Nephew-3
@@@@
'ဂျီဂျီ ထတော့'
ပုခုံးမှာ မှီထားတာကို ပါးကို ပုတ်လိုက်တော့ လူးလွန့်ပြီး တစ်ဖက်က ခေါင်းအုံးတွေ ဆင့်ထားတဲ့ဆီ ခေါင်းထိုးအပ်တယ်။ ဒီဟာလေး အိပ်နေလိုက်တာများ သူ့အိမ်သူယာ ကျနေတာပဲ၊ အချုပ်ထဲမှာများ နိုးမရ ပြုမရအောင် အိပ်နေလိုက်တာ၊
'ဂျီဂျီ'
ရဲစခန်းအတွင်းမှာ ရောက်နေတဲ့ ကိုယ့်ထက်စီနီယာကျတဲ့ ရှေ့နေသုံးဦးကို ကြည့်ပြီး ကျွန်တော် စိတ်ညစ်ညူးစွာ လေပူမှုတ်မိတယ်၊ ဒီစီနီယာတွေ ရောက်လာတာက ဒီနေ့ အဖြစ်အပျက်ကို မမ သိသွားပြီ ဆိုတဲ့သဘော၊ ရဲတွေနဲ့ ဥပဒေရေးရာ အကြောင်းတွေ ပြောဆိုဆွေးနွေးနေကြတာကို ကျွန်တော် တိတ်ဆိတ်စွာ နားစွင့်နေတယ်။
ဒီလူတွေ ရောက်လာပြီ ဆိုမှတော့ သေချာပေါက် ဂျီဂျီတို့ မလွတ်ဘူးဆို ဒီစခန်းကြီးသာ ဖြိုချပစ်ဖို့ ရှိတာမို့ နိုးနေတာမှာ ကိုယ်တော်ချောက လူးလိုက် လွန့်လိုက် အိပ်စက်ခြင်းက မပြီးနိုင် မစီးနိုင်၊ နောက်ဆုံးမှာတော့ ပုခုံးကနေ ဆွဲထူလိုက်ရတယ်။ ဒါတောင်မှ သူက မျက်လုံးတွေကို ပွတ်သပ်ရင်း မေးတယ်။
'ဟာ လေးငယ် အစောကြီး ရှိသေးတယ် ဘာထလုပ်မလို့လဲ'
'မျက်လုံးအရင်ဖွင့်'
အဲ့ဒီတော့မှ ကြည့်ကြည့် ကြောင်ကြောင်နဲ့ မျက်လုံးလေးကို မဖွင့်ချင် ဖွင့်ချင် ဖွင့်လာတယ်။ ပြီးမှ သူ လက်ရှိရောက်နေတာကို သတိရသွားဟန်နဲ့ သက်ပြင်းရှိုက်တယ်။ ပြီးတော့မှ သံတိုင်တွေ အပြင်ဘက်က လူတွေဆီ အကြည့်ရောက်သွားတော့ မျက်နှာငယ်လေးနဲ့ ဆိုလာတယ်။
'ဦးကျော်ဇော်တို့ ဘယ်တုန်းက ရောက်လာတာလဲ'
'မနက်လေးနာရီကနေ အခုထိ မင်းကို ထိုင်စောင့်နေကြတာ'
'ဂျီဂျီ ထပြီ၊ ဂျီဂျီ ထပြီ၊ လေးငယ်က စောစောနိုးတာ မဟုတ်ဘူး' တဲ့လေ။ နိုးနေတာမှာ မထတာက ဘယ်သူလဲ ဆိုတာ ဘယ်သူမှန်း သူက မသိတော့ပြန်ဘူး အဲ့လို အဲ့လို၊
'ကိုခန့်ညားပါ ဒီထဲ ရောက်နေတယ် ဆိုတော့ ကျွန်တော်ဖြင့် လန့်ပြီး ညပါ အိပ်မရ ဖြစ်သွားတယ်'
အမှုလိုက်တာ ရှုံးပွဲ မရှိဖူးသော ရှေ့နေဆယ်ဦးတွင် တစ်ဦးအပါအဝင်မို့ ရှေ့နေ့ဦးကျော်ဇောဟန်က စနောက်ချင်ဟန်ဖြင့် ဆိုလေတယ်။ ကျွန်တော်အသာအယာသာ ပြုံးလိုက်မိပြီးမှ ခွန်းတုန့်ပြန်တယ်။
'ဂျီဂျီကို တစ်ယောက်တည်း ဒီထဲ ထားခဲ့လို့ မမ ပြောတာ ခံရမယ့် အတူတူတော့ တစ်ညအိပ်ပြီး ထွက်လာလည်း မဆိုးပါဘူး၊ မဟုတ်ရင် ဒီကောင်လေး သိပ်ပေတာ'
'လေးငယ် ပြောမှ ကျွန်တော်က ဆယ်ကျော်သက်ကလေး ကျနေတာပဲ ကျွန်တော် အသက် နှစ်ဆယ့်ခြောက်နှစ် ရှိပါပြီ'
'မင်း အသက် မင်းသိတာ ကောင်းတာပေါ့'
ကျွန်တော် ရဲစခန်းမှာမို့ သူပါ ရဲစခန်းမှာ လိုက်နေနေရတဲ့ တပည့်ကျော်ကို လှည့်ကြည့်ပြီးမှ ပြင်စရာ တချို့ကို ပြင်ခိုင်းရတယ်။
'အောင်ခန့် သွား ဈေးထဲမှာ သရော်ကင်ပွန်းကို ရသလောက် သွားဝယ်လာခဲ့'
'လေးငယ်က အစွဲကြီးပြန်ပြီ'
'ပြီးရင် ဂျီဂျီ မင်းမာမီနဲ့ သွားတွေ့ရမှာ ဒီပုံစံအတိုင်း သွားမလို့လား'
'တကယ်ကြီးလား မနေ့ညက အချုပ်ထဲမှာ အိပ်ပြီး မနက်မှာ မာမီနဲ့ တွေ့ရမယ် ဆိုတာက ဘယ်လို အခြေအနေမျိုးလဲ လေးငယ်'
ဒီလို ကြောက်ဖို့တော့ ဒီဟာလေးက သူ့မာမီရှေ့မှာပဲ ရမှာ၊ ကျွန်တော့် လွန့်ခနဲ ပြုံးလိုက်တော့ သူက ကျွန်တော် ပြုံးလိုက်တဲ့ အနေအထားကို လိုက်ကြည့်နေပြီးမှ မျက်နှာလေးက ဇီးရွက်သာသာ လည်ပင်းလေးကလည်း ညွှတ်ကိုင်းလုမတတ်၊ ကျွန်တော် ခေါင်းကို သူ့အနားထိ တိုးလိုက်ပြီးမှ ကိုကျော်ဇော်တို့ မကြားရသော လေသံလောက်နဲ့ သူ့ကို ပြောလိုက်တယ်။
'ခင်္သြေ့ရှေ့ကို ရောက်သွားရမယ့် သိုးတစ်ကောင်ရဲ့ ပုံပြင် ကြားဖူးလား'
'ဂျီဂျီက ခင်္သြေ့လား သိုးလား'
'မင်းက အမှားလုပ်ထားတဲ့ သိုးလေ'
'ဒီအခြေအနေကနေ လွှတ်ဖို့ နည်းလမ်း ရှိလား လေးငယ်'
'ဒီအခြေအနေ ပိုမဆိုးစေချင်ရင်သာ လိုက်သွားသင့်တာ ဂျီဂျီ'
အတတ်နိုင်ဆုံး ပြုံးပြပြီး ဆိုပေမယ့် ဂျီဂျီ မျက်နှာလေးက ငိုမဲ့မဲ့လေး၊ တစ်ဦးတည်းသောသား ဂျီဂျီသည် အဖေကို သူငယ်ချင်းလို ပေါင်းကာ အမေရှေ့ရောက်တိုင်း ဘုရင်မရှေ့က အပြစ်သားလိုလို၊
