book

Index 5

Part-5

Nephew -5


@@@@@@


မမက တကယ်ကြီး သိင်္ဂီဒီပါဆိုသည့် မိန်းကလေးနှင့် ဆုံခိုင်းလေတယ်။ မရမက ဖုန်းဆက်ပြီး ပြောနေတာကြောင့် သွားတွေ့ရတယ်။ မိန်းကလေးကတော့ လှပါတယ်၊ သုံးဆယ့်ငါးနှစ် ဆိုပေမယ့် တင့်တယ်ခြင်းအတိပြီးတယ်။ တစ်ဆက်တည်း ကိုယ်အကပ်လေးက တင်းကပ်နေတာမျိုး မဟုတ်ပါပဲနှင့် ပြည့်တင်းလှပသည့် ကိုယ်လုံးလေးနှင့် လိုက်ဖက်ညီတယ်။ ခက်တာက ဘယ်လိုအလှတရားကမှ နှလုံးသားထဲ စိမ့်မဝင်နိုင်တော့တာ ဖြစ်လေတယ်။ 


ကျွန်တော် ဝင်ထိုင်လိုက်တော့ ဆေးအဖျော့လေး တင်ထားတဲ့ နှုတ်ခမ်းသားနဲ့ ပြုံးပြတယ်။ ပြီးတော့ ဘေးနားမှ ရေခွက်ကို တစ်ချက်မော့သောက်တယ်။ ဆေးသားတွေ ရေဖန်ခွက်မှာ ပေသွားတာကို ကြည့်လိုက်ပြီးမှ ကျွန်တော် တွန့်ခနဲ ဖြစ်သွားတယ်။ ဒါကိုသာ ဂျီဂျီသိရင် လေးငယ်က ဇီဇာကြောင်တယ်လို့ ပြောအုံးမည်။


'မေမေက သွားလိုက်ပါ ဆိုလို့'


မပွင့်တပွင့် ပြောတယ်။ ကျွန်တော် ပြုံးပြမိမလား မပြောတတ်ပေ။ 


'ကျွန်မက သိင်္ဂီဒီပါ ပါ'


'ဘယ်လိုပဲ ဖြစ်ဖြစ် လာပေးခဲ့တာကို ကျေးဇူးတင်ပါတယ်၊ မမက ကျွန်တော့်ကို အိုနေပြီလို့ ထင်နေတာ'


အမှန်တိုင်း ဆိုရရင် ကျွန်တော် စကားတွေ အများကြီးနဲ့ တစ်ဖက်သားမိန်းကလေးကို မျှော်လင့်ချက် မပေးလိုဘူး။ မဖြစ်နိုင်တာကြီးကို ဘယ်သူ့ကိုမှ မမျှော်လင့် စေချင်ဘူး၊ ကျွန်တော်ပြောလိုက်မတာမှာ သူမက ခပ်တိုးတိုးရယ်တယ်။ ရှက်တာလား ဘာလား ဆိုတာအထိ ဝေခွဲဖို့ကို ကျွန်တော် စိတ်မဝင်စားဘူး။ သူမနဲ့ တွေ့ပြီးရင် ဂျီဂျီရဲ့ဆိုင်ကို သွားဖို့ ရှိတယ်။ 


'အမှန်ပြောရရင် ကျွန်တော်က အိမ်ထောင်ပြုဖို့ကို မဖြစ်မနေလို့ တွေးထားတာမျိုး မရှိဘူး'


တစ်ဖက်သားကိုလည်း အနေမခက်အောင် ကိုယ်ဖြစ်ချင်တာလေးလည်း ပေါ်လွင်အောင် ပြောဖို့ ဆိုတာ လွယ်မယ်လို့ ထင်ပါသလား၊ မလွယ်ပါဘူး။ ထင်ထားတာထက် ပိုပြီး ခက်နေနိုင်ပါသေးတယ်။ ပြောရရင် အခု ကျွန်တော် ကြုံနေသလိုမျိုး၊ 


'ဟုတ်ကဲ့ သိင်္ဂီကလည်း မေမေက သွားတွေ့ကြည့်ပါ ဆိုလို့ လာတွေ့တာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် မျက်စိကျသွားတယ် ဆိုရင်လို့ မေမေက ပြောလို့ပါ'


'အာ ဒါဆိုရင်တော့ တော်သေးတယ်၊ ကျွန်တော်တို့လို ပုံစံနဲ့ ခိုင်မြဲအောင် တည်ဆောက်နိုင်မှာပါ ဆိုတာမျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ မမကို ကျွန်တော ်ပြောလို့ ရသွားတာပေါ့'


'ဒါနဲ့ ကိုခန့်ညားရဲ့ အသက်က'


'ကျွန်တော် သုံးဆယ့်ခုနှစ်ပါ အေပရယ်လထဲ'


'လေးငယ်'


လက်ထောင်ပြရင်း ဝင်လာတဲ့သူကို ကြည့်လိုက်ပြီး ကျွန်တော် မျက်မှောင်ကုတ်သွားတယ်။ ဘာကိစ္စ ကော်ဖီဆိုင်ကို လာရတာလဲ၊ ကော်ဖီနဲ့ မတည့်ပါဘူး ဆိုမှ၊ အလိုမကျခြင်းနှင့်အတူ မျက်မှောင်ကုတ်လိုက်မိခြင်းက အရင် ဖြစ်သွားတာ အရှေ့မှ မိန်းကလေးကို အားတုံ့အားနာ ဖြစ်ရပြန်တယ်။ 


'လေးငယ် လာမယ်ဆိုလို့ နေ့လည်စာ အတူတူ သွားစားဖို့ စောင့်နေတာ'


'ဒီကို ဘာလာလုပ်တာလဲ ကော်ဖီဆိုင်ကြီး'


'လေးငယ် ရှိတယ် ဆိုလို့ လာတာလေ မမသု ပြောတာ'


သုသုက မမရဲ့ အတွင်းရေးမှု ဖြစ်တာ ကြာပြီမို့ ဂျီဂျီတို့ မလေးမစားလုပ်လို့ မရတဲ့ လူစာရင်းဝင်တယ်။ 


'ဒါက မမရဲ့သားလေ မိုးသားကြည်စင်'


'အော်'


မိန်းကလေးက ပြုံးပြနေတာကို ဂျီဂျီက ကျွန်တော့်အတွက် ချထားတဲ့ ရေဖန်ခွက်ကို ကောက်ယူပြီး မော့သောက်တယ်။ ပြီးမှ မချိပြုံးနဲ့၊


'မမက ဓာတ်ပုံထဲမှာထက် ပိုပြီး ရင့်ကျက်တယ်နော်'


ဒီဟာလေး လုပ်ပြီ၊ ပေါက်ကရတွေ၊ ဘာရင့်ကျက်တာလဲ၊ စကားကို အလှသုံးပြီး သူများတစ်ဖက်သားကို ရုပ်ရင့်တယ် ပြောချလိုက်တာများ၊ ဟိုကတော့ အီလည်လည်ပေး ပြုံးရှာပါတယ်။ 


'တွေ့ဖူးတာလား'


'ဟုတ်တယ် မာမီလာပြပေးတုန်းက တွေ့တော့ ဂျီဂျီတောင် ပြောလိုက်သေးတယ်၊ လေးငယ်နဲ့တောင် မလိုက်ဖူးလို့ အဟဲ'


လေးငယ်နဲ့တောင် မလိုက်တာက သူမဘက်ကလိုလို ကျွန်တော့်ဘက်ကလိုလို၊ ဂျီဂျီတို့ စကားတတ်လိုက်တာဆိုတာ၊ မဟုတ်သေးဘူး၊ စကားတတ်တာ မဟုတ်ဘူး၊ ရှေ့မကြည့်နောက်မကြည့် သူများ ဘယ်သူ ဘယ်လို ဘာဖြစ်သွားသွားပြောရဲတာ။ 


'လေးငယ် ဂျီဂျီ ဗိုက်ဆာနေပြီ ကြာအုံးမှာလား'


'သွားစရာ ရှိရင် သွားလေ သိင်္ဂီလည်း ပြန်တော့မှာ ညီမလေးတစ်ယောက်က ရှော့ပင်းလိုက်ပို့အုံး ပြောထားတာ'


'သွားမယ်လေ မမ ဘာစောင့်နေတာလဲ'


ခုနတုန်းက တစ်ဖက်စားပွဲဝိုင်းမှာ ထိုင်နေတဲ့ မိန်းကလေးက ထရပ်လာပြီး သိင်္ဂီဒီပါကို လာခေါ်တော့ ကျွန်တော် အားတုံ့အားနာ ဖြစ်ရတယ်။ ဂျီဂျီဟာ လူတစ်ဖက်သားကို အားနာရကောင်းမှန်းမသိ။ ဆူဖို့ ပြောဖို့ ကြည့်လိုက်တော့ အခုမှ အနားရောက်လာတဲ့ မိန်းကလေးကို ပြုံးပြနေတာများ မျက်နှာမှာ သကာရည်တွေ ပုံးလိုက်လောင်းပြီး ပျားရည်ကန်ထဲ စိမ်နေတဲ့အတိုင်း၊


'သိင်္ဂီတို့ပါ ထမင်းစားပြီးမှ သွားပါလား နေ့လည်စာ စားချိန်လည်း ရောက်နေပြီလေ'


