book

Index 1

Part-1

Nephew


@@@@


ကျွန်တော်က သူနဲ့ ပတ်သတ်လာရင် အမြဲတမ်း ငေးကြည့်နေရတဲ့ ဘက်က၊ ဘယ်လို ကြည့်နေရတာလဲ ဟုတ်လား၊ အဝေးကနေ ကြည့်တာလို့ ဖြေရမလား၊ အဲ့လို မဟုတ်ဘူး၊ အနီးကနေ ဆွေးပြီး ကြည့်ရတာလား အဲ့ဒါလည်း မဟုတ်ဘူး။ အနီးကနေ ငေးကြည့်နေတယ်၊ ဒါပေမယ့် မဆွေးဘူး၊ 


သူများတွေကို သူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနေတာကို ငေးတယ်၊ ကျွန်တော့်ကို ချိုချိုသာသာ ဆက်ဆံတာကို ကြည့်တယ်။ သူ ယဉ်ကျေးနေတာကို ကြည့်တယ်။ တစ်ခါတစ်လေ ပေါက်ကွဲ ထွက်သွားတဲ့ ခပ်မိုက်မိုက် ဒီဇိုင်းကိုလည်း အလွတ်မပေးဘူး။ သူ ကားမောင်းတဲ့ အခိုက်အတန့်ကို ကြည့်တယ်။ သူ လမ်းလျှောက်တဲ့ ဒီဇိုင်းလည်း မျက်လုံးမလွဲစေရဘူး။ 


သေးသေးလေးကနေ တစ်စ တစ်စ ကြီးလာတာကို ကြည့်တယ်၊ ဆယ်ကျော်သက် ရူးမိုက်တဲ့အရွယ်မှာလည်း သူ့ကို သေချာကြည့်နေခွင့် ရခဲ့တယ်။ ရင့်ကျက်မှုတွေ စတင် ဖြစ်တည်လာတာကိုလည်း ကြည့်တယ်။ မှုန်မှိုင်းမှုတွေကို စပြီး ခံစားရတဲ့အရွယ်မှာလည်း သူ့ကို ကြည့်နေခဲ့တယ်။ 


ခြေထောက်သေးသေးလေးတွေ လမ်းစလျှောက်ချိန်တုန်းကလည်း ကြည့်ခဲ့တယ်။ ဖိနပ်ဆိုဒ်မတော်သေးတာကို ဒီဇိုင်းလှလို့ စီးချင်တယ် ဆိုပြီး ပုလဲတွေ ရွဲတွေ ခနေတဲ့ ကာလမှာလည်း ကြည့်ခွင့်ရခဲ့တယ်။ ဒီဇိုင်းလှလှ ရှုးဖိနပ်တွေ တော်တဲ့ အရွယ်မှာလည်း ကြည့်နေခွင့် ရသေးတယ်။ 


ကွမ်းသီးလုံးလေးက လှလို့မို့ ကွမ်းသီးလေး ဖြစ်ချင်ပါတယ် ဆိုပြီး ငိုယိုခဲ့တဲ့ အရွယ်ကနေ စပြီးတော့ ဟိုကောင်မလေးက လှတယ် ဒီမော်ဒယ်ရဲ့ ဆိုဒ်က ဘယ်လို ဆိုတာအထိ၊ သူ နှစ်သက်တဲ့ ဆိုဒ်မှာ သုံးဆယ့်ခြောက်ကနေ စတယ် ဆိုပြီး နှစ်ဆယ့်လေးကအလယ် သုံးဆယ့်ငါးက အဆုံး ဆိုတာအထိ သူပြောပြသမျှကို အပြုံးနဲ့ နားထောင်ရတဲ့အရွယ်အထိ။ 


သေးစိုလို့ ငိုတတ်တဲ့အရွယ်ကနေ အဖြူမဆန်တဲ့ အရေးအတွက် အရှက်ကြီးကြီးနဲ့ ပထမဆုံးအကြိမ်ကို ဖြေရှင်းတဲ့ ကိစ္စအထိ ကျွန်တော်သူ့ကို ကြည့်ခွင့် ရခဲ့တယ်။ သူ ပြောင်းလဲသမျှ ဆံပင်ပုံစံအမျိုးမျိုးကို မြင်ခွင့်ရပြီးတော့ ကလေးဝတ် အရုပ်လေးတွေကနေ အပြာရောင် ရှပ်လွင်လွင်တွေ ပြောင်းလဲ ဝတ်တဲ့အရွယ်အထိ သူ့ကို ကြည့်ခွင့် ရတယ်။ 


ဒါပေမယ့် အဲ့ဒီ ဆက်ကြည့်နေခွင့်ဟာ ဘယ်ကာလမှာ အဆုံးတိုင်မယ် ဆိုတာ ကျွန်တော်ကိုယ်တိုင် မသေချာဘူး။ နံပါတ် သုံးဆယ်ခြောက်နဲ့ ကားပိုင်ရှင် တစ်ယောက်ယောက်က သူ့ကို အပိုင်ရသွားချိန်မှာလား၊ တကယ့်ကို မသေချာဘူး။ 


'ဟွန်း'


ဒီနေ့ခေတ် ကိုးရီးယားဇာတ်ကားတွေ ခေတ်စားခြင်းမှာ ကျွန်တော် အသိအမှတ်မပြုတဲ့ အခေါ်အဝေါ်နဲ့ သူက ကျွန်တော့်ကို ခေါ်ချင်တယ်။ ကျွန်တော် မလိုလားဘူး ဆိုတာကို မျက်မှောင်ကုတ်ခြင်းကနေပဲ ပြသလိုက်တယ်။ ပြီးတော့ လက်နှစ်ချောင်းကို ထောင်ပြလိုက်ပြီးမှ စိပြီး ဆွဲချပြလိုက်တယ်။ ဒီအခေါ်အဝေါ်အတွက် သူ့ရဲ့ လစဉ်ကြေးထဲကနေ ဖြတ်ချပစ်လိုက်မယ် ဆိုတဲ့သဘော။ အနည်းငယ် ထိပ်ပျာသွားတဲ့ ဟန်ပန်နဲ့ သူက ဆံနွယ်ညိုညိုတွေကို စတိုင်လ်ကျကျ ဖြစ်အောင် ပုံဖော်ထားတဲ့ သူ့ဆံပင်ကို ဆွဲဖွပစ်လိုက်တယ်။ 


'ဦးလေးကြီး အဲ့လို မညစ်ပတ်ကြေးလေ'


ဝတ်ထားတဲ့ အပြာရင့်ရင့် ရှပ်အကျႌအပေါ်ကနေ ထပ်ထားတဲ့ ကုတ်ကို ကမန်းကတမ်း ချွတ်လိုက်ပြီးမှ ကျွန်တော့်အနားမှာ ခြေချိတ်ပြီး ဝင်ထိုင်လာတယ်။ လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပေမယ့် သူ့ရဲ့လစဉ်ကြေးဟာ သူ့အလုပ်ကနေ ဝင်တဲ့ ကိန်းဂဏ္ဍာန်းထက်တော့ အသာလေး ပိုနေသေးတယ်။ သူ မလိုချင်ဘူး ဆိုတာ မဖြစ်နိုင်တာလေ။ 


ကျွန်တော့်လက်ထဲမှာ ကိုင်ထားတဲ့ ပြက္ခဒိန်ကို ဆွဲယူပြီးတော့မှ သူ့ပုံစံအတိုင်း ကျွန်တော့်ကို မျက်စိတွေ မှေးသွားအောင် ရယ်ပြလာတယ်။ သွေးကြောစိမ်းတွေ ယှက်ဖြာနေတဲ့ လက်နှစ်ဖက်နဲ့ လက်သီးဆုပ်လေး လုပ်ပြီးတော့ ခွေးကလေး ဆိုသည့် သဘောနှင့် ကျွန်တော့်ကို လုပ်ပြလာတယ်။ ဒီလောက်ကတော့ ကျွန်တော်က သူ့ကို ခွင့်လွတ်လိုက်စရာလား။ 


'ဂျီဂျီ မှားပါတယ် နောက်ကို မှားမခေါ်တော့ဘူး'


ဒါသည် အကြိမ်ပေါင်း တစ်ထောင် သုံးရာရှစ်ဆယ့်ခုနှစ်ကြိမ်မြောက် ကတိပေးခြင်း ဆိုတာကို သူက မသိလေရော့သလား။ ဒါပြီးရင် ကျွန်တော့် စိတ်မလိုမကျမှုကို မြင်တွေ့ချင်တိုင်း သူက ထိုအခေါ်အဝေါ်ကို အသုံးပြုပြီး ဆွမြဲ၊ ဂျီဂျီ ဟုတ်တယ်။ သူ့နာမည်က ဂျီဂျီ၊ အိမ်နာမည်လို့ ပြောရမယ်၊ ငယ်ကတည်းက တစ်နေကုန် ဂျီကျနိုင်လွန်းလို့ ပေးထားတဲ့ နာမည်အရ သူက တစ်သက်လုံး လိမ်လိမ်မာမာ နာခံသွားဖို့တော့ဖြင့် ရှိမနေခဲ့ပဲ၊ 


ကျွန်တော် အမှန်တကယ် ထရပ်လိုက်တော့ သူက ထိတ်ထိတ်ပျာပျာနှင့် ကျွန်တော့်လက်ထဲမှ ဖိုင်တွဲနှင့် လက်ကို လာဆွဲတယ်။


'ဟာ လေးငယ် တကယ်ကြီးလား၊ အဲ့လိုတော့ မလုပ်နဲ့လေ ဂျီဂျီမှားပါတယ် တကယ် တောင်းပန်ပါတယ်၊ ဒီတစ်လ မဖြစ်ဘူး၊ လေးငယ် ကျွန်တော် လုပ်ငန်းထဲကို ငွေထည့်ဖို့ လိုတယ်'


