book

Index 2

Part-2

Nephew-2


@@@@


'ကလင် ကလင် ကလင်'


ဖုန်းမြည်သံကြားလို့ အိတ်ကပ်ထဲကို ငုံ့ကြည့်လိုက်မိတယ်၊ ဒီဘက်မှာ အမွေကိစ္စအတွက် ဆွေးနွေးနေတဲ့ အမှုသည်ကို အားနာသလို တစ်ချက် ပြန်ကြည့်မိတယ်။ ကလင် ကလင် ဟုတ်တယ်။ ကျွန်တော့် ဖုန်းသံက ဟိုးယခင်ကတည်းက ဒါပဲ၊ သူကဆိုဖူးတယ်၊ လေးငယ်ကလည်း ဖုန်းသံကြားလို့မှ ဖုန်းကိုင်ချင်စိတ် ပျောက်အောင်တဲ့၊ သို့ပေမယ့် ဖုန်းဆိုတာက ကိုင်ချင်စိတ် မကိုင်ချင်စိတ်တွေ လိုလေမလား ဆိုသည့်အတွေး ကျွန်တော် တစ်ကြိမ်မျှတောင် မတွေးဖူးခဲ့ပါ၊ 


'ကလင် ကလင် ကလင်'


သူက မကိုင်မချင်း ဆက်တိုက် ခေါ်နေမှာကို သေချာသိနေတာကြောင့် အမှုသည်ကို အားနာသလို တစ်ချက် ပြုံးပြလိုက်ပြီးမှ ခွင့်တောင်းရတယ်။ 


'ဆောရီးပါဗျာ အိမ်ကမို့'


အိမ်၊ ဒါလည်း ဟုတ်တယ်။ သူ့ဆီကနေ ဖုန်းလာတိုင်း လူတိုင်း ဆီမှာ ခွင့်တောင်းတတ်တာက အိမ်ကမို့ ဆိုတာလေးပါပဲ၊ ထရပ်ပြီး အတန်ငယ်လှမ်းတဲ့အထိ ခြေလှမ်းတို့ကို တိုးရင်း ဖုန်းကို ဖြေလိုက်တယ်။ 


'ပြော'


ကျွန်တော့်လေသံ နောက်မှာ ပေါက်ကွဲတော့မတတ် အသံက နားထဲကို ပျံ့လွင့်လာတယ်။ 


'လေးငယ် အခု ဘယ်မှာလဲ မနေ့ညက ပြန်သွားတာ မဟုတ်လား၊ ဂျီဂျီကို ထားပြီးတော့'


'မနက်စောစော ထွက်လာတာ ခုနှစ်နာရီမှာ တွေ့ဖို့ ချိန်းထားတာ တစ်ခု ရှိလို့'


ပြောလိုက်တော့ လေသံက ချက်ချင်း လျော့သွားပါတယ်။ ပြီးမှ တိုးတိုးလေး ရေရွတ်ပြီး ဖုန်းချသွားတယ်။


'မနက်စာတော့ မစားသွားဘူး'


ဖုန်းချသွားပြီမို့ ခုနတုန်းက အမွေကိစ္စကို ဆက်ပြောဖို့ ပြန်ပြီး ဝင်ထိုင်လိုက်တယ်။ အမှုသည်မို့ အားနာသလို ပြုံးပြလိုက်ရင်း မေးမိတယ်။ 


'အဲ့ဒါဆို ဖြစ်နိုင်ရင် နှစ်ဦး သဘောတူ တွေ့ဆုံ ညှိနှိုင်းတာက ပိုကောင်းမှာပါ'


'ကျွန်တော် သူ့မျက်နှာ မတွေ့ချင်ဘူး'


ဒီစကားကတော့ လာသမျှ အမှုသည်တိုင်း ပြောနေကျမို့ ရိုးအီနေပြီလို့တောင် ပြောရမည်။ အထူးသဖြင့် လင်နဲ့မယား အမွေကိစ္စ ဆိုလျှင် ပို၍ ဆိုးမည်။ မတွေ့ချင်ဘူး၊ နောက်ထပ် ဘာညာ ဆိုတာတွေက တစ်ဦးနှင့် တစ်ဦး ဖြစ်နေကျ ဖြစ်လေသည်။ 


'ဒါပေမယ့် ကိုယ်စီ ရှေ့နေ့တွေနဲ့ ထိပ်တိုက် မဆုံဘူး ဆိုရင် ဖြေရှင်းလို့ မရနိုင်ဘူး၊ ဟိုဘက် ရှေ့နေ့ ဒီဘက်ရှေ့နေ့ တွေ့ဖို့ ကျွန်တော် စီစဉ်လိုက်မယ် ပိုင်ဆိုင်မှု အားလုံးကို ကျွန်တော် စာရင်းကောက်ထားပေးမယ် နောက်အပတ်ထဲကျ သေချာ ဆုံပြီး ရှင်းလိုက်မယ် ဆိုရင် ဒီကိစ္စက ခဏလေးနဲ့ ပြီးသွားမှာပါ'


'ဒါဆိုလည်း ဦးခန့်ညားကြည်စင် သဘောအတိုင်း တစ်ခါတော့ ဆုံလိုက်မယ် ကျွန်တော် တစ်ခါတည်း အသေချာဆုံမယ် ထပ်မဆုံချင်ဘူး'


'ကောင်းပြီ ကျွန်တော် တစ်ခါတည်းနဲ့ အပြီးသတ်ပေးမယ်'


'ကျေးဇူးတင်ပါတယ် မနက်ကိုးနာရီကျ အရေးကြီးတဲ့ အစည်းအဝေး ရှိလို့ အစောကြီး ခေါ်လိုက်ရတာ အားနာလိုက်တာ'


'အလုပ်ပဲဟာ အားနာဖို့ မလိုပါဘူး'


အမှုသည် ထွက်သွားပြီ ဆိုမှ ရုံးခန်းသို့ ရောက်လာပြီး လုပ်စရာတွေကို ဆက်တိုက် လုပ်နေမိတယ်။ ညပိုင်းကျရင် စတိတ်စင် ထားချင်ပါတယ် ဆိုတဲ့ ကိစ္စကို မမနဲ့ အသေချာ ဆွေးနွေးဖို့ ရှိသေးတယ်။ မတတ်နိုင်ဘူး မမကို အပူတိုက်ဖို့ပဲ ရှိမယ်။ ဒီဟာလေး လုပ်ချင်သမျှ လုပ်ပေးပါ့မယ်လို့ တာဝန်မခံနိုင်ပေမယ့် လုပ်ချင်တယ် ဆိုပြီး မျက်နှာညိုးသွားရင်ကို မနေတတ် မထိုင်တတ် ဖြစ်နေတာဟာ ကိုယ့်ဖာသာ လိုလိုချင်ချင် ခံယူထားတဲ့ ဝဋ်ကြွေးဆိုရင်တောင် ဒီဝဋ်ကြွေးက သိပ်လှလွန်းလို့၊ 


'တီ တီ တီ တီ'


မမဆီကို ဖုန်းခေါ်တာမှာ အဝင်ကော ငါးခုမှာမှ ဖုန်းကိုင်သော အစ်မတော်က စိတ်မရှည် လက်မရှည်၊ 


'ပြော ဖီးလ်လက်စ်'


မေ့ချင်ပါသည့် ဒီနာမည်ကို မမထံတွင်တော့ အစဉ်မြဲ ကြားခွင့်ရနေဆဲ၊ ငယ်တုန်းက မိဘတွေ ကျွန်တော့်ကို အိမ်ကို ခေါ်ခေါ်လာချင်းမှာ ရေသေလို မျက်နှာထားနှင့်မို့ ကပြားစပ်သော အဖေက နာမည်ပေးခဲ့သည့် ဖီးလ်လက်စ် ဆိုသော နာမည်သည် ကျွန်တော့်ရဲ့ အိမ်နာမည် အဖြစ်တွင်သွားခဲ့တယ်။ သမီးလေးတစ်ဦးတည်း မွေးထားခြင်းကြောင့် အဖော်မရှိမှာ ကြောက်သော အမေနဲ့အဖေက ကျွန်တော့်ကို အလင်းစက် ဆိုတဲ့ မိဘမဲ့ဂေဟာကနေ ခေါ်ယူလာတော့ မမအသက် ဆယ့်ငါးနှစ်တွင် ဖြစ်ပြီး ကျွန်တော့်အသက်က သိတတ်စအရွယ်၊ အားလုံးကို လိုက်ပြီး မှတ်သားမိစအရွယ်။ 


'ဂျီဂျီက သူ့ဆိုင်မှာ စတိတ်စင် ထားချင်တယ် ပြောတာ'


'ကန့်ကွက်တယ်'


'မမ သူဒါကို ပြောတာ သုံးခါ ရှိနေပြီ ကျွန်တော်တို့ စဉ်းစားပေးသင့်တယ်'


'ခန့်ညားကြည်စင် မမ ပြောနေတာကို မင်း၊ ပြောလိုက် ဂျီဂျီကို မရဘူး လုံးဝ'


'အဲ့ဒါဆိုလည်း ဘာကြောင့် ဆိုတာမျိုး သူ့ကို ပေးသိထားသင့်တယ်'


'ဘာကြောင့် မထားခိုင်းတယ် ဆိုတာ သူမသိဘူးလား၊ သူက ကလေးလား၊ ခန့်ညား မင်းသူ့ကို ဖျက်စီးတာ များနေပြီ၊ သူ့အဖေနဲ့ ငါ့နေရာကို သူဝင်ရတော့မှာကို ဒီဘာမဟုတ်တဲ့ ဆိုင်ဆိုတာနဲ့'


'ကျွန်တော့်ကို ညနေပိုင်း အချိန်တစ်နာရီလောက် ပေးလို့ ရမလား မမ'


'မအားဘူး'


'အနည်းဆုံးတော့ ဘာကြောင့် မထားရမှာလဲ ဆိုတာကို ပြောပြသင့်တယ် ထင်တာပဲ'


'အဲ့ဒီစတိတ် ဆိုတာ ပါလာရင် ဘာတွေ ပါလာမယ် ဆိုတာကို မင်းလည်း သိတယ် ငါလည်း သိတယ် ဖီးလ်လက်စ် အနုပညာရှင် အမည်ခံတာတွေကို ငါ အထင်မသေးပါဘူး ခန့်ညား၊ သူတို့ဝမ်းစာ သူတို့ပညာ ဆိုတာကို ငါ နားလည်ပေးနိုင်တာက သတ်သတ်၊ ငါ့သားကို အဲ့လို အနုပညာဆိုတဲ့ အသိုင်းဝိုင်းထဲကို ထည့်မပေးလိုက်နိုင်တာက သတ်သတ်'


'သူက မငယ်တော့ပါဘူးမမ သူ့ကိုယ်သူလည်း ထိန်းမတ်နေနိုင်ပါပြီ၊ ကျွန်တော်တို့ သူ့ကို ယုံကြည်သင့်တယ် မဟုတ်လား'


