Nephew-4
@@@@@
အိမ်ရောက်ရောက်ချင်းမှာပဲ သူက သူ့အကျင့်အတိုင်း ဆိုဖာပေါ်မှာ ပက်လက်လန် လှဲချပစ်တယ်။ ဒီဟာလေး အဲ့လိုပဲ ဘယ်တော့မှ မရင့်တော့ဘူးလား၊ ဒါမှမဟုတ် သူငယ်ပဲ ပြန်လာတာလား၊ သူငယ်ပြန်တာလားလို့များ မေးမိရင် လေးငယ်က အရင်ပြန်မှာ ဂျီဂျီက ငယ်သေးတယ် ဆိုတဲ့ ကြားမကောင်းတာတွေ ထွက်လာနိုင်သေးတယ်။
တစ်အိမ်လုံးကို ဝေ့ကြည့်ပေမယ့် တရော်ကင်ပွန်းနဲ့ တူတာတစ်ခုမှ မရှိတာကြောင့် ဖုန်းထုတ်ဆက်လိုက်ရတယ်။
'အောင်ခန့် တရော်ကင်ပွန်းတွေက ဘယ်မှာလဲ မနက်တည်းက စီစဉ်ခိုင်းထားတာ'
'............'
'မင်းကို ဘယ်သူက အိမ်ကို ယူသွားခိုင်းတာလဲ အခု ဂျီဂျီအိမ်ကို လာပို့လာ!'
'ကိုကြီးခန့် မယူလာနဲ့နော်၊ လုံးဝ ကျွန်တော် ကန့်ကွက်တယ်'
ဖုန်းဆက်နေတဲ့ နားနားမှာ အတင်းမရမက အသံဝင်သွားအောင် လာအော်တယ်။ ဘေးကို တိမ်းရှောင်လိုက်တော့ အတင်းလိုက်ကပ်တယ်။ အောင်ခန့်က စိတ်ချရတဲ့သူမို့ နာရီဝက်မကြာခင်မှာပဲ အိမ်ရှေ့လူခေါ်ဘဲလ်သံကို ကြားရတယ်။
'တီးတောင် တီးတောင်'
လူခေါ်ဘဲလ်သံကို ကြားတာနဲ့ ဂျီဂျီက ပထမဆုံး ပြေးသွားတယ်။ ပြီးတော့ တံခါးလော့ခ်ကို အသေချပစ်တယ်။ ဒီဟာလေးတော့ မဟုတ်က ဟုတ်ကတွေ။ တံခါးကို အတင်းပိတ်ထားတဲ့ဆီကနေ ကျွန်တော် ပြန်ဖွင့်လိုက်တော့ သူက ဧည့်ခန်းက ဆိုဖာမှာ ဆောင့်ခနဲ တက်ထိုင်တယ်။ အောင်ခန့်က ကျွန်တော်တို့ နှစ်ဦး မကျေမလည် ဖြစ်နေပြီ ဆိုတာကို နားလည်နှင့်ပြီးတဲ့ မျက်နှာထားနဲ့ ကုပ်ကုပ်လေး ဝင်လာပြီး ဆိုတယ်။
'ကျွန်တော် ထားခဲ့ရတော့မလား'
'အေး ထားခဲ့ ပြီးရင် သွားတော့'
အောင်ခန့်က လက်ထဲမှာ ကိုင်လာတဲ့ ဂျပ်ဖာပုံးကို ချပြီးတာနဲ့ ကျွန်တော့်နှစ်ဦးကြားထဲကို ဝင်မပါချင်တဲ့ သဘောနဲ့ အိမ်အပြင်ကို ပြေးထွက်သွားတယ်။ ဂျပ်ပုံးထဲက ဈေးထဲမှာ သွားရှာလာတဲ့ သရော်ကင်ပွန်းရည်တွေကို မြင်လိုက်မှ ကျွန်တော် အဲ့ဒီပုံးကို မပြီး ရေချိုးခန်းထဲကို လှမ်းဝင်လာတယ်။ သူက အနောက်ကနေ လိုက်ပါလာပြီးမှ အသည်းအသန် ငြင်းဆိုနေဆဲ၊
'လုံးဝပဲနော် လေးငယ် ဒါကြီးနဲ့တော့ လုံးဝ ရေမချိုးနိုင်ဘူး အဖတ်အဖတ်တွေ အရည်ချွဲချွဲတွေနဲ့'
'မင်းကို ဘယ်သူက အချုပ်ထဲ ဝင်ရအောင် လုပ်ခိုင်းလဲ'
'အချုပ်နဲ့ ဒီအရည်တွေနဲ့ ဘာမှမဆိုင်ဘူး၊ ဂျီဂျီ တရားဝင် ကန့်ကွက်နေတာနော် လေးငယ်'
'လေးငယ် ဒါကြီး ဒီလို မဟုတ်သေးဘူးလေ၊ လေးငယ်က သက်သက်မဲ့ ရှေးရိုးစွဲနေတာ သရော်ကင်ပွန်းဆိုတာ ဘယ်ခေတ်မှာ ကျန်နေခဲ့ပြီလဲ ဂျီဂျီကျမှ ဒါတွေ ဒီလို မဟုတ်သေးဘူးလေ'
သူပြောနေသမျှကို ပြန်မပြောတော့ပဲနဲ့ ကြွေဇလားထဲကို သရော်ကင်ပွန်းရည်တွေ တစ်ထုပ်ပြီး တစ်ထုပ် ဖောက်ထည့်လိုက်တယ်။ ပြီးတော့ ရေနဲ့ရောပြီး ခပ်ချွဲချွဲ အရည်တွေကို လက်နဲ့ စမ်းတယ်။ သံပုရာသီး ထည့်ထားပုံ ရတဲ့ အရည်တွေကနေ သံပုရာသီးရနံ့ကို အသေအချာရနေတယ်။
ရေကို အရမ်းအေးနေမှာ စိုးလို့ ခပ်နွေးနွေးလေး သေချာစပ်ရတယ်။ ဒီကောင်လေး ငယ်ကတည်းက ရေအေးနဲ့ဆို နေမကောင်း ဖြစ်တတ်တယ်။ ရေမပူလွန်း မအေးလွန်းနဲ့မှ တော်ကာကျတာ၊ ရေခဲရေတွေ သောက်ဖို့လား လုံးဝကို မဖြစ်နိုင်တာမျိုး၊ အအေးတွေ ဘာတွေ ရေခဲစိမ်ထားတာလည်း ဒီဟာလေးနဲ့ မတည့်ဘူး။ နွေရာသီမို့ ပူလို့ ဘာညာ ဆိုပြီးတော့ ဒီဟာလေးကို အပေါ်ဝတ်အပါးမဝတ်ပဲနဲ့ အပြင်ထွက်ပြီး လေတိုက်တဲ့နေရာတွေ ခေါ်သွားကြည့် နောက်ရက်ဆို နှာမွှန်တာတွေ ဘာတွေ ဖြစ်လာတတ်တယ်။ အဲကွန်းခန်းထဲမှာ ဆိုလည်း အနိမ့်ဆုံး အအေးနဲ့ပဲ နေခိုင်းလို့ ရမယ်။ မဟုတ်ရင် ကိုယ်တွေ လက်တွေ ညောင်းလာတတ်တာမျိုး၊ အပူဒဏ်ဆို ခံနိုင်ပြီး အအေးဒဏ်ကို မခံနိုင်တဲ့ ဒီဟာလေးက ဂရုသာမစိုက်ရင် ရေခဲပုံးထဲ ခေါင်းစိုက်ချင်နေလောက်အောင် အေးနေတာကို သဘောကျတတ်သေး။
'ရေချိုးတော့'
'လေးငယ်ကျတော့'
'ငါလည်း အိမ်ရောက်ရင် ချိုးမှာ'
'ဒါတွေတော့ မပါဘူး မဟုတ်လား'
'မကောင်းတာတွေကို သရော်ကင်ပွန်းနဲ့ ဆေးချရမှာ မကြားဖူးဘူးလား'
'အဲ့ဒီသဘောတရားကြီးက ကျွန်တော့် အလှည့်ကျမှလား ဘာလို့လဲ'
အကျႌလက်ကို ရေကို စမ်းပြီး စပ်ပေးတုန်းက ခေါက်တင်ထားတာကြောင့် ပြန်ချနေရင်းက ခေါင်းညိတ်ပြလိုက်တယ်။ ပြီးမှ ဖြေလိုက်တယ်။
'မင်းက ဂျီဂျီ ဖြစ်နေလို့၊ ကိုယ့်ဖာသာ ချိုးမှာလား ငါချိုးပေးရမှာလား'
ရုပ်တည်နှင့် မေးလိုက်ခြင်းမှာ သူရဲ့ ထော်လန် ငြင်းဆန်နေခြင်းတွေ တုန့်ဆိုင်းသွားတယ်၊ ပြီးမှ မကျေနပ် ထပ်ပြီး ရေရွတ်ရင်း ဆိုတယ်။
'ကိုယ့်ဖာသာ ချိုးမယ်၊ ဘယ်သူသိတာ မှတ်လို့ ဒါကြီးကို ဖောက်ချပစ်မှာ'
ရေချိုးခန်းထဲကနေ ထွက်ခါနီး တိုးတိုးလေး ရေရွတ်လိုက်တာကို ကြားဖြစ်အောင် ကြားလိုက်သေးကာ ခြေလှမ်းတွေ တန့်ခနဲ ရပ်လိုက်ပြီး အကျႌချွတ်နေတာကို တစ်ချက်ကြည့်လိုက်ပြီးမှ ခြိမ်းခြောက်ပြောလိုက်ရတယ်။
'လုပ်လေ ဒါဆို နောက်တစ်ခါ သရော်ကင်ပွန်းပြန်စပ်ပြီး မင်းကို ငါကိုယ်တိုင် ချိုးပေးမယ်'
'ဟာကွာ!!'
'မြန်မြန်ချိုး မကြာစေနဲ့'
'ဟားချ်ရှ် ချင်ကျား!!'