အင်း ကျွန်တော်က သူ့ရဲ့ အမွေထိန်းရှေ့နေဖြစ်သလို သူ့အမေရဲ့ မောင်လေး ဖြစ်ခြင်းမှာ သူ အပျော့ဆွဲ ဆွဲသမျှ အခံရဆုံး လူသားတစ်ဦး ဆိုလည်း မမှား၊ သူ ကျွန်တော့်ကို ကင်ပွန်းတပ်ထားတဲ့ အခေါ်အဝေါ်ဟာ ဦးလေးငယ် ဆိုတဲ့ဆီမှာ ဦး ဆိုတာကို သူ့ဖာသာသူ ဖြုတ်ပြီးတော့ လေးငယ် ဖြစ်သွားခြင်း၊ ထိုအထိ သူနဲ့ ကျွန်တော့်ကြားက ဘောင်ကန့်သတ်ချက်ကို ကျွန်တော် စည်းမဆွဲချင်လို့ လွတ်ထားပေမယ့် ဟွန်းဆိုတာက ဒီနေ့ခေတ်မှာ ရှင်သန်နေတဲ့ ကျွန်တော်လည်း အတိအကျ သိတယ်၊ ဒါဟာ ဦးလေး တစ်ယောက်ကို လေးစားမှု ပျောက်ဆုံးစေသော စကားလုံးမှန်း၊ 


'မင်း အစတည်းက နားလည်သင့်တာ'


'လေးငယ်!! လေးငယ် အခု ကျွန်တော့်အိမ်ကနေ ခြေတစ်လှမ်းထွက်သွားတာနဲ့ လေးငယ်အကြောင်း မာမီ့ကို ကျွန်တော် ဖော်ကောင် လုပ်ပြီ'


ဒီကလေး၊ ဒီကလေးလို့ ပြောလို့ မရတော့မယ့် အသက်ရွယ်ပဲ တိုင်နေပြီ။ နှစ်ဆယ့်ခြောက်နှစ် ဆိုတာက ငယ်တော့တာမှ မဟုတ်တာ။ အဲ့ဒါကို တစ်ခါတစ်လေ ဘာကိစ္စ ကျွန်တော့်အရှေ့မှာ သူငယ်ပြန်ချင်နေမှန်းမသိ။ 


'ကောင်းပြီ လုပ်'


'ဟာ လေးငယ်၊ ဂျီဂျီက ဒီအတိုင်းလေး နောက်လိုက်တာကို ဒီလောက် စိတ်မဆိုးရဘူးလေ၊ ကျွန်တော့်ရေခဲသေတ္တာကို ဖွင့်ကြည့်ပြီးပြီလား'


ကျွန်တော် ရပ်သွားတော့ သူက သူ့ဖာသာ အပြေးအလွှားနှင့် ရေခဲသေတ္တာထဲက သဘာဝဝိုင်ပုလင်းကို ထုတ်ယူကာ ထောင်ပြရင်း ဆိုတယ်။ 


'မင်း မငယ်တော့ဘူး ဒီလိုတွေ မလုပ်တာ ကောင်းမယ်၊ ငါ့အတွက် အမဲသားစတိတ် ဟိုတယ်စာ မစားဘူး'


ကျွန်တော် ဖိုင်တွေကို ပစ်ချလိုက်ပြီး သူ့အိမ်က မီးဖိုခန်းထဲကို ဝင်လိုက်တော့ သူက ဝမ်းသာအားရနဲ့ ရေခဲသေတ္တာကို ထိုးမွှေတယ်။ ဟိုတယ်စာ မစားဘူး ဆိုတာက သူ့ကို ကိုယ်တိုင် လုပ်ခိုင်းနေမှန်းတော့ ဒီကောင်လေး နားလည်သားပဲ၊ အေးပေါ့လေ အနောက်က သုညပေါင်း မြောက်များစွာ ပါတဲ့ လစဉ်ကြေးကို သူက မမက်စရာလား။ သိသားပဲ သူ့လုပ်ငန်းမှာ ငွေလိုနေတယ် ဆိုတာကို၊ အခုနေ ကျွန်တော်ဘာပဲ လုပ်ခိုင်း လုပ်ခိုင်း သူလုပ်မှာ။ 


'အမဲသား ကုန်နေတယ် လေးငယ်'


'ဒါဆိုလည်း ပြန်တော့မယ်'


'ခဏ ခဏ ဈေးသွားမယ် ဒီကပဲစောင့်'


'မင်းအိမ်မှာ ဘာရှိလို့ စောင့်ရမှာလဲ သွားမယ်'


'ဒါဆိုလည်း ဂျီဂျီ အကျႌလဲလိုက်အုံးမယ်'


'ဆယ်မိနစ်'


'ဟာ အချိန်ကြီးနဲ့ လုပ်ပြန်ပြီ လေးငယ်ရာ'


'တစ်မိနစ်'


'သွားပြီ သွားပြီ'


အကျႌလဲနေရင်းက သူက အော်ပြောသေးသည်။ 


'အဲ့လို အတိအကျတွေ ဖြစ်နေလို့ လေးငယ် မိန်းမ မရတာ' တဲ့လေ။ ဒီပါးစပ်ကလေး ရွှေချထားရမယ်။ ချက်ချင်း ထပြန်လိုက်ရင် ငိုကြီး ချက်မနဲ့ လိုက်လာမယ့်သူကများ။ 


'ဆယ်မိနစ်'


ဆယ်မိနစ်ဆိုတာကို ရေရွတ်လိုက်တဲ့အချိန်မှာ သူက ကျွန်တော့်အရှေ့ကို အမောတကောနဲ့ ရောက်လာတယ်။ ဆံပင်တွေ ပွယောင်းနေပြီးတော့ ဖြစ်သလို စွပ်လာတဲ့ တီရှပ်နဲ့ ဂျင်းပျော့သား ဘောင်းဘီလေးကလည်း နေသားမကျသေး။ ကမန်းကတမ်း ချွတ်ချ၊ ပြန်ဝတ်တွေ ပြုလုပ်ခဲ့ပြီး ဧည့်ခန်းနဲ့ ဘီရိုထားတဲ့ အခန်းက အပေါ်ထပ်နဲ့ အောက်ထပ်မို့ အပြေးအလွှားတွေ ဖြစ်သွားနိုင်မှန်း သိသိနဲ့ ဆယ်မိနစ်လို့ ပြောလိုက်ခြင်းမှာ ကျွန်တော့်ရှေ့ကို သူ ဒီလိုမျိုး ရောက်လာတိုင်း ဆံပင်ညိုညိုတွေကို သေချာသပ်ပေးလို့ ရနိုင်တယ်လေ။ 


ဆံပင်တွေ ညီအောင် လက်နဲ့ သပ်ပေး အကျႌတွေ ရွဲ့စောင်းနေတာကို သေချာ ပြန်တည့်၊ ပြီးတော့ ကော်လံတွေ သေချာ ပြန်ညှိ၊ ဘောင်းဘီ အသားမကျတာကို သေချာ ပြန်ဆွဲချ ပြုပြင်ပေးပြီးမှ၊ 


'သွားမယ်'


ဈေးဝယ် ဆိုပြီး ထွက်လာတိုင်း မားကပ်ငယ်လေးက သူနေတဲ့တိုက်ခန်းရှေ့တင်မို့ အထူးတလည်တွေ လုပ်နေဖို့ မလိုတာကြောင့် နှစ်ယောက်သား မားကပ်ငယ်လေးထဲကို ဝင်လာခဲ့လိုက်ရုံတင်၊ လိုသမျှကို သူ့ဖာသာ မှတ်သား၍ သူဝယ်သမျှ ဘေးနားကနေ အထုတ်လိုက်ဆွဲ ပေးရုံနဲ့ ဈေးဝယ်ခြင်း အနုပညာက ထင်မထားလောက်အောင် လှနေတတ်တာမျိုး။ 


ဈေးဝယ်ပြီး ပြန်လာတော့ သူက အေဖွန်အပြာရောင်ကို စွပ်ကာ မီးဖိုခန်းအတွင်းသို့ လှမ်းဝင်တယ်၊ ကျွန်တော်လား၊ အင်း ကျွန်တော်က ဟင်းချက်ခြင်းမှာ ဓားဖြောင့်အောင် မကိုင်တတ်တာရယ် လူနှစ်ကိုယ် ဝင်စာသာ ရှိတဲ့ မီးဖိုးခန်းထဲမှာ သူလှုပ်ရှားနေသမျှကို အနှောက်ယှက် မပေးလိုတာရယ်ကြောင့် စားတဲ့နေရာမှာ ငြိမ်သက်စွာ ထိုင်ခြင်းနဲ့ သူ့ကို ပါရမီဖြည့်ပေးတယ်။ ထုံးစံတွေ အများကြီးထဲက ထုံးစံအတိုင်း သူ ချက်ပြုနေတာကို ငြိမ်ငြိမ်လေး ကြည့်နေတယ်။ 


'လေးငယ် ဒါ အောင်ပန်းက တကူးတက မှာထားတာ အရသာကိုလည်း အထူးသတ်မှတ်ထားပေးတာ ခြောက်လလောက် ကြိုမှာရတာနော်'


ဝိုင်ငှဲ့ပေးရင်း သူ့ဝိုင်ကို သူက အမွှန်းတင် ချီးကျူးနေလေတယ်။ သူချထားပေးတဲ့ အမဲသားစတိတ်ပန်းကန်ကို ဓားနဲ့ခက်ရင်းနဲ့ လှီးဖြတ်ပြီးမှ သူ ပြောတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝိုင်ခွက်ထဲက ဝိုင်ကို တစ်ကျိုက်သောက်လိုက်တယ်။ သူက ကျွန်တော် တစ်ခုခုပြောလာဖို့ မျှော်လင့်တကြီး မျက်ဝန်းတွေနဲ့ စောင့်ဆိုင်းနေတယ်။ 