'မိုးသားကြည်စင်'
လာကတည်းက နာမည်အရင်းကို မမက ခေါ်လိုက်တာမို့ ဂျီဂျီ ကိုယ်လေး တုန်ခနဲ၊ ဂျီဂျီ အလွန်အမင်း ကြောက်နေတဲ့ ပုံရိပ်ကိုမြင်ဖူးချင်ရင် လွယ်လွယ်လေး သူ့အမေရှေ့ကို ပို့လိုက်ရုံလေးတင်။ ဒါတောင်မှ သူအပြစ်လုပ်ထားမှ ငြိမ်တတ်တာမျိုး၊ အဲ့လိုအချိန် ဂျီဂျီတို့ အပိုးကျိုးတာများ ခွေးကလေး အမြီးခါတာထက် ပိုလိမ္မာတယ်။
'ကျွန်တော် အပြင်မှာပဲ စောင့်နေလိုက်မယ်'
ခွင့်တောင်းပြီးမှ အပြင်ထွက်ဖို့ လုပ်တော့ ဂျီဂျီက ကျွန်တော့်လက်ကို လှမ်းဆွဲပြီး ပြောတယ်။
'လေးငယ် သားကို ခင်္သြေ့ဂူထဲမှာ ထားခဲ့တော့မှာလား'
မမက အခုမှ သူမသားငယ်လေးကို ဆူပြောရမှာမို့ စိတ်ထဲလည်း မနာကျင်စေဖို့ စကားလုံးတွေ အတွေးထဲ စီတန်းနေစဉ်မှာ ကြားလိုက်ရသော ဂျီဂျီ၏ နှုတ်ထွက်စကားသည်က သူ့ကံကြမ္မာသူဖန်လိုက်ခြင်း၊
'ဘာ မိုးသားကြည်စင် မင်း အသက်ဘယ်လောက် ရှိပြီလဲ'
'ဘာလို့ လူတိုင်းက ဂျီဂျီ့အသက်ပဲ မေးနေရတာလဲ၊ ဂျီဂျီ အသက် နှစ်ဆယ့်ခြောက်နှစ် ရှိပြီ'
ကြောက်တာက ကြောက်တာ သပ်သပ်၊ ဂျီဂျီတို့ မကျေမနပ် ဖြစ်ပြီဆို နှုတ်ခမ်းလေးကနေ ပွစိပွစိ ရေရွတ်ဖို့ကတော့ မမေ့၊
'မမေးပဲနဲ့ စကားတစ်ခွန်း အပိုပြောရင် လစဉ်ကြေး ခြောက်လရပ်မယ်'
ဂျီဂျီအတွက် အထိရောက်ဆုံးသော အပြစ်ဒဏ်က လစဉ်ကြေး နားလိုက်ခြင်း ဖြစ်မှန်း မွေးထားတဲ့အမေမို့ မသိနိုင်စရာတော့ မရှိပေ။
'ဘယ်ကနေ ဘယ်လို စဖြစ်တာလဲ မနေ့ညကဆို လုပ်လက်စတွေ အကုန်ပစ်ချပြီး မာမီ ဘယ်လောက် စိတ်ပူနေရလဲ'
'ဒါပေမယ့် မနေ့ညတုန်းက မာမီ မရောက်လာဘူးလေ'
မနေ့က ကိစ္စအတွက် သေချာတယ်၊ ကျွန်တော်လည်း အပြောမလွတ်နိုင်ဘူး။
'ကျွန်တော် အပြင်ကို'
'မင်းလည်း ထိုင်အုံး ခန့်ညား'
'ဟုတ်ကဲ့'
အဆူခံရတာချင်းအတူတူ ဆိုသည့် အကြည့်က ကျွန်တော်ထံသို့ သက်ရောက်လာတယ်။ ပြီးတော့ ရယ်မြူးရိပ်သန်းနေသော မျက်ဝန်းတို့က သူနဲ့ကျွန်တော်အတူတူ အဆူခံနေရတာကို ကျေနပ်နေဟန် အပြည့်၊ ဒီဟာလေးတော့၊
'မင်းကရော အသက်ဘယ်လောက် ရှိပြီလဲ ခန့်ညား'
'လေးငယ်က ဒီအေပရယ်ကျရင် သုံးဆယ့်ခုနှစ်နှစ် ပြည့်မှာပါ မာမီ'
'တိတ်စမ်း'
'မနေ့က တစ်ယောက်က ဆေးခန်းရောက်သွားပြီး အခြေအနေမသိရတာကြောင့် ရဲတွေက မလွှတ်ပေးနိုင်ဘူး ဆိုလို့ ကျွန်တော်ပါ အထဲမှာ ဝင်နေလိုက်တာပါ'
'တစ်ယောက်က အထဲရောက်သွားတယ်ဆိုရင် တစ်ယောက်က အထဲကို လိုက်သွားစရာလား!!'
'ကျွန်တော် မှားသွားပါတယ်'
ကျွန်တော် ခပ်မြန်မြန်ပဲ အမှားကို ဝန်ခံလိုက်တော့ ဂျီဂျီက ခေါင်းငုံ့ရင်း ဆိုတယ်။
'မာမီ ဒါက ဂျီဂျီ မှားတာပါ လေးငယ် အမှားမဟုတ်ပါဘူး'
'မင်းတို့ နှစ်ယောက် ငါ့ဆီလာပြီး စိတ်ရှုပ်အောင် လုပ်နေတာလား'
'မဟုတ်ပါဘူး မမ'
'ပြီးတော့ ငါ သေချာ ပြောထားတယ် ခန့်ညား စတိတ်စင် ကိစ္စ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို မင်းဂျီဂျီကို မထိန်းချင်တာ ဖြစ်ဖြစ် မထိန်းနိုင်တာ ဖြစ်ဖြစ် ငါ့ကို သေချာပြော၊ ဘာလို့ ဆိုင်ချဲ့တာမှာ ကန်ထရိုက်ကို စတိတ်စင်ပါ ထည့်ခိုင်းထားတာလဲ'
ဒီကိစ္စက တကယ်ကို ကျွန်တော် မသိလိုက်တဲ့ ကိစ္စမို့ ဂျီဂျီကို ကြည့်တော့ ဂျီဂျီက မမ ပြောလိုက်တဲ့ စကားကို မှင်တက်နေတယ်။ ပြီးမှ ခပ်တိုးတိုးလေး ဆိုလာတယ်။
'အဲ့ဒါကို ဂျီဂျီ လုပ်ထားတာပါ လေးငယ် မသိအောင် လုပ်ပြီးမှ ပြောပြမလို့'
သူလုပ်ထားသမျှကို ကျွန်တော် သိထားခဲ့ရမှာ၊ သူက ကျွန်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေရမှာ၊ တကယ်လို့ သူက ကျွန်တော်မသိအောင် လုပ်နိုင်သွားတဲ့ ကိစ္စ ရှိလာပြီ ဆိုရင် ဒါဟာ ကျွန်တော် သူ့ကို မထိန်းချုပ်နိုင်တော့ဘူး ဆိုတဲ့ သဘောတရားပဲ။ ဒါဟာ ဘာကို ဖော်ပြတာလဲ ဆိုရင် ကျွန်တော်က သူ့ကို ထိန်းချုပ်ဖို့ စွမ်းရည် ချို့တဲ့ သွားပြီ ဆိုတာပဲ၊ သူက ကျွန်တော် ထင်ထားတာထက် ရင့်ကျက်သွားပြီ ဆိုတာကို ဖော်ညွှန်းတယ်။
