဝေနေခြင်းမှာ တန်ဖိုးကြီးတာတော့ မင်းယူ မင်းယူ၊ ဖြစ်နေသလားလို့၊ 


'လိုင်စင်က မင်းနာမည်ပေမယ့် ငါ့ဝင်ငွေနဲ့ ဝယ်ထားတာ၊ ငါရသင့်တယ်'


အမျိုးသားက ဒါကို အလျော့ပေးလိုသည့် မူဟန် မတွေ့ပေ။ အမျိုးသမီးကလည်း မျက်နှာထားမာမာဖြင့် မျက်နှာလွဲလျက်၊


'ဒါဆိုလည်း ပေါက်ဈေးအတိုင်း ကျွန်မ ပြန်ဝယ်မယ်'


လွဲနေတာက သေးသေးလေး မဟုတ်ဘူးလားလို့ ကျွန်တော် တွေးထင်မိလာတယ်။ အမျိုးသမီးဘက်က ရှေ့နေမှ၊


'လားရှိုးက အိမ်နဲ့ခြံ'


'အဲ့ဒါ ကျွန်မယူမှာ'


အဲ့ဒီအခါမှာ အမျိုးသားက မျက်ရည်ဝေသော မျက်လုံးဖြင့် ကျွန်တော့်ကို အားကိုးတကြီး ကြည့်လာပြီးမှ ဆိုတယ်။ 


'လားရှိုးက အိမ်နဲ့ခြံကလွဲရင် သူလိုချင်တာ အားလုံးပေးလိုက်ပါ အဲ့ဒါတော့ ကျွန်တော် လုံးဝမပေးနိုင်ဘူး'


'ဘယ်လိုပဲ ဖြစ်ဖြစ် လားရှိုးက အိမ်နဲ့ခြံက ကျွန်မမိဘလက်ထက် ကတည်းက ကျွန်မအိမ်'


'ပုလဲ မင်း တော်တော် ပြတ်သားတဲ့မိန်းမ'


အမျိုးသားက မချိတင်ကဲ ရေရွတ်တယ်။ အမျိုးသမီးက မျက်နှာလွဲထားဆဲ။ ရှေ့နေနှစ်ဦးသားက ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတဲ့ အနေအထား။ နောက်ဆုံးတော့ ကျွန်တော် ဖိုင်တွေကို ချလိုက်ပြီးမှ မတ်တပ်ရပ်လိုက်တယ်။ 


'ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်လည်း မစောတော့ဘူး ဆိုတော့ နေ့လည်စာ စားလိုက်ကြမလား'


ကျွန်တော်ပြောလိုက်တာကို ကျွန်တော့်ဘက်လူနဲ့ ရှေ့နေက သဘောတူတယ်။ အမျိုးသမီးက အနည်းငယ် အင်တင်တင် ဖြစ်နေပေမယ့် နောက်တော့ ထလိုက်လာတယ်။ ထမင်းမှာပြီးလို့ ထမင်းတွေ ရောက်လာတဲ့ အချိန်ကျတော့ ကျွန်တော် ထိုင်နေရာကနေ ထရပ်လိုက်တယ်။ 


'ကျွန်တော် ခဏ သွားဖို့ ရှိလို့'


စကားတစ်ပိုင်းတစ်စနဲ့ ထရပ်လိုက်ပြီးတော့ ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။ ခဏကြာတော့ ကျွန်တော့် အနောက်ကနေ အမျိုးသမီးရဲ့ ရှေ့နေက လိုက်လာတယ်။ ကျွန်တော့်ကို အမှီလျှောက်လာပြီးမှ စကားလာပြောတယ်။ 


'ဒီလူတွေဗျာ စိတ်ကလည်း ပြတ်နိုင်ကြတာလည်း မဟုတ်ပဲနဲ့'


'ကျွန်တော်တို့ သူတို့ကို ခပ်စောစော ထိပ်တိုက် တွေ့ပေးသင့်တာပါ'


တစ်ခါတစ်လေမှာ မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်မှ မပြေလည်ဘူး ထင်တဲ့အရေးတွေက ထင်ထားတာထက် ပိုပြီး ပြေလည်သွားနိုင်တဲ့ အခြေအနေတွေ ရှိနေနိုင်တာကို တချို့လူတွေက လက်မခံလိုကြဘူး။ အခု လက်ရှိ ကျွန်တော့်အမှုသည်လိုမျိုး၊ 


'ကျွန်တော်ကတောင် ကိုခန့်ညားနဲ့ တွေ့ရမှာ ဆိုတော့ စိတ်ပူနေသေးတာ'


ပူစရာ မဟုတ်တာကို ကြံဖန်ပြီး ပူပန်နေသော ထိုရှေ့နေကို ကျွန်တော် ဘာမှမပြောတော့ပါပဲနှင့် ကားရှေ့နားမှာ ရပ်လိုက်ပြီး ကီးဖွင့်လိုက်ရုံတင် ရှိသေးတယ်။ အိတ်ထဲက ဖုန်းက မြည်လာတယ်။ ဖုန်းကို ကြည့်လိုက်တော့ only one ဆိုတဲ့ ကွန်းတက်လေး။ ဒီဟာလေး ဘာတွေ လုပ်ဖို့ ရှိနေတာလဲ၊ နေ့လည်စာ စားချိန်လည်း မရောက်သေးပဲနဲ့၊ 


'ဂျီဂျီပြော'


'လေးငယ် အားလား'


'အင်း အခုတင် အားသွားတာ'


'ဂျီဂျီ ရှိတဲ့နေရာကို လာပေးလို့ ရမလား၊ အခု -----မှာ'


အရေးမကြီးရင် ဒါမှမဟုတ် မလိုအပ်ရင် လှမ်းခေါ်တတ်တဲ့အကျင့် ဂျီဂျီမှာ မရှိဘူး။ ဒါက တကယ့်ကို လိုအပ်တဲ့အခြေအနေမျိုးမို့သာ သူတစ်ဦးတည်း ဖြေရှင်းဖို့ မတတ်နိုင်တဲ့ ကိစ္စတစ်ခုခု ရှိနေလို့သာ ဂျီဂျီက တတ်နိုင်တဲ့လူကို ဦးဆောင်ခွင့် ပေးတတ်တာမျိုး၊ 


'လာခဲ့မယ်'


ကျွန်တော် တွေဝေဖို့ မတွေးပဲနဲ့ ကားပေါ်တက်လိုက်ပြီး ဂျီဂျီ ပြောတဲ့နေရာကို ဦးတည်လိုက်တယ်။ ကားရပ်ပြီး အတွင်းထဲကို လှမ်းဝင်လိုက်တော့ မီးရောင်မြင်တဲ့ဘက်ကို မြင်နိုင်တဲ့ မှန်ခန်းအတွင်းထဲကို ရောက်သွားတော့ ဂျီဂျီဖြစ်နေတာကို မြင်ခွင့်ရတယ်။ မီမီဒီပါနှင့်အတူ တခြားသော အမျိုးသမီး အသက်ခပ်ကြီးကြီး နှစ်ဦး၊ နောက်ထပ်က ဘေးနားတွင် နောက်ထပ် ကျွန်တော့်အရွယ် အမျိုးသမီး တစ်ဦး၊ ဒီအမျိုးသမီးတွေ အားလုံးကို ဂျီဂျီက ချိန်းထားတာတော့ မဟုတ်တန်ရာ၊ ထိုအထဲတွင် မီမီဒီပါက ခေါင်းလေးငုံ့လျက် နာခံနေသည့်အသွင်၊ 


ဒီအခြေအနေက ဘယ်လိုပုံစံ ဖြစ်နေတာလဲ ဆိုတော့ ဂျီဂျီကို တရားရုံးထဲ ခေါ်သွင်းပြီး စစ်ဆေးနေကြတဲ့ တရားသူကြီးတွေ တရားရေး အရာရှိတွေလို မျက်နှာထားကိုယ်စီနဲ့၊ သူတို့ ဒီလို ဆက်ဆံရအောင်အထိ ဂျီဂျီက ဘာများလုပ်ထားလို့လဲ၊ ဂျီဂျီ ဆိုးတယ် ဆိုတာက တစ်ပါးလူတွေ အပေါ်မှာ မဟုတ်ပဲ လုပ်ချင်တာကို လုပ်ခွင့်လေးအတွက်သာ ဆိုးတတ်တာမို့ ဂျီဂျီကို မျက်နှာငယ်လေးနဲ့ မြင်လိုက်ရတာက ကျွန်တော့်ကို မျက်နှာပျက်စေတယ်၊ ဒါက မမရှေ့မှာ ဆိုရင်တော့ တစ်မျိုးပေမယ့် မမရှေ့မှာ မဟုတ်ပဲ တခြားသော အမျိုးသမီးကြီးတွေ ရှေ့မှာ ဂျီဂျီ မျက်နှာငယ်နေခြင်းက ကျွန်တော့်အတွက် သက်တောင့်သက်သာ မဖြစ်စေနိုင်ပေ။ 


'လေးငယ်'


ဂျီဂျီက ကျွန်တော်ဝင်လာတာနဲ့ ထရပ်လိုက်ပြီးတော့ အနားက ခုံတစ်ခုံကို ဆွဲထုတ်ပေးတယ်။ ကျွန်တော် ဝင်ထိုင်လိုက်တဲ့အထိ အဲ့ဒီအမျိုးသမီးတွေရဲ့ အကြည့်အလုံးစုံက ကျွန်တော့်ထံမှာ၊ စူးစူးရဲရဲ ဆိုတာထက် ဆိုးသော အခြေအနေနှင့် ပြူးတူးပြဲတဲ အဆင့်ထိ ရောက်နေလေမလား၊ 


'လေးငယ် ဒီဘက်ကက မီ့မေမေ သီတာဒီပါ၊ ဒါက မီ့ဘကြီးရဲ့ဇနီး မြတ်နိုးသွင်၊ ဒါက မီ့အစ်မတစ်ဝမ်းကွဲ မြတ်နိုးဒီပါ'