'ယုံတယ်လေ ယုံလို့ပဲ သူ့ဖာသာ နေချင်တယ် ဆိုတုန်းက ငါတို့ ခွင့်မပြုပေးခဲ့ဘူးလား၊ ဒီမှာ ခန့်ညား ယုံကြည်ခြင်းမှာလည်း အကန့်အသတ် တစ်ခုတော့ ထားရမယ်လေ၊ ဦးနောင်ရိုးထင် ဒေါ်ထိပ်ထားကြည်စင်ရဲ့သား မိုးသားကြည်စင်က အဲ့လို အနုပညာ အသိုင်းအဝိုင်းနဲ့ ပတ်သတ် ရှုပ်ထွေးနေတယ် ဆိုတာမျိုး အဖြစ်မခံနိုင်ဘူး၊ မင်းသိလား၊ ငါ့သားကိုငါ သူ့နေရာ သူ့အတိုင်းလေးပဲ ကြည်ကြည်စင်စင်လေး ရှိနေစေချင်တာပါ၊ မင်းထိန်းခဲ့တဲ့ကလေး မင်းအသိဆုံးပါ ခန့်ညား'


'ကျွန်တော်သိပြီ'


ဖုန်းချသွားပြီးမှ ကျွန်တော် လေပူတချို့ မှုတ်ထုတ်လိုက်မိတယ်။ ဒီအမေနဲ့ ဒီသားက ဘာကြောင့်မို့ ဒီလောက်တောင် ကွာဟချက်တွေ များနေရတာလဲ၊ ကောင်းသားပဲ ကြားထဲက ကျွန်တော်ကပဲ အနေမတတ်တာ ဖြစ်နိုင်သေးတယ်။ 


မနက်ခင်းက ဆွေးနွေးမှုအတွက် တစ်ဖက်က ရှေ့နေ့ကို စုံစမ်းရတယ်၊ အမှုအတွက် ဥပဒေ ပညတ်ချက်တွေကို တစ်ခုချင်း ဖြစ်နိုင်တာတွေကို သေချာ ပြန်လည် မှတ်သားရတယ်။ ဥပဒေစာအုပ်ကို ထုတ်လိုက် ဖြစ်နေတဲ့ အမှုကြောင်းကို ဖတ်လိုက်နဲ့ ခေါင်းကိုက်လာတော့မှ မျက်မှန်ကို ချွတ်လိုက်ပြီး ခုံမှ မှီချထားလိုက်တယ်။ 


ဒီရက်ပိုင်း ဒီဟာလေးကို မတွေ့ရရင် ကောင်းမယ်၊ တွေ့တာနဲ့ စတိတ်စင် ဆိုတာကို ပြန်ပြီး တောင်းဆိုအုံးမှာပဲ၊ အစ်မတော်က ယတိပြတ် လုံးဝ မလုပ်ရဘူး ဆိုတာကို ရှင်းပြလည်း လက်မခံချင် လက်ခံချင်နဲ့ ဖြစ်နေအုံးမှာ၊ သူ့မျက်နှာကို ကြည့်ပြီး စိတ်ညစ်ခံမယ့်အစား အလုပ်ထဲမှာပဲ စိတ်ညစ်ခံလိုက်တော့မယ်။ 


ဇက်ကို ဟိုဘက် ဒီဘက်ချိုးပြီး အညောင်းဖြေလိုက်ပြီးမှ မျက်မှန်ကို ပြန်တပ်လိုက်တယ်။ ရုံးက စာရေးလေးက ရုံးဆင်းချိန်မို့ ပြန်တော့မယ် ဆိုတော့ ခေါင်းညိတ်လိုက်ပြီး ကိုင်လက်စ ဥပဒေစာအုပ်ကို လှန်လိုက်ရုံတင် ရှိသေး၊


'ကလင် ကလင် ကလင်'


ခုနတုန်းက အိတ်ထဲ ပြန်ထည့်ထားတဲ့ ဖုန်းကို ကိုင်လိုက်တော့ ဘာသံမှ မကြားရ၊ ဘာလဲ ဖုန်းခေါ်ပြီးမှ မပြောရဲ မဆိုရဲ၊


'ဂျီဂျီ ဘာလဲ ဖုန်းခေါ်ပြီးမှ'


'လေးငယ် စိတ်ဆိုးမှာလား'


'မင်း ဘာလုပ်ထားမှန်းမှ မသိတာ စိတ်ဆိုးတာ မဆိုးတာကို ပြောပြီးမှ ဆုံးဖြတ်လို့ ရမှာ'


'ဂျီဂျီ ရဲစခန်းမှာ ရောက်နေတာ'


'စခန်းအမှတ်ပြော'


အပေါ်ဝတ်ကို တစ်ခါတည်း တန်းကောက်ပြီး ကားသော့ကိုပါ လက်က လှမ်းပြီးမှ သူ ပြောလိုက်တဲ့ ရဲစခန်းသို့ ရောက်လာခဲ့တယ်။ ဟိုရောက်တော့ စားပွဲတစ်လုံးတည်းတွင် ဂျီဂျီနှင့် အတူတူ ထိုင်နေသော လူငယ်တချို့၏ မျက်နှာက ဖူးယောင်ပေါက်ပြဲနေပြီး သူက လက်ကို နှိပ်ချိုးနေတယ်။ 


ကျွန်တော် ပထမဆုံး ဘာမှမမေးသေးပဲနဲ့ မျက်နှာလေးကို မော့ယူလိုက်ပြီး ထိခိုက်သွားတာကို စစ်တယ်။ ခေါင်းကို ဖွပြီး စစ်တယ်။ ပြီးတော့ လက်တွေကို စစ်တယ်၊ ခြေထောက်တွေပါ စစ်ပြီးလို့ ဘာမှမဖြစ်မှ ခုနတုန်းက နှိပ်နေတဲ့ လက်ကို ဆွဲယူလိုက်တော့ ထိုးထားလို့ ရဲတွတ်ပြီး ပေါက်ပြဲနေတာကို တွေ့တော့ ချက်ချင်း မျက်မှောင်ကုတ်မိတယ်။ စိတ်ချရပြီ ဆိုမှ သူ့ကို မျက်လုံးချင်း ဆုံကြည့်တော့ အခုမှ အစွယ်မထွက်တော့တဲ့ မြွှေလိုလိုနဲ့ ခေါင်းပါ ငုံ့သွားလေတယ်။ 


'လက်ကို ဒီလောက်နာအောင် ထိုးရလား မင်းလက်နာနေပြီလေ တော်ရကောင်းမှန်း မသိဘူးလား'


ကျွန်တော် ပထမဆုံး ပြောလိုက်သော စကားကို ရဲတွေက တအံတသြ၊ မျက်လုံးအပြူးသား။ အထိုးခံထားရတဲ့ ကောင်လေးတွေကဆို ဒေါသတကြီးနဲ့ ကျွန်တော့်ကို မလိုတမာ ကြည့်တယ်။ ဂျီဂျီက မျက်လုံးခပ်လွဲလွဲဖြင့် ဆိုတယ်။ 


'တစ်ယောက်က ဆေးခန်းရောက်သွားတယ်'


'မင်းအသက်ဘယ်လောက်လဲ ဂျီဂျီ'


'နှစ်ဆယ့်ခြောက်'


ကျွန်တော် သူ့မှာ အပြစ်ရှိလို့ ဆူလိုက ်ပြောလိုက်တိုင်း လုပ်နေကျ ထုံးစံအတိုင်း လက်ကို ဘေးနှစ်ဖက်မှာ ချထားပြီး ပြေပြေလျော့လျော့၊ ခေါင်းကို ငုံ့လျက်၊


'ရန်ဖြစ်ရမယ့် အသက်အရွယ်ကို ပြောပြထားဖူးတယ် မဟုတ်လား'


'ဆယ့်ရှစ်ကနေ နှစ်ဆယ့်သုံးပါ ဒါပေမယ့်'


ခေါင်းမော့လျက် ငြင်းမယ်အပြု ကျွန်တော်မေးဆတ်လိုက်တော့ သူက ခေါင်းလေးပြန်ပြီး ငုံ့သွားတယ်၊ 


'သူတို့က လေးငယ်ကို ပြောတာ'


ရင်ထဲမှာ သိမ့်ခနဲ ကြည်နူးခြင်းက ဖြတ်စီးသွားတယ်၊ သို့ပေမယ့်၊ 


'ငါ့ကိစ္စကို မင်းပူစရာ ရှိလား'


ခေါင်းကို မခါချင်ခါချင်နဲ့ ဖြည်းဖြည်းလေး ခါတယ်၊ ရဲစခန်းမှာ ရှိတဲ့ အရေးပေါ် ဆေးသေတ္တာရှိတဲ့ဆီကို လျှောက်သွားပြီးမှ ပလာစတာတစ်ခုကို ဆွဲထုတ်ယူလိုက်ကာ သူ့လက်တွေမှာ အသေအချာ ကပ်ပေးလိုက်ပြီးမှ ရဲတွေဘက်ကို လှည့်မိတယ်။ 


'ဘယ်ကနေ စဖြစ်တယ် ဆိုတာ သိလို့ ရမလား'


ကျွန်တော် မေးလိုက်တာက ရဲတွေကို ဖြစ်သော်လည်း ထိုင်နေသော လူငယ်အများက ဘယ်ကတည်းက ပြောချင်နေမှန်းမသိသော ဒေါသတွေဖြင့်၊ 


'ကျွန်တော်တို့ ဒီကောင့်ကို မသိဘူး၊ ကျွန်တော်တို့က ခန့်ညားကြည်စင် ဆိုတဲ့ ရှေ့နေအကြောင်းပဲ ပြောတာ၊ ငွေတစ်မျက်နှာတည်းကိုပဲ ကြည့်တာကို ပြောနေတာ'


'အဲ့လို ပြောဖို့ မင်းတို့မှာ သက်သေရှိလား'


'အဲ့ဒါက ကျွန်တော်တို့က အမှုတစ်ခုအကြောင်း ငြင်းခုန်ရင်းက'


'ကျွန်တော် ဒီလူတွေကို တရားပြန်စွဲမယ်၊ အသရေ ဖျက်မှုနဲ့'


ရဲတွေ ခဗျာ ကြောင်တောင်တောင်နဲ့ ကျွန်တော့်ကို ကြည့်လာတယ်၊ အဲ့ဒီတော့မှ ကျွန်တော် လွန့်ခနဲ ပြုံးလိုက်ပြီး အတည်ပြုပေးလိုက်တယ်၊


'သူတို့ ပြောနေတဲ့ ခန့်ညားကြည်စင် ဆိုတာ ကျွန်တော့်နာမည်ပဲ၊ ကျွန်တော်က ရှေ့နေပါ၊ ဒါက မိုးသားကြည်စင် ကျွန်တော့်တူ'


'လေးငယ်'


ရဲတချို့က ခေါင်းကုတ်တယ်၊ တချို့က ဆိုလာတယ်၊


'ဘယ်လိုပဲ ဆိုဆို တစ်ယောက်က ဆေးခန်း ရောက်သွားတယ် ဆိုတော့ ဒီနေ့တော့ အာမခံနဲ့ ခေါ်သွားလို့ မရနိုင်ပါဘူး'


'ဟုတ်လား'


လက်ထဲမှာ ကိုင်ထားမိဆဲ ဖုန်းနဲ့ ကားသော့ကို စားပွဲပေါ် အကျအန တင်လိုက်ပြီးမှ အနီးဆုံးမှာ ရှိတဲ့လူရဲ့ မျက်နှာ တည့်တည့်ကို ဖြောင့်လက်သီး တစ်ချက် ပစ်သွင်းလိုက်တယ်၊ 


'ခွပ်!!'