'ငါ သူ့ကို ထိန်းဖို့ ရှေ့နေ ပြောင်းရမလား ခန့်ညား'
ကျွန်တော် ခွန်းတုန့်မဆိုပါပဲနဲ့ တိတ်ဆိတ်နေမိတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်တော် မမကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်လိုက်ဖို့ တောင်းဆိုချင်မိတယ်။
'မင်း သူ့ကို အလိုလိုက်တာ အရမ်းများနေပြီလို့ ငါ ခဏခဏ သတိပေးပါတယ် ခန့်ညား မင်းသူ့ကို မထိန်းနိုင်တော့ဘူး'
'မာမီ လေးငယ် အမှားမဟုတ်ဘူး ကျွန်တော်က ဂျီဂျီက'
ကျွန်တော်ကတွေ ဂျီဂျီကတွေ ထွက်လာပေမယ့် သူက စကားဆက်ဖို့ တုန့်ဆိုင်းသွားရှာတယ်။ ထိပ်ထားကြည်စင် ဆိုတာက မိုးသားကြည်စင်ကို မမွေးခင်ကတည်းက ထိပ်ထားကြည်စင်ပဲ ဆိုတာ ကျွန်တော်ကတော့ အတိကျ နားလည်ပြီးသား။ ဘာလို့ ဂျီဂျီကို မိုးသားထင် လို့ နာမည်မပေးနိုင်ပဲနဲ့ မိုးသားကြည်စင် ဖြစ်လာစေတာလဲ ဆိုတာကို ကျွန်တော်ပဲ အတိအကျ နားလည်နိုင်တယ်။ သူကတော့ သိခဲ့မှာ မဟုတ်ဘူး။
'ကျွန်တော် မှားပါတယ်'
မှားပါတယ် ဆိုတာကို ကျွန်တော်ကပဲ ဝန်ခံမှ ဖြစ်မှာ၊ ဒီဟာလေး ပြောလေလေ မမ စိတ်တိုလေလေ ဖြစ်လိမ့်မယ်၊ ဒီလိုခေါင်းမာပြီး ဖြစ်ချင်တာကို မရမက လုပ်တာကျ အထူးတလည် ပြောဖို့ မလိုအောင် မမနဲ့ တူတာပါလို့ ကျွန်တော် မပြောရက်ဘူး။ ဂျီဂျီက လေးငယ်နဲ့ တစ်ပုံစံတည်း တူတာပဲ ဆိုတာ လေးငယ် မှတ်ထား ဆိုတဲ့ စကားလေးကို ကျွန်တော် အလေးထားတာမို့၊
'နောက်ကို မင်းမသိအောင် ဂျီဂျီ တစ်ခုခု လုပ်ပြီ ဆိုတာနဲ့ မင်းကို ဂျီဂျီရဲ့ အုပ်ထိန်းသူ နေရာကနေ ငါဖယ်ပစ်တော့မှာ ခန့်ညား'
'ကျွန်တော် သိပါပြီ'
ရယ်ရင်းပဲ ပြောပြော၊ ငိုရင်းပဲ ပြောပြော၊ မမ ပြောတဲ့စကားဆို ဒါတွေ အကုန်လုံးက အကျုံးဝင်တယ်၊ မလိုက်နာလို့ မရနိုင်ဘူး။ တစ်ဦးတည်းသောသား ဂျီဂျီကို ဆက်ခံသူ နေရာ မပေးသေးတဲ့ကာလမှာ အုပ်ထိန်းသူ ရှေ့နေနဲ့ လစဉ်ကြေးပေးတယ် ဆိုကတည်းက မမ ဘယ်အထိ ပြတ်သားတတ်သလဲ ဆိုတာကို ကျွန်တော်အသိ၊ မမက ကျွန်တော့်ကို ပြောပြီးတာနဲ့ ဂျီဂျီဘက်ကို လှည့်တယ်။
'ပြီးတော့ မင်း ဂျီဂျီ'
ကျွန်တော်ခိုးပြီးတော့ သက်ပြင်းရှိုက်မိတယ်။ မမဆီကနေ ဂျီဂျီ ဆိုတဲ့အခေါ်အဝေါ်လေး ပြန်ထွက်လာရင် မဆိုးဘူးလို့ ဆိုရမယ့် အနေအထားမို့၊
'နောက်တစ်ခါ မင်း လေးငယ် မသိအောင် မင်းလုပ်ပြီ ဆိုတာနဲ့ မင်းရဲ့အမွေထိန်းရှေ့နေကို ငါ ပြောင်းပစ်မယ် ပြီးတော့ မင်းကို မိန်းမပေးစားပစ်မယ်'
'ဟာ!! ဒါတော့'
ခြိမ်းခြောက်ထားတာပဲ ဆိုဆို စနောက်လိုက်တာပဲ ဆိုဆို ဒီစကားအတွက် ကျွန်တော် ရင်နင့်ရတယ်၊ ဒီဟာလေးကို တခြားလူတစ်ဦးရဲ့ လက်ထဲ ဝကွပ်အပ်လိုက်ရမယ် ဆိုတာမျိုးက ကျွန်တော် မတွေးဝံ့သော အတွေးမို့၊ မင်းထပ် မဆိုးပါနဲ့လား ဂျီဂျီ၊
'မာမီတုန်းကကျ မာမီစိတ်ကြိုက်လူကို ယူထားပြီးတော့'
ဂျီဂျီ၏ ရေရွတ်သံအဆုံးတွင် မမကတော့ ရယ်နိုင်လေတယ်။
'အဲ့ဒါဆိုမင်း မာမီ့ထက် ပိုတော်အောင် လုပ်လေ၊ မင်း မာမီ့ထက် မတော်သေးသ၍ မာမီ မင်းကို ထိန်းချုပ်ထားနိုင်သ၍ မင်းနာမည် မိုးသားကြည်စင် ဆိုတာကို လူသိမှာမဟုတ်ဘူး ထိပ်ထားကြည်စင်ရဲ့သား ဆိုတာကပဲ မင်းအပေါ်မှာ ရှိနေမှာ၊ ထိပ်ထာကြည်စင်ရဲ့သား ဆိုတဲ့နေရာကို ကျော်နိုင်အောင် ကြိုးစားကြည့်ပေါ့'
ကျွန်တော် သူ့ကို လှမ်းကြည့်မိတော့ သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါတယ်။ လက်နှစ်ဖက်ကို ပွတ်လိုက်ပြီးမှ ဆိုတယ်။
'ဂျီဂျီ စီးပွားရေး လုပ်ရတာ မကြိုက်ဘူး၊ ပြီးတော့ တစ်ချိန်လုံး လုပ်ချင်တာတောင် လုပ်ခွင့်မရှိပဲနဲ့ အလုပ် အလုပ် ဆိုပြီးတော့ အားချိန် နားချိန်တောင် မရှိတာလည်း ဂျီဂျီ နေချင်တဲ့ ဘဝပုံစံ မဟုတ်ဘူး'
'ဒါဆိုလည်း မင်းမာမီ့လက်ထဲမှာ တစ်သက်လုံး နေလိုက်ပေါ့ ငါတို့ မိသားစု ဒီနေ့ ထမင်းအတူတူ စားကြမလား'