အဲ့ဒီအခါ ဟိုဟာလေးက လည်ပင်းကို ပွတ်သလိုလိုနဲ့ ကျွန်တော့်ကို လက်မထောင်ပြလေတယ်။ ကျွန်တော် စောင့်ကြည့်လိုက်ပါအုံးမယ်။ ဒီတစ်ယောက်နဲ့ ဘယ်လောက်ကြာမလဲ ဆိုတာ၊ 


@@@@@@@@@


'လေးငယ် မီမီဒီပါက စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား'


ဟိုနေ့တုန်းက တွေ့လိုက်တဲ့ မိန်းကလေးက သိင်္ဂီဒီပါနဲ့ တစ်ဝမ်းကွဲ ညီအစ်မ၊ ဂျီဂျီ အသေချာ သဘောကျနေတာမို့ ကျွန်တော် အသေချာကြည့်မိတယ်။ မျက်နှာသေးသေးလုံးလုံးလေးနဲ့ နှုတ်ခမ်းစူစူလေးရယ်၊ ကိုယ်လုံးသေးသေး ကျစ်ကျစ်လေးရယ်က လှလိုက်တာဆိုတာထက် ချစ်စရာလေး ဆိုတာမျိုး၊ ပြောရရင် ဂျီဂျီ ထားခဲ့ဖူးသမျှ ရည်းစားတွေမှာ ရှိတတ်တဲ့ အရည်အချင်းတွေ ပြည့်စုံနေတာမျိုး၊ 


ဂျီဂျီက အိမ်မှာ မိသားစုဝင်တွေ အားလုံးက ကလေးလို့ သဘောထားတာကြောင့် ဒီလို ကလေးဆန်သော တိုက်ပ်လေးတွေကို သဘောကျတတ်တယ်။ သူ ဆရာလုပ်တာကို ငြိမ်ခံနေမယ့် ကလေးဆိုးလေးတွေကို သဘောကျသလိုမျိုး၊ လေဒီတိုက်ပ်တွေ ဆိုရင် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာတွေ ထွက်လာနိုင်သေးတာမျိုး၊ 


'လေးငယ် သူ့အသံလေးက တစ်မျိုးလေး ချွဲနေတာ မဟုတ်ပဲနဲ့ကို အသည်းယားစရာလေး'


သေချာသလောက်က ဒီလိုမျိုး တစ်ပတ်လောက်အထိ ကြားရပါမည်။ ပြီးလျှင် လေးငယ် မရတော့ဘူး သူ့ကို လမ်းခွဲမယ်၊ နည်းလမ်းရှာပေးပါလို့ ဆိုမယ်။ သူနဲ့ လုံးဝ အဆင်မပြေနိုင်ဘူး သူက ဘာမှလည်း မသိဘူး စိတ်ကောက်ဖို့ပဲ သိတာ၊ ဂျီဂျီ သည်းမခံနိုင်တော့ဘူး၊ ဆိုတာတွေ ဖြစ်လာမယ်။ နောက်ဆုံးမှာ တော်ပြီ ဂျီဂျီ ရည်းစားမထားတော့ဘူး၊ ရည်းစားထားတယ် ဆိုတာ ခဏပဲ ကောင်းတယ်၊ အကြာကြီး မကောင်းဘူး၊ လေးငယ်ပဲ ကောင်းတယ်၊ အမြဲတမ်း ဆိုတာတွေ၊ နောက်ပြီးရင် သူစိတ်ကြိုက်တွေ့တဲ့ မိန်းကလေးဆို နားညီးလောက်အောင် ပြန်လာပြီး ချီးကျူးပြပါအုံးမည်။ 


ဒီဟာလေးအကြောင်းဆို ကျွန်တော်က မွေးညင်းပေါက်လေးတွေကအစ ရေတွက်နေမိတာမျိုး၊ ညာတော့မယ် ဆိုရင် ဘယ်လို မျက်နှာထားမျိုး၊ ဒါက သူတစ်ခုခု တောင်းဖို့လိုတဲ့အခါ လုပ်နေကျ အပြောင်မျက်နှာ၊ 


'ဒါနဲ့လေးငယ် ဘာလို့ ရည်းစားမထားတာလဲ'


ဒီလိုသိချင်လို့ ဆွေးနွေးတာမျိုးက ရှားတာကြောင့် ဖတ်လက်စ စာအုပ်ကို ဘေးကို ချလိုက်ရတယ်။ ကျွန်တော်ဖြေလာမှာကို မျှော်လင့်နေတဲ့ မျက်ဝန်းတောက်တောက်တွေကို တည့်တည့်ကြည့်လိုက်ပြီးမှ၊ 


'မထားချင်လို့'


'ဟာ ဂျီဂျီ အကောင်းမေးနေတာကို'


'ရည်းစားထားပြီး ဘာလုပ်ရမှာလဲ'


'ဒါဆို လေးငယ် တစ်သက်လုံး တစ်ယောက်တည်း နေဖို့ တွေးထားတာလား'


'အဲ့ဒါ မင်းပူစရာ ဘာရှိလဲ'


'အဲ့လိုပြောတာ လေးငယ် မတရားတာ ကျွန်တော့်ကိစ္စအကုန်လုံးကျ လေးငယ်ပဲ ဆုံးဖြတ်ပြီးတော့ လေးငယ်ကိစ္စကျတော့ မင်းနဲ့ဘာဆိုင်လဲ မင်းပူစရာ ဘာရှိလဲ၊ အဲ့ဒါ ငါကိစ္စလား မင်းကိစ္စလား၊ လုံးဝမတရားဘူး'


'မင်းဝင်ဆွေးနွေးနိုင်ရင်တောင်မှ ငါ့ကိစ္စကို မင်း ဆုံးဖြတ်နိုင်တာမှ မဟုတ်တာ ဘာလို့ စိတ်ဝင်စားနေအုံးမလဲ'


'ဟာ ဒါက ဒီလို ရှိတယ်လေ၊ လေးငယ်ယူမယ့် မိန်းမက ဂျီဂျီနဲ့ မတည့်ရင် ဘယ်လို လုပ်မလဲ'


စာအုပ်ကို ပိတ်ထားတဲ့ လက်က စာအုပ်ကို ပိုပြီး ဖိကိုင်လိုက်မိတယ်။ 


'ငါက မဖြစ်မနေ မိန်းမတစ်ယောက် ယူဖို့ လိုတယ်လို့ မင်းတွေးနေတာလား'


အဲ့လို ပြန်မေးတော့ သူက မျက်နှာလွဲလိုက်ပြီးမှ ဘေးဘီကို ဝေ့ကြည့်ရင်း မေးလာတယ်။ 


'အဲ့လိုတော့ မဟုတ်ဘူး ဂျီဂျီ ငယ်ကတည်းက လေးငယ်ရဲ့ကိစ္စတွေကို စွပ်ဖက်ခွင့် မရှိပေမယ့် အားလုံးတော့ သိခွင့်ရတာပဲလေ ဒါပေမယ့် လေးငယ် တစ်ခါမှ ဟိုတယ်တွေ ဘာတွေ သွားတာလည်း မတွေ့ဖူးဘူး၊ ပြီးတော့ မိန်းကလေးနဲ့ ပတ်သတ်တာလည်း မကြားမိဘူး၊ နောက်ပြီးတော့ ကေတီဗီတွေ လာတွေလည်း သွားတာ မကြုံဖူးတော့'


ကျွန်တော် သူပြောလာမှာကို သေချာ နားထောင်နေတော့ ဂျီဂျီက နေရခက်ဟန်နှင့် ခပ်တိုးတိုးမေးလာတယ်။ 


'လေးငယ် ပန်းသေနေတာလား'


'ဘာ! မင်း'


'ဘုတ်'


'အား! နာတယ် လေးငယ်ရ ဘာလို့ စာအုပ်နဲ့ ရိုက်ရတာလဲ'


ကျွန်တော့်လက်ထဲက စာအုပ်နဲ့ သူ့ခေါင်းကို ရိုက်လိုက်တော့ သူက နာသွားသဖြင့် ထအော်တယ်။ ကျွန်တော် ထိုင်နေရာကနေ ထရပ်လိုက်ပြီးမှ၊ 


'အိပ်တော့'


ဒီဟာလေး ဘယ်လိုအတွေးတွေ တွေးမိနေတာလဲ၊ သေချာတယ် ဒီလိုအတွေးတွေ ကျွန်တော့်ဆီကနေ ဆင်းသက်လာတာ မဟုတ်ဘူး။ 


'ဟာ လေးငယ် အကောင်းပြောနေတာကို ကျွန်တော် တွေးမိလို့ ဆရာဝန်တချို့တောင် စုံစမ်းထားသေးတယ်၊ ဂျီဂျီခန့်မှန်းတာ မှန်တယ် မဟုတ်လား'


ကျွန်တော် သူ့ကို ကျောခိုင်းခဲ့တဲ့အထိ အဲ့ဒါကို လှမ်းမေးနေတုန်း၊ ဒီဟာလေး ပုံမှန်မှ ဟုတ်ရဲ့လား၊ ဘာလို့ ပေါက်ကရအတွေးတွေ ပြည့်နေရတာလဲ၊ 


'လေးငယ် ဒီလိုချည်းနေလို့ မရဘူးနော်၊ ဆရာဝန်နဲ့ သေချာ တိုင်ပင်မှရမှာ၊ တကယ်အလုပ်မလုပ်ဘူး မဟုတ်လား၊ ဘယ်တုန်းက စတာလဲ'