'အား!! ဒီလူ ရူးနေတာလား'


ကိုယ်ထိ လက်ရောက်မှု ဖြစ်သွားပြီမို့ ရဲတွေ ရှိရာသို့ ပြန်လှည့်လိုက်ပြီးမှ ဆိုလိုက်တယ်၊ 


'ဒါဆို နှစ်ယောက်လုံး ဝင်လို့ ရပြီလား'


'ဟား ဒီလူတွေ တကယ်ပဲ'


'ရူးနေတာလား'


ရဲတွေ တစ်ယောက်တစ်ပေါက် ဆိုနေတာကို ဂရုမစိုက်ပဲနှင့် လက်ပိုင်းလေးပဲ ဝတ်ထားတဲ့ သူ့ကိုယ်ပေါ်ကို အပေါ်ကုတ်ကို လွှားခြုံပေးလိုက်တယ်။ ပြီးမှ ရဲစခန်းအတွင်းမှာ မျက်လုံးဝေ့ ကစားလိုက်တော့ စောင်တစ်ထည်နဲ့ ခေါင်းအုံး ပုံနေတာကို မြင်တော့ သွားယူပြီးမှ ဂျီဂျီကို လက်ဆွဲကာ ထစေတယ်။ 


'လာခဲ့!!'


ဆွဲခေါ်လိုက်တဲ့အတိုင်း ထလာပြီးမှ အချုပ်ခန်းထဲကို ထည့်လိုက်ပြီး ကျွန်တော်ပါ လိုက်ဝင်လိုက်တယ်။ ထောင့်တစ်ခုကို ရွေးယူလိုက်ပြီးမှ စောင်ကို အကျအန ခင်းလိုက်ပြီးမှ ခေါင်းဦးကို အသာအယာ ပစ်ချလိုက်တယ်။ ပြီးမှ မေးဆတ်ပြလိုက်တော့ သူက ဝင်ထိုင်တယ်။ ကျွန်တော် သူ့အနားမှာ ဝင်ထိုင်လိုက်တော့ သူက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်တယ်။ 


'လေးငယ် ကျွန်တော့်ကြောင့်'


'မင်းကြောင့်မှန်းသိရင် နောက်တစ်ခါ ရန်မဖြစ်နဲ့၊ ဖြစ်လည်း ရဲစခန်း မရောက်စေနဲ့၊ တော်ရုံပဲ ထိုးလေ ဘာလို့ လက်နာအောင်ထိ လုပ်ရတာလဲ၊ ပြီးတော့ ဒီလောက်ထိ'


လက်နာအောင် မထိုးနဲ့ ပြောရတာမှာ ကိုယ်တိုင် ကိုယ်လုံပညာကို သင်ကြားပေးထားတာကြောင့် တော်ရုံလူလောက်တော့ဖြင့် မှောက်သွားအောင် လုပ်နိုင်မှန်း သိနေတာကြောင့်ပင်၊ သူများကို နာစေလိုခြင်းကို စိတ်ပါဝင်စားမှု အားနည်းသော်လည်း သူ့လက်တွေ နာသွားတဲ့အထိတော့ ခွင့်မပြုချင်ပေ။ 


'လေးငယ်မှ သူတို့ ပြောတာကို မကြားတာ'


ထိုစကားကို ခပ်တိုးတိုး မကြားတကြား ဆိုနေသေးတယ်။


'မင်း အခု ပြောနေတာ ငါကြားတယ်'


'လေးငယ် ဘာစားပြီးပြီလဲ'


'အမဲသားစတိတ် လုပ်ကျွေးမလို့လား'


မေးလိုက်တော့ သူက ခိုး၍ ပြုံးသည်။ အချုပ်ထဲမှာ အမဲသားစတိတ် တောင့်တတာတော့ မဟုတ်ပေမယ့် ဒီဟာလေး စိတ်ဖိစီးတာကို ဖြေဖို့က အာ့လိုမေးလိုက်မှ ရမှာ၊ 


'ကောင်းရော ငါလည်း နားရက်ရတယ်'


သူ့အနားမှာပဲ နံရံကို မှီပြီး မျက်လုံးတွေကို မှိတ်လိုက်တယ်။ ဒီအပတ်ထဲမှာ ပြီးရမယ့်အမှုကတော့ ဘယ်ဆီကို လွင့်သွားပြီလဲ ဆိုတာ ကျွန်တော်မသိတော့၊ 


'လေးငယ် သူတို့က လေးငယ်ကို ငွေမျက်နှာပဲ ကြည့်တယ်လို့ ပြောတယ် ဒါပေမယ့် သူတို့ ပြောတာ မဖြစ်နိုင်ပါဘူး လေးငယ်မှ ငွေမလိုတာကို'


'ငွေထက်လှတဲ့ မျက်နှာမျိုးက ရှားလို့'


'ခွီ ခွီ'


ကျွန်တော် ပြောတာ မှန်နေတာတောင်မှ သူက သူ့ဖသာ တခွီခွီ ကြိတ်ရယ်လေတယ်။ ဒီဟာလေးတော့ ပညာပေးလိုက်ရမကောင်း ဖြစ်တော့မယ်။ 


'မမနဲ့ နေ့လည်က ဖုန်းရတယ်'


'ဘာတဲ့လဲ ကျွန်တော့်ကို ပြန်ခဲ့ရမယ် တဲ့လား'


'စတိတ်စင်ကို ဟဲဗီးအော့ဘဂျတ်ထ် တဲ့'


'ဟာ တကယ်ကြီးလား ဂျီဂျီက ဆိုင်ပြင်ရင်းနဲ့ စတိတ်စင် ထည့်ချင်တာ၊ မာမီက ဘာလို့လဲ'


'မင်းကို သူများတွေနဲ့ ရှုပ်ထွေးတာ မမြင်ချင်လို့ နေမှာပေါ့'


'မာမီကလည်းကွာ လေးငယ် ပြောလို့ မရနိုင်ဘူးလား'


'ငါလည်း အတူတူပဲ ကန့်ကွက်တယ်'


'ဟာ ဂျီဂျီက အရုပ်လား လုပ်ချင်တိုင်း ဘာမှမလုပ်ရဘူး'


'မဟုတ်လည်း ဒီဆိုင်ကို ပိတ်ပစ်မလား'


'လေးငယ်!!'


'နားတော့'


'ဂျီဂျီ ဗိုက်ဆာတယ်၊ လေးငယ်'


'မစားနဲ့'


'သားဗိုက်ဆာတယ်လို့ လေးငယ်'


ကျွန်တော့် မျက်လုံးတွေ ဖျတ်ခနဲ ပင့်တက်လာတာကို ကြည့်ပြီး သူက တစ်ဖက်တည်းပြုံးတယ်၊ ဘယ်ဘက်ပါးပြင်မှ ပါးချိုင့် ရှည်ရှည်လေးက ဝင်းခနဲ လက်ခနဲ၊ ဒီအပြုံးက သိပ်ပြီး လှသလောက် သိပ်ပြီး အဆိပ်ပြင်းတာမျိုး၊ ဒီဟာလေးတော့ လိုချင်တာရဖို့ ပြုစားဖို့ကို ဘယ်တော့မှ မမေ့တတ်တဲ့ ဂဝေများလား၊


အိတ်ထဲမှာ ပါလာတဲ့ ဖုန်းကို ထုတ်လိုက်ပြီးမှ ရဲတွေကို ထောင်ပြလိုက်တယ်။ ဖုန်းဆက်မယ် ဆိုတဲ့သဘော၊ 


'အောင်ခန့် ငါအခု အမှတ်(....) ရဲစခန်းမှာ ဒီကို အမဲစွပ်တစ်ပွဲ၊ ရှမ်းခေါက်ဆွဲ တစ်ပွဲ၊ ပြီးတော့ ပီဇာရယ်'


ရှိသမျှ ရဲတွေကို လှမ်းကြည့်လိုက်ပြီးမှ ရှစ်ယောက်ရှိတာကြောင့်၊ 


'ကော်ဖီ ရှစ်ခွက်၊ မုန့်ရှစ်ခု ဘာဖြစ်ဖြစ် ယူလာပေးခဲ့၊ စားလို့ လွယ်အောင် တစ်ခါတည်း လုပ်လာခဲ့'


'ကော်ဖီ ကိုးခွက်'


ဂျီဂျီက ဖုန်းအနားကို တိုးလာပြီးမှ ကပ်ပြောတယ်၊ အောင်ခန့်က ယောင်တောင်တောင်နဲ့ ဘယ်နှစ်ခွက်လဲဟု ပြန်မေးနေသေးတယ်။ 


'ရှစ်ခွက်အတိပဲ'


'လေးငယ် ဂျီဂျီလည်း ကော်ဖီ သောက်ချင်တယ်'


'အိပ်မပျော်တာ ပြန်စနေတယ်ဆို မသောက်ရဘူး'


အောင်ခန့်က အမှန်ကို အားကိုးရတဲ့ ပီအေ ဖြစ်လေတယ်။ ရောက်တာနှင့် အိပ်ရာလိပ်ပါ ထည့်ယူလာပြီး ဖုန်းအားသွင်းတဲ့ ဘတ်ထရီအပိုတွေပါ ထည့်ယူလာသေး၏။ 


'ဆရာ ဘယ်လို ဖြစ်ပြီးတော့'


အောင်ခန့်က ကျွန်တော့်ကိုပဲ မြင်နေရာက အနောက်မှ ဂျီဂျီက ဘေးသို့ တစ်လှမ်းရွေ့လိုက်ပြီး မျက်လုံးတွေ မှိတ်ကျအောင် ရယ်ပြရင်း လက်ချောင်းလေးတွေ လှုပ်ခတ်ကာ နှုတ်ဆက်လေတယ်။ 


'ကိုကြီးခန့်'


'သြော်..'