မေးလည်းမေး စားပွဲပေါ်က အင်တာကွန်းခလုပ်ကို နှိပ်လိုက်ပြီးမှ၊
'သုသုရေ ----ကနေ သီးသန့်ခန်း တစ်ခန်းမှာပေးပါ ဆယ့်ငါးမိနစ်အတွင်း ရောက်မယ်လို့ ပြီးတော့ ဟင်းတွေလည်း အသင့်ပြင်ခိုင်းထားတော့'
'ဟုတ်ကဲ့'
ဟုတ်ကဲ့ ဆိုတာကို အဆုံးထိ နားထောင်ပြီးမှ အင်တာကွန်းခလုပ်ကို ပြန်ပိတ်ပြီး မမက ထရပ်တယ်။
'သွားမယ်လေ'
သွားမယ် ဆိုပြီး သုံးယောက်သား အပြင်ကို ထွက်လာတော့ မမရဲ့ အတွင်းရေးမှုး မလေးက မတ်တပ်ရပ် နှုတ်ဆက်တယ်။ မမက သူမကို မြင်လိုက်မှ တစ်ခုခုကို သတိရလိုက်သော ဟန်ဖြင့်၊
'ဒါနဲ့ သုသု စားပွဲပေါ်က ဖိုင်ပန်းနုရောင်လေး သွားယူပေးပါလား'
'ဟုတ်ကဲ့'
သီးသန့်ခန်းရဲ့အပြင်အဆင်က နာမည်ကြီး နေရာတစ်ခု ပီသစွာနဲ့ ထည်ဝါနေတယ်။ ကျွန်တော်တို့ ရောက်ပြီး သိပ်မကြာမှီမှာပဲ ဟင်းပွဲတချို့က ရောက်လာတယ်။ မမက တူဖြင့် တစ်ခုကို ကောက်ဝါးလိုက်ရင်းမှ လက်ထဲက ဖိုင်ပန်းရောင်လေးကို ကမ်းပေးလာတယ်။
'ကြည့်ကြည့် ဒါ မင်းအတွက် မမရှာထားပေးတာ'
ကျွန်တော် လက်လှမ်းလိုက်မလို့မှာပဲ ဂျီဂျီက ရုတ်တရက် ထရပ်ပြီး လှမ်းယူသွားတယ်။ ပထမဆုံး ဖိုင်မျက်နှာဖုံးကို လှန်လိုက်တာနဲ့ ဂျီဂျီက ထရယ်လေတယ်။ သူ့ရယ်သံအရ ကျွန်တော် သက်ပြင်းခိုးရှိုက်မိတယ်၊ ဒီဟာလေး လုပ်ပြီ။ သူများကို ပြောင်ဖို့ လှောင်ဖို့ဆို အခြောက်တိုက်ကြီး ထထရယ်တတ်တာ။
'ဘာကြီးလဲ မာမီရာ၊ လေဒီကြီးကို လေးငယ်နဲ့ ပေးစားမလို့လား'
'သုံးဆယ့်ငါးနှစ်ပါ မင်းရဲ့လေးငယ်ထက်တောင် ငယ်သေးတယ်'
'ဟာ လေးငယ်က ဒီနေ့ခေတ် မင်းသားတွေ နုတယ် ဆိုတာ ရယ်တာပေါ့ အလတ်ကြီး ရှိသေးတာကို ဒီလို ရုပ်ရင့်ရင့် လေဒီကြီးနဲ့တော့ နိုး'
'မင်းရဲ့လေးငယ်က အလတ်ကြီး မဟုတ်ဘူး ဂျီဂျီ မင်းကြောင့် လစ်လပ်နေတာ'
'ဘယ်မှာ လစ်လပ်လို့လဲ မာမီရ လေးငယ်မှာ ငွေရှိတယ် ရှေ့နေတောင်မှ ရှုံးပွဲ မရှိသေးတဲ့ ရှေ့နေ ရုပ်ကလည်း ကြည့်လိုက်'
ကြည့်လိုက် ဆိုတာကို သူ့ဖာသာ မပြောပဲနဲ့ ကျွန်တော့်မျက်နှာကို ဆွဲပြီး သူ့ဖက်ကို ဆွဲလှည့်လိုက်သေးရင်း ဆိုတယ်။
'အလန်းစား မော်ဒယ်ဘွိုင်းတွေ ထိုင်ငိုသွားအုံးမယ်၊ အရပ်က ခြောက်ပေတစ် ဘယ်နေရာမှာများ လစ်လပ်နေလို့လဲ'
သူ့လက်ကို ဖတ်ခနဲ ရိုက်ပစ်လိုက်မှ မေးဖျားကို လာကိုင်ထားတဲ့ လက်ကို ခွာချရတယ်။
'အကြံပြုဖို့ ဘာညာ ဆိုပြီး ပြောရရင် လေးငယ်အိမ်မှာ အဝတ်လျှော်ဖို့ စက်ရှိတယ်၊ သန့်ရှင်းရေးကိုလည်း ကုမ္မဏီကို အပ်ထားတာ၊ ပြီးတော့ ချက်တာ ပြုတ်တာ ဘာညာ လေးငယ် မတတ်ဘူးဆိုရင် ဂျီဂျီ ချက်တတ်သားပဲ နောက်ပြီးတော့ အင်း မိန်းမတွေက ကောင်းတဲ့ လက်တွဲဖော် ဆိုတာ အပြည့်ဝ မမှန်ဘူး'
'ဂျီဂျီ ဒီမှာစား!!'
အစ်မတော်က တိတ်တိတ်နေလို့ တိုက်ရိုက်မပြောပါပဲနှင့် ဝင်္ကာဝုတ္တိသဘောတရားအားဖြင့် ဂျီဂျီပန်းကန်းအတွင်းသို့ ကြက်ပေါင်တစ်ချောင်းကို ထည့်ပေးလိုက်တော့ ငတိလေးက အပိုစကားမဆိုပါပဲနှင့် ကြက်ပေါင်အား လက်အိတ်စွပ်ကာ အားရဝမ်းသာ ပါးစပ်အတွင်းသို့ ထည့်ဝါးပါတယ်။
'ဒီဆိုင်က အရသာ ရှိသားပဲ လေးငယ်၊ ဒီအရသာ မှတ်ထား ဂျီဂျီအားတဲ့ တစ်ရက် ပြန်ချက်ကျွေးမယ်'
ဂျီဂျီက သူ့အမေကို နားမလည်နိုင်တဲ့ ဟာလေး၊ မမက ကျွန်တော့်ကြောင့် ဂျီဂျီ ဆိုးဝါးနေပြီလို့ သတ်မှတ်ထားလိုက်ပြီ ဆိုတာ ဒီဟာလေးက လုံးဝ မသိနားမလည်သေးပါပဲနှင့် ပျော်နေနိုင်သေးတယ်။ မမစိတ်ထဲမှာ မောင်ကလည်း မောင်မို့၊ သားကလည်း သားမို့ နှစ်ယောက်လုံးကို မိသားစုဝင်တွေ ဖြစ်တာကြောင့် မိသားစု ဆိုတဲ့ သဘောတရားအတိုင်း နားလည်ထားမည် ဖြစ်ပြီး၊ ဒီနှစ်ယောက်ကို အတူတူ တွဲထားလို့ မရနိုင်တော့ဘူးဟု စတင်၍ အတွေးဝင်နေပြီ ဖြစ်လေတယ်။ ဂျီဂျီရဲ့ အုပ်ထိန်းသူ ဆိုတဲ့နေရာကနေ ကျွန်တော့်ကို ဖယ်ရှားဖို့ မမ ခြေလှမ်းစနေပြီ။ အဲ့ဒါကြောင့် မင်းလိမ္မာမှ ဖြစ်တော့မှာ ဂျီဂျီ၊ နောက်တစ်ကြိမ် ဆိုရင်၊
@@@@@@@@@@
ဆက်ရန်---