ဂျီဂျီ မိတ်ဆက်ပေးနေတာကို တစ်ယောက်စီ လိုက်ကြည့်ပြီးမှ ကျွန်တော် အသိအမှတ်ပြုတဲ့ ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။ အားလုံးထဲမှာ ဒေါ်မြတ်နိုးသွင်နှင့် မြတ်နိုးဒီပါထံမှ မျက်ဝန်းအကြည့်တို့က မီးတွေ ထွက်လာတော့မတတ်အထိ စူးရှ ပြင်းထန်နေတယ်။ ကျွန်တော် တစ်နေရာရာမှာ သူတို့နဲ့ ညှိဖူးတာလားလို့ တိတ်တဆိတ် တွေးမိစေတဲ့အထိ၊ ညှိဖို့အကြောင်းရင်း ဘာမှမရှိတာလည်း အသေချာ၊ ကြည်စင် လုပ်ငန်းစုနဲ့ ဒီပါက စီးပွားပြိုင်တွေ ဆိုပေမယ့် တစ်ယောက်လက် တစ်ယောက်တွဲထားတာ ဆိုတာကိုတော့ ကျွန်တော ်အတိကျ နားလည်ထားသေးတယ်။ 


'ကျွန်တော်က ခန့်ညားကြည်စင်ပါ ဂျီဂျီ့အုပ်ထိန်းသူပါ၊ ဂျီဂျီ အမှားတစ်ခုခုများ လုပ်မိထားလို့လား'


ကျွန်တော်က ရှေ့နေပေမယ့် ဂျီဂျီနဲ့ ပတ်သတ်လာသမျှ တည့်တိုးဆန်သလို ဖြစ်နေတာက အထိန်းအကွပ်မရှိ၊ ငယ်ကတည်းက ဂျီဂျီကို သင်ကြားဖူးသမျှမှာ ကိုယ်က ခံလာဖို့ကို သေချာပေါက် မသင်ပေးဖူးတာလည်း အမှန်ပင်၊ ပြီးတော့ ဂျီဂျီ့အုပ်ထိန်းသူ ဆိုတဲ့စကား အဲ့ဒါလည်း အမှန်ပဲ၊ တခြားဘယ်သူနဲ့မဆို နှုတ်ဆက်လိုက်တိုင်း ကျွန်တော်က ဂျီဂျီနဲ့ တိုက်ရိုက်ပတ်သတ်နေတယ် ဆိုတာကို ဒီစကားလုံးကနေ တစ်ဆင့် ကြေငြာလေ့ ရှိတယ်။ 


'လေးငယ် ဂျီဂျီ ဘာမှမလုပ်ထားပါဘူး'


ဂျီဂျီ့အသံက ပုံမှန်ထက် ပိုပြီး တိုးနေသလိုပဲ၊ ကျွန်တော် မကြိုက်ဘူး၊ ကျွန်တော်သူ့ကို လေ့ကျင့် သင်ကြားပေးတဲ့အထဲမှာ အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ ရှင်သန်ဖို့ပဲ၊ သူ့ရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ အလေးမထားရင်တောင်မှ သူ့ဖာသာတော့ သူ အလေးထားရမယ် ဆိုတာကို အသေအချာကို သင်ပြထားပေးတာ။ 


'တကယ်လို့ မင်း အပြစ်မလုပ်ထားဘူး ဆိုရင် မင်း အခုလို သိမ်ငယ်နေဖို့ ဘာလိုလို့လဲ'


ကျွန်တော့်အမေးစကားမှာ သူက အနည်းငယ် မျက်နှာပျက်တယ်။ သေချာတာပေါ့ ကျွန်တော် အသေအချာကို မျက်မှောင်ကုတ်လိုက်မိတာ။ မကြိုက်ဘူးလေ သူ့ရဲ့ တစ်ဦးတစ်ယောက်ရှေ့မှာ သိမ်ငယ်နေတဲ့ ပုံစံကို ကျွန်တော် လုံးဝကို မကြိုက်တာ။ 


'မိုးနဲ့ မီမီနဲ့ ဒီနေ့ ဒီဆိုင်မှာ တွေ့ဖို့ ပြောထားကြတာ မေမေနဲ့ ကြီးကြီးက ရောက်လာတော့'


မီမီဒီပါက ဂျီဂျီ ပြောဖို့ ခက်နေတာကို ဆိုတယ်။ 


'အဲ့ဒါ ဘာဖြစ်လဲ နှစ်ယောက်လုံး အသက်ပြည့်ပြီးသားကို'


ဒါက ကျွန်တော်ရဲ့ သုံးသပ်ချက် သက်သက်ပဲ၊ နှစ်ယောက်လုံး အသက်ပြည့်ပြီးသား၊ သွားတယ် လာတယ် ဆိုတာက လူမြင်ကွင်းမှာ၊ ပြီးတော့ ဂျီဂျီ၊ အထူးသဖြင့် ဂျီဂျီက မတော်တလျှော် ဆိုတဲ့ စကားလုံးနဲ့ ဝေးတဲ့ ကိုယ်ကျင့်တရားမျိုးကို ပိုင်ဆိုင်ထားတယ်။ ဂျီဂျီက ဆိုးချင်ဆိုးလိမ့်မယ် မိသားစုအပေါ်မှာ မဟုတ်ရင် သူ့ကို လာပြီး ထိပါးတဲ့လူတွေ အပေါ်မှာပဲ ဆိုးလိမ့်မယ်။ တစ်ပါးသူကို ထိခိုက်ဖို့ ဆိုတာမျိုးကို ဂျီဂျီဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး၊ 


'အိုကွယ် အသက်ပြည့်တယ် ဆိုပေမယ့် နှစ်ယောက်သားက လူမသိ သူမသိ သူတွေလား၊ အပြင်မှာ တွေ့တယ် ဆိုတာနဲ့ပဲ မိန်းကလေးဘက်က အရှုံးမရှိတော့ဘူးလား'


ဒီအမျိုးသမီးကြီးက ဘာကို ဆိုလိုချင်တာလဲ ဆိုတာ မသိစရာတော့ မရှိဘူး။ သူမတို့ သမီးလေးက အခုလို တွဲသွားတွဲလာ ဆိုတာနဲ့တင်ကို မိန်းကလေးတစ်ဦးရဲ့ သိက္ခာကို ထိခိုက်ပါတယ် ဆိုတာမျိုး၊ 


'ဒါဆို ဘာလို့ အိမ်ထဲမှာ သော့မခတ်ထားတာလဲ'


'လေးငယ်!'


ကျွန်တော်က ရှေ့နေ့၊ ကျွန်တော်တတ်ကျွမ်းတဲ့ ပညာကလည်း ဥပဒေနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် စကားပြောတတ်ခြင်း အတတ်ပညာပဲ၊ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ စကားပြောနိုင်ခြင်းကိုလည်း ဂျီဂျီ ငယ်ကတည်းက လေ့ကျင့်ထားပြီးသား။ ကျွန်တော် ဂရုစိုက်တဲ့အရာတွေထဲမှာ ဂျီဂျီရယ် မမရယ်ပဲ ရှိတယ် ကျန်တာဆို ကျွန်တော် အကဲခတ်မနေတော့တာလည်း အကျင့်ပါနေပြီ။ 


'အဲ့ဒါဆို ကျွန်တော်နဲ့ တွေ့ချင်တယ် ဆိုတဲ့ အကြောင်းအရင်းက'


'ကလေးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် နှစ်သက်နေကြမှတော့ လူကြီးတွေ ဖြစ်တဲ့ ငါတို့က ဘာလို့ ဒီအတိုင်း ကြည့်နေကြမှာလဲ ဖြစ်သင့်တာတွေကို လူကြီးတွေက လုပ်ပေးရမှာပေါ့'


နှစ်သက်တယ်၊ ဒါက မှန်တော့ မှန်ပေမယ့် ကျွန်တော် အတည်ပြုဖို့ တချို့တော့ လိုသေးတယ်။ မီမီဒီပါကို ဂျီဂျီက တခြားသော မိန်းကလေးတွေလိုမျိုး မဟုတ်ပါပဲနဲ့ သာမာန်ထက် ပိုတဲ့ အချိန်ကာလနဲ့ တွဲနေတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒါက ဂျီဂျီ ဒီမိန်းကလေးကို တစ်သက်လုံး သဘောကျသွားမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်နေမိတာ။ ကျွန်တော် မှားနေပြီလား။ ကျွန်တော် ဘယ်တုန်းကမှ ဂျီဂျီကို အကဲခတ်တာ မလွဲဖူးခဲ့ဘူး။ ဒီတစ်ကြိမ်မှာ ကျွန်တော် လွဲသွားပြီလား။ 


'ကောင်းပြီ ဒါဆို ကျွန်တော် ဒီကိစ္စကို မမနဲ့ တိုင်ပင်လိုက်အုံးမယ် ဂျီဂျီ ပြန်မယ် ထ'


'လေးငယ် ကျွန်တော် မီမီ့ကို လိုက်ပို့လိုက်အုံးမယ်'


ဂျီဂျီ ဘယ်တုန်းကမှ ဘယ်တော့အခါမှ ကျွန်တော် စီမံတာကို မငြင်းဖူးဘူး။ ဒီတစ်ကြိမ်မှာ ငြင်းဆိုတာဟာ ကျွန်တော့်ကို ခံရခက်စေတယ်။ အထူးသဖြင့် ကျွန်တော့်ကို လိုက်ကြည့် အကဲခတ်နေကြတဲ့ မျက်ဝန်းခြောက်စုံ အောက်မှာ ကျွန်တော်က အုပ်ထိန်းသူ ဆိုတဲ့ နေရာအတွက် မထိုက်တန်သလိုမျိုး ခံစားချက် ဖြစ်စေတယ်။ 


'ကောင်းပြီ မြန်မြန် ပြန်လာခဲ့'


ကျွန်တော် ဒီစကားပဲ ပြောလိုက်နိုင်တယ်။ ကျွန်တော် ဂျီဂျီကို နားလည်နိုင်စွမ်းတွေ လျော့နည်းနေပြီလားလို့ အိမ်ပြန်လာတဲ့ တစ်လျှောက်လုံး တွေးနေမိတယ်။ ကျွန်တော် ဂျီဂျီကို မှတ်မိသိနိုင်တဲ့ စွမ်းရည် အားနည်းလာတာလား၊ ဒါမှမဟုတ် ဂျီဂျီက ပြောင်းလဲနေပြီလား။ ဘယ်တစ်ခုက အမှန်လဲ ဆိုတာကို ကျွန်တော် မသေချာဘူး။ ဒါမှမဟုတ်သေးဘူး ဆိုရင် ဂျီဂျီက ကျွန်တော် ထင်ထားတာထက် ပိုပြီးတော့ ရင့်ကျက်လာပြီလား။ ကျွန်တော် သူ့ကို လိုက်မမှီနိုင်တော့ဘူးလား။ 