ဒီအာမေဋိတ်သံက ဘာကို ရည်ညွှန်းတာလဲ ဆိုတာ အထူးပြောဖို့ မလိုအောင် ဇာတ်ကားတွေ ထဲကနေ အတုခိုးထားတယ် ဆိုတာ အတိအကျ သိတယ်။ ဒါပေမယ့် ဒီလို အဓိပ္ပါယ်တိုင်းတော့ ကျွန်တော် လိုက်မသိနိုင်ဘူး။ ကျွန်တော် နားမလည်တဲ့ ဘာသာစကားနဲ့ ဇာတ်လမ်းတွေ လျော့ကြည့်ဖို့ ခိုင်းရမလား၊ ဒါမှမဟုတ် သင်တန်းတွေ အထူးတလည် မတက်ထားပဲ ဇာတ်ကားကြည့်ရုံနဲ့ နားလည်တာ တော်လိုက်တာ ဆိုပြီးပဲ ချီးကျူးပေးရမလား၊ သေချာတာကတော့ သူ ဘာပြောလိုက်တာလဲ ဆိုတာကို သိအောင် ကျွန်တော် ဒစ်ရှင်နရီရှာပြီး ဖတ်ဖို့ လိုနေပြီ ဆိုတာပါပဲ၊ ဒီဟာလေး လူကို သိပ်ပြီး အလုပ်ပေးတတ်တာ။
သူရေချိုးနေတာကို သူအိမ်ဧည့်ခန်းမှာ ထိုင်ပြီး စာအုပ်ဖတ်ရင်း စောင့်နေလိုက်တယ်။ ခဏကြာတော့ ဆံပင်တွေ ရေစိုစိုနဲ့ တဘတ်ပတ်ပြီး ထွက်လာတယ်။ ရုတ်ချည်း ထရပ်လိုက်ပေမယ့် မသင့်တော်တော့တဲ့ အသက်အရွယ်ကို သတိတရနဲ့ သတိပဲ လှမ်းပေးမိတယ်။
'ဒရိုင်ယာ သွားမှုတ်'
'ဒရိုင်ယာ မှုတ်တာ ဆံပင် ပျက်စီးတယ်၊ အသားအရေလည်း လေပူထိရင် ပျက်စီးတယ်တဲ့ လေးငယ် မကြားဖူးဘူးလား၊ အလှအပ စာစောင်တွေ မဖတ်ဖူးဘူးလား'
နွားရှေ့ ထွန်ကျူးလို့ နှိုင်းရင်လည်း ဒီဟာလေးကြောင့် ကျွန်တော်က နွားဖြစ်အုံးမယ်။
'အေး မဖတ်ဘူး ကျန်းမာရေး စာစောင်ပဲ ဖတ်တယ် ပေး တဘတ် ဒရိုင်ယာနဲ့ မမှုတ်ချင်လည်း ရေတော့ သေချာခြောက်အောင်သုတ်လေ ပြီးရင် ဒီအတိုင်းပြီး မင်းက လှဲနေတော့မှာ'
'ဟာ လေးငယ် တအား ဇီဇာကြောင်တာပဲ မိန်းမရရင် တစ်ပတ်နဲ့ ကွဲမှာ'
'ကွဲတော့ ဘာဖြစ်လဲ ငါ့ကိစ္စ မင်းပူစရာ ဘာရှိလဲ'
သူ့ကို ခုံမှာ ထိုင်ခိုင်းပြီးတော့ အနောက်ကနေ သူ့ဆံပင် မတိုမရှည်ကို တဘတ်နဲ့ သုတ်ပေးတော့ ကိုယ်တော်ချောက ဇိမ်နဲ့ မှိန်းပြီး မျက်လုံးတွေပါ မှိတ်ထားတယ်။ သူ့ဆံပင်တွေက ပျော့ပျော့လေးနဲ့ ဆံလုံးသေးသေးလေးတွေမို့ အားစိုက်သုတ်လိုက်ရင် ဦးရေပြားပါးပါး နာမှာ စိုးရတယ်၊ အဲ့ဒါမို့ တဘတ်နဲ့သုတ်ရင်တောင် အားထည့်လို့ မရဘူး။ အားထည့်သုတ်လို့ မရတော့ အချိန်ကြာကြာ သုတ်ရတယ်။
'လေးငယ်ကြောင့် ကျွန်တော် ဆံပင်ညှပ်ဆိုင်တွေမှာ ခေါင်းလျှော်ရတာကို မကြိုက်ဘူး ဖြစ်တာ'
'မင်းဖာသာမင်း မကြိုက်တာလေ'
'ကျွန်တော့်ဆံပင်တွေကို လေးငယ်ကိုင်ရင် မနာဘူး သူတို့ကိုင်ရင် နာတယ်၊ မိန်းကလေးတွေ ဖြစ်ပြီးတော့ လက်တွေကလည်း နူးနူးညံ့ညံ့မရှိဘူး၊ ကြမ်းတမ်းလိုက်တာ'
ဘယ်သူကများ မင်းကို ငါ့လောက် တန်ဖိုးထားတတ်မှာမို့လဲ ဂျီဂျီ၊
'ဒါနဲ့'
ဒါနဲ့ ဆိုပြီး မျက်လုံးတွေ ဖွင့်လာတယ်။ ပြီးတော့ နှုတ်ခမ်းတွေကို ဖွင့်ပြီး သွားညီညီတွေ ပေါ်အောင် အရင်ရယ်တယ်။ ဒီလို မျက်နှာပုံစံဆိုရင် ဒီဟာလေး မဟုတ်တာ တစ်ခုခု ပြောတော့မယ်၊ ပေါက်ကရတွေ ဆိုလာတော့မယ်။
'လေးငယ် ဗြူးတီးစလွန်း ဖွင့်ပါလား၊ ဂျီဂျီ အရင်းနှီးထည့်ပေးမယ်၊ အဲ့ဒါဆို ဆိုင်ရှေ့မှာ မိန်းကလေး ယောကျာ်းလေး တန်းစီနေမှာပဲ၊ ဝါး!! ခန့်ညားကြည်စင် ဗြူးတီးစပါး၊ ဒါဆို နာမည်နဲ့တင် တော်တော်စားမှာပဲ'
'ကောင်းသားပဲ မင်းက ဆံပင်ညှပ်လေ ငါက ခေါင်းလျှော်ပေးမယ်၊ ဒါနဲ့ မာဆက်ပါ ထည့်ရင် ကောင်းမယ် ထင်တယ်၊ ငါ နှိပ်လည်း နှိပ်တတ်တာပဲ၊ မင်း အထက်တန်းတုန်းက ငါ အဲ့တာကို သင်ထားဖူးတယ်လေ'
'ဟာ တော်ပြီ မလုပ်တော့ဘူး လေးငယ်က ဘာလို့သူများတွေကို လုပ်ပေးချင်နေရတာလဲ၊ ဂျီဂျီကို လုပ်ပေးသမျှ အကုန်သူများကိုလည်း လုပ်ပေးမှာပဲလား'
ဒီဟာလေး အထက်တန်းတုန်းက အားကစားလုပ်ချင်ပါတယ် ဆိုပြီး ကျောင်းမှာ ဆော့ချင်တာကို ဆော့ကစားထားသမျှ အိမ်ပြန်လာတိုင်း ဟိုနားက နာတယ်၊ ဒီနားက အောင့်နေတာ တငြီးငြီး တငြူငြူ ဖြစ်နေခြင်းမှာ အနေအထိုင်မတတ်တဲ့ ကျွန်တော်ကပဲ အနှိပ်ပညာကို ပြေးသင်ပြီး ဂျီဂျီတို့ ဂျီကျသမျှ နှိပ်ပေးခဲ့ရသေးတာ၊
'မင်းပဲ စပ်တူ စီးပွားရေး လုပ်မယ်ဆို၊ ငွေရတာပဲလေ မဟုတ်လည်း ငါတတ်ထားတာတွေ မင်းကိုပဲ လုပ်ပေးနေရတာ အလကားဖြစ်နေတာကို'
'တော်ပီလို့ ပြောနေတာ'
စူပုတ်ပုတ် မှုန်ကုတ်ကုတ်နဲ့ ဖြစ်သွားတော့ ထပ်စဖို့ မတွေးတော့ပဲနဲ့ ကျွန်တော် သူမမြင်အောင် လှည့်ပြုံးမိတယ်။ သူ့ရှေ့မှာ အပြုံးအရယ်တွေကို ထိန်းတယ် ဆိုတာက နဂိုရ်တည်းက မရိုသေချင်ချင် ဖြစ်နေရာကနေ သူ့ကို ထိန်းလို့ မရတော့မှာစိုးလို့၊ ကျွန်တော်က သူ့အပိုင်ဆိုတာကို သူ့ဖာသာသူတောင် နားမလည်တတ်တဲ့ ဟာလေး။
ဆံပင်တွေ ရေသေချာခြောက်သွားမှ အခန်းထဲကနေ ခေါင်းလိမ်းဆီ ယူပြီး သူ့ဆံပင်တွေမှာ ဆီလိမ်းပေးလိုက်တယ်။ အိမ်နေရင်း အကျႌပါ ယူလိုက်ပြီးမှ လှမ်းပေးတော့ သူက လှမ်းယူပြီး ဝတ်ထားတဲ့ တဘတ်ကို ချွတ်ချပစ်တယ်။ ဒီဟာလေး အဲ့လို အနေအထိုင်မတတ်တာလည်း ရှိတယ်။
'ဒီနေရာက ဧည့်ခန်း ဂျီဂျီ'
'ဘာဖြစ်လဲ ဂျီဂျီနဲ့ လေးငယ်ပဲ ရှိတာ'
မေးလိုက်တိုင်း အဖြေမရှိဘူး ဆိုတာမဟုတ်ပဲနဲ့ မှန်မှန်မှားမှား ဂျီဂျီတို့က အဖြေတစ်ခုတော့ ရှိမြဲ၊ အဖြေမှားသွားလို့ ဗုံးပေါက်ကွဲသွားနိုင်တယ် ဆိုရင်တောင် တိုးတိုးလေး ဖြစ်ဖြစ် ဖြေဖြစ်အောင် ဖြေအုံးမယ့် ဂျီဂျီ့မှာ သရဲမကြောက် တစ္ဆေမကြောက် စရိုက်တစ်ခုကလည်း ရှိသေးတယ်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ်နဲ့ အတွေးဝင်နေတဲ့ ဂျီဂျီကို ဆက်ပြီး သတိပေးတာတွေ ဘာတွေ မလုပ်ချင်တော့လို့ ကိုယ့်ဖာသာပဲ ကားသော့ကို ကောက်ကိုင်လိုက်ရတယ်။
'ငါ ပြန်တော့မယ်'
'ဂျီဂျီ ကန်ထရိုက်ကို ဖုန်းဆက်ပြီး စတိတ်စင် ကိစ္စကို ပြန်ဖျက်လိုက်မယ်'
ဒီလိုလေးကျ လိမ်လိမ်မာမာ ရှိသားပဲ၊
'ဂျီဂျီ မင်း မမ မသိအောင် ဘာမှမလုပ်နိုင်ဘူး အဲ့ဒါကြောင့် လုပ်မယ်ဆို ငါ့ကို အရင်အသိပေး'