ကျွန်တော်ပင် ဖြေဖို့ မလိုပါပဲနှင့် အောင်ခန့်အတွက် အဖြေက ဂျီဂျီကို တွေ့သည်နှင့် ပြည့်စုံလေသလား မပြောတတ်ပေ။ အောင်ခန့် ယူလာပေးတဲ့ အိပ်ရာခင်းကို ထူနေအောင် အကျအန ခင်းပြီးမှ မှီဖို့ပါ သေချာ ပြုလုပ်ပေးပြီး စားသောက်နေတဲ့ ဂျီဂျီကို တစ်ချက် ကြည့်မိတယ်။ ဝမ်းနည်းတတ်တာလည်း သူ့အပြင် နှစ်ယောက်မရှိ၊ လုပ်လိုက်ပြီ ဆိုလည်း ရှေ့မတွေး နောက်မတွေး၊ ဒါလေးကို ထားပြီးတော့ အိမ်ထောင်ဖက် ရှာဖို့လား၊ ဘယ်လို စိတ်နဲ့လဲ၊ မဖြစ်မှ မဖြစ်နိုင်တာ၊


အခုလည်း သူများကို ထိုးထား ကြိတ်ထားပြီးတော့ အချုပ်ထဲမှာ စားဝင်နေလိုက်တာများ ဟိုဘက်ပါးရော ဒီဘက်ပါးပါ ဖောင်းနေပြီး နှုတ်ခမ်းတွေကို စုချွန်လျက်၊ မင်းပဲ တတ်နိုင်တာ ဂျီဂျီ မင်းပဲ၊ စားပြီးသွားတော့ ကျွန်တော့်အနားသို့ တိုးကပ်လာပြီး ပြောပါတယ်။ 


'လေးငယ် ဖတ်စရာစာအုပ်လည်း မရှိဘူး ဘယ်လို အိပ်ရမလဲ'


အိပ်ရာပေါ်သို့ တက်ပြီးမှ အနားတွင် ငြူစူစူနဲ့ ထိုင်နေတာများ ကျွန်တော့်အသည်းကို ခိုင်မခိုင် စမ်းနေသလားမှတ်ရသေး၊ ခေါင်းအုံးတွေ ဆင့်ပြီး မှီခိုင်းထားတာကို သူက လက်ဖြင့် ရိုက်ပြီးမှ ပြောတယ်။


'မှီဖို့ကလည်း မာမာလေးလည်း မဟုတ်ဘူး၊ ခေါင်းအုံးတွေက မှီလို့ မကောင်းဘူး'


ပြောလည်းပြော ကျွန်တော့် လက်မောင်းမှာ အကျအန မှီထိုင်လေတယ်၊ ပြီးတော့ သူ့ခေါင်းကို နေရာကျသွားအောင် တိုးရင်း ဆုတ်ရင်း လှုပ်ရှားရင်းနဲ့ ခွေးပေါက်ကလေးတွေ အမေရင်ခွင်ထဲမှာ တိုးနေသလိုမျိုး၊ ဒီဟာလေး အစားအသောက်တွေ စားထားပြီး မသုတ်ပဲနဲ့ အကျႌတွေတော့ သွားပါပြီ။ မထူးပါဘူး၊ အကျႌတွေ ပေနေမှတော့ အကျႌ လက်ဖျားနဲ့ သူ့နှုတ်ခမ်းတွေကို ပွတ်တိုက်ပစ်လိုက်တော့ အလိုမကျသည့် မျက်ဝန်းညိုညိုတို့က စူးခနဲ၊


'မကြိုက်ရင် ကိုယ့်ဖာသာ လုပ်လေ မင်းလုပ်တာ ငါ့အကျႌတွေ ကြည့်'


'လေးငယ် ဇီဇာတအား ကြောင်တာပဲ၊ ဒီတစ်ရက်လောက်လေး ပေသွားတာ ဘာဖြစ်လဲ အကျႌတစ်ထည်လေးနဲ့ လေးငယ် မွဲသွားလို့လား'


'မင်းညစ်ပတ်တာ လူသိတယ် တိတ်တိတ်နေ'


'လေးငယ် ကျွန်တော်အိပ်ဖို့ စာအုပ်လိုတယ်'


ပြန်လည် မှီချရင်းက ဆိုတော့ လေပူတစ်ချက်သာ မှုတ်ထုတ်မိပြီး ခေါင်းညိတ်ပြလိုက်ရတယ်။ 


'နားထောင်၊ ကဗျာရွတ်ပြမယ်'


'အိုကေ လေးငယ် မိန်းမပိုးနည်းသာ မတတ်တာ ကျန်တာအကုန်တတ်တယ်' ဟု ကျေကျေနပ်နပ် ဆိုလေတယ်။ 


'မင်းအတွက် မဟုတ်သော ကိုယ့်အတွက်


ကျေနပ်တတ်ဖို့ နေတတ်ရတယ်ဆိုရင်


မင်းမရှိပဲနဲ့တော့ မဖြစ်ဘူးလေ။


ဝမ်းနည်းခြင်းလား လွမ်းဆွတ်ခြင်းလား


ဒါမှမဟုတ် ပျော်ရွှင်ခြင်းလား ကျေနပ်ခြင်းလား၊


မင်းမှမဟုတ်ရင် ဒါတွေ အားလုံးမဖြစ်လာနိုင်ဘူးလေ။


ကြွေခြင်းဝေခြင်းက မင်းကိစ္စ


ကြွေကြွေဝေဝေ တန်ဖိုးထားဖို့ ကိုယ့်ကိစ္စ။


မင်းသိထားရမှာက ရေကန်ပေါ်က အလှတရား


ကိုယ်သိထားသင့်တာက ရေကန်အောက်က ဒုက္ခတရား။


ပန်းဘယ်လိုခူးရမလဲ မင်းသိဖို့ မလိုဘူး၊


မင်းလိုချင် ပန်းကို အလိုလို ကြွေစေမှာမို့။


မင်းမျက်ခုံးတွေ တွန့်ကွေးချိန်မှာ 


ကိုယ်ဟာ သေနိုင်တယ်။


မင်းမျက်နှာ မျက်ရည်ဥချိန် 


ကိုယ်ဟာ သေတတ်တယ်။


မင်းဘယ်သူလဲ ဆိုတဲ့အသိတရားအတွက် 


ကိုယ်ဟာ အကြိမ်ကြိမ်သေတယ်။


မင်းမျက်ဝန်းတွေ မှေးလိုက်ချိန်တိုင်း


မင်းပါးချိုင့်တွေ အသက်ဝင်လာတိုင်း 


ကိုယ်ဟာ အကြိမ်ကြိမ်သေတယ်။


မင်းလို မျက်ရည်မကျတတ်တိုင်း


ကိုယ်ဟာ အေးစက်တတ်သူလား၊


မင်းလို စကားချိုချို မဆိုတတ်တိုင်း 


ကိုယ်ဟာ ရင့်သီးတတ်သူလား၊ 


မျက်ရည်ကျမှ နာကျင်ရတယ်လို့ 


မင်းတွေးလေသလား၊


လည်ပတ်ကြိုးကို တင်းတင်းဆွဲချိန်တိုင်း 


ကိုယ်ဟာ အမြီးနှံ့ဖို့ပဲ သိသူမို့၊ 


ဒီရင်ခွင့် ခြေစုံကန်ဖို့ ဖြစ်လာရင် 


ဖွင့်ထားတဲ့ ရင်ဘတ်သာ ပြေးကန်ပါ၊ 


ကျောနောက်ကနေ ကန်ရင် 


ရင်ဘတ်နဲ့ကျောမှာ 


ကျောဟာ ပိုပြီးမာတာမို့ 


မင်းခြေဖဝါး အသားနုမှာ 


ဒဏ်ရာတော့ မထင်စေလို၊ 


(ကဗျာအတွက် Crd: ဘယ်လို ပေးရမှန်း မသိပါဘူး၊ စစ်ငြိမ်းနဲ့ ဆန်းကျော်စွာဝင်းကို ရောမွေထားပြီးတော့ အုန်းကျွမ်းထားပါတယ်၊ ကဗျာသည် စွဲအပိုင် မဟုတ်ပါ)


ကဗျာအဆုံးတွင် တုတ်တုတ်မျှ မလုပ်တော့သည့် ဂျီဂျီသည် ပုခုံးကို မှီပြီး နှစ်ခြိုက်စွာ၊ အိပ်ရေးပျက်တာ ရက်စိပ်လာတယ် ဆိုတာ အခုလို အသက်ရှုနှုန်းမှန်မှန်နဲ့ အိပ်နေခြင်းလား၊ တစ်ခုခု လွဲနေတယ်လို့ ခံစားမိသော်လည်း လက်ဖြူဖြူတို့မှ ပွန်းပဲ့ရာအတွက် အောင်ခန့်ကို မျက်ရိပ်ပြလို့ ဆေးဘူး ယူခိုင်းရတယ်၊ ပလာစတာလေးကို အသာလေး ခွာပြီး ဆေးထည့်တော့ တစ်ချက်မျှ လူးလွန့်သွားလေရာ လေအေးအေး မှုတ်ပေးရင်း ဆေးထည့်ပေးရတယ်။ ဒီဟာလေး သူများကို ထိုးတာ ကိုယ့်လက် နာအောင် ထိုးစရာလား၊ 


@@@@@@@@@@


ဆက်ရန်---


စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


စွဲညို့



Zawgyi


Nephew-2

@@@@

'ကလင္ ကလင္ ကလင္'

ဖုန္းျမည္သံၾကားလို႔ အိတ္ကပ္ထဲကို ငံု႔ၾကည့္လုိက္မိတယ္၊ ဒီဘက္မွာ အေမြကိစၥအတြက္ ေဆြးေႏြးေနတဲ့ အမႈသည္ကို အားနာသလို တစ္ခ်က္ ျပန္ၾကည့္မိတယ္။ ကလင္ ကလင္ ဟုတ္တယ္။ ကၽြန္ေတာ့္ ဖုန္းသံက ဟိုးယခင္ကတည္းက ဒါပဲ၊ သူကဆိုဖူးတယ္၊ ေလးငယ္ကလည္း ဖုန္းသံၾကားလို႔မွ ဖုန္းကိုင္ခ်င္စိတ္ ေပ်ာက္ေအာင္တဲ့၊ သို႔ေပမယ့္ ဖုန္းဆိုတာက ကိုင္ခ်င္စိတ္ မကိုင္ခ်င္စိတ္ေတြ လိုေလမလား ဆိုသည့္အေတြး ကၽြန္ေတာ္ တစ္ၾကိမ္မွ်ေတာင္ မေတြးဖူးခဲ့ပါ၊

'ကလင္ ကလင္ ကလင္'

သူက မကိုင္မခ်င္း ဆက္တုိက္ ေခၚေနမွာကို ေသခ်ာသိေနတာေၾကာင့္ အမႈသည္ကို အားနာသလို တစ္ခ်က္ ျပံဳးျပလိုက္ျပီးမွ ခြင့္ေတာင္းရတယ္။

'ေဆာရီးပါဗ်ာ အိမ္ကမို႔'

အိမ္၊ ဒါလည္း ဟုတ္တယ္။ သူ႔ဆီကေန ဖုန္းလာတိုင္း လူတိုင္း ဆီမွာ ခြင့္ေတာင္းတတ္တာက အိမ္ကမို႔ ဆိုတာေလးပါပဲ၊ ထရပ္ျပီး အတန္ငယ္လွမ္းတဲ့အထိ ေျခလွမ္းတို႔ကို တိုးရင္း ဖုန္းကို ေျဖလိုက္တယ္။