'မဆိုးပါဘူး'


'ဟာ ကောင်းရင် ကောင်းတယ်ပေါ့ ဘာကို မဆိုးပါဘူးလဲ လေးငယ် တစ်သက်လုံး လူပျိုကြီး ဖြစ်နေတာ မထူးဆန်းပါဘူး'


'အဲ့အတွက် မင်းအခွန်ဆောင်ရလား'


'လွတ်တော်မှာ အဲ့ကိစ္စ တင်သွင်းနေတယ်လို့ ကြားတယ်၊ ပြောလို့ မရဘူး မသေချာဘူး'


'အဲ့ဒါဆိုလည်း ငါ့ပိုက်ဆံနဲ့ ငါဆောင်လိုက်မယ်၊ မင်း ငါ့ကိစ္စ ပူစရာ ဘာရှိသေးလဲ'


အောက်နှုတ်ခမ်းကို ထော်ထွက်လာပြီးမှ ခေါင်းယမ်းသည်။ ဒီဟာလေးက ဒီလောက်တောင် နှိပ်ကွပ်ထားတာတောင်မှ သူရှေ့မှာဆို အတတ်နိုင်ဆုံး မရယ်တာတောင်မှ မကြိုက်တာ လုပ်ရမှန်းမသိ၊ မတည့်တာ ပြောရမှန်းမသိ၊ စတာ နောက်တာ ဆိုတာများ သူနဲ့ ရွယ်တူများ မှတ်နေသလား။ 


'ငါကိစ္စပူဖို့ မရှိတော့ဘူး ဆိုရင် မင်းကိစ္စကို ပြောမယ်၊ ငွေလိုတယ် ဆိုတာ ဘာကြောင့်လဲ'


အမှန်က သိသိကြီးနဲ့ ဘာများပြောလာမလဲ ဆိုတာကို သိချင်သေးတာ။


'ဆိုင်ချဲ့ချင်လို့၊ Sky Bar ထပ်တိုးမယ်'


'အစတည်းက ရည်ရွယ်ထားရင် လုပ်ငန်းငွေကို တစ်ပတ်လည်အောင် လုပ်လေ'


'လုပ်ဖို့ ရည်ရွယ်ထားတာပဲ နေရာကို ပိုကျယ်ချင်လို့ ပြီးတော့ လှအောင် မီးဆင်မှာနဲ့ ဘာညာ'


စားနေရင်း ဇွန်းနှင့် ခက်ရင်းကို ချကာ လက်ဟန်ခြေဟန်ဖြင့် ပြောနေတာကို တစ်ချက်မျှ ငေးကြည့်မိပြီးမှ ခေါင်းညိတ်ပြလိုက်မိတယ်။ 


'မမကို မင်းဖာသာ ပြောမှာလား ငါပြောပေးရမလား'


ဒါက လိုကို လိုအပ်သော အကြောင်းရင်းမို့ မေးလိုက်ခြင်း ဖြစ်ပေမယ့် ဘယ်သူပြောပြော မမက အင်းအင်း ဟုသာ ဆိုမည်။ ထိုမျှအထိ မအားမလပ်နိုင်သော မိခင်မို့လည်း ဂျီဂျီက ကျွန်တော့်လက်ထဲမှာ ကြီးပြင်းခွင့် ရလာတာ ဖြစ်လေတယ်။ 


'ကျွန်တော် ပြောလိုက်မယ်၊ လေးငယ် ကျွန်တော့်ဆိုင်မှာ စတိတ်စင် ထည့်ချင်တာ'


'မထည့်ရဘူး'


'ဟာ!! နည်းနည်းလေးမှ တွေးကြည့်ပေးလို့ မရဘူးလား၊ လုပ်ငန်းချင်း အပြိုင်တိုက်နေရတာမှာ ကျွန်တော်က နောက်ကောက်ကျနေခဲ့ရင်'


'မိုးသားကြည်စင်!'


နာမည်အရင်း ခေါ်လိုက်တာနဲ့ မကျေနပ်လည်း ငြိမ်သက်သွားတတ်တဲ့ အကျင့်လေးက နာခံလိုက်တာ မဟုတ်မှန်းတော့ သိသာတယ်။ ကျွန်တော်ကလည်း လုံးဝ လက်သင့်ခံလို့ မဖြစ်နိုင်တဲ့ ကိစ္စတွေမှသာ သူ့ကို အဲ့လို နာမ်စားနဲ့ သုံးနှုန်းတာကြောင့် မျက်လွှာလေးကို မကျေမနပ် ဖွင့်ကြည့်တယ်။ စားလက်စ နောက်ဆုံးတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီးတာနဲ့ ထိုင်နေရာကနေ ထရပ်လိုက်ပြီး ဖိုင်ကို လှမ်းယူပြီး လက်မှတ်ထိုးစေဖို့ လှမ်းပေးလိုက်တယ်။ 


သူက လက်မှတ်ထိုးပြီးတာနဲ့ ကျွန်တော် ဖုန်းထဲကနေ သူ့အကောင့်ကို သတ်မှတ်ငွေပမာဏကို လွဲပေးလိုက်တယ်။ သူက ကျွန်တော် လုပ်နေသမျှကို ကြည့်နေရင်းမှ ခပ်တိုးတိုး မကြားတကြား အတွန့်တက်တယ်။ 


'မလုပ်ရဘူး ဆိုလည်း ဘာကြောင့် မလုပ်ရတာလဲ၊ ဘယ်လိုကြောင့် မလုပ်ပါနဲ့ ဆိုတာ၊ မဖြစ်သင့်တာက ဘာ ဆိုတာတော့ ပြောပြသင့်တာကို လေးငယ် လူကို အနိုင်ကျင့်တာ'


လူကို အနိုင်ကျင့်တာ ဟုတ်လား၊ ပြောလိုက်ရင် တစ်ဆုံး၊ ကျွန်တော် တစ်ချက်မျှ ပြုံးလိုက်ပြီးမှ မေးလိုက်တယ်။ 


'တစ်ပွဲတစ်လမ်းလောက် ကစားမလား၊ ကြာနေပြီပဲ'


'ဂျီဂျီ စိတ်မပါဘူး'


ဒါက စိတ်အခန့်မသင့်တော့ဘူး ဆိုတဲ့အထာ၊ ဆတ်ခနဲ အဖြောင့်လက်သီး တစ်လုံး သွင်းလိုက်တော့ ခေါင်းယိမ်းလျက် ရှောင်ပစ်လိုက်ပြီးမှ ကျွန်တော့်လက်ကို ပုတ်ထုတ်လိုက်တယ်။ 


'ဂျီဂျီ စိတ်မပါပါဘူးဆို လေးငယ်'


'မင်းကို စိတ်ပါသလားလို့ ငါမေးမိလား'


နောက်ထပ်တစ်ကြိမ် ခြေထောက်အဖျားကို ခတ်လိုက်တော့ ညာခြေကို နောက်ဆုတ်လိုက်ပြီးမှ ခြေထောက်ကို ကွေးလျက် ရှောင်ပစ်လိုက်တယ်။ စိတ်မပါဘူး ဆိုလို့ ဆက်တိုက် လှုပ်ရှားမှုတွေကို ကျွန်တော် ရပ်ပစ်လိုက်တယ်။ သူက ခြေထောက်ကို ကွေးလျက် ရှောင်ပြီးတာနဲ့ ဆက်တိုက် ဆိုသလိုပဲ ဖြောင့်လက်သီး တစ်လုံးက ကျွန်တော့် မျက်နှာဆီသို့ ပြေးဝင်လာတယ်။ ကျွန်တော်က လှုပ်ရှားမှုတွေကို အရပ် သူက အဖြောင့်လက်သီးဖြင့် အထိုးမို့ မျက်နှာဆီသို့ ထိထိမိမိ၊ 


'ခွပ်!'


အတန်ငယ် မတိုးမကျယ်သော အသံဖြင့် မေးဖျားနားတွင် ထူပူသွားတယ်။ ပြီးနောက်တွင် နှုတ်ခမ်းထောင့်မှ စိုစိုစွတ်စွတ် အရသာကို လျှာဖြင့် ထိုးလိုက်မိတယ်။ ဘယ်တုန်းက ဒီလောက် လက်သီးပြင်းသွားရတာလိမ့်၊ ဒီအရှိန်အတိုင်းဆို သူ့လက်တွေ၊ အကြည့်ကို သူ့လက်တွေဆီ ပို့လိုက်တော့ အနည်းငယ် နီနေသော လက်ဖမိုးမှ အဆစ်တို့က ရုန်းကြွနေကြသည်။ ကျွတ်၊ ရှောင်လိုက်သင့်တာကို၊ 


'ဟာ!! လေးငယ် နာသွားတာလား၊ ရှောင်လိုက်မယ် ထင်နေတာ၊ ဥုံဖွ ဥုံဖွ'


လက်ချောင်းတွေ မရဲတရဲနဲ့ နှုတ်ခမ်းကို လာထိတော့ မျက်နှာကို လွဲရှောင်ပစ်လိုက်မိတယ်။ ကျွန်တော့်ကို နာအောင် လုပ်လိုက်မိတာမှာ ကျွန်တော် စိတ်ဆိုးသွားမလားဆိုတဲ့ စိုးကြောက်မှုတွေကို သူ့မျက်နှာမှာ အတိုင်းသာ မြင်နေရတယ်။ 


'နေပါစေ လေ့ကျင့်တဲ့နေရာမှာဆို ဒီထက်နာတယ်၊ ဘာမှမဖြစ်ဘူး'