မဟုတ်ရင် ငါတို့၊ ဆိုတာကို စိတ်ထဲကတောင် ဆုံးအောင် မပြောနိုင်ပဲ တံခါးဆီသို့သာ လျှောက်လာခဲ့လိုက်တယ်။ ဂျီဂျီက အနောက်ကနေ လိုက်လာပြီး မေးတယ်။
'ဘာလို့ ရင်ဘတ်ကို ကန်ရမှာလဲ'
ရုတ်တရက် ဘာပြောလိုက်တာလဲ ဆိုတာကို နှစ်စက္ကန့်စာမျှ တွေးလိုက်ပြီးမှ မနေ့ညတုန်းက သူ့ကို ရွတ်ပြလိုက်တဲ့ ကဗျာကို သွားသတိရတယ်။
'ငါ ဘယ်သိမှာလဲ ကဗျာဆရာရေးထားတာကိုပဲ မှတ်ထားတာ'
ကျွန်တော်ပြောလိုက်တာကို သူက မျက်ခုံးပင့်ရင်း ရေရွတ်သလို ပြောတယ်။
'ကဗျာကလည်း အဓိပ္ပါယ်မရှိတာကြီး ကိုယ့်ကြောင့် ခဏခဏ သေနိုင်တဲ့လူကို ဘာလို့ ကန်နေအုံးမှာလဲ မကန်လည်း သူကဖြင့် သေနိုင်တာကို'
အလွန်အင်မတန် အနုပညာဆန်သော စိတ်ထားဖြင့် ကဗျာတစ်ပုဒ်လုံးကို ထိုသို့ ကောက်ချက်ချလေတယ်။ ကျွန်တော် သူ့ရှေ့မှာ ရယ်မိမှာစိုးလို့ အိမ်တံခါးကို ဖွင့်ပြီး အပြင်သို့ လှမ်းထွက်လိုက်တယ်။ အိမ်တံခါး ပြန်ပိတ်မှ မျိုချထားရတဲ့ ရယ်ချင်စိတ်ကို ဖွင့်ဟရတယ်။ တစ်ခါတစ်လေ ဒီဟာလေး အဲ့လိုပဲ အတွေးတွေက တာသွားတတ်တယ်။ ကဗျာပါဆို ဘာတွေ တွေးပစ်လိုက်တယ် မသိ။
ငယ်တုန်းကဆိုလည်း ဒီဟာလေး နတ်သမီးပုံပြင်တွေ ပြောပြရင် စင်ဒရဲလားက ဘာလို့ ဖိနပ်ကျွတ်ရတာလဲ၊ အဲ့ဖိနပ်က ချောင်နေလို့ ကျွတ်တာပေါ့ကနေ စတင်၍ မင်းသားလေးက ဖိနပ်တော်တဲ့လူကို လိုက်ရှာတာက မှားနေတယ် ဆိုပြီး သူ့ဖာသာသူ ငြင်းခုန်တယ်။ စင်ဒရဲလားရဲ့ ဖိနပ်ဟာ စင်ဒရဲလားရဲ့ ခြေထောက်နဲ့ အတော်မဟုတ်ဘူး ဆိုဒ်ကြီးနေတယ်လို့ မှတ်လိုက်တာဟာ သေးသေးလေးကနေ အလယ်တန်းအထိ၊
နောက်တစ်ခု ရှိသေးတယ်။ အီစွတ်ရဲ့ ပညာပေး ပုံပြင်တွေကိ သူ့ကို လိမ္မာစေလိုကြောင်း ဖတ်ပြဖူးတာမှာ ဂျီဂျီတို့က အီစွတ်ဟာ တိရိစ္ဆာန်တွေအကြောင်း မှတ်သားတဲ့နေရာမှာ ပြသနာရှိတယ်လို့ တရားသေမှတ်ပစ်လိုလေတယ်။ မြေခွေးဟာ စပျစ်သီး လုံးဝ မစားဘူး ဆိုတာ အီစွတ်က မသိပါဘူးဆိုပြီး အီစွတ်ရဲ့အသိဉာဏ်ဟာ ဂျီဂျီနှင့် ကျမှ လိုအပ်ချက်တွေ ရှိပါတယ်တဲ့လေ။
အိမ်ရောက်ရောက်ချင်းမှာ အောင်ခန့်က ခြံတံခါးဝထိ ဆင်းလာပြီး ပြောတယ်။
'ဆရာ မမကြီး ရောက်နေတယ်'
မနက်ပိုင်းကမှ မမနဲ့ တွေ့ခဲ့တာမှာ အခု ရောက်နေတယ် ဆိုတော့ ထူးဆန်းထွေလာ၊ အတွေးနဲ့ ခေါင်းညိတ်ပြလိုက်ပြီးမှ အိမ်ထဲကို လှမ်းဝင်လိုက်တော့ မမက ကျွန်းဆက်တီပေါ်မှာ ခြေချိတ်ပြီးတော့ ထိုင်နေတယ်။
'ဖီးလက်စ် နေ့လည်က ဂျီဂျီကြောင့်မို့ စကားကို သေချာမပြောလိုက်ရဘူး'
'မမ ပြောစရာ ရှိလို့လား'
'အင်း ဒီပါဂရုက သမီးငယ်၊ ဂျီဂျီကိုက အလှအပကို တရားလွန်ခံစားတတ်လွန်းတာပါ အသက်သုံးဆယ့်ငါး ဆိုတာက အရွယ်မလွန်သေးပါဘူး'
'ကျွန်တော်'
'မင်း အသက် မငယ်တော့ဘူး ခန့်ညား၊ ဂျီဂျီတစ်မျက်နှာ တစ်ဘဝလုံး မှတ်မနေနဲ့၊ တော်ပြီပေါ့ သူ့ခြေထောက်သူ ရပ်နိုင်နေပြီ'
'ဂျီဂျီက ငယ်ပါသေးတယ်၊ ပြီးတော့ အခုမှ သူက စီးပွားရေး စလုပ်တာ ဆိုတော့ စိတ်ချရတဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ကျွန်တော် ထင်တာပါ မမ'
'ငါက သူ့အမေပါ ခန့်ညားရယ်၊ ငါက ဂျီဂျီ့အမေ ဆိုပေမယ့် မင်းရဲ့အစ်မလည်း ဟုတ်တယ်၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်း မင်း ငွေတွေ အများကြီး ရှာနိုင်နေပြီးတော့ ဘဝမှာ ရပ်တည်ချက်တွေ အကုန် ပြည့်စုံနေပြီးတော့ မင်းဘေးက နေရာတစ်ခု လစ်လပ်နေတယ်'
'ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူး'
'သိတယ်၊ မင်း ဂျီဂျီကြောင့်မို့ အိမ်ထောင်မပြုနိုင်ဘူး ဖြစ်နေတာ၊ မင်း သူ့ကို စိတ်မချ ဖြစ်နေတာကို မမ နားလည်တယ်၊ မင်းလက်ထဲမှာပဲ ပိုးဥလေးလို မွေးလာတဲ့ ကလေးမို့ မင်းဂျီဂျီ့အပေါ် ဘယ်လောက် သံယောဇဉ်ကြီးလဲ ဆိုတာကိုလည်း မမသိတယ်၊ ဒါပေမယ့်'
ကျွန်တော် မျက်နှာလွဲလိုက်မိတယ်။ ကျွန်တော်ဘက်ကနေ စပြီးတော့ သူ့ကို ကျောခိုင်းဖို့က ဘယ်လို အခြေအနေ အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မလုပ်နိုင်ပေ။ အဲ့ဒါထက် သေချာတာတောင် အဲ့တစ်ခုထက် သေချာတာ ရှိမှာမဟုတ်ပေ။ မမက ပြောလက်စကို ခဏနားလိုက်ပြီးမှ ပြန်ဆက်ပြောတယ်။
'မင်း ဂျီဂျီကြောင့်မို့ အဖော်မဲ့သလို ဖြစ်နေတာကို ငါက ဘယ်လို ကြည့်နေရမလဲ ခန့်ညား၊ ဂျီဂျီက မင်းကို တစ်သက်လုံး ဒီပုံစံအတိုင်း အားကိုးနေ မှီခိုနေလို့ မရဘူးလေ ဖီးလက်စ်၊ ဂျီဂျီ မင်းမသိအောင် လုပ်တတ်နေပြီ၊ ဒါပြီးရင် လက်တွဲဖော်ဆိုတာက မင်းက မရှာဘူး ဆိုလည်း ဂျီဂျီက ရှာလာမှာပဲ အဲ့ကျမှ မင်း တစ်ယောက်တည်း ဘယ်လို ကျန်နေခဲ့မလဲ'
'ကျွန်တော်'
ကျွန်တော် ဆိုတာထက် ပိုပြီးတော့ ပြောဖို့စကားလုံးတွေ ကင်းမဲ့မိတယ်။ ဂျီဂျီ မင်းအသက်ဘယ်လောက်လဲလို့ အမြဲတမ်း မေးမိပေမယ့် ဂျီဂျီဘာလို့ အရွယ်ရောက်လာတာ ဒီလောက်မြန်ရတာလဲ ဆိုတာကို ကျွန်တော် အမြဲတမ်း တွေးနေမိတာ သူကတော့ သိမှာမဟုတ်ဘူး။
'ငါက မင်းတို့ နှစ်ယောက်စလုံးရဲ့ မိဘ၊ ငါက မိဘဆိုတဲ့နေရာကနေ နေတာ၊ မိဘဝတ္တရားတွေမှာ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဆိုတာရှိတယ်၊ ကျန်တာအကုန်လုံးကို ငါ့ဝတ္တရားငါကျေပြီလို့ ငါထင်တာပဲ ခန့်ညား၊ အိမ်ထောင်ပြုပေးရမယ် ဆိုတာကလွဲရင်'
'တာဝန်အနေနဲ့ပဲ ပြောပြော၊ စေတနာနဲ့ စိတ်ရင်းနဲ့ပဲ ပြောပြော မမက တာဝန်ကျေပါတယ်'