'ေျပာ'

ကၽြန္ေတာ့္ေလသံ ေနာက္မွာ ေပါက္ကြဲေတာ့မတတ္ အသံက နားထဲကို ပ်ံ႕လြင့္လာတယ္။

'ေလးငယ္ အခု ဘယ္မွာလဲ မေန႔ညက ျပန္သြားတာ မဟုတ္လား၊ ဂ်ီဂ်ီကို ထားျပီးေတာ့'

'မနက္ေစာေစာ ထြက္လာတာ ခုႏွစ္နာရီမွာ ေတြ႔ဖို႔ ခ်ိန္းထားတာ တစ္ခု ရွိလို႔'

ေျပာလိုက္ေတာ့ ေလသံက ခ်က္ခ်င္း ေလ်ာ့သြားပါတယ္။ ျပီးမွ တိုးတိုးေလး ေရရြတ္ျပီး ဖုန္းခ်သြားတယ္။

'မနက္စာေတာ့ မစားသြားဘူး'

ဖုန္းခ်သြားျပီမို႔ ခုနတုန္းက အေမြကိစၥကို ဆက္ေျပာဖို႔ ျပန္ျပီး ဝင္ထိုင္လိုက္တယ္။ အမႈသည္မို႔ အားနာသလို ျပံဳးျပလုိက္ရင္း ေမးမိတယ္။

'အဲ့ဒါဆို ျဖစ္ႏုိင္ရင္ ႏွစ္ဦး သေဘာတူ ေတြ႔ဆံု ညွိႏိႈင္းတာက ပိုေကာင္းမွာပါ'

'ကၽြန္ေတာ္ သူ႔မ်က္ႏွာ မေတြ႔ခ်င္ဘူး'

ဒီစကားကေတာ့ လာသမွ် အမႈသည္တိုင္း ေျပာေနက်မို႔ ရိုးအီေနျပီလို႔ေတာင္ ေျပာရမည္။ အထူးသျဖင့္ လင္နဲ႔မယား အေမြကိစၥ ဆိုလွ်င္ ပို၍ ဆိုးမည္။ မေတြ႔ခ်င္ဘူး၊ ေနာက္ထပ္ ဘာညာ ဆိုတာေတြက တစ္ဦးႏွင့္ တစ္ဦး ျဖစ္ေနက် ျဖစ္ေလသည္။

'ဒါေပမယ့္ ကိုယ္စီ ေရွ႕ေန႔ေတြနဲ႔ ထိပ္တိုက္ မဆံုဘူး ဆိုရင္ ေျဖရွင္းလို႔ မရႏုိင္ဘူး၊ ဟုိဘက္ ေရွ႕ေန႔ ဒီဘက္ေရွ႕ေန႔ ေတြ႔ဖို႔ ကၽြန္ေတာ္ စီစဥ္လိုက္မယ္ ပိုင္ဆိုင္မႈ အားလံုးကို ကၽြန္ေတာ္ စာရင္းေကာက္ထားေပးမယ္ ေနာက္အပတ္ထဲက် ေသခ်ာ ဆံုျပီး ရွင္းလိုက္မယ္ ဆိုရင္ ဒီကိစၥက ခဏေလးနဲ႔ ျပီးသြားမွာပါ'

'ဒါဆိုလည္း ဦးခန္႔ညားၾကည္စင္ သေဘာအတိုင္း တစ္ခါေတာ့ ဆံုလိုက္မယ္ ကၽြန္ေတာ္ တစ္ခါတည္း အေသခ်ာဆံုမယ္ ထပ္မဆံုခ်င္ဘူး'

'ေကာင္းျပီ ကၽြန္ေတာ္ တစ္ခါတည္းနဲ႔ အျပီးသတ္ေပးမယ္'

'ေက်းဇူးတင္ပါတယ္ မနက္ကိုးနာရီက် အေရးၾကီးတဲ့ အစည္းအေဝး ရွိလို႔ အေစာၾကီး ေခၚလုိက္ရတာ အားနာလိုက္တာ'

'အလုပ္ပဲဟာ အားနာဖို႔ မလိုပါဘူး'

အမႈသည္ ထြက္သြားျပီ ဆိုမွ ရံုးခန္းသို႔ ေရာက္လာျပီး လုပ္စရာေတြကို ဆက္တိုက္ လုပ္ေနမိတယ္။ ညပိုင္းက်ရင္ စတိတ္စင္ ထားခ်င္ပါတယ္ ဆိုတဲ့ ကိစၥကို မမနဲ႔ အေသခ်ာ ေဆြးေႏြးဖို႔ ရွိေသးတယ္။ မတတ္ႏုိင္ဘူး မမကို အပူတုိက္ဖို႔ပဲ ရွိမယ္။ ဒီဟာေလး လုပ္ခ်င္သမွ် လုပ္ေပးပါ့မယ္လို႔ တာဝန္မခံႏုိင္ေပမယ့္ လုပ္ခ်င္တယ္ ဆုိျပီး မ်က္ႏွာညိဳးသြားရင္ကို မေနတတ္ မထိုင္တတ္ ျဖစ္ေနတာဟာ ကိုယ့္ဖာသာ လိုလိုခ်င္ခ်င္ ခံယူထားတဲ့ ဝဋ္ေၾကြးဆိုရင္ေတာင္ ဒီဝဋ္ေၾကြးက သိပ္လွလြန္းလို႔၊

'တီ တီ တီ တီ'

မမဆီကို ဖုန္းေခၚတာမွာ အဝင္ေကာ ငါးခုမွာမွ ဖုန္းကိုင္ေသာ အစ္မေတာ္က စိတ္မရွည္ လက္မရွည္၊

'ေျပာ ဖီးလ္လက္စ္'

ေမ့ခ်င္ပါသည့္ ဒီနာမည္ကို မမထံတြင္ေတာ့ အစဥ္ျမဲ ၾကားခြင့္ရေနဆဲ၊ ငယ္တုန္းက မိဘေတြ ကၽြန္ေတာ့္ကို အိမ္ကို ေခၚေခၚလာခ်င္းမွာ ေရေသလို မ်က္ႏွာထားႏွင့္မို႔ ကျပားစပ္ေသာ အေဖက နာမည္ေပးခဲ့သည့္ ဖီးလ္လက္စ္ ဆိုေသာ နာမည္သည္ ကၽြန္ေတာ့္ရဲ႕ အိမ္နာမည္ အျဖစ္တြင္သြားခဲ့တယ္။ သမီးေလးတစ္ဦးတည္း ေမြးထားျခင္းေၾကာင့္ အေဖာ္မရွိမွာ ေၾကာက္ေသာ အေမနဲ႔အေဖက ကၽြန္ေတာ့္ကို အလင္းစက္ ဆိုတဲ့ မိဘမဲ့ေဂဟာကေန ေခၚယူလာေတာ့ မမအသက္ ဆယ့္ငါးႏွစ္တြင္ ျဖစ္ျပီး ကၽြန္ေတာ့္အသက္က သိတတ္စအရြယ္၊ အားလံုးကို လိုက္ျပီး မွတ္သားမိစအရြယ္။

'ဂ်ီဂ်ီက သူ႔ဆိုင္မွာ စတိတ္စင္ ထားခ်င္တယ္ ေျပာတာ'

'ကန္႔ကြက္တယ္'

'မမ သူဒါကို ေျပာတာ သံုးခါ ရွိေနျပီ ကၽြန္ေတာ္တို႔ စဥ္းစားေပးသင့္တယ္'

'ခန္႔ညားၾကည္စင္ မမ ေျပာေနတာကို မင္း၊ ေျပာလိုက္ ဂ်ီဂ်ီကို မရဘူး လံုးဝ'

'အဲ့ဒါဆိုလည္း ဘာေၾကာင့္ ဆိုတာမ်ိဳး သူ႔ကို ေပးသိထားသင့္တယ္'

'ဘာေၾကာင့္ မထားခိုင္းတယ္ ဆုိတာ သူမသိဘူးလား၊ သူက ကေလးလား၊ ခန္႔ညား မင္းသူ႔ကို ဖ်က္စီးတာ မ်ားေနျပီ၊ သူ႔အေဖနဲ႔ ငါ့ေနရာကို သူဝင္ရေတာ့မွာကို ဒီဘာမဟုတ္တဲ့ ဆိုင္ဆိုတာနဲ႔'

'ကၽြန္ေတာ့္ကို ညေနပိုင္း အခ်ိန္တစ္နာရီေလာက္ ေပးလို႔ ရမလား မမ'

'မအားဘူး'

'အနည္းဆံုးေတာ့ ဘာေၾကာင့္ မထားရမွာလဲ ဆုိတာကို ေျပာျပသင့္တယ္ ထင္တာပဲ'

'အဲ့ဒီစတိတ္ ဆိုတာ ပါလာရင္ ဘာေတြ ပါလာမယ္ ဆုိတာကို မင္းလည္း သိတယ္ ငါလည္း သိတယ္ ဖီးလ္လက္စ္ အႏုပညာရွင္ အမည္ခံတာေတြကို ငါ အထင္မေသးပါဘူး ခန္႔ညား၊ သူတို႔ဝမ္းစာ သူတို႔ပညာ ဆိုတာကို ငါ နားလည္ေပးႏုိင္တာက သတ္သတ္၊ ငါ့သားကို အဲ့လို အႏုပညာဆိုတဲ့ အသိုင္းဝုိင္းထဲကို ထည့္မေပးလုိက္ႏုိင္တာက သတ္သတ္'

'သူက မငယ္ေတာ့ပါဘူးမမ သူ႔ကိုယ္သူလည္း ထိန္းမတ္ေနႏုိင္ပါျပီ၊ ကၽြန္ေတာ္တို႔ သူ႔ကို ယံုၾကည္သင့္တယ္ မဟုတ္လား'

'ယံုတယ္ေလ ယံုလို႔ပဲ သူ႔ဖာသာ ေနခ်င္တယ္ ဆိုတုန္းက ငါတို႔ ခြင့္မျပဳေပးခဲ့ဘူးလား၊ ဒီမွာ ခန္႔ညား ယံုၾကည္ျခင္းမွာလည္း အကန္႔အသတ္ တစ္ခုေတာ့ ထားရမယ္ေလ၊ ဦးေနာင္ရိုးထင္ ေဒၚထိပ္ထားၾကည္စင္ရဲ႕သား မိုးသားၾကည္စင္က အဲ့လို အႏုပညာ အသိုင္းအဝိုင္းနဲ႔ ပတ္သတ္ ရႈပ္ေထြးေနတယ္ ဆုိတာမ်ိဳး အျဖစ္မခံႏုိင္ဘူး၊ မင္းသိလား၊ ငါ့သားကိုငါ သူ႔ေနရာ သူ႔အတုိင္းေလးပဲ ၾကည္ၾကည္စင္စင္ေလး ရွိေနေစခ်င္တာပါ၊ မင္းထိန္းခဲ့တဲ့ကေလး မင္းအသိဆံုးပါ ခန္႔ညား'