ကျွန်တော် အိမ်ကို ရောက်ရောက်ချင်းမှာပဲ အိမ်အပြင်ဘက်က ကားကြောင့် ခေါင်းငုံ့လိုက်မိတယ်။ ကျွန်တော် ဝင်ဝင် သွားချင်းမှာပဲ မမက ဆိုဖာပေါ်မှာ ထိုင်နေရာက ကျွန်တော့်ကို လှမ်းကြည့်တယ်။ 


'ဖီးလက်စ်၊ မင်း ဂျီဂျီကို မထိန်းနိုင်တော့ဘူးလို့ ငါ သတ်မှတ်လို့ ရပြီလား'


ကျွန်တော် ဖြေဖို့ အဖြေမရှိဘူး။ ဒီအခြေအနေမျိုးမှာ ကျွန်တော်က ဆွံ့အသွားတာ ပိုကောင်းလိမ့်အုံးမယ်။ 


'ကျွန်တော် မမ'


ကျွန်တော် မမ အရှေ့မှာ ဝင်ထိုင်လိုက်ပြီးတော့ စကားစပြောဖို့ကို တွန့်ဆုတ်မိတယ်။ 


'မင်း သိထားလား မီမီဒီပါက ဒီပါအုပ်စုရဲ့ တူမ ဆိုပေမယ့် ဒီပါအုပ်စုနဲ့ ဘာမှမဆိုင်ဘူး'


'ကျွန်တော် အဲ့လိုထိ မလိုဘူး ထင်လို့'


'ဂျီဂျီ သူနဲ့ တွဲနေတာ တစ်လကျော်နေပြီ မင်းအခုထိ မလိုဘူး ထင်နေတုန်းလား ခန့်ညား'


'တွဲတယ် ဆိုတာက လူငယ်သဘာဝ'


မမက နှုတ်ခမ်းပါးပါးလေးကို ရွဲ့ပစ်လိုက်တယ်။ တခြားသူသာဆို တော်တော် ကြည့်ရဆိုးမှာ သေချာပေမယ့် ထိပ်ထားကြည်စင်ကျတော့ အားလုံးက ပြီးပြည့်စုံနေလိုလို၊ 


'မင်း အခုထိ လူငယ် သဘာဝလို့ တွေးနေသေးလို့ ဂျီဂျီကို မထိန်းနိုင်တော့တာ'


'အဲ့လောက်ထိ မဟုတ်သေး'


'မိုးသားကြည်စင် ဘယ်သူလဲ ဆိုတာ သူတို့ သိတယ် ဆိုကတည်းက ဒါကို လူငယ်သဘာဝလို့ ငါတော့ မတွေးထားမိဘူး ခန့်ညား၊ ငါက သိပ်ပြီးလောဘကြီးလွန်းတာ ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် လောဘမကြီးတာလည်း ဖြစ်နိုင်တယ်၊ ငါ့သားကို ငါက မိုးသားကြည်စင် ဆိုတာ မိုးသားကြည်စင်ပါပဲ ဆိုပြီး သူ့ရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်မယ့်လူမျိုးနဲ့ပဲ ဆုံတွေ့စေချင်တယ်'


ဒီစကားမှာတော့ ကျွန်တော် ဆွံ့အမိသွားတာ ဝန်ခံရမယ်။ မမက သိပ်ပြီး တော်လို့ ထက်နေတာမို့ ချွေးမဖြစ်သူကို ပြီးပြည့်စုံနေတာမျိုး လိုချင်လိမ့်မယ်လို့ ကျွန်တော် ထင်ထားဖူးခြင်းက မှားနေခဲ့တယ်။ 


'ကျွန်တော် မှားသွားပါတယ်'


မမက ဆတ်ခနဲ ခါးကို မတ်လိုက်ပြီးမှ ကျွန်တော့်ကို စူးစူးရဲရဲ ကြည့်တယ်။ 


'မှားသွားတယ် ဆိုတာ တစ်ခွန်းတည်းပဲ ငါလိုချင်တာ မဟုတ်ဘူး ဖီးလက်စ်၊ မင်းကို ငါပြောထားပါတယ်'


'ဆရာ မမကြီး ဧည့်သည် လာတယ်'


မမဆီက စကားသံက အောင်ခန့်ရဲ့ အသိပေးစကားအောက်မှာ ရပ်သွားတယ်။ မမက ခေါင်းညိတ်လိုက်ပြီးမှ ဝင်လာခဲ့စေဖို့ အချက်ပြတယ်။ 


'ခန့်ညား၊ သူဌေး'


ခန့်ညား ဆိုတာကို အားတုံ့အားနာဟန်နဲ့ ဝင်လာတဲ့လူက ဆိုတယ်။ ပြီးတော့ သူဌေးဆိုတာက မမကို ခေါ်တဲ့ အခေါ်အဝေါ်မို့ လှည့်ကြည့်ဖို့ မလိုပဲနဲ့တောင်မှ ဒါက ကြည်စင် လုပ်ငန်းစုအတွက် ရှေ့နေတွေထဲက တစ်ဦး ဆိုတာ သိနိုင်တယ်။ 


'ထိုင် ကျော်ဇော'


မမက ကိုကျော်ဇောကို ထိုင်ခိုင်း ပြီးတာနဲ့ ကျွန်တော့်ဘက်ကို လှည့်လာပြီးတော့မှ ဆိုတယ်။ 


'ဖီးလက်စ် မင်း လုပ်ဖို့ ရှိတာတွေကို လုပ်လိုက်တော့'


ကျွန်တော် လက်သီးကို ဖွဖွ ဆုပ်မိတယ်။ ဂျီဂျီအတွက် အုပ်ထိန်းခွင့် အားလုံးကို မမက ပြန်ရုတ်သိမ်း သွားတော့မယ်။ 


'တရားဝင် လွဲပြောင်းပေးတာကို ငါလိုချင်တယ် ခန့်ညား'


ငြင်းခွင့် မရှိဘူး၊ ဒါက လုပ်ကို လုပ်ပေးရမယ့် အကြောင်းတရား၊ ထိုင်နေရာကနေ ခပ်ဖြည်းဖြည်းလေး ထရပ်လိုက်မိတယ်။ ပြီးမှ ဂျီဂျီနဲ့ သက်ဆိုင်တဲ့ အရာအားလုံး ထည့်သိမ်းထားတဲ့ မီးခံသေတ္တာဆီကို လျှောက်သွားရတယ်။ လိုလားလား မလိုလားလား မီးခံသေတ္တာသော့ကို ဖွင့်ရတယ်။ ပြီးတော့ စာချုပ်နဲ့ သက်ဆိုင်တဲ့ တရားဝင်တဲ့ အရာအားလုံးကို ဆွဲယူပြီး မမရှေ့မှာပဲ ကိုကျော်ဇောဟန် လက်ထဲကို ထည့်ပေးလိုက်ရတယ်။ အုပ်ထိန်းခွင့် တရားဝင် လွဲပြောင်းပစ်လိုက်ကြောင်းကို ကျေနပ်နပ် မကျေနပ်နပ် ငြင်းဆိုချက် မဲ့စွာနဲ့ လက်မှတ်ထိုး ပေးလိုက်ရတယ်။ 


အားလုံးကို လွဲပေးလိုက်ပြီးတော့မှ မမက ထရပ်လိုက်ပြီး ဆိုတယ်။ 


'အခု မင်းက ဂျီဂျီအတွက် တရားဝင် အုပ်ထိန်းသူ မဟုတ်တော့ဘူး ဖီးလက်စ်၊ မင်း ဂျီဂျီအတွက်ကို မပူတော့ပဲနဲ့ မင်းရဲ့ အလုပ်ကိုပဲ သေချာ အာရုံစိုက်လို့ ရပြီ'


ဟုတ်ကဲ့ မမလို့ ကျွန်တော် မဆိုနိုင်ဘူး၊ မမထွက်သွားတာကိုပဲ အငေးသား ကြည့်နေမိတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် လူရမ်းကားတစ်ယောက် ဖြစ်ကြည့်ချင်တယ်။ ကျွန်တော် စောင့်ရှောက်ခဲ့တဲ့ကလေးကို ဘယ်သူ့လက်ထဲမှ စိတ်မချနိုင်ဘူး ဆိုပြီး ကလန်ကဆန် လုပ်တတ်ချင်တယ်။ ဒါပေမယ့် အံ့ကြိတ် လက်သီးဆုပ်ပြီး ရပ်ကျန်ခဲ့ရတဲ့ အဖြစ်မျိုးကိုပဲ ကျွန်တော် ရင်ဆိုင်ခဲ့ရတယ်။


အဲ့နေ့ပြီး နောက်တစ်ပတ်မှာ ဂျီဂျီက ကျွန်တော့်ဆီကို ရောက်လာတယ်။ ကျွန်တော် သူ့ဆီ မရောက်လာတာ တစ်ပတ်ရှိသွားလို့ လာပြောတယ်လို့ ထင်လိုက်တဲ့ အတွေးမှာ သူ့ကို ဘယ်လို ရှင်းပြရမလဲ ဆိုတာကို တွေးမိနေတုန်းပဲ ရှိသေးတာမှာ၊ 


'လေးငယ် ဘာလို့ မာမီ့ဆီ အုပ်ထိန်းခွင့် အပ်လိုက်ရတာလဲ'


ဒီမေးခွန်းက ဒီလ သူ လစဉ်ကြေး မရဘူးလို့ ပြောလိုက်တာနဲ့ ဆင်တူနေသလိုပဲ၊ အဲ့ဒါနဲ့ပဲ ကျွန်တော် မေးမိတယ်။ 


'ကိုကျော်ဇောဟန်နဲ့ အဆင်မပြေဘူးလား'


'မာမီက ပြောတယ် မီမီနဲ့ ဆက်ပြီး ဆက်သွယ်နေမယ် ဆိုရင် မာမီ့ကို လာမတွေ့ဖို့'


ကျွန်တော် မျက်နှာ ပျက်သွားမိတယ်။ ဒီလို နည်းလမ်းနဲ့ ဂျီဂျီကို ထိန်းလို့ မရနိုင်ဘူး ဆိုတာ မမ တကယ် မသိတာလား။ ဂျီဂျီက ဘယ်လိုပဲ ဖြစ်နေပါစေ မမရဲ့သား၊ အလုံးစုံ မဟုတ်တောင် မမရဲ့ စိတ်ထားတွေနဲ့ ကိုက်ညီနိုင်လွန်းလို့ ခက်တာ။ မမက တားလေလေ မဖြစ်ဖြစ်အောင် လုပ်ပြချင်လေလေ ဆိုတဲ့ ဉာဉ်ဆိုးလေး ဂျီဂျီ ဆီမှာ ရှိတယ်။ 