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
စွဲညို့
Uni
Nephew-3
@@@@
'ဂ်ီဂ်ီ ထေတာ့'
ပုခံုးမွာ မွီထားတာကို ပါးကို ပုတ္လုိက္ေတာ့ လူးလြန္႔ျပီး တစ္ဖက္က ေခါင္းအံုးေတြ ဆင့္ထားတဲ့ဆီ ေခါင္းထိုးအပ္တယ္။ ဒီဟာေလး အိပ္ေနလိုက္တာမ်ား သူ႔အိမ္သူယာ က်ေနတာပဲ၊ အခ်ဳပ္ထဲမွာမ်ား ႏိုးမရ ျပဳမရေအာင္ အိပ္ေနလိုက္တာ၊
'ဂ်ီဂ်ီ'
ရဲစခန္းအတြင္းမွာ ေရာက္ေနတဲ့ ကိုယ့္ထက္စီနီယာက်တဲ့ ေရွ႕ေနသံုးဦးကို ၾကည့္ျပီး ကၽြန္ေတာ္ စိတ္ညစ္ညဴးစြာ ေလပူမႈတ္မိတယ္၊ ဒီစီနီယာေတြ ေရာက္လာတာက ဒီေန႔ အျဖစ္အပ်က္ကို မမ သိသြားျပီ ဆိုတဲ့သေဘာ၊ ရဲေတြနဲ႔ ဥပေဒေရးရာ အေၾကာင္းေတြ ေျပာဆိုေဆြးေႏြးေနၾကတာကို ကၽြန္ေတာ္ တိတ္ဆိတ္စြာ နားစြင့္ေနတယ္။
ဒီလူေတြ ေရာက္လာျပီ ဆိုမွေတာ့ ေသခ်ာေပါက္ ဂ်ီဂ်ီတို႔ မလြတ္ဘူးဆို ဒီစခန္းၾကီးသာ ျဖိဳခ်ပစ္ဖို႔ ရွိတာမို႔ ႏိုးေနတာမွာ ကိုယ္ေတာ္ေခ်ာက လူးလိုက္ လြန္႔လိုက္ အိပ္စက္ျခင္းက မျပီးႏုိင္ မစီးႏိုင္၊ ေနာက္ဆံုးမွာေတာ့ ပုခံုးကေန ဆြဲထူလုိက္ရတယ္။ ဒါေတာင္မွ သူက မ်က္လံုးေတြကို ပြတ္သပ္ရင္း ေမးတယ္။
'ဟာ ေလးငယ္ အေစာၾကီး ရွိေသးတယ္ ဘာထလုပ္မလို႔လဲ'
'မ်က္လံုးအရင္ဖြင့္'
အဲ့ဒီေတာ့မွ ၾကည့္ၾကည့္ ေၾကာင္ေၾကာင္နဲ႔ မ်က္လံုးေလးကို မဖြင့္ခ်င္ ဖြင့္ခ်င္ ဖြင့္လာတယ္။ ျပီးမွ သူ လက္ရွိေရာက္ေနတာကို သတိရသြားဟန္နဲ႔ သက္ျပင္းရိႈက္တယ္။ ျပီးေတာ့မွ သံတိုင္ေတြ အျပင္ဘက္က လူေတြဆီ အၾကည့္ေရာက္သြားေတာ့ မ်က္ႏွာငယ္ေလးနဲ႔ ဆိုလာတယ္။
'ဦးေက်ာ္ေဇာ္တို႔ ဘယ္တုန္းက ေရာက္လာတာလဲ'
'မနက္ေလးနာရီကေန အခုထိ မင္းကို ထိုင္ေစာင့္ေနၾကတာ'
'ဂ်ီဂ်ီ ထျပီ၊ ဂ်ီဂ်ီ ထျပီ၊ ေလးငယ္က ေစာေစာႏိုးတာ မဟုတ္ဘူး' တဲ့ေလ။ ႏိုးေနတာမွာ မထတာက ဘယ္သူလဲ ဆုိတာ ဘယ္သူမွန္း သူက မသိေတာ့ျပန္ဘူး အဲ့လို အဲ့လို၊
'ကိုခန္႔ညားပါ ဒီထဲ ေရာက္ေနတယ္ ဆိုေတာ့ ကၽြန္ေတာ္ျဖင့္ လန္႔ျပီး ညပါ အိပ္မရ ျဖစ္သြားတယ္'
အမႈလိုက္တာ ရံႈးပြဲ မရွိဖူးေသာ ေရွ႕ေနဆယ္ဦးတြင္ တစ္ဦးအပါအဝင္မို႔ ေရွ႕ေန႔ဦးေက်ာ္ေဇာဟန္က စေနာက္ခ်င္ဟန္ျဖင့္ ဆိုေလတယ္။ ကၽြန္ေတာ္အသာအယာသာ ျပံဳးလုိက္မိျပီးမွ ခြန္းတုန္႔ျပန္တယ္။
'ဂ်ီဂ်ီကို တစ္ေယာက္တည္း ဒီထဲ ထားခဲ့လို႔ မမ ေျပာတာ ခံရမယ့္ အတူတူေတာ့ တစ္ညအိပ္ျပီး ထြက္လာလည္း မဆိုးပါဘူး၊ မဟုတ္ရင္ ဒီေကာင္ေလး သိပ္ေပတာ'
'ေလးငယ္ ေျပာမွ ကၽြန္ေတာ္က ဆယ္ေက်ာ္သက္ကေလး က်ေနတာပဲ ကၽြန္ေတာ္ အသက္ ႏွစ္ဆယ့္ေျခာက္ႏွစ္ ရွိပါျပီ'
'မင္း အသက္ မင္းသိတာ ေကာင္းတာေပါ့'
ကၽြန္ေတာ္ ရဲစခန္းမွာမို႔ သူပါ ရဲစခန္းမွာ လိုက္ေနေနရတဲ့ တပည့္ေက်ာ္ကို လွည့္ၾကည့္ျပီးမွ ျပင္စရာ တခ်ိဳ႕ကို ျပင္ခိုင္းရတယ္။
'ေအာင္ခန္႔ သြား ေစ်းထဲမွာ သေရာ္ကင္ပြန္းကို ရသေလာက္ သြားဝယ္လာခဲ့'
'ေလးငယ္က အစြဲၾကီးျပန္ျပီ'
'ျပီးရင္ ဂ်ီဂ်ီ မင္းမာမီနဲ႔ သြားေတြ႔ရမွာ ဒီပံုစံအတိုင္း သြားမလို႔လား'
'တကယ္ၾကီးလား မေန႔ညက အခ်ဳပ္ထဲမွာ အိပ္ျပီး မနက္မွာ မာမီနဲ႔ ေတြ႔ရမယ္ ဆိုတာက ဘယ္လို အေျခအေနမ်ိဳးလဲ ေလးငယ္'
ဒီလို ေၾကာက္ဖို႔ေတာ့ ဒီဟာေလးက သူ႔မာမီေရွ႕မွာပဲ ရမွာ၊ ကၽြန္ေတာ့္ လြန္႔ခနဲ ျပံဳးလိုက္ေတာ့ သူက ကၽြန္ေတာ္ ျပံဳးလုိက္တဲ့ အေနအထားကို လိုက္ၾကည့္ေနျပီးမွ မ်က္ႏွာေလးက ဇီးရြက္သာသာ လည္ပင္းေလးကလည္း ညႊတ္ကိုင္းလုမတတ္၊ ကၽြန္ေတာ္ ေခါင္းကို သူ႔အနားထိ တိုးလုိက္ျပီးမွ ကိုေက်ာ္ေဇာ္တို႔ မၾကားရေသာ ေလသံေလာက္နဲ႔ သူ႔ကို ေျပာလုိက္တယ္။
'ျခေသၤ့ေရွ႕ကို ေရာက္သြားရမယ့္ သိုးတစ္ေကာင္ရဲ႕ ပံုျပင္ ၾကားဖူးလား'
'ဂ်ီဂ်ီက ျခေသၤ့လား သိုးလား'
'မင္းက အမွားလုပ္ထားတဲ့ သိုးေလ'
'ဒီအေျခအေနကေန လႊတ္ဖို႔ နည္းလမ္း ရွိလား ေလးငယ္'
'ဒီအေျခအေန ပိုမဆိုးေစခ်င္ရင္သာ လိုက္သြားသင့္တာ ဂ်ီဂ်ီ'