ဒါက တကယ်လည်း ကျွန်တော် စိတ်ထဲက ပါလို့ ပြောတဲ့ စကားဖြစ်တယ်။ အဖေနဲ့အမေ ဆုံးတော့ မမက ကျွန်တော့်ကို မွေးစားသားဆိုပြီး ရယူပိုင်ခွင့်တွေ ခွဲပစ်တော့တောင် အတိအကျ ခွဲပေးခဲ့တာ ဖြစ်တယ်။ လိုချင်၏၊ မလိုချင်၏ တစ်ခွန်းမှ မမေးသလို ထိုက်သင့်တာ မှန်သမျှကို ကျွန်တော့်အတွက်လည်း မမေ့စေရ၊ ထိုသို့သော အစ်မမျိုးဖြစ်တယ်။ ဒါပေမယ့် ဒီအမွေတွေ အားလုံးကို ကျွန်တော် ခြံမြေတိုက်တာက အစ ရှော့ပင်းမောလ် အဆုံး၊ ဟိုတယ်တစ်ခု အပါအဝင် ဘဏ်ထဲက ရှိသမျှ ငွေအမောင့်ကိုပါ ဂျီဂျီနာမည်ကို ပြောင်းပစ်တော့ မမက ဒေါသတကြီးနဲ့ ကျွန်တော့်ကို ဆူသေးတယ်။ မင်းတူအတွက်နဲ့ မင်းကမွဲတေပြီး နေမလို့လားဟု ဆူဆူပြောပြောနှင့် ဂျီဂျီအိမ်ထောင်ကျမှ ပေးရန် ဆုံးဖြတ်ပေးခဲ့တယ်။
'ခန့်ညား တကယ်ဆို မင်းလည်း ပညာတတ်ပဲ၊ မင်းဒီလောက်ထိ ငြင်းဆန်နေဖို့ မလိုပါဘူး၊ နူနူဝဲဝဲ ကျိုးကျိုးကန်းကန်းတွေကို မင်းနဲ့ပေးစားဖို့ လုပ်နေတာမှ မဟုတ်ပဲ'
'ဆန္ဒမရှိပဲနဲ့ အိမ်ထောင်တစ်ခု ပြုလိုက်ပြီးမှ နားလည်မှု မပေးနိုင်လို့ ကွဲကြ ကွာကြ ဆိုရင် တစ်ဖက်မိန်းကလေးရော ကျွန်တော်ရော အဆင်ပြေမယ်လို့ မမ ထင်တာလား'
'မင်း ဒါဆိုလည်း တွေ့ကြည့်လိုက်'
'တွေ့ကြည့်ဖို့အထိ ဆိုတာကို ကျွန်တော် မလုပ်ချင်တာ၊ အဲ့ဒါ အဲ့မိန်းကလေးရဲ့ သိက္ခာကို လေးစားလို့ပါ၊ သူမကလေ ဟိုရှေ့နေ ငြင်းတာကို ခံထားရတယ် ဆိုတာမျိုး မဖြစ်စေချင်တာ'
'ဘာပဲနေနေ မင်းက ငြင်းမှာပဲလို့ ပြောနေတာလား'
ကျွန်တော် မဖြေပေမယ့် မျက်လွှာချ ခေါင်းငုံ့လိုက်မိတယ်။ မမက သက်ပြင်းတစ်ချက် ရှိုက်ပြီးတော့မှ ပြောတယ်။
'မင်းဂျီဂျီကို စိတ်မချလို့ ဆိုရင် ငါသူ့ကို အရင် စေ့စပ်ပေးလိုက်မယ် မင်းစိတ်ကြိုက် မိန်းကလေးကို ရွေးလိုက်၊ ဂျီဂျီကိုမင်းက ငါ့ထက် ပိုပြီး နားလည်တာ ဆိုတော့ မင်းစိတ်ချရနိုင်မယ့် မိန်းကလေးကို မင်းရွေးထားလိုက်'
'မမ ဂျီဂျီက'
'မင်း သူ့ကို စိတ်မချလို့လေ၊ မင်းစိတ်ချရနိုင်မယ့်လူ လက်ထဲကို သူ့ကို မင်းကိုယ်တိုင်အပ်၊ ပြီးရင် မင်းလည်း လက်တွဲဖော် သေချာရွေး'
ကျွန်တော် ဂျီဂျီကို ဘယ်သူနဲ့မှ စိတ်မချနိုင်ဘူး၊ ကျွန်တော်သူ့ကို ဒီတိုင်းလေး တစ်သက်လုံး သူကြီးပြင်းပြီး ရင့်ကျက်လာတာကို စောင့်ကြည့် နေချင်ရုံလေးပဲ၊ ကျွန်တော့်အရှေ့မှာ သူကြီးပြင်းလာတယ်၊ သူရင့်ကျက်လာတယ်၊ ပိုပြီးတော့ ဝင့်ထည်လာတယ်၊ သူ့ရဲ့ဖြစ်တည်မှု အားလုံးကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေချင်တာ၊ ဒါက မဖြစ်နိုင်ဘူးလား၊ ကြည့်ရတာ မမ အတွေးထဲမှာတော့ ဒါက မဖြစ်နိုင်ဘူး ထင်ပါတယ်။
မမက နာရီကြည့်ပြီး ထရပ်တယ်။ ထိပ်ထားကြည်စင် ဆိုတာက အချိန်ကြည့်ပြီး ရှင်သန်နေတာ၊ ဘယ်သူ့အတွက် မဆို နာရီပိုင်းလေးပဲ အချိန်ပေးနိုင်တာ၊ တစ်လမှာ တစ်ရက်အပြည့်တောင်မှ မိသားစုအတွက် အချိန်မပေးနိုင်သောလူသား။
'မင်းရဲ့ မင်္ဂလာကိစ္စကို ငါလက်မလျော့ဘူး၊ နောင်တစ်ချိန် မင်းအသက်ကြီးလာလို့ အထီးကျန်ကျန်နဲ့ ဘဝရဲ့လက်ကျန်အချိန်တွေ ဖြတ်သန်းနေတာကို ငါက မြင်နေရမယ့်အစား၊ အဲ့ဒီအတွက် ငါက နောင်တရမယ့်အစား၊ အခုချိန်မှာ မင်းငါ့ကို အမြင်မကြည်တာကိုပဲ ငါခံလိုက်တော့မယ်'
အိမ်တံခါးအနားထိ ထွက်သွားပြီးမှ နောက်ပြန်လှည့်လာပြီးမှ သတိပေးစကားဆိုတယ်။
'အရက်သောက်တာ လျော့အုံး၊ မင်းက အသက်ကြီးလာပြီမှန်း ငါသိတယ်၊ ဒါပေမယ့် မင်းက ငါ့မောင်လေးပဲ ခန့်ညား'
မမ ထွက်သွားတော့မှ ကျွန်တော် ကျွန်းဆက်တီပေါ်မှာ မှီလျော့ပြီး ထိုင်လိုက်မိတယ်။ အဲ့ဒီမမရဲ့ မောင်လေးဆိုတဲ့ ပညတ်ချက်ကြီးကြောင့် ကျွန်တော် ပိုပြီးတော့ မွန်းကျပ်နေရတာလို့ ဆိုရမယ်။ မမက အစ်မဖြစ်သလို ကျေးဇူးရှင်တွေရဲ့သမီးလည်း ဖြစ်တယ်။ ပြီးတော့ မိသားစုဝင်၊ တကယ်လို့သာ ကျွန်တော်က မမရဲ့မောင်လေးမဟုတ်ဘူး ဆိုရင် ကျွန်တော်နဲ့ဂျီဂျီ ဒီလို မတင်မကျ အခြေအနေကြီး ရှိချင်မှ ရှိနိုင်မှာ၊
ဒါပေမယ့် အတိတ်ကို ပြန်သွားနိုင်မယ် ဆိုရင်တောင် အဖေနဲ့အမေ ခေါ်ခဲ့တဲ့ဆီကို ပျော်ပျော်ကြီး လိုက်လာမိအုံးမှာပါပဲ၊ မွေးလာကတည်းက မိသားစုတွေ အခန်းထဲ ဝင်လို့ ရပြီ ဆိုကတည်းက ပထမဆုံး ပွေ့ချီခွင့် ရခဲ့တဲ့ ဒီကလေးလေးကို၊ လမ်းလျှောက်သင်ပေးခွင့် ရခဲ့တဲ့ ကလေးငယ်လေးကို၊ ဒီဟာလေး တစ်စတစ်စ ကြီးပြင်းလာတာကို မြင်တွေ့ခွင့် ရခဲ့တာကို၊ ကွမ်းသီးလေး ဖြစ်ချင်လို့ပါ ဆိုပြီး အိပ်ရာပေါ်မှာ ကွေးကွေးလေး ထိုင်ပြီး ငိုနေခဲ့တဲ့ ဒီဟာလေးကို ချော့မော့ခွင့် ရခဲ့တာကို၊ ဒီလိုအခြေအနေတွင် အများကြီး ပိုင်ဆိုင်ခဲ့ရလို့ မမရဲ့မောင်လေး အဖြစ်အတွက် ကျွန်တော် ဘယ်တော့မှ နောင်တရဖို့ မရှိဘူး။
တောင်းဆုတွေ ပြည့်နိုင်မယ် ဆိုရင် ဘယ်ဘာသာဝင်ရဲ့ ဘုရားပဲ ဖြစ်ဖြစ် ကျွန်တော် တောင်းမယ့်ဆုက တစ်ခုတည်း၊ ဒီဟာလေးကို တစ်သက်လုံး ကြည့်နေနိုင်ခွင့် ရရင် လုံလောက်ပါပြီ။ ကျန်တာတွေကို ကျွန်တော် လောဘမတက်ရလည်း ဖြစ်တယ်။ ကြည့်ခွင့်လေးနဲ့တင် ဘဝကြီးက ပြီးပြည့်စုံပြီမို့၊
@@@@@@@@@@
ဆက်ရန်---
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
စွဲညို့
Zawgyi
Nephew-4
@@@@@
အိမ္ေရာက္ေရာက္ခ်င္းမွာပဲ သူက သူ႔အက်င့္အတိုင္း ဆိုဖာေပၚမွာ ပက္လက္လန္ လွဲခ်ပစ္တယ္။ ဒီဟာေလး အဲ့လိုပဲ ဘယ္ေတာ့မွ မရင့္ေတာ့ဘူးလား၊ ဒါမွမဟုတ္ သူငယ္ပဲ ျပန္လာတာလား၊ သူငယ္ျပန္တာလားလို႔မ်ား ေမးမိရင္ ေလးငယ္က အရင္ျပန္မွာ ဂ်ီဂ်ီက ငယ္ေသးတယ္ ဆိုတဲ့ ၾကားမေကာင္းတာေတြ ထြက္လာႏုိင္ေသးတယ္။
တစ္အိမ္လံုးကို ေဝ့ၾကည့္ေပမယ့္ တေရာ္ကင္ပြန္းနဲ႔ တူတာတစ္ခုမွ မရွိတာေၾကာင့္ ဖုန္းထုတ္ဆက္လိုက္ရတယ္။
'ေအာင္ခန္႔ တေရာ္ကင္ပြန္းေတြက ဘယ္မွာလဲ မနက္တည္းက စီစဥ္ခိုင္းထားတာ'
'............'
'မင္းကို ဘယ္သူက အိမ္ကို ယူသြားခိုင္းတာလဲ အခု ဂ်ီဂ်ီအိမ္ကို လာပို႔လာ!'