'ကၽြန္ေတာ္သိျပီ'

ဖုန္းခ်သြားျပီးမွ ကၽြန္ေတာ္ ေလပူတခ်ိဳ႕ မႈတ္ထုတ္လိုက္မိတယ္။ ဒီအေမနဲ႔ ဒီသားက ဘာေၾကာင့္မို႔ ဒီေလာက္ေတာင္ ကြာဟခ်က္ေတြ မ်ားေနရတာလဲ၊ ေကာင္းသားပဲ ၾကားထဲက ကၽြန္ေတာ္ကပဲ အေနမတတ္တာ ျဖစ္ႏိုင္ေသးတယ္။

မနက္ခင္းက ေဆြးေႏြးမႈအတြက္ တစ္ဖက္က ေရွ႕ေန႔ကို စံုစမ္းရတယ္၊ အမႈအတြက္ ဥပေဒ ပညတ္ခ်က္ေတြကို တစ္ခုခ်င္း ျဖစ္ႏုိင္တာေတြကို ေသခ်ာ ျပန္လည္ မွတ္သားရတယ္။ ဥပေဒစာအုပ္ကို ထုတ္လုိက္ ျဖစ္ေနတဲ့ အမႈေၾကာင္းကို ဖတ္လုိက္နဲ႔ ေခါင္းကိုက္လာေတာ့မွ မ်က္မွန္ကို ခၽြတ္လုိက္ျပီး ခံုမွ မွီခ်ထားလုိက္တယ္။

ဒီရက္ပိုင္း ဒီဟာေလးကို မေတြ႔ရရင္ ေကာင္းမယ္၊ ေတြ႔တာနဲ႔ စတိတ္စင္ ဆိုတာကို ျပန္ျပီး ေတာင္းဆိုအံုးမွာပဲ၊ အစ္မေတာ္က ယတိျပတ္ လံုးဝ မလုပ္ရဘူး ဆိုတာကို ရွင္းျပလည္း လက္မခံခ်င္ လက္ခံခ်င္နဲ႔ ျဖစ္ေနအံုးမွာ၊ သူ႔မ်က္ႏွာကို ၾကည့္ျပီး စိတ္ညစ္ခံမယ့္အစား အလုပ္ထဲမွာပဲ စိတ္ညစ္ခံလုိက္ေတာ့မယ္။

ဇက္ကို ဟိုဘက္ ဒီဘက္ခ်ိဳးျပီး အေညာင္းေျဖလုိက္ျပီးမွ မ်က္မွန္ကို ျပန္တပ္လိုက္တယ္။ ရံုးက စာေရးေလးက ရံုးဆင္းခ်ိန္မို႔ ျပန္ေတာ့မယ္ ဆိုေတာ့ ေခါင္းညိတ္လိုက္ျပီး ကိုင္လက္စ ဥပေဒစာအုပ္ကို လွန္လုိက္ရံုတင္ ရွိေသး၊

'ကလင္ ကလင္ ကလင္'

ခုနတုန္းက အိတ္ထဲ ျပန္ထည့္ထားတဲ့ ဖုန္းကို ကိုင္လိုက္ေတာ့ ဘာသံမွ မၾကားရ၊ ဘာလဲ ဖုန္းေခၚျပီးမွ မေျပာရဲ မဆိုရဲ၊

'ဂ်ီဂ်ီ ဘာလဲ ဖုန္းေခၚျပီးမွ'

'ေလးငယ္ စိတ္ဆိုးမွာလား'

'မင္း ဘာလုပ္ထားမွန္းမွ မသိတာ စိတ္ဆိုးတာ မဆိုးတာကို ေျပာျပီးမွ ဆံုးျဖတ္လို႔ ရမွာ'

'ဂ်ီဂ်ီ ရဲစခန္းမွာ ေရာက္ေနတာ'

'စခန္းအမွတ္ေျပာ'

အေပၚဝတ္ကို တစ္ခါတည္း တန္းေကာက္ျပီး ကားေသာ့ကိုပါ လက္က လွမ္းျပီးမွ သူ ေျပာလုိက္တဲ့ ရဲစခန္းသို႔ ေရာက္လာခဲ့တယ္။ ဟိုေရာက္ေတာ့ စားပြဲတစ္လံုးတည္းတြင္ ဂ်ီဂ်ီႏွင့္ အတူတူ ထုိင္ေနေသာ လူငယ္တခ်ိဳ႕၏ မ်က္ႏွာက ဖူးေယာင္ေပါက္ျပဲေနျပီး သူက လက္ကို ႏွိပ္ခ်ိဳးေနတယ္။

ကၽြန္ေတာ္ ပထမဆံုး ဘာမွမေမးေသးပဲနဲ႔ မ်က္ႏွာေလးကို ေမာ့ယူလုိက္ျပီး ထိခိုက္သြားတာကို စစ္တယ္။ ေခါင္းကို ဖြျပီး စစ္တယ္။ ျပီးေတာ့ လက္ေတြကို စစ္တယ္၊ ေျခေထာက္ေတြပါ စစ္ျပီးလို႔ ဘာမွမျဖစ္မွ ခုနတုန္းက ႏွိပ္ေနတဲ့ လက္ကို ဆြဲယူလိုက္ေတာ့ ထိုးထားလို႔ ရဲတြတ္ျပီး ေပါက္ျပဲေနတာကို ေတြ႔ေတာ့ ခ်က္ခ်င္း မ်က္ေမွာင္ကုတ္မိတယ္။ စိတ္ခ်ရျပီ ဆိုမွ သူ႔ကို မ်က္လံုးခ်င္း ဆံုၾကည့္ေတာ့ အခုမွ အစြယ္မထြက္ေတာ့တဲ့ ေျမႊလိုလုိနဲ႔ ေခါင္းပါ ငံု႔သြားေလတယ္။

'လက္ကို ဒီေလာက္နာေအာင္ ထိုးရလား မင္းလက္နာေနျပီေလ ေတာ္ရေကာင္းမွန္း မသိဘူးလား'

ကၽြန္ေတာ္ ပထမဆံုး ေျပာလုိက္ေသာ စကားကို ရဲေတြက တအံတၾသ၊ မ်က္လံုးအျပဴးသား။ အထိုးခံထားရတဲ့ ေကာင္ေလးေတြကဆို ေဒါသတၾကီးနဲ႔ ကၽြန္ေတာ့္ကို မလိုတမာ ၾကည့္တယ္။ ဂ်ီဂ်ီက မ်က္လံုးခပ္လြဲလြဲျဖင့္ ဆိုတယ္။

'တစ္ေယာက္က ေဆးခန္းေရာက္သြားတယ္'

'မင္းအသက္ဘယ္ေလာက္လဲ ဂ်ီဂ်ီ'

'ႏွစ္ဆယ့္ေျခာက္'

ကၽြန္ေတာ္ သူ႔မွာ အျပစ္ရွိလို႔ ဆူလုိက ္ေျပာလိုက္တိုင္း လုပ္ေနက် ထံုးစံအတိုင္း လက္ကို ေဘးႏွစ္ဖက္မွာ ခ်ထားျပီး ေျပေျပေလ်ာ့ေလ်ာ့၊ ေခါင္းကို ငံု႔လ်က္၊

'ရန္ျဖစ္ရမယ့္ အသက္အရြယ္ကို ေျပာျပထားဖူးတယ္ မဟုတ္လား'

'ဆယ့္ရွစ္ကေန ႏွစ္ဆယ့္သံုးပါ ဒါေပမယ့္'

ေခါင္းေမာ့လ်က္ ျငင္းမယ္အျပဳ ကၽြန္ေတာ္ေမးဆတ္လုိက္ေတာ့ သူက ေခါင္းေလးျပန္ျပီး ငံု႔သြားတယ္၊

'သူတို႔က ေလးငယ္ကို ေျပာတာ'

ရင္ထဲမွာ သိမ့္ခနဲ ၾကည္ႏူးျခင္းက ျဖတ္စီးသြားတယ္၊ သို႔ေပမယ့္၊

'ငါ့ကိစၥကို မင္းပူစရာ ရွိလား'

ေခါင္းကို မခါခ်င္ခါခ်င္နဲ႔ ျဖည္းျဖည္းေလး ခါတယ္၊ ရဲစခန္းမွာ ရွိတဲ့ အေရးေပၚ ေဆးေသတၱာရွိတဲ့ဆီကို ေလွ်ာက္သြားျပီးမွ ပလာစတာတစ္ခုကို ဆြဲထုတ္ယူလိုက္ကာ သူ႔လက္ေတြမွာ အေသအခ်ာ ကပ္ေပးလုိက္ျပီးမွ ရဲေတြဘက္ကို လွည့္မိတယ္။

'ဘယ္ကေန စျဖစ္တယ္ ဆုိတာ သိလုိ႔ ရမလား'

ကၽြန္ေတာ္ ေမးလုိက္တာက ရဲေတြကို ျဖစ္ေသာ္လည္း ထိုင္ေနေသာ လူငယ္အမ်ားက ဘယ္ကတည္းက ေျပာခ်င္ေနမွန္းမသိေသာ ေဒါသေတြျဖင့္၊

'ကၽြန္ေတာ္တို႔ ဒီေကာင့္ကို မသိဘူး၊ ကၽြန္ေတာ္တို႔က ခန္႔ညားၾကည္စင္ ဆိုတဲ့ ေရွ႕ေနအေၾကာင္းပဲ ေျပာတာ၊ ေငြတစ္မ်က္ႏွာတည္းကိုပဲ ၾကည့္တာကို ေျပာေနတာ'

'အဲ့လို ေျပာဖို႔ မင္းတို႔မွာ သက္ေသရွိလား'

'အဲ့ဒါက ကၽြန္ေတာ္တို႔က အမႈတစ္ခုအေၾကာင္း ျငင္းခုန္ရင္းက'

'ကၽြန္ေတာ္ ဒီလူေတြကို တရားျပန္စြဲမယ္၊ အသေရ ဖ်က္မႈနဲ႔'

ရဲေတြ ခဗ်ာ ေၾကာင္ေတာင္ေတာင္နဲ႔ ကၽြန္ေတာ့္ကို ၾကည့္လာတယ္၊ အဲ့ဒီေတာ့မွ ကၽြန္ေတာ္ လြန္႔ခနဲ ျပံဳးလုိက္ျပီး အတည္ျပဳေပးလုိက္တယ္၊

'သူတို႔ ေျပာေနတဲ့ ခန္႔ညားၾကည္စင္ ဆုိတာ ကၽြန္ေတာ့္နာမည္ပဲ၊ ကၽြန္ေတာ္က ေရွ႕ေနပါ၊ ဒါက မိုးသားၾကည္စင္ ကၽြန္ေတာ့္တူ'

'ေလးငယ္'

ရဲတခ်ိဳ႕က ေခါင္းကုတ္တယ္၊ တခ်ိဳ႕က ဆိုလာတယ္၊

'ဘယ္လိုပဲ ဆိုဆို တစ္ေယာက္က ေဆးခန္း ေရာက္သြားတယ္ ဆိုေတာ့ ဒီေန႔ေတာ့ အာမခံနဲ႔ ေခၚသြားလို႔ မရႏုိင္ပါဘူး'

'ဟုတ္လား'

လက္ထဲမွာ ကိုင္ထားမိဆဲ ဖုန္းနဲ႔ ကားေသာ့ကို စားပြဲေပၚ အက်အန တင္လိုက္ျပီးမွ အနီးဆံုးမွာ ရွိတဲ့လူရဲ႕ မ်က္ႏွာ တည့္တည့္ကို ေျဖာင့္လက္သီး တစ္ခ်က္ ပစ္သြင္းလုိက္တယ္၊

'ခြပ္!!'