'အိပ်တော့ မင်းစကားတစ်သံ ထွက်လာခဲ့ရင် နောက်လရဲ့ လစဉ်ကြေး မမျှော်လင့်နဲ့တော့'


'ဟာ ဒါကိုပဲ လာပြီးတော့ ဂျီဂျီက လေးငယ်အတွက် စေတနာနဲ့ တကယ်လို့ လေးငယ် လိုအပ်ရင်ပြောနော် ဂျီဂျီဆီမှာ ဆရာဝန်တွေ အဆက်အသွယ် ရှိတယ်'


အိပ်ခန်းတံခါးကို ပိတ်လိုက်တဲ့အထိ မဟုတ်ကဟုတ်ကအတွက် ရှင်းပြနေတာ မပြီးနိုင် မစီးနိုင်။ ဒီဟာလေး ဦးနှောက်ထဲမှာ တစ်ခုခု ချို့ယွင်းသွားပြီလား၊ မေးတတ်တယ် ပန်းသေနေတာလား ဆိုပြီး။ ဒါမျိုးဆိုတာက တွေ့ကရာလူကို ထကြွသောင်းကျန်းလို့ ရနိုင်တာမျိုး ဟုတ်လို့လား၊ ဒါမှမဟုတ် ဒီဟာလေး အဲ့လိုပဲ တွေ့ကရာလူနဲ့..၊ တော်ပြီ တော်ပြီ ဆေးရုံမှာ ဆေးစစ်ခိုင်းမှ ဖြစ်မယ်။


@@@@@@@@@


'လေးငယ် ကျွန်တော်တို့ အိမ်မှာပဲ ညစာစားကြမလား'


အိမ်ကို ရောက်ရောက်ချင်း လက်ကို အနေမတတ်သလို ပွတ်၍ ပြောနေတဲ့ ဂျီဂျီကို ကျော်ပြီး ဧည့်ခန်းကို ကြည့်လိုက်တော့ မီမီဒီပါက ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတယ်။ ကျွန်တော် အခြေအနေကို မသိချင်ယောင်ဆောင်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီးမှ ကျွန်တော်နေတဲ့ အိပ်ခန်းထဲကို လှမ်းဝင်လာတယ်။ 


ဂျီဂျီက အနောက်ကနေ လိုက်လာပြီးမှ မျက်လုံးတွေ မှိတ်ကျသွားအောင် ရယ်ပြရင်း မေးတယ်။ 


'လေးငယ် အမဲသားစတိတ်စားမယ် မဟုတ်လား ဂျီဂျီ ဈေးဝယ်တော့ အမဲသားဝယ်လာတယ်'


'အင်း'


'လေးငယ် မီမီ့ကို အိမ်ကို ခေါ်လာတာ မမေးတော့ဘူးလား'


'ဘာမေးရမှာလဲ သူ့မိဘနာမည်လား သူ့အသက်လား ဒါမှမဟုတ် မင်းတို့ ဘယ်အခြေအနေထိ ရောက်နေပြီလဲလို့လား'


ကျွန်တော် မေးလိုက်တော့ ဂျီဂျီက မျက်နှာလေးငယ်သွားတယ်။ ပြီးမှ ခေါင်းပြန်မော့ရင်း ဆိုတယ်။


'မီမီတို့ အသိုင်းအဝိုင်းက ခါတိုင်း မိန်းကလေးတွေနဲ့ မတူဘူးလေ၊ အဲ့ဒါကြောင့် ကျွန်တော်'


အဲ့ဒါနဲ့ပဲ အလေးအနက် ထားလိုက်ပြီလား၊ မေးချင်ပေမယ့် မမေးဖြစ်လိုက်ပေ။ ဒီဟာလေးကို တစ်သက်လုံး ကြည့်နေဖို့ ဆုံးဖြတ်ထားခြင်းမှာ တစ်နေ့မှာ သူအလေးအနက်ထားတဲ့ တစ်စုံတစ်ယောက် ပေါ်လာနိုင်တယ် ဆိုတာ ကြိုတွေးထားပြီးသား ပေမယ့် တကယ်ဖြစ်လာခြင်းမှာ ကျွန်တော် မပြုံးနိုင်ပေ။ ရင်နာတာ ရင်ဆို့တာ တစ်ခုခု မဟုတ်ပါပဲနှင့် ရင်ထဲမှာ တစ်ခုခုက လစ်ဟာသွားသလိုမျိုး၊ ဆုံးရှုံးရပါပြီ ဆိုတဲ့ ခံစားချက် မဟုတ်ပေမယ့် ကောင်းတာပေါ့ ဆိုတဲ့ စကားကို မပြောနိုင်၊ 


'ချက်ပြီးသားလား'


'မချက်ရသေးဘူး ဒီတစ်ခါတော့ လေးငယ်ကို မီမီနဲ့ သေချာ မိတ်ဆက်ပေးမယ်'


အကျႌလဲပြီးသွားပြီမို့ အခန်းပြင်ကို ထွက်လာတော့ မီမီက ဓာတ်ပုံစာအုပ်ကို လှန်နေတယ်။ သူက မီမီအနားကို သွားလိုက်ပြီးမှ လက်အဖျားလေးကို ဆုပ်ကိုင်လိုက်တယ်။ ပြီးမှ


'လေးငယ်ကို တရားဝင် မိတ်ဆက်ပေးမယ် သူက ဂျီဂျီ့ကောင်မလေး မီမီဒီပါ'


မိန်းကလေးက အပြုံးချိုချိုလေးနဲ့ ပြုံးပြပေမယ့် ကျွန်တော် သူတို့တွေ တွဲကိုင်ထားတဲ့ လက်ကိုပဲ စူးစိုက်ကြည့်နေမိတယ်။ ပြီးမှ 


'ဂျီဂျီ ဆိုတာက'


'အာ အဲ့ဒါက ကိုယ်ငယ်တုန်းက ဂျီကျလွန်းလို့ လေးငယ်က ဂျီဂျီလို့ ပေးထားခဲ့တာ အခုထိ အိမ်ကလူတွေက ဂျီဂျီလို့ ခေါ်ကြတယ်'


'နာမည်က ချစ်စရာလေးပဲ'


ချစ်စရာလေး ဆိုတာကို မခို့တရို့ပြုံးရင်း ဆိုတယ်။ 


'အော် ဒီမှာ ကိုယ်ငယ်ငယ်တုန်းက လေးငယ်က ကိုယ်နဲ့ ပတ်သတ်သမျှ အားလုံးကို မှတ်တမ်းတင်ပေးထားတယ်'


ဓာတ်ပုံစာအုပ်ကို ဆွဲယူလိုက်ပြီး ဖြန့်ပြကာ နှစ်ဦးသား ခေါင်းချင်းဆိုင်၍ တစ်ခစ်ခစ် ရယ်နေလေတယ်။ ကျွန်တော် သူတို့ နှစ်ဦးကို အသေအချာ ကြည့်နေပြီးမှ တွေးမိတယ်။ သူပြုံးနေတာပဲ၊ သူကောင်းကောင်းပြုံးနေတာပဲ၊ သူ ဒီလောက်ထိ ကောင်းကောင်း ကြီးပြင်းလာတာပဲ၊ သူ အရွယ်ရောက်လာပြီပဲ၊ 


'ဒီမှာကြည့် ဒီမှာ ငယ်တုန်းက လေးငယ်က ဓာတ်ပုံ ရိုက်တာ ရှားတယ် ဒီပုံက မာမီအတင်း ရိုက်ထားတာ ဒီမှာကြည့်'


ဂျီဂျီက ကျွန်တော် ငယ်တုန်းက မမအတင်း ရိုက်ထားပေးတဲ့ ပုံလေးကို မီမီဒီပါကို ပြနေတယ်။ မီမီဒီပါက အရယ်မျက်နှာနဲ့ ကြည့်နေရင်းက ချက်ချင်းပဲ ပုံကို ကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက်နဲ့ အကြည့်တို့က ဗြောင်းဆန်သွားတယ်။ ပြီးမှ အတိအကျ သိလိုတဲ့ မျက်နှာနဲ့ မေးလာတယ်။ 


'ဒါက တကယ်ပဲ ဦးလေးငယ်လား'


'အင်း ဂျီဂျီ ငါဗိုက်ဆာပြီ မင်းမလုပ်လည်း ငါပဲ လုပ်လိုက်တော့မယ်'


ဂျီဂျီက ထိုင်နေရာကနေ ထရပ်ပြီးတော့ ပြောတယ်။ 


'အကုန်တူးကုန်အောင် ကျွန်တော်ပဲ ချက်လိုက်မယ်'


ဂျီဂျီက သူ့ကောင်မလေးရဲ့ မျက်နှာကို သေချာမမြင်မိပဲနှင့် မီးဖိုခန်းသို့ ဝင်သွားတယ်။ ကျွန်တော်နဲ့ မီမီဒီပါ နှစ်ယောက်တည်း ကျန်နေခဲ့တော့မှ၊ 


'အသိနဲ့ တူလို့လား'


'ဟမ် မဟုတ်ပါဘူး ဂျီဂျီနဲ့ သိပ်မတူဘူး ထင်လို့ပါ'


'ဟုတ်လား၊ ကိုယ်တို့က တူဝရီးအရင်း မဟုတ်ဘူးလေ မတူတာ မဆန်းပါဘူး'


'ဘာ'