'ကိုၾကီးခန္႔ မယူလာနဲ႔ေနာ္၊ လံုးဝ ကၽြန္ေတာ္ ကန္႔ကြက္တယ္'
ဖုန္းဆက္ေနတဲ့ နားနားမွာ အတင္းမရမက အသံဝင္သြားေအာင္ လာေအာ္တယ္။ ေဘးကို တိမ္းေရွာင္လုိက္ေတာ့ အတင္းလုိက္ကပ္တယ္။ ေအာင္ခန္႔က စိတ္ခ်ရတဲ့သူမို႔ နာရီဝက္မၾကာခင္မွာပဲ အိမ္ေရွ႕လူေခၚဘဲလ္သံကို ၾကားရတယ္။
'တီးေတာင္ တီးေတာင္'
လူေခၚဘဲလ္သံကို ၾကားတာနဲ႔ ဂ်ီဂ်ီက ပထမဆံုး ေျပးသြားတယ္။ ျပီးေတာ့ တံခါးေလာ့ခ္ကို အေသခ်ပစ္တယ္။ ဒီဟာေလးေတာ့ မဟုတ္က ဟုတ္ကေတြ။ တံခါးကို အတင္းပိတ္ထားတဲ့ဆီကေန ကၽြန္ေတာ္ ျပန္ဖြင့္လုိက္ေတာ့ သူက ဧည့္ခန္းက ဆိုဖာမွာ ေဆာင့္ခနဲ တက္ထိုင္တယ္။ ေအာင္ခန္႔က ကၽြန္ေတာ္တို႔ ႏွစ္ဦး မေက်မလည္ ျဖစ္ေနျပီ ဆိုတာကို နားလည္ႏွင့္ျပီးတဲ့ မ်က္ႏွာထားနဲ႔ ကုပ္ကုပ္ေလး ဝင္လာျပီး ဆိုတယ္။
'ကၽြန္ေတာ္ ထားခဲ့ရေတာ့မလား'
'ေအး ထားခဲ့ ျပီးရင္ သြားေတာ့'
ေအာင္ခန္႔က လက္ထဲမွာ ကိုင္လာတဲ့ ဂ်ပ္ဖာပံုးကို ခ်ျပီးတာနဲ႔ ကၽြန္ေတာ့္ႏွစ္ဦးၾကားထဲကို ဝင္မပါခ်င္တဲ့ သေဘာနဲ႔ အိမ္အျပင္ကို ေျပးထြက္သြားတယ္။ ဂ်ပ္ပံုးထဲက ေစ်းထဲမွာ သြားရွာလာတဲ့ သေရာ္ကင္ပြန္းရည္ေတြကို ျမင္လုိက္မွ ကၽြန္ေတာ္ အဲ့ဒီပံုးကို မျပီး ေရခ်ိဳးခန္းထဲကို လွမ္းဝင္လာတယ္။ သူက အေနာက္ကေန လုိက္ပါလာျပီးမွ အသည္းအသန္ ျငင္းဆိုေနဆဲ၊
'လံုးဝပဲေနာ္ ေလးငယ္ ဒါၾကီးနဲ႔ေတာ့ လံုးဝ ေရမခ်ိဳးႏုိင္ဘူး အဖတ္အဖတ္ေတြ အရည္ခၽြဲခၽြဲေတြနဲ႔'
'မင္းကို ဘယ္သူက အခ်ဳပ္ထဲ ဝင္ရေအာင္ လုပ္ခိုင္းလဲ'
'အခ်ဳပ္နဲ႔ ဒီအရည္ေတြနဲ႔ ဘာမွမဆုိင္ဘူး၊ ဂ်ီဂ်ီ တရားဝင္ ကန္႔ကြက္ေနတာေနာ္ ေလးငယ္'
'ေလးငယ္ ဒါၾကီး ဒီလို မဟုတ္ေသးဘူးေလ၊ ေလးငယ္က သက္သက္မဲ့ ေရွးရိုးစြဲေနတာ သေရာ္ကင္ပြန္းဆိုတာ ဘယ္ေခတ္မွာ က်န္ေနခဲ့ျပီလဲ ဂ်ီဂ်ီက်မွ ဒါေတြ ဒီလို မဟုတ္ေသးဘူးေလ'
သူေျပာေနသမွ်ကို ျပန္မေျပာေတာ့ပဲနဲ႔ ေၾကြဇလားထဲကို သေရာ္ကင္ပြန္းရည္ေတြ တစ္ထုပ္ျပီး တစ္ထုပ္ ေဖာက္ထည့္လုိက္တယ္။ ျပီးေတာ့ ေရနဲ႔ေရာျပီး ခပ္ခၽြဲခၽြဲ အရည္ေတြကို လက္နဲ႔ စမ္းတယ္။ သံပုရာသီး ထည့္ထားပံု ရတဲ့ အရည္ေတြကေန သံပုရာသီးရနံ႔ကို အေသအခ်ာရေနတယ္။
ေရကို အရမ္းေအးေနမွာ စိုးလို႔ ခပ္ေႏြးေႏြးေလး ေသခ်ာစပ္ရတယ္။ ဒီေကာင္ေလး ငယ္ကတည္းက ေရေအးနဲ႔ဆို ေနမေကာင္း ျဖစ္တတ္တယ္။ ေရမပူလြန္း မေအးလြန္းနဲ႔မွ ေတာ္ကာက်တာ၊ ေရခဲေရေတြ ေသာက္ဖို႔လား လံုးဝကို မျဖစ္ႏုိင္တာမ်ိဳး၊ အေအးေတြ ဘာေတြ ေရခဲစိမ္ထားတာလည္း ဒီဟာေလးနဲ႔ မတည့္ဘူး။ ေႏြရာသီမို႔ ပူလို႔ ဘာညာ ဆိုျပီးေတာ့ ဒီဟာေလးကို အေပၚဝတ္အပါးမဝတ္ပဲနဲ႔ အျပင္ထြက္ျပီး ေလတိုက္တဲ့ေနရာေတြ ေခၚသြားၾကည့္ ေနာက္ရက္ဆို ႏွာမႊန္တာေတြ ဘာေတြ ျဖစ္လာတတ္တယ္။ အဲကြန္းခန္းထဲမွာ ဆိုလည္း အနိမ့္ဆံုး အေအးနဲ႔ပဲ ေနခိုင္းလို႔ ရမယ္။ မဟုတ္ရင္ ကိုယ္ေတြ လက္ေတြ ေညာင္းလာတတ္တာမ်ိဳး၊ အပူဒဏ္ဆို ခံႏုိင္ျပီး အေအးဒဏ္ကို မခံႏုိင္တဲ့ ဒီဟာေလးက ဂရုသာမစိုက္ရင္ ေရခဲပံုးထဲ ေခါင္းစိုက္ခ်င္ေနေလာက္ေအာင္ ေအးေနတာကို သေဘာက်တတ္ေသး။
'ေရခ်ိဳးေတာ့'
'ေလးငယ္က်ေတာ့'
'ငါလည္း အိမ္ေရာက္ရင္ ခ်ိဳးမွာ'
'ဒါေတြေတာ့ မပါဘူး မဟုတ္လား'
'မေကာင္းတာေတြကို သေရာ္ကင္ပြန္းနဲ႔ ေဆးခ်ရမွာ မၾကားဖူးဘူးလား'
'အဲ့ဒီသေဘာတရားၾကီးက ကၽြန္ေတာ့္ အလွည့္က်မွလား ဘာလို႔လဲ'
အက်ႌလက္ကို ေရကို စမ္းျပီး စပ္ေပးတုန္းက ေခါက္တင္ထားတာေၾကာင့္ ျပန္ခ်ေနရင္းက ေခါင္းညိတ္ျပလုိက္တယ္။ ျပီးမွ ေျဖလုိက္တယ္။
'မင္းက ဂ်ီဂ်ီ ျဖစ္ေနလို႔၊ ကိုယ့္ဖာသာ ခ်ိဳးမွာလား ငါခ်ိဳးေပးရမွာလား'
ရုပ္တည္ႏွင့္ ေမးလုိက္ျခင္းမွာ သူရဲ႕ ေထာ္လန္ ျငင္းဆန္ေနျခင္းေတြ တုန္႔ဆုိင္းသြားတယ္၊ ျပီးမွ မေက်နပ္ ထပ္ျပီး ေရရြတ္ရင္း ဆိုတယ္။
'ကိုယ့္ဖာသာ ခ်ိဳးမယ္၊ ဘယ္သူသိတာ မွတ္လို႔ ဒါၾကီးကို ေဖာက္ခ်ပစ္မွာ'
ေရခ်ိဳးခန္းထဲကေန ထြက္ခါနီး တိုးတိုးေလး ေရရြတ္လုိက္တာကို ၾကားျဖစ္ေအာင္ ၾကားလုိက္ေသးကာ ေျခလွမ္းေတြ တန္႔ခနဲ ရပ္လိုက္ျပီး အက်ႌခၽြတ္ေနတာကို တစ္ခ်က္ၾကည့္လုိက္ျပီးမွ ျခိမ္းေျခာက္ေျပာလုိက္ရတယ္။
'လုပ္ေလ ဒါဆို ေနာက္တစ္ခါ သေရာ္ကင္ပြန္းျပန္စပ္ျပီး မင္းကို ငါကိုယ္တိုင္ ခ်ိဳးေပးမယ္'
'ဟာကြာ!!'
'ျမန္ျမန္ခ်ိဳး မၾကာေစနဲ႔'
'ဟားခ်္ရွ္ ခ်င္က်ား!!'