အတတ္ႏိုင္ဆံုး ျပံဳးျပျပီး ဆိုေပမယ့္ ဂ်ီဂ်ီ မ်က္ႏွာေလးက ငိုမဲ့မဲ့ေလး၊ တစ္ဦးတည္းေသာသား ဂ်ီဂ်ီသည္ အေဖကို သူငယ္ခ်င္းလို ေပါင္းကာ အေမေရွ႕ေရာက္တိုင္း ဘုရင္မေရွ႕က အျပစ္သားလိုလို၊
'မိုးသားၾကည္စင္'
လာကတည္းက နာမည္အရင္းကို မမက ေခၚလိုက္တာမို႔ ဂ်ီဂ်ီ ကိုယ္ေလး တုန္ခနဲ၊ ဂ်ီဂ်ီ အလြန္အမင္း ေၾကာက္ေနတဲ့ ပံုရိပ္ကိုျမင္ဖူးခ်င္ရင္ လြယ္လြယ္ေလး သူ႔အေမေရွ႕ကို ပို႔လုိက္ရံုေလးတင္။ ဒါေတာင္မွ သူအျပစ္လုပ္ထားမွ ျငိမ္တတ္တာမ်ိဳး၊ အဲ့လိုအခ်ိန္ ဂ်ီဂ်ီတို႔ အပိုးက်ိဳးတာမ်ား ေခြးကေလး အျမီးခါတာထက္ ပိုလိမၼာတယ္။
'ကၽြန္ေတာ္ အျပင္မွာပဲ ေစာင့္ေနလိုက္မယ္'
ခြင့္ေတာင္းျပီးမွ အျပင္ထြက္ဖို႔ လုပ္ေတာ့ ဂ်ီဂ်ီက ကၽြန္ေတာ့္လက္ကို လွမ္းဆြဲျပီး ေျပာတယ္။
'ေလးငယ္ သားကို ျခေသၤ့ဂူထဲမွာ ထားခဲ့ေတာ့မွာလား'
မမက အခုမွ သူမသားငယ္ေလးကို ဆူေျပာရမွာမို႔ စိတ္ထဲလည္း မနာက်င္ေစဖို႔ စကားလံုးေတြ အေတြးထဲ စီတန္းေနစဥ္မွာ ၾကားလိုက္ရေသာ ဂ်ီဂ်ီ၏ ႏႈတ္ထြက္စကားသည္က သူ႔ကံၾကမၼာသူဖန္လုိက္ျခင္း၊
'ဘာ မိုးသားၾကည္စင္ မင္း အသက္ဘယ္ေလာက္ ရွိျပီလဲ'
'ဘာလို႔ လူတိုင္းက ဂ်ီဂ်ီ႕အသက္ပဲ ေမးေနရတာလဲ၊ ဂ်ီဂ်ီ အသက္ ႏွစ္ဆယ့္ေျခာက္ႏွစ္ ရွိျပီ'
ေၾကာက္တာက ေၾကာက္တာ သပ္သပ္၊ ဂ်ီဂ်ီတို႔ မေက်မနပ္ ျဖစ္ျပီဆို ႏႈတ္ခမ္းေလးကေန ပြစိပြစိ ေရရြတ္ဖို႔ကေတာ့ မေမ့၊
'မေမးပဲနဲ႔ စကားတစ္ခြန္း အပိုေျပာရင္ လစဥ္ေၾကး ေျခာက္လရပ္မယ္'
ဂ်ီဂ်ီအတြက္ အထိေရာက္ဆံုးေသာ အျပစ္ဒဏ္က လစဥ္ေၾကး နားလိုက္ျခင္း ျဖစ္မွန္း ေမြးထားတဲ့အေမမို႔ မသိႏုိင္စရာေတာ့ မရွိေပ။
'ဘယ္ကေန ဘယ္လို စျဖစ္တာလဲ မေန႔ညကဆို လုပ္လက္စေတြ အကုန္ပစ္ခ်ျပီး မာမီ ဘယ္ေလာက္ စိတ္ပူေနရလဲ'
'ဒါေပမယ့္ မေန႔ညတုန္းက မာမီ မေရာက္လာဘူးေလ'
မေန႔က ကိစၥအတြက္ ေသခ်ာတယ္၊ ကၽြန္ေတာ္လည္း အေျပာမလြတ္ႏုိင္ဘူး။
'ကၽြန္ေတာ္ အျပင္ကို'
'မင္းလည္း ထိုင္အံုး ခန္႔ညား'
'ဟုတ္ကဲ့'
အဆူခံရတာခ်င္းအတူတူ ဆိုသည့္ အၾကည့္က ကၽြန္ေတာ္ထံသို႔ သက္ေရာက္လာတယ္။ ျပီးေတာ့ ရယ္ျမဴးရိပ္သန္းေနေသာ မ်က္ဝန္းတို႔က သူနဲ႔ကၽြန္ေတာ္အတူတူ အဆူခံေနရတာကို ေက်နပ္ေနဟန္ အျပည့္၊ ဒီဟာေလးေတာ့၊
'မင္းကေရာ အသက္ဘယ္ေလာက္ ရွိျပီလဲ ခန္႔ညား'
'ေလးငယ္က ဒီေအပရယ္က်ရင္ သံုးဆယ့္ခုႏွစ္ႏွစ္ ျပည့္မွာပါ မာမီ'
'တိတ္စမ္း'
'မေန႔က တစ္ေယာက္က ေဆးခန္းေရာက္သြားျပီး အေျခအေနမသိရတာေၾကာင့္ ရဲေတြက မလႊတ္ေပးႏုိင္ဘူး ဆိုိလုိ႔ ကၽြန္ေတာ္ပါ အထဲမွာ ဝင္ေနလိုက္တာပါ'
'တစ္ေယာက္က အထဲေရာက္သြားတယ္ဆိုရင္ တစ္ေယာက္က အထဲကို လုိက္သြားစရာလား!!'
'ကၽြန္ေတာ္ မွားသြားပါတယ္'
ကၽြန္ေတာ္ ခပ္ျမန္ျမန္ပဲ အမွားကို ဝန္ခံလုိက္ေတာ့ ဂ်ီဂ်ီက ေခါင္းငံု႔ရင္း ဆိုတယ္။
'မာမီ ဒါက ဂ်ီဂ်ီ မွားတာပါ ေလးငယ္ အမွားမဟုတ္ပါဘူး'
'မင္းတို႔ ႏွစ္ေယာက္ ငါ့ဆီလာျပီး စိတ္ရႈပ္ေအာင္ လုပ္ေနတာလား'
'မဟုတ္ပါဘူး မမ'
'ျပီးေတာ့ ငါ ေသခ်ာ ေျပာထားတယ္ ခန္႔ညား စတိတ္စင္ ကိစၥ လံုးဝ မျဖစ္ႏုိင္ဘူး ဆုိတာကို မင္းဂ်ီဂ်ီကို မထိန္းခ်င္တာ ျဖစ္ျဖစ္ မထိန္းႏုိင္တာ ျဖစ္ျဖစ္ ငါ့ကို ေသခ်ာေျပာ၊ ဘာလို႔ ဆုိင္ခ်ဲ႕တာမွာ ကန္ထရိုက္ကို စတိတ္စင္ပါ ထည့္ခိုင္းထားတာလဲ'
ဒီကိစၥက တကယ္ကို ကၽြန္ေတာ္ မသိလုိက္တဲ့ ကိစၥမို႔ ဂ်ီဂ်ီကို ၾကည့္ေတာ့ ဂ်ီဂ်ီက မမ ေျပာလိုက္တဲ့ စကားကို မွင္တက္ေနတယ္။ ျပီးမွ ခပ္တိုးတိုးေလး ဆိုလာတယ္။
'အဲ့ဒါကို ဂ်ီဂ်ီ လုပ္ထားတာပါ ေလးငယ္ မသိေအာင္ လုပ္ျပီးမွ ေျပာျပမလို႔'
သူလုပ္ထားသမွ်ကို ကၽြန္ေတာ္ သိထားခဲ့ရမွာ၊ သူက ကၽြန္ေတာ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနရမွာ၊ တကယ္လို႔ သူက ကၽြန္ေတာ္မသိေအာင္ လုပ္ႏုိင္သြားတဲ့ ကိစၥ ရွိလာျပီ ဆိုရင္ ဒါဟာ ကၽြန္ေတာ္ သူ႔ကို မထိန္းခ်ဳပ္ႏုိင္ေတာ့ဘူး ဆိုတဲ့ သေဘာတရားပဲ။ ဒါဟာ ဘာကို ေဖာ္ျပတာလဲ ဆိုရင္ ကၽြန္ေတာ္က သူ႔ကို ထိန္းခ်ဳပ္ဖို႔ စြမ္းရည္ ခ်ိဳ႕တဲ့ သြားျပီ ဆိုတာပဲ၊ သူက ကၽြန္ေတာ္ ထင္ထားတာထက္ ရင့္က်က္သြားျပီ ဆိုတာကို ေဖာ္ညႊန္းတယ္။