ဘာဆိုတဲ့ အာမေဋိတ်အနောက်မှာ မီမီဒီပါက ထရပ်လိုက်ပြီးမှ 


'မိုး မီမီပြန်တော့မယ်'


'ညစာစားပြီးမှ ပြန်မယ်ဆို ဘာလို့လဲ မကြာပါဘူး ကိုယ်က ဟင်းချက်တာ ကျွမ်းပါတယ်'


'မဟုတ်ဘူး ဘကြီးအိမ်ကို သွားစရာ ရှိတာအခုမှ သတိရလို့'


'ဟုတ်လား ကိုယ်လိုက်ပို့ပေးရမလား'


'ရတယ် မီမီ ကားပါတာပဲ ကားနဲ့ပဲ ပြန်လိုက်မယ်'


မီမီဒီပါ ထွက်သွားပြီ ဆိုမှ သူ ဟင်းချက်နေတာကို ထိုင်ကြည့်ပြီး ပြီးသွားတော့ ဝင်ထိုင်လိုက်တယ်။ ပြီးမှ 


'မီမီဒီပါနဲ့ တွေ့နေတာကို မမကို ပြောလိုက်အုံး၊ မမ မသိတာ မကောင်းဘူး'


'မာမီနဲ့တွေ့ဖို့အထိကျ စောလွန်းသေးတယ် မဟုတ်လား ကျွန်တော် မိန်းကလေး တစ်ယောက်ကို တာဝန်ယူနိုင်ပါ့မလား မသေချာသေးဘူး ကြောက်တယ်'


'အဲ့ဒါဆိုလည်း အစောတည်းက အိမ်မခေါ်လာသင့်တာ'


'အိမ်မခေါ်လာလို့ ဘယ်လို ဖြစ်မှာလဲ သွားတဲ့နေရာတိုင်းမှာ မီမီ့ကို သိနေကြတာချည်းပဲ'


'တစ်ဘဝစာ လက်တွဲမယ် ဆိုရင် မင်းသူ့ကို သေချာသည်းခံနိုင်ပြီလား နားလည်နိုင်ပြီလား တစ်သက်လုံး နိုင်စားဖို့ ခွင့်ပြုနိုင်ပြီလား ဆိုတာ အရင်တွေးရမှာ'


'ဘာလို့ သူများကို တစ်သက်လုံး နိုင်စားခွင့်ပြုရမှာလဲ ကျွန်တော်ကပဲ တစ်သက်လုံး နိုင်စားမှာ'


အမဲသားစတိတ်ကို လှီးဖြတ်နေရင်းက ဂျီဂျီ၏ စကားကြောင့် ပြုံးရသေးတယ်။ 


'လေးငယ် ပြုံးလိုက်တာလား'


ကျွန်တော် မဖြေတော့ သူက ကုန်းထပြီး မျက်နှာကို အနီးကပ် လာကြည့်တယ်။ 


'ကျွန်တော့်ကို တစ်သက်လုံး သည်းခံနိုင်တဲ့လူ မရှိဘူးလို့ ဆိုလိုချင်တာလား အဲ့ဒီအပြုံးက'


'မဟုတ်ပါဘူး မင်းမှာ ရှိမှာပါ'


'သေချာတာပေါ့ ဂျီဂျီပဲ ဟာကို'


သူက သူ့ကိုယ်သူ ဝင့်ကြွားစွာဖြင့် ခုံမှာ ပြန်ပြီး ဝင်ထိုင်တယ်။ ဟုတ်တာပေါ့ ဂျီဂျီပဲမို့ ကျွန်တော်က တစ်သက်လုံး သူ့ကို သည်းခံဖို့ မွေးဖွားလာတာပဲကို၊ နှစ်ယောက်သား စားပြီးတော့ ဂျီဂျီအခန်းထဲက လျှော်စရာတွေကို သွားယူ ကျွန်တော့်အဝတ်တွေပါ ယူပြီးမှ လျှော်စက်ထဲကို ထည့်လိုက်တယ်။ တချို့ အပြာလွင်လွင်လေးတွေကျ လျှော်စက်နဲ့ မပြောင်မှာ စိုးလို့ ရေချိုးခန်းထဲမှာ ခဏ ရေစိမ်ထားရတယ်။ 


'ပင်မင်းအပ်လိုက်လည်း ရတာကို လေးငယ်က အမြဲတမ်း လိုက်လုပ်နေတာ'


'ပင်မင်းက အများနဲ့လေ အဝတ်ကောင်းပေမယ့် သူတို့အကျႌမဟုတ်မှတော့ တစ်ခုခု လွဲသွားရင် အလကားနေရင်း သူများတွေနဲ့ စကားပြောနေရမှာ'


အရင်နေ့တွေတုန်းက လှန်းထားတဲ့ သူ့အကျႌတွေကို ရုတ်ယူလာပြီးတော့မှ မီးပူထိုးဖို့ အခန်းထဲကို ဝင်လာတော့ သူကပါ လိုက်ဝင်လာတယ်။ မီးကြွေထိုးဖို့ ပလပ်တပ်လိုက်ပြီး ကျွန်တော် ထိုင်ခုံမှာ ထိုင်လိုက်တော့ သူကပါ ထိုင်ခုံတစ်လုံးဆွဲယူလာပြီး ထိုင်တယ်။ သူ့အကျႌတွေ အတော်များများက အပြာရောင်နုနုမို့ ခေါက်ရိုးကျိုးအောင် မီးပူတိုက်မှ ကြည့်လှတာမျိုး၊ ချည်သားချည်း ဝတ်တတ်တဲ့သူမို့ ပိုလို့တောင် အဝတ်အစားတွေ ပုံကျနေဖို့ကို ဂရုစိုက်ပေးရတယ်။


အိမ်ခွဲနေတာပေမယ့် တစ်ပတ်မှာ သုံးရက်လောက်က သူ့ဝေယျာဝိစ္စအတွက် သူ့အိမ်မှာပဲ အိပ်ဖြစ်တာ များတယ်။ ကျွန်တော့်အိမ်ကတော့ အောင်ခန့်ရဲ့အိမ်လုံးလုံးကို ဖြစ်နေတာ။ ဒီဟာလေးက မီးဖိုခန်းထဲမှာ ချက်ပြုတ်တတ်တာကလွဲရင် ကျန်တာ ဘာမှမလုပ်ချင်တာမျိုး။ ကျွန်တော်မီးကြွေတိုက်နေတာကို သူက လိုက်ကြည့်ပြီးမှ 


'လေးငယ်'


'ကျွန်တော်မိန်းမယူလို့ လေးငယ်လောက် အဆင်မပြေရင် ဘယ်လိုလုပ်မလဲ'


'ဘာလုပ်ချင်သေးတာလဲ'


'အဲ့အချိန်ကျ ပြန်အမ်းလို့ မရတော့လောက်ဘူး ဟူး'


မိန်းမ မယူသေးခင် ပြန်အမ်းဖို့ ပြင်နေတဲ့ ဒီဟာလေး သိပ်ပြီး အကောင်းမကြိုက်တတ် ရှာသူပါလား။


@@@@@@@@@


ဆက်ရန်---


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


စွဲညို့


Zawgyi


Nephew -5


@@@@@@


မမက တကယ္ၾကီး သိဂႌဒီပါဆိုသည့္ မိန္းကေလးႏွင့္ ဆံုခုိင္းေလတယ္။ မရမက ဖုန္းဆက္ျပီး ေျပာေနတာေၾကာင့္ သြားေတြ႔ရတယ္။ မိန္းကေလးကေတာ့ လွပါတယ္၊ သံုးဆယ့္ငါးႏွစ္ ဆိုေပမယ့္ တင့္တယ္ျခင္းအတိျပီးတယ္။ တစ္ဆက္တည္း ကိုယ္အကပ္ေလးက တင္းကပ္ေနတာမ်ိဳး မဟုတ္ပါပဲႏွင့္ ျပည့္တင္းလွပသည့္ ကိုယ္လံုးေလးႏွင့္ လုိက္ဖက္ညီတယ္။ ခက္တာက ဘယ္လိုအလွတရားကမွ ႏွလံုးသားထဲ စိမ့္မဝင္ႏုိင္ေတာ့တာ ျဖစ္ေလတယ္။ 


ကၽြန္ေတာ္ ဝင္ထိုင္လိုက္ေတာ့ ေဆးအေဖ်ာ့ေလး တင္ထားတဲ့ ႏႈတ္ခမ္းသားနဲ႔ ျပံဳးျပတယ္။ ျပီးေတာ့ ေဘးနားမွ ေရခြက္ကို တစ္ခ်က္ေမာ့ေသာက္တယ္။ ေဆးသားေတြ ေရဖန္ခြက္မွာ ေပသြားတာကို ၾကည့္လုိက္ျပီးမွ ကၽြန္ေတာ္ တြန္႔ခနဲ ျဖစ္သြားတယ္။ ဒါကိုသာ ဂ်ီဂ်ီသိရင္ ေလးငယ္က ဇီဇာေၾကာင္တယ္လို႔ ေျပာအံုးမည္။


'ေမေမက သြားလုိက္ပါ ဆိုလုိ႔'


မပြင့္တပြင့္ ေျပာတယ္။ ကၽြန္ေတာ္ ျပံဳးျပမိမလား မေျပာတတ္ေပ။ 


'ကၽြန္မက သိဂႌဒီပါ ပါ'