ဘာမှမဖြစ်ဘူးလို့ ဆိုလိုက်မှ ဝင်းလက်သွားတဲ့ မျက်နှာကို အတိအကျ ကျေနပ်စွာ ကြည့်ပြီးမှ ဖိုင်တွေ ဖုန်းတွေကို ကောက်ယူပြီး အပြင်ထွက်ဖို့ ပြင်လိုက်မိတယ်။ ပြန်သင့်ပြီ။ 


'လေးငယ် ဂျီဂျီလေ၊ ဂျီဂျီက'


ဓာတ်လှေကားအထိ လိုက်လာပြီးမှ ချီတုန်ချတုန် ဖြစ်နေသော သူ့ကို အသေအချာ အကဲခတ်ပြီးမှ မှန်းမိတာကို ပြောလိုက်တယ်။ 


'ဘာလဲ အိပ်မပျော်တာက ပြန်ဖြစ်နေတာလား၊ ဆရာဝန် မလာဘူးလား၊ ဒါမှမဟုတ် မင်း ဆေးမသောက်တာလား'


ကျွန်တော် မေးလိုက်တာမှာ သူက အလန့်တကြားဖြင့် ဖြေတယ်။ သူ့နှုတ်ခမ်းဖျားမှာ သူ့ကိုယ်သူ ဂျီဂျီလို့ ပြောတတ်တာလေးက ငယ်ကတည်းကမှာ ကျွန်တော် တားမြစ်ထားပေမယ့် တစ်ခါတစ်လေတော့ ကျွန်တော်ဖြစ်လိုက် ဂျီဂျီ ဖြစ်လိုက် ရောထွေး နေတတ်ပြန်တယ်။ 


'ကျွန်တော် ဆေးသောက်တယ်၊ ဆရာဝန်လည်း လာတယ်၊ ဒါပေမယ့်'


ဓာတ်လှေကားက မြေအောက်ထပ် ကားပါကင်သို့ ဆင်းနေသည်မှ ကျွန်တော်လက်တွေက အပေါ်သို့ တက်ရန် ပြန်၍ ရွေးချယ် လိုက်ရတော့တယ်။ စတုတ္ထနှစ်ကတည်းက အိပ်မပျော်တာကို ဆရာဝန်နဲ့ ကုသခဲ့ရတာမို့ အိပ်မပျော်ဘူး ဆိုတာက သူ့အတွက် နှစ်ရှည်ရောဂါကြီးလို၊ အထူးသဖြင့် အိပ်မပျော်တဲ့အချိန် ပေါက်ကရ လုပ်တတ်သောသူမို့၊ 


'ဘယ်ကတည်းက ပြန်စနေတာလဲ ဘာလို့ အခုမှ ပြောတာလဲ'


'အရင်နှစ်ပတ်ကတည်းက ပျောက်သွားမယ်လို့ ထင်နေတာ တစ်ခါလေ အလုပ်ပန်းရင်တော့ အိပ်တယ်၊ ဒါပေမယ့် မအိပ်တဲ့ရက်က စိတ်လာတာနဲ့'


အိမ်ထဲကို ပြန်ရောက်သည်နှင့် အပေါ်ဝတ်တွေကို လဲရန် ကျွန်တော့်ကိုယ်အခန်းအတွင်းသို့ ဝင်လာခဲ့တယ်။ ကိုယ်ပိုင်အခန်း ရှိတယ်လေ၊ ဘာလို့လဲ၊ သူရှိတဲ့အိမ်တိုင်းမှာ ကျွန်တော့်အတွက် ကိုယ်ပိုင်အခန်း သီးသန့် ရှိတယ်၊ ဒါက နာမည်ခံ သက်သက်ဆိုတာ မကြာခင် သိလာမှာပါ။ 


ကျွန်တော် အဝတ်လဲပြီးတာနဲ့ ဧည့်ခန်းက ဆိုဖာမှာ စာအုပ်တစ်အုပ်ကို ကိုင်ပြီး ငြိမ်ငြိမ်လေး ထိုင်ဖတ်နေလိုက်တယ်။ သူကလည်း ကျွန်တော့်အနားမှာ စာအုပ်တစ်အုပ်နဲ့ တိတ်ဆိတ်စွာ လာထိုင်နေတယ်၊ ဒါကလည်း ကျွန်တော် လေ့ကျင့်သင်ကြားထားပေးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်။ အိပ်ချိန်နီးရင် ဖုန်းကို လက်ကနေ ချထားဖို့၊ စာဖတ်ဖို့၊ သူ့ဆီက အမူအကျင့်ကောင်းတွေ တော်တော်များများက ကျွန်တော်ကိုယ်တိုင် လေ့ကျင့်ယူပေးထားခဲ့တာ၊ 


မကောင်းတာတွေလား၊ မကောင်းတာ ဆိုရင်တော့ သေချာတယ် ကျွန်တော့်ဆီက မဟုတ်ပဲနဲ့ သူ့ဖာသာ သင်ယူတတ်မြောက်တာပေါ့၊ ဥပမာ စတာ၊ နောက်တာ၊ ကလေးဆန်တာ၊ ရင့်ကျက်တဲ့အပြုအမူတွေ နည်းပါးနေတာ၊ ဆေးမသောက်ချင်တာ၊ စပ်စုတတ်ပြီး သူများကိစ္စ ဝင်ပါတတ်တာ၊ စိတ်ပျက်ဖို့ ကောင်းလောက်အောင် လှတဲ့ မိန်းကလေးတွေကို နှစ်သက်တတ်တာ ဒါတွေ တစ်ခုမှ ကျွန်တော့်ဆီကနေ ဆင်းသက်သွားတာ မဟုတ်ဘူး။ ဘယ်ကနေ တတ်တာလဲ ဆိုတာလည်း ကျွန်တော် မသိဘူး။ 


စာဖတ်နေရင်းက အသက်ရှုသံ မှန်သွားလို့ လှမ်းကြည့်လိုက်တော့ စာအုပ်ကို ရင်ဘတ်မှာ တင်ထားပြီး နှစ်ယောက်ထိုင် ဆိုဖာသေးသေးလေး အပေါ်မှာ သူ့အရပ်ကြီးနဲ့ မဆန့်လို့ ကွေးထားပြီး ခွေခွေလေး လှဲလျောင်းအိပ်စက်နေလေပြီ။ မေးဖို့တော့ လိုပါပြီ။ ဒါက အိပ်မပျော်တဲ့ ရောဂါ ပြန်ထနေတာမှ ဟုတ်ရဲ့လား ဆိုတာ၊ 


ကလေးလည်း မဟုတ်တော့ပဲနဲ့ ဒီဟာလေးကို ပွေ့ပြီး အိပ်ရာပေါ် တင်ပေးရအုံးမယ်၊ အင်း ခါးနာနေတယ် ဆိုတာ ကျွန်တော် သူ့ကို ဘယ်လိုများ သိအောင် ပြောပြရမလဲ၊ ပြီးတော့ ဒီလိုတွေ ပွေ့ချီဖို့ သူ့အသက်ရွယ်က မငယ်တော့ဘူး ဆိုတာရော၊ ကျွန်တော့်အသက်ရွယ်က မငယ်တော့ဘူး ဆိုတာရော၊ အသက် နှစ်ဆယ့်ခြောက်အရွယ် ယောကျာ်းသားကို အသက်သုံးဆယ့်ခုနှစ်အရွယ် ယောကျာ်းသားက ပွေ့ချီနိုင်တယ် ဆိုရင် ယုံကြပါ့မလား၊ ယုံလိုက်ပါ၊ ဒီဟာလေး ဒီလို အိပ်တိုင်း ကျွန်တော် နေရာရွေ့ပေးနေကျမို့ပါ။ 


@@@@@@@@@@


ဆက်ရန်---

စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။ 


Zawgyi


Nephew


@@@@


ကၽြန္ေတာ္က သူနဲ႔ ပတ္သတ္လာရင္ အျမဲတမ္း ေငးၾကည့္ေနရတဲ့ ဘက္က၊ ဘယ္လို ၾကည့္ေနရတာလဲ ဟုတ္လား၊ အေဝးကေန ၾကည့္တာလို႔ ေျဖရမလား၊ အဲ့လို မဟုတ္ဘူး၊ အနီးကေန ေဆြးျပီး ၾကည့္ရတာလား အဲ့ဒါလည္း မဟုတ္ဘူး။ အနီးကေန ေငးၾကည့္ေနတယ္၊ ဒါေပမယ့္ မေဆြးဘူး၊ 


သူမ်ားေတြကို သူ ႏွစ္ႏွစ္ျခိဳက္ျခိဳက္ ျပံဳးျပေနတာကို ေငးတယ္၊ ကၽြန္ေတာ့္ကို ခ်ိဳခ်ိဳသာသာ ဆက္ဆံတာကို ၾကည့္တယ္။ သူ ယဥ္ေက်းေနတာကို ၾကည့္တယ္။ တစ္ခါတစ္ေလ ေပါက္ကြဲ ထြက္သြားတဲ့ ခပ္မိုက္မိုက္ ဒီဇိုင္းကိုလည္း အလြတ္မေပးဘူး။ သူ ကားေမာင္းတဲ့ အခိုက္အတန္႔ကို ၾကည့္တယ္။ သူ လမ္းေလွ်ာက္တဲ့ ဒီဇိုင္းလည္း မ်က္လံုးမလြဲေစရဘူး။ 


ေသးေသးေလးကေန တစ္စ တစ္စ ၾကီးလာတာကို ၾကည့္တယ္၊ ဆယ္ေက်ာ္သက္ ရူးမုိက္တဲ့အရြယ္မွာလည္း သူ႔ကို ေသခ်ာၾကည့္ေနခြင့္ ရခဲ့တယ္။ ရင့္က်က္မႈေတြ စတင္ ျဖစ္တည္လာတာကိုလည္း ၾကည့္တယ္။ မႈန္မိႈင္းမႈေတြကို စျပီး ခံစားရတဲ့အရြယ္မွာလည္း သူ႔ကို ၾကည့္ေနခဲ့တယ္။ 