'ငါ သူ႔ကို ထိန္းဖို႔ ေရွ႕ေန ေျပာင္းရမလား ခန္႔ညား'
ကၽြန္ေတာ္ ခြန္းတုန္႔မဆိုပါပဲနဲ႔ တိတ္ဆိတ္ေနမိတယ္။ ဒါေပမယ့္ လက္ေတြ႔မွာ ကၽြန္ေတာ္ မမကို စိတ္လိုက္မာန္ပါ မဆံုးျဖတ္လုိက္ဖို႔ ေတာင္းဆိုခ်င္မိတယ္။
'မင္း သူ႔ကို အလိုလိုက္တာ အရမ္းမ်ားေနျပီလို႔ ငါ ခဏခဏ သတိေပးပါတယ္ ခန္႔ညား မင္းသူ႔ကို မထိန္းႏုိင္ေတာ့ဘူး'
'မာမီ ေလးငယ္ အမွားမဟုတ္ဘူး ကၽြန္ေတာ္က ဂ်ီဂ်ီက'
ကၽြန္ေတာ္ကေတြ ဂ်ီဂ်ီကေတြ ထြက္လာေပမယ့္ သူက စကားဆက္ဖို႔ တုန္႔ဆိုင္းသြားရွာတယ္။ ထိပ္ထားၾကည္စင္ ဆိုတာက မိုးသားၾကည္စင္ကို မေမြးခင္ကတည္းက ထိပ္ထားၾကည္စင္ပဲ ဆိုတာ ကၽြန္ေတာ္ကေတာ့ အတိက် နားလည္ျပီးသား။ ဘာလို႔ ဂ်ီဂ်ီကို မိုးသားထင္ လို႔ နာမည္မေပးႏိုင္ပဲနဲ႔ မိုးသားၾကည္စင္ ျဖစ္လာေစတာလဲ ဆိုတာကို ကၽြန္ေတာ္ပဲ အတိအက် နားလည္ႏုိင္တယ္။ သူကေတာ့ သိခဲ့မွာ မဟုတ္ဘူး။
'ကၽြန္ေတာ္ မွားပါတယ္'
မွားပါတယ္ ဆိုတာကို ကၽြန္ေတာ္ကပဲ ဝန္ခံမွ ျဖစ္မွာ၊ ဒီဟာေလး ေျပာေလေလ မမ စိတ္တိုေလေလ ျဖစ္လိမ့္မယ္၊ ဒီလိုေခါင္းမာျပီး ျဖစ္ခ်င္တာကို မရမက လုပ္တာက် အထူးတလည္ ေျပာဖို႔ မလိုေအာင္ မမနဲ႔ တူတာပါလို႔ ကၽြန္ေတာ္ မေျပာရက္ဘူး။ ဂ်ီဂ်ီက ေလးငယ္နဲ႔ တစ္ပံုစံတည္း တူတာပဲ ဆုိတာ ေလးငယ္ မွတ္ထား ဆိုတဲ့ စကားေလးကို ကၽြန္ေတာ္ အေလးထားတာမို႔၊
'ေနာက္ကို မင္းမသိေအာင္ ဂ်ီဂ်ီ တစ္ခုခု လုပ္ျပီ ဆိုတာနဲ႔ မင္းကို ဂ်ီဂ်ီရဲ႕ အုပ္ထိန္းသူ ေနရာကေန ငါဖယ္ပစ္ေတာ့မွာ ခန္႔ညား'
'ကၽြန္ေတာ္ သိပါျပီ'
ရယ္ရင္းပဲ ေျပာေျပာ၊ ငိုရင္းပဲ ေျပာေျပာ၊ မမ ေျပာတဲ့စကားဆုိ ဒါေတြ အကုန္လံုးက အက်ံဳးဝင္တယ္၊ မလုိက္နာလို႔ မရႏုိင္ဘူး။ တစ္ဦးတည္းေသာသား ဂ်ီဂ်ီကို ဆက္ခံသူ ေနရာ မေပးေသးတဲ့ကာလမွာ အုပ္ထိန္းသူ ေရွ႕ေနနဲ႔ လစဥ္ေၾကးေပးတယ္ ဆုိကတည္းက မမ ဘယ္အထိ ျပတ္သားတတ္သလဲ ဆုိတာကို ကၽြန္ေတာ္အသိ၊ မမက ကၽြန္ေတာ့္ကို ေျပာျပီးတာနဲ႔ ဂ်ီဂ်ီဘက္ကို လွည့္တယ္။
'ျပီးေတာ့ မင္း ဂ်ီဂ်ီ'
ကၽြန္ေတာ္ခိုးျပီးေတာ့ သက္ျပင္းရိႈက္မိတယ္။ မမဆီကေန ဂ်ီဂ်ီ ဆိုတဲ့အေခၚအေဝၚေလး ျပန္ထြက္လာရင္ မဆိုးဘူးလို႔ ဆိုရမယ့္ အေနအထားမို႔၊
'ေနာက္တစ္ခါ မင္း ေလးငယ္ မသိေအာင္ မင္းလုပ္ျပီ ဆိုတာနဲ႔ မင္းရဲ႕အေမြထိန္းေရွ႕ေနကို ငါ ေျပာင္းပစ္မယ္ ျပီးေတာ့ မင္းကို မိန္းမေပးစားပစ္မယ္'
'ဟာ!! ဒါေတာ့'
ျခိမ္းေျခာက္ထားတာပဲ ဆိုဆို စေနာက္လိုက္တာပဲ ဆိုဆို ဒီစကားအတြက္ ကၽြန္ေတာ္ ရင္နင့္ရတယ္၊ ဒီဟာေလးကို တျခားလူတစ္ဦးရဲ႕ လက္ထဲ ဝကြပ္အပ္လုိက္ရမယ္ ဆုိတာမ်ိဳးက ကၽြန္ေတာ္ မေတြးဝံ့ေသာ အေတြးမို႔၊ မင္းထပ္ မဆိုးပါနဲ႔လား ဂ်ီဂ်ီ၊
'မာမီတုန္းကက် မာမီစိတ္ၾကိဳက္လူကို ယူထားျပီးေတာ့'
ဂ်ီဂ်ီ၏ ေရရြတ္သံအဆံုးတြင္ မမကေတာ့ ရယ္ႏုိင္ေလတယ္။
'အဲ့ဒါဆိုမင္း မာမီ့ထက္ ပိုေတာ္ေအာင္ လုပ္ေလ၊ မင္း မာမီ့ထက္ မေတာ္ေသးသ၍ မာမီ မင္းကို ထိန္းခ်ဳပ္ထားနုိင္သ၍ မင္းနာမည္ မိုးသားၾကည္စင္ ဆုိတာကို လူသိမွာမဟုတ္ဘူး ထိပ္ထားၾကည္စင္ရဲ႕သား ဆိုတာကပဲ မင္းအေပၚမွာ ရွိေနမွာ၊ ထိပ္ထာၾကည္စင္ရဲ႕သား ဆိုတဲ့ေနရာကို ေက်ာ္ႏုိင္ေအာင္ ၾကိဳးစားၾကည့္ေပါ့'
ကၽြန္ေတာ္ သူ႔ကို လွမ္းၾကည့္မိေတာ့ သူက ေခါင္းကို ျဖည္းျဖည္းခ်င္း ခါတယ္။ လက္ႏွစ္ဖက္ကို ပြတ္လိုက္ျပီးမွ ဆိုတယ္။
'ဂ်ီဂ်ီ စီးပြားေရး လုပ္ရတာ မၾကိဳက္ဘူး၊ ျပီးေတာ့ တစ္ခ်ိန္လံုး လုပ္ခ်င္တာေတာင္ လုပ္ခြင့္မရွိပဲနဲ႔ အလုပ္ အလုပ္ ဆိုျပီးေတာ့ အားခ်ိန္ နားခ်ိန္ေတာင္ မရွိတာလည္း ဂ်ီဂ်ီ ေနခ်င္တဲ့ ဘဝပံုစံ မဟုတ္ဘူး'
'ဒါဆိုလည္း မင္းမာမီ့လက္ထဲမွာ တစ္သက္လံုး ေနလိုက္ေပါ့ ငါတို႔ မိသားစု ဒီေန႔ ထမင္းအတူတူ စားၾကမလား'
ေမးလည္းေမး စားပြဲေပၚက အင္တာကြန္းခလုပ္ကို ႏွိပ္လိုက္ျပီးမွ၊