'ဘယ္လုိပဲ ျဖစ္ျဖစ္ လာေပးခဲ့တာကို ေက်းဇူးတင္ပါတယ္၊ မမက ကၽြန္ေတာ့္ကို အိုေနျပီလို႔ ထင္ေနတာ'


အမွန္တိုင္း ဆိုရရင္ ကၽြန္ေတာ္ စကားေတြ အမ်ားၾကီးနဲ႔ တစ္ဖက္သားမိန္းကေလးကို ေမွ်ာ္လင့္ခ်က္ မေပးလိုဘူး။ မျဖစ္ႏိုင္တာၾကီးကို ဘယ္သူ႔ကိုမွ မေမွ်ာ္လင့္ ေစခ်င္ဘူး၊ ကၽြန္ေတာ္ေျပာလုိက္မတာမွာ သူမက ခပ္တိုးတိုးရယ္တယ္။ ရွက္တာလား ဘာလား ဆိုတာအထိ ေဝခြဲဖို႔ကို ကၽြန္ေတာ္ စိတ္မဝင္စားဘူး။ သူမနဲ႔ ေတြ႔ျပီးရင္ ဂ်ီဂ်ီရဲ႕ဆုိင္ကို သြားဖို႔ ရွိတယ္။ 


'အမွန္ေျပာရရင္ ကၽြန္ေတာ္က အိမ္ေထာင္ျပဳဖုိ႔ကို မျဖစ္မေနလို႔ ေတြးထားတာမ်ိဳး မရွိဘူး'


တစ္ဖက္သားကိုလည္း အေနမခက္ေအာင္ ကိုယ္ျဖစ္ခ်င္တာေလးလည္း ေပၚလြင္ေအာင္ ေျပာဖို႔ ဆိုတာ လြယ္မယ္လုိ႔ ထင္ပါသလား၊ မလြယ္ပါဘူး။ ထင္ထားတာထက္ ပိုျပီး ခက္ေနႏုိင္ပါေသးတယ္။ ေျပာရရင္ အခု ကၽြန္ေတာ္ ၾကံဳေနသလိုမ်ိဳး၊ 


'ဟုတ္ကဲ့ သိဂႌကလည္း ေမေမက သြားေတြ႔ၾကည့္ပါ ဆိုလို႔ လာေတြ႔တာပါ၊ ဘယ္လုိပဲျဖစ္ျဖစ္ မ်က္စိက်သြားတယ္ ဆိုရင္လို႔ ေမေမက ေျပာလို႔႔ပါ'


'အာ ဒါဆိုရင္ေတာ့ ေတာ္ေသးတယ္၊ ကၽြန္ေတာ္တို႔လို ပံုစံနဲ႔ ခိုင္ျမဲေအာင္ တည္ေဆာက္ႏုိင္မွာပါ ဆိုတာမ်ိဳးလည္း ျဖစ္မလာႏုိင္ဘူးလို႔ မမကို ကၽြန္ေတာ ္ေျပာလို႔ ရသြားတာေပါ့'


'ဒါနဲ႔ ကိုခန္႔ညားရဲ႕ အသက္က'


'ကၽြန္ေတာ္ သံုးဆယ့္ခုႏွစ္ပါ ေအပရယ္လထဲ'


'ေလးငယ္'


လက္ေထာင္ျပရင္း ဝင္လာတဲ့သူကို ၾကည့္လုိက္ျပီး ကၽြန္ေတာ္ မ်က္ေမွာင္ကုတ္သြားတယ္။ ဘာကိစၥ ေကာ္ဖီဆိုင္ကို လာရတာလဲ၊ ေကာ္ဖီနဲ႔ မတည့္ပါဘူး ဆိုမွ၊ အလိုမက်ျခင္းႏွင့္အတူ မ်က္ေမွာင္ကုတ္လိုက္မိျခင္းက အရင္ ျဖစ္သြားတာ အေရွ႕မွ မိန္းကေလးကို အားတံု႔အားနာ ျဖစ္ရျပန္တယ္။ 


'ေလးငယ္ လာမယ္ဆိုလို႔ ေန႔လည္စာ အတူတူ သြားစားဖုိ႔ ေစာင့္ေနတာ'


'ဒီကို ဘာလာလုပ္တာလဲ ေကာ္ဖီဆုိင္ၾကီး'


'ေလးငယ္ ရွိတယ္ ဆိုလို႔ လာတာေလ မမသု ေျပာတာ'


သုသုက မမရဲ႕ အတြင္းေရးမႈ ျဖစ္တာ ၾကာျပီမို႔ ဂ်ီဂ်ီတို႔ မေလးမစားလုပ္လို႔ မရတဲ့ လူစာရင္းဝင္တယ္။ 


'ဒါက မမရဲ႕သားေလ မိုးသားၾကည္စင္'


'ေအာ္'


မိန္းကေလးက ျပံဳးျပေနတာကို ဂ်ီဂ်ီက ကၽြန္ေတာ့္အတြက္ ခ်ထားတဲ့ ေရဖန္ခြက္ကို ေကာက္ယူျပီး ေမာ့ေသာက္တယ္။ ျပီးမွ မခ်ိျပံဳးနဲ႔၊


'မမက ဓာတ္ပံုထဲမွာထက္ ပိုျပီး ရင့္က်က္တယ္ေနာ္'


ဒီဟာေလး လုပ္ျပီ၊ ေပါက္ကရေတြ၊ ဘာရင့္က်က္တာလဲ၊ စကားကို အလွသံုးျပီး သူမ်ားတစ္ဖက္သားကို ရုပ္ရင့္တယ္ ေျပာခ်လုိက္တာမ်ား၊ ဟုိကေတာ့ အီလည္လည္ေပး ျပံဳးရွာပါတယ္။ 


'ေတြ႔ဖူးတာလား'


'ဟုတ္တယ္ မာမီလာျပေပးတုန္းက ေတြ႔ေတာ့ ဂ်ီဂ်ီေတာင္ ေျပာလုိက္ေသးတယ္၊ ေလးငယ္နဲ႔ေတာင္ မလိုက္ဖူးလို႔ အဟဲ'


ေလးငယ္နဲ႔ေတာင္ မလိုက္တာက သူမဘက္ကလိုလို ကၽြန္ေတာ့္ဘက္ကလိုလို၊ ဂ်ီဂ်ီတို႔ စကားတတ္လိုက္တာဆိုတာ၊ မဟုတ္ေသးဘူး၊ စကားတတ္တာ မဟုတ္ဘူး၊ ေရွ႕မၾကည့္ေနာက္မၾကည့္ သူမ်ား ဘယ္သူ ဘယ္လုိ ဘာျဖစ္သြားသြားေျပာရဲတာ။ 


'ေလးငယ္ ဂ်ီဂ်ီ ဗိုက္ဆာေနျပီ ၾကာအံုးမွာလား'


'သြားစရာ ရွိရင္ သြားေလ သိဂႌလည္း ျပန္ေတာ့မွာ ညီမေလးတစ္ေယာက္က ေရွာ့ပင္းလိုက္ပို႔အံုး ေျပာထားတာ'


'သြားမယ္ေလ မမ ဘာေစာင့္ေနတာလဲ'


ခုနတုန္းက တစ္ဖက္စားပြဲဝိုင္းမွာ ထုိင္ေနတဲ့ မိန္းကေလးက ထရပ္လာျပီး သိဂႌဒီပါကို လာေခၚေတာ့ ကၽြန္ေတာ္ အားတံု႔အားနာ ျဖစ္ရတယ္။ ဂ်ီဂ်ီဟာ လူတစ္ဖက္သားကို အားနာရေကာင္းမွန္းမသိ။ ဆူဖို႔ ေျပာဖို႔ ၾကည့္လုိက္ေတာ့ အခုမွ အနားေရာက္လာတဲ့ မိန္းကေလးကို ျပံဳးျပေနတာမ်ား မ်က္ႏွာမွာ သကာရည္ေတြ ပံုးလိုက္ေလာင္းျပီး ပ်ားရည္ကန္ထဲ စိမ္ေနတဲ့အတုိင္း၊


'သိဂႌတို႔ပါ ထမင္းစားျပီးမွ သြားပါလား ေန႔လည္စာ စားခ်ိန္လည္း ေရာက္ေနျပီေလ'


အဲ့ဒီအခါ ဟုိဟာေလးက လည္ပင္းကို ပြတ္သလိုလိုနဲ႔ ကၽြန္ေတာ့္ကို လက္မေထာင္ျပေလတယ္။ ကၽြန္ေတာ္ ေစာင့္ၾကည့္လုိက္ပါအံုးမယ္။ ဒီတစ္ေယာက္နဲ႔ ဘယ္ေလာက္ၾကာမလဲ ဆုိတာ၊ 


@@@@@@@@@


'ေလးငယ္ မီမီဒီပါက စိတ္ဝင္စားဖို႔ ေကာင္းတယ္ မဟုတ္လား'


ဟုိေန႔တုန္းက ေတြ႔လိုက္တဲ့ မိန္းကေလးက သိဂႌဒီပါနဲ႔ တစ္ဝမ္းကြဲ ညီအစ္မ၊ ဂ်ီဂ်ီ အေသခ်ာ သေဘာက်ေနတာမို႔ ကၽြန္ေတာ္ အေသခ်ာၾကည့္မိတယ္။ မ်က္ႏွာေသးေသးလံုးလံုးေလးနဲ႔ ႏႈတ္ခမ္းစူစူေလးရယ္၊ ကိုယ္လံုးေသးေသး က်စ္က်စ္ေလးရယ္က လွလိုက္တာဆိုတာထက္ ခ်စ္စရာေလး ဆိုတာမ်ိဳး၊ ေျပာရရင္ ဂ်ီဂ်ီ ထားခဲ့ဖူးသမွ် ရည္းစားေတြမွာ ရွိတတ္တဲ့ အရည္အခ်င္းေတြ ျပည့္စံုေနတာမ်ိဳး၊ 