ေျခေထာက္ေသးေသးေလးေတြ လမ္းစေလွ်ာက္ခ်ိန္တုန္းကလည္း ၾကည့္ခဲ့တယ္။ ဖိနပ္ဆိုဒ္မေတာ္ေသးတာကို ဒီဇိုင္းလွလို႔ စီးခ်င္တယ္ ဆိုျပီး ပုလဲေတြ ရြဲေတြ ခေနတဲ့ ကာလမွာလည္း ၾကည့္ခြင့္ရခဲ့တယ္။ ဒီဇိုင္းလွလွ ရႈးဖိနပ္ေတြ ေတာ္တဲ့ အရြယ္မွာလည္း ၾကည့္ေနခြင့္ ရေသးတယ္။ 


ကြမ္းသီးလံုးေလးက လွလို႔မို႔ ကြမ္းသီးေလး ျဖစ္ခ်င္ပါတယ္ ဆုိျပီး ငိုယိုခဲ့တဲ့ အရြယ္ကေန စျပီးေတာ့ ဟိုေကာင္မေလးက လွတယ္ ဒီေမာ္ဒယ္ရဲ႕ ဆိုဒ္က ဘယ္လို ဆိုတာအထိ၊ သူ ႏွစ္သက္တဲ့ ဆိုဒ္မွာ သံုးဆယ့္ေျခာက္ကေန စတယ္ ဆိုျပီး ႏွစ္ဆယ့္ေလးကအလယ္ သံုးဆယ့္ငါးက အဆံုး ဆိုတာအထိ သူေျပာျပသမွ်ကို အျပံဳးနဲ႔ နားေထာင္ရတဲ့အရြယ္အထိ။ 


ေသးစိုလို႔ ငိုတတ္တဲ့အရြယ္ကေန အျဖဴမဆန္တဲ့ အေရးအတြက္ အရွက္ၾကီးၾကီးနဲ႔ ပထမဆံုးအၾကိမ္ကို ေျဖရွင္းတဲ့ ကိစၥအထိ ကၽြန္ေတာ္သူ႔ကို ၾကည့္ခြင့္ ရခဲ့တယ္။ သူ ေျပာင္းလဲသမွ် ဆံပင္ပံုစံအမ်ိဳးမ်ိဳးကို ျမင္ခြင့္ရျပီးေတာ့ ကေလးဝတ္ အရုပ္ေလးေတြကေန အျပာေရာင္ ရွပ္လြင္လြင္ေတြ ေျပာင္းလဲ ဝတ္တဲ့အရြယ္အထိ သူ႔ကို ၾကည့္ခြင့္ ရတယ္။ 


ဒါေပမယ့္ အဲ့ဒီ ဆက္ၾကည့္ေနခြင့္ဟာ ဘယ္ကာလမွာ အဆံုးတိုင္မယ္ ဆိုတာ ကၽြန္ေတာ္ကိုယ္တိုင္ မေသခ်ာဘူး။ နံပါတ္ သံုးဆယ္ေျခာက္နဲ႔ ကားပိုင္ရွင္ တစ္ေယာက္ေယာက္က သူ႔ကို အပိုင္ရသြားခ်ိန္မွာလား၊ တကယ့္ကို မေသခ်ာဘူး။ 


'ဟြန္း'


ဒီေန႔ေခတ္ ကိုးရီးယားဇာတ္ကားေတြ ေခတ္စားျခင္းမွာ ကၽြန္ေတာ္ အသိအမွတ္မျပဳတဲ့ အေခၚအေဝၚနဲ႔ သူက ကၽြန္ေတာ့္ကို ေခၚခ်င္တယ္။ ကၽြန္ေတာ္ မလိုလားဘူး ဆုိတာကို မ်က္ေမွာင္ကုတ္ျခင္းကေနပဲ ျပသလိုက္တယ္။ ျပီးေတာ့ လက္ႏွစ္ေခ်ာင္းကို ေထာင္ျပလိုက္ျပီးမွ စိျပီး ဆြဲခ်ျပလိုက္တယ္။ ဒီအေခၚအေဝၚအတြက္ သူ႔ရဲ႕ လစဥ္ေၾကးထဲကေန ျဖတ္ခ်ပစ္လိုက္မယ္ ဆိုတဲ့သေဘာ။ အနည္းငယ္ ထိပ္ပ်ာသြားတဲ့ ဟန္ပန္နဲ႔ သူက ဆံႏြယ္ညိဳညိဳေတြကို စတိုင္လ္က်က် ျဖစ္ေအာင္ ပံုေဖာ္ထားတဲ့ သူ႔ဆံပင္ကို ဆြဲဖြပစ္လုိက္တယ္။ 


'ဦးေလးၾကီး အဲ့လို မညစ္ပတ္ေၾကးေလ'


ဝတ္ထားတဲ့ အျပာရင့္ရင့္ ရွပ္အက်ႌအေပၚကေန ထပ္ထားတဲ့ ကုတ္ကို ကမန္းကတမ္း ခၽြတ္လိုက္ျပီးမွ ကၽြန္ေတာ့္အနားမွာ ေျခခ်ိတ္ျပီး ဝင္ထိုင္လာတယ္။ လုပ္ငန္းရွင္တစ္ဦး ျဖစ္ေနေပမယ့္ သူ႔ရဲ႕လစဥ္ေၾကးဟာ သူ႔အလုပ္ကေန ဝင္တဲ့ ကိန္းဂ႑ာန္းထက္ေတာ့ အသာေလး ပိုေနေသးတယ္။ သူ မလိုခ်င္ဘူး ဆုိတာ မျဖစ္ႏုိင္တာေလ။ 


ကၽြန္ေတာ့္လက္ထဲမွာ ကိုင္ထားတဲ့ ျပကၡဒိန္ကို ဆြဲယူျပီးေတာ့မွ သူ႔ပံုစံအတိုင္း ကၽြန္ေတာ့္ကို မ်က္စိေတြ ေမွးသြားေအာင္ ရယ္ျပလာတယ္။ ေသြးေၾကာစိမ္းေတြ ယွက္ျဖာေနတဲ့ လက္ႏွစ္ဖက္နဲ႔ လက္သီးဆုပ္ေလး လုပ္ျပီးေတာ့ ေခြးကေလး ဆိုသည့္ သေဘာႏွင့္ ကၽြန္ေတာ့္ကို လုပ္ျပလာတယ္။ ဒီေလာက္ကေတာ့ ကၽြန္ေတာ္က သူ႔ကို ခြင့္လြတ္လိုက္စရာလား။ 


'ဂ်ီဂ်ီ မွားပါတယ္ ေနာက္ကို မွားမေခၚေတာ့ဘူး'


ဒါသည္ အၾကိမ္ေပါင္း တစ္ေထာင္ သံုးရာရွစ္ဆယ့္ခုႏွစ္ၾကိမ္ေျမာက္ ကတိေပးျခင္း ဆိုတာကို သူက မသိေလေရာ့သလား။ ဒါျပီးရင္ ကၽြန္ေတာ့္ စိတ္မလိုမက်မႈကို ျမင္ေတြ႔ခ်င္တိုင္း သူက ထိုအေခၚအေဝၚကို အသံုးျပဳျပီး ဆြျမဲ၊ ဂ်ီဂ်ီ ဟုတ္တယ္။ သူ႔နာမည္က ဂ်ီဂ်ီ၊ အိမ္နာမည္လို႔ ေျပာရမယ္၊ ငယ္ကတည္းက တစ္ေနကုန္ ဂ်ီက်ႏုိင္လြန္းလို႔ ေပးထားတဲ့ နာမည္အရ သူက တစ္သက္လံုး လိမ္လိမ္မာမာ နာခံသြားဖို႔ေတာ့ျဖင့္ ရွိမေနခဲ့ပဲ၊ 


ကၽြန္ေတာ္ အမွန္တကယ္ ထရပ္လိုက္ေတာ့ သူက ထိတ္ထိတ္ပ်ာပ်ာႏွင့္ ကၽြန္ေတာ့္လက္ထဲမွ ဖိုင္တြဲႏွင့္ လက္ကို လာဆြဲတယ္။


'ဟာ ေလးငယ္ တကယ္ၾကီးလား၊ အဲ့လိုေတာ့ မလုပ္နဲ႔ေလ ဂ်ီဂ်ီမွားပါတယ္ တကယ္ ေတာင္းပန္ပါတယ္၊ ဒီတစ္လ မျဖစ္ဘူး၊ ေလးငယ္ ကၽြန္ေတာ္ လုပ္ငန္းထဲကို ေငြထည့္ဖို႔ လိုတယ္'


အင္း ကၽြန္ေတာ္က သူ႔ရဲ႕ အေမြထိန္းေရွ႕ေနျဖစ္သလို သူ႔အေမရဲ႕ ေမာင္ေလး ျဖစ္ျခင္းမွာ သူ အေပ်ာ့ဆြဲ ဆြဲသမွ် အခံရဆံုး လူသားတစ္ဦး ဆိုလည္း မမွား၊ သူ ကၽြန္ေတာ့္ကို ကင္ပြန္းတပ္ထားတဲ့ အေခၚအေဝၚဟာ ဦးေလးငယ္ ဆိုတဲ့ဆီမွာ ဦး ဆိုတာကို သူ႔ဖာသာသူ ျဖဳတ္ျပီးေတာ့ ေလးငယ္ ျဖစ္သြားျခင္း၊ ထိုအထိ သူနဲ႔ ကၽြန္ေတာ့္ၾကားက ေဘာင္ကန္႔သတ္ခ်က္ကို ကၽြန္ေတာ္ စည္းမဆြဲခ်င္လို႔ လြတ္ထားေပမယ့္ ဟြန္းဆိုတာက ဒီေန႔ေခတ္မွာ ရွင္သန္ေနတဲ့ ကၽြန္ေတာ္လည္း အတိအက် သိတယ္၊ ဒါဟာ ဦးေလး တစ္ေယာက္ကို ေလးစားမႈ ေပ်ာက္ဆံုးေစေသာ စကားလံုးမွန္း၊ 