'ကျွန်တော် အဲ့လောက် ဆိုးနေလို့လား၊ ဒါမှမဟုတ် လေးငယ် မာမီနဲ့ မီမီ့ကို သွေးထိုးထားဖို့ လိုနေလို့လား'


ဒီစကားက ကျွန်တော်နဲ့ လုံးဝ မသက်ဆိုင်တဲ့ စကား၊ ပြီးတော့ ဒါက စွပ်စွဲချက် သက်သက်ချည်းပဲ၊ ဒါပေမယ့် ဂျီဂျီ နားလည်သွားဖို့ ရှင်းပြနိုင်စွမ်း ကျွန်တော့်မှာ မရှိဘူး။ 


'အဟက် အုပ်ထိန်းခွင့်တောင် ပြန်အပ်လိုက်ရအောင် လေးငယ် အဲ့လောက် ခက်ခဲနေလို့လား'


ပြန်အပ်လိုက်တာ မဟုတ်ပဲနဲ့ ပြန်ပြီး သိမ်းယူတာကို လက်ပိုက်ကြည့်နေခဲ့ရတာပါလို့ ကျွန်တော် မရှင်းပြနိုင်ဘူး။ 


'မီမီဒီပါနဲ့ မင်းက မသင့်တော်ဘူးလို့ မမက ထင်နေတာ'


ကျွန်တော် အဲ့လိုပြောတော့ ဂျီဂျီက မယုံဘူး ဆိုတာကို ပြောချင်နေတဲ့ မျက်နှာနဲ့ ဖြစ်တယ်။ 


'လေးငယ် ဘာတစ်ခွန်းမှ ဝင်မပြောထားပဲနဲ့ မာမီက မီမီ့ကို ဒီအတိုင်းကြီးနဲ့ မကြည်စရာ ရှိလို့လား'


'အဲ့ဒါကို ငါ ဘယ်လို သိမှာလဲ ဂျီဂျီ မင်းအမေကို မင်းတောင်မှ နားမလည်နိုင်တာ ငါက ဘယ်လိုလုပ်ပြီး'


'မာမီက လေးငယ်အကျိုးအကြောင်း ထောက်ပြတာမျိုးဆို ငြင်းပယ်တာမျိုး ရှိဖူးလို့လား လေးငယ် မီမီ့ကို တစ်ခုခု ပြောထားတာ မဟုတ်ဘူး ဆိုရင်'


ဒီဟာလေး လွန်လွန်းတယ် မဟုတ်ဘူးလား။ ဘယ်လို ဖြစ်ပြီးတော့များ ကျွန်တော့်ကို ဒီလို စကားနဲ့ စွပ်စွဲ ရဲရတာလဲ။ ကျွန်တော့်ကိုများ။ အဲ့ဒီကျွန်တော့်ကိုများ ဆိုတဲ့ဆီကနေ ရှေ့ဆက်ပြီးတော့ ကျွန်တော် မတွေးရက်ဘူး။ 


'မင်း ငါ့ကို အဲ့လို ထင်တာလား'


မေးလိုက်တော့ ဖြေစရာ ကင်းမဲ့နေတဲ့ မျက်နှာနဲ့ ဂျီဂျီက သူ့ဆံပင်တွေကို သူ ဖွပစ်လိုက်တယ်။ 


'မင်း မျက်စိထဲမှာ ငါက အဲ့လိုလူပါ ဆိုရင်လည်း ငါ့အဖြေက ဘာလဲ ဆိုတာ မင်းသိမှာပဲ ဂျီဂျီ'


'လေးငယ် ဟုတ်တယ်လို့ပဲ ဖြေမှာ မဟုတ်လား'


'မင်းသိနေတာပဲ ငါမအားဘူး မင်း ပြန်တော့'


ကျွန်တော် သူ့ရှေ့ကနေ ချာခနဲ လှည့်လိုက်တာနဲ့ ဂျီဂျီ ဘယ်အထိ ဒေါသထန်သွားမလဲ ဆိုတာကို ရိပ်မိလိုက်တယ်။ ကျွန်တော် စကားမှားသွားတယ်။ ရိပ်ခနဲ ခုန်ထွက်သွားတဲ့ အရိပ် နောက်ကို ပြေးလိုက်သွားမိတယ်။ 


'ဒုန်း'


'အ'


ကျွန်းဗီရိုဆီကို ပြေးသွားပြီး သူ မကျေနပ်သမျှ ဖွင့်ထုတ်ဖို့ ကြိုးစားတယ်။ ကျွန်းဗီရိုကို လက်သီးနဲ့ ပစ်ထိုးခြင်းမှာ ကျွန်တော်က သူ့လက်အရှေ့မှာ လက်ဖဝါးကို ခံလိုက်တော့ ခပ်တိုးတိုး ညီးညူမိတယ်။ 


'ဟာ လေးငယ် လက်'


'ပြန်တော့'


'လက်က သွေးစို့လာပြီ'


'ပြန်တော့ မီမီဒီပါ ကိစ္စကို မင်းမာမီနဲ့ သေချာ ဆွေးနွေး၊ ငါသဘောမတူဘူး ဆိုတာ မရှိသလို၊ မကျေမနပ်ဘူး ဆိုတာလည်း မရှိဘူး၊ ဂျီဂျီ ငါ ဘယ်လိုလူလဲ ဆိုတာကို မင်း နားလည်မယ်လို့ ငါမျှော်လင့်တယ်'


'လက်က'


'အောင်ခန့် ဆေးဘူး ယူလာပေးခဲ့'


ကျွန်တော် သူ့ကို အသေအချာ ကျောခိုင်း ပစ်လိုက်တယ်။ မဟုတ်ရင် ဒီဟာလေးက ပြီးမှာ မဟုတ်ဘူး။ 


@@@@@@@@@@


ဆက်ရန်---


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


စွဲညို့


Zawgyi


Nephew-6


@@@@@


ႏွစ္ဖက္ေရွ႕ေန ႏွစ္ဦးက တရားရံုးအခန္းအတြင္းသို႔ မဝင္ေသးခင္မွာ လင္မယား ႏွစ္ေယာက္ကို ပိုင္ဆုိင္မႈခြဲတမ္း ေဝမွ်ဖို႔ ၾကိဳးစားၾကတယ္။ ႏွစ္ေယာက္က မ်က္ႏွာခ်င္းမဆုိင္ခ်င္ဘူး ဆို၍ တစ္ၾကိမ္တည္းႏွင့္ အျပီးလုပ္ရန္သာ ေရွ႕ေနႏွစ္ဦးက ၾကိဳးစားၾကရတာ ျဖစ္တယ္။ ႏွစ္ဦးသားက မ်က္ႏွာခ်င္းမဆိုင္ဘူးဆို အမွန္တကယ္ကိုပဲ မ်က္ႏွာခ်င္း မဆိုင္လိုၾကတာ ျဖစ္ႏုိင္ေလတယ္။ 


မ်က္ႏွာခ်င္းဆိုင္ ထုိင္ခံုေတြမွာ ထိုင္ေနၾကတာေတာင္မွ တစ္ဦးႏွင့္တစ္ဦး တစ္ၾကိမ္မွ်ပင္ မ်က္လံုးခ်င္း မဆံုၾကေပ။ ဟိုဘက္လြဲ ဒီဘက္လြဲ ေခါင္းငံု႔ အေနအထားအမ်ိဳးမ်ိဳးျဖင့္ မ်က္လံုးခ်င္း ဆံုဖို႔ကို ေရွာင္ၾကတယ္။ ေျပာရလွ်င္ အမ်ိဳးသမီးဘက္ကဟု ဆိုရမည္။ အမ်ိဳးသားကေတာ့ ထိုသို႔ မဟုတ္ပဲႏွင့္ တစ္ခ်ိန္လံုး သူ႔အမ်ိဳးသမီးကိုသာ လုိက္ၾကည့္ေနေလတယ္။ 


'ဒီ ေတာင္ၾကီးက အိမ္နဲ႔ျခံကိုေရာ'


'သူ႔ကိုေပးလိုက္'


ေပးလိုက္ ဆိုတာကလည္း ထြက္လာလုိက္တာ ျပိဳင္တူ၊ ေရွ႕ေန႔ ႏွစ္ဦး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လ်က္ က်ီးၾကည့္ ေၾကာင္ၾကည့္၊ 


'မႏၱေလးက အိမ္နဲ႔ျခံ၊ ျပီးေတာ့ ကားနဲ႔ ဆုိင္ကယ္ ႏွစ္စီး'


'အိမ္၊ ျခံနဲ႔ ကားကို သူယူပါေစ ဆိုင္ကယ္ ႏွစ္စီးေတာ့ ကၽြန္ေတာ္ယူမယ္'


အမ်ိဳးသားအမႈသည္က ကၽြန္ေတာ့္လူမို႔ သူလိုခ်င္တာကို မွတ္ထားေပးရမွာက ကၽြန္ေတာ့္တာဝန္၊ 


'အိုး ဆိုင္ကယ္ႏွစ္စီးေတာ့ သူ႔ကို မေပးႏုိင္ဘူး အိမ္၊ ျခံနဲ႔ ကားကိုပဲ ေပးလုိက္ပါ၊ ဆိုင္ကယ္က ကၽြန္မဟာ၊ လုိင္စင္ကအစ ကၽြန္မနာမည္နဲ႔'


ေနာက္ထပ္တစ္ၾကိမ္ ေရွ႕ေန ႏွစ္ဦးသား မ်က္လံုးခ်င္း စံုမိၾကျပန္တယ္။ ဒီလင္မယားဟာ ဥစၥာပစၥည္းခြဲေဝေနျခင္းမွာ တန္ဖိုးၾကီးတာေတာ့ မင္းယူ မင္းယူ၊ ျဖစ္ေနသလားလို႔၊ 


'လိုင္စင္က မင္းနာမည္ေပမယ့္ ငါ့ဝင္ေငြနဲ႔ ဝယ္ထားတာ၊ ငါရသင့္တယ္'


အမ်ိဳးသားက ဒါကို အေလ်ာ့ေပးလိုသည့္ မူဟန္ မေတြ႔ေပ။ အမ်ိဳးသမီးကလည္း မ်က္ႏွာထားမာမာျဖင့္ မ်က္ႏွာလြဲလ်က္၊


'ဒါဆိုလည္း ေပါက္ေစ်းအတိုင္း ကၽြန္မ ျပန္ဝယ္မယ္'