ဂ်ီဂ်ီက အိမ္မွာ မိသားစုဝင္ေတြ အားလံုးက ကေလးလို႔ သေဘာထားတာေၾကာင့္ ဒီလို ကေလးဆန္ေသာ တိုက္ပ္ေလးေတြကို သေဘာက်တတ္တယ္။ သူ ဆရာလုပ္တာကို ျငိမ္ခံေနမယ့္ ကေလးဆိုးေလးေတြကို သေဘာက်သလိုမ်ိဳး၊ ေလဒီတိုက္ပ္ေတြ ဆိုရင္ ဘာျဖစ္တယ္ ညာျဖစ္တယ္ ဆိုတာေတြ ထြက္လာႏုိင္ေသးတာမ်ိဳး၊ 


'ေလးငယ္ သူ႔အသံေလးက တစ္မ်ိဳးေလး ခၽြဲေနတာ မဟုတ္ပဲနဲ႔ကို အသည္းယားစရာေလး'


ေသခ်ာသေလာက္က ဒီလိုမ်ိဳး တစ္ပတ္ေလာက္အထိ ၾကားရပါမည္။ ျပီးလွ်င္ ေလးငယ္ မရေတာ့ဘူး သူ႔ကို လမ္းခြဲမယ္၊ နည္းလမ္းရွာေပးပါလို႔ ဆိုမယ္။ သူနဲ႔ လံုးဝ အဆင္မေျပႏုိင္ဘူး သူက ဘာမွလည္း မသိဘူး စိတ္ေကာက္ဖို႔ပဲ သိတာ၊ ဂ်ီဂ်ီ သည္းမခံႏုိင္ေတာ့ဘူး၊ ဆိုတာေတြ ျဖစ္လာမယ္။ ေနာက္ဆံုးမွာ ေတာ္ျပီ ဂ်ီဂ်ီ ရည္းစားမထားေတာ့ဘူး၊ ရည္းစားထားတယ္ ဆုိတာ ခဏပဲ ေကာင္းတယ္၊ အၾကာၾကီး မေကာင္းဘူး၊ ေလးငယ္ပဲ ေကာင္းတယ္၊ အျမဲတမ္း ဆိုတာေတြ၊ ေနာက္ျပီးရင္ သူစိတ္ၾကိဳက္ေတြ႔တဲ့ မိန္းကေလးဆို နားညီးေလာက္ေအာင္ ျပန္လာျပီး ခ်ီးက်ဴးျပပါအံုးမည္။ 


ဒီဟာေလးအေၾကာင္းဆို ကၽြန္ေတာ္က ေမြးညင္းေပါက္ေလးေတြကအစ ေရတြက္ေနမိတာမ်ိဳး၊ ညာေတာ့မယ္ ဆိုရင္ ဘယ္လို မ်က္ႏွာထားမ်ိဳး၊ ဒါက သူတစ္ခုခု ေတာင္းဖို႔လိုတဲ့အခါ လုပ္ေနက် အေျပာင္မ်က္ႏွာ၊ 


'ဒါနဲ႔ေလးငယ္ ဘာလို႔ ရည္းစားမထားတာလဲ'


ဒီလိုသိခ်င္လို႔ ေဆြးေႏြးတာမ်ိဳးက ရွားတာေၾကာင့္ ဖတ္လက္စ စာအုပ္ကို ေဘးကို ခ်လိုက္ရတယ္။ ကၽြန္ေတာ္ေျဖလာမွာကို ေမွ်ာ္လင့္ေနတဲ့ မ်က္ဝန္းေတာက္ေတာက္ေတြကို တည့္တည့္ၾကည့္လုိက္ျပီးမွ၊ 


'မထားခ်င္လို႔'


'ဟာ ဂ်ီဂ်ီ အေကာင္းေမးေနတာကို'


'ရည္းစားထားျပီး ဘာလုပ္ရမွာလဲ'


'ဒါဆို ေလးငယ္ တစ္သက္လံုး တစ္ေယာက္တည္း ေနဖို႔ ေတြးထားတာလား'


'အဲ့ဒါ မင္းပူစရာ ဘာရွိလဲ'


'အဲ့လိုေျပာတာ ေလးငယ္ မတရားတာ ကၽြန္ေတာ့္ကိစၥအကုန္လံုးက် ေလးငယ္ပဲ ဆံုးျဖတ္ျပီးေတာ့ ေလးငယ္ကိစၥက်ေတာ့ မင္းနဲ႔ဘာဆိုင္လဲ မင္းပူစရာ ဘာရွိလဲ၊ အဲ့ဒါ ငါကိစၥလား မင္းကိစၥလား၊ လံုးဝမတရားဘူး'


'မင္းဝင္ေဆြးေႏြးႏုိင္ရင္ေတာင္မွ ငါ့ကိစၥကို မင္း ဆံုးျဖတ္ႏုိင္တာမွ မဟုတ္တာ ဘာလုိ႔ စိတ္ဝင္စားေနအံုးမလဲ'


'ဟာ ဒါက ဒီလုိ ရွိတယ္ေလ၊ ေလးငယ္ယူမယ့္ မိန္းမက ဂ်ီဂ်ီနဲ႔ မတည့္ရင္ ဘယ္လုိ လုပ္မလဲ'


စာအုပ္ကို ပိတ္ထားတဲ့ လက္က စာအုပ္ကို ပိုျပီး ဖိကိုင္လုိက္မိတယ္။ 


'ငါက မျဖစ္မေန မိန္းမတစ္ေယာက္ ယူဖို႔ လိုတယ္လို႔ မင္းေတြးေနတာလား'


အဲ့လုိ ျပန္ေမးေတာ့ သူက မ်က္ႏွာလြဲလိုက္ျပီးမွ ေဘးဘီကို ေဝ့ၾကည့္ရင္း ေမးလာတယ္။ 


'အဲ့လိုေတာ့ မဟုတ္ဘူး ဂ်ီဂ်ီ ငယ္ကတည္းက ေလးငယ္ရဲ႕ကိစၥေတြကို စြပ္ဖက္ခြင့္ မရွိေပမယ့္ အားလံုးေတာ့ သိခြင့္ရတာပဲေလ ဒါေပမယ့္ ေလးငယ္ တစ္ခါမွ ဟိုတယ္ေတြ ဘာေတြ သြားတာလည္း မေတြ႔ဖူးဘူး၊ ျပီးေတာ့ မိန္းကေလးနဲ႔ ပတ္သတ္တာလည္း မၾကားမိဘူး၊ ေနာက္ျပီးေတာ့ ေကတီဗီေတြ လာေတြလည္း သြားတာ မၾကံဳဖူးေတာ့'


ကၽြန္ေတာ္ သူေျပာလာမွာကို ေသခ်ာ နားေထာင္ေနေတာ့ ဂ်ီဂ်ီက ေနရခက္ဟန္ႏွင့္ ခပ္တိုးတိုးေမးလာတယ္။ 


'ေလးငယ္ ပန္းေသေနတာလား'


'ဘာ! မင္း'


'ဘုတ္'


'အား! နာတယ္ ေလးငယ္ရ ဘာလို႔ စာအုပ္နဲ႔ ရိုက္ရတာလဲ'


ကၽြန္ေတာ့္လက္ထဲက စာအုပ္နဲ႔ သူ႔ေခါင္းကို ရိုက္လိုက္ေတာ့ သူက နာသြားသျဖင့္ ထေအာ္တယ္။ ကၽြန္ေတာ္ ထိုင္ေနရာကေန ထရပ္လုိက္ျပီးမွ၊ 


'အိပ္ေတာ့'


ဒီဟာေလး ဘယ္လိုအေတြးေတြ ေတြးမိေနတာလဲ၊ ေသခ်ာတယ္ ဒီလိုအေတြးေတြ ကၽြန္ေတာ့္ဆီကေန ဆင္းသက္လာတာ မဟုတ္ဘူး။ 


'ဟာ ေလးငယ္ အေကာင္းေျပာေနတာကို ကၽြန္ေတာ္ ေတြးမိလို႔ ဆရာဝန္တခ်ိဳ႕ေတာင္ စံုစမ္းထားေသးတယ္၊ ဂ်ီဂ်ီခန္႔မွန္းတာ မွန္တယ္ မဟုတ္လား'


ကၽြန္ေတာ္ သူ႔ကို ေက်ာခိုင္းခဲ့တဲ့အထိ အဲ့ဒါကို လွမ္းေမးေနတုန္း၊ ဒီဟာေလး ပံုမွန္မွ ဟုတ္ရဲ႕လား၊ ဘာလို႔ ေပါက္ကရအေတြးေတြ ျပည့္ေနရတာလဲ၊ 


'ေလးငယ္ ဒီလုိခ်ည္းေနလို႔ မရဘူးေနာ္၊ ဆရာဝန္နဲ႔ ေသခ်ာ တုိင္ပင္မွရမွာ၊ တကယ္အလုပ္မလုပ္ဘူး မဟုတ္လား၊ ဘယ္တုန္းက စတာလဲ'