'သုသုေရ ----ကေန သီးသန္႔ခန္း တစ္ခန္းမွာေပးပါ ဆယ့္ငါးမိနစ္အတြင္း ေရာက္မယ္လို႔ ျပီးေတာ့ ဟင္းေတြလည္း အသင့္ျပင္ခုိင္းထားေတာ့'
'ဟုတ္ကဲ့'
ဟုတ္ကဲ့ ဆိုတာကို အဆံုးထိ နားေထာင္ျပီးမွ အင္တာကြန္းခလုပ္ကို ျပန္ပိတ္ျပီး မမက ထရပ္တယ္။
'သြားမယ္ေလ'
သြားမယ္ ဆိုျပီး သံုးေယာက္သား အျပင္ကို ထြက္လာေတာ့ မမရဲ႕ အတြင္းေရးမႈး မေလးက မတ္တပ္ရပ္ ႏႈတ္ဆက္တယ္။ မမက သူမကို ျမင္လိုက္မွ တစ္ခုခုကို သတိရလိုက္ေသာ ဟန္ျဖင့္၊
'ဒါနဲ႔ သုသု စားပြဲေပၚက ဖိုင္ပန္းႏုေရာင္ေလး သြားယူေပးပါလား'
'ဟုတ္ကဲ့'
သီးသန္႔ခန္းရဲ႕အျပင္အဆင္က နာမည္ၾကီး ေနရာတစ္ခု ပီသစြာနဲ႔ ထည္ဝါေနတယ္။ ကၽြန္ေတာ္တို႔ ေရာက္ျပီး သိပ္မၾကာမွီမွာပဲ ဟင္းပြဲတခ်ိဳ႕က ေရာက္လာတယ္။ မမက တူျဖင့္ တစ္ခုကို ေကာက္ဝါးလုိက္ရင္းမွ လက္ထဲက ဖိုင္ပန္းေရာင္ေလးကို ကမ္းေပးလာတယ္။
'ၾကည့္ၾကည့္ ဒါ မင္းအတြက္ မမရွာထားေပးတာ'
ကၽြန္ေတာ္ လက္လွမ္းလိုက္မလို႔မွာပဲ ဂ်ီဂ်ီက ရုတ္တရက္ ထရပ္ျပီး လွမ္းယူသြားတယ္။ ပထမဆံုး ဖုိင္မ်က္ႏွာဖံုးကို လွန္လုိက္တာနဲ႔ ဂ်ီဂ်ီက ထရယ္ေလတယ္။ သူ႔ရယ္သံအရ ကၽြန္ေတာ္ သက္ျပင္းခိုးရိႈက္မိတယ္၊ ဒီဟာေလး လုပ္ျပီ။ သူမ်ားကို ေျပာင္ဖို႔ ေလွာင္ဖို႔ဆို အေျခာက္တုိက္ၾကီး ထထရယ္တတ္တာ။
'ဘာၾကီးလဲ မာမီရာ၊ ေလဒီၾကီးကို ေလးငယ္နဲ႔ ေပးစားမလို႔လား'
'သံုးဆယ့္ငါးႏွစ္ပါ မင္းရဲ႕ေလးငယ္ထက္ေတာင္ ငယ္ေသးတယ္'
'ဟာ ေလးငယ္က ဒီေန႔ေခတ္ မင္းသားေတြ ႏုတယ္ ဆုိတာ ရယ္တာေပါ့ အလတ္ၾကီး ရွိေသးတာကို ဒီလုိ ရုပ္ရင့္ရင့္ ေလဒီၾကီးနဲ႔ေတာ့ ႏိုး'
'မင္းရဲ႕ေလးငယ္က အလတ္ၾကီး မဟုတ္ဘူး ဂ်ီဂ်ီ မင္းေၾကာင့္ လစ္လပ္ေနတာ'
'ဘယ္မွာ လစ္လပ္လို႔လဲ မာမီရ ေလးငယ္မွာ ေငြရွိတယ္ ေရွ႕ေနေတာင္မွ ရံႈးပြဲ မရွိေသးတဲ့ ေရွ႕ေန ရုပ္ကလည္း ၾကည့္လုိက္'
ၾကည့္လိုက္ ဆိုတာကို သူ႔ဖာသာ မေျပာပဲနဲ႔ ကၽြန္ေတာ့္မ်က္ႏွာကို ဆြဲျပီး သူ႔ဖက္ကို ဆြဲလွည့္လုိက္ေသးရင္း ဆိုတယ္။
'အလန္းစား ေမာ္ဒယ္ဘြိဳင္းေတြ ထိုင္ငိုသြားအံုးမယ္၊ အရပ္က ေျခာက္ေပတစ္ ဘယ္ေနရာမွာမ်ား လစ္လပ္ေနလို႔လဲ'
သူ႔လက္ကို ဖတ္ခနဲ ရိုက္ပစ္လုိက္မွ ေမးဖ်ားကို လာကိုင္ထားတဲ့ လက္ကို ခြာခ်ရတယ္။
'အၾကံျပဳဖို႔ ဘာညာ ဆိုျပီး ေျပာရရင္ ေလးငယ္အိမ္မွာ အဝတ္ေလွ်ာ္ဖို႔ စက္ရွိတယ္၊ သန္႔ရွင္းေရးကိုလည္း ကုမၼဏီကို အပ္ထားတာ၊ ျပီးေတာ့ ခ်က္တာ ျပဳတ္တာ ဘာညာ ေလးငယ္ မတတ္ဘူးဆိုရင္ ဂ်ီဂ်ီ ခ်က္တတ္သားပဲ ေနာက္ျပီးေတာ့ အင္း မိန္းမေတြက ေကာင္းတဲ့ လက္တြဲေဖာ္ ဆိုတာ အျပည့္ဝ မမွန္ဘူး'
'ဂ်ီဂ်ီ ဒီမွာစား!!'
အစ္မေတာ္က တိတ္တိတ္ေနလို႔ တိုက္ရိုက္မေျပာပါပဲႏွင့္ ဝကၤာဝုတၱိသေဘာတရားအားျဖင့္ ဂ်ီဂ်ီပန္းကန္းအတြင္းသို႔ ၾကက္ေပါင္တစ္ေခ်ာင္းကို ထည့္ေပးလိုက္ေတာ့ ငတိေလးက အပိုစကားမဆိုပါပဲႏွင့္ ၾကက္ေပါင္အား လက္အိတ္စြပ္ကာ အားရဝမ္းသာ ပါးစပ္အတြင္းသို႔ ထည့္ဝါးပါတယ္။
'ဒီဆုိင္က အရသာ ရွိသားပဲ ေလးငယ္၊ ဒီအရသာ မွတ္ထား ဂ်ီဂ်ီအားတဲ့ တစ္ရက္ ျပန္ခ်က္ေကၽြးမယ္'
ဂ်ီဂ်ီက သူ႔အေမကို နားမလည္ႏုိင္တဲ့ ဟာေလး၊ မမက ကၽြန္ေတာ့္ေၾကာင့္ ဂ်ီဂ်ီ ဆိုးဝါးေနျပီလို႔ သတ္မွတ္ထားလိုက္ျပီ ဆိုတာ ဒီဟာေလးက လံုးဝ မသိနားမလည္ေသးပါပဲႏွင့္ ေပ်ာ္ေနႏိုင္ေသးတယ္။ မမစိတ္ထဲမွာ ေမာင္ကလည္း ေမာင္မို႔၊ သားကလည္း သားမို႔ ႏွစ္ေယာက္လံုးကို မိသားစုဝင္ေတြ ျဖစ္တာေၾကာင့္ မိသားစု ဆိုတဲ့ သေဘာတရားအတိုင္း နားလည္ထားမည္ ျဖစ္ျပီး၊ ဒီႏွစ္ေယာက္ကို အတူတူ တြဲထားလို႔ မရႏုိင္ေတာ့ဘူးဟု စတင္၍ အေတြးဝင္ေနျပီ ျဖစ္ေလတယ္။ ဂ်ီဂ်ီရဲ႕ အုပ္ထိန္းသူ ဆိုတဲ့ေနရာကေန ကၽြန္ေတာ့္ကို ဖယ္ရွားဖို႔ မမ ေျခလွမ္းစေနျပီ။ အဲ့ဒါေၾကာင့္ မင္းလိမၼာမွ ျဖစ္ေတာ့မွာ ဂ်ီဂ်ီ၊ ေနာက္တစ္ၾကိမ္ ဆိုရင္၊
@@@@@@@@@@
ဆက္ရန္---
စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။
စြဲညိဳ႕