လြဲေနတာက ေသးေသးေလး မဟုတ္ဘူးလားလို႔ ကၽြန္ေတာ္ ေတြးထင္မိလာတယ္။ အမ်ိဳးသမီးဘက္က ေရွ႕ေနမွ၊


'လားရိႈးက အိမ္နဲ႔ျခံ'


'အဲ့ဒါ ကၽြန္မယူမွာ'


အဲ့ဒီအခါမွာ အမ်ိဳးသားက မ်က္ရည္ေဝေသာ မ်က္လံုးျဖင့္ ကၽြန္ေတာ့္ကို အားကိုးတၾကီး ၾကည့္လာျပီးမွ ဆိုတယ္။ 


'လားရိႈးက အိမ္နဲ႔ျခံကလြဲရင္ သူလိုခ်င္တာ အားလံုးေပးလုိက္ပါ အဲ့ဒါေတာ့ ကၽြန္ေတာ္ လံုးဝမေပးႏုိင္ဘူး'


'ဘယ္လိုပဲ ျဖစ္ျဖစ္ လားရိႈးက အိမ္နဲ႔ျခံက ကၽြန္မမိဘလက္ထက္ ကတည္းက ကၽြန္မအိမ္'


'ပုလဲ မင္း ေတာ္ေတာ္ ျပတ္သားတဲ့မိန္းမ'


အမ်ိဳးသားက မခ်ိတင္ကဲ ေရရြတ္တယ္။ အမ်ိဳးသမီးက မ်က္ႏွာလြဲထားဆဲ။ ေရွ႕ေနႏွစ္ဦးသားက ဘာဆက္လုပ္လို႔ လုပ္ရမွန္းမသိတဲ့ အေနအထား။ ေနာက္ဆံုးေတာ့ ကၽြန္ေတာ္ ဖိုင္ေတြကို ခ်လုိက္ျပီးမွ မတ္တပ္ရပ္လိုက္တယ္။ 


'ဘယ္လိုပဲ ျဖစ္ျဖစ္ အခ်ိန္လည္း မေစာေတာ့ဘူး ဆိုေတာ့ ေန႔လည္စာ စားလုိက္ၾကမလား'


ကၽြန္ေတာ္ေျပာလိုက္တာကို ကၽြန္ေတာ့္ဘက္လူနဲ႔ ေရွ႕ေနက သေဘာတူတယ္။ အမ်ိဳးသမီးက အနည္းငယ္ အင္တင္တင္ ျဖစ္ေနေပမယ့္ ေနာက္ေတာ့ ထလုိက္လာတယ္။ ထမင္းမွာျပီးလို႔ ထမင္းေတြ ေရာက္လာတဲ့ အခ်ိန္က်ေတာ့ ကၽြန္ေတာ္ ထိုင္ေနရာကေန ထရပ္လိုက္တယ္။ 


'ကၽြန္ေတာ္ ခဏ သြားဖို႔ ရွိလို႔'


စကားတစ္ပိုင္းတစ္စနဲ႔ ထရပ္လုိက္ျပီးေတာ့ ဆုိင္ထဲကေန ထြက္လာခဲ့တယ္။ ခဏၾကာေတာ့ ကၽြန္ေတာ့္ အေနာက္ကေန အမ်ိဳးသမီးရဲ႕ ေရွ႕ေနက လုိက္လာတယ္။ ကၽြန္ေတာ့္ကို အမွီေလွ်ာက္လာျပီးမွ စကားလာေျပာတယ္။ 


'ဒီလူေတြဗ်ာ စိတ္ကလည္း ျပတ္ႏုိင္ၾကတာလည္း မဟုတ္ပဲနဲ႔'


'ကၽြန္ေတာ္တို႔ သူတို႔ကို ခပ္ေစာေစာ ထိပ္တိုက္ ေတြ႔ေပးသင့္တာပါ'


တစ္ခါတစ္ေလမွာ မ်က္ႏွာခ်င္းဆိုင္ ဆံုေတြ႔လုိက္မွ မေျပလည္ဘူး ထင္တဲ့အေရးေတြက ထင္ထားတာထက္ ပိုျပီး ေျပလည္သြားႏုိင္တဲ့ အေျခအေနေတြ ရွိေနႏိုင္တာကို တခ်ိဳ႕လူေတြက လက္မခံလိုၾကဘူး။ အခု လက္ရွိ ကၽြန္ေတာ့္အမႈသည္လိုမ်ိဳး၊ 


'ကၽြန္ေတာ္ကေတာင္ ကိုခန္႔ညားနဲ႔ ေတြ႔ရမွာ ဆိုေတာ့ စိတ္ပူေနေသးတာ'


ပူစရာ မဟုတ္တာကို ၾကံဖန္ျပီး ပူပန္ေနေသာ ထိုေရွ႕ေနကို ကၽြန္ေတာ္ ဘာမွမေျပာေတာ့ပါပဲႏွင့္ ကားေရွ႕နားမွာ ရပ္လုိက္ျပီး ကီးဖြင့္လုိက္ရံုတင္ ရွိေသးတယ္။ အိတ္ထဲက ဖုန္းက ျမည္လာတယ္။ ဖုန္းကို ၾကည့္လိုက္ေတာ့ only one ဆိုတဲ့ ကြန္းတက္ေလး။ ဒီဟာေလး ဘာေတြ လုပ္ဖို႔ ရွိေနတာလဲ၊ ေန႔လည္စာ စားခ်ိန္လည္း မေရာက္ေသးပဲနဲ႔၊ 


'ဂ်ီဂ်ီေျပာ'


'ေလးငယ္ အားလား'


'အင္း အခုတင္ အားသြားတာ'


'ဂ်ီဂ်ီ ရွိတဲ့ေနရာကို လာေပးလို႔ ရမလား၊ အခု -----မွာ'


အေရးမၾကီးရင္ ဒါမွမဟုတ္ မလိုအပ္ရင္ လွမ္းေခၚတတ္တဲ့အက်င့္ ဂ်ီဂ်ီမွာ မရွိဘူး။ ဒါက တကယ့္ကို လိုအပ္တဲ့အေျခအေနမ်ိဳးမို႔သာ သူတစ္ဦးတည္း ေျဖရွင္းဖို႔ မတတ္ႏုိင္တဲ့ ကိစၥတစ္ခုခု ရွိေနလို႔သာ ဂ်ီဂ်ီက တတ္ႏုိင္တဲ့လူကို ဦးေဆာင္ခြင့္ ေပးတတ္တာမ်ိဳး၊ 


'လာခဲ့မယ္'


ကၽြန္ေတာ္ ေတြေဝဖို႔ မေတြးပဲနဲ႔ ကားေပၚတက္လုိက္ျပီး ဂ်ီဂ်ီ ေျပာတဲ့ေနရာကို ဦးတည္လုိက္တယ္။ ကားရပ္ျပီး အတြင္းထဲကို လွမ္းဝင္လိုက္ေတာ့ မီးေရာင္ျမင္တဲ့ဘက္ကို ျမင္ႏုိင္တဲ့ မွန္ခန္းအတြင္းထဲကို ေရာက္သြားေတာ့ ဂ်ီဂ်ီျဖစ္ေနတာကို ျမင္ခြင့္ရတယ္။ မီမီဒီပါႏွင့္အတူ တျခားေသာ အမ်ိဳးသမီး အသက္ခပ္ၾကီးၾကီး ႏွစ္ဦး၊ ေနာက္ထပ္က ေဘးနားတြင္ ေနာက္ထပ္ ကၽြန္ေတာ့္အရြယ္ အမ်ိဳးသမီး တစ္ဦး၊ ဒီအမ်ိဳးသမီးေတြ အားလံုးကို ဂ်ီဂ်ီက ခ်ိန္းထားတာေတာ့ မဟုတ္တန္ရာ၊ ထိုအထဲတြင္ မီမီဒီပါက ေခါင္းေလးငံု႔လ်က္ နာခံေနသည့္အသြင္၊ 


ဒီအေျခအေနက ဘယ္လိုပံုစံ ျဖစ္ေနတာလဲ ဆုိေတာ့ ဂ်ီဂ်ီကို တရားရံုးထဲ ေခၚသြင္းျပီး စစ္ေဆးေနၾကတဲ့ တရားသူၾကီးေတြ တရားေရး အရာရွိေတြလို မ်က္ႏွာထားကိုယ္စီနဲ႔၊ သူတို႔ ဒီလုိ ဆက္ဆံရေအာင္အထိ ဂ်ီဂ်ီက ဘာမ်ားလုပ္ထားလို႔လဲ၊ ဂ်ီဂ်ီ ဆိုးတယ္ ဆုိတာက တစ္ပါးလူေတြ အေပၚမွာ မဟုတ္ပဲ လုပ္ခ်င္တာကို လုပ္ခြင့္ေလးအတြက္သာ ဆိုးတတ္တာမို႔ ဂ်ီဂ်ီကို မ်က္ႏွာငယ္ေလးနဲ႔ ျမင္လုိက္ရတာက ကၽြန္ေတာ့္ကို မ်က္ႏွာပ်က္ေစတယ္၊ ဒါက မမေရွ႕မွာ ဆိုရင္ေတာ့ တစ္မ်ိဳးေပမယ့္ မမေရွ႕မွာ မဟုတ္ပဲ တျခားေသာ အမ်ိဳးသမီးၾကီးေတြ ေရွ႕မွာ ဂ်ီဂ်ီ မ်က္ႏွာငယ္ေနျခင္းက ကၽြန္ေတာ့္အတြက္ သက္ေတာင့္သက္သာ မျဖစ္ေစႏုိင္ေပ။ 


'ေလးငယ္'


ဂ်ီဂ်ီက ကၽြန္ေတာ္ဝင္လာတာနဲ႔ ထရပ္လုိက္ျပီးေတာ့ အနားက ခံုတစ္ခံုကို ဆြဲထုတ္ေပးတယ္။ ကၽြန္ေတာ္ ဝင္ထိုင္လုိက္တဲ့အထိ အဲ့ဒီအမ်ိဳးသမီးေတြရဲ႕ အၾကည့္အလံုးစံုက ကၽြန္ေတာ့္ထံမွာ၊ စူးစူးရဲရဲ ဆုိတာထက္ ဆိုးေသာ အေျခအေနႏွင့္ ျပဴးတူးျပဲတဲ အဆင့္ထိ ေရာက္ေနေလမလား၊ 


'ေလးငယ္ ဒီဘက္ကက မီ့ေမေမ သီတာဒီပါ၊ ဒါက မီ့ဘၾကီးရဲ႕ဇနီး ျမတ္ႏိုးသြင္၊ ဒါက မီ့အစ္မတစ္ဝမ္းကြဲ ျမတ္ႏိုးဒီပါ'