'အား!! ဒီလူ ရူးေနတာလား'

ကိုယ္ထိ လက္ေရာက္မႈ ျဖစ္သြားျပီမို႔ ရဲေတြ ရွိရာသို႔ ျပန္လွည့္လိုက္ျပီးမွ ဆိုလုိက္တယ္၊

'ဒါဆို ႏွစ္ေယာက္လံုး ဝင္လို႔ ရျပီလား'

'ဟား ဒီလူေတြ တကယ္ပဲ'

'ရူးေနတာလား'

ရဲေတြ တစ္ေယာက္တစ္ေပါက္ ဆိုေနတာကို ဂရုမစိုက္ပဲႏွင့္ လက္ပိုင္းေလးပဲ ဝတ္ထားတဲ့ သူ႔ကိုယ္ေပၚကို အေပၚကုတ္ကို လႊားျခံဳေပးလုိက္တယ္။ ျပီးမွ ရဲစခန္းအတြင္းမွာ မ်က္လံုးေဝ့ ကစားလိုက္ေတာ့ ေစာင္တစ္ထည္နဲ႔ ေခါင္းအံုး ပံုေနတာကို ျမင္ေတာ့ သြားယူျပီးမွ ဂ်ီဂ်ီကို လက္ဆြဲကာ ထေစတယ္။

'လာခဲ့!!'

ဆြဲေခၚလုိက္တဲ့အတုိင္း ထလာျပီးမွ အခ်ဳပ္ခန္းထဲကို ထည့္လုိက္ျပီး ကၽြန္ေတာ္ပါ လုိက္ဝင္လုိက္တယ္။ ေထာင့္တစ္ခုကို ေရြးယူလိုက္ျပီးမွ ေစာင္ကို အက်အန ခင္းလုိက္ျပီးမွ ေခါင္းဦးကို အသာအယာ ပစ္ခ်လိုက္တယ္။ ျပီးမွ ေမးဆတ္ျပလိုက္ေတာ့ သူက ဝင္ထိုင္တယ္။ ကၽြန္ေတာ္ သူ႔အနားမွာ ဝင္ထိုင္လိုက္ေတာ့ သူက ကၽြန္ေတာ့္ကို မ်က္လံုးလွန္ၾကည့္တယ္။

'ေလးငယ္ ကၽြန္ေတာ့္ေၾကာင့္'

'မင္းေၾကာင့္မွန္းသိရင္ ေနာက္တစ္ခါ ရန္မျဖစ္နဲ႔၊ ျဖစ္လည္း ရဲစခန္း မေရာက္ေစနဲ႔၊ ေတာ္ရံုပဲ ထုိးေလ ဘာလို႔ လက္နာေအာင္ထိ လုပ္ရတာလဲ၊ ျပီးေတာ့ ဒီေလာက္ထိ'

လက္နာေအာင္ မထိုးနဲ႔ ေျပာရတာမွာ ကိုယ္တိုင္ ကိုယ္လံုပညာကို သင္ၾကားေပးထားတာေၾကာင့္ ေတာ္ရံုလူေလာက္ေတာ့ျဖင့္ ေမွာက္သြားေအာင္ လုပ္ႏုိင္မွန္း သိေနတာေၾကာင့္ပင္၊ သူမ်ားကို နာေစလိုျခင္းကို စိတ္ပါဝင္စားမႈ အားနည္းေသာ္လည္း သူ႔လက္ေတြ နာသြားတဲ့အထိေတာ့ ခြင့္မျပဳခ်င္ေပ။

'ေလးငယ္မွ သူတို႔ ေျပာတာကို မၾကားတာ'

ထိုစကားကို ခပ္တိုးတိုး မၾကားတၾကား ဆုိေနေသးတယ္။

'မင္း အခု ေျပာေနတာ ငါၾကားတယ္'

'ေလးငယ္ ဘာစားျပီးျပီလဲ'

'အမဲသားစတိတ္ လုပ္ေကၽြးမလို႔လား'

ေမးလိုက္ေတာ့ သူက ခိုး၍ ျပံဳးသည္။ အခ်ဳပ္ထဲမွာ အမဲသားစတိတ္ ေတာင့္တတာေတာ့ မဟုတ္ေပမယ့္ ဒီဟာေလး စိတ္ဖိစီးတာကို ေျဖဖို႔က အာ့လိုေမးလိုက္မွ ရမွာ၊

'ေကာင္းေရာ ငါလည္း နားရက္ရတယ္'

သူ႔အနားမွာပဲ နံရံကို မွီျပီး မ်က္လံုးေတြကို မွိတ္လိုက္တယ္။ ဒီအပတ္ထဲမွာ ျပီးရမယ့္အမႈကေတာ့ ဘယ္ဆီကို လြင့္သြားျပီလဲ ဆိုတာ ကၽြန္ေတာ္မသိေတာ့၊

'ေလးငယ္ သူတို႔က ေလးငယ္ကို ေငြမ်က္ႏွာပဲ ၾကည့္တယ္လို႔ ေျပာတယ္ ဒါေပမယ့္ သူတို႔ ေျပာတာ မျဖစ္ႏုိင္ပါဘူး ေလးငယ္မွ ေငြမလိုတာကို'

'ေငြထက္လွတဲ့ မ်က္ႏွာမ်ိဳးက ရွားလို႔'

'ခြီ ခြီ'

ကၽြန္ေတာ္ ေျပာတာ မွန္ေနတာေတာင္မွ သူက သူ႔ဖသာ တခြီခြီ ၾကိတ္ရယ္ေလတယ္။ ဒီဟာေလးေတာ့ ပညာေပးလုိက္ရမေကာင္း ျဖစ္ေတာ့မယ္။

'မမနဲ႔ ေန႔လည္က ဖုန္းရတယ္'

'ဘာတဲ့လဲ ကၽြန္ေတာ့္ကို ျပန္ခဲ့ရမယ္ တဲ့လား'

'စတိတ္စင္ကို ဟဲဗီးေအာ့ဘဂ်တ္ထ္ တဲ့'

'ဟာ တကယ္ၾကီးလား ဂ်ီဂ်ီက ဆုိင္ျပင္ရင္းနဲ႔ စတိတ္စင္ ထည့္ခ်င္တာ၊ မာမီက ဘာလို႔လဲ'

'မင္းကို သူမ်ားေတြနဲ႔ ရႈပ္ေထြးတာ မျမင္ခ်င္လို႔ ေနမွာေပါ့'

'မာမီကလည္းကြာ ေလးငယ္ ေျပာလို႔ မရႏုိင္ဘူးလား'

'ငါလည္း အတူတူပဲ ကန္႔ကြက္တယ္'

'ဟာ ဂ်ီဂ်ီက အရုပ္လား လုပ္ခ်င္တုိင္း ဘာမွမလုပ္ရဘူး'

'မဟုတ္လည္း ဒီဆိုင္ကို ပိတ္ပစ္မလား'

'ေလးငယ္!!'

'နားေတာ့'

'ဂ်ီဂ်ီ ဗိုက္ဆာတယ္၊ ေလးငယ္'

'မစားနဲ႔'

'သားဗိုက္ဆာတယ္လို႔ ေလးငယ္'

ကၽြန္ေတာ့္ မ်က္လံုးေတြ ဖ်တ္ခနဲ ပင့္တက္လာတာကို ၾကည့္ျပီး သူက တစ္ဖက္တည္းျပံဳးတယ္၊ ဘယ္ဘက္ပါးျပင္မွ ပါးခ်ိဳင့္ ရွည္ရွည္ေလးက ဝင္းခနဲ လက္ခနဲ၊ ဒီအျပံဳးက သိပ္ျပီး လွသေလာက္ သိပ္ျပီး အဆိပ္ျပင္းတာမ်ိဳး၊ ဒီဟာေလးေတာ့ လိုခ်င္တာရဖို႔ ျပဳစားဖုိ႔ကို ဘယ္ေတာ့မွ မေမ့တတ္တဲ့ ဂေဝမ်ားလား၊

အိတ္ထဲမွာ ပါလာတဲ့ ဖုန္းကို ထုတ္လုိက္ျပီးမွ ရဲေတြကို ေထာင္ျပလိုက္တယ္။ ဖုန္းဆက္မယ္ ဆိုတဲ့သေဘာ၊

'ေအာင္ခန္႔ ငါအခု အမွတ္(....) ရဲစခန္းမွာ ဒီကို အမဲစြပ္တစ္ပြဲ၊ ရွမ္းေခါက္ဆြဲ တစ္ပြဲ၊ ျပီးေတာ့ ပီဇာရယ္'

ရွိသမွ် ရဲေတြကို လွမ္းၾကည့္လုိက္ျပီးမွ ရွစ္ေယာက္ရွိတာေၾကာင့္၊

'ေကာ္ဖီ ရွစ္ခြက္၊ မုန္႔ရွစ္ခု ဘာျဖစ္ျဖစ္ ယူလာေပးခဲ့၊ စားလို႔ လြယ္ေအာင္ တစ္ခါတည္း လုပ္လာခဲ့'

'ေကာ္ဖီ ကိုးခြက္'

ဂ်ီဂ်ီက ဖုန္းအနားကို တိုးလာျပီးမွ ကပ္ေျပာတယ္၊ ေအာင္ခန္႔က ေယာင္ေတာင္ေတာင္နဲ႔ ဘယ္ႏွစ္ခြက္လဲဟု ျပန္ေမးေနေသးတယ္။

'ရွစ္ခြက္အတိပဲ'

'ေလးငယ္ ဂ်ီဂ်ီလည္း ေကာ္ဖီ ေသာက္ခ်င္တယ္'

'အိပ္မေပ်ာ္တာ ျပန္စေနတယ္ဆို မေသာက္ရဘူး'

ေအာင္ခန္႔က အမွန္ကို အားကိုးရတဲ့ ပီေအ ျဖစ္ေလတယ္။ ေရာက္တာႏွင့္ အိပ္ရာလိပ္ပါ ထည့္ယူလာျပီး ဖုန္းအားသြင္းတဲ့ ဘတ္ထရီအပိုေတြပါ ထည့္ယူလာေသး၏။

'ဆရာ ဘယ္လို ျဖစ္ျပီးေတာ့'

ေအာင္ခန္႔က ကၽြန္ေတာ့္ကိုပဲ ျမင္ေနရာက အေနာက္မွ ဂ်ီဂ်ီက ေဘးသို႔ တစ္လွမ္းေရြ႕လုိက္ျပီး မ်က္လံုးေတြ မွိတ္က်ေအာင္ ရယ္ျပရင္း လက္ေခ်ာင္းေလးေတြ လႈပ္ခတ္ကာ ႏႈတ္ဆက္ေလတယ္။

'ကိုၾကီးခန္႔'

'ေၾသာ္..'