ဒီအာေမဋိတ္သံက ဘာကို ရည္ညႊန္းတာလဲ ဆိုတာ အထူးေျပာဖို႔ မလိုေအာင္ ဇာတ္ကားေတြ ထဲကေန အတုခိုးထားတယ္ ဆိုတာ အတိအက် သိတယ္။ ဒါေပမယ့္ ဒီလို အဓိပၸါယ္တိုင္းေတာ့ ကၽြန္ေတာ္ လုိက္မသိႏုိင္ဘူး။ ကၽြန္ေတာ္ နားမလည္တဲ့ ဘာသာစကားနဲ႔ ဇာတ္လမ္းေတြ ေလ်ာ႔ၾကည့္ဖို႔ ခိုင္းရမလား၊ ဒါမွမဟုတ္ သင္တန္းေတြ အထူးတလည္ မတက္ထားပဲ ဇာတ္ကားၾကည့္ရံုနဲ႔ နားလည္တာ ေတာ္လုိက္တာ ဆိုျပီးပဲ ခ်ီးက်ဴးေပးရမလား၊ ေသခ်ာတာကေတာ့ သူ ဘာေျပာလုိက္တာလဲ ဆိုတာကို သိေအာင္ ကၽြန္ေတာ္ ဒစ္ရွင္နရီရွာျပီး ဖတ္ဖို႔ လိုေနျပီ ဆိုတာပါပဲ၊ ဒီဟာေလး လူကို သိပ္ျပီး အလုပ္ေပးတတ္တာ။
သူေရခ်ိဳးေနတာကို သူအိမ္ဧည့္ခန္းမွာ ထိုင္ျပီး စာအုပ္ဖတ္ရင္း ေစာင့္ေနလိုက္တယ္။ ခဏၾကာေတာ့ ဆံပင္ေတြ ေရစိုစိုနဲ႔ တဘတ္ပတ္ျပီး ထြက္လာတယ္။ ရုတ္ခ်ည္း ထရပ္လုိက္ေပမယ့္ မသင့္ေတာ္ေတာ့တဲ့ အသက္အရြယ္ကို သတိတရနဲ႔ သတိပဲ လွမ္းေပးမိတယ္။
'ဒရိုင္ယာ သြားမႈတ္'
'ဒရိုင္ယာ မႈတ္တာ ဆံပင္ ပ်က္စီးတယ္၊ အသားအေရလည္း ေလပူထိရင္ ပ်က္စီးတယ္တဲ့ ေလးငယ္ မၾကားဖူးဘူးလား၊ အလွအပ စာေစာင္ေတြ မဖတ္ဖူးဘူးလား'
ႏြားေရွ႕ ထြန္က်ဴးလို႔ ႏိႈင္းရင္လည္း ဒီဟာေလးေၾကာင့္ ကၽြန္ေတာ္က ႏြားျဖစ္အံုးမယ္။
'ေအး မဖတ္ဘူး က်န္းမာေရး စာေစာင္ပဲ ဖတ္တယ္ ေပး တဘတ္ ဒရိုင္ယာနဲ႔ မမႈတ္ခ်င္လည္း ေရေတာ့ ေသခ်ာေျခာက္ေအာင္သုတ္ေလ ျပီးရင္ ဒီအတိုင္းျပီး မင္းက လွဲေနေတာ့မွာ'
'ဟာ ေလးငယ္ တအား ဇီဇာေၾကာင္တာပဲ မိန္းမရရင္ တစ္ပတ္နဲ႔ ကြဲမွာ'
'ကြဲေတာ့ ဘာျဖစ္လဲ ငါ့ကိစၥ မင္းပူစရာ ဘာရွိလဲ'
သူ႔ကို ခံုမွာ ထိုင္ခုိင္းျပီးေတာ့ အေနာက္ကေန သူ႔ဆံပင္ မတိုမရွည္ကို တဘတ္နဲ႔ သုတ္ေပးေတာ့ ကိုယ္ေတာ္ေခ်ာက ဇိမ္နဲ႔ မွိန္းျပီး မ်က္လံုးေတြပါ မွိတ္ထားတယ္။ သူ႔ဆံပင္ေတြက ေပ်ာ့ေပ်ာ့ေလးနဲ႔ ဆံလံုးေသးေသးေလးေတြမို႔ အားစိုက္သုတ္လုိက္ရင္ ဦးေရျပားပါးပါး နာမွာ စိုးရတယ္၊ အဲ့ဒါမို႔ တဘတ္နဲ႔သုတ္ရင္ေတာင္ အားထည့္လို႔ မရဘူး။ အားထည့္သုတ္လို႔ မရေတာ့ အခ်ိန္ၾကာၾကာ သုတ္ရတယ္။
'ေလးငယ္ေၾကာင့္ ကၽြန္ေတာ္ ဆံပင္ညွပ္ဆိုင္ေတြမွာ ေခါင္းေလွ်ာ္ရတာကို မၾကိဳက္ဘူး ျဖစ္တာ'
'မင္းဖာသာမင္း မၾကိဳက္တာေလ'
'ကၽြန္ေတာ့္ဆံပင္ေတြကို ေလးငယ္ကိုင္ရင္ မနာဘူး သူတို႔ကိုင္ရင္ နာတယ္၊ မိန္းကေလးေတြ ျဖစ္ျပီးေတာ့ လက္ေတြကလည္း ႏူးႏူးညံ့ညံ့မရွိဘူး၊ ၾကမ္းတမ္းလိုက္တာ'
ဘယ္သူကမ်ား မင္းကို ငါ့ေလာက္ တန္ဖိုးထားတတ္မွာမို႔လဲ ဂ်ီဂ်ီ၊
'ဒါနဲ႔'
ဒါနဲ႔ ဆိုျပီး မ်က္လံုးေတြ ဖြင့္လာတယ္။ ျပီးေတာ့ ႏႈတ္ခမ္းေတြကို ဖြင့္ျပီး သြားညီညီေတြ ေပၚေအာင္ အရင္ရယ္တယ္။ ဒီလို မ်က္ႏွာပံုစံဆိုရင္ ဒီဟာေလး မဟုတ္တာ တစ္ခုခု ေျပာေတာ့မယ္၊ ေပါက္ကရေတြ ဆုိလာေတာ့မယ္။
'ေလးငယ္ ျဗဴးတီးစလြန္း ဖြင့္ပါလား၊ ဂ်ီဂ်ီ အရင္းႏွီးထည့္ေပးမယ္၊ အဲ့ဒါဆို ဆိုင္ေရွ႕မွာ မိန္းကေလး ေယာက်ာ္းေလး တန္းစီေနမွာပဲ၊ ဝါး!! ခန္႔ညားၾကည္စင္ ျဗဴးတီးစပါး၊ ဒါဆို နာမည္နဲ႔တင္ ေတာ္ေတာ္စားမွာပဲ'
'ေကာင္းသားပဲ မင္းက ဆံပင္ညွပ္ေလ ငါက ေခါင္းေလွ်ာ္ေပးမယ္၊ ဒါနဲ႔ မာဆက္ပါ ထည့္ရင္ ေကာင္းမယ္ ထင္တယ္၊ ငါ ႏွိပ္လည္း ႏွိပ္တတ္တာပဲ၊ မင္း အထက္တန္းတုန္းက ငါ အဲ့တာကို သင္ထားဖူးတယ္ေလ'
'ဟာ ေတာ္ျပီ မလုပ္ေတာ့ဘူး ေလးငယ္က ဘာလို႔သူမ်ားေတြကို လုပ္ေပးခ်င္ေနရတာလဲ၊ ဂ်ီဂ်ီကို လုပ္ေပးသမွ် အကုန္သူမ်ားကိုလည္း လုပ္ေပးမွာပဲလား'
ဒီဟာေလး အထက္တန္းတုန္းက အားကစားလုပ္ခ်င္ပါတယ္ ဆိုျပီး ေက်ာင္းမွာ ေဆာ့ခ်င္တာကို ေဆာ့ကစားထားသမွ် အိမ္ျပန္လာတုိင္း ဟိုနားက နာတယ္၊ ဒီနားက ေအာင့္ေနတာ တျငီးျငီး တျငဴျငဴ ျဖစ္ေနျခင္းမွာ အေနအထိုင္မတတ္တဲ့ ကၽြန္ေတာ္ကပဲ အႏွိပ္ပညာကို ေျပးသင္ျပီး ဂ်ီဂ်ီတို႔ ဂ်ီက်သမွ် ႏွိပ္ေပးခဲ့ရေသးတာ၊
'မင္းပဲ စပ္တူ စီးပြားေရး လုပ္မယ္ဆို၊ ေငြရတာပဲေလ မဟုတ္လည္း ငါတတ္ထားတာေတြ မင္းကိုပဲ လုပ္ေပးေနရတာ အလကားျဖစ္ေနတာကို'
'ေတာ္ပီလို႔ ေျပာေနတာ'
စူပုတ္ပုတ္ မႈန္ကုတ္ကုတ္နဲ႔ ျဖစ္သြားေတာ့ ထပ္စဖို႔ မေတြးေတာ့ပဲနဲ႔ ကၽြန္ေတာ္ သူမျမင္ေအာင္ လွည့္ျပံဳးမိတယ္။ သူ႔ေရွ႕မွာ အျပံဳးအရယ္ေတြကို ထိန္းတယ္ ဆုိတာက နဂိုရ္တည္းက မရိုေသခ်င္ခ်င္ ျဖစ္ေနရာကေန သူ႔ကို ထိန္းလို႔ မရေတာ့မွာစိုးလုိ႔၊ ကၽြန္ေတာ္က သူ႔အပိုင္ဆိုတာကို သူ႔ဖာသာသူေတာင္ နားမလည္တတ္တဲ့ ဟာေလး။
ဆံပင္ေတြ ေရေသခ်ာေျခာက္သြားမွ အခန္းထဲကေန ေခါင္းလိမ္းဆီ ယူျပီး သူ႔ဆံပင္ေတြမွာ ဆီလိမ္းေပးလုိက္တယ္။ အိမ္ေနရင္း အက်ႌပါ ယူလိုက္ျပီးမွ လွမ္းေပးေတာ့ သူက လွမ္းယူျပီး ဝတ္ထားတဲ့ တဘတ္ကို ခၽြတ္ခ်ပစ္တယ္။ ဒီဟာေလး အဲ့လို အေနအထိုင္မတတ္တာလည္း ရွိတယ္။
'ဒီေနရာက ဧည့္ခန္း ဂ်ီဂ်ီ'
'ဘာျဖစ္လဲ ဂ်ီဂ်ီနဲ႔ ေလးငယ္ပဲ ရွိတာ'
ေမးလိုက္တုိင္း အေျဖမရွိဘူး ဆုိတာမဟုတ္ပဲနဲ႔ မွန္မွန္မွားမွား ဂ်ီဂ်ီတို႔က အေျဖတစ္ခုေတာ့ ရွိျမဲ၊ အေျဖမွားသြားလုိ႔ ဗံုးေပါက္ကြဲသြားႏုိင္တယ္ ဆုိရင္ေတာင္ တိုးတိုးေလး ျဖစ္ျဖစ္ ေျဖျဖစ္ေအာင္ ေျဖအံုးမယ့္ ဂ်ီဂ်ီ႕မွာ သရဲမေၾကာက္ တေစၦမေၾကာက္ စရိုက္တစ္ခုကလည္း ရွိေသးတယ္။ မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္နဲ႔ အေတြးဝင္ေနတဲ့ ဂ်ီဂ်ီကို ဆက္ျပီး သတိေပးတာေတြ ဘာေတြ မလုပ္ခ်င္ေတာ့လို႔ ကိုယ့္ဖာသာပဲ ကားေသာ့ကို ေကာက္ကိုင္လုိက္ရတယ္။