ဂ်ီဂ်ီ မိတ္ဆက္ေပးေနတာကို တစ္ေယာက္စီ လိုက္ၾကည့္ျပီးမွ ကၽြန္ေတာ္ အသိအမွတ္ျပဳတဲ့ ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္တယ္။ အားလံုးထဲမွာ ေဒၚျမတ္ႏိုးသြင္ႏွင့္ ျမတ္ႏိုးဒီပါထံမွ မ်က္ဝန္းအၾကည့္တို႔က မီးေတြ ထြက္လာေတာ့မတတ္အထိ စူးရွ ျပင္းထန္ေနတယ္။ ကၽြန္ေတာ္ တစ္ေနရာရာမွာ သူတို႔နဲ႔ ညွိဖူးတာလားလို႔ တိတ္တဆိတ္ ေတြးမိေစတဲ့အထိ၊ ညွိဖို႔အေၾကာင္းရင္း ဘာမွမရွိတာလည္း အေသခ်ာ၊ ၾကည္စင္ လုပ္ငန္းစုနဲ႔ ဒီပါက စီးပြားျပိဳင္ေတြ ဆိုေပမယ့္ တစ္ေယာက္လက္ တစ္ေယာက္တြဲထားတာ ဆိုတာကိုေတာ့ ကၽြန္ေတာ ္အတိက် နားလည္ထားေသးတယ္။ 


'ကၽြန္ေတာ္က ခန္႔ညားၾကည္စင္ပါ ဂ်ီဂ်ီ႕အုပ္ထိန္းသူပါ၊ ဂ်ီဂ်ီ အမွားတစ္ခုခုမ်ား လုပ္မိထားလို႔လား'


ကၽြန္ေတာ္က ေရွ႕ေနေပမယ့္ ဂ်ီဂ်ီနဲ႔ ပတ္သတ္လာသမွ် တည့္တိုးဆန္သလို ျဖစ္ေနတာက အထိန္းအကြပ္မရွိ၊ ငယ္ကတည္းက ဂ်ီဂ်ီကို သင္ၾကားဖူးသမွ်မွာ ကိုယ္က ခံလာဖို႔ကို ေသခ်ာေပါက္ မသင္ေပးဖူးတာလည္း အမွန္ပင္၊ ျပီးေတာ့ ဂ်ီဂ်ီ႕အုပ္ထိန္းသူ ဆိုတဲ့စကား အဲ့ဒါလည္း အမွန္ပဲ၊ တျခားဘယ္သူနဲ႔မဆို ႏႈတ္ဆက္လုိက္တုိင္း ကၽြန္ေတာ္က ဂ်ီဂ်ီနဲ႔ တိုက္ရိုက္ပတ္သတ္ေနတယ္ ဆိုတာကို ဒီစကားလံုးကေန တစ္ဆင့္ ေၾကျငာေလ့ ရွိတယ္။ 


'ေလးငယ္ ဂ်ီဂ်ီ ဘာမွမလုပ္ထားပါဘူး'


ဂ်ီဂ်ီ႕အသံက ပံုမွန္ထက္ ပိုျပီး တိုးေနသလိုပဲ၊ ကၽြန္ေတာ္ မၾကိဳက္ဘူး၊ ကၽြန္ေတာ္သူ႔ကို ေလ့က်င့္ သင္ၾကားေပးတဲ့အထဲမွာ အဓိကက ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ရွိရွိ ရွင္သန္ဖို႔ပဲ၊ သူ႔ရဲ႕ ျဖစ္တည္မႈကို ဘယ္သူမွ အေလးမထားရင္ေတာင္မွ သူ႔ဖာသာေတာ့ သူ အေလးထားရမယ္ ဆိုတာကို အေသအခ်ာကို သင္ျပထားေပးတာ။ 


'တကယ္လို႔ မင္း အျပစ္မလုပ္ထားဘူး ဆိုရင္ မင္း အခုလို သိမ္ငယ္ေနဖို႔ ဘာလိုလို႔လဲ'


ကၽြန္ေတာ့္အေမးစကားမွာ သူက အနည္းငယ္ မ်က္ႏွာပ်က္တယ္။ ေသခ်ာတာေပါ့ ကၽြန္ေတာ္ အေသအခ်ာကို မ်က္ေမွာင္ကုတ္လိုက္မိတာ။ မၾကိဳက္ဘူးေလ သူ႔ရဲ႕ တစ္ဦးတစ္ေယာက္ေရွ႕မွာ သိမ္ငယ္ေနတဲ့ ပံုစံကို ကၽြန္ေတာ္ လံုးဝကို မၾကိဳက္တာ။ 


'မိုးနဲ႔ မီမီနဲ႔ ဒီေန႔ ဒီဆိုင္မွာ ေတြ႔ဖို႔ ေျပာထားၾကတာ ေမေမနဲ႔ ၾကီးၾကီးက ေရာက္လာေတာ့'


မီမီဒီပါက ဂ်ီဂ်ီ ေျပာဖို႔ ခက္ေနတာကို ဆိုတယ္။ 


'အဲ့ဒါ ဘာျဖစ္လဲ ႏွစ္ေယာက္လံုး အသက္ျပည့္ျပီးသားကို'


ဒါက ကၽြန္ေတာ္ရဲ႕ သံုးသပ္ခ်က္ သက္သက္ပဲ၊ ႏွစ္ေယာက္လံုး အသက္ျပည့္ျပီးသား၊ သြားတယ္ လာတယ္ ဆုိတာက လူျမင္ကြင္းမွာ၊ ျပီးေတာ့ ဂ်ီဂ်ီ၊ အထူးသျဖင့္ ဂ်ီဂ်ီက မေတာ္တေလွ်ာ္ ဆိုတဲ့ စကားလံုးနဲ႔ ေဝးတဲ့ ကိုယ္က်င့္တရားမ်ိဳးကို ပိုင္ဆိုင္ထားတယ္။ ဂ်ီဂ်ီက ဆိုးခ်င္ဆိုးလိမ့္မယ္ မိသားစုအေပၚမွာ မဟုတ္ရင္ သူ႔ကို လာျပီး ထိပါးတဲ့လူေတြ အေပၚမွာပဲ ဆိုးလိမ့္မယ္။ တစ္ပါးသူကို ထိခိုက္ဖို႔ ဆိုတာမ်ိဳးကို ဂ်ီဂ်ီဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူး၊ 


'အိုကြယ္ အသက္ျပည့္တယ္ ဆိုေပမယ့္ ႏွစ္ေယာက္သားက လူမသိ သူမသိ သူေတြလား၊ အျပင္မွာ ေတြ႔တယ္ ဆိုတာနဲ႔ပဲ မိန္းကေလးဘက္က အရံႈးမရွိေတာ့ဘူးလား'


ဒီအမ်ိဳးသမီးၾကီးက ဘာကို ဆိုလိုခ်င္တာလဲ ဆိုတာ မသိစရာေတာ့ မရွိဘူး။ သူမတို႔ သမီးေလးက အခုလို တြဲသြားတြဲလာ ဆိုတာနဲ႔တင္ကို မိန္းကေလးတစ္ဦးရဲ႕ သိကၡာကို ထိခိုက္ပါတယ္ ဆိုတာမ်ိဳး၊ 


'ဒါဆို ဘာလို႔ အိမ္ထဲမွာ ေသာ့မခတ္ထားတာလဲ'


'ေလးငယ္!'


ကၽြန္ေတာ္က ေရွ႕ေန႔၊ ကၽြန္ေတာ္တတ္ကၽြမ္းတဲ့ ပညာကလညး္ ဥပေဒနဲ႔ ဆိုင္ဆိုင္ မဆိုင္ဆိုင္ စကားေျပာတတ္ျခင္း အတတ္ပညာပဲ၊ ဘယ္သူ႔မ်က္ႏွာမွ မၾကည့္ပဲ စကားေျပာႏုိင္ျခင္းကိုလည္း ဂ်ီဂ်ီ ငယ္ကတည္းက ေလ့က်င့္ထားျပီးသား။ ကၽြန္ေတာ္ ဂရုစိုက္တဲ့အရာေတြထဲမွာ ဂ်ီဂ်ီရယ္ မမရယ္ပဲ ရွိတယ္ က်န္တာဆို ကၽြန္ေတာ္ အကဲခတ္မေနေတာ့တာလည္း အက်င့္ပါေနျပီ။ 


'အဲ့ဒါဆို ကၽြန္ေတာ္နဲ႔ ေတြ႔ခ်င္တယ္ ဆိုတဲ့ အေၾကာင္းအရင္းက'


'ကေလးႏွစ္ေယာက္က တစ္ေယာက္နဲ႔ တစ္ေယာက္ ႏွစ္သက္ေနၾကမွေတာ့ လူၾကီးေတြ ျဖစ္တဲ့ ငါတို႔က ဘာလို႔ ဒီအတုိင္း ၾကည့္ေနၾကမွာလဲ ျဖစ္သင့္တာေတြကို လူၾကီးေတြက လုပ္ေပးရမွာေပါ့'


ႏွစ္သက္တယ္၊ ဒါက မွန္ေတာ့ မွန္ေပမယ့္ ကၽြန္ေတာ္ အတည္ျပဳဖို႔ တခ်ိဳ႕ေတာ့ လိုေသးတယ္။ မီမီဒီပါကို ဂ်ီဂ်ီက တျခားေသာ မိန္းကေလးေတြလိုမ်ိဳး မဟုတ္ပါပဲနဲ႔ သာမာန္ထက္ ပိုတဲ့ အခ်ိန္ကာလနဲ႔ တြဲေနတယ္ ဆုိတာ မွန္ပါတယ္။ ဒါေပမယ့္ ဒါက ဂ်ီဂ်ီ ဒီမိန္းကေလးကို တစ္သက္လံုး သေဘာက်သြားမယ္လို႔ ဆိုလိုတာ မဟုတ္ဘူးလို႔ ကၽြန္ေတာ္ ထင္ေနမိတာ။ ကၽြန္ေတာ္ မွားေနျပီလား။ ကၽြန္ေတာ္ ဘယ္တုန္းကမွ ဂ်ီဂ်ီကို အကဲခတ္တာ မလြဲဖူးခဲ့ဘူး။ ဒီတစ္ၾကိမ္မွာ ကၽြန္ေတာ္ လြဲသြားျပီလား။ 