'မင္း အစတည္းက နားလည္သင့္တာ'


'ေလးငယ္!! ေလးငယ္ အခု ကၽြန္ေတာ့္အိမ္ကေန ေျခတစ္လွမ္းထြက္သြားတာနဲ႔ ေလးငယ္အေၾကာင္း မာမီ့ကို ကၽြန္ေတာ္ ေဖာ္ေကာင္ လုပ္ျပီ'


ဒီကေလး၊ ဒီကေလးလို႔ ေျပာလို႔ မရေတာ့မယ့္ အသက္ရြယ္ပဲ တိုင္ေနျပီ။ ႏွစ္ဆယ့္ေျခာက္ႏွစ္ ဆိုတာက ငယ္ေတာ့တာမွ မဟုတ္တာ။ အဲ့ဒါကို တစ္ခါတစ္ေလ ဘာကိစၥ ကၽြန္ေတာ့္အေရွ႕မွာ သူငယ္ျပန္ခ်င္ေနမွန္းမသိ။ 


'ေကာင္းျပီ လုပ္'


'ဟာ ေလးငယ္၊ ဂ်ီဂ်ီက ဒီအတုိင္းေလး ေနာက္လိုက္တာကို ဒီေလာက္ စိတ္မဆိုးရဘူးေလ၊ ကၽြန္ေတာ့္ေရခဲေသတၱာကို ဖြင့္ၾကည့္ျပီးျပီလား'


ကၽြန္ေတာ္ ရပ္သြားေတာ့ သူက သူ႔ဖာသာ အေျပးအလႊားႏွင့္ ေရခဲေသတၱာထဲက သဘာဝဝိုင္ပုလင္းကို ထုတ္ယူကာ ေထာင္ျပရင္း ဆိုတယ္။ 


'မင္း မငယ္ေတာ့ဘူး ဒီလိုေတြ မလုပ္တာ ေကာင္းမယ္၊ ငါ့အတြက္ အမဲသားစတိတ္ ဟိုတယ္စာ မစားဘူး'


ကၽြန္ေတာ္ ဖိုင္ေတြကို ပစ္ခ်လိုက္ျပီး သူ႔အိမ္က မီးဖိုခန္းထဲကို ဝင္လိုက္ေတာ့ သူက ဝမ္းသာအားရနဲ႔ ေရခဲေသတၱာကို ထိုးေမႊတယ္။ ဟိုတယ္စာ မစားဘူး ဆုိတာက သူ႔ကို ကိုယ္တိုင္ လုပ္ခိုင္းေနမွန္းေတာ့ ဒီေကာင္ေလး နားလည္သားပဲ၊ ေအးေပါ့ေလ အေနာက္က သုညေပါင္း ေျမာက္မ်ားစြာ ပါတဲ့ လစဥ္ေၾကးကို သူက မမက္စရာလား။ သိသားပဲ သူ႔လုပ္ငန္းမွာ ေငြလိုေနတယ္ ဆုိတာကို၊ အခုေန ကၽြန္ေတာ္ဘာပဲ လုပ္ခိုင္း လုပ္ခိုင္း သူလုပ္မွာ။ 


'အမဲသား ကုန္ေနတယ္ ေလးငယ္'


'ဒါဆိုလည္း ျပန္ေတာ့မယ္'


'ခဏ ခဏ ေစ်းသြားမယ္ ဒီကပဲေစာင့္'


'မင္းအိမ္မွာ ဘာရွိလို႔ ေစာင့္ရမွာလဲ သြားမယ္'


'ဒါဆိုလည္း ဂ်ီဂ်ီ အက်ႌလဲလုိက္အံုးမယ္'


'ဆယ္မိနစ္'


'ဟာ အခ်ိန္ၾကီးနဲ႔ လုပ္ျပန္ျပီ ေလးငယ္ရာ'


'တစ္မိနစ္'


'သြားျပီ သြားျပီ'


အက်ႌလဲေနရင္းက သူက ေအာ္ေျပာေသးသည္။ 


'အဲ့လို အတိအက်ေတြ ျဖစ္ေနလို႔ ေလးငယ္ မိန္းမ မရတာ' တဲ့ေလ။ ဒီပါးစပ္ကေလး ေရႊခ်ထားရမယ္။ ခ်က္ခ်င္း ထျပန္လိုက္ရင္ ငိုၾကီး ခ်က္မနဲ႔ လုိက္လာမယ့္သူကမ်ား။ 


'ဆယ္မိနစ္'


ဆယ္မိနစ္ဆိုတာကို ေရရြတ္လိုက္တဲ့အခ်ိန္မွာ သူက ကၽြန္ေတာ့္အေရွ႕ကို အေမာတေကာနဲ႔ ေရာက္လာတယ္။ ဆံပင္ေတြ ပြေယာင္းေနျပီးေတာ့ ျဖစ္သလို စြပ္လာတဲ့ တီရွပ္နဲ႔ ဂ်င္းေပ်ာ့သား ေဘာင္းဘီေလးကလည္း ေနသားမက်ေသး။ ကမန္းကတမ္း ခၽြတ္ခ်၊ ျပန္ဝတ္ေတြ ျပဳလုပ္ခဲ့ျပီး ဧည့္ခန္းနဲ႔ ဘီရိုထားတဲ့ အခန္းက အေပၚထပ္နဲ႔ ေအာက္ထပ္မို႔ အေျပးအလႊားေတြ ျဖစ္သြားႏုိင္မွန္း သိသိနဲ႔ ဆယ္မိနစ္လို႔ ေျပာလိုက္ျခင္းမွာ ကၽြန္ေတာ့္ေရွ႕ကို သူ ဒီလိုမ်ိဳး ေရာက္လာတိုင္း ဆံပင္ညိဳညိဳေတြကို ေသခ်ာသပ္ေပးလို႔ ရႏုိင္တယ္ေလ။ 


ဆံပင္ေတြ ညီေအာင္ လက္နဲ႔ သပ္ေပး အက်ႌေတြ ရြဲ႕ေစာင္းေနတာကို ေသခ်ာ ျပန္တည့္၊ ျပီးေတာ့ ေကာ္လံေတြ ေသခ်ာ ျပန္ညွိ၊ ေဘာင္းဘီ အသားမက်တာကို ေသခ်ာ ျပန္ဆြဲခ် ျပဳျပင္ေပးျပီးမွ၊ 


'သြားမယ္'


ေစ်းဝယ္ ဆိုျပီး ထြက္လာတုိင္း မားကပ္ငယ္ေလးက သူေနတဲ့တုိက္ခန္းေရွ႕တင္မို႔ အထူးတလည္ေတြ လုပ္ေနဖို႔ မလိုတာေၾကာင့္ ႏွစ္ေယာက္သား မားကပ္ငယ္ေလးထဲကို ဝင္လာခဲ့လုိက္ရံုတင္၊ လိုသမွ်ကို သူ႔ဖာသာ မွတ္သား၍ သူဝယ္သမွ် ေဘးနားကေန အထုတ္လုိက္ဆြဲ ေပးရံုနဲ႔ ေစ်းဝယ္ျခင္း အႏုပညာက ထင္မထားေလာက္ေအာင္ လွေနတတ္တာမ်ိဳး။ 


ေစ်းဝယ္ျပီး ျပန္လာေတာ့ သူက ေအဖြန္အျပာေရာင္ကို စြပ္ကာ မီးဖိုခန္းအတြင္းသို႔ လွမ္းဝင္တယ္၊ ကၽြန္ေတာ္လား၊ အင္း ကၽြန္ေတာ္က ဟင္းခ်က္ျခင္းမွာ ဓားေျဖာင့္ေအာင္ မကိုင္တတ္တာရယ္ လူႏွစ္ကိုယ္ ဝင္စာသာ ရွိတဲ့ မီးဖိုးခန္းထဲမွာ သူလႈပ္ရွားေနသမွ်ကို အေႏွာက္ယွက္ မေပးလိုတာရယ္ေၾကာင့္ စားတဲ့ေနရာမွာ ျငိမ္သက္စြာ ထုိင္ျခင္းနဲ႔ သူ႔ကို ပါရမီျဖည့္ေပးတယ္။ ထံုးစံေတြ အမ်ားၾကီးထဲက ထံုးစံအတိုင္း သူ ခ်က္ျပဳေနတာကို ျငိမ္ျငိမ္ေလး ၾကည့္ေနတယ္။ 


'ေလးငယ္ ဒါ ေအာင္ပန္းက တကူးတက မွာထားတာ အရသာကိုလည္း အထူးသတ္မွတ္ထားေပးတာ ေျခာက္လေလာက္ ၾကိဳမွာရတာေနာ္'


ဝိုင္ငွဲ႔ေပးရင္း သူ႔ဝိုင္ကို သူက အမႊန္းတင္ ခ်ီးက်ဴးေနေလတယ္။ သူခ်ထားေပးတဲ့ အမဲသားစတိတ္ပန္းကန္ကို ဓားနဲ႔ခက္ရင္းနဲ႔ လွီးျဖတ္ျပီးမွ သူ ေျပာတာကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ဝိုင္ခြက္ထဲက ဝိုင္ကို တစ္က်ိဳက္ေသာက္လုိက္တယ္။ သူက ကၽြန္ေတာ္ တစ္ခုခုေျပာလာဖို႔ ေမွ်ာ္လင့္တၾကီး မ်က္ဝန္းေတြနဲ႔ ေစာင့္ဆိုင္းေနတယ္။ 