'ငါ ျပန္ေတာ့မယ္'
'ဂ်ီဂ်ီ ကန္ထရိုက္ကို ဖုန္းဆက္ျပီး စတိတ္စင္ ကိစၥကို ျပန္ဖ်က္လိုက္မယ္'
ဒီလိုေလးက် လိမ္လိမ္မာမာ ရွိသားပဲ၊
'ဂ်ီဂ်ီ မင္း မမ မသိေအာင္ ဘာမွမလုပ္ႏိုင္ဘူး အဲ့ဒါေၾကာင့္ လုပ္မယ္ဆို ငါ့ကို အရင္အသိေပး'
မဟုတ္ရင္ ငါတို႔၊ ဆိုတာကို စိတ္ထဲကေတာင္ ဆံုးေအာင္ မေျပာႏုိင္ပဲ တံခါးဆီသို႔သာ ေလွ်ာက္လာခဲ့လုိက္တယ္။ ဂ်ီဂ်ီက အေနာက္ကေန လုိက္လာျပီး ေမးတယ္။
'ဘာလို႔ ရင္ဘတ္ကို ကန္ရမွာလဲ'
ရုတ္တရက္ ဘာေျပာလိုက္တာလဲ ဆိုတာကို ႏွစ္စကၠန္႔စာမွ် ေတြးလိုက္ျပီးမွ မေန႔ညတုန္းက သူ႔ကို ရြတ္ျပလိုက္တဲ့ ကဗ်ာကို သြားသတိရတယ္။
'ငါ ဘယ္သိမွာလဲ ကဗ်ာဆရာေရးထားတာကိုပဲ မွတ္ထားတာ'
ကၽြန္ေတာ္ေျပာလိုက္တာကို သူက မ်က္ခံုးပင့္ရင္း ေရရြတ္သလို ေျပာတယ္။
'ကဗ်ာကလည္း အဓိပၸါယ္မရွိတာၾကီး ကိုယ့္ေၾကာင့္ ခဏခဏ ေသႏုိင္တဲ့လူကို ဘာလို႔ ကန္ေနအံုးမွာလဲ မကန္လည္း သူကျဖင့္ ေသႏုိင္တာကို'
အလြန္အင္မတန္ အႏုပညာဆန္ေသာ စိတ္ထားျဖင့္ ကဗ်ာတစ္ပုဒ္လံုးကို ထုိသို႔ ေကာက္ခ်က္ခ်ေလတယ္။ ကၽြန္ေတာ္ သူ႔ေရွ႕မွာ ရယ္မိမွာစိုးလို႔ အိမ္တံခါးကို ဖြင့္ျပီး အျပင္သို႔ လွမ္းထြက္လိုက္တယ္။ အိမ္တံခါး ျပန္ပိတ္မွ မ်ိဳခ်ထားရတဲ့ ရယ္ခ်င္စိတ္ကို ဖြင့္ဟရတယ္။ တစ္ခါတစ္ေလ ဒီဟာေလး အဲ့လိုပဲ အေတြးေတြက တာသြားတတ္တယ္။ ကဗ်ာပါဆို ဘာေတြ ေတြးပစ္လုိက္တယ္ မသိ။
ငယ္တုန္းကဆိုလည္း ဒီဟာေလး နတ္သမီးပံုျပင္ေတြ ေျပာျပရင္ စင္ဒရဲလားက ဘာလို႔ ဖိနပ္ကၽြတ္ရတာလဲ၊ အဲ့ဖိနပ္က ေခ်ာင္ေနလို႔ ကၽြတ္တာေပါ့ကေန စတင္၍ မင္းသားေလးက ဖိနပ္ေတာ္တဲ့လူကို လုိက္ရွာတာက မွားေနတယ္ ဆိုျပီး သူ႔ဖာသာသူ ျငင္းခုန္တယ္။ စင္ဒရဲလားရဲ႕ ဖိနပ္ဟာ စင္ဒရဲလားရဲ႕ ေျခေထာက္နဲ႔ အေတာ္မဟုတ္ဘူး ဆိုဒ္ၾကီးေနတယ္လို႔ မွတ္လိုက္တာဟာ ေသးေသးေလးကေန အလယ္တန္းအထိ၊
ေနာက္တစ္ခု ရွိေသးတယ္။ အီစြတ္ရဲ႕ ပညာေပး ပံုျပင္ေတြကိ သူ႔ကို လိမၼာေစလိုေၾကာင္း ဖတ္ျပဖူးတာမွာ ဂ်ီဂ်ီတို႔က အီစြတ္ဟာ တိရိစာၦန္ေတြအေၾကာင္း မွတ္သားတဲ့ေနရာမွာ ျပသနာရွိတယ္လို႔ တရားေသမွတ္ပစ္လိုေလတယ္။ ေျမေခြးဟာ စပ်စ္သီး လံုးဝ မစားဘူး ဆိုတာ အီစြတ္က မသိပါဘူးဆိုျပီး အီစြတ္ရဲ႕အသိဉာဏ္ဟာ ဂ်ီဂ်ီႏွင့္ က်မွ လိုအပ္ခ်က္ေတြ ရွိပါတယ္တဲ့ေလ။
အိမ္ေရာက္ေရာက္ခ်င္းမွာ ေအာင္ခန္႔က ျခံတံခါးဝထိ ဆင္းလာျပီး ေျပာတယ္။
'ဆရာ မမၾကီး ေရာက္ေနတယ္'
မနက္ပိုင္းကမွ မမနဲ႔ ေတြ႔ခဲ့တာမွာ အခု ေရာက္ေနတယ္ ဆုိေတာ့ ထူးဆန္းေထြလာ၊ အေတြးနဲ႔ ေခါင္းညိတ္ျပလိုက္ျပီးမွ အိမ္ထဲကို လွမ္းဝင္လိုက္ေတာ့ မမက ကၽြန္းဆက္တီေပၚမွာ ေျခခ်ိတ္ျပီးေတာ့ ထိုင္ေနတယ္။
'ဖီးလက္စ္ ေန႔လည္က ဂ်ီဂ်ီေၾကာင့္မို႔ စကားကို ေသခ်ာမေျပာလိုက္ရဘူး'
'မမ ေျပာစရာ ရွိလို႔လား'
'အင္း ဒီပါဂရုက သမီးငယ္၊ ဂ်ီဂ်ီကိုက အလွအပကို တရားလြန္ခံစားတတ္လြန္းတာပါ အသက္သံုးဆယ့္ငါး ဆိုတာက အရြယ္မလြန္ေသးပါဘူး'
'ကၽြန္ေတာ္'
'မင္း အသက္ မငယ္ေတာ့ဘူး ခန္႔ညား၊ ဂ်ီဂ်ီတစ္မ်က္ႏွာ တစ္ဘဝလံုး မွတ္မေနနဲ႔၊ ေတာ္ျပီေပါ့ သူ႔ေျခေထာက္သူ ရပ္ႏုိင္ေနျပီ'
'ဂ်ီဂ်ီက ငယ္ပါေသးတယ္၊ ျပီးေတာ့ အခုမွ သူက စီးပြားေရး စလုပ္တာ ဆုိေတာ့ စိတ္ခ်ရတဲ့ အေျခအေန မဟုတ္ေသးဘူးလို႔ ကၽြန္ေတာ္ ထင္တာပါ မမ'
'ငါက သူ႔အေမပါ ခန္႔ညားရယ္၊ ငါက ဂ်ီဂ်ီ႕အေမ ဆိုေပမယ့္ မင္းရဲ႕အစ္မလည္း ဟုတ္တယ္၊ စီးတဲ့ေရ ဆည္တဲ့ကန္သင္း မင္း ေငြေတြ အမ်ားၾကီး ရွာႏုိင္ေနျပီးေတာ့ ဘဝမွာ ရပ္တည္ခ်က္ေတြ အကုန္ ျပည့္စံုေနျပီးေတာ့ မင္းေဘးက ေနရာတစ္ခု လစ္လပ္ေနတယ္'
'ကၽြန္ေတာ္ အိမ္ေထာင္မျပဳခ်င္ေသးဘူး'
'သိတယ္၊ မင္း ဂ်ီဂ်ီေၾကာင့္မို႔ အိမ္ေထာင္မျပဳႏုိင္ဘူး ျဖစ္ေနတာ၊ မင္း သူ႔ကို စိတ္မခ် ျဖစ္ေနတာကို မမ နားလည္တယ္၊ မင္းလက္ထဲမွာပဲ ပိုးဥေလးလို ေမြးလာတဲ့ ကေလးမို႔ မင္းဂ်ီဂ်ီ႕အေပၚ ဘယ္ေလာက္ သံေယာဇဥ္ၾကီးလဲ ဆိုတာကိုလည္း မမသိတယ္၊ ဒါေပမယ့္'
ကၽြန္ေတာ္ မ်က္ႏွာလြဲလုိက္မိတယ္။ ကၽြန္ေတာ္ဘက္ကေန စျပီးေတာ့ သူ႔ကို ေက်ာခိုင္းဖို႔က ဘယ္လို အေျခအေန အေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ မလုပ္ႏိုင္ေပ။ အဲ့ဒါထက္ ေသခ်ာတာေတာင္ အဲ့တစ္ခုထက္ ေသခ်ာတာ ရွိမွာမဟုတ္ေပ။ မမက ေျပာလက္စကို ခဏနားလိုက္ျပီးမွ ျပန္ဆက္ေျပာတယ္။
'မင္း ဂ်ီဂ်ီေၾကာင့္မို႔ အေဖာ္မဲ့သလို ျဖစ္ေနတာကို ငါက ဘယ္လို ၾကည့္ေနရမလဲ ခန္႔ညား၊ ဂ်ီဂ်ီက မင္းကို တစ္သက္လံုး ဒီပံုစံအတိုင္း အားကိုးေန မွီခိုေနလို႔ မရဘူးေလ ဖီးလက္စ္၊ ဂ်ီဂ်ီ မင္းမသိေအာင္ လုပ္တတ္ေနျပီ၊ ဒါျပီးရင္ လက္တြဲေဖာ္ဆိုတာက မင္းက မရွာဘူး ဆိုလည္း ဂ်ီဂ်ီက ရွာလာမွာပဲ အဲ့က်မွ မင္း တစ္ေယာက္တည္း ဘယ္လို က်န္ေနခဲ့မလဲ'
'ကၽြန္ေတာ္'
ကၽြန္ေတာ္ ဆိုတာထက္ ပိုျပီးေတာ့ ေျပာဖို႔စကားလံုးေတြ ကင္းမဲ့မိတယ္။ ဂ်ီဂ်ီ မင္းအသက္ဘယ္ေလာက္လဲလို႔ အျမဲတမ္း ေမးမိေပမယ့္ ဂ်ီဂ်ီဘာလို႔ အရြယ္ေရာက္လာတာ ဒီေလာက္ျမန္ရတာလဲ ဆုိတာကို ကၽြန္ေတာ္ အျမဲတမ္း ေတြးေနမိတာ သူကေတာ့ သိမွာမဟုတ္ဘူး။
'ငါက မင္းတို႔ ႏွစ္ေယာက္စလံုးရဲ႕ မိဘ၊ ငါက မိဘဆိုတဲ့ေနရာကေန ေနတာ၊ မိဘဝတၱရားေတြမွာ မေကာင္းျမစ္တာ၊ ေကာင္းရာညႊန္လတ္၊ အတတ္သင္ေစ၊ ေပးေဝႏွီးရင္း၊ ထိမ္းျမားျခင္းလွ်င္ ဝတ္ငါးအင္ ဆိုတာရွိတယ္၊ က်န္တာအကုန္လံုးကို ငါ့ဝတၱရားငါေက်ျပီလို႔ ငါထင္တာပဲ ခန္႔ညား၊ အိမ္ေထာင္ျပဳေပးရမယ္ ဆုိတာကလြဲရင္'