'ေကာင္းျပီ ဒါဆို ကၽြန္ေတာ္ ဒီကိစၥကို မမနဲ႔ တိုင္ပင္လုိက္အံုးမယ္ ဂ်ီဂ်ီ ျပန္မယ္ ထ'


'ေလးငယ္ ကၽြန္ေတာ္ မီမီ့ကို လုိက္ပို႔လိုက္အံုးမယ္'


ဂ်ီဂ်ီ ဘယ္တုန္းကမွ ဘယ္ေတာ့အခါမွ ကၽြန္ေတာ္ စီမံတာကို မျငင္းဖူးဘူး။ ဒီတစ္ၾကိမ္မွာ ျငင္းဆိုတာဟာ ကၽြန္ေတာ့္ကို ခံရခက္ေစတယ္။ အထူးသျဖင့္ ကၽြန္ေတာ့္ကို လုိက္ၾကည့္ အကဲခတ္ေနၾကတဲ့ မ်က္ဝန္းေျခာက္စံု ေအာက္မွာ ကၽြန္ေတာ္က အုပ္ထိန္းသူ ဆိုတဲ့ ေနရာအတြက္ မထိုက္တန္သလိုမ်ိဳး ခံစားခ်က္ ျဖစ္ေစတယ္။ 


'ေကာင္းျပီ ျမန္ျမန္ ျပန္လာခဲ့'


ကၽြန္ေတာ္ ဒီစကားပဲ ေျပာလုိက္ႏုိင္တယ္။ ကၽြန္ေတာ္ ဂ်ီဂ်ီကို နားလည္ႏုိင္စြမ္းေတြ ေလ်ာ့နည္းေနျပီလားလို႔ အိမ္ျပန္လာတဲ့ တစ္ေလွ်ာက္လံုး ေတြးေနမိတယ္။ ကၽြန္ေတာ္ ဂ်ီဂ်ီကို မွတ္မိသိႏုိင္တဲ့ စြမ္းရည္ အားနည္းလာတာလား၊ ဒါမွမဟုတ္ ဂ်ီဂ်ီက ေျပာင္းလဲေနျပီလား။ ဘယ္တစ္ခုက အမွန္လဲ ဆိုတာကို ကၽြန္ေတာ္ မေသခ်ာဘူး။ ဒါမွမဟုတ္ေသးဘူး ဆိုရင္ ဂ်ီဂ်ီက ကၽြန္ေတာ္ ထင္ထားတာထက္ ပိုျပီးေတာ့ ရင့္က်က္လာျပီလား။ ကၽြန္ေတာ္ သူ႔ကို လုိက္မမွီႏိုင္ေတာ့ဘူးလား။ 


ကၽြန္ေတာ္ အိမ္ကို ေရာက္ေရာက္ခ်င္းမွာပဲ အိမ္အျပင္ဘက္က ကားေၾကာင့္ ေခါင္းငံု႔လုိက္မိတယ္။ ကၽြန္ေတာ္ ဝင္ဝင္ သြားခ်င္းမွာပဲ မမက ဆိုဖာေပၚမွာ ထိုင္ေနရာက ကၽြန္ေတာ့္ကို လွမ္းၾကည့္တယ္။ 


'ဖီးလက္စ္၊ မင္း ဂ်ီဂ်ီကို မထိန္းႏိုင္ေတာ့ဘူးလို႔ ငါ သတ္မွတ္လို႔ ရျပီလား'


ကၽြန္ေတာ္ ေျဖဖို႔ အေျဖမရွိဘူး။ ဒီအေျခအေနမ်ိဳးမွာ ကၽြန္ေတာ္က ဆြံ႔အသြားတာ ပိုေကာင္းလိမ့္အံုးမယ္။ 


'ကၽြန္ေတာ္ မမ'


ကၽြန္ေတာ္ မမ အေရွ႕မွာ ဝင္ထိုင္လုိက္ျပီးေတာ့ စကားစေျပာဖို႔ကို တြန္႔ဆုတ္မိတယ္။ 


'မင္း သိထားလား မီမီဒီပါက ဒီပါအုပ္စုရဲ႕ တူမ ဆိုေပမယ့္ ဒီပါအုပ္စုနဲ႔ ဘာမွမဆိုင္ဘူး'


'ကၽြန္ေတာ္ အဲ့လိုထိ မလိုဘူး ထင္လို႔'


'ဂ်ီဂ်ီ သူနဲ႔ တြဲေနတာ တစ္လေက်ာ္ေနျပီ မင္းအခုထိ မလိုဘူး ထင္ေနတုန္းလား ခန္႔ညား'


'တြဲတယ္ ဆုိတာက လူငယ္သဘာဝ'


မမက ႏႈတ္ခမ္းပါးပါးေလးကို ရြဲ႕ပစ္လိုက္တယ္။ တျခားသူသာဆို ေတာ္ေတာ္ ၾကည့္ရဆိုးမွာ ေသခ်ာေပမယ့္ ထိပ္ထားၾကည္စင္က်ေတာ့ အားလံုးက ျပီးျပည့္စံုေနလိုလို၊ 


'မင္း အခုထိ လူငယ္ သဘာဝလို႔ ေတြးေနေသးလို႔ ဂ်ီဂ်ီကို မထိန္းႏုိင္ေတာ့တာ'


'အဲ့ေလာက္ထိ မဟုတ္ေသး'


'မိုးသားၾကည္စင္ ဘယ္သူလဲ ဆိုတာ သူတို႔ သိတယ္ ဆိုကတည္းက ဒါကို လူငယ္သဘာဝလို႔ ငါေတာ့ မေတြးထားမိဘူး ခန္႔ညား၊ ငါက သိပ္ျပီးေလာဘၾကီးလြန္းတာ ျဖစ္ႏုိင္ပါတယ္၊ ဒါမွမဟုတ္ ေလာဘမၾကီးတာလည္း ျဖစ္ႏုိင္တယ္၊ ငါ့သားကို ငါက မိုးသားၾကည္စင္ ဆုိတာ မိုးသားၾကည္စင္ပါပဲ ဆိုျပီး သူ႔ရဲ႕ ျဖစ္တည္မႈကို လက္ခံႏုိင္မယ့္လူမ်ိဳးနဲ႔ပဲ ဆံုေတြ႔ေစခ်င္တယ္'


ဒီစကားမွာေတာ့ ကၽြန္ေတာ္ ဆြံ႔အမိသြားတာ ဝန္ခံရမယ္။ မမက သိပ္ျပီး ေတာ္လို႔ ထက္ေနတာမို႔ ေခၽြးမျဖစ္သူကို ျပီးျပည့္စံုေနတာမ်ိဳး လိုခ်င္လိမ့္မယ္လို႔ ကၽြန္ေတာ္ ထင္ထားဖူးျခင္းက မွားေနခဲ့တယ္။ 


'ကၽြန္ေတာ္ မွားသြားပါတယ္'


မမက ဆတ္ခနဲ ခါးကို မတ္လိုက္ျပီးမွ ကၽြန္ေတာ့္ကို စူးစူးရဲရဲ ၾကည့္တယ္။ 


'မွားသြားတယ္ ဆိုတာ တစ္ခြန္းတည္းပဲ ငါလိုခ်င္တာ မဟုတ္ဘူး ဖီးလက္စ္၊ မင္းကို ငါေျပာထားပါတယ္'


'ဆရာ မမၾကီး ဧည့္သည္ လာတယ္'


မမဆီက စကားသံက ေအာင္ခန္႔ရဲ႕ အသိေပးစကားေအာက္မွာ ရပ္သြားတယ္။ မမက ေခါင္းညိတ္လိုက္ျပီးမွ ဝင္လာခဲ့ေစဖို႔ အခ်က္ျပတယ္။ 


'ခန္႔ညား၊ သူေဌး'


ခန္႔ညား ဆိုတာကို အားတံု႔အားနာဟန္နဲ႔ ဝင္လာတဲ့လူက ဆိုတယ္။ ျပီးေတာ့ သူေဌးဆိုတာက မမကို ေခၚတဲ့ အေခၚအေဝၚမို႔ လွည့္ၾကည့္ဖို႔ မလိုပဲနဲ႔ေတာင္မွ ဒါက ၾကည္စင္ လုပ္ငန္းစုအတြက္ ေရွ႕ေနေတြထဲက တစ္ဦး ဆိုတာ သိႏုိင္တယ္။ 


'ထိုင္ ေက်ာ္ေဇာ'


မမက ကိုေက်ာ္ေဇာကို ထုိင္ခိုင္း ျပီးတာနဲ႔ ကၽြန္ေတာ့္ဘက္ကို လွည့္လာျပီးေတာ့မွ ဆိုတယ္။ 


'ဖီးလက္စ္ မင္း လုပ္ဖို႔ ရွိတာေတြကို လုပ္လိုက္ေတာ့'


ကၽြန္ေတာ္ လက္သီးကို ဖြဖြ ဆုပ္မိတယ္။ ဂ်ီဂ်ီအတြက္ အုပ္ထိန္းခြင့္ အားလံုးကို မမက ျပန္ရုတ္သိမ္း သြားေတာ့မယ္။ 


'တရားဝင္ လြဲေျပာင္းေပးတာကို ငါလိုခ်င္တယ္ ခန္႔ညား'


ျငင္းခြင့္ မရွိဘူး၊ ဒါက လုပ္ကို လုပ္ေပးရမယ့္ အေၾကာင္းတရား၊ ထိုင္ေနရာကေန ခပ္ျဖည္းျဖည္းေလး ထရပ္လိုက္မိတယ္။ ျပီးမွ ဂ်ီဂ်ီနဲ႔ သက္ဆုိင္တဲ့ အရာအားလံုး ထည့္သိမ္းထားတဲ့ မီးခံေသတၱာဆီကို ေလွ်ာက္သြားရတယ္။ လိုလားလား မလိုလားလား မီးခံေသတၱာေသာ့ကို ဖြင့္ရတယ္။ ျပီးေတာ့ စာခ်ဳပ္နဲ႔ သက္ဆိုင္တဲ့ တရားဝင္တဲ့ အရာအားလံုးကို ဆြဲယူျပီး မမေရွ႕မွာပဲ ကိုေက်ာ္ေဇာဟန္ လက္ထဲကို ထည့္ေပးလုိက္ရတယ္။ အုပ္ထိန္းခြင့္ တရားဝင္ လြဲေျပာင္းပစ္လုိက္ေၾကာင္းကို ေက်နပ္နပ္ မေက်နပ္နပ္ ျငင္းဆိုခ်က္ မဲ့စြာနဲ႔ လက္မွတ္ထုိး ေပးလိုက္ရတယ္။ 