'မဆိုးပါဘူး'


'ဟာ ေကာင္းရင္ ေကာင္းတယ္ေပါ့ ဘာကို မဆိုးပါဘူးလဲ ေလးငယ္ တစ္သက္လံုး လူပ်ိဳၾကီး ျဖစ္ေနတာ မထူးဆန္းပါဘူး'


'အဲ့အတြက္ မင္းအခြန္ေဆာင္ရလား'


'လြတ္ေတာ္မွာ အဲ့ကိစၥ တင္သြင္းေနတယ္လို႔ ၾကားတယ္၊ ေျပာလို႔ မရဘူး မေသခ်ာဘူး'


'အဲ့ဒါဆိုလည္း ငါ့ပိုက္ဆံနဲ႔ ငါေဆာင္လိုက္မယ္၊ မင္း ငါ့ကိစၥ ပူစရာ ဘာရွိေသးလဲ'


ေအာက္ႏႈတ္ခမ္းကို ေထာ္ထြက္လာျပီးမွ ေခါင္းယမ္းသည္။ ဒီဟာေလးက ဒီေလာက္ေတာင္ ႏွိပ္ကြပ္ထားတာေတာင္မွ သူေရွ႕မွာဆို အတတ္ႏိုင္ဆံုး မရယ္တာေတာင္မွ မၾကိဳက္တာ လုပ္ရမွန္းမသိ၊ မတည့္တာ ေျပာရမွန္းမသိ၊ စတာ ေနာက္တာ ဆိုတာမ်ား သူနဲ႔ ရြယ္တူမ်ား မွတ္ေနသလား။ 


'ငါကိစၥပူဖို႔ မရွိေတာ့ဘူး ဆိုရင္ မင္းကိစၥကို ေျပာမယ္၊ ေငြလိုတယ္ ဆိုတာ ဘာေၾကာင့္လဲ'


အမွန္က သိသိၾကီးနဲ႔ ဘာမ်ားေျပာလာမလဲ ဆိုတာကို သိခ်င္ေသးတာ။


'ဆိုင္ခ်ဲ႕ခ်င္လို႔၊ Sky Bar ထပ္တိုးမယ္'


'အစတည္းက ရည္ရြယ္ထားရင္ လုပ္ငန္းေငြကို တစ္ပတ္လည္ေအာင္ လုပ္ေလ'


'လုပ္ဖို႔ ရည္ရြယ္ထားတာပဲ ေနရာကို ပိုက်ယ္ခ်င္လို႔ ျပီးေတာ့ လွေအာင္ မီးဆင္မွာနဲ႔ ဘာညာ'


စားေနရင္း ဇြန္းႏွင့္ ခက္ရင္းကို ခ်ကာ လက္ဟန္ေျခဟန္ျဖင့္ ေျပာေနတာကို တစ္ခ်က္မွ် ေငးၾကည့္မိျပီးမွ ေခါင္းညိတ္ျပလိုက္မိတယ္။ 


'မမကို မင္းဖာသာ ေျပာမွာလား ငါေျပာေပးရမလား'


ဒါက လိုကို လိုအပ္ေသာ အေၾကာင္းရင္းမို႔ ေမးလိုက္ျခင္း ျဖစ္ေပမယ့္ ဘယ္သူေျပာေျပာ မမက အင္းအင္း ဟုသာ ဆုိမည္။ ထိုမွ်အထိ မအားမလပ္ႏိုင္ေသာ မိခင္မို႔လည္း ဂ်ီဂ်ီက ကၽြန္ေတာ့္လက္ထဲမွာ ၾကီးျပင္းခြင့္ ရလာတာ ျဖစ္ေလတယ္။ 


'ကၽြန္ေတာ္ ေျပာလုိက္မယ္၊ ေလးငယ္ ကၽြန္ေတာ့္ဆုိင္မွာ စတိတ္စင္ ထည့္ခ်င္တာ'


'မထည့္ရဘူး'


'ဟာ!! နည္းနည္းေလးမွ ေတြးၾကည့္ေပးလို႔ မရဘူးလား၊ လုပ္ငန္းခ်င္း အျပိဳင္တိုက္ေနရတာမွာ ကၽြန္ေတာ္က ေနာက္ေကာက္က်ေနခဲ့ရင္'


'မိုးသားၾကည္စင္!'


နာမည္အရင္း ေခၚလိုက္တာနဲ႔ မေက်နပ္လည္း ျငိမ္သက္သြားတတ္တဲ့ အက်င့္ေလးက နာခံလိုက္တာ မဟုတ္မွန္းေတာ့ သိသာတယ္။ ကၽြန္ေတာ္ကလည္း လံုးဝ လက္သင့္ခံလို႔ မျဖစ္ႏိုင္တဲ့ ကိစၥေတြမွသာ သူ႔ကို အဲ့လို နာမ္စားနဲ႔ သံုးႏႈန္းတာေၾကာင့္ မ်က္လႊာေလးကို မေက်မနပ္ ဖြင့္ၾကည့္တယ္။ စားလက္စ ေနာက္ဆံုးတစ္လုတ္ကို ပါးစပ္ထဲ ထည့္လုိက္ျပီးတာနဲ႔ ထိုင္ေနရာကေန ထရပ္လိုက္ျပီး ဖုိင္ကို လွမ္းယူျပီး လက္မွတ္ထိုးေစဖို႔ လွမ္းေပးလိုက္တယ္။ 


သူက လက္မွတ္ထိုးျပီးတာနဲ႔ ကၽြန္ေတာ္ ဖုန္းထဲကေန သူ႔အေကာင့္ကို သတ္မွတ္ေငြပမာဏကို လြဲေပးလုိက္တယ္။ သူက ကၽြန္ေတာ္ လုပ္ေနသမွ်ကို ၾကည့္ေနရင္းမွ ခပ္တိုးတိုး မၾကားတၾကား အတြန္႔တက္တယ္။ 


'မလုပ္ရဘူး ဆိုလည္း ဘာေၾကာင့္ မလုပ္ရတာလဲ၊ ဘယ္လိုေၾကာင့္ မလုပ္ပါနဲ႔ ဆိုတာ၊ မျဖစ္သင့္တာက ဘာ ဆိုတာေတာ့ ေျပာျပသင့္တာကို ေလးငယ္ လူကို အႏိုင္က်င့္တာ'


လူကို အႏုိင္က်င့္တာ ဟုတ္လား၊ ေျပာလိုက္ရင္ တစ္ဆံုး၊ ကၽြန္ေတာ္ တစ္ခ်က္မွ် ျပံဳးလိုက္ျပီးမွ ေမးလုိက္တယ္။ 


'တစ္ပြဲတစ္လမ္းေလာက္ ကစားမလား၊ ၾကာေနျပီပဲ'


'ဂ်ီဂ်ီ စိတ္မပါဘူး'


ဒါက စိတ္အခန္႔မသင့္ေတာ့ဘူး ဆိုတဲ့အထာ၊ ဆတ္ခနဲ အေျဖာင့္လက္သီး တစ္လံုး သြင္းလိုက္ေတာ့ ေခါင္းယိမ္းလ်က္ ေရွာင္ပစ္လုိက္ျပီးမွ ကၽြန္ေတာ့္လက္ကို ပုတ္ထုတ္လိုက္တယ္။ 


'ဂ်ီဂ်ီ စိတ္မပါပါဘူးဆို ေလးငယ္'


'မင္းကို စိတ္ပါသလားလို႔ ငါေမးမိလား'


ေနာက္ထပ္တစ္ၾကိမ္ ေျခေထာက္အဖ်ားကို ခတ္လုိက္ေတာ့ ညာေျခကို ေနာက္ဆုတ္လိုက္ျပီးမွ ေျခေထာက္ကို ေကြးလ်က္ ေရွာင္ပစ္လိုက္တယ္။ စိတ္မပါဘူး ဆိုလို႔ ဆက္တိုက္ လႈပ္ရွားမႈေတြကို ကၽြန္ေတာ္ ရပ္ပစ္လိုက္တယ္။ သူက ေျခေထာက္ကို ေကြးလ်က္ ေရွာင္ျပီးတာနဲ႔ ဆက္တိုက္ ဆိုသလိုပဲ ေျဖာင့္လက္သီး တစ္လံုးက ကၽြန္ေတာ့္ မ်က္ႏွာဆီသို႔ ေျပးဝင္လာတယ္။ ကၽြန္ေတာ္က လႈပ္ရွားမႈေတြကို အရပ္ သူက အေျဖာင့္လက္သီးျဖင့္ အထိုးမို႔ မ်က္ႏွာဆီသို႔ ထိထိမိမိ၊ 


'ခြပ္!'