'တာဝန္အေနနဲ႔ပဲ ေျပာေျပာ၊ ေစတနာနဲ႔ စိတ္ရင္းနဲ႔ပဲ ေျပာေျပာ မမက တာဝန္ေက်ပါတယ္'
ဒါက တကယ္လည္း ကၽြန္ေတာ္ စိတ္ထဲက ပါလို႔ ေျပာတဲ့ စကားျဖစ္တယ္။ အေဖနဲ႔အေမ ဆံုးေတာ့ မမက ကၽြန္ေတာ့္ကို ေမြးစားသားဆိုျပီး ရယူပိုင္ခြင့္ေတြ ခြဲပစ္ေတာ့ေတာင္ အတိအက် ခြဲေပးခဲ့တာ ျဖစ္တယ္။ လိုခ်င္၏၊ မလိုခ်င္၏ တစ္ခြန္းမွ မေမးသလို ထိုက္သင့္တာ မွန္သမွ်ကို ကၽြန္ေတာ့္အတြက္လည္း မေမ့ေစရ၊ ထိုသို႔ေသာ အစ္မမ်ိဳးျဖစ္တယ္။ ဒါေပမယ့္ ဒီအေမြေတြ အားလံုးကို ကၽြန္ေတာ္ ျခံေျမတုိက္တာက အစ ေရွာ့ပင္းေမာလ္ အဆံုး၊ ဟိုတယ္တစ္ခု အပါအဝင္ ဘဏ္ထဲက ရွိသမွ် ေငြအေမာင့္ကိုပါ ဂ်ီဂ်ီနာမည္ကို ေျပာင္းပစ္ေတာ့ မမက ေဒါသတၾကီးနဲ႔ ကၽြန္ေတာ့္ကို ဆူေသးတယ္။ မင္းတူအတြက္နဲ႔ မင္းကမြဲေတျပီး ေနမလို႔လားဟု ဆူဆူေျပာေျပာႏွင့္ ဂ်ီဂ်ီအိမ္ေထာင္က်မွ ေပးရန္ ဆံုးျဖတ္ေပးခဲ့တယ္။
'ခန္႔ညား တကယ္ဆို မင္းလည္း ပညာတတ္ပဲ၊ မင္းဒီေလာက္ထိ ျငင္းဆန္ေနဖို႔ မလိုပါဘူး၊ ႏူႏူဝဲဝဲ က်ိဳးက်ိဳးကန္းကန္းေတြကို မင္းနဲ႔ေပးစားဖို႔ လုပ္ေနတာမွ မဟုတ္ပဲ'
'ဆႏၵမရွိပဲနဲ႔ အိမ္ေထာင္တစ္ခု ျပဳလုိက္ျပီးမွ နားလည္မႈ မေပးႏုိင္လို႔ ကြဲၾက ကြာၾက ဆိုရင္ တစ္ဖက္မိန္းကေလးေရာ ကၽြန္ေတာ္ေရာ အဆင္ေျပမယ္လို႔ မမ ထင္တာလား'
'မင္း ဒါဆိုလည္း ေတြ႔ၾကည့္လုိက္'
'ေတြ႔ၾကည့္ဖို႔အထိ ဆိုတာကို ကၽြန္ေတာ္ မလုပ္ခ်င္တာ၊ အဲ့ဒါ အဲ့မိန္းကေလးရဲ႕ သိကၡာကို ေလးစားလို႔ပါ၊ သူမကေလ ဟိုေရွ႕ေန ျငင္းတာကို ခံထားရတယ္ ဆိုတာမ်ိဳး မျဖစ္ေစခ်င္တာ'
'ဘာပဲေနေန မင္းက ျငင္းမွာပဲလို႔ ေျပာေနတာလား'
ကၽြန္ေတာ္ မေျဖေပမယ့္ မ်က္လႊာခ် ေခါင္းငံု႔လုိက္မိတယ္။ မမက သက္ျပင္းတစ္ခ်က္ ရိႈက္ျပီးေတာ့မွ ေျပာတယ္။
'မင္းဂ်ီဂ်ီကို စိတ္မခ်လို႔ ဆိုရင္ ငါသူ႔ကို အရင္ ေစ့စပ္ေပးလိုက္မယ္ မင္းစိတ္ၾကိဳက္ မိန္းကေလးကို ေရြးလုိက္၊ ဂ်ီဂ်ီကိုမင္းက ငါ့ထက္ ပိုျပီး နားလည္တာ ဆိုေတာ့ မင္းစိတ္ခ်ရႏုိင္မယ့္ မိန္းကေလးကို မင္းေရြးထားလုိက္'
'မမ ဂ်ီဂ်ီက'
'မင္း သူ႔ကို စိတ္မခ်လို႔ေလ၊ မင္းစိတ္ခ်ရႏုိင္မယ့္လူ လက္ထဲကို သူ႔ကို မင္းကိုယ္တိုင္အပ္၊ ျပီးရင္ မင္းလည္း လက္တြဲေဖာ္ ေသခ်ာေရြး'
ကၽြန္ေတာ္ ဂ်ီဂ်ီကို ဘယ္သူနဲ႔မွ စိတ္မခ်ႏုိင္ဘူး၊ ကၽြန္ေတာ္သူ႔ကို ဒီတိုင္းေလး တစ္သက္လံုး သူၾကီးျပင္းျပီး ရင့္က်က္လာတာကို ေစာင့္ၾကည့္ ေနခ်င္ရံုေလးပဲ၊ ကၽြန္ေတာ့္အေရွ႕မွာ သူၾကီးျပင္းလာတယ္၊ သူရင့္က်က္လာတယ္၊ ပိုျပီးေတာ့ ဝင့္ထည္လာတယ္၊ သူ႔ရဲ႕ျဖစ္တည္မႈ အားလံုးကို ျငိမ္ျငိမ္ေလး ေစာင့္ၾကည့္ေနခ်င္တာ၊ ဒါက မျဖစ္ႏုိင္ဘူးလား၊ ၾကည့္ရတာ မမ အေတြးထဲမွာေတာ့ ဒါက မျဖစ္ႏိုင္ဘူး ထင္ပါတယ္။
မမက နာရီၾကည့္ျပီး ထရပ္တယ္။ ထိပ္ထားၾကည္စင္ ဆိုတာက အခ်ိန္ၾကည့္ျပီး ရွင္သန္ေနတာ၊ ဘယ္သူ႔အတြက္ မဆို နာရီပိုင္းေလးပဲ အခ်ိန္ေပးႏုိင္တာ၊ တစ္လမွာ တစ္ရက္အျပည့္ေတာင္မွ မိသားစုအတြက္ အခ်ိန္မေပးႏုိင္ေသာလူသား။
'မင္းရဲ႕ မဂၤလာကိစၥကို ငါလက္မေလ်ာ့ဘူး၊ ေနာင္တစ္ခ်ိန္ မင္းအသက္ၾကီးလာလို႔ အထီးက်န္က်န္နဲ႔ ဘဝရဲ႕လက္က်န္အခ်ိန္ေတြ ျဖတ္သန္းေနတာကို ငါက ျမင္ေနရမယ့္အစား၊ အဲ့ဒီအတြက္ ငါက ေနာင္တရမယ့္အစား၊ အခုခ်ိန္မွာ မင္းငါ့ကို အျမင္မၾကည္တာကိုပဲ ငါခံလိုက္ေတာ့မယ္'
အိမ္တံခါးအနားထိ ထြက္သြားျပီးမွ ေနာက္ျပန္လွည့္လာျပီးမွ သတိေပးစကားဆိုတယ္။
'အရက္ေသာက္တာ ေလ်ာ့အံုး၊ မင္းက အသက္ၾကီးလာျပီမွန္း ငါသိတယ္၊ ဒါေပမယ့္ မင္းက ငါ့ေမာင္ေလးပဲ ခန္႔ညား'
မမ ထြက္သြားေတာ့မွ ကၽြန္ေတာ္ ကၽြန္းဆက္တီေပၚမွာ မွီေလ်ာ့ျပီး ထိုင္လိုက္မိတယ္။ အဲ့ဒီမမရဲ႕ ေမာင္ေလးဆိုတဲ့ ပညတ္ခ်က္ၾကီးေၾကာင့္ ကၽြန္ေတာ္ ပိုျပီးေတာ့ မြန္းက်ပ္ေနရတာလို႔ ဆိုရမယ္။ မမက အစ္မျဖစ္သလို ေက်းဇူးရွင္ေတြရဲ႕သမီးလည္း ျဖစ္တယ္။ ျပီးေတာ့ မိသားစုဝင္၊ တကယ္လို႔သာ ကၽြန္ေတာ္က မမရဲ႕ေမာင္ေလးမဟုတ္ဘူး ဆိုရင္ ကၽြန္ေတာ္နဲ႔ဂ်ီဂ်ီ ဒီလို မတင္မက် အေျခအေနၾကီး ရွိခ်င္မွ ရွိႏုိင္မွာ၊
ဒါေပမယ့္ အတိတ္ကို ျပန္သြားႏုိင္မယ္ ဆိုရင္ေတာင္ အေဖနဲ႔အေမ ေခၚခဲ့တဲ့ဆီကို ေပ်ာ္ေပ်ာ္ၾကီး လုိက္လာမိအံုးမွာပါပဲ၊ ေမြးလာကတည္းက မိသားစုေတြ အခန္းထဲ ဝင္လို႔ ရျပီ ဆိုကတည္းက ပထမဆံုး ေပြ႔ခ်ီခြင့္ ရခဲ့တဲ့ ဒီကေလးေလးကို၊ လမ္းေလွ်ာက္သင္ေပးခြင့္ ရခဲ့တဲ့ ကေလးငယ္ေလးကို၊ ဒီဟာေလး တစ္စတစ္စ ၾကီးျပင္းလာတာကို ျမင္ေတြ႔ခြင့္ ရခဲ့တာကို၊ ကြမ္းသီးေလး ျဖစ္ခ်င္လို႔ပါ ဆိုျပီး အိပ္ရာေပၚမွာ ေကြးေကြးေလး ထုိင္ျပီး ငိုေနခဲ့တဲ့ ဒီဟာေလးကို ေခ်ာ့ေမာ့ခြင့္ ရခဲ့တာကို၊ ဒီလိုအေျခအေနတြင္ အမ်ားၾကီး ပိုင္ဆိုင္ခဲ့ရလို႔ မမရဲ႕ေမာင္ေလး အျဖစ္အတြက္ ကၽြန္ေတာ္ ဘယ္ေတာ့မွ ေနာင္တရဖို႔ မရွိဘူး။
ေတာင္းဆုေတြ ျပည့္ႏုိင္မယ္ ဆိုရင္ ဘယ္ဘာသာဝင္ရဲ႕ ဘုရားပဲ ျဖစ္ျဖစ္ ကၽြန္ေတာ္ ေတာင္းမယ့္ဆုက တစ္ခုတည္း၊ ဒီဟာေလးကို တစ္သက္လံုး ၾကည့္ေနႏုိင္ခြင့္ ရရင္ လံုေလာက္ပါျပီ။ က်န္တာေတြကို ကၽြန္ေတာ္ ေလာဘမတက္ရလည္း ျဖစ္တယ္။ ၾကည့္ခြင့္ေလးနဲ႔တင္ ဘဝၾကီးက ျပီးျပည့္စံုျပီမို႔၊
@@@@@@@@@@
ဆက္ရန္---
စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။
စြဲညိဳ႕