အားလံုးကို လြဲေပးလုိက္ျပီးေတာ့မွ မမက ထရပ္လိုက္ျပီး ဆိုတယ္။ 


'အခု မင္းက ဂ်ီဂ်ီအတြက္ တရားဝင္ အုပ္ထိန္းသူ မဟုတ္ေတာ့ဘူး ဖီးလက္စ္၊ မင္း ဂ်ီဂ်ီအတြက္ကို မပူေတာ့ပဲနဲ႔ မင္းရဲ႕ အလုပ္ကိုပဲ ေသခ်ာ အာရံုစိုက္လို႔ ရျပီ'


ဟုတ္ကဲ့ မမလို႔ ကၽြန္ေတာ္ မဆိုႏုိင္ဘူး၊ မမထြက္သြားတာကိုပဲ အေငးသား ၾကည့္ေနမိတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ ကၽြန္ေတာ္ လူရမ္းကားတစ္ေယာက္ ျဖစ္ၾကည့္ခ်င္တယ္။ ကၽြန္ေတာ္ ေစာင့္ေရွာက္ခဲ့တဲ့ကေလးကို ဘယ္သူ႔လက္ထဲမွ စိတ္မခ်ႏုိင္ဘူး ဆိုျပီး ကလန္ကဆန္ လုပ္တတ္ခ်င္တယ္။ ဒါေပမယ့္ အံ့ၾကိတ္ လက္သီးဆုပ္ျပီး ရပ္က်န္ခဲ့ရတဲ့ အျဖစ္မ်ိဳးကိုပဲ ကၽြန္ေတာ္ ရင္ဆုိင္ခဲ့ရတယ္။


အဲ့ေန႔ျပီး ေနာက္တစ္ပတ္မွာ ဂ်ီဂ်ီက ကၽြန္ေတာ့္ဆီကို ေရာက္လာတယ္။ ကၽြန္ေတာ္ သူ႔ဆီ မေရာက္လာတာ တစ္ပတ္ရွိသြားလို႔ လာေျပာတယ္လို႔ ထင္လိုက္တဲ့ အေတြးမွာ သူ႔ကို ဘယ္လို ရွင္းျပရမလဲ ဆိုတာကို ေတြးမိေနတုန္းပဲ ရွိေသးတာမွာ၊ 


'ေလးငယ္ ဘာလို႔ မာမီ့ဆီ အုပ္ထိန္းခြင့္ အပ္လုိက္ရတာလဲ'


ဒီေမးခြန္းက ဒီလ သူ လစဥ္ေၾကး မရဘူးလို႔ ေျပာလိုက္တာနဲ႔ ဆင္တူေနသလိုပဲ၊ အဲ့ဒါနဲ႔ပဲ ကၽြန္ေတာ္ ေမးမိတယ္။ 


'ကိုေက်ာ္ေဇာဟန္နဲ႔ အဆင္မေျပဘူးလား'


'မာမီက ေျပာတယ္ မီမီနဲ႔ ဆက္ျပီး ဆက္သြယ္ေနမယ္ ဆိုရင္ မာမီ့ကို လာမေတြ႔ဖို႔'


ကၽြန္ေတာ္ မ်က္ႏွာ ပ်က္သြားမိတယ္။ ဒီလို နည္းလမ္းနဲ႔ ဂ်ီဂ်ီကို ထိန္းလို႔ မရႏုိင္ဘူး ဆိုတာ မမ တကယ္ မသိတာလား။ ဂ်ီဂ်ီက ဘယ္လိုပဲ ျဖစ္ေနပါေစ မမရဲ႕သား၊ အလံုးစံု မဟုတ္ေတာင္ မမရဲ႕ စိတ္ထားေတြနဲ႔ ကိုက္ညီႏုိင္လြန္းလို႔ ခက္တာ။ မမက တားေလေလ မျဖစ္ျဖစ္ေအာင္ လုပ္ျပခ်င္ေလေလ ဆိုတဲ့ ဉာဥ္ဆိုးေလး ဂ်ီဂ်ီ ဆီမွာ ရွိတယ္။ 


'ကၽြန္ေတာ္ အဲ့ေလာက္ ဆိုးေနလို႔လား၊ ဒါမွမဟုတ္ ေလးငယ္ မာမီနဲ႔ မီမီ့ကို ေသြးထိုးထားဖို႔ လိုေနလို႔လား'


ဒီစကားက ကၽြန္ေတာ္နဲ႔ လံုးဝ မသက္ဆိုင္တဲ့ စကား၊ ျပီးေတာ့ ဒါက စြပ္စြဲခ်က္ သက္သက္ခ်ည္းပဲ၊ ဒါေပမယ့္ ဂ်ီဂ်ီ နားလည္သြားဖို႔ ရွင္းျပႏုိင္စြမ္း ကၽြန္ေတာ့္မွာ မရွိဘူး။ 


'အဟက္ အုပ္ထိန္းခြင့္ေတာင္ ျပန္အပ္လိုက္ရေအာင္ ေလးငယ္ အဲ့ေလာက္ ခက္ခဲေနလို႔လား'


ျပန္အပ္လိုက္တာ မဟုတ္ပဲနဲ႔ ျပန္ျပီး သိမ္းယူတာကို လက္ပိုက္ၾကည့္ေနခဲ့ရတာပါလို႔ ကၽြန္ေတာ္ မရွင္းျပႏုိင္ဘူး။ 


'မီမီဒီပါနဲ႔ မင္းက မသင့္ေတာ္ဘူးလို႔ မမက ထင္ေနတာ'


ကၽြန္ေတာ္ အဲ့လိုေျပာေတာ့ ဂ်ီဂ်ီက မယံုဘူး ဆုိတာကို ေျပာခ်င္ေနတဲ့ မ်က္ႏွာနဲ႔ ျဖစ္တယ္။ 


'ေလးငယ္ ဘာတစ္ခြန္းမွ ဝင္မေျပာထားပဲနဲ႔ မာမီက မီမီ့ကို ဒီအတိုင္းၾကီးနဲ႔ မၾကည္စရာ ရွိလို႔လား'


'အဲ့ဒါကို ငါ ဘယ္လို သိမွာလဲ ဂ်ီဂ်ီ မင္းအေမကို မင္းေတာင္မွ နားမလည္ႏုိင္တာ ငါက ဘယ္လိုလုပ္ျပီး'


'မာမီက ေလးငယ္အက်ိဳးအေၾကာင္း ေထာက္ျပတာမ်ိဳးဆို ျငင္းပယ္တာမ်ိဳး ရွိဖူးလို႔လား ေလးငယ္ မီမီ့ကို တစ္ခုခု ေျပာထားတာ မဟုတ္ဘူး ဆိုရင္'


ဒီဟာေလး လြန္လြန္းတယ္ မဟုတ္ဘူးလား။ ဘယ္လို ျဖစ္ျပီးေတာ့မ်ား ကၽြန္ေတာ့္ကို ဒီလို စကားနဲ႔ စြပ္စြဲ ရဲရတာလဲ။ ကၽြန္ေတာ့္ကိုမ်ား။ အဲ့ဒီကၽြန္ေတာ့္ကိုမ်ား ဆိုတဲ့ဆီကေန ေရွ႕ဆက္ျပီးေတာ့ ကၽြန္ေတာ္ မေတြးရက္ဘူး။ 


'မင္း ငါ့ကို အဲ့လို ထင္တာလား'


ေမးလုိက္ေတာ့ ေျဖစရာ ကင္းမဲ့ေနတဲ့ မ်က္ႏွာနဲ႔ ဂ်ီဂ်ီက သူ႔ဆံပင္ေတြကို သူ ဖြပစ္လိုက္တယ္။ 


'မင္း မ်က္စိထဲမွာ ငါက အဲ့လိုလူပါ ဆိုရင္လည္း ငါ့အေျဖက ဘာလဲ ဆိုတာ မင္းသိမွာပဲ ဂ်ီဂ်ီ'


'ေလးငယ္ ဟုတ္တယ္လို႔ပဲ ေျဖမွာ မဟုတ္လား'


'မင္းသိေနတာပဲ ငါမအားဘူး မင္း ျပန္ေတာ့'


ကၽြန္ေတာ္ သူ႔ေရွ႕ကေန ခ်ာခနဲ လွည့္လုိက္တာနဲ႔ ဂ်ီဂ်ီ ဘယ္အထိ ေဒါသထန္သြားမလဲ ဆိုတာကို ရိပ္မိလိုက္တယ္။ ကၽြန္ေတာ္ စကားမွားသြားတယ္။ ရိပ္ခနဲ ခုန္ထြက္သြားတဲ့ အရိပ္ ေနာက္ကို ေျပးလိုက္သြားမိတယ္။ 


'ဒုန္း'


'အ'


ကၽြန္းဗီရိုဆီကို ေျပးသြားျပီး သူ မေက်နပ္သမွ် ဖြင့္ထုတ္ဖို႔ ၾကိဳးစားတယ္။ ကၽြန္းဗီရိုကို လက္သီးနဲ႔ ပစ္ထိုးျခင္းမွာ ကၽြန္ေတာ္က သူ႔လက္အေရွ႕မွာ လက္ဖဝါးကို ခံလုိက္ေတာ့ ခပ္တိုးတိုး ညီးညဴမိတယ္။ 


'ဟာ ေလးငယ္ လက္'


'ျပန္ေတာ့'


'လက္က ေသြးစို႔လာျပီ'


'ျပန္ေတာ့ မီမီဒီပါ ကိစၥကို မင္းမာမီနဲ႔ ေသခ်ာ ေဆြးေႏြး၊ ငါသေဘာမတူဘူး ဆိုတာ မရွိသလို၊ မေက်မနပ္ဘူး ဆိုတာလည္း မရွိဘူး၊ ဂ်ီဂ်ီ ငါ ဘယ္လိုလူလဲ ဆုိတာကို မင္း နားလည္မယ္လို႔ ငါေမွ်ာ္လင့္တယ္'


'လက္က'


'ေအာင္ခန္႔ ေဆးဘူး ယူလာေပးခဲ့'


ကၽြန္ေတာ္ သူ႔ကို အေသအခ်ာ ေက်ာခိုင္း ပစ္လိုက္တယ္။ မဟုတ္ရင္ ဒီဟာေလးက ျပီးမွာ မဟုတ္ဘူး။ 


@@@@@@@@@@


ဆက္ရန္---


စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။ 


စြဲညိဳ႕



rate now:

2 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:16 5

    good

    reply

  • reader NangKhinWin 09.12.2019, 23:26 5

    good

    reply