ကၽြန္ေတာ္ပင္ ေျဖဖို႔ မလိုပါပဲႏွင့္ ေအာင္ခန္႔အတြက္ အေျဖက ဂ်ီဂ်ီကို ေတြ႔သည္ႏွင့္ ျပည့္စံုေလသလား မေျပာတတ္ေပ။ ေအာင္ခန္႔ ယူလာေပးတဲ့ အိပ္ရာခင္းကို ထူေနေအာင္ အက်အန ခင္းျပီးမွ မွီဖို႔ပါ ေသခ်ာ ျပဳလုပ္ေပးျပီး စားေသာက္ေနတဲ့ ဂ်ီဂ်ီကို တစ္ခ်က္ ၾကည့္မိတယ္။ ဝမ္းနည္းတတ္တာလည္း သူ႔အျပင္ ႏွစ္ေယာက္မရွိ၊ လုပ္လိုက္ျပီ ဆိုလည္း ေရွ႕မေတြး ေနာက္မေတြး၊ ဒါေလးကို ထားျပီးေတာ့ အိမ္ေထာင္ဖက္ ရွာဖို႔လား၊ ဘယ္လို စိတ္နဲ႔လဲ၊ မျဖစ္မွ မျဖစ္ႏုိင္တာ၊

အခုလည္း သူမ်ားကို ထိုးထား ၾကိတ္ထားျပီးေတာ့ အခ်ဳပ္ထဲမွာ စားဝင္ေနလုိက္တာမ်ား ဟိုဘက္ပါးေရာ ဒီဘက္ပါးပါ ေဖာင္းေနျပီး ႏႈတ္ခမ္းေတြကို စုခၽြန္လ်က္၊ မင္းပဲ တတ္ႏုိင္တာ ဂ်ီဂ်ီ မင္းပဲ၊ စားျပီးသြားေတာ့ ကၽြန္ေတာ့္အနားသို႔ တိုးကပ္လာျပီး ေျပာပါတယ္။

'ေလးငယ္ ဖတ္စရာစာအုပ္လည္း မရွိဘူး ဘယ္လို အိပ္ရမလဲ'

အိပ္ရာေပၚသို႔ တက္ျပီးမွ အနားတြင္ ျငဴစူစူနဲ႔ ထိုင္ေနတာမ်ား ကၽြန္ေတာ့္အသည္းကို ခိုင္မခိုင္ စမ္းေနသလားမွတ္ရေသး၊ ေခါင္းအံုးေတြ ဆင့္ျပီး မွီခိုင္းထားတာကို သူက လက္ျဖင့္ ရိုက္ျပီးမွ ေျပာတယ္။

'မွီဖို႔ကလည္း မာမာေလးလည္း မဟုတ္ဘူး၊ ေခါင္းအံုးေတြက မွီလို႔ မေကာင္းဘူး'

ေျပာလည္းေျပာ ကၽြန္ေတာ့္ လက္ေမာင္းမွာ အက်အန မွီထိုင္ေလတယ္၊ ျပီးေတာ့ သူ႔ေခါင္းကို ေနရာက်သြားေအာင္ တိုးရင္း ဆုတ္ရင္း လႈပ္ရွားရင္းနဲ႔ ေခြးေပါက္ကေလးေတြ အေမရင္ခြင္ထဲမွာ တိုးေနသလိုမ်ိဳး၊ ဒီဟာေလး အစားအေသာက္ေတြ စားထားျပီး မသုတ္ပဲနဲ႔ အက်ႌေတြေတာ့ သြားပါျပီ။ မထူးပါဘူး၊ အက်ႌေတြ ေပေနမွေတာ့ အက်ႌ လက္ဖ်ားနဲ႔ သူ႔ႏႈတ္ခမ္းေတြကို ပြတ္တိုက္ပစ္လုိက္ေတာ့ အလိုမက်သည့္ မ်က္ဝန္းညိဳညိဳတို႔က စူးခနဲ၊

'မၾကိဳက္ရင္ ကိုယ့္ဖာသာ လုပ္ေလ မင္းလုပ္တာ ငါ့အက်ႌေတြ ၾကည့္'

'ေလးငယ္ ဇီဇာတအား ေၾကာင္တာပဲ၊ ဒီတစ္ရက္ေလာက္ေလး ေပသြားတာ ဘာျဖစ္လဲ အက်ႌတစ္ထည္ေလးနဲ႔ ေလးငယ္ မြဲသြားလို႔လား'

'မင္းညစ္ပတ္တာ လူသိတယ္ တိတ္တိတ္ေန'

'ေလးငယ္ ကၽြန္ေတာ္အိပ္ဖို႔ စာအုပ္လိုတယ္'

ျပန္လည္ မွီခ်ရင္းက ဆိုေတာ့ ေလပူတစ္ခ်က္သာ မႈတ္ထုတ္မိျပီး ေခါင္းညိတ္ျပလုိက္ရတယ္။

'နားေထာင္၊ ကဗ်ာရြတ္ျပမယ္'

'အိုေက ေလးငယ္ မိန္းမပိုးနည္းသာ မတတ္တာ က်န္တာအကုန္တတ္တယ္' ဟု ေက်ေက်နပ္နပ္ ဆိုေလတယ္။

'မင္းအတြက္ မဟုတ္ေသာ ကိုယ့္အတြက္

ေက်နပ္တတ္ဖို႔ ေနတတ္ရတယ္ဆိုရင္

မင္းမရွိပဲနဲ႔ေတာ့ မျဖစ္ဘူးေလ။

ဝမ္းနည္းျခင္းလား လြမ္းဆြတ္ျခင္းလား

ဒါမွမဟုတ္ ေပ်ာ္ရႊင္ျခင္းလား ေက်နပ္ျခင္းလား၊

မင္းမွမဟုတ္ရင္ ဒါေတြ အားလံုးမျဖစ္လာႏုိင္ဘူးေလ။

ေၾကြျခင္းေဝျခင္းက မင္းကိစၥ

ေၾကြေၾကြေဝေဝ တန္ဖိုးထားဖို႔ ကိုယ့္ကိစၥ။

မင္းသိထားရမွာက ေရကန္ေပၚက အလွတရား

ကိုယ္သိထားသင့္တာက ေရကန္ေအာက္က ဒုကၡတရား။

ပန္းဘယ္လိုခူးရမလဲ မင္းသိဖို႔ မလိုဘူး၊

မင္းလိုခ်င္ ပန္းကို အလိုလို ေၾကြေစမွာမို႔။

မင္းမ်က္ခံုးေတြ တြန္႔ေကြးခ်ိန္မွာ

ကိုယ္ဟာ ေသႏုိင္တယ္။

မင္းမ်က္ႏွာ မ်က္ရည္ဥခ်ိန္

ကိုယ္ဟာ ေသတတ္တယ္။

မင္းဘယ္သူလဲ ဆိုတဲ့အသိတရားအတြက္

ကိုယ္ဟာ အၾကိမ္ၾကိမ္ေသတယ္။

မင္းမ်က္ဝန္းေတြ ေမွးလိုက္ခ်ိန္တိုင္း

မင္းပါးခ်ိဳင္႔ေတြ အသက္ဝင္လာတုိင္း

ကိုယ္ဟာ အၾကိမ္ၾကိမ္ေသတယ္။

မင္းလို မ်က္ရည္မက်တတ္တိုင္း

ကိုယ္ဟာ ေအးစက္တတ္သူလား၊

မင္းလို စကားခ်ိဳခ်ိဳ မဆိုတတ္တိုင္း

ကိုယ္ဟာ ရင့္သီးတတ္သူလား၊

မ်က္ရည္က်မွ နာက်င္ရတယ္လို႔

မင္းေတြးေလသလား၊

လည္ပတ္ၾကိဳးကို တင္းတင္းဆြဲခ်ိန္တိုင္း

ကိုယ္ဟာ အျမီးႏွံ႔ဖို႔ပဲ သိသူမို႔၊

ဒီရင္ခြင့္ ေျခစံုကန္ဖို႔ ျဖစ္လာရင္

ဖြင့္ထားတဲ့ ရင္ဘတ္သာ ေျပးကန္ပါ၊

ေက်ာေနာက္ကေန ကန္ရင္

ရင္ဘတ္နဲ႔ေက်ာမွာ

ေက်ာဟာ ပိုျပီးမာတာမို႔

မင္းေျခဖဝါး အသားႏုမွာ

ဒဏ္ရာေတာ့ မထင္ေစလို၊

(ကဗ်ာအတြက္ Crd: ဘယ္လို ေပးရမွန္း မသိပါဘူး၊ စစ္ျငိမ္းနဲ႔ ဆန္းေက်ာ္စြာဝင္းကို ေရာေမြထားျပီးေတာ့ အုန္းကၽြမ္းထားပါတယ္၊ ကဗ်ာသည္ စြဲအပိုင္ မဟုတ္ပါ)

ကဗ်ာအဆံုးတြင္ တုတ္တုတ္မွ် မလုပ္ေတာ့သည့္ ဂ်ီဂ်ီသည္ ပုခံုးကို မွီျပီး ႏွစ္ျခိဳက္စြာ၊ အိပ္ေရးပ်က္တာ ရက္စိပ္လာတယ္ ဆိုတာ အခုလို အသက္ရႈႏႈန္းမွန္မွန္နဲ႔ အိပ္ေနျခင္းလား၊ တစ္ခုခု လြဲေနတယ္လို႔ ခံစားမိေသာ္လည္း လက္ျဖဴျဖဴတို႔မွ ပြန္းပဲ့ရာအတြက္ ေအာင္ခန္႔ကို မ်က္ရိပ္ျပလို႔ ေဆးဘူး ယူခိုင္းရတယ္၊ ပလာစတာေလးကို အသာေလး ခြာျပီး ေဆးထည့္ေတာ့ တစ္ခ်က္မွ် လူးလြန္႔သြားေလရာ ေလေအးေအး မႈတ္ေပးရင္း ေဆးထည့္ေပးရတယ္။ ဒီဟာေလး သူမ်ားကို ထိုးတာ ကိုယ့္လက္ နာေအာင္ ထိုးစရာလား၊

@@@@@@@@@@

ဆက္ရန္---

စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။

စြဲညိဳ႕


rate now:

3 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:11 5

    good

    reply

  • reader JuliusJulius 07.12.2019, 21:01 4.9

    good

    reply

  • reader JuliusJulius 07.12.2019, 21:01 4.9

    good

    reply