'အိပ္ေတာ့ မင္းစကားတစ္သံ ထြက္လာခဲ့ရင္ ေနာက္လရဲ႕ လစဥ္ေၾကး မေမွ်ာ္လင့္နဲ႔ေတာ့'


'ဟာ ဒါကိုပဲ လာျပီးေတာ့ ဂ်ီဂ်ီက ေလးငယ္အတြက္ ေစတနာနဲ႔ တကယ္လို႔ ေလးငယ္ လိုအပ္ရင္ေျပာေနာ္ ဂ်ီဂ်ီဆီမွာ ဆရာဝန္ေတြ အဆက္အသြယ္ ရွိတယ္'


အိပ္ခန္းတံခါးကို ပိတ္လိုက္တဲ့အထိ မဟုတ္ကဟုတ္ကအတြက္ ရွင္းျပေနတာ မျပီးႏုိင္ မစီးႏုိင္။ ဒီဟာေလး ဦးေႏွာက္ထဲမွာ တစ္ခုခု ခ်ိဳ႕ယြင္းသြားျပီလား၊ ေမးတတ္တယ္ ပန္းေသေနတာလား ဆိုျပီး။ ဒါမ်ိဳးဆိုတာက ေတြ႔ကရာလူကို ထၾကြေသာင္းက်န္းလို႔ ရႏုိင္တာမ်ိဳး ဟုတ္လို႔လား၊ ဒါမွမဟုတ္ ဒီဟာေလး အဲ့လုိပဲ ေတြ႔ကရာလူနဲ႔..၊ ေတာ္ျပီ ေတာ္ျပီ ေဆးရံုမွာ ေဆးစစ္ခိုင္းမွ ျဖစ္မယ္။


@@@@@@@@@


'ေလးငယ္ ကၽြန္ေတာ္တို႔ အိမ္မွာပဲ ညစာစားၾကမလား'


အိမ္ကို ေရာက္ေရာက္ခ်င္း လက္ကို အေနမတတ္သလို ပြတ္၍ ေျပာေနတဲ့ ဂ်ီဂ်ီကို ေက်ာ္ျပီး ဧည့္ခန္းကို ၾကည့္လိုက္ေတာ့ မီမီဒီပါက ဧည့္ခန္းဆိုဖာေပၚမွာ ထိုင္ေနတယ္။ ကၽြန္ေတာ္ အေျခအေနကို မသိခ်င္ေယာင္ေဆာင္လိုက္ဖို႔ ဆံုးျဖတ္လိုက္ျပီးမွ ကၽြန္ေတာ္ေနတဲ့ အိပ္ခန္းထဲကို လွမ္းဝင္လာတယ္။ 


ဂ်ီဂ်ီက အေနာက္ကေန လိုက္လာျပီးမွ မ်က္လံုးေတြ မွိတ္က်သြားေအာင္ ရယ္ျပရင္း ေမးတယ္။ 


'ေလးငယ္ အမဲသားစတိတ္စားမယ္ မဟုတ္လား ဂ်ီဂ်ီ ေစ်းဝယ္ေတာ့ အမဲသားဝယ္လာတယ္'


'အင္း'


'ေလးငယ္ မီမီ့ကို အိမ္ကို ေခၚလာတာ မေမးေတာ့ဘူးလား'


'ဘာေမးရမွာလဲ သူ႔မိဘနာမည္လား သူ႔အသက္လား ဒါမွမဟုတ္ မင္းတို႔ ဘယ္အေျခအေနထိ ေရာက္ေနျပီလဲလို႔လား'


ကၽြန္ေတာ္ ေမးလုိက္ေတာ့ ဂ်ီဂ်ီက မ်က္ႏွာေလးငယ္သြားတယ္။ ျပီးမွ ေခါင္းျပန္ေမာ့ရင္း ဆိုတယ္။


'မီမီတို႔ အသိုင္းအဝိုင္းက ခါတိုင္း မိန္းကေလးေတြနဲ႔ မတူဘူးေလ၊ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္'


အဲ့ဒါနဲ႔ပဲ အေလးအနက္ ထားလုိက္ျပီလား၊ ေမးခ်င္ေပမယ့္ မေမးျဖစ္လုိက္ေပ။ ဒီဟာေလးကို တစ္သက္လံုး ၾကည့္ေနဖို႔ ဆံုးျဖတ္ထားျခင္းမွာ တစ္ေန႔မွာ သူအေလးအနက္ထားတဲ့ တစ္စံုတစ္ေယာက္ ေပၚလာႏုိင္တယ္ ဆိုတာ ၾကိဳေတြးထားျပီးသား ေပမယ့္ တကယ္ျဖစ္လာျခင္းမွာ ကၽြန္ေတာ္ မျပံဳးႏုိင္ေပ။ ရင္နာတာ ရင္ဆို႔တာ တစ္ခုခု မဟုတ္ပါပဲႏွင့္ ရင္ထဲမွာ တစ္ခုခုက လစ္ဟာသြားသလိုမ်ိဳး၊ ဆံုးရံႈးရပါျပီ ဆိုတဲ့ ခံစားခ်က္ မဟုတ္ေပမယ့္ ေကာင္းတာေပါ့ ဆိုတဲ့ စကားကို မေျပာႏုိင္၊ 


'ခ်က္ျပီးသားလား'


'မခ်က္ရေသးဘူး ဒီတစ္ခါေတာ့ ေလးငယ္ကို မီမီနဲ႔ ေသခ်ာ မိတ္ဆက္ေပးမယ္'


အက်ႌလဲျပီးသြားျပီမို႔ အခန္းျပင္ကို ထြက္လာေတာ့ မီမီက ဓာတ္ပံုစာအုပ္ကို လွန္ေနတယ္။ သူက မီမီအနားကို သြားလုိက္ျပီးမွ လက္အဖ်ားေလးကို ဆုပ္ကိုင္လိုက္တယ္။ ျပီးမွ


'ေလးငယ္ကို တရားဝင္ မိတ္ဆက္ေပးမယ္ သူက ဂ်ီဂ်ီ႕ေကာင္မေလး မီမီဒီပါ'


မိန္းကေလးက အျပံဳးခ်ိဳခ်ိဳေလးနဲ႔ ျပံဳးျပေပမယ့္ ကၽြန္ေတာ္ သူတို႔ေတြ တြဲကိုင္ထားတဲ့ လက္ကိုပဲ စူးစိုက္ၾကည့္ေနမိတယ္။ ျပီးမွ 


'ဂ်ီဂ်ီ ဆိုတာက'


'အာ အဲ့ဒါက ကိုယ္ငယ္တုန္းက ဂ်ီက်လြန္းလို႔ ေလးငယ္က ဂ်ီဂ်ီလို႔ ေပးထားခဲ့တာ အခုထိ အိမ္ကလူေတြက ဂ်ီဂ်ီလို႔ ေခၚၾကတယ္'


'နာမည္က ခ်စ္စရာေလးပဲ'


ခ်စ္စရာေလး ဆုိတာကို မခို႔တရို႕ျပံဳးရင္း ဆိုတယ္။ 


'ေအာ္ ဒီမွာ ကိုယ္ငယ္ငယ္တုန္းက ေလးငယ္က ကိုယ္နဲ႔ ပတ္သတ္သမွ် အားလံုးကို မွတ္တမ္းတင္ေပးထားတယ္'


ဓာတ္ပံုစာအုပ္ကို ဆြဲယူလုိက္ျပီး ျဖန္႔ျပကာ ႏွစ္ဦးသား ေခါင္းခ်င္းဆိုင္၍ တစ္ခစ္ခစ္ ရယ္ေနေလတယ္။ ကၽြန္ေတာ္ သူတို႔ ႏွစ္ဦးကို အေသအခ်ာ ၾကည့္ေနျပီးမွ ေတြးမိတယ္။ သူျပံဳးေနတာပဲ၊ သူေကာင္းေကာင္းျပံဳးေနတာပဲ၊ သူ ဒီေလာက္ထိ ေကာင္းေကာင္း ၾကီးျပင္းလာတာပဲ၊ သူ အရြယ္ေရာက္လာျပီပဲ၊ 


'ဒီမွာၾကည့္ ဒီမွာ ငယ္တုန္းက ေလးငယ္က ဓာတ္ပံု ရိုက္တာ ရွားတယ္ ဒီပံုက မာမီအတင္း ရိုက္ထားတာ ဒီမွာၾကည့္'


ဂ်ီဂ်ီက ကၽြန္ေတာ္ ငယ္တုန္းက မမအတင္း ရိုက္ထားေပးတဲ့ ပံုေလးကို မီမီဒီပါကို ျပေနတယ္။ မီမီဒီပါက အရယ္မ်က္ႏွာနဲ႔ ၾကည့္ေနရင္းက ခ်က္ခ်င္းပဲ ပံုကို ၾကည့္လုိက္ ကၽြန္ေတာ့္ကို ၾကည့္လုိက္နဲ႔ အၾကည့္တို႔က ေျဗာင္းဆန္သြားတယ္။ ျပီးမွ အတိအက် သိလိုတဲ့ မ်က္ႏွာနဲ႔ ေမးလာတယ္။ 


'ဒါက တကယ္ပဲ ဦးေလးငယ္လား'