အတန္ငယ္ မတိုးမက်ယ္ေသာ အသံျဖင့္ ေမးဖ်ားနားတြင္ ထူပူသြားတယ္။ ျပီးေနာက္တြင္ ႏႈတ္ခမ္းေထာင့္မွ စိုစိုစြတ္စြတ္ အရသာကို လွ်ာျဖင့္ ထိုးလိုက္မိတယ္။ ဘယ္တုန္းက ဒီေလာက္ လက္သီးျပင္းသြားရတာလိမ့္၊ ဒီအရွိန္အတိုင္းဆို သူ႔လက္ေတြ၊ အၾကည့္ကို သူ႔လက္ေတြဆီ ပို႔လိုက္ေတာ့ အနည္းငယ္ နီေနေသာ လက္ဖမိုးမွ အဆစ္တို႔က ရုန္းၾကြေနၾကသည္။ ကၽြတ္၊ ေရွာင္လိုက္သင့္တာကို၊ 


'ဟာ!! ေလးငယ္ နာသြားတာလား၊ ေရွာင္လိုက္မယ္ ထင္ေနတာ၊ ဥံဳဖြ ဥံဳဖြ'


လက္ေခ်ာင္းေတြ မရဲတရဲနဲ႔ ႏႈတ္ခမ္းကို လာထိေတာ့ မ်က္ႏွာကို လြဲေရွာင္ပစ္လိုက္မိတယ္။ ကၽြန္ေတာ့္ကို နာေအာင္ လုပ္လိုက္မိတာမွာ ကၽြန္ေတာ္ စိတ္ဆိုးသြားမလားဆိုတဲ့ စိုးေၾကာက္မႈေတြကို သူ႔မ်က္ႏွာမွာ အတိုင္းသာ ျမင္ေနရတယ္။ 


'ေနပါေစ ေလ့က်င့္တဲ့ေနရာမွာဆို ဒီထက္နာတယ္၊ ဘာမွမျဖစ္ဘူး'


ဘာမွမျဖစ္ဘူးလို႔ ဆိုလိုက္မွ ဝင္းလက္သြားတဲ့ မ်က္ႏွာကို အတိအက် ေက်နပ္စြာ ၾကည့္ျပီးမွ ဖုိင္ေတြ ဖုန္းေတြကို ေကာက္ယူျပီး အျပင္ထြက္ဖို႔ ျပင္လိုက္မိတယ္။ ျပန္သင့္ျပီ။ 


'ေလးငယ္ ဂ်ီဂ်ီေလ၊ ဂ်ီဂ်ီက'


ဓာတ္ေလွကားအထိ လိုက္လာျပီးမွ ခ်ီတုန္ခ်တုန္ ျဖစ္ေနေသာ သူ႔ကို အေသအခ်ာ အကဲခတ္ျပီးမွ မွန္းမိတာကို ေျပာလုိက္တယ္။ 


'ဘာလဲ အိပ္မေပ်ာ္တာက ျပန္ျဖစ္ေနတာလား၊ ဆရာဝန္ မလာဘူးလား၊ ဒါမွမဟုတ္ မင္း ေဆးမေသာက္တာလား'


ကၽြန္ေတာ္ ေမးလိုက္တာမွာ သူက အလန္႔တၾကားျဖင့္ ေျဖတယ္။ သူ႔ႏႈတ္ခမ္းဖ်ားမွာ သူ႔ကိုယ္သူ ဂ်ီဂ်ီလို႔ ေျပာတတ္တာေလးက ငယ္ကတည္းကမွာ ကၽြန္ေတာ္ တားျမစ္ထားေပမယ့္ တစ္ခါတစ္ေလေတာ့ ကၽြန္ေတာ္ျဖစ္လိုက္ ဂ်ီဂ်ီ ျဖစ္လိုက္ ေရာေထြး ေနတတ္ျပန္တယ္။ 


'ကၽြန္ေတာ္ ေဆးေသာက္တယ္၊ ဆရာဝန္လည္း လာတယ္၊ ဒါေပမယ့္'


ဓာတ္ေလွကားက ေျမေအာက္ထပ္ ကားပါကင္သို႔ ဆင္းေနသည္မွ ကၽြန္ေတာ္လက္ေတြက အေပၚသို႔ တက္ရန္ ျပန္၍ ေရြးခ်ယ္ လုိက္ရေတာ့တယ္။ စတုတၳႏွစ္ကတည္းက အိပ္မေပ်ာ္တာကို ဆရာဝန္နဲ႔ ကုသခဲ့ရတာမို႔ အိပ္မေပ်ာ္ဘူး ဆိုတာက သူ႔အတြက္ ႏွစ္ရွည္ေရာဂါၾကီးလို၊ အထူးသျဖင့္ အိပ္မေပ်ာ္တဲ့အခ်ိန္ ေပါက္ကရ လုပ္တတ္ေသာသူမို႔၊ 


'ဘယ္ကတည္းက ျပန္စေနတာလဲ ဘာလို႔ အခုမွ ေျပာတာလဲ'


'အရင္ႏွစ္ပတ္ကတည္းက ေပ်ာက္သြားမယ္လို႔ ထင္ေနတာ တစ္ခါေလ အလုပ္ပန္းရင္ေတာ့ အိပ္တယ္၊ ဒါေပမယ့္ မအိပ္တဲ့ရက္က စိတ္လာတာနဲ႔'


အိမ္ထဲကို ျပန္ေရာက္သည္ႏွင့္ အေပၚဝတ္ေတြကို လဲရန္ ကၽြန္ေတာ့္ကိုယ္အခန္းအတြင္းသို႔ ဝင္လာခဲ့တယ္။ ကိုယ္ပိုင္အခန္း ရွိတယ္ေလ၊ ဘာလို႔လဲ၊ သူရွိတဲ့အိမ္တိုင္းမွာ ကၽြန္ေတာ့္အတြက္ ကိုယ္ပုိင္အခန္း သီးသန္႔ ရွိတယ္၊ ဒါက နာမည္ခံ သက္သက္ဆိုတာ မၾကာခင္ သိလာမွာပါ။ 


ကၽြန္ေတာ္ အဝတ္လဲျပီးတာနဲ႔ ဧည့္ခန္းက ဆိုဖာမွာ စာအုပ္တစ္အုပ္ကို ကိုင္ျပီး ျငိမ္ျငိမ္ေလး ထိုင္ဖတ္ေနလိုက္တယ္။ သူကလည္း ကၽြန္ေတာ့္အနားမွာ စာအုပ္တစ္အုပ္နဲ႔ တိတ္ဆိတ္စြာ လာထိုင္ေနတယ္၊ ဒါကလည္း ကၽြန္ေတာ္ ေလ့က်င့္သင္ၾကားထားေပးတဲ့ ကိစၥတစ္ခု ျဖစ္တယ္။ အိပ္ခ်ိန္နီးရင္ ဖုန္းကို လက္ကေန ခ်ထားဖို႔၊ စာဖတ္ဖို႔၊ သူ႔ဆီက အမူအက်င့္ေကာင္းေတြ ေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္ကိုယ္တိုင္ ေလ့က်င့္ယူေပးထားခဲ့တာ၊ 


မေကာင္းတာေတြလား၊ မေကာင္းတာ ဆိုရင္ေတာ့ ေသခ်ာတယ္ ကၽြန္ေတာ့္ဆီက မဟုတ္ပဲနဲ႔ သူ႔ဖာသာ သင္ယူတတ္ေျမာက္တာေပါ့၊ ဥပမာ စတာ၊ ေနာက္တာ၊ ကေလးဆန္တာ၊ ရင့္က်က္တဲ့အျပဳအမူေတြ နည္းပါးေနတာ၊ ေဆးမေသာက္ခ်င္တာ၊ စပ္စုတတ္ျပီး သူမ်ားကိစၥ ဝင္ပါတတ္တာ၊ စိတ္ပ်က္ဖို႔ ေကာင္းေလာက္ေအာင္ လွတဲ့ မိန္းကေလးေတြကို ႏွစ္သက္တတ္တာ ဒါေတြ တစ္ခုမွ ကၽြန္ေတာ့္ဆီကေန ဆင္းသက္သြားတာ မဟုတ္ဘူး။ ဘယ္ကေန တတ္တာလဲ ဆိုတာလည္း ကၽြန္ေတာ္ မသိဘူး။ 


စာဖတ္ေနရင္းက အသက္ရႈသံ မွန္သြားလုိ႔ လွမ္းၾကည့္လုိက္ေတာ့ စာအုပ္ကို ရင္ဘတ္မွာ တင္ထားျပီး ႏွစ္ေယာက္ထိုင္ ဆိုဖာေသးေသးေလး အေပၚမွာ သူ႔အရပ္ၾကီးနဲ႔ မဆန္႔လို႔ ေကြးထားျပီး ေခြေခြေလး လွဲေလ်ာင္းအိပ္စက္ေနေလျပီ။ ေမးဖို႔ေတာ့ လိုပါျပီ။ ဒါက အိပ္မေပ်ာ္တဲ့ ေရာဂါ ျပန္ထေနတာမွ ဟုတ္ရဲ႕လား ဆိုတာ၊ 


ကေလးလည္း မဟုတ္ေတာ့ပဲနဲ႔ ဒီဟာေလးကို ေပြ႔ျပီး အိပ္ရာေပၚ တင္ေပးရအံုးမယ္၊ အင္း ခါးနာေနတယ္ ဆိုတာ ကၽြန္ေတာ္ သူ႔ကို ဘယ္လိုမ်ား သိေအာင္ ေျပာျပရမလဲ၊ ျပီးေတာ့ ဒီလိုေတြ ေပြ႔ခ်ီဖို႔ သူ႔အသက္ရြယ္က မငယ္ေတာ့ဘူး ဆိုတာေရာ၊ ကၽြန္ေတာ့္အသက္ရြယ္က မငယ္ေတာ့ဘူး ဆုိတာေရာ၊ အသက္ ႏွစ္ဆယ့္ေျခာက္အရြယ္ ေယာက်ာ္းသားကို အသက္သံုးဆယ့္ခုႏွစ္အရြယ္ ေယာက်ာ္းသားက ေပြ႔ခ်ီႏုိင္တယ္ ဆိုရင္ ယံုၾကပါ့မလား၊ ယံုလုိက္ပါ၊ ဒီဟာေလး ဒီလို အိပ္တုိင္း ကၽြန္ေတာ္ ေနရာေရြ႕ေပးေနက်မို႔ပါ။ 


@@@@@@@@@@


ဆက္ရန္---

စာဖတ္သူအားလံုးကိုေက်းဇူးတင္ပါသည္။ 




rate now:

3 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:10 5

    good

    reply

  • reader MayMyatMoeMyint 12.12.2019, 04:10 4.7

    good

    reply

  • reader JuliusJulius 07.12.2019, 20:41 5

    good

    reply