'အင္း ဂ်ီဂ်ီ ငါဗိုက္ဆာျပီ မင္းမလုပ္လည္း ငါပဲ လုပ္လုိက္ေတာ့မယ္'


ဂ်ီဂ်ီက ထိုင္ေနရာကေန ထရပ္ျပီးေတာ့ ေျပာတယ္။ 


'အကုန္တူးကုန္ေအာင္ ကၽြန္ေတာ္ပဲ ခ်က္လိုက္မယ္'


ဂ်ီဂ်ီက သူ႔ေကာင္မေလးရဲ႕ မ်က္ႏွာကို ေသခ်ာမျမင္မိပဲႏွင့္ မီးဖိုခန္းသို႔ ဝင္သြားတယ္။ ကၽြန္ေတာ္နဲ႔ မီမီဒီပါ ႏွစ္ေယာက္တည္း က်န္ေနခဲ့ေတာ့မွ၊ 


'အသိနဲ႔ တူလို႔လား'


'ဟမ္ မဟုတ္ပါဘူး ဂ်ီဂ်ီနဲ႔ သိပ္မတူဘူး ထင္လို႔ပါ'


'ဟုတ္လား၊ ကိုယ္တို႔က တူဝရီးအရင္း မဟုတ္ဘူးေလ မတူတာ မဆန္းပါဘူး'


'ဘာ'


ဘာဆိုတဲ့ အာေမဋိတ္အေနာက္မွာ မီမီဒီပါက ထရပ္လိုက္ျပီးမွ 


'မိုး မီမီျပန္ေတာ့မယ္'


'ညစာစားျပီးမွ ျပန္မယ္ဆို ဘာလို႔လဲ မၾကာပါဘူး ကိုယ္က ဟင္းခ်က္တာ ကၽြမ္းပါတယ္'


'မဟုတ္ဘူး ဘၾကီးအိမ္ကို သြားစရာ ရွိတာအခုမွ သတိရလို႔'


'ဟုတ္လား ကိုယ္လုိက္ပို႔ေပးရမလား'


'ရတယ္ မီမီ ကားပါတာပဲ ကားနဲ႔ပဲ ျပန္လိုက္မယ္'


မီမီဒီပါ ထြက္သြားျပီ ဆိုမွ သူ ဟင္းခ်က္ေနတာကို ထုိင္ၾကည့္ျပီး ျပီးသြားေတာ့ ဝင္ထိုင္လိုက္တယ္။ ျပီးမွ 


'မီမီဒီပါနဲ႔ ေတြ႔ေနတာကို မမကို ေျပာလိုက္အံုး၊ မမ မသိတာ မေကာင္းဘူး'


'မာမီနဲ႔ေတြ႔ဖို႔အထိက် ေစာလြန္းေသးတယ္ မဟုတ္လား ကၽြန္ေတာ္ မိန္းကေလး တစ္ေယာက္ကို တာဝန္ယူႏိုင္ပါ့မလား မေသခ်ာေသးဘူး ေၾကာက္တယ္'


'အဲ့ဒါဆိုလည္း အေစာတည္းက အိမ္မေခၚလာသင့္တာ'


'အိမ္မေခၚလာလို႔ ဘယ္လုိ ျဖစ္မွာလဲ သြားတဲ့ေနရာတိုင္းမွာ မီမီ့ကို သိေနၾကတာခ်ည္းပဲ'


'တစ္ဘဝစာ လက္တြဲမယ္ ဆိုရင္ မင္းသူ႔ကို ေသခ်ာသည္းခံႏုိင္ျပီလား နားလည္ႏိုင္ျပီလား တစ္သက္လံုး ႏုိင္စားဖို႔ ခြင့္ျပဳႏုိင္ျပီလား ဆိုတာ အရင္ေတြးရမွာ'


'ဘာလို႔ သူမ်ားကို တစ္သက္လံုး ႏိုင္စားခြင့္ျပဳရမွာလဲ ကၽြန္ေတာ္ကပဲ တစ္သက္လံုး ႏုိင္စားမွာ'


အမဲသားစတိတ္ကို လွီးျဖတ္ေနရင္းက ဂ်ီဂ်ီ၏ စကားေၾကာင့္ ျပံဳးရေသးတယ္။ 


'ေလးငယ္ ျပံဳးလုိက္တာလား'


ကၽြန္ေတာ္ မေျဖေတာ့ သူက ကုန္းထျပီး မ်က္ႏွာကို အနီးကပ္ လာၾကည့္တယ္။ 


'ကၽြန္ေတာ့္ကို တစ္သက္လံုး သည္းခံႏုိင္တဲ့လူ မရွိဘူးလို႔ ဆိုလိုခ်င္တာလား အဲ့ဒီအျပံဳးက'


'မဟုတ္ပါဘူး မင္းမွာ ရွိမွာပါ'


'ေသခ်ာတာေပါ့ ဂ်ီဂ်ီပဲ ဟာကို'


သူက သူ႔ကိုယ္သူ ဝင့္ၾကြားစြာျဖင့္ ခံုမွာ ျပန္ျပီး ဝင္ထိုင္တယ္။ ဟုတ္တာေပါ့ ဂ်ီဂ်ီပဲမို႔ ကၽြန္ေတာ္က တစ္သက္လံုး သူ႔ကို သည္းခံဖို႔ ေမြးဖြားလာတာပဲကို၊ ႏွစ္ေယာက္သား စားျပီးေတာ့ ဂ်ီဂ်ီအခန္းထဲက ေလွ်ာ္စရာေတြကို သြားယူ ကၽြန္ေတာ့္အဝတ္ေတြပါ ယူျပီးမွ ေလွ်ာ္စက္ထဲကို ထည့္လိုက္တယ္။ တခ်ိဳ႕ အျပာလြင္လြင္ေလးေတြက် ေလွ်ာ္စက္နဲ႔ မေျပာင္မွာ စိုးလို႔ ေရခ်ိဳးခန္းထဲမွာ ခဏ ေရစိမ္ထားရတယ္။ 


'ပင္မင္းအပ္လုိက္လည္း ရတာကို ေလးငယ္က အျမဲတမ္း လိုက္လုပ္ေနတာ'


'ပင္မင္းက အမ်ားနဲ႔ေလ အဝတ္ေကာင္းေပမယ့္ သူတို႔အက်ႌမဟုတ္မွေတာ့ တစ္ခုခု လြဲသြားရင္ အလကားေနရင္း သူမ်ားေတြနဲ႔ စကားေျပာေနရမွာ'


အရင္ေန႔ေတြတုန္းက လွန္းထားတဲ့ သူ႔အက်ႌေတြကို ရုတ္ယူလာျပီးေတာ့မွ မီးပူထိုးဖို႔ အခန္းထဲကို ဝင္လာေတာ့ သူကပါ လုိက္ဝင္လာတယ္။ မီးေၾကြထိုးဖို႔ ပလပ္တပ္လိုက္ျပီး ကၽြန္ေတာ္ ထိုင္ခံုမွာ ထိုင္လုိက္ေတာ့ သူကပါ ထိုင္ခံုတစ္လံုးဆြဲယူလာျပီး ထိုင္တယ္။ သူ႔အက်ႌေတြ အေတာ္မ်ားမ်ားက အျပာေရာင္ႏုႏုမို႔ ေခါက္ရိုးက်ိဳးေအာင္ မီးပူတိုက္မွ ၾကည့္လွတာမ်ိဳး၊ ခ်ည္သားခ်ည္း ဝတ္တတ္တဲ့သူမို႔ ပိုလို႔ေတာင္ အဝတ္အစားေတြ ပံုက်ေနဖို႔ကို ဂရုစိုက္ေပးရတယ္။


အိမ္ခြဲေနတာေပမယ့္ တစ္ပတ္မွာ သံုးရက္ေလာက္က သူ႔ေဝယ်ာဝိစၥအတြက္ သူ႔အိမ္မွာပဲ အိပ္ျဖစ္တာ မ်ားတယ္။ ကၽြန္ေတာ့္အိမ္ကေတာ့ ေအာင္ခန္႔ရဲ႕အိမ္လံုးလံုးကို ျဖစ္ေနတာ။ ဒီဟာေလးက မီးဖိုခန္းထဲမွာ ခ်က္ျပဳတ္တတ္တာကလြဲရင္ က်န္တာ ဘာမွမလုပ္ခ်င္တာမ်ိဳး။ ကၽြန္ေတာ္မီးေၾကြတိုက္ေနတာကို သူက လိုက္ၾကည့္ျပီးမွ 


'ေလးငယ္'


'ကၽြန္ေတာ္မိန္းမယူလို႔ ေလးငယ္ေလာက္ အဆင္မေျပရင္ ဘယ္လုိလုပ္မလဲ'


'ဘာလုပ္ခ်င္ေသးတာလဲ'


'အဲ့အခ်ိန္က် ျပန္အမ္းလို႔ မရေတာ့ေလာက္ဘူး ဟူး'


မိန္းမ မယူေသးခင္ ျပန္အမ္းဖို႔ ျပင္ေနတဲ့ ဒီဟာေလး သိပ္ျပီး အေကာင္းမၾကိဳက္တတ္ ရွာသူပါလား။


@@@@@@@@@


ဆက္ရန္---


စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။ 


စြဲညိဳ႕


rate now:

3 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:13 5

    good

    reply

  • reader NangKhinWin 09.12.2019, 23:12 5

    good

    reply

  • reader NangKhinWin 09.12.2019, 23:12 5

    good

    reply